အခန်း (၂၈၄၇-၂၈၄၈)
Vol. 285 Ch. 2847-2848
အခန်း (၂၈၄၇) - မင်းရဲ့ အစ်ကိုကြီး ရောက်လာပြီ
အလွန်ပင် တည်ကြည်လေးနက်ပြီး အေးစက်သော ခန်းမကြီးတစ်ခုအတွင်း၌...
ကျန်းဟူ က ခေါင်းကို ငုံ့ထားလျက် အရှေ့ဆုံးတွင် ရပ်နေသည်။
သူ့နောက်တွင်လည်း ဆန်းနယဲ့ သူတော်စင်အုပ်စုကြီးတစ်ခုက ငြိမ်သက်စွာ ရပ်နေကြသည်။
သူတို့သည် ဆန်းနယဲ့ စစ်မြေပြင်မှ ပြန်လာခဲ့ကြသည်မှာ နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဤနှစ်များအတွင်းတွင် အထက်လူကြီးများမှာ ကျန်းဟူတို့ တိုက်ယူသွားခဲ့သော နိဗ္ဗာန်တားမြစ်နယ်မြေ (၆) ခုကိစ္စနှင့် ပတ်သက်၍ အလွန်ပြင်းထန်သော ဆွေးနွေးမှုများကို ပြုလုပ်နေခဲ့ကြသည်။
ယနေ့အချိန်ထိတော့ အကြမ်းဖျင်းအားဖြင့် ရလဒ်တစ်ခု ထွက်ပေါ်လာပြီ ဖြစ်သည်။
ကျန်းဟူမှာ နောက်ပိုင်းတွင် သူ မည်သို့သော အပြစ်ဒဏ်နှင့် ရင်ဆိုင်ရမည်ကို မသိပေ။
သို့သော် သူ မရောက်လာခင်ကပင် သူ့အိမ်ရှိ လူကြီးများက သွေးစာရေးဘက်က ရင်ဆိုင်ခဲ့ရသည့် အပြစ်ဒဏ်အကြောင်း ပြောပြထားပြီး ဖြစ်သည်။
မကြာမီတွင် သူတော်စင်အုပ်စုကြီးတစ်ခုမှာ ခန်းမထဲသို့ ဖြည်းညင်းစွာ လျှောက်လှမ်း ဝင်ရောက်လာကြသည်။
ကျန်ဟူနှင့် အဖွဲ့မှာမူ လှုပ်ရှားခြင်းမရှိဘဲ ခေါင်းကိုသာ ငုံ့ထားဆဲဖြစ်သည်။
ထိုသူတော်စင်အုပ်စုမှာ ပတ်ပတ်လည်တွင် တစ်ဦးပြီးတစ်ဦး နေရာယူကာ ထိုင်လိုက်ကြသည်။
တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာမူ အဓိကနေရာသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး ကျန်းဟူတို့ကို တစ်ချက်၊ နှစ်ချက် လှည့်ကြည့်လိုက်ပြီးမှသာ ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။
"မင်းတို့ ဒီနေရာက ဘယ်နေရာလဲဆိုတာ သိကြမှာပါနော်။"
အဓိကနေရာတွင် ထိုင်နေသော သူတော်စင်က ဖြည်းညင်းစွာ မေးလိုက်သည်။
နေရာရှိ ဆန်းနယဲ့ သူတော်စင်များမှာ အသံမထွက်ဘဲ ကျန်းဟူကိုသာ ခိုးကြည့်နေကြသည်။
ကျန်းဟူ က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ခေါင်းညိတ်ကာ -
"ကျွန်တော်မျိုးတို့ သိပါတယ်၊ ဒီနေရာက တရားစီရင်ရေး ခန်းမ ဆိုတာပါ။"
"အင်း၊ သိရင်ပြီးတာပါပဲ။"
အဓိကနေရာမှ သူတော်စင်က ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်သည်။
"ငါတို့ရဲ့ အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာမှာ ဒီ တရားစီရင်ရေးခန်းမကို ဘယ်အချိန်က တည်ထောင်ခဲ့လဲဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်တော့ဘူး။
သိထားရမှာက တရားစီရင်ရေးခန်းမထဲမှာဆိုရင် အမှန်တရားကိုပဲ ပြောရမယ်၊ ရိုးသားရမယ်။
ဒီနေရာကို ရောက်လာပြီးမှ လိမ်ညာနေသေးတယ်ဆိုရင်တော့ တရားစီရင်ရေးခန်းမရဲ့ စည်းကမ်းအတိုင်း...
နယ်မြေရှာဖွေသူ မျိုးနွယ်စုဖြစ်နေပါစေ၊ အမြစ်ပြတ် သတ်ဖြတ်ခြင်း ခံရလိမ့်မယ်။"
ကျန်းဟူ၏ စိတ်ထဲတွင် အေးစက်သွားသည်။
သို့သော် သူသည် သည်းခံကာ စကားမပြောဘဲ နေလိုက်သည်။
သူ ဆန်းနယဲ့ စစ်မြေပြင်က မထွက်လာခင်ကတည်းက ဒီနေ့ဒီရက်နဲ့ ရင်ဆိုင်ရမယ်ဆိုတာ သိနှင့်ပြီးသား ဖြစ်သည်။
ဒါကြောင့်လည်း သူက နောက်ဆုံးလက်ကျန် အာခံချက် တစ်ခု ရှိထားသည်။
ဒီနေ့သာ ဒီအာခံချက်ကို ထုတ်ပြလိုက်ရင် သူ အသက်ချမ်းသာရာ ရလိမ့်မည်။
ဖြစ်ပျက်သမျှသော အကြောင်းတရားအလုံးစုံကို သွေးစာရေးဘက်ကသာ တာဝန်ယူပါစေတော့
"မင်းရဲ့ ကျန်းမျိုးနွယ်စုက မျိုးဆက်တိုင်းလိုလို နယ်မြေရှာဖွေသူ အရာရှိတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ငါတို့ အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာအတွက် အများကြီး စွမ်းဆောင်ပေးခဲ့ကြတယ်။
ဒီအကြောင်းတွေကို တရားစီရင်ရေးခန်းမမှာ မှတ်တမ်းတင်ထားပြီးသားပါ။"
တစ်ဖက်လူက ဆက်ပြောကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဒါပေမဲ့ ဒီလိုဖြစ်နေရင်တောင် မင်းတို့က ပြင်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ငါတို့ရဲ့ နိဗ္ဗာန်တားမြစ်နယ်မြေကို လူမှုရေးအရ လက်ဆောင်ပေးသလို လုပ်တယ်ဆိုရင်တော့ ဒါဟာ ရန်သူကို အားပေးတာပဲ။ အဲဒီအခါကျရင် နယ်မြေရှာဖွေသူ အရာရှိဖြစ်နေရင်တောင် မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။"
ခဏရပ်ပြီးနောက်...
"ပြောစမ်းပါဦး၊ သွေးစာရေးဘက်က နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခုကို စွန့်လွှတ်ပြီးနောက် မင်းလည်း နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခုကို စွန့်လွှတ်လိုက်ရတာကို၊ ဘာလို့ မင်းက အသက်ရှင်လျက်နဲ့ ပြန်လာနိုင်တာလဲ။"
"..."
ကျန်းဟူ က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်အုပ်ချီကာ -
"အကြီးအကဲခင်ဗျာ၊ ဒီကိစ္စက တော်တော်လေးကို ဒရမ်မာဆန်ပါတယ်။ ကျွန်တော်မျိုးကို အသေးစိတ် ရှင်းပြခွင့်ပေးပါဦး။"
"ပြော။"
ကျန်းဟူ က သွေးစာရေး နှင့် ဖန့်ချန်တို့ ဘာကြောင့် တိုက်ခိုက်ခဲ့သလဲ၊ နောက်ဆုံးတွင် မည်သို့ ရှုံးနိမ့်ခဲ့သလဲဆိုသည်ကို တစ်ခုချင်းစီ ရှင်းပြလိုက်သည်။
သို့သော်လည်း ဤအကြောင်းအရာများကို တရားစီရင်ရေးခန်းမ၏ (၁၀) နှစ်တာ စုံစမ်းစစ်ဆေးမှုမှတ်တမ်းတွင် ပါဝင်ပြီးသား ဖြစ်သည်။
နေရာရှိ တရာစီရင်ရေးခန်းမမှ တာဝန်ရှိသူများမှာလည်း (၁၀) ကြိမ်ကျော် ကြားဖူးနေပြီ ဖြစ်သဖြင့် သူတို့၏ အကြည့်များမှာ ပိုမိုမှောင်မိုက်လာသည်။
"ကျွန်တော်မျိုးက အဲဒီယဲ့ထျန်းဂူ ဆိုသူက အစိမ်းရောက် မျက်လုံးကျားကို မနိုင်ဘူးလို့ ထင်ခဲ့လို့၊ အစိမ်းရောင် မျက်လုံးကျားရဲ့ အစ်ကိုကြီး ချူးချန်း နဲ့ အရောင်းအဝယ်တစ်ခု လုပ်ခဲ့တာပါ။"
"နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခုနဲ့ လဲပြီး သွေးစာရေး ဆုံးရှုံးသွားတဲ့ နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခုကို ပြန်ရယူဖို့၊ ကျွန်တော်တို့ရဲ့ အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာအတွက် အခြေခံအုတ်မြစ်ကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့တာပါ "
ကျန်းဟူ က အလေးအနက် ပြောသည်။
အဓိကနေရာမှ သူတော်စင်က ဘာမှပြန်မပြောဘဲ -
"ဆက်ပြော။"
"ဒါပေမဲ့ ကျွန်တော်မျိုး ရှုံးသွားပါတယ်။ အဲဒီ ယဲ့ထျန်းဂူရဲ့ စွမ်းအားက ကျွန်တော်တို့ မယှဉ်နိုင်တဲ့ အဆင့်ပါ။"
ကျန်းဟူ က ဆိုသည်။
"ဒါပဲလား ဒါနဲ့ဆိုရင် မင်းတို့ ပြင်ပအဖွဲ့အစည်းနဲ့ ပူးပေါင်းတယ်ဆိုတဲ့ သံသယကို မဖျောက်နိုင်ဘူး။
ငါတို့ အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာမှာ မင်းလိုမျိုး ကျဲနယဲ့ အဆင့်မြင့်သူတွေ အများကြီးပါ။ မင်းတစ်ယောက် လျော့သွားလည်း ဘာမှမဖြစ်ဘူး။"
"မင်းကိုယ်မင်း သက်သေမပြနိုင်ရင်၊ ဒီတစ်ခေါက် ငါတို့ဆီကို ဆုံးရှုံးမှုတွေ ယူဆောင်လာတဲ့အတွက်..."
"ငါတို့ တရားစီရင်ရေးခန်းမက မှားယွင်းပြီး သတ်မိလိုက်ရင်တောင်မှ တစ်ယောက်မှ လွတ်မပေးဘူးဆိုတာ နားလည်လား"
တစ်ဖက်လူမှာ အေးစက်သော အမူအရာဖြင့် ပြောသည်။
ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် စွမ်းအားများမှာ ကျန်းဟူတို့ အပေါ်သို့ ချက်ချင်းပင် ဖိအားပေးလာသည်။
ဆန်းနယဲ့ သူတော်စင် အများအပြားမှာ ကြောက်လန့်လွန်း၍ မျက်နှာပျက်သွားကြသည်။
စိတ်ထဲတွင်လည်း အလွန်ပင် ခါးသီးနေကြသည်။
ကျန်းဟူ ကမူ တည်ငြိမ်အောင် ဟန်ဆောင်ကာ ညင်သာစွာ ပြောသည်။
"အကြီးအကဲခင်ဗျာ၊ ဒါပေမဲ့ ဒီကိစ္စမှာ အပြောင်းအလဲ ရှိပါတယ်။ ကျွန်တော်တို့ အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာဟာ နိဗ္ဗာန်တားမြစ်နယ်မြေ (၆) ခုထက် ပိုကြီးမားတဲ့ အကျိုးအမြတ်ကို ရရှိဖို့ အခွင့်အရေး ရှိနေပါသေးတယ် "
ကျန်းဟူ၏ နောက်ကွယ်မှ ဆန်းနယဲ့ သူတော်စင်များမှာ အချင်းချင်း ကြည့်လိုက်ကြသည်။
သူတို့လည်း ဆန်းနယဲ့စစ်မြေပြင်မှာ အကုန်လုံး ကြုံတွေ့ခဲ့ရတာပဲ၊ ဘယ်လိုလုပ်ပြီး အကျိုးအမြတ်ကြီးကြီးမားမား ရမှာလဲ။
တကယ်ပင် ကျန်းဟူ၏ စကားကြောင့် တရားစီရင်ရေးခန်းမမှ တာဝန်ရှိသူများမှာ စိတ်ဝင်စားသွားကြသည်။
"ဘာအကျိုးအမြတ်လဲ"
"ဒီကိစ္စက ယဲ့ထျန်းဂူ ဆီကနေ စရမှာပါ။"
"သူက နောက်ပိုင်းမှာ ပြိုင်ပွဲကြီးထဲ ဝင်သွားတယ်၊ ဝူရှန်းပေမြိန့် စခန်းက ဆန်းနယဲ့ သူတော်စင်တွေကို ခေါ်ပြီး ဟေးကျား စခန်းကို ဖျက်ဆီးလိုက်တယ်။ ဒါကြောင့် ရှေးဟောင်းအင်အားစု ခုနှစ်ခုထဲက တစ်ခုဖြစ်တဲ့ ကြေးနီသူတော်စင်နန်းတော်ရဲ့ အရံကိုယ်စားလှယ် ဖြစ်လာခဲ့တယ် "
"အဲဒီအချိန်ကစပြီး ယဲ့ထျန်းဂူ ဟာ ဝူရှန်းပေမြိန့် စခန်းမှာ ဘုရင်တစ်ပါးလိုပဲ။ စခန်းတာဝန်ခံကြီးပြီးရင် သူပဲ အာဏာရှိတယ် "
ကျန်းဟူ က အလေးအနက် ပြောသည်။
တရားစီရင်ရေးခန်းမထဲမှ တာဝန်ရှိသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ အကြည့်များမှာ ပိုမိုမှောင်မိုက်လာသည်။
အဓိကနေရာမှ သူတော်စင်မှာ ဒေါသထွက်လွန်း၍ ရယ်မောလိုက်သည်။
"ဟားဟား၊ ဒါက ငါတို့ အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာအတွက် ဘာအကျိုးရှိမှာလဲ မင်းနဲ့ သွေးစာရေးက သူ့ကို သေလောက်အောင် ရန်စထားတာလေ "
ဒီကိစ္စကြောင့်သာ မဟုတ်ရင် အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာမှာ ဒီလောက်အထိ နှစ်ပေါင်းများစွာ အစည်းအဝေး လုပ်နေစရာ မလိုပေ။
ကျန်းဟူ က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ကျယ်လောင်စွာ ပြောသည်။
"အကြီးအကဲတို့ စိတ်ချပါ၊ ဒီလိုအကြောင်းပြချက် ရှိတဲ့အတွက်ကြောင့်ပဲ ယဲ့ထျန်းဂူ က ကျွန်တော့်ကို သူ့ရဲ့ အစ်ကိုကြီးလို့ ခေါ်ခွင့်ပေးထားပါပြီ "
"ဘယ်တုန်းက ဖြစ်တာလဲ "
"မဖြစ်နိုင်တာ"
ကျန်းဟူနှင့်အတူ ဆန်းနယဲ့ စစ်မြေပြင်မှ ပြန်လာခဲ့သော သူတော်စင်များမှာ အချင်းချင်း ကြည့်လိုက်ကြသည်။
သူတို့က ကျန်းဟူနှင့် ထိုသူရဲ့ ဆက်ဆံရေးက ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်သွားမယ်လို့ လုံးဝ မထင်ထားခဲ့ကြပေ။
အဲဒီအချိန်က သူ့ကို အစ်ကိုကြီးလို့ ခေါ်နိုင်သူတွေဆိုတာ ဘေးအန္တရာယ်ကြယ် ၁၀၈ပါး ပဲ ရှိတာမဟုတ်လား။
သူတို့မှာ အသိဉာဏ် ရှိပါသေးတယ်။ ကျန်းဟူပဲဖြစ်ဖြစ်၊ သူတို့ပဲဖြစ်ဖြစ် အဲဒီ ၁၀၈ပါး နဲ့ ယှဉ်ရင် ကွာခြားချက်က အများကြီး ရှိနေတာကိုး။
ထိုလူတို့၏ သံသယကို ရင်ဆိုင်နေရသော်လည်း...
ကျန်းဟူမှာမူ အမူအရာမပျက်ဘဲ ခေါင်းမော့ထားသည်။ သူပြောသမျှသည် အမှန်တရားသက်သက်သာ ဖြစ်သယောင် ယုံကြည်မှု ရှိနေသည်။
အဓိကနေရာမှ သူတော်စင်က ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး မျက်လုံးကို အနည်းငယ် မှေးလိုက်သည်။
"ဒါ တကယ်လား မင်းက သူနဲ့ အငြိုးအတေးတွေကို ပြေလည်အောင် လုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ဆက်ဆံရေးကိုလည်း သင့်မြတ်နိုင်ခဲ့တာလား "
"အကြီးအကဲခင်ဗျာ၊ ကျန်းဟူ ပြောတဲ့ စကားတိုင်းက အမှန်တရားပါ၊ တစ်လုံးမှ လိမ်မပြောပါဘူး "
ကျန်းဟူ က ကျယ်လောင်စွာ ပြောသည်။
ထိုအချိန်တွင် ပုဂ္ဂိုလ်တစ်ဦးမှာ အလျင်စလိုဖြင့် ပြေးဝင်လာသည်။
နေရာရှိ တာဝန်ရှိသူများမှာ ထိုသူကို ကြည့်လိုက်ကြပြီး မျက်မှောင်ကြုတ်သွားကြသည်။
လာသူမှာ ဘာကိုမှ ဂရုမစိုက်တော့ဘဲ အရေးတကြီး လေသံဖြင့် -
"မကောင်းတော့ဘူး၊ ဆန်းနယဲ့ စစ်မြေပြင် ဝူရှန်းပေမြိန့် စခန်းတာဝန်ခံ ကိုယ်တိုင် ရောက်လာပြီ၊ တစ်ဖက်က နတ်ဘုရားအင်ပါယာက ငါတို့ရဲ့ အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာကို အခြေခံအုတ်မြစ် တိုက်ပွဲ စတင်လိုက်ပြီ"
"အဦးဆုံး တိုက်ခိုက်သူကတော့ ကောင်းကင်ငါးပါးနယ်မြေက ယဲ့ထျန်းဂူ ပါပဲ "
တရားစီရင်ရေး ခန်းမထဲတွင် ဗြောင်းဆန်သွားသည်။
နေရာရှိ ဆန်းနယဲ့ သူတော်စင်များမှာလည်း အသက်ရှူမှားသွားကြသည်။
ဒါ ဘာဖြစ်တာလဲ
သူတို့... သူတို့ ဘယ်လိုလုပ်ပြီး ဆန်းနယဲ့ စစ်မြေပြင်အပြင်မှာ ယဲ့ထျန်းဂူ ဆိုတဲ့ နာမည်ကို ကြားရမှာလဲ။
အဲဒါက...ယဲ့ထျန်းဂူ နောက်ကွယ်က နတ်ဘုရားအင်ပါယာက ဒီနေရာကို ရှာတွေ့သွားပြီလို့ ဆိုလိုတာလား။
ကျန်းဟူ၏ ခန္ဓာကိုယ်မှာ ယိုင်သွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။
"မင်းရဲ့ အစ်ကိုကြီး ရောက်လာပြီ။"
အမြင့်မြတ်ဆုံးနေရာမှ တရားစီရင်ရေး ခန်းမ တာဝန်ရှိသူက ကျန်းဟူကို စိုက်ကြည့်ရင်း အေးစက်စက် လေသံဖြင့် သတ်ဖြတ်လိုစိတ်များဖြင့် ပြောသည်။
"ကျန်းဟူ မင်းက ယဲ့ထျန်းဂူ ကို မင်းရဲ့ အစ်ကိုကြီးလို့ ပြောတယ်၊ ဒါပေမဲ့ သူက အခု ကိုယ်တိုင်လာပြီး ငါတို့ကို တိုက်ခိုက်နေပြီ၊ ဒီကိစ္စအတွက် ချက်ချင်း ရှင်းပြချက်ပေး "
ကျန်းဟူ မှာ စိတ်ကို မြန်မြန်ဆန်ဆန် ထိန်းချုပ်လိုက်ပြီး စိတ်ထဲရှိ ရှုပ်ထွေးမှုများကို ဖိနှိပ်ကာ တည်ငြိမ်ဟန်ဆောင်လျက် -
"အကြီးအကဲတို့ခင်ဗျာ၊ ကျွန်တော့်ကို အစ်ကိုကြီးနဲ့ တွေ့ခွင့်ပေးပါ၊ ဒါ လွဲမှားမှုတစ်ခု ဖြစ်ရမယ်၊ ကျွန်တော် ရှင်းပြပြီး ပြေလည်အောင် လုပ်လိုက်ပါ့မယ်"
အခန်း (၂၈၄၈) - သူတော့ သေပြီ
"ဒီနေရာက အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာရဲ့ နတ်ဘုရားမြို့တော်ပဲ၊ ငါလည်း လွန်ခဲ့တဲ့ ခဏလေးကမှ ဒီကို ရောက်ဖူးထားတာပါ။"
ကြီးကျယ်ခမ်းနားလှသော နန်းတော်ကြီးအတွင်း၌ ရှူဖူ က လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တပ်ရပ်နေသည်။ အမြင့်ပေ မည်မျှရှိမှန်း မသိနိုင်သော ထိုနေရာမှနေ၍ နန်းတော်၏ အဓိကတံခါးပေါက်ကို ဖြတ်ကျော်ကြည့်လိုက်ပါက အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာ၏ နတ်ဘုရားမြို့တော် တစ်ဝက်ခန့်ကို အပေါ်စီးမှ ငုံ့ကြည့်နိုင်သည်။
ထိုနေရာသည် အိပ်မက်တစ်ခုကဲ့သို့ လှပပြီး နတ်ဘုရားဆန်သော မြူခိုးများဖြင့် ဝန်းရံထားကာ လူသံများဖြင့် ဆူညံလျက် စွမ်းအားရှင်များ အလွန်ပေါများသည်။
ဖန့်ချန် က ရှူဖူ၏ ဘေးတွင် ရပ်နေရင်း ထိုနတ်ဘုရားမြို့တော်၏ မြင်ကွင်းကို ငေးကြည့်နေမိရာ သူ့မျက်လုံးများတွင် ခံစားချက်များ ရောထွေးနေသည်။
"ရာကို ထောင်ဖြစ်စေ၊ ထောင်ကို သောင်းဖြစ်စေ၊ သောင်းကို သိန်းဖြစ်စေ၊ သိန်းကို ကုဋေဖြစ်စေ၊ ကုဋေကို ထရီလီယံ ဖြစ်စေ၊ ထရီလီယံကို နတ်ဘုရားမြို့တော် ဖြစ်စေတာပေါ့။ ဒီနေရာကို နတ်ဘုရားမြို့တော်လို့ ခေါ်တာ တကယ်ပဲ နာမည်နဲ့ လိုက်ဖက်ပါတယ်။"
အကြီးကဲငါးပါး တို့က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။
ရောက်ရောက်ချင်းပင် သူတို့သည် ဤအမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာ၏ ကြီးကျယ်ခမ်းနားမှုကို ခံစားလိုက်ရသည်။ ထိုနေရာတွင် ကြည့်လိုက်လေရာ စွမ်းအားရှင်တို့ဖြင့် ပြည့်နှက်နေသည်။ ခဏလေးကမှ တွေ့လိုက်ရသော လူငယ်အချို့ပင် သူတို့၏ ကိုယ်ကျင့်တရားနှင့် ထက်မြက်မှုမှာ နေမင်းခုနစ်ပါးတပည့်များထက် မနိမ့်ကျပေ။
အလုံးစုံသော စွမ်းအားနှင့် အခြေခံအုတ်မြစ်ပိုင်းတွင် ယခုလက်ရှိ ကောင်းကင်ငါးပါး ထက် အဆပေါင်းများစွာ ပိုမိုသာလွန်နေသည်မှာ အမှန်ပင်ဖြစ်သည်။
"အဟမ်း..."
ရှူဖူ၏ တစ်ဖက်မှ ချောင်းဟန့်သံတစ်ချက် ထွက်ပေါ်လာသည်။
ထို့နောက်တွင် အလွန်ပင် ခမ်းနားသော ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက ပြုံးရွှင်လျက် ထွက်ပေါ်လာသည်။
"စခန်းတာဝန်ခံကြီး၊ ဒီတစ်ခေါက် အခြေခံအုတ်မြစ် တိုက်ပွဲက ဘာလို့များ ကိုယ်တိုင် ကိုယ်ကျ ကြွလာရတာလဲခင်ဗျာ "
ဖန့်ချန်နှင့် အကြီးကဲငါးပါး၏ အာရုံစိုက်မှုမှာ ချက်ချင်းပင် ထိုလူဆီသို့ ရောက်သွားသည်။ သူသည်ကား အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာ၏ ဘုရင်၊ အမြင့်မြတ်ဆုံး နတ်ဘုရားဧကရာဇ် ပင် ဖြစ်သည်။
သာမန်အားဖြင့်ဆိုလျှင် သူတို့သာ ကိုယ်တိုင်လာပါက အခြေခံအုတ်မြစ် တိုက်ပွဲကို စတင်ရန်ပင် မပြောနှင့်၊ ထိုကဲ့သို့သော မဟာပုဂ္ဂိုလ်ကြီးကို တွေ့ဆုံခွင့်ရရန်ပင် မလွယ်ကူပေ။ တစ်ဖက်လူ၏ အဆင့်အတန်းမှာ လုကျိုယွမ် နှင့် အလားတူပြီး၊ တခါတရံတွင် ထိုထက်ပင် ပို၍ အရေးပါသေးသည်။ ထိုကျယ်ပြန့်လှသော အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာကြီး တစ်ခုလုံးမှာ သူ၏ လက်ဖဝါးထဲတွင် ရှိနေသည်။
ဤတစ်ခေါက် ရှူဖူက သူတို့ကို ခေါ်ဆောင်လာပြီး ရောက်ရောက်ချင်းပင် နန်းတော်သို့ တန်းဝင်ကာ ထိုဧကရာဇ်ကို တွေ့ဆုံခြင်းဖြစ်သည်။
"လမ်းကြုံလို့ ဝင်လာတာပါ။ မင်းတို့ရဲ့ အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာဆီကနေ နိဗ္ဗာန်တားမြစ်နယ်မြေ (၆) ခုကို သိမ်းယူထားပြီးသား မဟုတ်လား။ အဲဒါ ကောင်းကင်ငါးပါး ဆီကနေ ရှုံးထားတဲ့ နယ်မြေတွေလေ။"
ရှူဖူ က အေးဆေးစွာ ပြုံးသည်။
"အမြင့်မြတ်ဆုံး နတ်ဘုရားဧကရာဇ်၊ ဒီ 'ယဲ့ထျန်းဂူ' မှာ နောက်ထပ် အထောက်အထားတစ်ခု ရှိသေးတယ်၊ မင်း မသိလောက်ဘူး။ ဒီတစ်ခေါက် ပြိုင်ပွဲကြီးမှာ သူက ဝူရှန်းပေမြိန့် စခန်းကို ဦးဆောင်ပြီး ဟေးကျား စခန်းက ဆန်းနယဲ့ သူတော်စင်တွေကို အကုန်ဖျက်ဆီးပစ်ခဲ့တယ်။ အဲဒီအတွက်နဲ့ပဲ ဟေးကျား စခန်းတာဝန်ခံရှေ့မှာ ကျုပ် အနိုင်ရခဲ့တာ။"
"..."
အမြင့်မြတ်ဆုံး နတ်ဘုရားဧကရာဇ် က ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းအောက်နက်ထဲတွင် မကျေမနပ်ဖြစ်မှုများ ဖုံးကွယ်ထားသည်။ ထိုကိစ္စကို သူ ကြားသိပြီးသား ဖြစ်သည်။ သို့သော် သူတော်စင်များထံမှ ကြားသိရသော လူငယ်လေးတစ်ဦးသည် ဤမျှမြန်ဆန်စွာ အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာသို့ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့အပြင် ဝူရှန်းပေမြိန့် စခန်းတာဝန်ခံ ကိုယ်တိုင် ခေါ်ဆောင်လာပြီး အခြေခံအုတ်မြစ် တိုက်ပွဲကိုပါ စတင်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
သူသည် အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာကို နှစ်ပေါင်းများစွာ တစ်ဦးတည်း အုပ်ချုပ်လာခဲ့သူ ဖြစ်သော်လည်း ယခုအခါတွင်မူ သူ၏ စိတ်အေးချမ်းမှုမှာ အပေါ်ယံမျှသာ ဖြစ်နေသည်။
ဒါဟာ... အင်ပါယာ ပျက်သုဉ်းတော့မည့် အရိပ်အယောင်ပဲ။
ထိုအကြောင်းကို တွေးမိရင်း အမြင့်မြတ်ဆုံး နတ်ဘုရားဧကရာဇ် က တည်ငြိမ်ဟန်ဆောင်ကာ ဖန့်ချန်ကို ကြည့်၍ ပြုံးလိုက်သည်။
"ယဲ့ မိတ်ဆွေငယ်၊ အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာထဲက မျိုးဆက်သစ်တွေက ဆန်းနယဲ့ စစ်မြေပြင်မှာ မင်းကို ရန်စမိတယ်လို့ ကြားသိရပါတယ်။ ကိုယ်တော့် လက်အောက်ငယ်သားတွေက ဒီကိစ္စကို ဖြေရှင်းနေပါတယ်၊ မကြာခင် ရလဒ်ထွက်လာတော့မှာပါ..."
သူ ဆိုလိုသည်မှာ မင်း အနည်းငယ် စောင့်ဆိုင်းပေးနိုင်မလား၊ ငါတို့ရဲ့ စေတနာကို စောင့်ကြည့်ပေးပါ ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။
"အကြီးအကဲ၊ ကျွန်တော့်ကို တကယ် ရန်စခဲ့တာက ကျန်းစီလုံ ပါ။"
ဖန့်ချန် က အေးဆေးစွာ ပြောသည်။
ဒီ ကျန်းဟူ ဆိုတဲ့ ကောင်စုတ်လေးကတော့
အမြင့်မြတ်ဆုံး နတ်ဘုရားဧကရာဇ် က အမူအရာမပျက်ဘဲ ပြုံးသည်။
"ကိုယ်တော် သိပါတယ်၊ လက်အောက်ငယ်သားတွေက အဲဒီကိစ္စကို ဖြေရှင်းနေတာပါ။"
"အကြီးအကဲ လွဲမှားနေပါပြီ။ ကျွန်တော် ပြောတာက အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာရဲ့ နယ်မြေရှာဖွေသူ အရာရှိ ကျန်းစီလုံ အကြောင်းပါ။ သူ့ရဲ့ မျိုးဆက် ကျန်းဟူ အကြောင်း မဟုတ်ပါဘူး။"
ဖန့်ချန် က ဆိုသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
အမြင့်မြတ်ဆုံး နတ်ဘုရားဧကရာဇ် က အနည်းငယ် အံ့အားသင့်သွားပြီး မျက်လုံးတွင် တုန်လှုပ်မှု အရိပ်အယောင်များ ပေါ်လာသည်။ လုံးဝ မပတ်သက်သည့် လူနှစ်ယောက်က ဘယ်လိုလုပ်ပြီး ရန်ငြိုးဖြစ်ရတာလဲ။
ထိုအချိန်တွင် အမြင့်မြတ်ဆုံး နတ်ဘုရားဧကရာဇ် က အာရုံခံလိုက်ပြီး နန်းတော်ပြင်ပကို ကြည့်ကာ -
"ယဲ့ မိတ်ဆွေငယ်၊ ကျန်းစီလုံ ပြန်ရောက်လာပြီ ထင်တယ်။ ခဏနေရင် ကိုယ်တော် ကိုယ်တိုင် ဘာဖြစ်တာလဲဆိုတာ မေးပေးပါ့မယ်။"
သူပြောပြီးသည်နှင့် နောက်တစ်ခဏတွင် အပြင်ဘက်မှ ကျန်းစီလုံ၏ အသံ ထွက်ပေါ်လာသည်။
"ဧကရာဇ် အဲဒီ အင်ပါယာနဲ့ ပတ်သက်ပြီး သတင်းရပါပြီ။ သူတို့ဘက်က ကျဲနယဲ့အဆင့်မြင့်သူတွေ ဆန်းနယဲ့ စစ်မြေပြင်ထဲ ရောက်နေပြီး ငါတို့ကို အခြေခံအုတ်မြစ် တိုက်ပွဲ စတင်ဖို့ အကြွားကြီး ကြွားနေပါတယ် "
"ဒါပေမဲ့ ကျွန်တော်မျိုး မြင်တာတော့ သူတို့က ဟန်ပြခြိမ်းခြောက်တာပါ။ ကျွန်တော်တို့ အနေနဲ့ ချက်ချင်း တိုက်ပွဲ စတင်ပြီး နယ်မြေတွေကို သိမ်းပိုက်ကာ သူတို့ရဲ့ အမွေအနှစ်ကို ဖျက်ဆီးပစ်သင့်ပါတယ် "
နန်းတော်အပြင်ဘက်မှ ကျန်းစီလုံ က စိတ်လှုပ်ရှားနေဟန်ဖြင့် ဝန်ကြီးများနှင့်အတူ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်။
ဖန့်ချန် က နန်းတော်၏ အဓိက တံခါးပေါက်တွင် ရပ်နေရင်း သူတို့သည် လေဟာနယ်ထဲမှ ထွက်လာသည်ကို ကိုယ်တိုင် မြင်လိုက်ရသည်။ ယခု အပေါ်စီးမှ ငုံ့ကြည့်လိုက်သော် ကျန်းစီလုံ၏ မျက်နှာပေါ်ရှိ ထောင်လွှားမှုနှင့် ကျေနပ်နေသော အမူအရာကို မြင်လိုက်ရသည်။
အမြင့်မြတ်ဆုံး နတ်ဘုရားဧကရာဇ် က ထိုစကားကို ကြားပြီးနောက် ဖန့်ချန်ကို တစ်ချက်လှည့်ကြည့်လိုက်ရာ ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသည်။
အင်း
ကျန်းစီလုံတို့သည် နန်းတော်ရှေ့တွင် လူအချို့ ရပ်နေသည်ကို မြင်လိုက်ရသဖြင့် ခြေလှမ်းရပ်သွားသည်။ ထို့နောက် အမြင့်မြတ်ဆုံး နတ်ဘုရားဧကရာဇ်ကို တွေ့လိုက်ရသဖြင့် နန်းတော်အပြင်တွင် လက်အုပ်ချီကာ -
"နယ်မြေရှာဖွေသူ အရာရှိ ကျန်းစီလုံ၊ ဧကရာဇ်ကို ရှိခိုးပါတယ် "
"အခမ်းအနားတွေ ထားလိုက်ပါတော့။"
အမြင့်မြတ်ဆုံး နတ်ဘုရားဧကရာဇ် မျက်နှာမှာ မှောင်မိုက်နေသည်။
ကျန်းစီလုံ က ထိုလေသံထဲတွင် တစ်စုံတစ်ခု မူမမှန်သည်ကို ရိပ်မိလိုက်သည်။
ထို့ကြောင့် မျက်နှာတွင် နောင်တရဟန်ဖြင့် -
"ဧကရာဇ်၊ ကျွန်တော်မျိုး ပြန်ရောက်ရောက်ချင်းပဲ ကျွန်တော့်မျိုးဆက်က အမှားလုပ်ပြီး အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာရဲ့ နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခု ဆုံးရှုံးရတယ်လို့ ကြားသိရပါတယ်။ ကျေးဇူးပြုပြီး အပြစ်ပေးတော်မူပါ ဧကရာဇ်။"
"ကျန်းဟူရဲ့ ကိစ္စက နောက်မှ ထားလိုက်ပါ၊ မင်းရဲ့ ကိစ္စကို အရင် ပြောပြပါ။"
အမြင့်မြတ်ဆုံး နတ်ဘုရားဧကရာဇ် က စဉ်းစားဟန်ဖြင့် -
"ဒီလူက ယဲ့ မိတ်ဆွေငယ်၊ ဒီတစ်ခေါက် ကျန်းဟူဆီကနေ နိဗ္ဗာန်တားမြစ်နယ်မြေ (၃) ခုကို အနိုင်ရခဲ့တဲ့ ဆန်းနယဲ့ သူတော်စင်ပဲ။ မင်း သူ့ကို သိသလား "
ဘာ အဲဒီ အဓိကလူက ရောက်လာတာလား
ကျန်းစီလုံ အံ့အားသင့်သွားသည်။ သူတင်မကဘဲ နောက်ပါ ဝန်ကြီးများမှာလည်း ကြက်သေသေသွားကြသည်။ ဆန်းနယဲ့ သူတော်စင်အုပ်စု ဆန်းနယဲ့ စစ်မြေပြင်မှ ပြန်လာကတည်းက 'ယဲ့ထျန်းဂူ' ဆိုသည့် နာမည်မှာ သူတို့အတွက် အကြိမ်ကြိမ် လေ့လာထားရသည့် နာမည်ဖြစ်နေသည်။ နောက်ဆုံးရလဒ်မှာ သူတို့၏ အနောက်ကွယ်ရှိ အင်ပါယာမှာ ခန့်မှန်းရခက်လောက်အောင် စွမ်းအားကြီးမားလွန်းသည်ဟူ၍ပင်။
အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာမှာ ယခုအခါတွင် အရှုံးခံရမည့် အနေအထား ဖြစ်နေပြီး နောက်ထပ်နယ်မြေ (၆) ခုကိုလည်း ပြန်မရနိုင်တော့ပေ။ ယခု အဓိကလူကိုယ်တိုင် ရောက်လာပြီဆိုတော့... ဒါက...
ကျန်းစီလုံတို့မှာ ရေခဲရေလောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး စိတ်ထဲတွင် အေးစက်သွားသည်။ အဓိကလူကိုယ်တိုင် ရောက်လာသည်ဆိုသည်မှာ... ဒါ အခြေခံအုတ်မြစ် တိုက်ပွဲကို စတင်တော့မည်ဟု ဆိုလိုတာလား။
ခဏတာအတွင်းမှာပင် ကျန်းစီလုံ၏ ရွှင်လန်းမှုများ ပျောက်ကွယ်သွားသည်။
"ဘာလို့ အခုမှ ဖြစ်ရတာလဲ၊ ဘာလို့ အခုမှ..."
သူ စိတ်ထဲတွင် တတွတ်တွတ် ရေရွတ်နေရင်း ဖန့်ချန်ကို စိုက်ကြည့်လိုက်သည်။ ထိုသို့ ကြည့်လိုက်သည့်အခါ သူ ရပ်တန့်သွားသည်။
"နယ်မြေရှာဖွေသူ အရာရှိ ကျန်းစီလုံ၊ ငါ မင်းကို ပြောခဲ့ဖူးတယ် မဟုတ်လား။ ငါတို့က မင်းတို့ အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာကို အခြေခံအုတ်မြစ် တိုက်ပွဲ စတင်လိမ့်မယ်လို့။ ငါ့ရဲ့ 'ကောင်းကင်ငါးပါး' နယ်မြေကို လာရောက်နှောင့်ယှက်တဲ့ မင်းတို့လို ပိုးကောင်တွေအတွက် စောင့်ဆိုင်းနေမှာ မဟုတ်ဘူး။"
ဖန့်ချန် က ကျန်းစီလုံကို ကြည့်၍ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
အကြီးကဲငါးပါးတို့လည်း တစ်လှမ်း ရှေ့တိုးလိုက်ပြီး ထိုနယ်မြေရှာဖွေသူ အရာရှိကို အပေါ်စီးမှ အကဲခတ်လိုက်ကြသည်။ ကျန်းစီလုံ အတွက်မူ ဖန့်ချန်၏ အသံမှာ အလွန်ဝေးကွာသော နေရာမှ လာသကဲ့သို့ စိတ်အာရုံများ ရှုပ်ထွေးသွားပြီး စကားပင် ပြန်မပြောနိုင်တော့ပေ။
ကျန်းစီလုံ မတ်တပ်ရပ်လျက် အံ့အားသင့်နေသည်ကို မြင်လိုက်ရသော အမြင့်မြတ်ဆုံး နတ်ဘုရားဧကရာဇ် က အေးစက်စက် ဟွန်းခနဲ အသံပြုလိုက်သည်။
"အမတ် ကျန်း၊ ယဲ့ မိတ်ဆွေငယ် ပြောတာ အမှန်ပဲလား "
ကျန်းစီလုံ၏ စိတ်များ အဖြစ်မှန်သို့ ပြန်ရောက်လာပြီး ဖန့်ချန်ကို ကြည့်ကာ ပါးစပ်ဟလိုက်သော်လည်း စကားတစ်ခွန်းမျှ ထွက်မလာတော့ပေ။
သူ၏ ဦးနှောက်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။
သူတော့ သေပြီ