← Chapters

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

Vol. 21 Ch. 201

201 01

Chapter 201 နင့်မိသားစုဒေဝါလီခံလိုက်ရ‌သေးတာလား။

အငယ်ဆုံးဦးလေးက ညဘက် လုပ်စရာရှိသေးတာမို့ သူမကို လိုက်ပို့ပြီးတဲ့နောက် သူဟာ ကားပေါ်က မဆင်းတော့ဘူး။

“သွားတော့။ တစ်ခုခုလိုရင် အိမ်အကူကို ပြောလိုက်။ နေရာအသစ်ကို မနက်ဖြန်ကျ ငါ လိုက်ပို့ပေးမယ်”

“အိုကေ” နန်ကောဟာ လက်ပြရင်း ငွေရောင် Koenigsegg Automotive ကြီး မောင်းထွက်သွားတာကို ကြည့်နေခဲ့တယ်။

ဟင်း။သူမ ပြန်ပြီး အစ်ကို့ကို ကားအသစ် ထပ်ပြောင်းချင်တယ်လို့ ပြောရင် သူမ အရိုက်ခံရလောက်လား။ အိမ်အကူက ပြောတယ်။ “မိန်းကလေးနန် ဒီဘက်ပါ” နန်ကောဟာ ခေါင်းညိတ်ပြီး လိုက်သွားတယ်။

“အငယ်ဆုံးဦးလေး ဒီည ပြန်လာမှာလား”

“သူ ပြန်လာပါလိမ့်မယ်။ ဒါပေမဲ့ သူဌေးက တော်တော်တော့ နောက်ကျလိမ့်မယ်။ သူ သူ့အဖိုးဆီ သွားတာဆိုတော့ လမ်းခရီးကို တွက်ကြည့်ရင် နည်းနည်းတော့ အချိန်ကြာလိမ့်မယ်”

အငယ်ဆုံးဦးလေးရဲ့ အမေဘက်က အဖိုးဟာ စစ်‌၀င်းထဲမှာ နေတာဖြစ်တယ်။ဒီနေရာနဲ့ဆို လုံး၀ကို ဆန့်ကျင်ဘက်မှာ ရှိတာပေါ့။

နန်ကောဟာ အံ့ဩသွားတယ်။ “သူ ဒီလောက် နောက်ကျနေပြီကို အဲဒီကို သွားဖို့လိုတာလား”

“ဟုတ်တယ်။ သူ့အဖိုးက အခုတလော ကျန်းမာရေး မကောင်းဘူး။ ဒါကြောင့် သူ အခုတလော နှစ်ဖက်လုံးကို ပြေးလိုက်လွှားလိုက် လုပ်နေတာ။ ဘာလို့လဲဆိုတော့ အဲဒီမှာ ညအိပ်ဖို့ကျတော့ သိပ်အဆင်မပြေလို့လေ”

“အခု အငယ်ဆုံးဦးလေးက ဒီမှာ မကြာခဏလာနေလား”

အငယ်ဆုံးဦးလေးဆီမှာ မြို့တော်ထဲ တစ်နေရာထက်ပိုပြီး ရှိတယ်ဆိုတာကို နန်ကော သိတယ်။

“အခုလောလောဆယ်တော့ အဲလိုပါပဲ”

အိမ်အကူဟာ နန်ကောကို အပေါ်ထပ်က အခန်းကို ခေါ်သွားပြီး ခရီးဆောင်အိတ်ကို ကူဖွင့်ပေးကာ သူမရဲ့ အ၀တ်တွေကို ချိတ်ပေးတယ်။

“ကျွန်မ မင်းအတွက် အကုန်ပြင်ဆင် ပေးထားပါတယ်။ အောက်ထပ်မှာ အိမ်အကူတွေ ၂၄နာရီလုံးရှိတယ်။ မင်း တစ်ခုခုလိုအပ်ရင် နံပါတ်၁ကိုပဲ နှိပ်ပြီး ကျွန်မတို့ကို ခေါ်လို့ရပါတယ်”

“စောစောနားပါ။ ကျွန်မ မင်းကို မနှောင့်ယှက်တော့ပါဘူး”

အိမ်အကူ ထွက်သွားတဲ့အခါ နန်ကောဟာ လသာဆောင်မှာ ထွက်ထိုင်ပြီး အခြေအနေကို တင်ပြဖို့ နန်‌ကျဲ့ကို ဖုန်းခေါ်လိုက်တယ်။

တစ်ဖက်မှာတော့ နန်ကျဲ့ဟာ ကားမောင်းနေတုန်း။သူဟာ နားကြပ်ထဲက တွတ်ထိုးသံကို နားသာထောင်နေလိုက်ပြီး ဘာမှ၀င်မပြောဘူး။

၆မိနစ်လောက်စောင့်ပြီးတဲ့နောက် တစ်ဖက်က နောက်ဆုံးတော့ အနည်းငယ် ပိုတိတ်ဆိတ်သွားတာကို သူကြားရတယ်။အဲဒီတော့မှ သူက ပြောတယ်။ “နင်ပြီးပြီလား”

“ပြီးပြီ” နန်ကောဟာ ဖိနပ်ချွတ်ပြီး ခြေထောက်ကို ထိုင်ခုံအစွန်းပေါ် တင်လိုက်တယ်။သူမရဲ့ အားနေတဲ့လက်ကိုတော့ ဒူးခေါင်းပေါ် တင်ထားတယ်။

မြို့တော်က ညတွေဟာ ကျန်းမြို့မှာထက် နည်းနည်းလေးပိုအေးတယ်။

လေညင်းလေးတွေ တိုက်ခတ်နေဆဲ။တစ်နေ့လုံး ကားထဲနဲ့ အခန်းထဲမှာပဲ နေနေရတော့ နန်ကောဟာ အပြင်ဘက်မှာ ထွက်ထိုင်ရတာကို လောလောဆယ် နေသားမကျသေးဘူး။

အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး နန်ကောက မေးတယ်။ “နင် ဦးငယ်လေး ငါ့ကို ပေးတွေ့မဲ့ဦးလေးတွေကို သိလား”

“ငါ သူတို့ကို အရင်ကတွေ့ဖူးတယ်။ ထမင်းအတူတူစားဖူးပေမဲ့ သိပ်တော့ မရင်းနှီးပါဘူး” သူ့တုန်းက အခြေအနေဟာလည်း နန်ကောနဲ့ ခပ်ဆင်ဆင်ပဲ။အဲဒီတုန်းက သူ မြို့တော်ကို လာခဲ့တုန်းက အငယ်ဆုံးဦးလေးဟာ သူ့‌ကိုပါ အတူခေါ်ပြီး ထမင်းသွားစားဖို့ကို အတင်းတွန်းအား‌ပေးခဲ့တာ။

အဲဒီတုန်းက ရှိနေတဲ့လူတွေဟာ အခုလေးတင် နန်ကောပြောတဲ့လူတွေပဲ။

“မပူပါနဲ့။ သူတို့ နင့်ကို နေရခက်အောင် မလုပ်ပါဘူး”

“အင်း နာမည်တွေက တစ်ယောက်၊နှစ်ယောက်လောက် နည်းနည်းရင်းနှီးပေမဲ့ အခြားလူတွေ‌ကိုတော့ တကယ်မသိဘူး”

201 02

“ကျန်တဲ့လူတွေက အသိုင်းအဝိုင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ နင်မပြောနဲ့ ငါနဲ့ ရှန်ရန်ချင်းတောင်မှ သူတို့ကို မသိလောက်ဘူး။ လူပိန်းနည်းနဲ့ပြောရရင်တော့ သူတို့ အသက်မွေး၀မ်းကြောင်းတွေက နည်းနည်းသာမန်ပါပဲ။ ပြီးတော့ သူတို့က ကိုယ်ရေးအကျဉ်းတွေကို ထင်ပေါ်အောင် မထားဘူး။ ကျန်းမြို့က လူတစ်ယောက်အနေနဲ့ သူတို့ကို မသိဘူးဆိုတာ ပုံမှန်ပါပဲ”

“ဒါပေမဲ့ ဒီလူတွေရဲ့မိသားစုတွေက မရိုးရှင်းဘူး။ သူတို့အသိုင်းအဝိုင်းက မတူဘူး။ အခြားလူတွေက သူတို့ကို မျက်နှာသာ ပေးရတုန်းပဲ”

သူတို့အားလုံးမှာ စစ်တပ်နောက်ခံတွေ ရှိကြတယ်။သူ့အငယ်ဆုံးဦးလေးရဲ့မိသားစု အပါအ၀င်ပေါ့။သာမန်ချမ်းသာတဲ့လူတွေ သူတို့ကို တကယ်မယှဥ်နိုင်ဘူး။

“သူတို့ကို လူကြီးတွေလိုပဲ ဆက်ဆံ” နန်ကျဲ့ဟာ တကယ်ကို အနာဂတ်မှာ နန်ကောကို အဲဒီမှာမနေစေချင်ဘူး။အဲဒီကလူတွေနဲ့ များများပြောဆို ဆက်ဆံဖြစ်တာက ဘာအန္တရာယ်မှတော့ မရှိပေမဲ့ နန်ကောအတွက် အရမ်းလည်း အသုံး၀င်မနေဘူးလေ။ “နင် အများကြီး ဂရုစိုက်နေစရာ မလိုဘူး”

“ငါတော့ သူတို့ဆီက အများကြီး သင်ယူနိုင်မယ်လို့ ထင်တာပဲ”

သိသိသာသာပဲ နန်ကောဟာ နန်ကျဲ့ရဲ့ထင်မြင်ချက်ကို သဘောမတူဘူး။

ဒါကို ကြားတဲ့အခါ နန်ကျဲ့ဟာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့လေသံဟာလည်း အရင်ကထက် ပိုတင်းသွားတယ်။ “နင်က ဘာတွေသင်ချင်တာလဲ။ နင့်မှာ မေးစရာရှိရင် ငါ့ကိုပဲ မေးလိုက်လို့မရဘူးလား။ တကယ်လို့ ငါ မကူညီနိုင်ဘူးဆိုလည်း ရှန်ရန်ချင်းကြီး အသက်ရှင်နေသေးတယ် မဟုတ်ဘူးလား”

နန်ကျဲ့ဟာ နန်ကောထက် ပိုတွေးနေမိတာ။

နန်ကော အဲဒီကလူတွေနဲ့ အကြာကြီး သွားလာပေါင်းသင်းနေရင် ဘွဲ့ရပြီးတဲ့အခါ သူမတကယ်ကြီး အဲဒီမှာနေသွားမှာကို နန်ကျဲ့စိုးရိမ်နေတာ။

ဒီမိန်းကလေးဟာ အမြဲတမ်း သူလုပ်ချင်ရာ လုပ်တာ။သူမအကြံရပြီဆိုတာနဲ့ နွား၁၀ကောင်ကတောင်မှ သူမကို ဆွဲထားနိုင်မှာ မဟုတ်ဘူး။

သူ့အငယ်ဆုံးဦးလေးက အဲဒီမှာရှိပြီး သူ့ငယ်သူငယ်ချင်းတွေက ကူညီနိုင်တယ်ဆိုပေမဲ့လည်း ဘာပဲဖြစ်ဖြစ် မြို့တော်က မြို့တော်ပဲ။ကျန်းမြို့နဲ့ ကီလိုမီတာ၁၀၀၀လောက် ဝေးတာ။သူမရဲ့အစ်ကိုတစ်ယောက်အနေနဲ့ သူ သေချာပေါက် စိတ်ပူရတာပေါ့။

နန်ကျဲ့ဟာ ခဏနားပြီး စစ်ဆေးကြည့်လာတယ်။ “ဒါမှမဟုတ် နင် ဘွဲ့ရပြီးရင် တကယ် အဲဒီမှာ နေမလို့လား”

“အင်း...ငါ အဲဒီအထိ မစဉ်းစားရသေးဘူး” သူမ ဘွဲ့တောင်မရသေးတာကို ဘွဲ့ရပြီးနောက်ပိုင်း ဘာလုပ်မလဲဆိုတာကို စဉ်းစားဖို့ စောလွန်းနေသေးတယ်။

သူမ လောလောဆယ် မစဉ်းစားကြည့်ရသေးဘူး။

နန်ကျဲ့ဟာ သက်ပြင်း ချတယ်။ “ထားလိုက်တော့ ဒီအကြောင်း မပြောကြရအောင်။ နင် မနက်ဖြန် အိမ်ကို သွားကြည့်မှာလား”

“အင်း ဒီနေ့က အရမ်းနောက်ကျနေပြီမို့ မနက်ဖြန် အဲဒီကို ခေါ်သွားမယ်လို့ ဦးငယ်လေးက ပြောတယ်”

“အဲဒီကိုရောက်ရင် ငါ့ကို ဗီဒီယိုကောလ်ခေါ် စောစောအိပ်တော့” နန်ကျဲ့ဟာ သူမနဲ့ ဆက်ပြီး စကားမပြောချင်တော့တာမို့ သူမဘက်က ဘာမှပြန်မပြောနိုင်ခင် ဖုန်းချလိုက်တယ်။

အချိန်ကွာဟမှုကြောင့် နန်ကောဟာ အဲဒီအကြောင်း တွေးကြည့်ပြီး ရှန်ရန်ချင်းကို ထပ်မနှောင့်ယှက်ဘဲ နေလိုက်တော့တယ်။

နောက်တစ်နေ့မနက်ရောက်တော့ နန်ကောဟာ သန်းရင်း အောက်ထပ်ကို ဆင်းလာတယ်။

“ဘာလို့လဲ။ မနေ့ညက ကောင်းကောင်းမအိပ်ရဘူးလား” သူမရဲ့အငယ်ဆုံးဦးလေးဟာ အောက်ထပ်ကိုရောက်နေပြီ။

နန်ကောဟာ ခေါင်းညိတ်ပြပြီးနောက် ခေါင်းခါပြတယ်။ “ ရုပ်ရှင်ကြည့်ပြီး အိပ်တာ နည်းနည်းနောက်ကျသွားတာ”

“ဘယ်အချိန် အိပ်တာလဲ”

“၂နာရီ” နန်ကောဟာ သေချာမမှတ်မိပေမဲ့ အဲဒီနား ၀န်းကျင်လောက်ပါပဲ။

ဒါကို ကြားတဲ့အခါ သူမရဲ့ဦးငယ်လေးဟာ မျက်ခုံးပင့်ကာ သူမကို လှောင်တယ်။ “နင် အခုမှ ၂၀ထဲပဲ ရှိသေးတယ်။ ၂နာရီအထိ မအိပ်ဘဲနေတာကို ခက်ခဲနေပြီပေါ့လေ ဒါမျိုးမရဘူးနော်”

အကြောင်းပြချက်မရှိဘဲ အလှောင်ခံလိုက်ရတဲ့အခါ နန်ကောဟာ လုံးလုံးနိုးထသွားတယ်။

သူမ စားပွဲတစ်ဖက်က အမျိုးသားကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။

သူ့ရဲ့စိတ်နေသဘောထားကို ကြည့်ရင် သူမရဲ့အငယ်ဆုံးဦးလေးဟာ ရှန်ရန်ချင်းလောက် ရင့်ကျက်တည်ငြိမ်မှု မရှိဘူး။သူဟာ ပြီတီတီပြုံးနေပြီး သူတို့နှစ်ယောက်ဟာ တစ်နှစ်တည်းတွေ မဟုတ်တဲ့အတိုင်းဘဲ။သူမက မေးလိုက်တယ်။ “ဦးငယ်လေးက ဘယ်အချိန်အိပ်တာလဲ”

“ငါ နင့်ထက် နည်းနည်းနောက်ကျတယ် ၄နာရီလောက်” တစ်ဖက်လူဟာ တည်ငြိမ်နေတယ်။သူဟာ ကော်ဖီတစ်ငုံ သောက်လိုက်ပြီး ဆက်ပြောတယ်။ “ဒါပေမဲ့ ငါ နင့်ထက် စောနိုးတယ်”

“ဘယ်အချိန်လဲ”

“၇နာရီမတိုင်ခင် ထင်တာဘဲ”

“.....” နန်ကောဟာ အံ့ဩသွားတယ်။တစ်ဖက်လူဟာ မနေ့ညက နောက်ကျအိပ်ခဲ့တဲ့ပုံလည်း မပေါ်ဘူး။သူဟာ အတော်လေး အားအင်ပြည့်လွန်းနေတယ်။

ရှန်ရန်ချင်းလည်း မပြန်ခင်ညက အတူတူပဲဆိုတာကို သူမ သတိရသွားတယ်။

လူတွေက အသက်ကြီးလာပြီဆိုရင် တကယ် သိပ်မအိပ်ကြတော့တာများလား။

“အံ့ဩမနေနဲ့။ ငါ့အဖိုးက စစ်၀င်းထဲမှာနေတာ။ သူက မနက်တိုင်း အစောကြီးနိုးတယ်။ သူ လမ်းလျှောက်ပြီးလို့ အိမ်ပြန်ရောက်တာနဲ့ ပထမဆုံးလုပ်တဲ့အလုပ်က ငါ့ကို ဖုန်းခေါ်တာပဲ”

“ဘ-ဘာလို့”

201 03

“မနက်စာအတွက် နှိုးပေးတာ‌လေ”

နန်ကော “.....”

အဓိပ္ပာယ် မရှိတာ။

မနက်ပိုင်းမှာ နန်ကောဟာ အငယ်ဆုံးဦးလေးနောက် လိုက်ပြီး အိမ်နှစ်အိမ်ကို သွားကြည့်တယ်။နှစ်အိမ်လုံးက ကျောင်းနဲ့နီးပြီး သွားရေးလာရေး အဆင်ပြေတယ်။

“တကယ်တော့ နင် ကားမောင်းစရာ မလိုပါဘူး။ ငါ နင့်ကို လျှပ်စစ်စကူတာ အသေးလေး စပွန်ဆာပေးရင်ရော ဘယ်လိုလဲ။ နင် နေ့တိုင်း အောက်ထပ်ကိုဆင်းပြီး ကျောင်းကို စီးသွားလို့ရတယ်။ အဲဒါက အဆင်မပြေဘူးလား”

စကားပြောလို့ဆုံးတာနဲ့ အငယ်ဆုံးဦးလေးဟာ စိတ်ပြောင်းလိုက်ပြန်တယ်။ “မဟုတ်သေးဘူး။ နင် လျှပ်စစ်စကူတာ ဘယ်လိုစီးရမလဲဆိုတာ မသိဘူးမလား။ အပြင်က လမ်းမကြီး၂ခုလုံးမှာ မနက်ပိုင်းဆို လူနည်းနည်းရှုပ်တယ် အက်ဆီးဒင့် ဖြစ်ကောင်းဖြစ်နိုင်တယ်”

“အာ တကယ်တော့ ငါ လျှပ်စစ်စကူတာ ဘယ်လိုစီးရမလဲသိပါတယ်။ ပြီးခဲ့တဲ့ စာသင်နှစ်ကဆို ငါ အဲဒါနဲ့ အချိန်တစ်ခုအထိ ဒလီမိန်းကလေး လုပ်လိုက်သေးတယ်”

“ဘာ။!” သူမရဲ့အငယ်ဆုံးဦး‌လေးဟာ ဧည့်ခန်းကို ဘယ်လိုအလှဆင်ရမလဲဆိုတာကို လေ့လာနေတာ ဖြစ်တယ်။သူဟာ လှည့်လာပြီး မျက်လုံးပြူးပြတယ်။

“မဖြစ်နိုင်တာ...မနှစ်က မိသားစုဒေဝါလီခံတာနဲ့ ပတ်သက်ပြီး ငါ နင့်အစ်ကိုဆီက ဘာမှလည်းမကြားပါဘူး ဟုတ်တယ်မလား”

******

All Chapters