← Chapters

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း ၂၀၃

Vol. 21 Ch. 203

203 01

Chapter 203 သူမအတွက် ဘော်ဒီဂတ်ရှာ။

နန်ကောဟာ တစ်ယောက်တည်း သွားချင်ပေမဲ့ အငယ်ဆုံးဦးလေးဟာ ခွင့်မပြုဘူး။

သူမတို့ တစ်နာရီလောက် စကားများခဲ့ရတယ်။အဆုံးမှာတော့ နန်ကောဟာ ရွေးချယ်စရာမရှိဘဲ သဘောတူလိုက်ရကာ အငယ်ဆုံးဦးလေးကို သူမကို အဲဒီလိုက်ပို့ပေးမဲ့ လူတစ်ယောက် ရှာခိုင်းလိုက်ရတယ်။

“ရောက်တာနဲ့ ငါ ရှန်ရန်ချင်းရှိတဲ့ ဟိုတယ်ဆီ တန်းသွားမှာ ဘော်ဒီဂတ်ကို လိုက်ပို့ခိုင်းစရာ မလိုဘူး”

“ဘော်ဒီဂတ်လို့ ဘယ်သူပြောလဲ” အငယ်ဆုံးဦးလေးဟာ ခေါင်းငုံ့ပြီး စာကို အလေးအနက် ပို့နေတယ်။တစ်ယောက်ယောက်ကို အကူအညီ တောင်းနေတာ ဖြစ်မယ်။ “နင် အရင်ရက်က တွေ့ခဲ့တဲ့ဦးလေး”

“ဟမ်” နန်ကောဟာ ရုတ်တရက် ထရပ်လိုက်မိတယ်။ “နင်သေချာရဲ့လား”

ဘော်ဒီဂတ်ဆိုရင် သူမ လက်ခံနိုင်ပေမဲ့ အငယ်ဆုံးဦးလေးရဲ့ ငယ်သူငယ်ချင်းဆိုရင်တော့...

“သူတို့ကို ဒုက္ခမပေးပါနဲ့ အိုကေ။ သူတို့အားလုံး အလုပ်ရှုပ်မနေကြဘူးလား”

“ဘာနဲ့ အလုပ်ရှုပ်စရာရှိတုန်း” အငယ်ဆုံးဦးလေးဟာ ပြီးစလွယ်ပဲ ပြန်ပြောတယ်။

စာကို ပို့လိုက်ပြီးတဲ့နောက် သူဟာ တစ်ခုခုကို သတိထားမိသွားပြီး မော့ကြည့်ကာ ရှင်းပြတယ်။ “နင် အရမ်းစိတ်ပူစရာ မလိုဘူး။ လမ်းကြုံနေလို့”

“လမ်းကြုံတာ”

ဒါက ဘယ်လိုလုပ် လမ်းကြုံတာဖြစ်နိုင်မှာလဲ။

“နှစ်တိုင်း ဒီအချိန်ဆို သူ လူတစ်ယောက်ကို သွားသွားတွေ့ရတယ်။ ဖြစ်ချင်တော့ အဲဒီနားမှာပဲ ဖြစ်နေတာ”

“တိုက်ဆိုင်လိုက်တာ။ ဒါပေမဲ့ ငါ မနက်ဖြန် သွားမှာရော် အဆင်ပြေရဲ့လား”

“ကိစ္စမရှိဘူး သူ နင့်ကို ရက်နည်းနည်း ကြိုပြီးတောင် ခေါ်သွားလို့ရတယ်။ အဆင်ပြေတယ်”

“ကောင်းပါပြီ” ဒီလိုဖြစ်သွားမှတော့ နန်ကောဟာ ဘာမှမပြောတော့ဘူး။

နောက်တစ်နေ့ မနက်ရောက်တော့ သူမစိတ်လှုပ်ရှားနေလို့ ဖြစ်လိမ့်မယ်။တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ဘဲ မိုးသောက်ချိန်လောက်မှာ နိုးလာတယ်။

မနက်၉နာရီ ရောက်တော့ မြောင်မြောင်ဟာ သူမကို လေဆိပ် ခေါ်သွားတယ်။

ကားဟာ ကတ္တရာလမ်းအတိုင်း တောက်လျှောက်မောင်းနှင်သွားပြီး နောက်ဆုံးတော့ သီးသန့်လေယာဉ်တစ်စီးအရှေ့မှာ ရပ်သွားတယ်။

မနေ့ညနေကမှ သူမတို့ အချိန်ကိုဆုံးဖြတ်ခဲ့ကြတာ။နေ့တစ်၀က်လောက်ကြာတော့ လေယာဉ်အစီအစဉ်ဟာ အတည်ပြု ခံလိုက်ရတယ်။

“တတိယအစ်ကို ငါ သူ့ကို မင်းဆီအပ်မယ်နော်။ ကျေးဇူးပြုပြီး သူ့ကို ဟိုတယ်ဆီ လိုက်ပို့ပေးလိုက်ပါ။ ဒီကလေးမက လျှောက်လျှောက်သွားတတ်လို့ မင်း သူ့ကို မျက်စိတောက်ထောက် ကြည့်နေဖို့လိုတယ်”

“အင်းပါ”

သူမနဲ့ဆန့်ကျင်ဘက်မှာ ရှိတဲ့အမျိုးသားဟာ တုံ့ပြန်တယ်။သူ့အကြည့်ဟာ သူမခန္ဓာကိုယ်ကို ဖြတ်သွားပြီး မျက်လုံးထဲ နွေးထွေးမှု တစ်စက်မှမရှိဘူး။ဒါပေမဲ့ အကြည့်တစ်ချက်နဲ့တင် သူဟာ ယဉ်ယဉ်ကျေးကျေးနဲ့ သူမကို ရှောင်သွားပြီး ကြာကြာမနေဘူး။

နန်ကောရဲ့ဦးရေပြား ကျိန်းစပ်သွားတယ်။အရင်တစ်ခေါက် သူတို့ ထမင်းအတူ စားတုန်းကတောင်မှ အနည်းဆုံးတော့ ဒီလူ စကားပြောပါသေးတယ်။သူမ သူ့ကို နှုတ်ဆက်လိုက်တော့ ဒီလူဟာ ခေါင်းပဲညိတ်ပြပြီး ဘာမှမပြောဘူး။

သူ သူ့ကြင်နာမှုကို တစ်ကြိမ်ပြတော့ ပြပါတယ်။သူ ဆေးလိပ်သောက်ချင်လာတော့ သူမအတွက်နဲ့ ထပြီး အပြင်တော့ ထွက်သောက်ပေးရှာပါတယ်။

“ကျေးဇူးပါ”

203 02

တစ်ဖက်လူဟာ ခေါင်းညိတ်ပြပြီး သူမကို အရင်တက်ဖို့ အမူအရာပြတယ်။

အငယ်ဆုံးဦးလေးနဲ့ အဲဒီအမျိုးသားတို့ အောက်မှာ ခဏလောက် စကားပြော နေခဲ့ကြ‌သေးတယ်။သူတို့ ဘာပြောနေလဲ နန်ကောမသိသလို စိတ်လည်း မ၀င်စားဘူး။

သူမဟာ အရမ်းကောင်းတဲ့ရှုခင်းနဲ့ ထိုင်ခုံကို တွေ့သွားပြီး ၀င်ထိုင်လိုက်တယ်။သူမဟာ ဖုန်းကိုထုတ်ပြီး နန်ကျဲ့ဆီ တင်ပြဖို့ စာပို့လိုက်တယ်။

နန်ကျဲ့ကို ဆက်သွယ်လိုက်မယ်ဆိုပြီး အငယ်ဆုံးဦးလေးက ပြောခဲ့ပေမဲ့လည်း သူမ သူမရဲ့အစ်ကိုကို အသိပေးဖို့ လိုတယ်လေ။

မဟုတ်ရင် အစ်ကို့ရဲ့ဒေါသနဲ့ဆို သူ ထပ်စိတ်ဆိုးပြီး ပြန်ရောက်ရင် သူမကို အလွတ်ပေးမှာ မဟုတ်ဘူး။

လေယာဉ်ထွက်တော့လည်း တစ်ဖက်လူဟာ သူမကို စကားမပြောဘဲ သူမအရှေ့ မျက်စောင်းထိုးမှာ ထိုင်တယ်။

ကံကောင်းလို့ တစ်ဖက်လူဟာလည်း လက်ထောက်၂ယောက်ကို ခေါ်လာတယ်။လေယာဉ်မယ်လေးပါ ပါလာသေးတော့ လေထုဟာ အရမ်းကြီးတော့လည်း ဖိအားမများပါဘူး။

သူမလက်ဦးသွားမှာကို စိုးရိမ်လို့လားတော့ မသိဘူး။ခဏလောက်ကြာတော့ အမျိုးသားဟာ ထပြီး အနောက်ဘက်က အခန်းထဲကို ၀င်သွားတယ်။သွားနား‌တာ ဖြစ်လောက်တယ်။

နန်ကော အနောက်ကို တစ်ချက်လှမ်းကြည့်တုန်း တစ်ယောက်ယောက် သူမအနား ရောက်လာတယ်။

တစ်ဖက်လူရဲ့လက်ထောက်ဖြစ်ပြီး အတူဂိမ်းကစားရင်း အချိန်ဖြုန်းကြမလားလို့ သူမကို လာမေးတာ။

လေယာဉ်ကြာချိန်ဟာ ၁၂နာရီဖြစ်တယ်။ဒီအချိန်အပိုင်းအတွင်း သူမ အဲဒီအကောင်ကြီးနဲ့ တွေ့ဖို့က တစ်နာရီတောင် မကျန်တော့ဘူး။

ဒါပေမဲ့ ဒါကလည်း ကောင်းပါတယ်။သူမအတွက် ပိုလွယ်ကူသွားတယ်။

လေယာဉ် ဆိုက်ခါနီးမှာပဲ လေယာဉ်မယ်ဆီကနေ နန်ကောဟာ အနှိုးခံလိုက်ရတယ်။

လေယာဉ်ဆိုက်တော့ သူမ သူနဲ့အတူ ကားထဲကို လိုက်၀င်တယ်။

အနောက်ခုံမှာ အမျိုးသားဟာ ဖုန်းကိုငုံ့ကြည့်နေပြီး နန်ကောဟာတော့ ပြတင်းပေါက်ကို ကြည့်နေတယ်။

လေယာဉ်ပေါ်က ဆင်းတော့ သူမ အငယ်ဆုံးဦးလေးနဲ့ နန်ကျဲ့ကို ပြောပြထားပြီးသား။

လေဆိပ်ဟာ ရှန်ရန်ချင်းဟိုတယ်နဲ့ နည်းနည်းဝေးတယ်။သူတို့မောင်းတာ ဘယ်လောက်ကြာပြီလဲဆိုတာကို နန်ကောဟာ အာရုံထဲမထည့်ဘူး။အတိုချုံးပြောရရင် ခရီးဟာ လေယာဉ်ထက်တောင်မှ ပိုရှည်လျားပြီး ပိုတိတ်ဆိတ်သလို ခံစားရတယ်။

အမျိုးသားကို ကျေးဇူးတင်ပြီးတဲ့နောက် သူမဟာ တံခါးကို စိတ်မရှည်စွာနဲ့ဘဲ တွန်းဖွင့်ပြီး ကားထဲက ထွက်လိုက်တယ်။

ဒရိုင်ဘာဟာ သူမရဲ့ခရီးဆောင်အိတ်ကို ကူထုတ်ပေးတယ်။

သူမ ထွက်သွားမလို့ လုပ်တဲ့အချိန်မှာဘဲ ကားနောက်ခန်းထဲက အမျိုးသားဟာ သူမအနောက်ကို လိုက်လာတာကို တွေ့ရတယ်။သူမနေရာမှာတင် ရပ်လိုက်ပြီး ရှုပ်ထွေးစွာနဲ့ ပတ်ပတ်လည်ကို တစ်ချက် ကြည့်ကြည့်တယ်။ “ဘယ်သွားနေတာလဲ”

ဒီအမျိုးသားဟာ စကားနည်းတဲ့လူပဲ။ “မင်းဦးငယ်လေးက မပြန်ခင် ငါ့ကို ရှန်ရန်ချင်းနဲ့ တွေ့ဖို့ ပြောထားတယ်”

နန်ကောရဲ့နှုတ်ခမ်းထောင့်ဟာ ပြင်းပြင်းထန်ထန် ရှုံ့တွသွားတယ်။သူမ ထွက်ပြေးမှာကို သူ ဘယ်လောက်တောင် ကြောက်နေရတာတုန်း။

“မလိုဘူး။ မလိုဘူး။ ဦးလေး တစ်ခုခု လုပ်စရာ မရှိဘူးလား။ ကျွန်မဟာ ကျွန်မ သွားလိုက်မယ်”

“ငါတို့ ဒီရောက်နေပြီပဲ နောက်ထပ်နည်းနည်းလောက် လမ်းလျှောက်လိုက်ရတာက အပန်းမကြီးပါဘူး” သူဟာ ပြောနေရင်း အနောက်က လက်ထောက်ဆီ အကြည့်တစ်ချက် ပို့လိုက်တယ်။လက်ထောက်ဟာ နားလည်ပြီး အမြန်အရှေ့တက်ကာ သူမရဲ့ခရီးဆောင်အိတ်ကို ကူတွန်းပေးတယ်။

အဲဒီနောက် လက်ထောက်ဟာ အမျိုးသားရဲ့အနောက်ကို လိုက်ပြီး ဧည့်ခန်းထဲ ၀င်သွားတယ်။

နန်ကောခမျာ လေထဲ တစ်ယောက်တည်း ပြောစရာပျောက်ဆုံးကာ ရပ်ကျန် နေခဲ့ရရှာတယ်။

ဒီအကောင်ကြီးဟာ စကားသိပ်မပြောပေမဲ့ သူပြောတဲ့ဟာကို သူ တကယ် လုပ်တယ်။သူဟာ သူ့အပြုအမူတွေကို သုံးပြီး အဆုံးထိ လုပ်တယ်ဆိုတာ ဘယ်လိုလဲဆိုတာကို နန်ကောကို ပြတယ်။

“အာ...ဦးလေး” နန်ကောဟာ အရှေ့မှာ ရပ်နေတဲ့အမျိုးသားကို လှမ်းကြည့်ပြီး တွန့်ဆုတ်စွာနဲ့ ပြောတယ်။ “သူ ဆင်းလာဖို့ကို နည်းနည်းကြာနိုင်‌တယ်ရော်”

ခဏနေ ရှန်ရန်ချင်း အပြင်ထွက်လိမ့်မယ်ဆိုတာ သူမ မြောင်မြောင်နဲ့အတူ အတည်ပြုပြီးပြီ။

မြောင်မြောင်ပြောတာတော့ အနည်းဆုံး၁၅မိနစ်လောက် ကြာလိမ့်မယ်တဲ့။

သူမ သူ့ကို စပရိုက် တိုက်ချင်ပြီး သူအောက်ကို ဆင်းလာတာနဲ့ သူမကို မြင်စေချင်တာ။

ဒါကြောင့် သူမအတွက် ဒီမှာစောင့်နေရတာက အဆင်ပြေပေမဲ့ သူမဘေးက လူအတွက်ကျ...

တစ်ဖက်လူဟာ သူမရဲ့စကားထဲက ဖွက်ထားတဲ့အဓိပ္ပာယ်ကို ကြားနိုင်တယ်။သူ့ကြည့်ရတာ ထွက်သွားချင်ပုံလည်း မပေါ်ဘဲ ဆိုဖာပေါ်မှာတောင် ထိုင်ချလိုက်သေးတယ်။အဲဒီနောက် သူဟာ သာမန်ကာလျှံကာပဲ ပြောလာတယ်။ “ရတယ်။ ငါ အလျင်မလိုပါဘူး”

နန်ကော “...အိုကေ”

အသက်ကို ပြင်းပြင်းရှူပြီး နန်ကောဟာ မေးလိုက်တယ်။ “ဦးလေး တစ်ခုခု သောက်ချင်လား”

သူ့ဘက်က မတုံ့ပြန်ခင်မှာဘဲ လက်ထောက်ဟာ သူမကို ဘာသောက်မလဲ မေးလာပြီး မှာဖို့ထွက်သွားတယ်။

203 03

နန်ကောဟာ နှုတ်ခမ်းကို ရိုက်လိုက်တယ်။တစ်ကြိမ်ထက်ပိုပြီးတော့ကို ဒီလူဟာ အားကြီးတဲ့ အရှိန်အဝါမျိုးရှိပြီး ဂုဏ်သိက္ခာရှိတဲ့ လေထုမျိုးလည်း ရှိနေတယ်။

တစ်ဖက်လူက စကားထပ်ပြောလာတဲ့အချိန် သူမဟာ သူမရဲ့စိတ်ကူးယဥ်အတွေးထဲ နယ်ချဲ့နေတုန်း။ “ဘာလို့ မတ်တပ်ရပ်နေတာလဲ။ ထိုင်ပြီးစောင့်နေလေ”

နန်ကောဟာ ခေါင်းညိတ်ပြီး သူနဲ့ ဆန့်ကျင်ဘက်မှာ ထိုင်လိုက်တယ်။

လက်ထောက်ဟာ ပြန်လာပြီး နန်ကောအတွက် သစ်သီးဖျော်ရည်တစ်ခွက် ယူလာပြီး အမျိုးသားအတွက် ကော်ဖီတစ်ခွက် ယူလာတယ်။

ဒါပေမဲ့ တစ်ဖက်လူဟာ တစ်ငုံပဲသောက်ပြီး လုံး၀မထိတော့တာကို နန်ကော တွေ့လိုက်ရတယ်။သူ့လက်ထောက်ကို ကြည့်နေတဲ့အချိန် သူ့မျက်နှာပေါ်က အထင်အမြင်သေးမှုဟာ ပေါ်လွင်နေတယ်။

သူက တော်တော်သီးသန့် ဆန်တာပဲ။နန်ကောမှာ မနေနိုင်ဘဲ ထင်မိတယ်။

ဧည့်ခန်းထဲ ၁၀မိနစ်လောက် ထိုင်နေခဲ့ပြီးတဲ့နောက် နန်ကောတစ်ယောက် ဘေးက ဧည့်သည်ရဲ့ခွေးလေးကို ပွတ်ပေးနေရင်း ရုတ်တရက် အမျိုးသားဆီကနေ သူမရဲ့နာမည်ကို ခေါ်တာ ကြားလိုက်ရတယ်။ “နန်ကော ဟုတ်တယ်မလား”

“ဟုတ် ဦးငယ်လေးနဲ့ ကျွန်မက မျိုးရိုးနာမည် မတူဘူး” တစ်ဖက်လူ ဘာလို့ ရုတ်တရက်ကြီး ဒါကိုမေးလဲဆိုတာ သူမ မသိဘူး။

ပြောခါမှ သူမ သူမနဲ့ဆန့်ကျင်ဘက်ကလူရဲ့ မျိုးရိုးနာမည်ကိုတောင် မသိသေးဘူးဘဲ။

သူမဟာ ဟိုဟိုဒိဒီ ကြည့်လိုက်ပြီး မေးတယ်။ “ဘာဖြစ်လို့လဲ”

သူမရဲ့အကြည့်အောက်မှာ အဲဒီလူဟာ တည်တည်ငြိမ်ငြိမ်ပဲ ပြောလာတယ်။ “ငါ ပြောချင်တာက ခုဏက မင်း ခွေးနဲ့ဆော့နေတုန်း ရှန်ရန်ချင်း ဖြတ်လျှောက်သွားတယ်လို့ပါ”

နန်ကောဟာ ချက်ချင်းလှည့်ပြီး အနောက်တံခါး၀ကို ကြည့်လိုက်တယ်။သေချာပေါက်ကိုပဲ ရင်းနှီးတဲ့ပုံရိပ်ကို တွေ့လိုက်တယ်။

သေစမ်း။ရှန်ရန်ချင်း ဘယ်တုန်းက ထွက်လာတာလဲ။!

ရှန်ရန်ချင်း သူမကို သတိမထားမိဘူးဆိုတာ အံ့ဩစရာ မရှိပါဘူး။သူမတို့နှစ်ယောက်ကြား ကြီးမားတဲ့စွန်းထင်းနေတဲ့ ဖန်ခွက်ကြီးတစ်လုံးက ခြားနေတာ။သူသာ တမင်တကာကြီး ဒီဘက်ကို ကြည့်မလာဘူးဆိုရင် သူမကို တွေ့မှာ မဟုတ်ဘူး။

ရှန်ရန်ချင်း ထွက်သွားတော့မှာကို မြင်တဲ့အခါ နန်ကောဟာ အိန္ဒြေ ထိန်းမနေတော့ဘဲ...မတ်တပ်ထရပ်ပြီး လှမ်းအော် ခေါ်လိုက်တယ်။ “ရှန်ရန်ချင်း!”

******

All Chapters