← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

204 01

Chapter 204 ရှန်ရန်ချင်းကျေးဇူးကို ပြန်ဆပ်ခြင်း။

ဥက္ကဌရှန် အောက်ထပ်ကို ဆင်းတော့မယ်ဆိုတာ အတည်ပြုပြီးတဲ့နောက် မြောင်မြောင်ဟာ ချက်ချင်းပဲ နန်ကောကို စာပို့လိုက်တယ်။ကံမကောင်းစွာနဲ့ သူမ ပြန်စာမရဘူး။

ဧည့်ခန်းကို ရောက်တော့ သူမ ဥက္ကဌရှန်နဲ့ လက်ထောက်ယွမ်ရဲ့ အနောက်ကို လိုက်ရင်း ဘေးပတ်ပတ်လည်ကို ကြည့်ကြည့်ပေမဲ့ နန်ကောကို ရှာမတွေ့ဘူး။

နန်ကော သူမရောက်ပြီ ဆိုတဲ့အကြောင်း စာပို့ထားတာကို သူမ သေချာမြင်လိုက်ပါတယ်။

“အမ် ဥက္ကဌရှန်!” သူမတို့ ဟိုတယ်ကနေ ထွက်တော့မှာကို မြင်တော့ မြောင်မြောင်ဟာ ခြေ၂လှမ်းရှေ့တိုးပြီး အချိန်ဆွဲဖို့ ကြိုးစားတယ်။

“ဘာလဲ” ရှန်ရန်ချင်းဟာ ရပ်ပြီး လက်ထောက်ယွမ်နဲ့အတူ လှည့်ကြည့်လာတယ်။

မြောင်မြောင်ဟာ သူ့ကို ကြည့်ပြီး ဒီတိုင်းပဲ ဆင်ခြေတစ်ခုနဲ့ တက်လာတယ်။တစ်ချိန်တည်းမှာပဲ သူမရဲ့မျက်လုံးဟာလည်း အနားတစ်၀ိုက်ကို လှည့်ပတ်နေတယ်။လက်ထောက်ယွမ်ဟာ တစ်ခုခု လွဲနေတာကို ချက်ချင်းသတိထားမိသွားပြီး သူမအကြည့်နောက် လိုက်ပြီး အနားတစ်ဝိုက်ကို လိုက်ကြည့်တယ်။ဒါပေမဲ့ သူ ဘာမှမတွေ့ဘူး။

“မင်း ဘာကြည့်နေတာလဲ”

လက်ထောက်ယွမ်ကို ရှန်ရန်ချင်း မိသွားတယ်။

“.....” လက်ထောက်ယွမ်လည်း ကြောင်နေတာပါပဲ။သူ ဘာကြည့်နေလဲဆိုတာ သူလည်း မသိဘူး။

ဒီနေ့ သူတို့နှစ်ယောက် ထူးဆန်းနေတယ်လို့ ရှန်ရန်ချင်းဟာ ခံစားရတယ်။သူတို့၃ယောက်သား စက္ကန့်အနည်းငယ်လောက် ရှေ့တိုးရမလို၊နောက်ဆုတ်ရမလို အခြေအနေထဲ ရောက်နေခဲ့တယ်။သူ သူတို့နဲ့ဆက်ပြီး အချိန် မဖြုန်းချင်တော့ဘူး။ “ထွက်ဖို့ အချိန်ကျပြီ ပြန်လာမှ ပြောကြမယ်”

လက်ထောက်ယွမ်နဲ့ မြောင်မြောင်ဟာ အလျင်အမြန်ပဲ လိုက်သွားကြတယ်။နှစ်ယောက်သားဟာ သူ့အနောက်မှာ တိုးတိုးတိုးတိုးနဲ့။

“မင်း ဘာရှာနေတာတုန်း”

“ဘာမှမရှာပါဘူး။ ရှင် လျှောက်မြင်နေသလား”

“တော်စမ်းပါ။ မင်းပဲ သူခိုးတစ်ယောက်လို လျှောက်ကြည့်နေပြီးတော့ ငါ့ဆီကနေ ဖုံးကွယ်ဖို့ မကြိုးစားနဲ့!”

သူတို့နှစ်ယောက်ဟာ အလုပ်မှာ လုပ်ဖော်ကိုင်ဖက်တွေဖြစ်နေတာ ကြာခဲ့ပြီဖြစ်ပြီး အချင်းအချင်းလည်း တော်တော်လေး ရင်းနှီးကြတယ်။မြောင်မြောင်ဟာ မတတ်နိုင်ဘဲ သူ့ကို တိုးတိုးလေး ပြောရတယ်။ “မိန်းကလေးနန်ကောပေါ့ သူ...”

သူမစကား မဆုံးသေးခင်မှာဘဲ ရုတ်တရက် အသံတစ်သံဟာ ခမ်းလှမ်းလှမ်းကနေ ထွက်လာတယ်။

“ရှန်ရန်ချင်း!”

ဟိုတယ်ရဲ့ဧည့်ခန်းဟာ တိတ်ဆိတ်ခြောက်ကပ်သွားတယ်။လူအများကြီးဟာ အော်သံကို ကြားလိုက်တယ်။

လူတော်တော်များများရဲ့ အကြည့်တွေကိုမြင်တော့ နန်ကောဟာ တောင်းတောင်းပန်ပန်နဲ့ ပြုံးပြပြီး ရှန်ရန်ချင်းဆီ ပြေးသွားလိုက်တယ်။

အစက သူ နန်ကောရဲ့အသံကို ကြားတော့ စိတ်ထင်နေတာလို့ ထင်ခဲ့ပေမဲ့ ဒီအသံဟာ သူ့နားထဲ စစ်မှန်စွာနဲ့ကို ၀င်လာတာ။သူ အနောက်လှည့်လိုက်ပြီး နန်ကော သူ့ဆီ ပြေး၀င်လာတော့ မျက်နှာပေါ်က အံ့ဩမှုကိုတောင်မှ ပြန်မထိန်းနိုင်ဘူး ဖြစ်သွားတယ်။

သူ့ဘေးမှာတော့ လက်ထောက်ယွမ်ရဲ့မျက်လုံးဟာ ပြူးကျယ်သွားတယ်။အဲဒီအခါမှပဲ သူဟာ တုံ့ပြန်ပြီး မြောင်မြောင်ကို ကြည့်လိုက်တယ်။မြောင်မြောင်ဟာ တိတ်တဆိတ်ပဲ သူ့ကို ပုခုံးတွန့်ပြတယ်။

“မင်း...” ရှန်ရန်ချင်းဟာ သူမကိုဖမ်းပြီး မယုံကြည်နိုင်စွာနဲ့ သူမကို ဖက်လိုက်တယ်။သူဟာ ခေါင်းငုံ့ပြီး နန်ကောရဲ့မျက်နှာပေါ်က အပြုံးလေးနဲ့ သွားဆုံတယ်။ “မင်းကို လာကြိုလို့ရအောင် ဘာလို့ ကိုယ့်ကို ကြိုမပြောခဲ့တာလဲ”

ဒါက အိမ်မှာ မဟုတ်သလို လုံခြုံရေးကလည်း ပျမ်းမျှပဲလေ။

ကံကောင်းလို့ ‌နေ့လည်ပိုင်းပဲ ရှိသေးလို့‌ပေါ့။ညပိုင်းဆို ပိုတောင်အန္တရာယ် များသေးတယ်။

“ကျွန်မ ရှင့်ကို စပရိုက်တိုက်ချင်လို့လေ။ ပြီးတော့ မနေ့ကမှ လာဖို့ဆုံးဖြတ်လိုက်တာ”

အဲဒီတော့မှ သူဟာ ပြုံးလာပြီး မေးတယ်။ “ကိုယ့်ကို လွမ်းနေခဲ့တာလား”

နန်ကောဟာ ဘာမှမပြောဘူး။သူမဟာ ဒီတိုင်းလေး သူ့ရင်ခွင်ထဲမှီနေပြီး သူ့ကို အပြုံးလေးနဲ့ မော့ကြည့်လာတယ်။ချက်ချင်းပဲ သူမဟာ ‌ခြေဖျားထောက်ပြီး သူ့ကို နမ်းတယ်။

ရှန်ရန်ချင်းဟာ သူမကို ပြန်နမ်းချင်ပေမဲ့ အနားတစ်ဝိုက်မှာ လူတွေအများကြီး ရှိနေတယ်။နောက်ဆုံးမှာတော့ သူဟာ သူ့ကိုယ်သူ ပြန်ထိန်းချုပ်ပြီး သူမရဲ့ခေါင်းလေးကိုသာ ပွတ်လိုက်တယ်။

“တစ်ယောက်တည်း လာတာလား။ မင်းအစ်ကို သိလား” နန်ကျဲ့ရဲ့အကျင့်စရိုက်အရဆို နန်ကောကို တစ်ယောက်တည်း လာခွင့်မပြုလောက်ဘူးလို့ သူ ထင်တယ်။

သူ အကြာကြီး တွေ့မြင်ခဲ့ဖူးပြီးပြီ။နန်ကျဲ့ဟာ သူ နန်ကောကို ကြည့်မရဘူးလို့ အမြဲပြောခဲ့တယ်။အပေါ်ယံမှာတော့ သူ နန်ကောအပေါ် ဘာသိဘာသာပဲ ဆက်ဆံပုံရပေမဲ့ ဒီခေတ်လူငယ်တွေပြောသလိုမျိုး ပြောရမယ်ဆိုရင်တော့ နန်ကျဲ့ဟာ သူ့ညီမကို စွဲလန်းနေတာ။

204 02

တကယ်လို့သာ ခွင့်ပြုချက် ရှိတယ်ဆိုရင် နန်ကျဲ့ဟာ နန်ကောဘယ်သွားသွား အနောက်ကနေ လိုက်နေလိမ့်မယ်။

“သူ သိတယ်။ ဒါပေမဲ့...” အဲဒီတော့မှပဲ နန်ကောဟာ တစ်ခုခုကို သတိရသွားတယ်။သူမ သူ့ရင်ခွင်ထဲကနေ ပြန်ခွာလိုက်ပြီး အနောက်က တစ်ယောက်သော လူကို လှည့်ကြည့်လိုက်တယ်။

တစ်ဖက်လူ အထဲမှာပဲ ထိုင်နေဦးမယ်လို့ ထင်ခဲ့ပေမဲ့ လှည့်ကြည့်လိုက်တော့ အမျိုးသားဟာ သူမအနောက် ရောက်နေတာကို တွေ့လိုက်ရတယ်။

ရှန်ရန်ချင်းဟာ သူမအကြည့်နောက် လိုက်ပြီး အဲဒီလူကို ကြည့်တယ်။အနည်းငယ် အံ့ဩသွားပြီးတဲ့နောက် သူဟာ နန်ကောကိုဖက်ပြီး အပြုံးတစ်ပွင့်နဲ့အတူ အရှေ့ကို လျှောက်သွားတယ်။သူဟာ အရှေ့ကလူဆီ လက်ဆန့်ထုတ်လိုက်ပြီး “ဥက္ကဌချင် မတွေ့ရတာ ကြာပြီ”

နန်ကောဟာ အံ့ဩသွားတယ်။အဲဒီအခါမှ ဒီဦးလေးရဲ့မျိုးရိုးနာမည်ဟာ ချင်ဆိုတာကို သူမ သိလိုက်ရတယ်။

အမျိုးသားနှစ်ယောက်ဟာ စကားပြောကြတယ်။သူတို့ရဲ့စကားဝိုင်းအရ သူတို့နှစ်ယောက်ဟာ သိရုံပဲသိတာမျိုး မဟုတ်ဘူးဆိုတာ နန်ကော ပြောနိုင်‌တယ်။ဒါပေမဲ့ သိပ်မကြာခင်ဘဲ အကြောင်းအရာဟာ သူမဆီ ရောက်လာတယ်။

“လမ်းကြုံနေလို့ ချန်းစစ်က သူ့ကို လိုက်ပို့ပေးဖို့ ပြောခဲ့တာ”

ချန်းစစ်ဟာ နန်ကောရဲ့အငယ်ဆုံးဦးလေး ဖြစ်တယ်။

ဒီရက်ပိုင်း နန်ကောဟာ မြို့တော်က သူမဦးလေးရဲ့အိမ်ကို သွားခဲ့တယ်ဆိုတာ ရှန်ရန်ချင်း သိတယ်။

ဒါပေမဲ့ သူမရဲ့ဦးလေးဟာ ချန်းစစ်ဖြစ်နေမယ်လို့တော့ မမျှော်လင့်ထားဘူး။

ရှန်ရန်ချင်းတစ်ယောက် သူ့ရဲ့အံ့ဩမှုကို မဖုံးထားနိုင်တာကို မြင်တဲ့အခါ တစ်ဖက်လူဟာလည်း ပြောလာတယ်။ “မင်းက ချန်းစစ်ရဲ့အနာဂတ် တူလောင်းဆိုတာကို ငါတို့ သိလိုက်ရတုန်းကလည်း အဲဒီလို မျက်နှာထားမျိုးပဲ”

ရှန်ရန်ချင်းဟာ မပြုံးပြခင် ခဏလောက် အံ့ဩသွားခဲ့သေးတယ်။ဥက္ကဌချင်ရဲ့လေသံတောင်မှ အရင်ကလောက် မခက်ထန်တော့ဘူး။

တခြားလုပ်စရာရှိသေးတာမို့ တစ်ဖက်လူဟာ အကြာကြီး မနေဘူး။သူဟာ ထွက်မသွားခင် ရှန်ရန်ချင်းနဲ့ နည်းနည်းတော့ စကားပြောသွားခဲ့သေးတယ်။

သူတို့ထွက်သွားတဲ့အခါ နန်ကောဟာ မေးကြည့်တယ်။ “ရှင်တို့အချင်းချင်း အတော်လေးရင်းနှီးတာလား”

“ကိုယ် သူ့ကို အရင်ကကူညီဖူးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့၂နှစ်ကပါ။ အခုတလောတော့ အဆက်အသွယ် မလုပ်ဖြစ်ဘူး”

နန်ကောဟာ အသက်ကို ပြင်းပြင်းရှူလိုက်တယ်။ “သူ ကျွန်မကို ဒီအထိ တစ်လမ်းလုံး ခေါ်လာပေးပြီး ရှင့်ကို တွေ့မယ်ချည်း လုပ်နေတာ ကျွန်မရဲ့အငယ်ဆုံးဦးလေးကို မျက်နှာသာ ပေးဖို့ကြောင့်ပဲတော့ မဟုတ်လောက်ဘူး ဟုတ်တယ်မလား”

ဒါဟာ အရင်က ရှန်ရန်ချင်းရဲ့ကျေးဇူးကို သွယ်ဝိုက်တဲ့နည်းနဲ့ ပြန်ဆပ်သွားတာ မဟုတ်ဘူးလား။မဟုတ်ရင် ရှန်ရန်ချင်းကို သူကိုယ်တိုင် တွေ့သွားပြီးမှ ဘာလို့ပြန်မှာလဲ...။

ဒါ အဓိပ္ပာယ် ရှိတယ်။အငယ်ဆုံးဦးလေး သူ့ကို တတိယအစ်ကိုလို့ ခေါ်လိုက်တယ်။သူဟာ သူမရဲ့ဦးလေးပေးတဲ့ တာ၀န်ကို အဆုံးသတ်ချင်ရုံတင် မဟုတ်ဘူး။

ရှန်ရန်ချင်းဟာ ဒါကို မငြင်းဘူး။

တစ်ဖက်လူဟာ တကယ်ပဲ သူ့အပေါ် ကျေးဇူးကြွေး တင်ထားပြီး လွန်ခဲ့တဲ့၂နှစ်အတွင်း ပြန်ဆပ်ဖို့ အခွင့်အရေးမရခဲ့ဘူး။အရင်ကတော့ သူ့အတွက် ညစာစားဖို့ ဖိတ်ခေါ်မှု ရှိခဲ့ပေမဲ့ သူ့ရဲ့အချိန်ဇယားနဲ့ တိုက်နေတာမို့ သူ မတက်ရောက်နိုင်ခဲ့ဘူး။

ဒါကြောင့် အခုထိကို ‌လွဲနေခဲ့တော့တာ။

မြောက်ပိုင်းသားတွေဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပိုအသေးစိတ်ကျတယ်။

သူသာ ဒီနေ့ မစ္စတာချင်ကို မတွေ့ခဲ့ဘူးဆိုရင် အရင်က ဖြစ်ခဲ့တာတွေအားလုံးကို သူ မေ့သွားလောက်တယ်။

နန်ကောဟာ မနေနိုင်ဘဲ သိချင်စိတ်နဲ့ စုတ်သပ်လိုက်တယ်။သူဟာ တကယ်ကို စီးပွားရေးသမားပဲ။

သူ စီးပွားရေးမီတင်အတွက် သွားတာမလို့ နန်ကောဟာ သူနဲ့ လိုက်မသွားခဲ့ဘူး။ရှန်ရန်ချင်းအတွက် ပြဿနာဖြစ်စေမှာကို စိုးတာလည်း ပါတယ်။သူမဟာ ရှန်ရန်ချင်း အခန်းကတ်ကို ယူပြီး အပေါ်တက် ရေမိုးချိုးပြီး အ၀တ်အစားလဲမယ်လို့ စိတ်ကူးထားတယ်။

သူ ထွက်မသွားခင် ရှန်ရန်ချင်းဟာ သူမကို ထပ်ခါတလဲလဲ သတိပေးခဲ့သေးတယ်။ “ကိုယ့်ကို ဟိုတယ်အခန်းထဲမှာ စောင့်နေ။ ကိုယ် တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာမယ်”

204 03

နန်ကောဟာ ဒီတိုင်းပဲ တုံ့ပြန်တယ်။ဒါကိုမြင်တော့ ရှန်ရန်ချင်းဟာ သူထွက်သွားတုန်း နန်ကော သူ ပြောသလို မလုပ်မှာကို စိတ်ပူသွားတယ်။အဆုံးမှာတော့ သူဟာ ရွေးချယ်စရာမရှိဘဲ မြောင်မြောင်ကို ထားခဲ့ပြီး အခြားလူတွေကို ခေါ်သွားရတော့တယ်။

သူမ အပေါ်ထပ်ကို ပြန်ရောက်လာတဲ့အခါ နန်ကောဟာ ပစ္စည်းတွေ သိမ်းလို့ပြီးသွားပြီး ဈေး၀ယ်ထွက်ဖို့ မြောင်မြောင်နဲ့အတူ အောက်ထပ်ကို ဆင်းလာတယ်။

ဒါပေမဲ့လည်း သူမတို့နှစ်ယောက်ဟာ အဝေးကြီးတော့ မသွားခဲ့ဘူး။သူမတို့ဟာ မီတာ၅၀၀၀န်းကျင်လောက်မှာပဲ လှည့်ပတ်သွားလာပြီး တစ်ခုခု စားခဲ့ကြတယ်။

သူမတို့ အပြင်မှာ တစ်နာရီပဲနေပြီး ခပ်မြန်မြန်ပြ န်လာခဲ့ကြတယ်။

သူမဟာ နည်းနည်းတော့ စကားနားထောင်ပါတယ်။

ဟိုတယ်ကို ပြန်ရောက်တော့ နန်ကောမှာ ဘာမှလုပ်စရာ မရှိဘူး။နောက်တော့ မြောင်မြောင်ဟာ ရေကူးဖို့ အကြံပေးတယ်။ဒီနေ့ အဲဒီမှာ သူမတို့နှစ်ယောက်ပဲ ရှိနေခဲ့တယ်။

ရှန်ရန်ချင်းပြန်ရောက်တဲ့အချိန်ကျ အပြင်မှာမှောင်နေပြီ ဖြစ်တယ်။

သူမတို့နှစ်ယောက် အခန်းထဲမှာ မရှိတာကို မြင်‌တဲ့အခါ ရှန်ရန်ချင်းဟာ သိပ်တော့မအံ့ဩဘူး။

လက်ထောက်ယွမ်ဟာ မြောင်မြောင်ကို ဖုန်းခေါ်လိုက်ပြီး သူမတို့နှစ်ယောက် အောက်ထပ်မှာ ရှိနေတာကို သိရတယ်။

ရှန်ရန်ချင်းဟာ အမြန်ပြေးသွားလိုက်တယ်။နန်ကောဟာ ခုံပေါ်လဲပြီး မှေးနေတယ်။

မြောင်မြောင်ဟာ သူ့ကိုနှုတ်ဆက်ပြီးတော့ အမြန်ပဲတပ်ပြန်ဆုတ်တယ်။

သူ အနားကိုသွားပြီး ဆောင့်ကြောင့် ထိုင်ချလိုက်ပေမဲ့ နန်ကောဟာ သတိမထားမိဘူး။

သူမ အပြီးအိပ်ပျော်နေတာမျိုး မဟုတ်ပေမဲ့ သူမရဲ့အတွေးတွေဟာတော့ ယောက်ယက်ခတ်နေပြီး သူမဟာ အိပ်မက် မက်နေဆဲ။

ရှန်ရန်ချင်းရဲ့အကြည့်ဟာ သူမရဲ့မျက်နှာတစ်လျှောက် ဖြတ်သန်းသွားပြီး သူဟာ မနေနိုင်ဘဲ အောက်ကို ငုံ့ကြည့်မိတယ်။

နန်ကောဟာ အထဲမှာ အနက်ရောင်ရေကူး၀တ်စုံကို ၀တ်ဆင်ထားပြီး သဘက်တစ်ထည်ကို သူမရဲ့ပုခုံးပေါ် ပတ်ထားတယ်။လျှောကျနေတဲ့သဘက်ဟာ သူမရဲ့ကောင်းမွန်တဲ့ ခန္ဓာကိုယ်အချိုးအစားကို မဖုံးကွယ်ထားနိုင်ဘူး။

ကံကောင်းစွာနဲ့ အနားမှာ ဘယ်သူမှ မရှိဘူး။ရှန်ရန်ချင်းဟာ သက်ပြင်းချပြီး သူမကို သူ့ရင်ခွင်ထဲ တင်းနေအောင် ဖက်ထားလိုက်တယ်...။

******

All Chapters