အခန်း ၂၀၅
Vol. 21 Ch. 205
205 01
Chapter 205 စုံတွဲပုံတွေ။
သူမကို ရှန်ရန်ချင်းပွေ့ချီလိုက်တဲ့အခါ နန်ကောဟာ နိုးသွားတယ်။
မော့ကြည့်ပြီး သူမှန်း သိတော့ သူမဟာ ဘာအသံမှ မထွက်ဘူး။သူမဟာ မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်ပြီး သူ့လက်မောင်းထဲ တိုး၀င်ကာ ပြန်အိပ်ပျော်သွားတယ်။
အခန်းထဲပြန်ရောက်တော့ ရှန်ရန်ချင်းဟာ အိပ်ရာဘေးမှာ ဒူးတစ်ဖက်ထောက်ပြီး သူမကို အိပ်ရာပေါ် ညင်ညင်သာသာလေး တင်ပေးတယ်။
သူ ထလိုက်တဲ့အချိန် လက်ကလေးတစ်ဖက်ဟာ သူ့ရှပ်အင်္ကျီကို လှမ်းဆွဲလာတယ်။
မူလက ပြန့်နေတဲ့အ၀တ်ဟာ တွန့်ကြေသွားတယ်။ရှန်ရန်ချင်းဟာ တရားခံလေးကို ကြည့်လိုက်တယ်။
နန်ကောဟာ သူ့ကို ပြုံးပြီး မော့ကြည့်နေတယ်။သူမမျက်လုံးထဲက အိပ်ချင်မှုဟာလည်း မရှိတော့ဘူး။ “ကောင်းကောင်း ပြီးသွားလား”
“တစ်၀က်လောက်မှာ ပြဿနာလေး နည်းနည်းရှိခဲ့ပေမဲ့ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ခြုံပြောရရင်တော့ အတော်လေး ကောင်းကောင်း ပြီးသွားတယ်”
လေးလေးနက်နက်နဲ့ ဖြေပြီးတဲ့အခါ နေ့လည်က သူမ ဘယ်တွေသွားနေလဲလို့ သူ မေးကြည့်လိုက်တယ်။
မှန်းနေစရာတောင် မလိုဘူး။နန်ကောကျိန်းသေပေါက် တစ်နေ့လည်လုံး နာနာခံခံနဲ့ ဟိုတယ်မှာနေမှာ မဟုတ်ဘူးဆိုတာ သူ သိတယ်။
မဟုတ်လို့ရှိရင် သူ မြောင်မြောင်ကို နေခဲ့ဖို့မှာခဲ့မှာ မဟုတ်ဘူးလေ။
သူမ သူ့ကို လိမ်လို့မရတာကို နန်ကော သိတယ်။ဒါကြောင့် သူမဟာ ရိုးရှင်းစွာပဲ အကုန်ပြန်တင်ပြလိုက်တယ်။
“စကားမစပ် ဟိုတယ်ဘေးက စားသောက်ဆိုင်က တကယ်စားကောင်းတယ်။ အရမ်းအထူးတလည် အသေးစိတ်လုပ်လို့ ညဘက်မှ ဖွင့်တာလေးတစ်ခုပဲ”
ဒါကိုပြောပြီး နန်ကောဟာ သူ့ရှပ်အင်္ကျီကို ကိုင်ကာ ထထိုင်တယ်။ “ဒါပေမဲ့! ကျွန်မ ဒီည စားပွဲတစ်လုံး ဘိုကင်ယူထားတယ်။ အကောင်းဆုံးစားပွဲပဲ။ အဲဒါကိုရဖို့ ကျွန်မ ပိုပေးခဲ့ရတာ”
“ဘယ်အချိန်လဲ”
“၈နာရီခွဲ”
အမျိုးသားဟာ 'ဟင်း' အသံလုပ်ပြီး နာရီကို ကြည့်တယ်။၃နာရီလိုသေးတာပဲ။
အချိန်တွေ အများကြီးရှိတယ်။
“မင်း နည်းနည်းလောက် ထပ်အိပ်ချင်သေးလား” သူဟာ ဒီတိုင်းပဲ မေးတယ်။
နန်ကောဟာ ခေါင်းခါရင်း “ဟင့်အင်း ဟင့်အင်း ကျွန်မ အခုမအိပ်ချင်တော့ဘူးရယ်။ နေ့လည်က အိပ်တာ တော်တော်များသွားတယ်။ ညကျ အိပ်မပျော်မှာစိုးလို့”
“စောသေးတယ်။ မင်း အခြားတစ်ခုခု လုပ်ချင်လား”
“ရှင် ရုပ်ရှင်ကြည့်ချင်လား” နေ့လည်က နန်ကော အထဲ၀င်လာတော့ ဒီမှာရှိတဲ့ ပစ္စည်းကိရိယာတွေဟာ ရုပ်ရှင်ကြည့်ဖို့ သင့်တော်နေတာကို သတိထားမိတယ်။
ရှန်ရန်ချင်း “.....”
တစ်ဖက်လူရဲ့ ဇာတ်ညွှန်းကို မှားယူမိလိုက်တဲ့အလား သူတို့ဟာ နေရာလဲသွားတယ်။
သူ ဆိုလိုချင်တဲ့ဟာကို သဘောမပေါက်ခင်အထိ နန်ကောဟာ ခဏလောက် ကြောင်နေခဲ့သေးတယ်။
အကြည့်ချင်း ဖလှယ်ပြီးတဲ့နောက်မှာတော့ အရာအားလုံးဟာ ပုံမှန်အတိုင်းလေး ဖြစ်ပျက်သွားတယ်။
သဘက်ဟာ လျှောကျသွားပြီး ပုခုံးထောင့်လေးကို ပေါ်လွင်စေတယ်။
အရာအားလုံးဟာ ချောချောမွေ့မွေ့ပဲ သွားနေတယ်။
အဲဒီနောက်မှာတော့ နန်ကောဟာ စောင်ကို ဖက်ပြီး အိပ်ရာပေါ် လဲချလိုက်တယ်။
ရှန်ရန်ချင်းဟာ ကြမ်းပေါ်က အ၀တ်တွေကို ကောက်ပြီး တစ်ထည်ချင်း ဖယ်တယ်။အဲဒီနောက် သူဟာ သူမရဲ့ခရီးဆောင်အိတ်ထဲက သင့်တော်တဲ့ ၀တ်စုံတစ်ထည်ကို ထုတ်လာပြီး “ဒါ အဆင်ပြေလား”
နန်ကောဟာ မျက်လုံးကို လေးပင်စွာမပြီး သူ့ကို လှမ်းကြည့်တယ်။
အခု သူမ သူ့ကို တကယ်စကား မပြောချင်သေးဘူး။သူမတို့ စပြီးအတူနေ ဆက်ဆံကတည်းက သူဟာ အိပ်ရာထဲမှာနဲ့ အိပ်ရာအပြင်မှာဆို မတူညီတဲ့ လူတစ်ယောက်လိုပဲ။
တစ်ရက်မှာ ရှန်ရန်ချင်း သူမဘေးမှာ လဲပြီး လူတွေကြားထဲ ထုတ်ပြောမရတဲ့ အရာတွေကို သူမနားထဲ တိုးတိုးလေး ပြောလာလိမ့်မယ်လို့ နန်ကော မထင်ထားဘူး။
အရမ်းဟော့လွန်းလို့ သူမရဲ့အရိုးတွေပါ ချိနဲ့ သွားရတယ်။
စဉ်းစားရုံနဲ့တင် သူမရဲ့မျက်နှာကို ရှက်သွေးဖြန်းစေလာပြီး သူမရဲ့နှလုံးခုန်းကို မြန်လာစေတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ပြီးလို့အပြင်ထွက်ရင် ဘယ်အ၀တ်ကို ၀တ်မလဲဆိုတာ သူမ ရွေးရဦးမယ်။သူမမှာ တတ်နိုင်တာမရှိဘဲ သူမရဲ့အမြင်ကို ထုတ်ပြောပြလိုက်တယ်။ “မကောင်းဘူး။ ဒီတစ်စုံက ညဘက် ဓာတ်ပုံရိုက်ရင် ကြည့်မကောင်းဘူး”
သူနားမလည်ဘူးဆိုပေမဲ့လည်း ရှန်ရန်ချင်းဟာ သူမကို လေးစားပေးတုန်းပဲ။သူဟာ ခေါင်းညိတ်ပြီး သူမကြည့်ဖို့ နောက်တစ်ထည် ယူလိုက်တယ်။ “ဒီပန်းရောင်လေးရော”
“နိုး” နန်ကောဟာ ဒီတစ်ခါ ကြည့်တောင်မကြည့်ဘဲ အရောင်သံကြားတာနဲ့ ငြင်းလိုက်တယ်။
သူမ အ၀တ်တွေ အများကြီး ယူမလာဘူး။ရှန်ရန်ချင်း အ၀တ်တွေကို သူမဆီ တစ်ထည်ချင်း ပြပေးပြီးတဲ့နောက် ဘယ်ဟာကိုမှ သူမ စိတ်တိုင်း မကျသေးဘူး။
205 02
သူလည်းပဲ ဒီအ၀တ်တွေနဲ့ တစ်စိတ်တစ်ပိုင်း သက်ဆိုင်နေတာကို သိလို့ ဖြစ်လောက်တယ်။ရှန်ရန်ချင်းဟာ သူ့စတိုင်နဲ့ သင့်တော်မဲ့ တစ်ခုခုကို ရွေးလိုက်တယ်။ “ဒီတစ်စုံရော ဘယ်လိုလဲ။ ညစာစားပြီးမှ ကိုယ် မင်းကို ဟိုနားဒီနား လိုက်ပြပေးမယ် မင်းကြိုက်တာ၀ယ်ပေါ့”
ဒီစကားတွေဟာ အပိတ်ပဲ။ဒါကြောင့် နန်ကောဟာ သူ့ကို ဆက်ပြီး ခက်ခဲအောင် လုပ်မရတော့ဘူး။
ရှန်ရန်ချင်းဟာ တုံ့ပြန်မှု တစ်ခုရေရွတ်ပြီး သက်ပြင်းချတယ်။၀တ်စုံကို ချလိုက်ပြီး သူဟာ ဆောင့်ကြောင့်ထိုင်ရင်းပဲ အတွင်းခံတွေရှာဖို့ သူမရဲ့ခရီးဆောင်အိတ်ထဲ စတင်မွှေနှောက် ပြန်တယ်။
“မင်း ဘယ်လိုအတွင်းခံ ၀တ်ချင်လဲ”
“ဘာဖြစ်ဖြစ်” နန်ကောတစ်ယောက် ရုတ်တရက် ဖြစ်သွားတယ်။
“ဟုတ်ပြီ” ရှန်ရန်ချင်းဟာ ဇာအတွင်းခံတွေကို ထုတ်လိုက်တယ်။နန်ကော သူ့ကို ကြည့်တဲ့အကြည့်ဟာ ချက်ချင်းပြောင်းလဲသွားတယ်။သူမဟာ သူ့ကို ခပ်တင်းတင်း စိုက်ကြည့်လိုက်တယ်။
“ဘာဖြစ်လို့လဲ”
ဒါပေမဲ့ အမျိုးသားရဲ့မျက်နှာထားဟာတော့ ပုံမှန်ပဲ။သူဟာ သူ့လက်ထဲက ဘရာကို အလေးအနက် စိုက်ကြည့်ပြီး သူ့မျက်လုံးတွေဟာ တည်ငြိမ်နေတယ်။နန်ကော သူ့ကို ဒီလိုမြင်တဲ့အခါ မနေနိုင်ဘဲ အခုလေးတင် ဘာဖြစ်သွားတာလဲလို့ တွေးမိတယ်။
မသိရင် လိုသလို ဖွင့်လို့ပိတ်လို့ရတဲ့ ခလုတ်ရှိနေတဲ့ အတိုင်းပဲ။
နန်ကောဟာ မနေနိုင်ဘဲ လက်စားချေ ချင်တယ်။ဒါကြောင့် သူမဟာ တမင်တကာ ပြောလိုက်တယ်။ “ရှင် ဇာကို အတော်လေး ကြိုက်ပုံရမှန်း ကျွန်မသိသွားပြီ”
“.....” ရှန်ရန်ချင်းတစ်ယောက် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားတယ်။သူဟာ တစ်ခုခုကို အတည်ပြုသလိုမျိုး သူမကို တစ်ချက်ကြည့်ပြီး သူ့လက်ထဲက အတွင်းခံကို တစ်ချက်ကြည့်တယ်။အဆုံးမှာတော့ သူဟာ ၀န်လည်း ၀န်မခံသလို ငြင်းလည်း မငြင်းဆန်ဘဲ “မင်းက အကုန်လုံးနဲ့ ကြည့်ကောင်းတယ်”
ဒီအဖြေဟာ နန်ကောကို သီးသွားစေပြီး သူမမှာ တခြားတစ်ခုခု ပြောဖို့ အခွင့်အရေး မရခဲ့ဘူး။
၀တ်စားဆင်ယင်ပြီး အပြင်ထွက်တော့ သူမတို့နှစ်ယောက် ဘေးကစားသောက်ဆိုင်ထဲ ၀င်သွားလိုက်ကြတယ်။
ကံကောင်းစွာနဲ့ ဟိုတယ်နဲ့ သိပ်မဝေးတာမို့ နန်ကောဟာ သက်တောင့်သက်သာ မဖြစ်သလို မခံစားရဘူး။
ဒီတစ်ကြိမ် သူ သူ့ကိုယ်သူ ပြန်ချုပ်တည်း မထားဘူး။အစကတည်းကကို သူ သူမကို စိတ်အား ထက်ထက်သန်သန်နဲ့ လွှမ်းမိုးသွားတာ။
တိုက်ပွဲဟာ ပထမတစ်ကြိမ်ကထက် ပိုပြီးပြင်းထန်ခဲ့တယ်။
သူမမှာ အနိုင်နိုင်ပဲ။
နေ့လည်တုန်းက သူမရေကူးပြီး လေ့ကျင့်ခန်းလည်းလုပ်ခဲ့သေးတာမို့ နန်ကောဟာ ညရောက်တော့ ပုံမှန်ထက်ကို ပိုစားတော့တယ်။သူမအတွက် ခက်ခဲခဲ့တယ်ဆိုတာကို ရှန်ရန်ချင်း သိတယ်။ဒါကြောင့် သူ စဉ်းစဥ်းစားစားနဲ့ တစ်ချိန်လုံး သူမပန်းကန်ထဲ အစားအသောက်တွေ ကူထည့်ပေးပြီး များများစားဖို့ ပြောတယ်။
သူတို့နှစ်ယောက် ပြတင်းပေါက်ဘေးမှာ ထိုင်နေကြတာ ဖြစ်တယ်။သူတို့နဲ့ ဆန့်ကျင်ဘက် ပြင်သစ်ပြတင်းပေါက်ရဲ့ အပြင်ဘက်မှာတော့ မြစ်တစ်စင်း ရှိတယ်။ညရှုခင်းဟာ အလွန်တရာမှ လှလွန်းတယ်။
ညစာစားပြီးတဲ့အခါ နန်ကောဟာ ရှန်ရန်ချင်းကို ပုံနှစ်ပုံရိုက်ပေးဖို့ မေးတယ်။ဒါပေမဲ့ သူမ သိပ်ပြီးတော့ မကျေနပ်ဘူး။
“မကောင်းဘူးလား” သူမ မျက်မှောင် ကြုတ်တာကို မြင်တော့ သူ ပုံကို သူမ အကြိုက်မရိုက်နိုင်ခဲ့မှန်း သိလိုက်တယ်။
နန်ကောဟာ တစ်ခုခုပြောချင်ပေမဲ့ တုံ့ဆိုင်းနေတယ်။အဆုံးမှာတော့ သူမဟာ လိမ္မာပါးနပ်စွာနဲ့ မှတ်ချက် ပေးလိုက်တယ်။ “ရှင်က ညာဘက်ထောင့်ကနေ ရိုက်တာ ကျွမ်းတာပဲ”
အဖြောင့်ကောင်တွေရဲ့စတိုင်ဟာ အမြဲ လူမမြင်ရတဲ့ ထောင့်တွေကချည်းပဲ။
ကံကောင်းလို့ သူမက လှလှလေး မွေးဖွားလာလို့ပေါ့။ရိုက်ထားတဲ့ပုံတွေက လုံး၀ကြီးမလှတာတော့ မဟုတ်ပေမဲ့ ဒီထက် ပိုကောင်းနိုင်သေးတယ်လေ။
နောက်ဆုံးတော့လည်း နန်ကောဟာ စားပွဲထိုးတစ်ယောက်ကိုပဲ ကူညီပေးဖို့ ခေါ်လိုက်တော့တယ်။သူမ ဒီရှုခင်းကို မဖြုန်းတီးချင်ဘူး။
စားပွဲထိုးဟာ ပိုစ့်ပေးလို့ ပြီးပြီဖြစ်တဲ့ နန်ကောကို ကြည့်ပြီး အဲဒီနောက် နည်းနည်းလေး မတရားသလို ခံစားနေရတဲ့ ရှန်ရန်ချင်းကို လှည့်ကြည့်တယ်။သူက မေးတယ်။ “လူကြီးမင်း မင်း သူနဲ့အတူ မရိုက်ဘူးလား”
205 03
ရှန်ရန်ချင်းဟာ မဖြေဘူး။သူ့အကြည့်ဟာ နန်ကောဆီ အရမ်းဖြူစင်စွာနဲ့ ရောက်သွားတယ်။
ဒါကိုမြင်တော့ စားပွဲထိုးဟာ သဘောပေါက်သွားပြီး အမြန်ပဲ အပြုံးတစ်ပွင့်နဲ့အတူ ရှန်ရန်ချင်းအတွက် ပြောပေးတယ်။သူမတို့နှစ်ယောက်ဟာ အရမ်းလိုက်ဖက်နေတာမို့ စုံတွဲပုံ မရိုက်ရင် နှမြောစရာကောင်းလိမ့်မယ်လို့ သူက ပြောလာတယ်။
နန်ကောဟာ တွေးကြည့်လိုက်ပြီး သဘောတူလိုက်တယ်။
သူမ ရှန်ရန်ချင်းနဲ့အတူ ဓာတ်ပုံရိုက်ဖူးပေမဲ့ တစ်ခါတည်းပဲ။
သူမတို့ ဒိတ်လုပ်တဲ့အခါကျရင် သူမတို့နှစ်ယောက် တစ်ခါမှ ဓာတ်ပုံ မရိုက်ဖူးဘူး။
ဒါကိုတွေးမိတော့ နန်ကောဟာ ရှန်ရန်ချင်းကို ကြည့်လိုက်တယ်။သူ့ဘက်က မလှုပ်တာကို မြင်တော့ သူမဟာ ပါးဖောင်းပြီး သူ့ကို သူမဘေး ဆွဲခေါ်လိုက်တယ်။သူမက တိုးတိုးလေးပြောတယ်။ “ကျွန်မ ရှင့်ဆီကို သီးသန့်လာပြီး ဖိတ်စာ ပို့ရဦးမှာလား”
“ဥက္ကဌရှန်ဆိုတဲ့အတိုင်းပဲ”
သူမ ရွဲ့ပြီး ပြောလာတဲ့အခါ ရှန်ရန်ချင်းဟာ ပြုံးပြီး ဘာမှမပြောဘူး။
စားပွဲထိုးရဲ့ညွှန်ပြမှုအောက်မှာ သူတို့နှစ်ယောက်ဟာ နေရာမှန်မှာရပ်ပြီး သင့်တော်တဲ့ထောင့်ကို ရှာတွေ့သွားတယ်။
စုစုပေါင်း၂ပုံ ရိုက်ခဲ့တယ်။
ပထမတစ်ပုံမှာတော့ နှစ်ယောက်သား နာနာခံခံရှိစွာနဲ့ ဘေးချင်းယှဥ်ရပ်ပြီး အချင်းချင်း ရင်းနှီးတဲ့ပုံ သိပ်မပေါ်ဘူး။
ဒုတိယတစ်ပုံမှာတော့ ရှန်ရန်ချင်းဟာ လက်ကို နန်ကောရဲ့ခါးနားမှာ ထားလိုက်ပြီး သူမကို သူ့အရှေ့ ဆွဲခေါ်လိုက်တယ်။သူမဘက်က မော့ကြည့်တဲ့အချိန် သူဟာ ခေါင်းငုံ့ပြီး သူမနှုတ်ခမ်းကို နမ်းလိုက်တယ်။
အဲဒီည နန်ကောဟာ ဈေး၀ယ်ထွက်ပြီးတော့ ဟိုတယ်ကို ပြန်လာခဲ့တယ်။သူမဟာ စောစော ဆေးကြောသန့်စင်ပြီး အိပ်ရာဝင်တယ်။နောက်တစ်နေ့မနက် ရောက်တော့ ရှန်ရန်ချင်းတစ်ယောက် သူမကို ချုံခို တိုက်ခိုက်ထားတာကို တွေ့လိုက်ရတယ်။သူမ အိပ်ပျော်နေတုန်း သူဟာ သူ့ဝီချက်ပုံရိပ်မှာ သူမတို့နှစ်ယောက်ရဲ့ပုံကို တင်ထားခဲ့တယ်။
သူ့ရဲ့အကျင့်အရဆို သူ့ဝိချက်ပုံရိပ်မှာ ဒုတိယပုံကိုတော့ မတင်လောက်ဘူး။သူ့အတွက် အဲဒီပုံဟာ အရမ်းသီးသန့် ဆန်တယ်လေ။
ဒါပေမဲ့ သူ ဒုတိယပုံကို တင်ထားခဲ့တာ...
******