← Chapters

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း ၂၀၆

Vol. 21 Ch. 206

206 01

Chapter 206 နန်မိသားစုမှာ တစ်ခုခုဖြစ်သွားတယ်။

သူ့ရဲ့ပုံမှန်စတိုင်နဲ့ မတူဘူး။ဒီပိုစ့် တင်ပြီးသွားတာနဲ့ ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မှုကြီး ဖြစ်သွားတယ်။

ရှန်ရန်ချင်းဟာ အရမ်းရိုးအပြီး တစ်ယောက်ယောက်ကို ဘလော့ဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။

ဒါကြောင့် ဒီဝီချက်ပုံရိပ်ရဲ့အောက်မှာ နန်ကျဲ့တစ်ယောက်တည်း မှတ်ချက်တွေ ၇ခု၊၈ခုလောက်ပေးဖို့ ကြိုးစားနေတာကို တွေ့ရလိမ့်မယ်။

သူမ မနေ့ညက အစောကြီး အိပ်ရာ၀င်သွားပြီး ရှန်ရန်ချင်း ဘယ်အချိန်အိပ်လဲဆိုတာ မသိလိုက်ဘူး။ဒါပေမဲ့ ကြည့်ရသလောက်တော့ သူဟာ မနေ့ညက တက်တက်ကြွကြွ ရှိခဲ့ပြီး သူမအစ်ကိုရဲ့ ပေါက်ရတွေကိုတောင်မှ ရီပလိုင်း ပြန်ထားခဲ့သေးတယ်။

အဲဒါထက် မျက်လုံးထဲ အထင်းနေဆုံးဟာတွေကတော့ ဟွားရှန်အဖွဲ့အစည်းရုံးခန်းက ပင်တိုင်အဖွဲ့၀င်တွေရဲ့ဟာတွေပဲ။

လက်ထောက်ယွမ်ရဲ့ဦးဆောင်မှုအောက်မှာ လူတိုင်းဟာ အသည်းပေးပြီး တစ်ယောက်ပြီး တစ်ယောက် မှတ်ချက် ပေးထားကြတယ်။ပရိုဆန်တဲ့ မြှောက်ပင့်မှုလို့တောင် ပြောလို့ရနိုင်တယ်။

ခက်ခက်ခဲခဲနဲ့ ညာဘက်ထောင့်အောက်နားကို ဆွဲလိုက်တော့မှပဲ ရှန်ရန်ချင်း မနေ့ညက ဘယ်အချိန်အိပ်လဲဆိုတာကို သူမ သိလိုက်ရတယ်။

သူ့ရဲ့နောက်ဆုံးရီပလိုင်းဟာ မနက်၁နာရီ။အဲဒီအချိန်တုန်းက သူမဟာ အိပ်ပျော်နေပြီဖြစ်ပြီး ဘာကိုမှ မကြားဘူး။

သူမအစ်ကို မနေ့ညက စာတွေ အများကြီး ပို့ထားတာလည်း အံ့ဩစရာ မရှိတော့ပါဘူး။

နန်ကောဟာ နှာမှုတ်တယ်။ဝီချက်ပုံရိပ်ရဲ့ကြားခံကနေ ထွက်လာတော့ သူမဟာ ရှန်ရန်ချင်းကို အသည်းပေးဖို့လည်း ‌မမေ့ခဲ့ပါဘူး။

နန်ကောဟာ ဒီမှာတစ်ပတ်ပဲ နေခဲ့ရတယ်။ဒီအပတ်အတွင်း ရှန်ရန်ချင်းဟာ သူမနဲ့အတူ အချိန်တွေကုန်ဆုံးဖို့ အားထုတ်ခဲ့တယ်။

ရှန်ရန်ချင်းဟာတော့ နောက်အပတ်မှ ပြန်ရမှာ။သူမမှာ အိမ်ကို အရေးတကြီး ပြန်ဖို့လိုလာလို့ စောစော ထွက်သွားရတော့မယ်။

“ဘာကိစ္စလဲဆိုတာ မင်းအမေက မပြောဘူးလား”

ရှန်ရန်ချင်းဟာ ကြမ်းပေါ် ဆောင့်ကြောင့်ထိုင်ချပြီး သူမခရီးဆောင်အိတ်ကို ကူသိမ်းပေးတယ်။

ဒါကိုကြားတော့ နန်ကောဟာ ရှပ်အင်္ကျီကို ကြယ်သီး တပ်နေတုန်း။သူမဟာ မှန်ရှေ့မှာရပ်ပြီး ခေါင်းအသာ ခါပြတယ်။ခဏလောက်ကြာတော့ သူ သူမကို မမြင်ရတာကို သတိရသွားတယ်။ “မပြောဘူး။ ဒါပေမဲ့ ကျွန်မကို အမြန်ပြန်လာဖို့တော့ ပြောတယ်။ ကျွန်မအစ်ကိုကိုလည်း စာပို့ထားပေမဲ့ စာမပြန်သေးဘူး”

သူမနဲ့ရှန်ရန်ချင်း ဒီမှာရှိတယ်ဆိုတာကို သူမရဲ့မား သိတယ်။အရေးတကြီးကိစ္စသာ မဟုတ်ရင် မား သူမကို ကျိန်းသေပေါက် အိမ်အမြန် ပြန်လာခိုင်းမှာ မဟုတ်ဘူး။

သူမရဲ့အနောက်ကလူဟာတော့ စကားမပြောဘူး။ခဏ‌ကြာတော့ အမျိုးသားရဲ့စကားသံနဲ့အတူ ခရီးဆောင်အိတ် ဇစ်ပိတ်ခံရတဲ့အသံကိုပါ ကြားလိုက်ရတယ်။ “ကိုယ် ပြန်လိုက်ပို့ပေးမယ်”

“ဟမ်။ မလိုပါဘူး။ ရပါတယ်။ ကျွန်မလေယာဉ်ဆိုက်ရင် ဒရိုင်ဘာ လာခေါ်လိမ့်မယ်။ လေဆိပ်ကိုပဲ လိုက်ပို့ပေးပါ”

“လေယာဉ်ပေါ်က ဆင်းတာနဲ့ ကျွန်မ ရှင့်ကို ဖုန်းခေါ်လိုက်မယ်။ ရှင် စိတ်ပူစရာ မလိုပါဘူး”

သူမရဲ့မားက ဘာကိစ္စလဲဆိုတာကို မပြောတာတောင်မှ နန်ကောဟာ အလျင်လိုမနေဘဲ သူမရဲ့လေသံဟာလည်း တည်ငြိမ်နေတုန်းပဲ။မားကလည်း သူမကို မစိုးရိမ်ဖို့ ပြောထားပြီးသား။သူမ လေယာဉ်လက်မှတ်၀ယ်ပြီး ကျန်းမြို့ကို အခုပြန်ဖို့လိုရုံပဲ။

“ရှင် လုပ်စရာရှိတာသာ လုပ်ပါ။ ရှင် အခု ကျွန်မကို ပြန်လိုက်ပို့ရင် အနည်းဆုံး တစ်ရက်ထက် ပိုကြာလိမ့်မယ်။ နေခဲ့ပြီး ရှင့်အလုပ်တွေကို အပြီးသတ်သင့်တယ်။ ဒါမှ အမြန်ဆုံး ပြန်လာနိုင်မှာ”

အဆုံးမှာတော့ နန်ကောဟာ တစ်နည်းနည်းနဲ့ သူ့ကို သိမ်းသွင်းနိုင်သွားတယ်။

ရှန်ရန်ချင်းဟာ သူမကို လေဆိပ်လိုက်ပို့ပေးပြီး လေယာဉ်ထွက်တော့မှပဲ ပြန်လာခဲ့တယ်။

ပြန်တဲ့လမ်းမှာ ကျန်းမြို့ကနန်မိသားစုရဲ့ အခုလက်ရှိအခြေအနေကို အတွင်းသတင်း စုံစမ်းကြည့်ဖို့ သူ လူတစ်ယောက်ကို ခိုင်းလိုက်တယ်။သူ့သူငယ်ချင်းပြောတာတော့ ပုံမှန်မဟုတ်တာဘာမှမရှိဘူးတဲ့။နန်ကျဲ့ဟာ လောလောဆယ်ကုမ္ပဏီမှာရှိပြီး ဘာလှုပ်ရှားမှု ကြီးကြီးမားမားမှ မရှိဘူး။သူဟာ စိုးရိမ်နေသေးပြီး နန်ကောရဲ့အဖေ လတ်တလော လှုပ်ရှားမှု တစ်ခုခုများ တက်ရောက်ခဲ့သေးလားဆိုတာကို မေးကြည့်တယ်။

သူ့မှာ အဆက်အသွယ်တွေ အများကြီးရှိတာမို့ သိပ်မကြာဘဲ အဖြေကို ရှာတွေ့သွားတယ်။

206 02

နန်ကျန်းနင်းဟာ တစ်‌နေ့က ကော့တေးပါတီပွဲတစ်ပွဲကို တက်ရောက်ခဲ့ပြီး စိတ်ခံစားချက် ကောင်းမွန်နေခဲ့တယ်တဲ့။

ရှန်ရန်ချင်းဟာ ကားထဲမှာ ခဏလောက်ထိုင်နေခဲ့ပြီး နန်ကျဲ့ကို ဖုန်းခေါ်လိုက်တယ်။

တစ်ချိန်တည်းမှာပဲ ကျန်းမြို့ရဲ့နိုင်ငံတကာ လေဆိပ်။

နန်ကောလေယာဉ်ဆိုက်တော့ ညဘက် ရောက်နေပြီ။

မိသားစုဒရိုင်ဘာဟာ အပြင်မှာ စောင့်နေတယ်။သူမ အနောက်ခုံမှာ၀င်ထိုင်လိုက်ပြီး သန်းနေရင်း ရှန်ရန်ချင်းကို စာပို့လိုက်တယ်။

စာ၀င်သွားပြီး၂မိနစ်ကြာတော့ ရှန်ရန်ချင်းဟာ ဖုန်းခေါ်လာတယ်။

“အင်း အင်း။ ကျွန်မကားထဲ ရောက်နေပြီ။ အိမ်ကို တစ်နာရီအတွင်း ပြန်ရောက်လိမ့်မယ်”

သူမဟာ စကားပြောရင်း သန်းလိုက်ပြန်တယ်။ “ကျွန်မအတွက် စိတ်မပူပါနဲ့ တစ်ခုခုဖြစ်ရင် ရှင့်ကို ဖုန်းခေါ်လိုက်ပါမယ်။ စကား ထပ်မပြောရတော့အောင်။ ကျွန်မ ခဏလောက် အိပ်ဦးမယ်”

နန်ကော နိုးလာတဲ့အခါ သူမ နန်အိမ်အဟောင်းကို ရောက်နေမှန်း သိလိုက်ရတယ်။

သူမဟာ မျက်မှောင် ကြုတ်ပြီး ကားတံခါးကို တွန်းဖွင့်ကာ ကားထဲက ထွက်လိုက်တယ်။

ဒီအချိန် နန်မိသားစုရဲ့အိမ်ကြီးဟာ လင်းထိန်နေတယ်။

အသက်ကြီးကြီး အိမ်တော်ထိန်းဟာ ထွက်လာပြီး သူမကို နှုတ်ဆက်တယ်။ “ပြန်ရောက်လာပြီပဲ”

နန်ကောဟာ သူ့အနောက် လိုက်သွားပြီး မနေနိုင်ဘဲ မေးကြည့်လိုက်တယ်။ “တစ်ခုခု ဖြစ်လို့လား”

အိမ်တော်ထိန်းဟာ ၀မ်းနည်းနေပုံရတယ်။အဆုံးမှာတော့ သူဟာ ခေါင်းသာခါပြပြီး ဘာမှပြောမလာဘူး။

သူမဧည့်ခန်းမကြီးထဲ ၀င်သွားတော့ သူမရဲ့၀မ်းကွဲနှစ်ယောက်လုံး ရှိနေတာကို တွေ့လိုက်ရတယ်။

ကြည့်ရသလောက်တော့ သူတို့ဟာ သိသိသာသာပဲ သူမကိုစောင့်နေခဲ့တာ။

“ဟိုင်း ဒုတိယအစ်ကိုနဲ့ တတိယအစ်ကို”

ဒါပေမဲ့ သူတို့က လွဲလို့ အခြားဘယ်သူမှ မရှိဘူး။

“ပြန်လာပြီပဲ” ဒုတိယအစ်ကိုဟာ သူမကို ထိုင်ဖို့ လက်ဟန်ပြတယ်။လူကြီးတွေ တစ်ယောက်မှမရှိတာမို့ ဒုတိယအစ်ကိုကပဲ အရင်စကား စပြောရတယ်။

သူမဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး တစ်ဖန်ထပ်မေးကြည့်တယ်။

ဒုတိယအစ်ကိုဟာ ခဏလောက် တုံ့ဆိုင်းနေပြီး ပြောလာတယ်။ “အဖိုး ဖျားနေတယ်။ သူ့အခြေအနေ...သိပ်မကောင်းဘူး”

နန်ကောဟာ အံ့ဩသွားတယ်။သူမရဲ့အကြည့်ဟာ ၀မ်းကွဲနှစ်ယောက်ဆီမှာ တွယ်နေတယ်။

“ဘာလို့ရု တ်တရက်ကြီးလဲ။ အရင်က အဆင်ပြေနေတယ် မဟုတ်ဘူးလား”

သခင်ကြီးနန်ဟာ မနက်တိုင်း အစောကြီးထ လမ်းလျှောက် တယ်။သူ့ကြည့်ရတာ ကျန်းမာပုံပါပဲ။

ရုတ်တရက်ကြီးမဟုတ်ဘူးလို့ ဒုတိယအစ်ကိုက ပြောတယ်။အရင်ကတည်းက သခင်ကြီးနန်ရဲ့ကျန်းမာရေးဟာ တစ်ခုခု မှားနေခဲ့တာ။နန်ကောဟာ ဟိုက်မြို့မှာမို့ မိသားစုက မပြောပြခဲ့တာ။

“အကြီးဆုံးအန်တီက နင် ဒီည ပြန်ရောက်မယ်ပြောပြီး ငါတို့နှစ်ယောက်ကို စောင့်နေခိုင်းတာ။ သူတို့နှစ်‌ယောက်လုံး အခုဆေးရုံမှာရှိတယ်”

“ဒါဆို ငါတို့...” နန်ကောဟာ ထဖို့ လုပ်တယ်။

“မလိုဘူး။ ငါတို့၃ယောက်က မနက်ဖြန်မနက်မှ သွားမှာ။ အခုသွားလည်း အလကားပဲ။ အရင်ကောင်းကောင်းနားလိုက်။ တိတ်တိတ် လုပ်ဦး။ အဖွားအိပ်နေပြီ”

သူမ ဘာလို့အစ်ကို့ကို ဆက်သွယ်မရလဲဆိုတာ နန်ကောဟာ နောက်ဆုံးတော့ သိသွားပြီ။

အပေါ်ထပ်ကိုပြန်ရောက်တော့ နန်ကောဟာ ဆေးကြောသန့်စင်ချင်စိတ် မရှိဘူး။သူမဟာ အိပ်ရာပေါ်မှာ မသက်မသာနဲ့ ထိုင်လိုက်ပြီး ရှန်ရန်ချင်းဆီ စာပို့လိုက်တယ်။

ရှန်ရန်ချင်းဟာ သူမကို တောက်လျှောက် နှစ်သိမ့်ပေးတယ်။

သူဟာ ပြန်လာပြီး သူမကို အဖော်လုပ်ပေးမယ်လို့တောင် ပြောသေးတယ်။

206 03

“တကယ်ဝောာ့...” နန်ကောဟာ နှုတ်ခမ်းကိုဖိပြီး အထစ်ထစ်အအအနဲ့ “ကျွန်မ စိတ် အဆင်ပြေပါတယ်”

အဖော် လိုလောက်တဲ့အထိ မဆိုးပါဘူး။

သူမ ဒါကိုပြောလိုက်တာနဲ့ ရှန်ရန်ချင်းဟာ သဘောပေါက်သွားတယ်။

နန်ကောမှာ အဖိုးနဲ့အဖွားအတွက် စိတ်ခံစားချက်တွေ အများကြီး မရှိဘူး။

“ဒါကို ပြောတာ ‌သွေးအေးတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ကျွန်မ နည်းနည်းတော့ ၀မ်းနည်းတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာ ကျွန်မ ကျွန်မရဲ့မိဘတွေနဲ့ အစ်ကို့ကို ပိုစိတ်ပူတယ်”

သူမရဲ့မိဘတွေကတော့ အဆင်ပြေလောက်ပါတယ်။သူမ နန်ကျဲ့ကို ပိုစိတ်ပူတာ။

နန်ကျဲ့ဟာ သခင်ကြီးနန်နဲ့ အနက်ရှိုင်းဆုံး ဆက်ဆံရေးရှိခဲ့တာ။ကျန်တဲ့လူတွေဟာ ယှဉ်ကြည့်လိုက်ရင် သာမန်လောက်ပဲ။

မဟုတ်ရင် သူမရဲ့မား သူမကို အဲဒီလောက် တည်တည်ငြိမ်ငြိမ်ကြီး ဖုန်းခေါ်လာခဲ့မှာ မဟုတ်ဘူး။

သူမ ပြန်လာခဲ့ရတယ်။ဒါပေမဲ့ သူမရဲ့မားပြောသလိုပဲ အလျင်လိုစရာ မလိုဘူး။

ဒီဖုန်း‌ခေါ်ဆိုမှုဟာ အချိန်အတော် ကြာခဲ့တယ်။

နန်ကော အိပ်ပျော်သွားတဲ့အချိန် မနက်၄နာရီ ကျော်နေပြီ။

သိပ်မကြာဘူး။တံခါးခေါက်သံ ထွက်လာတယ်။

သူမဟာ ထပြီး အလျင်အမြန်ဆေးကြော သန့်စင်တယ်။သူမအ၀တ်လဲပြီး အောက်ထပ်ကို ဆင်းသွားတယ်။

သူမ ထွက်လာတော့ သူမရဲ့၀မ်းကွဲနှစ်ယောက်နဲ့ ၀င်တိုးတယ်။သူမတို့သုံးယောက်လုံးအတူတူ အောက်ထပ်ကို ဆင်းလာကြတယ်။

အိမ်အကူ တံခါးကို အစောကြီး လာခေါက်တယ်ဆိုတာ များသောအားဖြင့် သခင်မကြီးနန်ရဲ့အကြံ ဖြစ်တယ်။

ကြည့်ရတာ အဖွား သူမတို့ကို အောက်ထပ်မှာ စောင့်နေပုံရတယ်။

သုံးယောက်သား အောက်ထပ်ကို ဆင်းသွားလိုက်ကြတယ်။

“အကုန်နိုးပြီပဲ။ လာထိုင်ကြ”

အဖွားဟာ နန်ကောကိုကြည့်တယ်။ “ညက ပြန်ရောက်တာလား”

“ဟုတ် သမီး ပြန်ရောက်တော့ အတော်နောက်ကျနေပြီမို့ အဖွားအိပ်နေတာကို မနှောင့်ယှက်တော့တာ”

နန်ကောဟာ အစွန်ဆုံးမှာ ထိုင်တယ်။သခင်မကြီးနန်နဲ့ အဝေးဆုံးနေရာမှာပေါ့။

အဖွားဟာ ဘာမှမပြောဘဲ အမြန်အကြည့် လွှဲသွားတယ်။

အဖွားဟာ သူတို့ကို သခင်ကြီးနန်ရဲ့လက်ရှိအခြေအနေကို ပြောပြပြီး သူတို့သုံးယောက်ဆီက ဘာမှပြန်ပြောဖို့ကို မျှော်လင့်မထားဘူး။ပြောပြီးတဲ့နောက် သူမဟာ သူတို့ကို ဆေးရုံသွားဖို့ အတင်းနှိုးဆော်ပြီး နန်ကျဲ့နဲ့ နေရာလဲဖို့ ပြောတယ်။

နန်ကျဲ့ဟာ ဆေးရုံစောင့်နေတာ ရက်ပိုင်းလောက်ရှိပြီလို့ ပြောတယ်။အဖွားဟာ နန်ကျဲ့ကို အိမ်ပြန်ပြီး အနားယူစေချင်တာ။

သူမတို့ သုံးယောက်လုံး ငြင်းစရာမရှိဘဲ ချက်ချင်းလက်ငင်း ထွက်လာခဲ့ကြတယ်။

သခင်ကြီးနန်ဟာ အထူးကြပ်မတ်ဆောင်မှာပဲ နေရသေးတယ်။မနက်ပိုင်းမှာ နန်ကျဲ့တစ်ယောက်ပဲ ဆေးရုံမှာ ရှိတယ်။

အခြားလူကြီးတွေဟာ အသက်ကြီးပြီမို့ မနေ့ညက အနီးနားမှာရှိတဲ့ ဟိုတယ်မှာ သွားအိပ်ကြတယ်။

သူမတို့သုံးယောက်ဟာ အစောကြီး ရောက်လာပြီး အခြားလူကြီးတွေဟာ မရောက်ကြသေးဘူး။

“နင် ရောက်ပြီပဲ” နန်ကျဲ့ဟာ နန်ကောကို တွေ့ရတာ မအံ့ဩသွားဘူး။မောင်နှမနှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။နန်ကောဟာ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားပြီး ဘာစကားလုံးမှ ထွက်မလာနိုင်ခဲ့ဘူး...။

******

All Chapters