အခန်း ၂၀၇
Vol. 21 Ch. 207
207 01
Chapter 207 ဒါ ပရဟိတလုပ်တာနဲ့ ဘာမှမကွာဘူးမဟုတ်လား။
နောက်၂ရက်အတွင်း နန်ကောဟာ နေ့တိုင်းအလုပ်ရှုပ်နေပြီး သူတို့နှစ်ယောက် စကား သိပ်မပြောဖြစ်ကြတာကို ရှန်ရန်ချင်း ခံစားမိတယ်။
သူ စိတ်ပူနေတုန်း ဖြစ်တယ်။ကျန်သေးတဲ့အလုပ်တွေကို အခြားလူတွေဆီ လက်လွှဲခဲ့ပြီးတဲ့နောက် သူ လက်ထောက်ယွမ်ကိုခေါ်ပြီး နိုင်ငံထဲ အရင်ပြန်လာခဲ့တယ်။
လေယာဉ်မဆိုက်ခင် သူ နန်ကောကို စာပို့ခဲ့ပေမဲ့ လေယာဉ် ဆိုက်ပြီးတာတောင်မှ ပြန်စာမရခဲ့ဘူး။
လေယာဉ်ဆိုက်လို့ ကားထဲ၀င်တော့ လက်ထောက်ယွမ်ဟာ ဖုန်းလက်ခံရရှိပြီး သခင်ကြီးနန် ဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရတယ်။
အချိန်ကို ပြန်ရေကြည့်ရင် သူ လေယာဉ်ပေါ် ရောက်နေခဲ့တဲ့အချိန်။
သခင်ကြီးနန်ရဲ့စျာပနကို လူတွေအများကြီး လာကြတယ်။
ရှန်ရန်ချင်းဟာလည်း အလိုအလျောက်ပဲ အဲဒီမှာ ရှိနေရမယ်။သူဟာ နန်ကောနဲ့ စေ့စပ်ထားတဲ့လူအနေနဲ့ သူမဘေးမှာ အဖော်ပြုပေးခဲ့တယ်။
ဈာပနပြီးတော့ သခင်မကြီးနန်ဟာ နန်မိသားစုက လူတိုင်းကို နန်အိမ်အဟောင်းကို ပြန်လာဖို့ ခေါ်တယ်။
ဒီလိုအခမ်းအနားမျိုးအတွက် ရှန်ရန်ချင်းမှာ သဘာ၀အတိုင်းပဲ မှန်ကန်တဲ့ကျင့်၀တ် ရှိတယ်။နန်ကောကို လိုက်ပို့ပြီးတော့ သူဟာ အထဲကို လိုက်၀င်မသွားသလို ပြန်လည်း မပြန်ခဲ့ဘူး။သူ ကားထဲမှာ ထိုင်စောင့်နေခဲ့တယ်။
ဒီအချိန်မှာပဲ သူ အမျိုးသမီးတစ်ယောက် နန်မိသားစုရဲ့အိမ်အပြင်ဘက်မှာ ဝေ့လည်ကြောင်ပတ် လုပ်နေတာကို တွေ့လိုက်ရတယ်။သူမရဲ့အသွင်အပြင်အရ သိပ်တော့ ရင်းနှီးမနေဘူး။
သေသေချာချာ ဂရုတစိုက်နဲ့ ပြန်တွေးကြည့်လိုက်တဲ့အခါမှာတော့ သူဟာ နည်းနည်းအံ့ ဩသွားတယ်။သူဟာ ခဏစဥ်းစားကြည့်ပြီး ကားထဲကထွက်လိုက်တယ်။
“မင်းက မိန်းကလေးချီလား”
အသံကိုကြားတော့ ချီယန်ဟာ လှည့်ကြည့်တယ်။
သူမမှာ လှပတဲ့အရာတွေနဲ့ ပတ်သက်ပြီး ဓာတ်ပုံလို မှတ်ဉာဏ်မျိုး ရှိတယ်။ဒီတော့ သူမ တစ်ဖက်လူကို အမြန်ပဲမှတ်မိသွားတယ်။ “ရှင်က အရင်တစ်ခေါက်က နန်ကောနဲ့အတူရှိခဲ့တဲ့လူလား”
“ဟုတ်တယ်” ရှန်ရန်ချင်းရဲ့မျက်နှာမှာ ယဉ်ကျေးပြီး ခပ်ခွာခွာအပြုံးလေး ရှိနေတယ်။ “ကျွန်တော် နန်ကောရဲ့ကောင်လေးပါ”
ချီယန်က “မင်္ဂလာပါ မင်္ဂလာပါ”
“မင်း နန်ကျဲ့ကို လာရှာတာလား” သူဟာ တစ်ချက်ကြည့်ရုံနဲ့ တစ်ဖက်လူရဲ့ ရည်ရွယ်ချက်ကို ပြောနိုင်တယ်။
“အာ...” ချီယန်ဟာ သူ့အကြည့်ကို ရှောင်တယ်။စက္ကန့်အနည်းငယ်လောက် ကြာတော့ သူမဟာ ပြောလာတယ်။ “ကျွန်မ နန်ကျဲ့အဖိုး ဆုံးသွားတာကို အခုမှသိရလို့ အဲဒီအချိန်တုန်းက ကျွန်မမြို့ပြင် ရောက်နေခဲ့တာ ဒီနေ့မှ သိလိုက်ရတယ်”
အဲဒီနေ့က နန်ကျဲ့ဟာ ရုတ်တရက်ကြီး သူမပြန်လာဖို့ အချိန်ရှိလားလို့မေးခဲ့တယ်။အဲဒီအချိန်တုန်းက သူမ အိမ်ပြန်ရောက်တာ ပထမရက်ပဲ ရှိသေးတယ်။သူမပါးရဲ့ကျန်းမာရေးဟာလည်း မကောင်းတာမို့ သူမဟာ ဆေးရုံရက်ချိန်းကို အထူးတလည် လုပ်ချင်ခဲ့တာ။သူမ ပါးကို အသေးစိတ် စစ်ဆေးဖို့ ဆေးရုံကို ခေါ်သွားချင်တာမို့ နန်ကျဲ့ရဲ့အကြံကို သူမအလိုလိုပဲ ငြင်းဆိုခဲ့မိတယ်။
တစ်ခုခု အရေးတကြီးရှိလို့လားဆိုပြီး သူမ နန်ကျဲ့ကို မေးခဲ့ပါသေးတယ်။အကြာကြီးနေမှ တစ်ဖက်လူဟာ ဘာဖြစ်လဲဆိုတာကို မပြောဘဲ တုံ့ပြန်တယ်။
နောက်တော့ သူမ သခင်ကြီးနန် ဆုံးသွားတာကို သိလိုက်ရတယ်။ယွမ်ချီဟာ ဒီနေ့ သခင်ကြီးနန်ရဲ့ဈာပနမှာ ဘာလို့သူမကိုမတွေ့မိတာလဲဆိုပြီး စာပို့ပြီးမေးလာခဲ့တာ။
“ပြီးခဲ့တဲ့၂ရက်ထဲ ကျွန်မတို့ အချင်းချင်း အဆက်အသွယ်မရှိဘူး သူ သူ့ကုမ္ပဏီမှာ အလုပ်ရှုပ်နေတယ်လို့ ထင်ခဲ့တာ...” ချီယန်ဟာလည်းပဲ တော်တော်လေး စိတ်ရှုပ်ရတယ်။သူမသာ တစ်ကြိမ်၊နှစ်ကြိမ်လောက် ထပ်ပြီး အတင်းမေးကြည့်ခဲ့ရင် သူမ ပိုပြီးစောစော ပြန်လာနိုင်ခဲ့လောက်တယ်။
နန်ကျဲ့ဟာ သူ့အဖိုးအဖွားတွေနဲ့ ဆက်ဆံရေးကောင်းတယ်လို့ သူမ ကြားခဲ့ရတယ်။ဒါကိုတွေးမိတာနဲ့ သူမ မနေနိုင်ဘဲ မေးကြည့်မိတယ်။ “နန်ကျဲ့အဆင်ပြေရဲ့လား”
ရှန်ရန်ချင်းဟာ နန်ကျဲ့ရဲ့အခြေအနေကို ဂရုတစိုက်နဲ့ပြန်စဥ်းစားကြည့်တယ်။
နန်မိသားစုရဲ့အကြီးဆုံးမြေးဟာ အာရုံစိုက်မှုတွေအများကြီးကို လက်ခံရရှိတယ်။သူ့အဖိုးထက်တောင်မှ ပိုအာရုံစိုက်ခံရသေးတယ်။
ဈာပနအတွင်းမှာ နန်ကျဲ့ဟာ ဘာမူမမှန်တာမျိုးကိုမှ မပြဘူး။
207 02
အရေးကြီးတဲ့ကိစ္စတွေနဲ့ ပတ်သက်လာပြီဆိုရင် တကယ်တော့ နန်ကျဲ့ဟာ ပုံမှန်လိုပဲ ခံစားချက် သိပ်မရှိဘူး။သူဘာပဲဖြစ်ဖြစ် သူ့မျက်နှာအမူအရာဟာ ပြောင်းလဲ မသွားဘူး။သူဟာ သူ့ရဲ့၀မ်းနည်းမှုနဲ့ ပျော်ရွှင်မှုကို ကောင်းကောင်းဖုံးထားခဲ့တယ်။
နန်ကျဲ့ဟာ သူ့လောက်မတည်ငြိမ်ဘူးလို့ နန်ကောအမြဲပြောခဲ့ပေမဲ့ အဲဒါက ပြဿနာမဟုတ်ဘူး။
“အပေါ်ယံကြည့်ရသလောက်တော့ အဆင်ပြေပါတယ် ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ သူစိတ်ခံစားချက် ကောင်းမနေလောက်ဘူး။ နန်ကောပြောတာတော့ ဒီရက်ပိုင်း သူ စကားသိပ်မပြောဘူးတဲ့”
ချီယန်ရဲ့နှလုံးခုန်နှုန်း မြန်ဆန်သွားတယ်။သူမ နန်အိမ်ရဲ့တံခါးကို လှည့်ကြည့်လိုက်တယ်။
သူမ နန်ကျဲ့ကို ဆက်သွယ်မရတာမို့ နောက်ဆုံးတော့ ယွမ်ချီ့ဆီ လိပ်စာ တောင်းလာခဲ့ရတာ။
“သူတို့အထဲမှာ စကားပြောနေကြတယ်။ သူ့ဖုန်းကို အသံပိတ်ထားတာ ဖြစ်မယ်။ ကျွန်တော့်ကားကို ဒီနားမှာရပ်ထားတယ်။ ခဏလောက် သွားထိုင်စောင့်ကြတာပေါ့။ ဒီနေ့ရာသီဥတုက နည်းနည်းမွန်းကြပ်တယ်”
ဘာပဲ ဖြစ်နေဖြစ်နေ သူမဟာ နန်ကျဲ့ရဲ့ကောင်မလေးလေ။သူ သူမကို တံခါး၀မှာပဲ စောင့်ထားခိုင်းလို့ မရဘူး။
သူမဟာ နန်ကောရဲ့ယောင်းမဖြစ်တာမို့ သူ့ရဲ့ခယ်မဆိုလည်း ဟုတ်တယ်။
အနာဂတ်ကျရင် သူတို့ဟာ မိသားစု ဖြစ်လာကြမှာ။
ချီယန်ဟာ သဘောမတူခင် ခဏလောက်တော့ တွန့်ဆုတ်နေခဲ့သေးတယ်။
ကားအရှေ့မှာရှိတဲ့ ဒရိုင်ဘာနဲ့ လက်ထောက်ကြောင့် အရမ်းကြီးတော့ ကို့ရို့ကားယားမနိုင်ခဲ့ဘူး။
ကားထဲကိုရောက်တော့ ရှန်ရန်ချင်းဟာ အလုပ်တွေ ဆက်လုပ်နေခဲ့တယ်။သူတို့နှစ်ယောက် သိပ်ပြီးစကား မပြောဆို ဖြစ်ခဲ့ကြဘူး။
တစ်ချိန်တည်းမှာပဲ နန်အိမ်အဟောင်းမှာတော့။
နန်ကောဟာ သူမအစ်ကိုရဲ့ဘေးမှာ ထိုင်တယ်။
နန်မိသားစုထဲက လူတိုင်း စုဝေးခဲ့ကြတဲ့ နောက်ဆုံးတစ်ခေါက်ဟာ သခင်မကြီးနန်ရဲ့မွေးနေ့တုန်းက ဖြစ်တယ်။
ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ သခင်ကြီးနန် မရှိတော့ဘဲ နန်ကောရဲ့အငယ်ဆုံးဦးလေးပါ ရောက်နေတယ်။
အကြီးတစ်ယောက်အနေနဲ့ အငယ်ဆုံးဦးလေးဟာ သူမနဲ့ဆန့်ကျင်ဘက်မှာ ထိုင်တယ်။သူမရဲ့၀မ်းကွဲအစ်ကိုနှစ်ယောက်ဟာတော့ အခြားတစ်ဖက်မှာထိုင်ကြပြီး သူမရဲ့အစ်ကိုက လက်တင်ခုံမှာ တစ်ယောက်တည်း ထိုင်တယ်။
သူမမှာ ထိုင်စရာမရှိတာမို့ နန်ကျဲ့နဲ့အတူ မျှထိုင်ဖို့ပဲ တတ်နိုင်တယ်။
ဒါပေါ့။အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းကတော့ ဒီလိုအခမ်းအနားမျိုးဆို သူမအစ်ကိုရဲ့ဘေးမှာမှ လုံခြုံတယ် ခံစားရလို့။
သူမဟာ အစာကွင်းဆက်ရဲ့ အောက်ဆုံးမှာဖြစ်ပြီး ဒီနေရာမှာ စကားပြောခွင့် မရှိဘူး။သူမ ခေါင်းကိုသာ ငုံ့ထားပြီး လက်တွေကို ကုတ်ဖဲ့နေမိတယ်။သူမဟာ နောက်ခံသာသာပဲမို့ သူမရဲ့တည်ရှိမှုကို အတတ်နိုင်ဆုံးကြိုးစားပြီး လျှော့ချနေတာ ဖြစ်တယ်။
ဧည့်ခန်းထဲက လေထုဟာ နည်းနည်းလေးလံနေတယ်။သခင်မကြီးနန်ဟာ အဓိကခုံမှာ ထိုင်နေတယ်။ကျန်ရှိနေတဲ့လူအားလုံးဟာ ဂျူနီယာလေးတွေဖြစ်တာမို့ ဘယ်သူကမှ တိတ်ဆိတ်မှုကို မဖြိုခွင်းရဲကြဘူး။
ခဏလောက် ကြာသွားပြီးတဲ့နောက် သခင်မကြီးနန်ဟာ နောက်ဆုံးတော့ စကားပြောလာတယ်။
အကြောင်းအရာဟာ သခင်ကြီးနန်ရဲ့ဆန္ဒတွေအကြောင်း။ဘေးမှာရှိတဲ့ ရှေ့နေဟာ အသင့်ပဲဖြစ်နေခဲ့ပြီး အချိန်ကျတာနဲ့ ရှေ့ထွက်ကာ ဆန္ဒကို ကြေငြာတယ်။
သခင်ကြီးနန်ဟာ အင်အားမရှိတော့တာ နှစ်တွေကြာပြီဆိုပေမဲ့လည်း သူဟာ ပစ္စည်းတွေ အများကြီး ချန်ရစ်ခဲ့တယ်။
အဆုံးမှာ နန်ကောတစ်ယောက် သူမရဲ့နာမည်ကို ကြားတော့ အံ့အားသင့်သွားရတယ်။သူမ ပါလိမ့်မယ်လို့ မထင်ထားမိဘူး။
ဒါပေမဲ့ သူမ လက်ခံရရှိတာဟာ မိသားစုထဲက ယောက်ျားလေး၃ယောက်ထက်စာရင် အဝေးကြီး။
နန်ကျဲ့ကို မယှဉ်နိုင်ဘူးဆိုတာက ပုံမှန်ပါပဲ။ဒါပေမဲ့ သူမအတွက်ဟာ အခြား၀မ်းကွဲအစ်ကိုနှစ်ယောက်ရတာရဲ့ ဆယ်ပုံမှာ တစ်ပုံပဲ ရှိတယ်။ထည့်ပြောဖို့တောင် တန်မနေဘူး။နန်ကောဟာ ဒါကို ရှင်းရှင်းလင်းလင်း ကြားပြီးတဲ့နောက် သူမရဲ့နှုတ်ခမ်းထောင့်ဟာ အသာတွန့်တက်သွားတယ်။
207 03
သူမအတွက်ဆို သူ သူမကို ဘာမှပေးမနေရင်တောင် ရတယ်။
ဒါ ပရဟိတလုပ်တာနဲ့ ဘာမှမကွာဘူး မဟုတ်လား။
သူမက သူတောင်းစားလား။
နန်ကျဲ့ဟာ အသာ မျက်မှောင်ကြုတ်ပြီး စာရွက်စာတမ်းကို ယူလာဖို့ ရှေ့နေ့ကို လက်ဟန်ပြတယ်။သူကိုယ်တိုင် စစ်ဆေးကြည့်ပြီးတဲ့အခါ သူ့မျက်နှာထားဟာလည်း သိပ်ကောင်းမနေဘူး။
သူ ဘာတွေးနေလဲဆိုတာကို သခင်မကြီးနန်ဟာ တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်တယ်။အဖွားဟာ “မင်းအဖိုးက အရမ်းတွေးပေးခဲ့တာ။ နန်ကောကို ပေးတဲ့အပိုင်းက မင်းတို့၃ယောက်လောက် မကောင်းပေမဲ့ တင်တောင်းငွေထက်တော့ ပိုတယ်”
“မင်းတို့၃ယောက်က ယောက်ျားလေးတွေဖြစ်ပြီး အနာဂတ်မှာ လက်ထပ်ပြီး ကလေးတွေရှိလာကြမယ်ဆိုတာကို မင်းတို့ သိသင့်တယ်။ နန်ကောက မိန်းကလေး ဒီတော့ သူက မင်းတို့နဲ့ကွာတယ်။ ဘာပဲဖြစ်ဖြစ် ဒါ ငါတို့ရိုးသားမှုရဲ့သင်္ကေတပဲ”
နန်ကောဟာ သူမအစ်ကိုလက်ထဲက စာရွက်စာတမ်းကို တစ်ချက်ကြည့်ပြီး အကြည့် လွှဲလိုက်တယ်။
သူမဟာ မတ်တပ်ထရပ်ပြီး ထူးထူးခြားခြား တည်ငြိမ်တဲ့လေသံနဲ့ ပြောလာတယ်။ “အဖွား သမီးရဲ့ဝေစုကို မေ့လိုက်ပါ”
“တစ်ယောက်ယောက်က လိုတယ်ဆိုရင် သူတို့ကိုပဲ ပေးလိုက်ပါ။ သူတို့မလိုဘူးဆိုလည်း လှူတာကလည်း မဆိုးပါဘူး။ ကုသိုလ်ကောင်းမှု လုပ်တယ်လို့ပဲ မှတ်လိုက်ပေါ့”
“ဘာပဲဖြစ်ဖြစ် သမီးမှ မလိုတာဘဲ”
သူမဟာ ဘေးကအိတ်ကို ကောက်ယူလိုက်ပြီး သူမရဲ့မိဘတွေနဲ့ သူမရဲ့အစ်ကိုကို မကြည့်ခဲ့ဘူး။သူမဟာ သခင်မကြီးနန်ကိုသာ တည့်တည့်ကြည့်ပြီး ပြုံးတယ်။ “သမီးကို ဒီမှာ လိုဦးမယ်လို့ မထင်ဘူး ဟုတ်တယ်မလား။ ကျောင်းပြန်ဖွင့်တော့မယ် သမီးပစ္စည်းတွေကို အရင်သွားပြန်သိမ်းလိုက်ဦးမယ်”
သူမထွက်သွားတဲ့အခါ သခင်မကြီးနန်ဟာ သူမကို တားတယ်။အဖွားရဲ့လေသံဟာ ပဲ့တင်ထပ်နေခဲ့ပေမဲ့ သူမ မကြားချင်ယောင်သာ ဆောင်ခဲ့တယ်။
သူမဧည့်ခန်းမကြီးထဲက ထွက်လာတော့ သူမမိဘတွေ သခင်မကြီးနန်ကို ပြောနေတဲ့ စကားသံတွေကို ကြားရတယ်။သူတို့ ဘာပြောနေလဲဆိုတာကို မကြားရပေမဲ့ ကျယ်တော့ ကျယ်တယ်။သူမခြံထဲကို ရောက်တာနဲ့ အနောက်ကနေ ခြေလှမ်းသံတွေကို ကြားလိုက်ရတယ်။
သူမ အနောက်လှည့်ကြည့်လိုက်တော့ အငယ်ဆုံးဦးလေးဖြစ်နေတာကို တွေ့ရတယ်။
“ဘယ်လိုပြန်မှာလဲ” ကြည့်ရတာတော့ အငယ်ဆုံးဦးလေးဟာ သူမကို လိုက်ပို့ပေးချင်တာ။
နန်ကောဟာ ပုခုံးတွန့်ပြီး “ရှန်ရန်ချင်း စောင့်နေတယ်”
ဒါကိုကြားတဲ့အခါ အငယ်ဆုံးဦးလေးဟာ ရုတ်တရက် ပြုံးလိုက်ပြီး စိတ်သက်သာရာ ရသွားပုံ ပေါ်တယ်။ “ဟုတ်ပြီ သွားတော့”
သူဟာ အခုလေးတင် ဖြစ်သွားခဲ့တာတွေအကြောင်း ဘာမှထည့်မပြောဘူး။
အထဲကနေ ထွက်လာတဲ့အသံတွေကို နားထောင်ရင်း နန်ကောဟာ အငယ်ဆုံးဦးလေးကို အမူအရာမဲ့စွာနဲ့ ကြည့်လိုက်တယ်။
ဦးလေးဟာလည်း ပုခုံးတွန့်ပြီး “သွားတော့ ဒီဘက်ကို စိတ်မပူနဲ့”
“အင်း”
တံခါးနားကိုရောက်တော့ သူမအစ်ကိုဟာ သူမအနောက်လိုက်လာတယ်။
သူ့ရဲ့တည်တံ့နေတဲ့ မျက်နှာထားကိုမြင်တော့ သူမ အဆူခံရတော့မယ်လို့ နန်ကော ထင်လိုက်မိတယ်။
မောင်နှမနှစ်ယောက်ဟာ မျက်နှာချင်းဆိုင် ရပ်နေကြတယ်။အချင်းချင်း ကြည့်နေကြပြီးတဲ့နောက် နန်ကျဲ့ဟာ လက်မြှောက်ပြီး သူမရဲ့ခေါင်းကို ပွတ်ပေးလာတယ်။ “နင် လုပ်ခဲ့တာ အရမ်းတော်တယ်...”
******