အခန်း ၂၀၉
Vol. 21 Ch. 209
209 01
Chapter 209 ရှန်ရန်ချင်းဘ၀ကို ဂရုစိုက်မနေဘူး။
အဲဒီနေ့ကစပြီး ကျောင်းပြန်ဖွင့်တဲ့အချိန်အထိ နန်ကောဟာ မိသားစုကို အဆက်အသွယ် မလုပ်ခဲ့ဘူး။
အဲဒီအချိန်ကာလအတွင်း သူမရဲ့မိဘတွေရော နန်ကျဲ့ရောကပါ သူမကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ကြတယ်။
သူမ ဘာကိုမှမတုံ့ပြန်ခဲ့ဘူး။
နန်ကျဲ့ဟာ ဖုန်းတွေတော့ အများကြီးမခေါ်ဘဲ စာပို့တာများတယ်။သူမဘက်က တုံ့ပြန်မှာ မဟုတ်ဘူးဆိုတာကို သူ ခန့်မှန်းပြီးသား ဖြစ်လောက်တယ်။သူ စာပို့တဲ့အချိန်တိုင်း အသိပေးချက် သဘောမျိုးလေးတွေပဲ။
သူ့လေသံဟာလည်း အရမ်းဂရုတစိုက်နဲ့။
သူမမိဘတွေလည်း အတူတူပဲ။
အစကတော့ သူမရဲ့မိဘတွေဟာ သူမကို အတင်းဖုန်းခေါ်ပြီး တုံ့ပြန်မှုရအောင် ကြိုးစားခဲ့ကြတယ်။ဒါပေမဲ့ တဖြည်းဖြည်းချင်း ရပ်သွားကြတယ်။သူတို့ကို နားချထားတာ နန်ကျဲ့ပဲ ဖြစ်လိမ့်မယ်။
နန်ကျဲ့လိုပဲ သူတို့ဟာလည်း သူမဆီ နေ့တိုင်း စာပို့လာကြတယ်။
အဖိုးဆန္ဒရဲ့စီစဉ်မှုတွေထဲ စိုးရမ်ပူပန်တဲ့ စကားလုံးတချို့လည်း ရောပါနေခဲ့တယ်။စကားလုံးတွေကြားထဲ ကြည့်ရတာ သူမရဲ့အဖေဟာ သူ့ဝေစုကို သူမကို ပေးချင်ပုံ ရတယ်။နန်ကျဲ့လည်း သူမဆီ ဆင်တူတဲ့စာကို ပို့ထားပုံရပြီး သူမကို သူ့ဝေစု ပေးမယ်တဲ့။
သူမ အဲဒီစာတွေကို ဘာသိဘာသာပဲ တစ်ချက်ကြည့်ပြီး စိတ်မ၀င်စားဘူး။
တကယ်တော့ သူမ သူ့မရဲ့မိဘတွေကို စိတ်ဆိုးတာလည်း မဟုတ်သလို နန်ကျဲ့ကို စိတ်ဆိုးတာလည်း မဟုတ်ဘူး။
သူမ သူတို့ကို မဆက်သွယ်ဘူးဆိုတာ သူတို့နဲ့ စကားမပြောချင်သေးတာမို့။
တက္ကသိုလ်ရဲ့တတိယနှစ် ရောက်ပြီဖြစ်ပြီး လူတိုင်းဟာ စအလုပ်ရှုပ်နေကြပြီ။
တက္ကသိုလ်ပြန်စတဲ့လကတည်းက သူမ ဆက်သွယ်ဖြစ်တဲ့ တစ်ဦးတည်းသောလူဆိုလို့ ရှန်ရန်ချင်းပဲ ရှိတယ်။
စဖွင့်ပြီး ဘယ်လောက်မှ မကြာဘူး။ရှန်ရန်ချင်းဟာ သူမကို အဆောင်ကနေ သူ့တိုက်ခန်းဆီ ကူပြောင်းပေးတယ်။
အကြောင်းအရင်းကတော့ အတွဲတွေအနေနဲ့ အတူနေတာ ကောင်းတယ်လို့ပဲ ရှန်ရန်ချင်း ပြောခဲ့တယ်။အမှန်တော့ သူမအကြောင်းအရင်းကို သိပါတယ်။
အခုနောက်ပိုင်း သူမ စိတ်ခံစားချက် မကောင်းဘူးဆိုတာကို ရှန်ရန်ချင်း သိတယ်။ဒါကြောင့် သူဟာ အတတ်နိုင်ဆုံးကြိုးစားပြီး သူမကို အဖော်ပြု ဂရုစိုက်ပေးချင်တာ။
သူမအထင်တော့ နန်ကျဲ့ ဒါမှမဟုတ် သူမမိဘတွေ ရှန်ရန်ချင်းကို နောက်ကွယ်မှာ မကြာခဏ ဆက်သွယ်ကြမယ်ထင်တယ်။
သူက ဘာမှ မပြောဘူးဆိုပေမဲ့လည်း သူမ ခံစားလို့ရတယ်။
နန်ကျဲ့ဆို ရှန်ရန်ချင်းကို နေ့တိုင်း စော်ကားမော်ကားတောင် လုပ်လိုက်သေးတယ်။သူဟာ ချီယန်ကို လိုက်တုန်းကထက်တောင်မှ ပိုတက်ကြွနေသေး။
ဘာလို့လဲဆိုတော့ သူမတစ်ခါ သူတို့စကား ပြောထားတာတွေကို မတော်တဆ တွေ့ခဲ့ရလို့။
နန်ကျဲ့ဟာ ထမင်းစားချိန်တိုင်း မေးခွန်း အမျိုးအစားပေါင်းများစွာကို ပစ်လွှတ်နေတော့တာ။
အကြောင်းအရာဟာ အရမ်းပျင်းစရာ ကောင်းတယ်။ဥပမာ- “နန်ကော ဒီနေ့မနက်စာ စားလား”
“သူနေ့ လည်စာကို ကန်တင်းမှာစားလား”
209 02
“သူ ညစာ ဘာစားလဲ”
“ဒီနေ့ပိတ်ရက် သူ့ကို လမ်းလျှောက်ထွက်ဖို့ ခေါ်သွား။ ဆင်ခြေဖုံးရပ်ကွက်နားမှာ အခုမှ ဖွင့်ထားတဲ့ပန်းခြံ ရှိတယ်။ ငါ့မှာ ဗီအိုင်ပီဖရီးလက်မှတ်ရှိတယ်။ သူနဲ့အတူ သွားလိုက်” ပြီးတော့ “သူချိန်သီး ယူသွားရတာ ကြိုက်တယ်။ အဲဒါကို သူနဲ့ အကြိမ်အနည်းငယ်လောက် ယူသွားပေး”
သူ ရှန်ရန်ချင်းရဲ့ဘ၀ကို ဂရုစိုက်မနေဘူးဆိုတာ အတော်လေးကို သိသာတယ်။
ဒါ နန်ကျဲ့ရဲ့ပုံစံပါပဲလေ။
နန်ကျဲ့က ဘာမှသိတာ မဟုတ်ဘူး။
သူမ အတန်းချိန်အပြည့်ရှိတဲ့ တစ်ရက် သူမရဲ့မိဘတွေနဲ့ နန်ကျဲ့တို့ ဟိုက်မြို့ကို အတူလာခဲ့ကြသေးတယ်။သူတို့ နန်ကောကို သွားမတွေ့ကြဘဲ ရှန်ရန်ချင်းနဲ့ပဲအတူ နေ့လည်စာ စားခဲ့ကြတယ်။
မစ္စတာနန်နဲ့ မစ္စနန်ဟာ သူတို့ရဲ့ ရှန်ရန်ချင်းအပေါ် ကျေးဇူးတင်မှုကို ခဏခဏ ဖော်ပြကြတယ်။
သူတို့အတွက်တော့ သူတို့ရဲ့သမီလေး သူနဲ့ တွဲနေရင်တောင်မှ သမီးလေးကို ဂရုတစိုက် စောင့်ရှောက်ပေးပြီး သူမရဲ့လက်ရှိအခြေအနေကို သူတို့ဆီ အချိန်ပြည့် ပြန်တင်ပြပေးတဲ့အတွက် သူ့ကို ကျေးဇူးတင်ဖို့ လိုတယ်။
သူတို့ဟာ နန်ကောရဲ့လူကြီးတွေ ဘာတွေဆိုတာကို ဂရုမစိုက်ဘူး။သူတို့ အဲဒီလောက်ကြီး မဟုတ်ပါဘူး။
ရှန်ရန်ချင်းဟာ အစကတော့ သီးသန့်တွေ့ဆုံမှုအကြောင်း နန်ကောကို ပြောပြချင်ခဲ့တယ်။အဆုံးမှာတော့ နန်ကောမိဘတွေရဲ့ ပန်ကြားမှုကြောင့် သူဟာ ထပ်ခါထပ်ခါ တွေးကြည့်ခဲ့ပြီး ရွေးချယ်စရာမရှိဘဲ သဘောတူလိုက်ရတယ်။
ဒါပေါ့။သူ သူမမိဘတွေကို ထမင်းစားဖို့အတွက်ပဲ တွေ့ခဲ့တာ မဟုတ်ဘူး။
စားနေတုန်းမှာ နန်ကျဲ့ဟာ စကားသိပ်မပြောဘဲ အဖော်အနေနဲ့သာ နေတယ်။သူ့ရဲ့မိဘတွေဟာတော့ နန်မိသားစုအကြောင်း ရှန်ရန်ချင်းကို ပြောပြနေတယ်။
မစ္စတာနန်ဟာ သခင်ကြီးနန်ရဲ့အမွေဝေစုအကြောင်း ယောင်ဝါးဝါးနဲ့ ပြောနေပေမဲ့ ရှန်ရန်ချင်းဟာ နားလည်နေသေးတယ်။
သခင်မကြီးနန်ရဲ့ သဘောထားဟာ တင်းကြပ်ခက်ထန်တယ်ဆိုတာ မှန်တယ်။ထပ်ဖြည့်ပြောရမယ်ဆိုရင် ဒါဟာ သခင်ကြီးနန်ရဲ့ဆန္ဒလည်း ဖြစ်နေတာမို့ ပြောင်းဖို့ မဖြစ်နိုင်ဘူး။ပြောင်းဖို့လည်း မလိုဘူး။
ဒါပေမဲ့လည်း နန်ကော ထွက်သွားတဲ့နောက်မှာ နန်မိသားစုမှာရှိတဲ့ သား၃ယောက်ထဲ ၀တ်ကြီး၀တ်ငယ်အစစအရာရာ ကျေပွန်တဲ့ နန်ကျန်းနင်းဟာ သခင်မကြီးနန်ကို ပြန်ဆန့်ကျင်ခဲ့တယ်။
မစ္စတာနန်ဟာ အကြီးဆုံးသား ဖြစ်တယ်။သခင်မကြီးနန် သူ့ကိုမွေးတုန်ကဆို သူမမှာ သေလုနီးပါး ဖြစ်ခဲ့ရတယ်။ပြောကြတာတော့ အဲဒီအချိန်တုန်းက သခင်မကြီးနန်ဟာ ကလေးကို ကယ်ဖို့ချည်းပဲ ဆက်တိုက် ပြောနေခဲ့တယ်တဲ့။
နောက်တော့ ကလေးမွေးဖွားမှုကြောင့် အမျိုးသမီးကြီးဟာ နေမကောင်းဖြစ်သွားပြီး နှစ်တွေအများကြီး ပြန်နလန် ထူခဲ့ရတယ်။သူမရဲ့မကောင်းတဲ့ကျန်းမာရေးကြောင့် နန်ကောရဲ့ဒုတိယဦးလေးကို အချိန်မကျသေးဘဲ မွေးခဲ့ရတယ်။
ဒါကြောင့် မစ္စတာနန်ဟာ တလေးတနက် တာ၀န်ယူပြီး သူ့ရဲ့ညီငယ်၂ယောက်ကို နှစ်တွေ အကြာကြီး သေချာဂရုစိုက်ခဲ့တယ်။
နောက်တော့ သူဟာ အကြီးအကဲနှစ်ယောက်နဲ့ အစောပိုင်းနှစ်တွေမှာ ဆင်တူတဲ့ ပြဿနာလေးတွေနဲ့ ခဏခဏ အချင်းများခဲ့ရတယ်လို့ မစ္စတာနန်ဟာ သူ့ ကိုပြောပြတယ်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ သူဟာ အကြီးအကဲနှစ်ယောက်နဲ့ ဆက်ပြီးကိစ္စတွေ ပိုဆိုးတာမျိုးကို သည်းမခံနိုင်တော့ဘူး။
မစ္စတာနန်ဟာလည်း သူ့ရဲ့နောင်တကို ထုတ်ဖော်ပြတယ်။ဒီနှစ်တွေထဲ နန်ကောဟာ သူမရဲ့မိသားစုနဲ့ ပဋိပက္ခဖြစ်တယ်ဆိုတာ အတော်ရှားတယ်။
ကောလိပ်အတွက် လျှောက်လွှာတင်တဲ့ တစ်ခေါက်ကလွဲရင် သူ့မှတ်ဉာဏ်ထဲ ဒီတစ်ခေါက်ဟာ မှတ်မှတ်ရရ အဖြစ်ဆုံးတစ်ခေါက်ပဲ။
အပေါ်ယံမှာတော့ နန်ကောဟာ အကြီးအကဲနှစ်ယောက် ဘက်လိုက်လွန်းတာမို့ ဆန္ဒပြတာပေါ့။အမှန်က သူတို့အားလုံး အဲဒီနေ့မှာ သိလိုက်ရတယ်။နန်ကောတစ်ယောက် နန်မိသားစုထဲမှာရှိတဲ့ လူတိုင်းကို မကျေနပ်မှုလေး နည်းနည်း ရှိနေခဲ့တယ် ဆိုတာကိုပေါ့။
ရှန်ရန်ချင်းဟာတော့ နန်ကောဘက်မှာပဲ။အကြီးအကဲနှစ်ယောက်ဟာ လွန်လွန်းအားကြီးတယ်လို့ သူ ခံစားရတယ်။ဒါပေမဲ့ သူ နန်ကျဲ့နဲ့ သူ့မိဘတွေကိုတော့ ထုတ်မပြောခဲ့ပါဘူး...။
သူ့မှာ ထုတ်ပြောခွင့် မရှိဘူးလေ။
209 03
သူတို့အားလုံးဟာ နန်ကောနဲ့ ရင်းနှီးတဲ့အမျိုးတွေဖြစ်ပြီး သူတို့ဟာ နန်ကော ၀မ်းနည်းတာကို ကြည့်မနေနိုင်ကြဘူး။
တခဏလောက် အကဲခတ်ကြည့်ပြီးတဲ့အခါ နန်ကောရဲ့ရင်ထဲမှာ ရှိတဲ့ကြိုးထုံးဟာ မဖြည်ရသေးဘူးလို့ ရှန်ရန်ချင်း ခံစားနေရတုန်းပဲ။
သူမရဲ့တုံ့ပြန်မှုကို ကြည့်ရသလောက်တော့ ဒါနဲ့ပတ်သက်ပြီး သူမမှာ ဘာမှလုပ်ဖို့ စိတ်ကူးမရှိပုံဘဲ။
နေ့ရက်တွေဟာ အဲဒီလိုနဲ့ပဲ ကုန်ဆုံးသွားခဲ့တယ်။
တစ်ခါတလေ နန်ကောဟာ အတန်းချိန်များတဲ့ရက်တွေဆို အဆောင်မှာ နေတတ်တယ်။ဘာလို့လဲဆိုတော့ နောက်နေ့မနက်မှာ သူမ စောစောမထချင်လို့။
အဆောင်ခန်းထဲမှာတော့ စုဟွေးနဲ့အခြားနှစ်ယောက်ဟာ နန်ကော တစ်ခုခုဖြစ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သတိထားမိကြတယ်။
ဒီစာသင်နှစ်အစကတည်းကနေ အခုထိ နန်ကောဟာ ပြောင်းလဲသွားသလိုပဲ။
သူမဟာ စကား သိပ်မပြောတော့သလို သူမရဲ့အချိန်တွေကို များသောအားဖြင့် စာကြည့်တိုက်ထဲမှာပဲ ကုန်ဆုံးတယ်။
ဖုန်းယွမ်ယွမ်ဟာ အိမ်ကပ်တဲ့လူဖြစ်ပြီး ချန်းရှားဟာ ထိပ်တန်းကျောင်းသူတစ်ယောက်။သူတို့နှစ်ယောက်ဟာ ပုံမှန်ဆိုကျောင်းထဲကနေ မထွက်ဘူး။ဒါပေမဲ့ စုဟွေးကတော့ မတူဘူး။
ပြီးခဲ့တဲ့စာသင်နှစ်တွေကဆို နန်ကော စုဟွေးနဲ့အတူ မကြာခဏ ဈေး၀ယ်ထွက်တတ်မှန်းကို သူမ မှတ်မိသေးတယ်။
သူမတို့နှစ်ယောက် နန်ကောရဲ့ Lamborghiniနဲ့ လျှောက်ပတ် မောင်းကြတယ်။သူတို့ရူးသွပ်သွားတဲ့အခါဆို ဟိုက်မြို့တစ်မြို့လုံးကို တစ်ညလုံးတောင်မှ ပတ်မောင်းကြတယ်။
ဒါပေမဲ့ ဒီစာသင်နှစ် ပြန်စတာ ကြာလှပြီ။စုဟွေးလည်း အပြင်လျှောက်သွားဖို့ အကြံပေးပေမဲ့ နန်ကောဟာ စိတ်မပါဘူး။သူမဟာ စာချည်းပဲ လုပ်နေတော့တယ်။
ရှန်ရန်ချင်းသာ သူမကို လာလာမကြိုဘူးဆိုရင် သူမတို့၃ယောက်လုံး ရှန်ရန်ချင်းနဲ့ နန်ကောတို့ နွေပိတ်ရက်မှာ ပြတ်သွားပြီလို့တောင်ထင်မိမှာ။
အသည်းကွဲတာကလွဲလို့ နန်ကောကို ပြောင်းလဲသွားစေတဲ့ အခြားအရာကို သူမတို့ စဉ်းစားမရဘူးလေ။
သူမဟာ တကယ်ကြီး စာကိုလုံ့လစိုက်ပြီး စလုပ်လာတာ။
ပြီးခဲ့တဲ့စာသင်နှစ်က ဘွဲ့လွန်သင်တန်း တက်မယ်လုပ်တုန်းကတောင် သူမဒီ လောက်ကြီး စိတ်အားထက်သန် မနေခဲ့ပါဘူး။
ထူးဆန်းတယ်။
တစ်ဖက်မှာတော့ နန်ကျဲ့ဟာ အခုနောက်ပိုင်း အခြေအနေ သိပ်မကောင်းဘူး။
နန်မိသားစုရဲ့ပြဿနာကို ယွမ်ချီ မသိဘူး။နန်ကျဲ့တစ်ယောက် အာရုံပျံ့လွင့်နေတာကို မြင်တော့ ချီယန်နဲ့ လမ်းခွဲလိုက်ပြီလို့ပဲ သူ ထင်လိုက်တာ။
နောက်တော့စုဝေးပွဲမှာ ချီယန်ဟာ သူ့ကို လာကြိုတယ်။နှစ်ယောက်သား ဘယ်လောက် တရင်းတနှီးဖြစ်နေလဲဆိုတာကို ကြည့်ရင်း ပြဿနာဟာ ချီယန် မဟုတ်ဘူးဆိုတာကို ယွမ်ချီ နားလည်သွားတယ်။
ဒါပေမဲ့ သူ အကြောင်းအရင်းကို ရှာမတွေ့ဘူး။
ယွမ်ချီဟာ လူတိုင်းကို တွေးကြည့်ပေမဲ့ နန်ကောနဲ့သက်ဆိုင်နေမယ်လို့တော့ သူ ဘယ်တော့မှ မထင်ခဲ့မိဘူး။
သူ့အမြင်မှာတော့ မောင်နှမနှစ်ယောက် စတာနောက်တာပဲ ဖြစ်ဖြစ်၊အချင်းချင်း ဆူပူရိုက်နှက်တာပဲ ဖြစ်ဖြစ် ဘာမှထွေထွေထူးထူး မဟုတ်ဘူး။
သူတို့နှစ်ယောက် အတည်ပေါက်ကြီးတွေမဖြစ်ဘူးဆိုတာ လူတိုင်းသိတယ်။
ပထမတစ်ခုက နန်ကောဟာ ချော့ရလွယ်တယ်။ဒုတိယတစ်ခုက နန်ကျဲ့ဟာ အခြားသူတွေနဲ့လုပ်သလို သူ့ညီမကိုတော့ ပြဿနာ မရှာဘူး။သူဟာ အမြဲတမ်း အလျှော့ပေးဖို့ စိတ်ပါပြီးသား။
ထပ်ထည့်ပြောရရင် သူတို့နှစ်ယောက်လုံးဟာ မောင်နှမအရင်းတွေ။နန်ကျဲ့ဟာ နန်ကောရဲ့အကျင့်စရိုက်ကို ကောင်းကောင်း သိတယ်။ပုံမှန်အားဖြင့် သူ သူမကို စိတ်တိုအောင် လုပ်လိုက်လည်း သူ ပြန်ချော့ပြီဆိုတာနဲ့ နန်ကောဟာ ဘာမှမဖြစ်ခဲ့သလို သူ့အနောက် တကောက်ကောက် ပြန်လိုက်ပြီး သူ့အမြှီးသေးသေးလေး ဆက်ဖြစ်နေဦးမှာပဲ...။
******