← Chapters

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း ၂၁၁

Vol. 22 Ch. 211

211 01

အပိုင်း (၂၁၁) ငါ နည်းနည်းတော့ နောင်တရမိတယ်

နန်ကော၏ စကားလုံးများသည် ပြီးစလွယ် ပြောနေသကဲ့သို့ ပေါ့ပါးနေသည်။

သို့သော်လည်း နန်ကျဲ့က ထိုကဲ့သို့ မတွေးပေ။

လွန်ခဲ့သော လအနည်းငယ်တုန်းက နန်ကောသည် ယခု သူမ၏ ပညာရေးပေါ်တွင် အာရုံစိုက်နေကြောင်းကို ရှန်ရန်ချင်းက သူ့အား ပြောပြထားသည်။

သူမကိုယ်တိုင် အာရုံ ပြောင်းဖို့ ကြိုးစားနေပုံ မပေါ်ပေ။ သူမက အလုပ်အလွန် ကြိုးစားသည်။

အကြောင်းပြချက် အနေဖြင့် ရှန်ရန်ချင်းက ဘာကြောင့်မှန်း မသိတာ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သူက ထုတ်ဖော်မပြခဲ့ပေ။

တစ်ခုခု မှားနေပြီ ဆိုတာကို ဝိုးတဝါး ခံစားမိသော်လည်း ထိုအကြောင်းကို နက်နက်နဲနဲ မတွေးရဲပေ။

အခုတော့ သူမ၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

လေ့လာခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု သူမက ပြောသည်။ သူမ၏ မိသားစု အကူအညီမပါဘဲ သူမ၏ အနာဂတ်ကို ဖန်တီးချင်သည်မှာ ထင်ရှားသည်။

အရင်ကပဲ ဖြစ်ဖြစ် အခုပဲ ဖြစ်ဖြစ် နန်ကျဲ့က သူမကို ထိုသို့ ပြုလုပ်ရန် သဘောမတူပေ။

ထိုအတွေးက ဘယ်တော့မှ မပြောင်းလဲပေ။

“ပြင်ပလောက က မင်းထင်သလို မရိုးရှင်းဘူး”

နန့်ကျဲ့က နှစ်မိနစ်လောက် တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

“နင်က မကြား‌ချင်ပေမဲ့ ငါကတော့ ပြောချင်သေးတယ်။ ငါ့ရဲ့ အနာဂတ်ကို ပိုပြီး ချောချောမွေ့‌မွေ့ ဖြစ်ဖို့ မျှော်လင့်လို့ အချိန်အကြာကြီး အလုပ်ကြိုးစားခဲ့တာ”

“မင်းဘဝရဲ့ ပထမဆုံး နှစ်နှစ်ဆယ်မှာ ငါ ထင်ထားသလောက် မင်း မပျော်ဘူးဆိုတာ ငါ သိတယ်။ ငါလည်း ထပ်ပြီး မပြောင်းလဲနိုင်ဘူး။ ဒါကြောင့် အနာဂတ်မှာ ကောင်းဖို့အတွက် ငါ အကောင်းဆုံး ကြိုးစားပေးဖို့ပဲ ရှိတယ်”

နန်ကောက ပြန်မပြောပေ။ သူမက သူ့ကိုတောင် မော့မကြည့်ပေ။

နန်ကျဲ့က ကားမောင်း မြန်လွန်းတာ သို့မဟုတ် တစ်ခြား အကြောင်းပြချက်ကြောင့် ဖြစ်နိုင်သော်လည်း သူမ၏ အကြည့်များက စာအုပ်ပေါ်တွင်သာ ရှိနေသည်။ သို့သော်လည်း သူမက စကားလုံး တစ်လုံးကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

“မေ့လိုက်တော့ အဲဒီအကြောင်းကို မပြောတော့ဘူး”

နန်ကျဲ့သည် သူမ စကားပြော‌တာကို မစောင့်တော့ဘဲ တစ်ခြားခေါင်းစဉ်ကို ပြောင်းဖို့ရာ အစပျိုးလိုက်သည်။

“အဲဒါက နင့်အတွက်”

သူ့ဘေးရှိ အိတ်ကို လှမ်းပေးလိုက်သည်။

နန်ကော ၎င်းကို လက်ခံလား လက်မခံဘူးလား ဆိုတာကို ဂရုမစိုက်ဘဲ သူမ၏ လက်ထဲတွင် ထားလိုက်သည်။

သူက ဒီနေ့တော့ နန်ကောနှင့် ရန်ဖြစ်ဖို့ လာခဲ့တာ မဟုတ်သောကြောင့် ထိုမေးခွန်းကို အရင် ရှောင်ဖို့ရာသာ ရွေးချယ်နိုင်ခဲ့သည်။

ထိုအရာများကို ပြောဖို့ရာ အချိန်မတန်သေးပေ။

သို့သော်လည်း နန်ကောက ခွင့်မပြုချင်ပေ။ သူမ ထိုနေရာတွင် ရှိနေကတည်းက ထိုပြဿနာကို ရှင်းလင်းရန် ဖြစ်သည်။

သူမကို ဘာပေးသလဲ ဆိုတာကို မကြည့်ဘဲ ဘေးနားတွင်သာ ထားလိုက်သည်။

လမ်းပေါ်တွင် ထိုအကြောင်းကို ပြောရတာ အဆင်မပြေပေ။ သူမသည် နောက်ပိုင်း ညစာစားချိန်မှ ထိုအကြောင်းကို ပြောရန် ဆုံးဖြတ်လိုက်သည်။

သူတို့ ရောက်သော အချိန်တွင် နန်ကျဲ့က သူမကို စားသောက်ဆိုင်အား ခေါ်လာတာကို နန်ကော သတိပြုမိသွားသည်။

နန်ကျဲ့သည် သူ့ဘေးရှိ လူကို ကားသော့ပေးလိုက်ကာ သူမကို အထဲသို့ ခေါ်သွားသည်။

“ဒီမှာ မကြာခင်‌ကမှ ဟင်းပွဲအသစ်တွေ အများကြီး ထွက်ခဲ့တာ။ သိပ်မဆိုးဘူး”

“အမ် ဟမ်”

မန်နေဂျာက သူတို့ကို ကြိုဆိုဖို့ရာ ထွက်လာခဲ့သည်။ နန်ကောကို သူတွေ့သော အချိန်တွင် မြန်မြန် လက်ယမ်းပြလိုက်သည်။ သူတို့နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် မတွေ့တာ ကြာပြီဖြစ်သည်။

211 02

နန်ကော၏ စိတ်နေစိတ်ထားမှာ သာမန်ဖြစ်သော်လည်း သူမသည် ပြုံးပြီး နှုတ်ဆက်ရန် အားစိုက်နေသေးသည်။

လမ်းပေါ်တွင် နန်ကျဲ့က အစားအသောက်များ မှာပြီးသား ဖြစ်သည်။ သူတို့နှစ်ယောက် ရောက်သော အချိန်တွင် မန်နေဂျာက ဟင်းပွဲများ ချပေးရန် ကူညီခဲ့သည်။

နန်ကောလည်းပဲ မျက်နှာသာ ပေးကာ အများကြီး စားလိုက်သည်။

စားပြီးသည့် နောက်တွင် သူမ၏ ပါးစပ်ကို သုတ်ကာ မတ်မတ်ထိုင်လိုက်သည်။

“အစ်ကို ငါမြို့တော်မှာ ဦးငယ်လေးနဲ့ နေပြီး ဘွဲ့လွန်ကျောင်း တက်နေဦးမယ်။ မအော်နဲ့နော်”

“ဒါဆို ဘာများ ပြောင်းသွားလို့လဲ”

နန်ကျဲ့က ဘာမှကို စားချင်စိတ် မရှိတော့ပေ။ သူမကို အဝေးမှ ကြည့်လိုက်သည်။

“ဘွဲ့လွန် သင်တန်း တက်ပြီးရင် ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ငါဘယ်တုန်းကမှ မတွေးဖူးဘူး။ ဘယ်တုန်းကမှ အဲ့အစီအစဉ် မရှိဘူး။ အရာအားလုံးက ဝေးလွန်းတယ်လို့ ငါခံစားမိတယ်”

သူမ၏ မျက်နှာချင်းဆိုင်က လူက သူမ၏ အစ်ကို မဟုတ်သလို မတ်မတ် ထိုင်လိုက်သော်လည်း တစ်ယောက်ပြီးတစ်ယောက် စာပြန်နေသော တင်းကြပ်သည့် ဆရာမနှင့် တူသည်။

“ငါလည်း မကြာခင်ကမှ အဲဒီအကြောင်းကို စဉ်းစားမိတာ။ အနာဂတ်မှာ ဦးငယ်လေးနဲ့ပဲ နေပြီး အဲဒီမှာ အလုပ် ဆက်လုပ်နိုင်တယ်လေ”

နန်ကျဲ့က ၎င်းကို ခန့်မှန်းမိသည်။

“ရှန်ရန်ချင်းကိုကော ပြောပြီးပြီလား”

“မပြောရသေးဘူး”

နန်ကော၏ နှုတ်ခမ်းများ တွန့်သွားသည်။

“သူ ငါ့ကို ထောက်ပံ့မှာပါ”

“နင့်ရဲ့ အမြင်ကို ငါထပ်ပြီး မမေးချင်တော့ဘူး။ ဒါက ငါ့ရဲ့ လက်ရှိ အစီအစဉ်ပဲ။နင် လက်ခံသည်ဖြစ်စေ လက်မခံသည် ဖြစ်စေ ငါ့ရဲ့ စိတ်က မပြောင်းလဲတော့ဘူး”

အရင်ကတော့ နန်ကောသည် သူမ မိဘများ၏ အတားအဆီးကို မကြောက်သော်လည်း နန်ကျဲ့ကိုတော့ ကြောက်သည်။

အမြဲတမ်းလိုလို နန်ကျဲ့သည် သူမ ဆုံးဖြတ်‌ထားသော အရာများကို ဘယ်လိုပဲ ‌မကျေမနပ် ဖြစ်ပါစေ နောက်ဆုံးတွင် အဆုံးတွင် သေချာပေါက် သဘောတူရမည် ဖြစ်သည်။ သို့သော်လည်း သူမသည် အချိန်တိုင်း စိတ်လှုပ်ရှားမှုများနှင့် ကြံတွေ့နေရဆဲ ဖြစ်သည်။

ထိုအခြေအနေတွင် သူမက အလွန် တည်ငြိမ်နေသည်။

အရင်ကဆိုရင် ထိုကဲ့သို့ အရာမျိုးကို သူမ သေချာပေါက် မပြောရဲပေ။

မောင်နှမချင်း တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက် နန်ကျဲ့က ထိုအကြောင်းကို သိပ်စဉ်းစားပုံ မပေါ်ပဲ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။ ဆက်သွားပါ”

သူက ရွဲ့စောင်းပြီး ဒေါသတကြီး ဖြစ်နေမည်ဟု သူမတွေးနေသော်လည်း အကြည့်ချင်း ဖလှယ်ပြီးသည့်နောက်တွင် သူ လေးနက် နေတာကို သူမ သတိပြုမိသွားသည်။

နန်ကျဲ့က ထိုအကြောင်းကို အရင်က မစဉ်းစားဖူးပေ။ တစ်မိနစ် အတွင်းမှာပင် သူက တကယ်ကို အများကြီး တွေးလိုက်သည်။

ဒီမိန်းကလေးက ထိုကဲ့သို့ ပြောလိုက်ပေမဲ့ သူက ယုံကြည်မှု မရှိပေ။ သူသာ သဘော မတူဘူးဆိုလျှင် မြို့တော်တွင် သူမ နေဖို့ မဖြစ်နိုင်အောင် လုပ်သည့် နည်းလမ်း မျိုးစုံ ရှိသည်။

သူတို့၏ အငယ်ဆုံး ဦးလေးက ညီအစ်ကို မောင်နှမချင်း ပဋိပက္ခ ဖြစ်တာကို မကြည့်ချင်ပေ။ အချိန်ကျလာလျှင် သေချာပေါက် သူ့ကို ကူညီရလိမ့်မည်။။

နန်ကောက နုံလွန်းသည်။

သို့သော်လည်း ဒုတိယအတွေး အနေဖြင့် နန်ကောသည် နောင်တွင် သူ၏ ဦးငယ်လေးနှင့် အတူ မနေနိုင်လျှင် ကျန်းမြို့ကို ပြန်လာဖို့ ဆန္ဒရှိမလားဟု သူ တွေးလိုက်သည်။

မဟုတ်ဘူး။ သူမ မလုပ်ဘူး။

သူမသည် အစတုန်းကတော့ ခေါင်းမာနေသေးသည်။ သူ၏ အတားအဆီးများနှင့် တွဲကာ သူမ၏ နှလုံးသားထဲတွင် အာဃာသများဖြင့် သူ့ကို ဆန့်ကျင်ဖို့ ဖြစ်နိုင်သည်။

ထိုခြေထောက်များမှာ သူမ ကိုယ်တိုင်သာ ဖြစ်ပြီး နိုင်ငံခြားကို ပြေးရလောက်အောင် နှလုံးသား မဲ့နေပေလိမ့်မည်။

211 03

နှိုင်းယှဉ်ကြည့်လျှင် သူမ မြို့တော်တွင် နေမည်ဆိုလျှင် အနည်းဆုံးတော့ သူမဦးငယ်လေး၏ နယ်မြေ ဖြစ်သည်။ သူမကို ကာကွယ်ပေးမည့် လူတစ်ယောက် ရှိသည်။

နန်ကောသည် သက်ပြင်းချဖို့ ကြိုးစားနေချိန်မှာပင် နန်ကျဲ့ ပြောတာကို ကြားလိုက်ရသည်။

“ဒါပေမဲ့ ငါ့မှာ အခြေ‌အနေ တစ်ခု ရှိတယ်”

“ဘာလဲ”

နန်ကော မျက်မှောင် ကြုတ်လိုက်သည်။

“ဘွဲ့ရပြီးရင် ငွေးကြေး လုပ်ငန်းကို မဝင်ချင်ဘူးလား။ နင်ကိုယ်တိုင် လုပ်ကြည့်ချင်တယ် ဆိုရင် ကျောင်းပြီးသွားရင် နင့်ကို တစ်နှစ်ပေးမယ်။ မိသားစု ဒါမှမဟုတ် ဦးငယ်လေးကို အားမကိုးဘဲ တစ်နှစ် အတွင်းမှာ သန်းနှစ်ဆယ် ဝင်ရမယ်။ နင် အဲဒီ ဝင်ငွေ မရဘူးဆိုရင် အိမ်ပြန်လာရမယ်”

နန်ကော၏ အသက်ရှူသံများ ရပ်တန့်သွားသည်။

“ငါက အခုမှ ဘွဲ့ရတာလေ။ ဘယ်လိုလုပ်….”

“ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ရှန်ရန်ချင်းကို သူသာ နင့်အရွယ်တုန်းကဆိုရင် ဖြစ်နိုင်မလား သွားမေးလိုက်ဦး”

နန်ကောက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

သူမက ရှန်ရန်ချင်းနဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ။

“ကောင်းပြီ ဆယ်သန်းလဲ အဆင်ပြေပါတယ်”

သူက အမြန် နောင်တရကာ ပြန်ပြောလိုက်သည်။

“အဲဒါက အရေးမကြီးပါဘူး။ ငါ မြင်ချင်တာက နင့်ရဲ့ ဆုံးဖြတ်ချက်ပဲ။ နင့် အဝေးကြီး မပြေးနိုင်ဘူးဆိုရင် ဘာမှ မလုပ်ဘဲ အချိန်အကြာကြီး အပြင်မှာ နေရမှာ မဟုတ်ဘူးလား”

မျက်နှာပြင်ပေါ်ရှိ သူမ ဦးငယ်လေးကို အားမကိုး နိုင်သော်လည်း သူမ ဦးငယ်လေးက ပတ်ဝန်းကျင်ရှိ လူများကို မိတ်ဆက်ပေးထားတာ ကြာပြီ ဖြစ်သည်။ သူမတွင် အဆက်အသွယ် ရှိသည်။

နန်ကော အလုပ် ကြိုးစားပြီး တစ်ခြားအဖွဲ့ကို ပြောင်းရွေ့ရန် သူမ၏ အရည်အချင်းကို အသုံးပြုနေသ၍ သူမဦးငယ်လေး၏ သူငယ်ချင်းများ အားလုံးက သူမကို မျက်နှာသာ ပေးရန် သူတို့ အတွက် မခက်ခဲပေ။

သူမ၏ အငယ်ဆုံး ဦးလေးနှင့် အခြားသူများနှင့် အတူ နန်ကော အလုပ်ကြိုးစားဖို့ ဆန္ဒရှိသ၍ သူမသည် အခြေခံအားဖြင့် ပိုက်ဆံ ကောက်ရုံသာ ဖြစ်သည်။ ထို့ကြောင့် သူက သူမအတွက် ခက်ခဲသော အရာများကို မလုပ်ခဲ့ပေ။

နန်ကောက ချက်ချင်း သဘောတူလိုက်သည်။

ညစာစားပြီးနောက်တွင် နန်ကျဲ့က သူမကို ရှန်ရန်ချင်းဆီသို့ လိုက်ပို့လိုက်သည်။

အောက်ထပ် ကားထဲတွင် နန်ကောသည် သူမ၏ ထိုင်ခုံ ခါးပတ်ကို ဖြုတ်ကာ ကားထဲမှ ဆင်းရန် ပြင်လိုက်သည်။

နန်ကျဲ့သည် သူမ၏ ဘေးတွင် ထိုင်ကာ စီးကရက် တစ်လိပ်ကို မီးညှိလိုက်သည်။

“နင် ကောလိပ် ဝင်ခွင့် စာမေးပွဲ ဖြေခဲ့တဲ့ အချိန်က နင်နဲ့ငါ စစ်အေးတိုက်ပွဲ ဖြစ်ခဲ့တဲ့ နောက်ဆုံး အချိန်ပဲ”

နန်ကောက သူမ လုပ်နေတာကို ရပ်လိုက်သည်။ သူမက ဂရုတစိုက် ပြန်စဉ်းစားကာ ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တုန်းက နန်ကျဲ့သည် သူမအား စာလေ့လာရန် ဖိအားပေးခဲ့သည်။ နေ့တိုင်း စာလေ့လာဖို့ ပြောတာက လွဲလို့ နှစ်ယောက်သား တစ်ခြား အပြန်အလှန် မဆက်ဆံကြသည့် အချိန်များလည်း ရှိသည်။

သူမသည် သူ ဝယ်လာသမျှ အစားမှန်သမျှကို စားပြီး သူ့ကို လျစ်လျူရှုခဲ့သည်။ နန်ကျဲ့က သူမကို ချော့‌ဖို့ရာ စိတ်အနှောက်အယှက် မဖြစ်နိုင်ပေ။

ထို့ကြောင့် စစ်အေး တိုက်ပွဲမှာ ရက်အနည်းငယ် ကြာခဲ့သည်။

သို့သော်လည်း ၎င်းမှာ အခုတစ်ခါလောက်တော့ မပြင်းထန်ပေ။

ယခုတစ်ခါကတော့ အတော်ကို ကြာသည်။

“နင် ငါ့ကို မုန်းနေလား”

သူမ ဖြေတော့မည့် အချိန်တွင် နန်ကျဲ့က လှည့်လာသည်။

“ရပါတယ်။ အမှန်အတိုင်း ပြောလို့ရတယ်။ ငါက သုံးနှစ် အရွယ် ကလေး မဟုတ်ပါဘူး”

နန်ကောက လေးလေးနက်နက် စဉ်းစားကာ မေးလိုက်သည်။

“အခုကို ပြောတာလား”

“အမ် ဟမ်”

“တကယ် မဟုတ်ဘူး”

၎င်းမှာ မလေးနက်ပေ။

“ယုတ္တိဗေဒကို ငါနားလည်တယ်။ နင်က ဘာအမှားမှ မလုပ်ဘူးလေ”

နန်ကော၏ အသံက သုန်မှုန်နေသည်။

“ပြီးခဲ့တဲ့ အချိန်တွေအတွက် နင် ဒါမှမဟုတ် အဖေနဲ့ အမေကို ငါ အပြစ် မတင်ပါဘူး။ အခုတော့ နည်းနည်း နောင်တရတယ်”

နန်ကျဲ့၏ လက်များက စီးကရက်ကို ကိုင်ရင်း တုန်ခါနေသည်။

“နောင်တလား”

နန်ကောသည် သူမ၏ ခေါင်းကို မော့ကာ သူ့ကို ပြုံးပြလိုက်သည်။

“နင်နောက်မှ ပြီးတော့ သူတို့နဲ့ စောစော ဝေးကွာသွားလို့ နောင်တရတယ်”

******

All Chapters