← Chapters

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း ၂၁၃

Vol. 22 Ch. 213

213 01

အပိုင်း (၂၁၃) ဘွဲ့ရပြီးမှ လက်ထပ်ကြမယ်

ဟွားရှန်ဂရုတွင်လည်း မြို့တော်တွင် ဌာနခွဲ ကုမ္ပဏီ တစ်ခု ရှိသည်။ တကယ်တော့ ရှန်ရန်ချင်းက ထိုနေရာကို ပုံမှန် သွားဖြစ်သည်။

နန်ကောသည် အနာဂတ်တွင် သူမ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ရေရှည်တွင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်မည်ဆိုလျှင် ဘာအကြောင်းပြချက်ကိုပဲ သုံးသုံး ကိစ္စမရှိဘဲ သူမနှင့် တွေ့ဖို့ရာ လွယ်ကူပေလိမ့်မည်။

သူမက ထောင်ထဲသွားတာ မဟုတ်ဘဲ ထိုနေရာတွင် ကျောင်းတက် အလုပ်လုပ်တာ ဖြစ်သည်။

သူတို့ တွေ့ချင်တယ်ဆိုရင် မုန့်လုပ်သလိုတော့ လွယ်ကူမှာ မဟုတ်ပေ။

ထိုအကြောင်းကို ပြောပြီးနောက် နန်ကောက တော်တော်နှင့် အိပ်မပျော်တော့ပေ။ သူမက မနေနိုင်တော့ဘဲ သူ့ကို မော့ကြည့်လိုက်သည်။

သူမက သူ၏ ရင်ခွင်ထဲသို့ ကွေးဝင်သွားသည်။ ထိုရှုထောင့်မှ ကြည့်လျှင် သူ၏ မျက်နှာ သွင်ပြင်ကို ဝိုးတဝါးသာ မြင်နိုင်သည်။

“အဲလိုပြောမှ ရှင် ဘယ်အချိန် လက်ထပ်မယ် ဆိုတာကော တွေးပြီးပြီလား”

ထိုလူက ရပ်သွားကာ သူ၏ ခေါင်းကို မြန်မြန် ခါလိုက်သည်။

“အခုတော့ မဟုတ်သေးဘူး”

“အဲဒါက မင်းအပေါ်မှာ အဓိက မူတည်တယ်”

နန်ကောက စိတ်ရှုပ်ကာ ညည်းလိုက်သည်။

“သင့်တော်ပြီလို့ မင်းတွေးမိတဲ့ အချိန်တိုင်း ကိုယ့်ကို သဲလွန်စ ပေးလို့ ရပါတယ်။ အဲဒီအချိန်ကျရင် ကလက်ထပ်ဖို့ အကြောင်း စပြီး စဉ်းစားပါ့မယ်”

ထိုကိစ္စက နန်ကောပေါ်တွင် မူတည်နေသေးသည်။

တကယ်တော့ သူတို့ နှစ်ဦးကြားတွင် ရှစ်နှစ်တာ ကွာခြားချက် ရှိသည်။ သူမက ငယ်သေးပြီး စောစောစီးစီး အိမ်ထောင်ပြုဖို့ကို အာရုံ မစိုက်သင့်ပေ။

ထို့ကြောင့် သူက ထိုအကြောင်းကို အများကြီး မတွေးပေ။ နန်ကောသည် သူမကို တစ်ချိန်လုံး ချည်နှောင်ထားသည့် ကြိုးတစ်ခုဟု တွေးပြီး ဖိအားများ ခံစားနေရမည်ကို စိုးသောကြောင့် သူက အချိန်အတိုင်းအတာ တစ်ခုကို အစပျိုး ပြောခြင်း မပြုလုပ်ခဲ့ပေ။

ထိုသို့ ကြားပြီးနောက် နန်ကောက တကယ်ကို စတင် တွေးလိုက်သည်။

“ဘွဲ့ရပြီးရင်။ ဘွဲ့ယူပြီးတဲ့ အထိ ကျွန်မကို စောင့်ရင်ကော ဘယ်လိုလဲ”

“ကောင်းပြီ”

ရှန်ရန်ချင်းက အချိန်ကို တွက်ချက်လိုက်သည်။ ၎င်းမှာ အချိန်ကောင်း ဖြစ်သည်။

အခုတော့ သူတို့ တွဲနေတာ တစ်နှစ်နီးပါး ရှိပြီ ဖြစ်သည်။

ဘွဲ့လွန်ကျောင်းမှ သူမ ဘွဲ့ရပြီးသော အချိန်တွင် သူတို့နှစ်ယောက် သူတို့နှစ်ယောက် အတူရှိတာ လေးနှစ်ခန့် ရှိလိမ့်မည်။ အိမ်ထောင်ရေး အကြောင်းပြောဖို့ အချိန် ဖြစ်သည်။

“ဒါဆို မင်း ဘွဲ့ယူပြီးတာကို ကိုယ်စော င့်ပါ့မယ်။ ကိုယ် ကြိုတင်ပြီး စီစဉ် ထားလိုက်မယ်။ မင်း ဘွဲ့ယူပြီးတဲ့ အချိန်ရောက်ရင် ကိုယ့်မိဘ‌တွေနဲ့ ကိုယ် မင်းမိသားစုဆီကို လာလည်မယ်”

နန်ကော မျက်တောင်ခတ်ကာ ကြောင်သွားသည်။ ခဏကြာပြီးနောက် သူမက ညင်သာစွာ အကြောင်းပြန်လိုက်သည်။

“ကျွန်မက ဘွဲ့လွန် ကျောင်း အကြောင်းကို မပြောဘူးလေ။ ကျွန်မ ပြောတာက နောက်နှစ်ကို ပြောတာ”

“အဲဒါက နည်းနည်းလေး မစောလွန်းဘူးလား”

ထိုသို့ ရှန်ရန်ချင်းသည် သူ၏ စကားလုံးများ မရေရာသည်ကို သဘောပေါက်သွားကာ မြန်မြန် ရှင်းပြလိုက်သည်။

“ဒါက ကိုယ် စေတနာနဲ့ပါ။ မင်းက ငယ်သေးတယ်လို့ ကိုယ်တွေးမိလို့ပါ”

“ကျွန်မ အဆင်ပြေပါတယ်”

သူဆိုလိုတာကို နန်ကော နားလည်‌သွားသောကြောင့် ဒေါသမထွက်တော့ပေ။

သူမသည် လဲလျောင်းပြီး ထိုကဲ့သို့ စကားပြောရတာ သက်တောင့်သက်တာ မရှိသလို ခံစားရတာ ဖြစ်နိုင်သည်။ သူမသည် စောင်ကို မကာ မတ်တပ်ရပ်လိုက်သည်။ သူ၏ လက်မောင်းပေါ်တွင် ဘာမှ မရှိတော့သည့် အချိန်၌ ရှန်ရန်ချင်းက ထကာ မီးဖွင့်လိုက်သည်။

နန်ကောသည် တင်ပျဉ်ခွေ ထိုင်ကာ လေးနက်သော အမူအရာဖြင့် သူ့ကို မျက်နှာ မူလိုက်သည်။

“ရှင်းရှင်းလင်းလင်း ပြောရအောင်။ ကျွန်မ ရှင်နဲ့ ဟာသ မလုပ်ချင်ဘူး”

213 02

သူမသည် လက်ချောင်း တစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး သူ၏ မျက်လုံးရှေ့တွင် တည်ငြိမ်စွာ ဝှေ့ယမ်းပြလိုက်သည်။

“ကျွန်မရဲ့ အတန်းဖော် တစ်ယောက်က မနှစ်ကမှ အသက်နှစ်ဆယ် ပြည့်ပြီး အိမ်ထောင်ကျခဲ့တယ်။ သူမက ဒီနှစ်မှာ ကိုယ်ဝန်တောင် ရှိနေပြီ။ ပြီးခဲ့တဲ့ နှစ်ရက်က အတန်းထဲမှာ ကိုယ်ဝန် ရှိနေတာကို တွေ့လိုက်တယ်”

“အိမ်ထောင်ပြုတဲ့ အချိန်ဆိုတဲ့ ကိစ္စကို ကျွန်မ မတွေးဘူး။ မှန်ကန်တဲ့ လူနဲ့ တွေ့ပြီး နှစ်ဖက် မိဘတွေ သဘောတူနေသ၍ ပြဿနာ ရှိမှာ မဟုတ်ဘူး”

“တွန်းအား တစ်ခုသာ ရှိမယ် ဆိုရင် ပြီးတော့ ဒီအသက်အရွယ်ဟာ အိမ်ထောင်ပြုလို့ တကယ်ကို မကောင်းဘူးလို့ ကျွန်မ ထင်တယ်။ ဒါပေမဲ့ ကျွန်မကတော့ အဲလို မဟုတ်ဘူး”

“ကိုယ် မင်းကို မမေးခင် ဒါကို သေသေချာချာ စဉ်းစားပြီးသွားပြီ”

“ဒါပေမဲ့”

သူမ၏ မေးစေ့ကို ထိကာ မျက်လုံးချင်း မဆုံမိအောင် ရှောင်လိုက်သည်။

“ကျွန်မအတွက် အဲဒါကို ပြောရတာ နည်းနည်းတော့ ရှက်ပေမဲ့ ကျွန်မတို့ တစ်ယောက်ကိုယ် တစ်ယောက် စိတ်ပြင်ဆင်ထားပြီးသား ဆိုရင် တစ်နှစ် စောတာနဲ့ နောက်ကျတာ ကြားမှာ ကွာခြားချက် မရှိပါဘူး။ ကျွန်မက ငယ်သေးတယ် ပြီးတော့ အစကတော့ စောစောစီးစီး အိမ်ထောင် မပြုချင်ဘူး။ ဒီလို အရာမျိုးက ကျွန်မနဲ့ အရမ်း ဝေးတယ်လို့တောင် ခံစားရတယ်။ ကျွန်မ အသက်၃၀လောက်မှ ဒီအကြောင်းကို တွေးမိတာတောင် ဖြစ်ကောင်း ‌ဖြစ်နိုင်တယ်။ ဒါပေမဲ့ ရှင်နဲ့ ရှိလာပြီးတဲ့နောက် အိမ်ထောင်ရေးက ကျွန်မကို ထောင်ချောက်ဆင်တဲ့ လှောင်ချိုက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်မ မထင်ဘူး”

“ရှင် ကျွန်မကို ချစ်တယ်။ ပြီးတော့ ကျွန်မလည်း ရှင့်ကို ချစ်တယ်။ ရေရှည် ပူးပေါင်း ထည်ထောင်ဖို့က ကျွန်မတို့ အတွက်ပဲ မဟုတ်ဘူးလား”

“အဲဒါကြောင့်ပဲ ကျွန်မတို့ ဆက်ဆံရေးက တည်ငြိမ်လိမ့်မယ်။ အနာဂတ်မှာ ဘယ်လိုပဲ ဖြစ်နေပါစေ ကျွန်မကတော့ အခု အဲ့လိုပဲ တွေးတယ်”

၎င်းကို အရိပ်အမြွက်မှု မစဉ်းစားတော့ဘူးလား”

သူမသည် မျက်နှာချင်းဆိုင်ရှိ လူကို တစ်ချက် ခိုးကြည့်လိုက်ပြီး ထိုအခြေ‌အနေတွင် ထိုလူက တစ်စုံတစ်ရာ ပြောလိမ့်မည်ကို မျှော်လင့်နေသည်။

တစ်ခုခု ပြောလေ။

သူ ဘာလို့ ဘာမှ မပြောတာလဲ။

နန်ကောက စိတ်လှုပ်ရှားစွာဖြင့် သူမ၏ လက်ချောင်းများကို ကိုက်လိုက်သည်။

သူမက သူ့ကို ကြောက်သွားတာလား။

သူက အိမ်ထောင် မပြုချင်တော့တာများ ဖြစ်နိုင်မလား။

ဒါ မဖြစ်သင့်ဘူး။ သူမ တက္ကသိုလ်က ဘွဲ့ရပြီးသော အချိန်တွင် သူသည် အသက်၃၀လောက်ရှိလိမ့်မည်။

သူက သူမထက် ပို၍ စိတ်စောသင့်သည်။

သူတို့ နှစ်ယောက်၏ အတွေးများက ကွဲပြားနေသည်။

ရှန်ရန်ချင်းက ဘာကိုမှ မကန့်ကွက်ပေ။ ဘွဲ့ရပြီးနောက် လက်ထပ်မည် ဆိုလျှင် သူသည် ယခုကစ ပြင်ဆင်ရလိမ့်မည်ဟု သူတွေးနေသည်။

အိမ်ထောင် မပြုခင်မှာ နှစ်ဖက် မိဘတွေ တွေ့ဆုံပြီး စေ့စပ် ဆွေးနွေးရမည်။

ကျင်းပမည့် နေရာ၊ မင်္ဂလာဆောင် ဝတ်စုံနှင့် တခြား ကိစ္စများသည် တစ်နှစ်ပတ်လုံး ဝေးကွာသည်ဟု ထင်ရသော်လည်း အချိန်မှာ နည်းနည်းတော့ ကြပ်နေပြီ ဖြစ်သည်။

ရှန်ရန်ချင်းက နန်ကျဲ့၏ အမူအရာကို သတိမထားမိပေ။ သူက အိမ်ထောင်ရေးကို အသေးစိတ် လေးလေးနက်နက် စဉ်းစားနေသည်။

ဘွဲ့ရပြီးသည့်နောက် လက်ထပ်လျှင် ၎င်းမှာ နွေရာသီ ဖြစ်သည်။

၎င်းမှာ လက်ထပ်ဖို့ရာ ကောင်းသော လဖြစ်သည်။ ၎င်းမှာ အပူဆုံးတော့ မဟုတ်သေးပေ။

သူက ထိုအကြောင်းကိုတောင် တွေးနေသည်။

နန်ကောသည် လက်ထပ်ဖို့ကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ခဲ့တာ မဟုတ်သည်မှာ သိသာသော်လည်း သူမက သိပ်အဝေးကြီး မတွေးခဲ့ပေ။ ပြဿနာကို သူမ၏ လက်ထဲတွင်သာ မြင်နိုင်သည်။

သို့သော်လည်း ရှန်ရန်ချင်းက ကွဲပြားသည်။ ထို “အရိပ်အမြွက်” ကို လက်ခံပြီးသည့် နောက်တွင် သူ၏ ပင်ကိုယ် စရိုက်ကြောင့် ပို၍ စဉ်းစားလာသည်။

အချိန်ရှိသေးတာကို အတည်ပြုပြီးသည့် နောက်တွင် ရှန်ရန်ချင်းက သူ၏ အတွေးများကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

“မင်း ဘွဲ့ရပြီးတဲ့နောက် ကိုယ်တို့ လက်ထပ်ကြမယ်။ နောက်တစ်နှစ်ဆိုတော့ အေးအေးဆေးဆေး စာသင်ပါ။ ကျန်တာ ကိုယ် စီစဉ်လိုက်မယ်”

“ဟမ်”

နန်ကော ကြောင်သွားသည်။ စီစဉ်မယ်။ ဘာကို စီစဉ်မှာလဲ။

ရှန်ရန်ချင်း တွေးထားသလိုပင် နန်ကောသည် ထိုဆုံးဖြတ်ချင်ကို ချပြီး ဘယ်လို ပြဿနာများ ပေါ်လာမလဲဆိုတာကို မစဉ်းစားထားပေ။

သူမ၏ အမြင်တွင် လက်ထပ်တာက မခက်ခဲပေ။ ၎င်းမှာ လက်ထပ်မှတ်ပုံတင်ခြင်းနှင့် မင်္ဂလာပွဲ ကျင်းပခြင်းထက် ဘာမှ မပိုပေ။

ရှန်ရန်ချင်းက မင်္ဂလာ ပွဲရှိ ရာသီဥတုနှင့် အပူချိန် နယ်ပယ် နှစ်ခုလုံးရှိ မတူညီသော ဓလေ့များကိုပင် ထည့်သွင်း စဉ်းစားခဲ့ကြောင်း သူမ မသိသေးပေ။

အရေးကြီးဆုံး အရာမှာ သူတို့၏ အိမ်ထောင်ရေး ဖြစ်သည်။

213 03

နန်ကောသည် သူနှင့် ခဏတာ စကားပြောပြီးနောက်တွင် အိပ်ငိုက်လာသည်။ သူမ အိပ်ပျော်သွားပြီးနောက် ရှန်ရန်ချင်းက ထပြီး ဘေးအခန်းရှိ စာလေ့လာရန် သွားလိုက်သည်။

အလွန် နောက်ကျ‌နေပြီ ဖြစ်သော်လည်း သူ၏ အဖေကို အရေးတကြီး ခေါ်လိုက်သည်။

မစ္စတာရှန်လည်းပဲ သူ လက်ထပ်တော့မှာကို ကြားသည့် အချိန်တွင် ကြောင်သွားသည်။

သားအဖ အမြင်အရ အိမ်ထောင်ပြုခြင်းသည် ဘဝ၏ သာမန် အဆင့်သာဖြစ်သည်။ တစ်နှစ် သို့မဟုတ် နှစ်နှစ်လောက် တွေ့ပြီး လက်ထပ်ခြင်းမှာ သာမန် လူများသာ ဖြစ်သည်။ သို့သော်လည်း နန်ကောသည် ငယ်သေးသည်ဟု နှစ်ယောက်လုံးက ထင်မြင်ခဲ့ကြပြီး နန်မိသားစုက နန်ကော စောစောစီးစီး လက်ထပ်မည်ကို သဘောမတူကြပေ။

“သေချာပြီလား”

မစ္စတာ ရှန်က သူတို့ နှစ်ယောက် စနောက်နေ‌သည်ဟု ခံစားမိနေဆဲ ဖြစ်သည်။

“အိမ်ထောင်ရေးက လေးနက်တဲ့ ကိစ္စ ဖြစ်တာကြောင့် အဲဒီအကြောင်း သူမကို ပြောပြပေးဖို့ လိုလိမ့်မယ်”

“ကျွန်တော်တို့ အတည်ပြုပြီးသွားပြီ။ ကျွန်တော် မကြာခင်မှာ နန်မိသားစုရဲ့ အကြီးအကဲတွေကို ပြောပြမှာပါ။ အချိန်ကျရင် အဖေနဲ့ အန်တီဝမ်ကို သွားလည်ပြီး နောက်ဆက်တွဲ ကိစ္စတွေကို ဆွေးနွေးပေးဖို့ ပြောမှာပါ”

ထိုသို့ ကြားပြီးနောက် အဖိုးကြီးရှန်က အသက်ပြင်းပြင်း ရှူကာ ပြုံးလိုက်သည်။

“ကောင်းပြီ”

သူ့သားက သူ့ကို လိုအပ်တာကြောင့် ပျော်နေသေးသည်။

မင်္ဂလာပွဲကို ပျော်ရွှင်စရာ အခါသမယ တစ်ခုဟု မပြောနိုင်ပေ။

“မြန်မြန်လုပ်ပြီး နန်မိသားစုနဲ့ အချိန်ကို သတ်မှတ်လိုက်တော့လေ။ အန်တီဝမ်နဲ့ အဖေ နှစ်ယောက်လုံးက မကြာမကြာ အားတယ်။ သူတို့အားတဲ့ အချိန်ကို မေးကြည့်လိုက်လေ”

ဖုန်းချပြီးသည့်နောက်တွင် မစ္စတာ ရှန်သည် သူ၏ ဖုန်းကို ချလိုက်ပြီး စိုးရိမ်ပူပန်နေသော ဝမ်ချန်ယုကို ကြည့်လိုက်သည်။

“ယန်ကျန်းက အရမ်း မိုးချုပ်မှ ဖုန်းခေါ်တာ။ အရေးတကြီး တစ်ခုခု ရှိလို့လား”

“အမ်ဟမ်”

မစ္စတာ ရှန်က သူ၏ အပြုံးကို မဖုံးထားနိုင်တော့ပေ။

“မနက်ဖြန်ကျရင် လက်ဆောင်တွေ စပြီး ပြင်ဆင်ဖို့ မင်းကို ဒုက္ခပေးရလိမ့်မယ်။ ‌သိပ်မကြာခင်မှာပဲ မင်းနဲ့ ငါက ကျန်းမြို့က နန်မိသားစုဆီ အလည်သွားဖို့ ယန်ကျင်းနဲ့ လိုက်သွားရလိမ့်မယ်”

ဝမ်ချန်ယု မျက်လုံးများ ပြူးသွားသည်။ သူမသည် သဘောပေါက်သွားကာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

“သူတို့ စေ့စပ်ကြတော့မှာလား”

******

All Chapters