အခန်း ၂၁၅
Vol. 22 Ch. 215
215 01
Chapter 215 ယောက္ခမ၊ယောက္ခထီးတွေနဲ့တွေ့ဆုံခြင်း။
လက်ထပ်ခွင့် တောင်းတာပဲ ဖြစ်ဖြစ်၊လက်ထပ်ပွဲပဲ ဖြစ်ဖြစ် ရှန်ရန်ချင်းဟာ ပန်းတွေ ထားချင်တယ်။
“ဒါပေမဲ့ မင်းရဲ့အလတ်ဂျစ်...” လက်ထောက်ယွမ်ဟာ နည်းနည်း စိုးရိမ်တယ်။
“ရတယ်။ ဒါ တစ်သက်မှာ တစ်ခါပဲလေ။ ငါသာ ထိန်းထားရင် ကျော်ဖြတ်နိုင်ပါတယ်” သူ နန်ကောကို ပေးနိုင်သမျှအကောင်းဆုံးကို ပေးချင်တယ်။
ဒါကြောင့် နှင်းဆီတွေကို မသုံးစရာအကြောင်းမရှိဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ရှန်ရန်ချင်းဟာ အဆုံးမှာတော့ ခေါင်မိုးထပ်ပေါ်မှာ လက်ထပ်ခွင့် တောင်းရမလားဆိုတာကို ဆုံးဖြတ်ချက် မချခဲ့ဘူး။သူ စဉ်းစားနေတုန်းဖြစ်ပြီး ဒီနေရာကို ရွေးချယ်စရာတွေထဲက တစ်ခုအနေနဲ့ လျာထားရုံပဲ။
လက်ထောက်ယွမ်ဟာ နားလည်တယ်။လက်ထပ်ခွင့် တောင်းတဲ့ကိစ္စဆိုတာ အတည်ယူရမယ်။
ဒါပေမဲ့လည်း သူ နည်းနည်းတော့ သိချင်နေတယ်။ “ဥက္ကဌရှန် မင်း ဘယ်အချိန် လက်ထပ်ခွင့် တောင်းဖို့ စီစဉ်ထားလဲ”
နေရာဟာ ယာယီ မသေချာသေးသလို ပလန်ဟာလည်း မသေချာသေးဘူး။ဒါဆို အချိန်ကရော။
ရှန်ရန်ချင်းဟာ ခဏလောက် တွေးပြီး ပြန်ပြောတယ်။ “နန်ကော မွေးနေ့ရောက်တော့မယ်”
“အာ” လက်ထောက်ယွမ်ဟာ နားလည် သွားတယ်။နန်ကောမွေးနေ့က ဘယ်နေ့လဲဆိုတာကို သူ မသိပေမဲ့ လကိုတော့ သိတယ်။
“ဒီဇင်ဘာ...ဒါဆို မိန်းကလေးနန်ကောက Sagi ပဲ”
“ဒီနက္ခတ်က ဘာတွေ ထူးခြားလို့လဲ?”
လက်ထောက်ယွမ်ဟာ ဒီတိုင်းပဲ ပြောလိုက်တာ ဖြစ်တယ်။ရှန်ရန်ချင်း ဆက်မေးလာလိမ့်မယ်လို့ မထင်ထားဘူး။တခဏလောက် စဉ်းစားကြည့်လိုက်ပြီး သူက ပြောလာတယ်။ “ကျွန်တော် အထက်တန်းတုန်းက အခန်းထဲက မိန်းကလေးတွေ ဒါလေ့လာရတာကို ကြိုက်ကြတယ်။ ကျွန်တော်လည်း သူတို့နဲ့အတူ အဲဒီအကြောင်း ဖတ်ကြည့်ဖူးတယ်။ ကျွန်တော် မှတ်မိတာကတော့ Sagittarius မိန်းကလေးတွေက အခြားလူတွေကို ကတိတွေ ပေးရတာ မကြိုက်ဘူးတဲ့”
“သူတို့က ချုပ်တည်းထားရတာကို မကြိုက်ဘူး။ မိသားစု ဖြစ်ဖြစ်၊အချစ် ဖြစ်ဖြစ် သူတို့က လွတ်လပ်ခွင့်ကို ပိုတောင့်တကြတယ်။ ဒါပေမဲ့ သူတို့ဘက်ကစပြီး ကတိပေးတာ ဖြစ်ဖြစ်၊ပြောင်းလဲတာ ဖြစ်ဖြစ် လုပ်လိုက်ပြီဆိုရင် အဲဒါ သူတို့ တစ်ဖက်လူကို အရမ်းချစ်လို့ပဲတဲ့”
“ဒါကြောင့် လက်ထပ်ဖို့ အကြောင်းပြောတော့ မိန်းကလေးနန်ကောက မင်းကို အရမ်းချစ်တာပဲ ဖြစ်ရမယ်”
ရှန်ရန်ချင်းဟာ နန်ကော အရင်တစ်ခေါက်က ပြောခဲ့တာကို ပြန်မှတ်မိသွားတယ်။ “Sagittarius နဲ့ Cancer က ကိုက်ညီလား”
“အမ်...”
လက်ထောက်ယွမ်ဟာ ခဏရပ်လိုက်ပြီး ပါးပါးနပ်နပ်နဲ့ ဆက်ပြောတယ်။ “Cancer တွေက ပိုပြီး အိမ်ကပ်တယ်။ Sagiတွေကကျ အပြင်လောကကို ပိုနှစ်သက်လောက်တယ်”
“ဒါပေမဲ့ ဒါက ၁၀၀ရာခိုင်နှုန်း တိကျတာတော့ မဟုတ်ဘူး”
တစ်ယောက်ဟာ တစ်ဖက်လူကို အနားမှာ ထားချင်ပြီး နောက်တစ်ယောက်ဟာတော့ မြင့်မြင့်နဲ့ ဝေးဝေးကို ပျံသန်းချင်တာ။
သူမဟာ ဒါကို တွေးမိတာမို့ နန်ကော သူ့ကို ရုတ်တရက်ကြီး တတ်နိုင်သမျှ အမြန်ဆုံး လက်ထပ်ချင်တာလားဆိုတာကို ရှန်ရန်ချင်း မသိဘူ။ဒါဆို သူမဟာ သူ့ကို လုံခြုံစိတ်ချရမှုကို ပေးချင်ခဲ့တာပေါ့...။
ဒါဟာ တကယ်ကိုပဲ တက္ကသိုလ်က ဘွဲ့ရပြီးတာနဲ့ နန်ကော လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းအရင်း တစ်ခုဖြစ်မယ်။
လက်ထပ်ဖို့ ဆုံးဖြတ်ချက် ချပြီးတဲ့နောက်မှာတော့ နန်ကောဟာ စဉ်းစားကြည့်ပြီး နန်ကျဲ့ကို အရင်ဆုံး ဖုန်းခေါ်လိုက်တယ်။
သူမ စကားပြောပြီးတဲ့အခါ နန်ကျဲ့ဟာ ၅မိနစ်လောက် ငြိမ်ကျသွားခဲ့တယ်။
ဒီအချိန်အတောအတွင်း သူမတို့ထဲက တစ်ယောက် မတော်တဆ ဖုန်းချမိသွားပြီလို့တောင် နန်ကော ထင်လိုက်မိတယ်။သူမ နန်ကျဲ့ကို ဘယ်လောက်ပဲ ခေါ်ခေါ် သူ့ဘက်က စကားပြောမလာဘူး။
၅မိနစ်လောက်ကြာတော့ သူဟာ အသက်ပြန်ရှင်လာပုံ ရတယ်။သူ သူမကို ဆူချင်ပေမဲ့ သူတို့နှစ်ယောက် ပြေလည်သွားတာ မကြာသေးတဲ့အကြောင်းကို တွေးမိတဲ့အခါ သူ ပြန်ချုပ်ထိန်း လိုက်ရတယ်။ “အရမ်း မြန်လွန်းတယ်လို့ မထင်ဘူးလား”
“ဒါမှမဟုတ် ရှန်ရန်ချင်း နင့်ကို လက်ထပ်ခွင့် တောင်းလို့လား။ သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ?”
“အချိန်ကာလကိုလည်း ကြည့်ပါဦး။ နင်တို့တွဲလာတာ ဘယ်လောက်ကြာပြီမလို့လဲ။ ၄၊၅နှစ်လောက်ကြာမှ အဲဒီအကြောင်း ပြောရအောင်”
“ဘာလို့ လောနေတာတုန်း။ နင် စိတ်ပြောင်းသွားပြန်ပြီလား။ ဘွဲ့လွန်ယူမဲ့အစား အချိန်ပြည့်အိမ်ရှင်မလေး ဖြစ်ချင်သွားတာလား?”
“၃နှစ်အတွင်း ကလေး၂ယောက် ယူပြီးတော့လေ”
သူ အောက်တန်းကျတာတွေ မပြောဘူးဆိုပေမဲ့လည်း ဒီစကားတွေဟာ နန်ကောကို စိတ်တိုသွားစေတယ်။
နန်ကော တစ်နေ့တစ်နေ့ ဘာတွေတွေးနေလဲဆိုတာ နန်ကျဲ့ တကယ် နားမလည်နိုင်ဘူး။
သူမရဲ့ ခေါင်းသေးသေးလေးထဲ ဘာတွေရှိလဲဆိုတာ သူမ သိဘူး။
အရင်ကရော အခုရော သူမဟာ အမြဲအသစ်တစ်ခုခုနဲ့ကို ဆက်တိုက် လာနေတော့တာ။
215 02
“မဟုတ်ဘူး။ ဘာပဲ ဖြစ်ဖြစ် ငါတို့ အနှေးနဲ့အမြန် လက်ထပ်မှာပဲလို့ ခံစားရရုံပဲ။ ငါတို့ စောစောလက်ထပ်လည်း ကိစ္စမရှိဘူး။ နောက်ပြီး အချိန်ကျလာလို့ရှိရင် ငါတို့က ခွဲနေရမှာ။ ငါတို့အချင်းချင်း အများကြီး ယုံကြည်တယ်ဆိုပေမဲ့လည်း ငါတို့ တစ်ယောက်ကို တစ်ယောက် လုံခြုံစိတ်ချရမှု ပေးထားရမယ်လေ”
“ငါ ဒီလိုပြောပြမယ်။ အစ်ကို တကယ်လို့ အစ်မချီယန်သာ အခု လက်ထပ်ချင်တယ်ဆို နင် အဲဒီအကြောင်းကို ၄၊၅နှစ်ကြာပြီးမှ ပြောချင်လား။ ဒါမှမဟုတ် အခု သဘောတူချင်လား”
ဒီအယူအဆက ဖြစ်မလာနိုင်ဘူး။ဒါပေမဲ့လည်း နန်ကျဲ့ဟာ အလေးအနက် တွေးကြည့်တုန်းပဲ။
သူ ဘာလုပ်မှာလဲ။ သေချာတာပေါ့။သူ သဘောတူမှာ။
လက်ထပ်ပြီးရင် လူတွေ သိပ်ရိုမန့်တစ်မဖြစ်ကြတော့ဘူးလို့ ဘယ်သူပြောလဲ။ သူတို့ရဲ့ ဆက်ဆံရေးကိုသာ ကောင်းကောင်းစီမံခန့်ခွဲရင် တွဲနေကြတုန်းကလိုမျိုး ချိုမြိန်လို့ ရနိုင်တာပဲ။
အထောက်အထား အသစ်တစ်ခုနဲ့ ထပ်ပေါင်းအပို လက်မှတ်တစ်ခုက လွဲရင် ကျန်တာ ဘာမှမထိခိုက်ဘူးလေ။
သူတို့ အတူရှိမလား မရှိဘူးလားဆိုတာ ဒီဆုံးဖြတ်ချက်အပေါ် မူတည်နေတာ မဟုတ်ဘူး။
အဲဒီလိုနဲ့ပဲ နန်ကောဟာ နန်ကျဲ့ကို သူနဲ့တွေ့ဖို့ စည်းရုံးလိုက်တယ်။ညရောက်တော့ နန်ကောဟာ အိမ်ကို ဖုန်းခေါ်တယ်။နန်ကျဲ့ဟာတော့ သူမမိဘတွေရဲ့အိမ်မှာ ကြားထဲက လော်ဘီတစ်ယောက် အနေနဲ့ပေါ့။
နန်ကော ရှန်ရန်ချင်းကို လက်ထပ်တော့မဲ့အကြောင်း သူတို့သိသွားတဲ့အခါ မစ္စတာနန်နဲ့ မစ္စနန်တို့ခေါင်းထဲ တဝီဝီ မြည်သွားတယ်။မသိတဲ့လူသာဆို နန်ကျဲ့ သူတို့ကို အခုလေးတင် ချုံခို တိုက်ခိုက်ခဲ့တယ်လို့တောင်ထင်မယ်။
သူတို့ ပြန်လည်သက်သာသွားတဲ့အခါ မစ္စတာနန်နဲ့ မစ္စနန်ဟာ တစ်ခုခုပြောချင်ပေမဲ့ တွန့်ဆုတ်နေမိတယ်။
သူတို့သမီး သူတို့ကို ထပ်ပြီးစကားပြောဖို့ဆိုတာ မလွယ်ဘူးလေ။သူတို့ အရမ်းကြမ်းလိုက်လို့ မရဘူး။
သူတို့နှစ်ယောက်လုံးဟာ အချိန်တစ်ခုလောက် တွေးတောကြည့်လိုက်ကြပြီး နောက်ဆုံးမှာတော့ ရှန်ရန်ချင်းဟာ သူတို့သမီးလေးကို အပ်နှံဖို့ ထိုက်တန်တဲ့ လူတစ်ယောက်လို့ ခံစားရတယ်။
အဆုံးမှာတော့ မစ္စတာနန်နဲ့ မစ္စနန်ဟာ ဘာမှမပြောခင် အံအရင် ကြိတ်လိုက်တယ်။သူတို့ဟာ နောက်ဆုံးတော့ ရက်စွဲကို ခက်ခက်ခဲခဲနဲ့ ထုတ်ပြောလိုက်တယ်။ “ဒါဆို နောက်အပတ်ကျ လုပ်ရအောင်။ သမီးလည်း အတန်းမရှိဘူးလေ။ သမီး သူ့ကို မေးကြည့်ပေးလို့ရလား”
“ရတာပေါ့” သူ့အဖေနဲ့ အန်တီ၀မ်တို့ နေ့တိုင်း အားနေတယ်လို့ ရှန်ရန်ချင်း ပြောတယ်။သူတို့ဟာ သူမရဲ့မိဘတွေဘက်က ပြောလာဖို့ကိုပဲ စောင့်နေကြတာ။
အချိန်နဲ့နေရာကို အတည်ပြုပြီးတဲ့နောက်မှာတော့ နန်ကောဟာ ဖုန်းချလိုက်တယ်။
သူတို့ ဖုန်းကျသွားတဲ့အခါ မစ္စတာနန်နဲ့မစ္စနန်တို့ဟာ ကြက်သေ သေနေဆဲ။၁၀မိနစ်လောက်ကြာသွားတော့မှ နှစ်ယောက်သား အသိပြန်၀င်လာပုံရပြီး ရုတ်တရက် စတင်ပြီး စိတ်လှုပ်ရှားတော့တယ်။
“သူ ရုတ်တရက်ကြီး လက်ထပ်မလို့လား။ ငါတို့ ခမည်းခမက်ကို အဲဒီလိုပဲ တွေ့လိုက်ကြမှာလား?”
မစ္စနန်ဟာ နှလုံးရှိတဲ့နေရာကို ထိလိုက်တယ်။မရပ်မနား ခုန်နေတုန်းပဲ။သူမဟာ အသက်ကို ပြင်းပြင်ရှူပြီး တစ်ခါ ထပ်ရှူသွင်းလိုက်တယ်။နည်းနည်း ရယ်စရာကောင်းတယ်လို့ သူမဟာ ခံစားနေရတုန်းပဲ။
ဒါပေမဲ့ သူတို့ အတည်ပြုပြီးပြီဆိုမှတော့ အခုမှ အများကြီး တွေးနေလည်း အလကားပဲ။
မစ္စတာနန်ဟာ တုန်ယင်နေတဲ့လက်နဲ့ လက်ဖက်ရည်တစ်ငုံ သောက်ပြီး အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားနေရှာတယ်။အဲဒီနောက် သူဟာ နောက်အပတ်ကျရင် မိသားစုနှစ်စု ဘယ်မှာ စားကြမလဲဆိုတာကို နန်ကျဲ့နဲ့အတူ ဆွေးနွေးတယ်။
ဒါဟာ အရေးကြီးကိစ္စ။
အဆုံးမှာတော့ သူတို့ဟာ ဒီကိစ္စကို နန်ကျဲ့ကိုင်တွယ်ဖို့သာ လက်လွှဲလိုက်တယ်။
နန်ကောဟာ သောကြာနေ့ မနက်စောစောမှာ ကျန်းမြို့ကို ပြန်တယ်။စနေနေ့ညရောက်တော့ သူမဟာ အိပ်ရာပေါ် လဲကာ တီဗီကြည့်နေရင်း ရှန်ရန်ချင်းနဲ့ ဖုန်းပြောနေတယ်။
“ရှင် ဒီနေ့ ဘာလုပ်နေတာလဲ။ စာပြန်တာ အရမ်းနှေးတယ်”
စနေ့နေမှာဆို သူ အလုပ်မလုပ်ပါဘူး။
ရှန်ရန်ချင်းဟာ အပြင်မှာရှိနေတုန်းပဲ။တစ်ယောက်ယောက် အနောက်ကနေ စကားပြောနေသံကို သူမ ကြားနေရတယ်။
“ရှင် ဘယ်မှာလဲ။ အိမ်အဟောင်းမှာ...”
မနက်ဖြန် ကျန်းမြို့ကို အတူသွားမှာ ဖြစ်တာကြောင့်မို့ ရှန်ရန်ချင်းဟာ ဒီညအိမ်အဟောင်းမှာ အိပ်မှာ ဖြစ်တယ်။ဒီနည်းက ပိုအဆင်ပြေတယ်လေ။
“မဟုတ်ဘူး” ရှန်ရန်ချင်းဟာ ဘေးနားကို လျှောက်သွားလိုက်ပြီး “ကိုယ်အိမ်အဟောင်းကို မသွားရသေးဘူး။ ကိုယ် အခု အိမ်လိုက်ကြည့်နေတာ”
“ဟမ်” နန်ကောဟာ ကြောင်သွားတယ်။
“ဘာ အိမ်”
“ကိုယ်တို့ လက်ထပ်ပြီးရင် နေမဲ့အိမ်” ရှန်ရန်ချင်းဟာ သူ့သူငယ်ချင်း၂ယောက်ရယ်၊အချိန်ပိုဆင်းနေတဲ့ လက်ထောက်ယွမ်ရယ်နဲ့အတူ အိမ်လာကြည့်တာ ဖြစ်တယ်။
“အာ” နန်ကောဟာ ခေါင်းကုတ်ပြီး အမြန်ထထိုင်လိုက်တယ်။ “ရှင့်ဆီမှာ ရှင့်နာမည်နဲ့ အိမ်တွေ အများကြီး ရှိတယ် မဟုတ်လား။ အဲထဲကတစ်ခုပဲ သုံးလို့ မရဘူးလား?”
“ကိုယ်တစ်နေ့က တစ်ချက်ကြည့်ခဲ့ပေမဲ့ တစ်ခုမှသင့်တော်တယ် မခံစားရလို့ ကိုယ့်သူငယ်ချင်းမှာ လက်ထဲ သင့်တော်တဲ့တစ်ခု ရှိတယ်ဆိုတာနဲ့ ကိုယ်အရင် တစ်ချက် လာကြည့်နေတာ။ အချိန်ကျရင် ကိုယ် ကောင်းတာလေးတွေကို စာရင်းအတိုလေး လုပ်ထားပြီး မင်းပါ ကြည့်ရအောင် ခေါ်လာမယ်”
သူဟာ အဆောက်အအုံကို အရင်စစ်ဆေးပြီး ဘေးပတ်၀န်းကျင်ကို အဓိက ထားကြည့်တယ်။
215 03
ရွေးဖို့က သူ နောင်မှ နန်ကောကို ခေါ်လာမယ်။
“ရှင် တစ်နေ့လုံး အိမ်လိုက်ကြည့်နေတာလား”
“ကိုယ် မနက်က လက်ထပ်ပွဲ စီစဉ်သူကို ဆက်သွယ်ပြီး နေ့လည်ကတည်းက အိမ်လိုက်ကြည့်နေတာ။ မင်းဆီက ဖုန်းလာတော့ ကိုယ်ပြန်ဖို့ လုပ်နေတာ”
နန်ကောတစ်ယောက် လန့်သွားတယ်။ “ရှင် လက်ထပ်ပွဲစီစဉ်သူတောင် ရှာထားတယ်ပေါ့လေ?”
“အဲဒါတင် မဟုတ်ဘူး။ ကိုယ်တို့ သတို့သမီး၀တ်စုံကုမ္ပဏီတွေနဲ့လည်း စကား ပြောကြည့်ပြီးပြီ”
******