← Chapters

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း ၂၁၆

Vol. 22 Ch. 216

216 01

Chapter 216 မိဘချင်းတွေ့ဆုံတာ။

အရိုးသားဆုံး ပြောရရင် သူမလက်ထပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီးကတည်းက လက်ထပ်ဖို့အတွက် ဘာတွေလိုလဲဆိုတာ နန်ကော မတွေးခဲ့မိဘူး။

လက်ထပ်ပွဲအတွက် ပြင်ဆင်တာတွေနဲ့ ပတ်သက်ပြီး သူမနဲ့ အလှမ်းဝေးလွန်းတယ်လို့ အမြဲထင်ခဲ့တာ။

သူမဘွဲ့မယူခင် တစ်နှစ်နဲ့တစ်၀က် ကျန်သေးတယ်။သူမ သိသလောက်တော့ လက်ထပ်ပွဲအတွက် နှစ်အဆုံးနား ရောက်မှ ပြင်ဆင်လို့ ရတယ်။

ရှန်ရန်ချင်းတစ်ယောက် အရမ်း “စိတ်စောနေမယ်” လို့ သူမ မထင်ထားမိဘူး။

ယွီယွီတစ်ယောက် နန်ကောကို အကြိမ်ရေ အနည်းငယ်ဖုန်းခေါ်ကြည့်ပေမဲ့ သူမဟာ ဖုန်းပြောနေတုန်း။

ရှန်ရန်ချင်းနဲ့ ဖုန်းပြောပြီးတော့မှ ယွီယွီ သူမကို ရှာနေမှန်း နန်ကော သိလိုက်ရတယ်။

အများကြီးမတွေးဘဲ သူမ စပီကာဖွင့်ကာ အိပ်ရာဘေးမှာ ထားလိုက်တယ်။

သူမဟာ အိပ်ရာပေါ်မှာ လဲရင်း လက်ထဲအရုပ်တစ်ရုပ်နဲ့အတူ တီဗီဆက်ကြည့်နေတယ်။ယွီယွီ့အသံဟာ တစ်ချိန်တည်း တစ်ပြိုင်နက် ထွက်လာတယ်။ “နင်နဲ့ ရှန်ရန်ချင်း လက်ထပ်တော့မှာလား?”

“ဟမ်” နန်ကောဟာ မျက်ခုံးပင့်ပြီး သူမဘေးက ဖုန်းကို တစ်ချက် လှမ်းကြည့်လိုက်တယ်။

“နင်ဘယ်လိုသိလဲ”

ကျန်းမြို့က လူတွေကို သူမလက်ထပ်မဲ့အကြောင်း မပြောရသေးပါဘူး။

ယွီ မပြောနဲ့။သူမမိဘတွေ အခြားဦးလေးနှစ်ယောက်ကိုတောင်မှ မပြောရသေးဘူး။သူမရဲ့အစ်ကိုဟာလည်း ပါးစပ်ကို ဇစ်နဲ့ပိတ်ထားပြီး သခင်မကြီးနန်ကို ဘာမှ မပြောထားဘူး။

ရှင်းလင်းစွာပဲ သူတို့ဟာ သင်ခန်းစာရသွားပြီး သူမကို ထပ်ပြီးမပျော်ရွှင်အောင် မလုပ်ကြတော့တာ။

ယွီယွီဟာ ခဏလောက် တန့်သွားပြီး ဆက်ပြောတယ်။ “ငါ ဒီနေ့ စုဟွေးဆီက ကြားတာ” သူ ဒီည စုဟွေးနဲ့ စကားပြောနေရင်း သတင်းထူးကြီး လက်ခံရရှိလိုက်မယ်လို့ မထင်ထားဘူး။

ဒါပေါ့။စုဟွေးဟာ သူ သိပြီးသား ထင်လို့ပေါ့။သူဟာ နန်ကောရဲ့ငယ်သူငယ်ချင်းဖြစ်ပြီး မိသားစုနှစ်စုဟာလည်း ကောင်းမွန်တဲ့ဆက်ဆံရေး ရှိတယ်။စုဟွေးဟာ ဒီတိုင်းပဲ ပြောလိုက်တာပါ။ဒါပေမဲ့ ယွီယွီ မသိသေးဘူးလို့ သူမ မထင်ထားမိဘူး။

ဒါကြောင့်ပဲ ယွီယွီဟာ နန်ကောကို အမြန်လာရှာတာ။

“ဘာတွေ ဖြစ်နေတာလဲ။ စနေတာလား”

နန်ကောဟာ ခေါင်းညိတ်ရင်း “အတည်”

“ဒါဆို နင် ဘာလို့ ငါ့ကိုမပြောပြတာလဲ” အရမ်းအရေးကြီးတဲ့ ကိစ္စကိုလေ။

“မိသားစုနှစ်စုက မနက်ဖြန်ကျမှ တွေ့ဦးမှာ။ အရာအားလုံး အစီအစဉ်တကျဖြစ်မှ ငါ နင့်ကို ပြောပြမလို့”

စုဟွေး သိသွားတယ်ဆိုတာ နန်ကောပစ္စည်းတွေယူဖို့ အဆောင်ကိုပြန်တုန်း အလိုလိုပဲ ပြောပြလိုက်တာ။မိန်းကလေးတွေဟာ အချင်းချင်း အကုန်ပြောပြ ကြတယ်လေ။ယွီယွီဟာ ဖုန်းတစ်ဖက်မှာ မကျေနပ်သံကြီးလုပ်ပြီး ဟန်ချက်မညီသလို ခံစားနေရဆဲ။

“ငါက ပထမဆုံးသိရတဲ့သူလည်း မဟုတ်ဘူး!”

“မပူပါနဲ့။ မသိသေးတဲ့ လူတွေအများကြီး ကျန်သေးတယ်။ နင်က ပထမဆုံးမဟုတ်ပေမဲ့ နောက်ဆုံးတော့ မဟုတ်ဘူးလေ”

“ဟီးဟီး နင်က သူများတွေကို နှစ်သိမ့်တဲ့နေရာမှာတော့ အတော်ဆုံးပဲနော်” ယွီယွီဟာ ဆွံ့အမိတယ်။

“ဒါပေမဲ့ နင် လက်ထပ်ဖို့ကို ဘာလို့ အခုတွေးတာလဲ”

အရင်တစ်ခေါက် စုဝေးတုန်းက ဂိမ်းကစားနေတုန်း လူတိုင်း နန်ကောကို မေးခဲ့ကြတယ်။သူမကိုယ်သူမ ဘယ်အချိန် လက်ထပ်မယ်လို့ စိတ်ကူး ထားလဲဆိုတာကိုပေါ့။

အဲဒီတုန်းက နန်ကောဟာ မိနစ်အနည်းငယ်လောက် အလေးအနက် တွေးပြီး ပြောခဲ့တာက “နောက်ကျလေ ကောင်းလေ” တဲ့။

လူတိုင်း သိချင်ကြတယ်ဆိုတာဟာ အဓိကက ဘာလို့လဲဆိုတော့ ကျန်းမြို့က မိသားစုတိုင်းရဲ့သမီးတွေဟာ လက်ထပ်တာကနေ စီးပွားရေးအတွက် အသုံးချခံပစ္စည်းတစ်ခု ဖြစ်လာတတ်ကြတယ်။နန်ကောတစ်ယောက်ကသာ ဒါမျိုးကို မကြုံရတာ။

သူမဟာ သေချာပေါက် လွတ်လပ်တယ်။

သူမရဲ့မိဘတွေ ဒါမျိုး မလုပ်ဘူးဆိုတဲ့အချက်ကို ဖယ်ထားရင်တောင်မှ သူမရဲ့မိဘတွေမှာ အဲဒီလို ရည်ရွယ်ချက်မျိုး ရှိတယ်ဆိုလည်း နန်ကျဲ့ဟာ သေချာပေါက် သဘောတူမှာ မဟုတ်ဘူး။

216 02

အသိုင်းအဝိုင်းထဲက လူတွေ ပြောကြတဲ့အတိုင်းပဲ။ နန်ကျဲ့တစ်ယောက် နန်ကောကို တစ်ယောက်တည်း အထီးကျန်ပြီး သေခွင့်ပြုရင်တောင်မှ သူ သူမကို ဘယ်တော့မှ ဒီအခြေအနေထိ လျှော့ချခွင့် ပြုမှာ မဟုတ်ဘူး။

ဟာသလို့ ထင်ရပေမဲ့ နန်ကျဲ့ကို ကောင်းကောင်းသိတဲ့ ယွီယွီနဲ့ ယွမ်ချီတို့ဟာတော့ ဒါကို နန်ကျဲ့ ကျိန်းသေပေါက် လုပ်မှာဆိုတာ သူတို့ သိတယ်။

ဒီတော့ နန်ကောကို တကယ် စိတ်ပြောင်းသွားစေတာက ဘာလဲ။ဖြစ်နိုင်တာက...

ယွီယွီ အာမေဋိတ်အသံပြုပြီး တိုးတိုးလေး မေးလိုက်တယ်။ “ဥက္ကဌရှန် နင့်ကို လက်ထပ်ဖို့ အတင်းဖိအားပေးတာလား”

နန်ကော တစ်ယောက် ဆွံ့အသွားရတယ်။ဒီကောင် တော်တော် စိတ်ကူးယဉ် ဆန်တာပဲ။

ထင်တဲ့အတိုင်း သူ့မှာ စုဟွေးနဲ့ တူညီတာ တစ်ခုခုကတော့ ရှိသားပဲ။စုဟွေးတုန်းကလည်း တုံ့ပြန်ပုံက အတူတူပဲ။

“ငါက သက်သက် လက်ထပ်ချင်လို့ပါ။ နောက်ကွယ်မှာ ဇာတ်ကြောင်းကတော့ ရှိတယ်ဆိုပေမဲ့ နောက်နေ့မှ ပြောကြတာပေါ့။ ဖုန်းထဲကနေ ရှင်းပြရတာ ခက်တယ်”

မိသားစုနှစ်စုဟာ မနက်ဖြန် ထမင်းအတူစားမှာ ဖြစ်တယ်။စားပြီးရင် သူတို့ လက်ထပ်မဲ့အကြောင်းကို ဆွေးနွေးရမယ်။

သူမ မနက်ဖြန် အပြင်သွားဖို့ အချိန်မရှိဘူး။သဘက်ခါကျ ကျောင်းကိုပြန်ရမယ်။

ယွီယွီမှာလည်း အတန်းတွေရှိတယ်ဆိုပေမဲ့ သူ့မှာက အတန်းအနည်းငယ်ပဲ။ “ဒါဆို နောက်အပတ် ငါအားရင် ဟိုက်မြို့ကိုသွားမှာ ထမင်းအတူစားကြတာပေါ့”

“ဒါပေါ့” နန်ကောဟာ ဒါ အဆင်ပြေတယ်လို့ ထင်တယ်။

စိတ်လှုပ်ရှားနေခဲ့တာမို့ နန်ကော အိပ်ပျော်သွားတာ နောက်ကျခဲ့တယ်။နောက်တစ်နေ့ သူမနိုးလာတော့ ၉နာရီကျော် နေပြီ။စတိုင်လစ်နဲ့ အခြားလူတွေဟာ အောက်ထပ်မှာ စောင့်နေခဲ့တာ တစ်နာရီလောက် ရှိပြီ။နန်ကောဟာ ဆေးကြောသန့်စင်ပြီး တစ်ယောက်‌ယောက်ကို အပေါ်တက်လာဖို့ ခေါ်လိုက်တယ်။

၀တ်စားဆင်ယင် ပြီးသွားတဲ့အချိန်ဟာ နေ့လည်စာ စားချိန် ရောက်တော့မယ်။

နန်ကျဲ့ဟာ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ဖက်ရှင်ရှိုး တက်နေတဲ့အလား အ၀တ်အစားကို တစ်ထည်ပြီး တစ်ထည်လဲနေတဲ့ သူမကို ထိုင်ကြည့် နေတယ်။သူ့မျက်လုံးတွေ ပင်ပန်းနေပြီ။

အဆုံးမှာတော့ သူ သာမန်ကာလျှံကာပဲ အကြံပေးလိုက်တယ်။ “ပထမတစ်ခု ကောင်းတယ်” အမှန်က သူမ ပထမ၀တ်ခဲ့တာ ဘာမှန်းတောင် သူ မမှတ်မိဘူး။

နန်ကောဟာ တွေးချင်ယောင် ဆောင်ပြီး လေးလေးနက်နက်ခေါ င်းညိတ်ပြတယ်။ “ငါလည်း ထင်တယ်”

နန်ကျဲ့ဟာ လက်ဖြန့်ပြပြီး “ကျေးဇူးပြုပြီး မြန်မြန်လုပ်ပါ။ သူတို့ ရောက်လာတော့မယ် နင် ဘာလို့ အချိန်ဖြုန်းနေတာလဲ”

နာရီ၀က်လောက်ကြာတော့ ရှန်မိသားစု ရောက်လာတယ်။နန်ကော သူတို့ကို နှုတ်ဆက်ဖို့ ထွက်ကြိုတော့ အဝေးကနေ ကား‌၆စီး အတန်းလိုက်ကြီး သူမဆီ မောင်းလာတာကို တွေ့လိုက်ရတယ်။

ဒီနေ့ ရှန်ရန်ချင်းအဖေနဲ့ အန်တီ၀မ်ပဲလာတာ မဟုတ်ဘူး။

ရှန်ရန်ချင်းရဲ့ဦးလေး၊အဒေါ်နဲ့ ၀မ်းကွဲအငယ်လေးလည်း ပါတယ်။

ကျန်တဲ့ကားတွေဟာတော့ သူမရဲ့မိဘတွေအတွက် လက်ဆောင်တွေနဲ့ ပြည့်နှက်နေတယ်။

အရင်က သူ့မှာ ဦးလေးရှိတယ်လို့ ရှန်ရန်ချင်းပြောတာ နန်ကော ကြားဖူးတယ်။မိသားစုနှစ်စုဟာ ဆက်ဆံရေး ကောင်းတယ်။သူ့ဦးလေးဟာ ဟိုက်မြို့ခံ မဟုတ်တာမို့ တစ်နှစ်မှာတစ်ခါပဲ တွေ့နိုင်ကြတယ်။ကြည့်ရတာ ရှန်ရန်ချင်းရဲ့ လက်ထပ်မဲ့ကိစ္စအတွက် အထူးတလည် ပြန်လာတာ ဖြစ်ပုံရတယ်။

ဒီကိစ္စဟာ ရှန်ရန်ချင်းမိသားစုအတွက် အများကြီး အရေးကြီးတယ်ဆိုတာ ရှင်းရှင်းလင်းလင်းပဲ။မစ္စတာနန်နဲ့ မစ္စနန်ဟာလည်း ကျေးဇူးတင်မိသွားတယ်။

အစောပိုင်း နှစ်တွေတုန်းက မစ္စတာနန်နဲ့ မစ္စတာရှန်တို့ဟာ တွေ့ဖူးခဲ့ကြတယ်။

လူတိုင်းဟာ ဒီလောကထဲကဖြစ်ပြီး သူတို့အသိုင်းအဝိုင်းဟာ အရမ်းကြီးတယ်လေ။သူတို့ တွေ့ဖူးတယ်ဆိုတာ မထူးဆန်းပါဘူး။

ဒါပေမဲ့ အချိန်တော့ အ‌တော်ကြာသွားခဲ့ပြီ။

မစ္စတာရှန်ဟာ စီးပွားရေးသမားနဲ့ မတူဘူး။သူ့မှာ ပညာတတ် အရှိန်အဝါရှိပြီး စကားပြော ကောင်းတယ်။

မစ္စတာနန်ဟာ အရမ်းစကားများပြီး မစ္စတာရှန်လိုလူမျိုးတွေကိုဆို အရမ်းလေးစားတယ်။ထပ်ပေါင်းအနေနဲ့ ရှန်ရန်ချင်းရဲ့ဦးလေးဟာလည်း ရှိနေတယ်။သူဟာ မြို့တစ်မြို့ရဲ့ မြို့တော်၀န်တဲ့။သူတို့၃ယောက်လုံး မရပ်မနား စကားပြောကြတော့တယ်။

တစ်ဖက်က လေထုဟာလည်းပဲ မဆိုးပါဘူးရယ်။

အငယ်မျိုးဆက်ကို ကြည့်ရင် သူ့၀မ်းကွဲအငယ်လေးဟာ နန်ကောနဲ့ အသက်အတူတူပဲမို့ အလွန်အမင်း စကားသန်တယ်။နန်ကောကိုလည်း တွေ့ပြီးရော သူဟာ သူမကို ယောင်းမလေးလို့ အရင်ခေါ်ပြီး နန်ကျဲ့ကို မျက်လုံးကစား သွားစေရတယ်။

နန်ကောဟာ နည်းနည်းရှက်သွားပေမဲ့ သူ့ကို အမှန်တော့ မပြင်ပေးခဲ့ဘူး။

တွေ့ဆုံပွဲမှာ ရှန်မိသားစုဟာ နန်မိသားစုရဲ့အထင်အမြင်ကို မေးတယ်။

နှစ်ဖက်စလုံးဟာ နောက်နှစ်မှာ စေ့စပ်တာကောင်းတယ်လို့ ခံစားရတာမို့ သူတို့ဟာ မတ်လကို ရွေးလိုက်ကြတယ်။

လက်ထပ်ပွဲရက်ကိုတော့...မစ္စနန်ဟာ ပိုပြီးအသေးစိတ် ကျတယ်။သူမ သခင်ကြီးတစ်ယောက်ဆီက မင်္ဂလာရက်မြတ်တွေကို သူတို့ ရွေးချယ်လို့ရအောင် စာရင်းအတိုလေး လုပ်ထားပေးတယ်။

တိုက်ဆိုင်စွာပဲ ၀မ်ချွမ်ယွီဟာလည်း လုပ်လာခဲ့ပေးတယ်။သူမ မလာခင် ရက်ကောင်းရက်မြတ်ရွေးဖို့ လူတစ်ယောက်ကို ရှာခဲ့တာ။

ရက်၂ရက်ဟာ တကယ်ကို တိုက်ဆိုင်နေတယ်။

ဆိုလိုတာက ဒီ၂ရက်ဟာ ကျိန်းသေပေါက် နေ့ကောင်းနေ့မြတ်တွေပဲ ဖြစ်ရမယ်။မိသားစုနှစ်စုလုံးဟာ ၂ရက်ထဲက ၁ရက်ကို ရွေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။

216 03

“နေပြက္ခဒိန်အရ တစ်ခုက ဂျူလိုင်၁၉နဲ့ နောက်တစ်ခုက ဩဂတ်၁၆”

“ဂျူလိုင်က အရမ်း နောက်ကျသွားမလား” နန်ကောဟာ တိုးတိုးလေး မေးလာတယ်။

သူမ ဂျူလိုင်အစောပိုင်းလောက်မှာ ဘွဲ့ရပြီးလောက်ပြီ။

“ဒါဆို ဩဂတ် လုပ်မယ်လေ ဂျူလိုင်နဲ့ သိပ်မဝေးဘူး” မစ္စနန်ဟာ ပြောလို့ပြီးတဲ့အခါ ရှန်မိသားစုကို မေးကြည့်လိုက်တယ်။ “ဘယ်လိုထင်လဲ?”

ရှန်မိသားစုမှာတော့ ငြင်းစရာအကြောင်းကို မရှိတာ။

လက်ထပ်ပွဲရက်ကို အဲ့လိုနဲ့ပဲ ဆုံးဖြတ်ချက် ချလိုက်ကြတယ်။

နန်ကောဟာ အချိန်ကို ရေတွက်ကြည့်တယ်။ဒီဇင်ဘာ ရောက်နေပြီ။သူမတို့ ၃လအတွင်း စေ့စပ်ကြမှာ မဟုတ်ဘူးလား။

ဒါကိုတွေးမိတဲ့အခါ သူမ အရေးတကြီး ခံစားချက်မျိုးကို ခပ်ရေးရေးရလိုက်တယ်။

ရုတ်တရက် ရှန်ရန်ချင်းဘာလို့ လက်ထပ်၀တ်စုံအတွက် ပြင်ဆင်နေလဲဆိုတာကို သူမ နားလည်သွားတယ်...

******

All Chapters