← Chapters

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း ၂၁၈

Vol. 22 Ch. 218

218 01

Chapter 218 လူအိုကြီးက ဉာဏ်များတာပဲ။

အစက နန်ကျဲ့ဟာ ဒီည ကျန်းမြို့ကို ပြန်ဖို့လုပ်ထားတာ။မနက်ဖြန် သူ့မှာအရေးကြီးမီတင်ရှိတယ်။

ဒါပေမဲ့ ရှန်ရန်ချင်းရဲ့လက်ထပ်ခွင့်တောင်းမဲ့အကြောင်းကို ကြားတော့ သူ ဒီည ဟိုက်မြို့မှာနေလိုက်ပြီး မနက်ဖြန်မနက်မှ အမြန်ပြန်ဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။

အဲဒီလိုနဲ့ပဲ သူတို့နှစ်ယောက်ဟာ မန်နေဂျာနဲ့ မီးဖိုချောင်ထဲက ၀န်ထမ်းကို အလုပ်ဆင်းခိုင်းလိုက်ပြီး ဆိုင်ထဲထိုင်ကာ လက်ထပ်ခွင့် တောင်းမဲ့နေရာကို ဂရုတစိုက်နဲ့ ရွေးကြတယ်။

သူ နန်ကျဲ့ကို အကူအညီ တောင်းရတဲ့ အကြောင်းအရင်းက ဘာလို့လဲဆိုတော့ နန်ကျဲ့က နန်ကောကို ကောင်းကောင်းအသိဆုံးလို့ ခံစားရတာမလို့ပဲ။

ဒီရွေးချယ်စရာတွေထဲ နန်ကျဲ့ဟာ အသင့်တော်ဆုံးတစ်ခုကို ရွေးချယ်နိုင်လောက်တယ်။

၂နာရီလောက် ရွေးချယ်ပြီးတဲ့နောက်မှာတော့ နန်ကျဲ့ဟာ တက်ဘလက်ပေါ်က ပုံကိုထိလိုက်ပြီး “အပန်းဖြေဥယျာဥ်ကစားကွင်းဆိုရင်ရော”

“မင်းပလန်တွေထဲ သူ ဒါကို ပိုစိတ်၀င်စားလောက်တယ်” သူဟာ အစီအစဉ်ကို ကူညီပေးဖို့လည်း မမေ့ခဲ့ဘူး။ “အချိန်ကျလို့ရှိရင် သူ့မွေးနေ့မို့ ဒီကိုခေါ်လာတယ်ပဲ ပြော။ ညရောက်လို့ မီးရှူးမီးပန်းတွေကို ကောင်းကင်ပေါ်လွှတ်တဲ့အချိန် ဒူးထောက်ပြီး လက်ထပ်ခွ င့်တောင်းလိုက်”

“အော် ဟုတ်သား သူမွေးနေ့က စနေနေ့ သွားကျတယ်။ ပန်းခြံထဲမှာ လူတွေ အများကြီးရှိလိမ့်မယ်။ တစ်ခုခု မမှားသွားအောင်လို့ ဧရိယာကို သေချာရှင်းလင်းထား။ ငါ မင်းအတွက် ဖုန်းခေါ်ပေးရမလား”

ရှန်ရန်ချင်းဟာ ခေါင်းခါတယ်။ဖုန်းကောလ်လေးပဲဟာ။

ဒါပေမဲ့ ဧရိယာကို ရှင်းတဲ့အကြံကိုတော့ သူ သိပ်သဘောမတူချင်ဘူး။

“အချိန်ကျလို့ရှိရင် ပန်းခြံထဲ လည်ပတ်တဲ့လူတွေ မရှိလောက်တော့ပါဘူး။ နည်းနည်းတမင်လုပ်ထားသလို ဖြစ်မသွားဘူးလား?”

ဒါကိုကြားတဲ့အခါ နန်ကျဲ့ဟာ တစ်ခဏတွေးကြည့်တယ်။ “ငါတို့ ဧရိယာကို မရှင်းဘဲ လုပ်လို့မရသလို ရှင်းပြီး လုပ်လိုက်လို့လည်း မရပြန်ဘူး...။ဒါဆို ဟန်ဆောင်ပေးမဲ့ လည်ပတ်တဲ့လူတချို့ ရှာထားလိုက်”

“သိတဲ့လူ တချို့ကိုရှာ သူတို့က လေထုကို ဖျက်ဆီးမှာ မဟုတ်ဘူး”

“ဘာလို့မင်းကုမ္ပဏီကအဖွဲ့တွေကို မသုံးတာလဲ?”

ဒါဟာ တကယ်အကြံကောင်းပဲ။

ရှန်ရန်ချင်းဟာ ခေါင်းညိတ်ပြီး ချ‌မှတ်ထားလိုက်တယ်။

နန်ကျဲ့ဟာ အစီအစဉ်ကို သေချာကြည့်လိုက်ပြီး လုပ်ငန်းစဉ်ကို အတည်ပြုလိုက်တယ်။

အပြင်အဆင်ကို မြင်တဲ့အခါ နန်ကျဲ့ဟာ မျက်ခုံးပင့်မိသွားတယ်။ရှန်ရန်ချင်းမှာ ထူးခြားတဲ့ခန္ဓာကိုယ်ရှိတယ်လို့ နန်ကော ပြောတာသူကြားဖူးတယ်။

သူဟာ တော်တော်များများအရာတွေနဲ့ အလတ်ဂျစ်ရှိတယ်တဲ့။

ဒီတော့ မြေကြီးပေါ်မှာ ထားထားတဲ့နှင်းဆီတွေက ဘယ်လို ဖြစ်ရတာလဲ။

နန်ကျဲ့မနေနိုင်ဘဲ ဘေးကလူကို နောက်တစ်ချက်ထပ်ကြည့်ကာ ရှုံ့ချမိတယ်။

ဒီလူအိုကြီး ဉာဏ်များသားပဲ။

နောက်တစ်နေ့မှာ ရှန်ရန်ချင်းနဲ့နန်ကောဟာ ညစာကို အပြင်ထွက်စားခဲ့တယ်။နှစ်ယောက်သား လမ်းပေါ်မှာ လက်ချင်းချိတ်ပြီး ဖြည်းဖြည်းလေး လျှောက်နေကြတယ်။

ပြီးခဲ့တဲ့ရက်လေးတွေထဲ နောက်ဆုံးတော့ ဟိုက်မြို့မှာ ဆောင်းရာသီလို့ ခံစားလာရပြီ။

နန်ကောရဲ့နှာခေါင်းထိပ်လေးဟာ အအေးဒဏ်ကြောင့် နည်းနည်းနီရဲနေတယ်။သူမ မျက်နှာကို လည်စည်းထဲ မြှုပ်ထားတော့မဲ့အချိန် ဘေးကနေ မွှေးရနံ့တစ်ခု ထွက်လာနေတာကို ရလိုက်တယ်။

သကြားနဲ့ သစ်အယ်သီးဖုတ်။

သူမဟာ နေရာမှာတင်ရပ်လိုက်မိပြီး ရှန်ရန်ချင်းဟာလည်း ရွေးချယ်စရာမရှိဘဲ လိုက်ရပ်ရတယ်။

သူမရဲ့အကြည့်နောက်ကိုလိုက်ပြီး ရှန်ရန်ချင်းဟာ လမ်းပေါ်က ဈေးဆိုင် အသေးလေးတစ်ဆိုင်ကို တွေ့တယ်။

ဆိုင်အရှေ့မှာ လူတွေအများကြီး စုနေကြတယ်။ကြည့်ရတာ သူတို့ အချိန်တစ်ခုလောက်အထိတော့ စောင့်ရမဲ့ပုံ။

“ဒီမှာကားသော့” သူဟာ လက်ကို ဆွဲထုတ်လိုက်ပြီး သူမရဲ့အိတ်ကပ်ထဲ ကားသော့ ထည့်ပေးတယ်။

နန်ကောဟာ သူ့ကို တအံ့တဩ မော့ကြည့်လာတယ်။သူ သူမကို ခေါင်းလေးကို ထိလိုက်ပြီး “ကိုယ့်ကို ကားထဲမှာစောင့်နေ”

အပြင်မှာ အရမ်းအေးတယ်။

နန်ကောဟာ ခဏ‌တော့ တုံ့ဆိုင်းနေတယ်။သူနဲ့ အတူသွားဖို့ စောင့်နေတာ။

သူဟာ တစ်ချက်ကြည့်ရုံနဲ့ သူမကို ဖောက်မြင်ပြီး “မင်း ၀တ်ထားတာ အရမ်းပါးတယ်။ အအေးမိရင် နေလို့ မကောင်းဘဲ နေလိမ့်မယ်”

သူ နန်ကောရဲ့ပုခုံးကို တွန်းလိုက်ပြီး သူမဟာ မသွားချင်သွားချင်နဲ့ ထွက်သွားတော့တယ်။

အရှေ့ကကားထဲ သူမ ၀င်သွားတဲ့အထိစောင့်ပြီးတဲ့နောက် ရှန်ရန်ချင်းဟာ အနောက်လှည့်ပြီး သစ်အယ်သီးဆိုင်ရှေ့မှာ သွားတန်းစီတယ်။

ရှန်ရန်ချင်းဟာ ၁၀မိနစ်လောက်တန်းစီနေခဲ့ပြီး သူ့အလှည့်ရောက်တော့မဲ့အချိန်မှာ မြို့ထိန်းရဲရောက်လာတယ်။

သစ်အယ်သီးရောင်းနေတဲ့လူဟာ အလျင်အမြန်ပဲ ဆိုင်သိမ်းပြီး အသားကုန် ပြေးသွားတာ သူ့ရဲ့သုံးဘီးဆိုင်ကယ်တောင်မှ မီးတောက်တွေ ထွက်လာတော့မလို့။

218 02

ရှန်ရန်ချင်းနဲ့ မြို့ထိန်းရဲခမျာ ဘာမှမကျန်ဘဲ ကျန်ရစ်ခဲ့ရတယ်။

ကံကောင်းစွာနဲ့ ဟိုလူဟာ ထွက်မပြေးခင် သူ့ကိုပြောခဲ့တယ်။ “ကျုပ်ကို ဒီမှာစောင့်နေ”

မြို့ထိန်းရဲ ထွက်သွားတဲ့အခါ ရှန်ရန်ချင်းဟာ နောက်ထပ်၁၀မိနစ် ထပ်စောင့်နေခဲ့တယ်။နောက်ဆုံးမှာတော့ သစ်အယ်သီးရောင်းတဲ့လူဟာ သုံးဘီးဆိုင်ကယ်လေးနဲ့ ပြန်ရောက်လာတာကို တွေ့ရတယ်။

မြို့ထိန်းရဲဟာ ဝေးဝေးကိုတော့ မရောက်သေးဘူး။

ရှန်ရန်ချင်းဟာ ကျန်နေသေးတဲ့ သစ်အယ်သီးတွေအကုန်လုံးကို ၀ယ်လိုက်တယ်။ပြီးတော့ မြို့ထိန်းရဲ လမ်းတစ်ဖက်မှာ ရှိသေးကြောင်း ပြောပြကာ ဆိုင်သိမ်းပြီး အိမ်ပြန်ဖို့ ရောင်းတဲ့လူကို သတိပေးလိုက်တယ်။

သူ ကားရှိရာကို လျှောက်လာလိုက်တယ်။လမ်းဟာ သိပ်မရှည်ပေမဲ့ သူ ဘတ်စ်ကားမှတ်တိုင်ကိုတော့ ဖြတ်လာရတယ်။

သူဖြတ်လျှောက်လာတဲ့အချိန် ကြော်ငြာဟာပြောင်းသွားတယ်။မီးအလင်းရောင်ဟာ ဖလက်ရှ်မီးအပေါ်အလင်းပြန်သွားပြီး ရှန်ရန်ချင်းတစ်ယောက် အနောက်လှည့်ကာ ဒုတိယအကြိမ် ထပ်ကြည့်လိုက်မိတယ်။

ဒီအကြည့်တစ်ချက်နဲ့ သူ ရပ်တန့်သွားတယ်။

တိုက်ဆိုင်စွာပဲ ဘတ်စ်ကားမှတ်တိုင်ဟာ ဘေးနားမှာ။သူ အနောက်ပြန်ဆုတ်ပြီး ဘတ်စ်ကားပေါ် တက်မဲ့လူတွေအတွက် လမ်းဖယ်ပေးလိုက်တယ်။

လမ်းသွားလမ်းလာတွေ ထွက်သွားကြတဲ့အခါ သူဟာ တစ်ဖန် အထဲက ကြော်ငြာကို ထပ်ကြည့်လိုက်တယ်။

ဒီမှာ သူ တစ်ယောက်တည်း မတ်တပ်ရပ်နေတာ။အထဲမှာလည်း မျက်စိ ဖမ်းစားလောက်စရာ ဘာကြော်ငြာမှ ရှိမနေဘူး။

အဲဒါဟာ ဟိုက်မြို့ရဲ့ငါးပြတိုက်အတွက် အများသူငါ ကြော်ငြာလေးတစ်ခု။

ဘေးနားလေးမှာ ကာတွန်းတိရိစ္ဆာန်ပုံလေးတွေလည်း ဆွဲထားတယ်။

ရှန်ရန်ချင်းဟာ ထောင့်နားက အဖြူနဲ့အမည်းပင်ကွင်းလေးကို ကြည့်ပြီး ရုတ်တရက် အကြံရသွားတယ်။

အဲဒီညက နန်ကျဲ့တစ်ယောက်အိပ်ပျော်တော့မဲ့အချိန် ဖုန်းမြည်သံကြောင့် ရုတ်တရက် နိုးလာရတယ်။

“ဟယ်လို” သူ့မှာ အစကတည်း အိပ်ရေးမ၀တဲ့ ဒေါသက ရှိပြီးသား။အခု သူ စိတ်ရှည်ရှည် ထားပြီး ဘယ်သူ့ကိုမှ မဆူတော့ဘူးဆိုတော့ ရှန်ရန်ချင်းဟာ အခွင့်ကောင်း ယူနေပြီ။

“ကျွန်တော်ပါ ရှန်ရန်ချင်း” နန်ကောဟာ အိပ်ပျော်သွားပြီဖြစ်ပြီး ရှန်ရန်ချင်းဟာ ဖုန်းပြောဖို့ ခိုးထွက်လာတာ။

“ငါ မကန်းဘူး။ ခေါ်ဆိုသူနာမည်ကို မြင်ရသေးတယ်။ မင်း ပြောစရာရှိတာသာ ပြော”

နန်ကျဲ့ဟာ သူ့ဖုန်းကို ကိုင်ထား မနေနိုင်ဘူး။သူဟာ စပီကာဖွင့်ပြီး ဖုန်းကို ခေါင်းအုံးပေါ် ပစ်လိုက်တယ်။

“ကျွန်တော် နေရာပြောင်းမယ်”

“ဟမ်?” နန်ကျဲ့ဟာ မျက်မှောင် ကြုတ်လိုက်မိတယ်။နောက်တော့ သူဟာ တုံ့ပြန်လာပြီး “ဘယ်ကို ပြောင်းချင်တာလဲ။ အပန်းဖြေဥယျာဉ်ကစားကွင်းက မကောင်းဘူးလား”

“ကျွန်တော် ရေအောက်ကမ္ဘာက ပင်ကွင်းကန်မှာ လက်ထပ်ခွင့် တောင်းချင်တယ်” တစ်ဖက်မှာတော့ နန်ကျဲ့ မနေနိုင်ဘဲ ဆူလိုက်တယ်။ “မင်း ရူးနေလား”

“ဒီနေရာကို သုံးတာက အပန်းဖြေဥယျာဉ်ကစားကွင်းကို သုံးတာထက် ပိုအဓိပ္ပာယ်ရှိတယ်။ နောက်ပြီး နန်ကော ကျွန်တော့်ကို ပြောဖူးတယ်။ သူ ငါးပြတိုက်ကို နောက်ဆုံး သွားခဲ့ဖူးတာက လွန်ခဲ့တဲ့၁၀နှစ်ကဆိုပြီး”

နန်ကျဲ့ဟာ စစပ်စုကြည့်တယ်။ “ဘာအဓိပ္ပာယ်ရှိလို့လဲ ပြောပြပါဦး”

ဖုန်းတစ်ဖက်မှာတော့ ရှန်ရန်ချင်းဟာရယ်ပြီး သာယာရွှင်ပျတဲ့အသံလေးနဲ့ ပြောလာတယ်။ “လျှို့ဝှက်ချက်ပါ”

နန်ကျဲ့ “.....”

နေရာဟာ နောက်ဆုံးမှာတော့ ရေအောက်ကမ္ဘာကိုပဲ ဆုံးဖြတ်ချက် ချလိုက်တယ်။

လက်ထောက်ယွမ်ဟာ အားကိုးရပြီး အမြန်ပဲ သတင်းကောင်း သယ်လာတယ်။

ဟိုက်မြို့မှာ ပင်ကွင်းကန်ရှိတဲ့ ရေအောက်ကမ္ဘာက တစ်ခုပဲရှိပြီး အဲဒါဟာ နိုင်ငံထဲမှာ အကြီးဆုံးပင်ကွင်းကန်ပဲတဲ့။

ဒီသတင်းကို ကြားတဲ့အခါ ရှန်ရန်ချင်းဟာ စိတ်သက်သာရာ ရသွားတယ်။

“ဒါပေမဲ့ ဥက္ကဌရှန် သတင်းဆိုလည်း ရှိပါသေးတယ်” လက်ထောက်ယွမ်ဟာ တက်ဘလက်ကို ကိုင်ထားရင်း စိတ်ရှုပ်သွားပုံ ပေါ်တယ်။ရှန်ရန်ချင်းရဲ့အကြည့်အောက်မှာ သူဟာ ပြောတယ်။ “ကျွန်တော် အဲဒီကို ဆက်သွယ်ကြည့်ပြီးပြီ ဧရိယာကို ရှင်းဖို့က နည်းနည်းခက်ခဲမယ်တဲ့”

“သူတို့ပြောတာက တကယ်လို့ မင်း ပင်ကွင်းကန်ကိုပဲ တစ်ယောက်တည်း လိုချင်တယ်ဆို ရတယ်။ ဒါပေမဲ့ နေရာတစ်ခုလုံးကတော့...မရနိုင်ဘူးတဲ့”

ရေအောက်ကမ္ဘာမှာ နေရာအသစ်ဟာ ဆောက်ပြီးတာမကြာသေးဘဲ အဲဒီမှာ ပွဲလည်းရှိတယ်။ဒါကြောင့် စနေနေ့အတွက် လက်မှတ်တွေ အများကြီး ရောင်းထွက်သွားပြီးပြီ။အများစုဟာ မိဘတွေနဲ့ကလေးတွေ။

218 03

“ရိုးရိုးလေးပဲ” ရှန်ရန်ချင်းဟာ ဒါကို ပြဿနာတစ်ခုလို့ မတွေးဘူး။ “လက်မှတ် ၀ယ်ပြီးသွားတဲ့လူတွေကို လျော်ကြေးပေးလို့ ရတယ်။ မင်း သူတို့ကို အသေးစိတ် ပြောပြလို့ရတယ်။ အဲဧရိယာကို ရှင်းထားနိုင်သရွေ့ ဘယ်လောက်ကုန်ကုန် ငါ လက်ခံနိုင်တယ်”

ဒီစကားတစ်ခွန်းနဲ့တင် လက်ထောက်ယွမ်မှာ ကြောက်စရာ ဘာမှမရှိတော့ဘူး။

နောက်ဆုံးတော့လည်း ပိုက်ဆံ မလောက်တဲ့ကိစ္စပါဘဲ။

အခု သူတို့လျော်ကြေးကို တိုးမြှင်နိုင်ပြီဆိုတော့ ငါးပြတိုက်ဘက်က စိတ်မပြောင်းခင် အချိန်လေးပဲလိုတော့တယ်။

လက်ထောက်ယွမ်ဟာ တစ်နေ့လည်လုံး သူတို့နဲ့ စကားသွားပြောတယ်။အလုပ်ဆင်းခါနီးအချိန်ရောက်တော့ သူဟာ ရှန်ရန်ချင်းဆီကို တစ်ဖန်သတင်းကောင်း သယ်ဆောင်လာပြန်တယ်။နေရာဟာ အတည်တကျ ဖြစ်သွားပြီ။

အဲဒီနေ့မှာပဲ ဟွားရှန်အဖွဲ့အစည်းရဲ့ ဌာန၇ခုလုံးဟာ အဖွဲ့တည်ဆောက်ခြင်း သတင်းကို လက်ခံ ရရှိလိုက်ကြတယ်...

******

All Chapters