အခန်း ၂၂၁
Vol. 23 Ch. 221
221 01
Chapter 221 ချွေးမလောင်းလေးနဲ့တွေ့ပါ။
စနေနေ့မှာ ရေအောက်ကမ္ဘာမှာ လူတွေဟာ သူတို့ ထင်ထားသလောက် မရှိပုံဘဲ။
ဒါဟာ အထဲကို၀င်သွားလိုက်တာနဲ့ နန်ကော ချက်ချင်းဆိုသလို ခံစားမိတဲ့ခံစားချက်။
ပိုဆိုးတာက ဖြတ်သွားဖြတ်လာ တစ်ချို့ရဲ့အကြည့်တွေဟာ သူမဆီ အကြာကြီး ရောက်နေတာကိုလည်း သတိထားမိတယ်။
နန်ကောဟာ သူမရဲ့အ၀တ်အစားတွေကို တိတ်တိတ်လေး ငုံ့ကြည့်လိုက်တယ်။တစ်ခုခု မှားနေတာမရှိပါဘူး။
အနွေးထည်ရဲ့အောက်မှာ နို့ရောင်ဂါ၀န်အဖြူလေးကို ၀တ်ဆင်ထားတယ်။ဒီဂါ၀န်ဟာ ဒီလကမှ ရောက်လာတာဖြစ်ပြီး အခုမှ ပထမဆုံးထုတ်၀တ်တာ။ဒါနဲ့ပတ်သက်ပြီး တစ်ခုခု မှားမနေပါဘူး။ဟုတ်တယ်မလား။
သူမရဲ့မွေးနေ့မလို့ သူမရဲ့ဒီနေ့၀တ်စုံဟာ ပုံမှန်ထက် နည်းနည်း အထက်တန်းဆန်သွားနိုင်ပေမဲ့ ဖြတ်သွားဖြတ်လာတွေရဲ့အာရုံကို ဆွဲဆောင် ရလောက်တဲ့အထိတော့ အိုဗာဖြစ်မနေပါဘူး။
နန်ကောဟာလည်း နည်းနည်း ဘ၀င်မြင့်တတ်ပေမဲ့ နန်ကျဲ့လောက်ကြီး ကိုယ့်ကိုယ်ကို နစ်၀င်နေတာတော့ မဟုတ်ဘူး။တစ်ကမ္ဘာလုံးမှာ သူမဟာ အလှဆုံးမိန်းကလေးလို့ သူမ မတွေးမိတာ အသေအချာပဲ။
“ဒီနေ့ ကျွန်မ၀တ်စုံနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေလား” သူမ မနေနိုင်ဘဲ ရှန်ရန်ချင်းရဲ့အင်္ကျီလက်ကို ဆွဲလိုက်မိတယ်။
ယှဉ်ကြည့်လိုက်ရင် ရှန်ရန်ချင်းကမှ သူမထက် ပိုပြီးစတိုင်ကျကျ ၀တ်ထားတာပါ!
သူတို့အားလုံး ဘာလို့ သူမကို ကြည့်နေရတာလဲ။
သူမဘေးမှာ ပိုပြီးတောက်ပြောင်နေတဲ့လူရှိနေတယ်မဟုတ်လား။
“ဘာမှမဖြစ်ပါဘူး” သူ့ရဲ့အဖြေဟာ အရမ်းပေါ့ပေါ့ပျက်ပျက် နိုင်သွားမှာကို စိုးကာ ရှန်ရန်ချင်းဟာ ရပ်လိုက်ပြီး သူမကို သေချာကြည့်ပေးတယ်။သူဟာ သူမရဲ့၀တ်စုံကို အလေးအနက် အကဲခတ်ဖြတ်နေတော့တယ်။ပေါင်းစပ်မှုနဲ့စတိုင်အရ နန်ကောနဲ့ လိုက်ဖက်ပါတယ်။
“လှတယ်”
“အရမ်းကြီး အိုဗာဖြစ်မနေဘူးဟုတ်” နန်ကောဟာ ထပ်မေးကြည့်တယ်။
ဈေးလေး နည်းနည်း ကြီးတာကလွဲလို့ သူမရဲ့၀တ်စုံဟာ အရမ်းကြီး ထင်းမနေပါဘူး။
ရှန်ရန်ချင်းဟာ သဘောတူတဲ့သဘောနဲ့ ခေါင်းညိတ်ပြတယ်။ “ဒီနေရာနဲ့ အရမ်းလိုက်ဖက်ပါတယ်”
သူ မလိမ်ဘူးဆိုတာကို နန်ကောသိတယ်။ဒါကြောင့်မို့ သူ့စကားကြောင့် သူမ စိတ်သက်သာရာ ရသွားတယ်။
သူမရဲ့မိတ်ကပ်ကတော့ ကားထဲက ထွက်ပြီးပြီးချင်း ၅မိနစ်လောက် သူမကိုယ်သူမ သေချာကြည့်ခဲ့တာမို့ ဘာပြဿနာမှ မရှိဘူး။
သူမရဲ့စိတ်ထဲကပဲ ထင်လို့လားတော့ မသိပေမဲ့ ဘယ်သူမှ သူမကို သိတဲ့ပုံ မပေါ်ပါဘူး။ဖြတ်သွားဖြတ်လာတချို့ဆို သူမရဲ့အကြည့်ကို အမြန်ရှောင်သွားကြတယ်။
အတိုချုံ့ပြောရရင်တော့ ဒီကခရီးသွားတွေ အကုန်ထူးဆန်းတယ်။
ကံကောင်းစွာနဲ့ နန်ကောရဲ့အာရုံဟာ နေရာရဲ့ရှုခင်းတွေဆီကနေ ဆွဲဆောင်ခံလိုက်ရပြီး သူမဟာ ဖြတ်သွားဖြတ်လာတွေရဲ့တည်ရှိမှုကို လုံး၀လစ်လျူရှု သွားတော့တယ်။
တစ်ချိန်တည်းမှာပဲ ကျန်းမြို့။
နန်ကျဲ့ဟာ အိပ်ရာထ နောက်ကျတယ်။သူ့မိဘတွေဟာ မနက်စာအမြန်စားဖို့ ဆက်တိုက် ဆူနေပေမဲ့ သူဟာတော့ မြန်လည်းမမြန်သလို နှေးလည်းမနှေးဘူး။သူဟာ တည်တည်ငြိမ်ငြိမ်ပဲ ကော်ဖီတစ်ငုံ သောက်တယ်။
မစ္စတာနန်နဲ့ မစ္စနန်တို့ သူနဲ့ ရန်ဖြစ်တော့မလိုတောင် ဖြစ်ခဲ့သေးတယ်။
နန်ကျဲ့တစ်ယောက် အ၀တ်အစားလဲပြီး အဆင်သင့်ဖြစ်တဲ့အခါကျ နေ့လည် ရောက်နေပြီ။
ကားထဲကို ရောက်တော့ မစ္စနန်ဟာ အချိန်ကိုကြည့်ပြီး အခြောက်ခံထားရုံရှိသေးတဲ့ နန်ကျဲ့ရဲ့ဆံပင်ကို ဒေါသထွက်ထွက်နဲ့ ပုတ်လိုက်တယ်။ “ကြည့် ကြည့် အချိန်ကို ကြည့်စမ်း!”
“ဟေး! ဘာတွေလောနေတာလဲ။ သူ ဒီည လက်ထပ်ခွင့်ပဲ တောင်းမှာ မဟုတ်ဘူးလား” အရာအားလုံးဟာ နန်ကျဲ့ရဲ့ထိန်းချုပ်မှုအောက်မှာ။သူတို့ အခုထွက်မယ်ဆို ဟိုက်မြို့ကို ရောက်လို့ရှိရင် နေ့လည်၂နာရီလောက်ပဲ ရှိဦးမယ်။
221 02
ရှန်ရန်ချင်းဟာ ၅နာရီ၀န်းကျင်လောက် လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားတာ။၃နာရီတောင် ကျန်သေးတာမို့ လုံလောက်တာထက်ကို ပိုနေပြီ။
ဒါပေမဲ့လည်း မစ္စတာနန်နဲ့ မစ္စနန်တို့ကတော့ အဲ့လိုမထင်ဘူး။
မျိုးဆက်ဟောင်းနဲ့ မျိုးဆက်သစ်တွေမှာ လုံး၀ကွဲပြားတဲ့ အချိန်အယူအဆတွေ ရှိတယ်။
သူတို့ အချိန်မှီရောက်တာ ထက်စာရင် စောစောထွက်ပြီးကို စောင့်နေရမှာ။
“မင်း လက်ထပ်ခွင့်တောင်းတာလည်း မဟုတ်ဘူး။ မင်း ၀တ်စားထားတာကို ကြည့်ပါဦး။ မင်းပုံစံက တောက်ပြောင်လွန်းလို့ ဒေါင်းကျနေတာပဲ” မစ္စနန်ဟာ ကွန်ပလိန်း တက်တယ်။
နန်ကျဲ့ဟာ အနောက်ခုံကသူ့မားကို လှည့်ကြည့်တယ်။သူဟာ မျက်ခုံးပင့်ပြီး “မားလည်း အတူတူပဲ မဟုတ်ဘူးလား။ မား တိတ်တိတ်လေး ကျောက်စိမ်းအကြီးကြီးတောင် ၀တ်ထားသေးတယ်”
မစ္စနန်ဟာ လက်မြှောက်ပြီး သူ့ကို ရိုက်တယ်။နန်ကျဲ့ဟာ အပြုံးလေးနဲ့ ရှောင်လိုက်တယ်။သွားနေတဲ့လမ်းမှာတော့ ချီယန့်ဆီကနေ စာ၀င်လာတယ်။
နန်ကျဲ့ဟာ ဒီနေ့ ချီယန့်ကိုပါ ခေါ်သွားချင်တာမို့ သူမကို ကြိုမေးထားခဲ့တာ။
ချီယန်ဟာ ခဏ တွေးကြည့်ပြီး သဘောတူတယ်။
ဘာပဲ ဖြစ်ဖြစ် သူမနဲ့နန်ကော အဆင်ပြေပြေရှိပြီး အဆက်အသွယ်လည်း ရှိတယ်လေ။
သူမ မနေ့က နိုင်ငံခြားမှာ ရိုက်ကူးရေးရှိပြီး လေယာဉ်ပေါ် မတက်ရသေးဘူး။
ချီယန်: [၃နာရီလောက် လေယာဉ်ဆိုက်မယ်။နေရာက ဘယ်နေရာလဲ။ ငါ တန်းသွားလိုက်မယ်။]
နန်ကျဲ့ဟာ အားတဲ့လက်နဲ့ ရိုက်ပြီး: [မလိုဘူး။ငါ့ကို နင့်လေယာဉ်အချက်အလက်တွေ ပို့ပေးလိုက်။ငါ နင့်ကို ဟိုက်လေဆိပ်မှာ တိုက်ရိုက်လာကြိုမယ်။အချိန်က ကွက်တိပဲမို့။]
ချီယန်ဟာ လေယာဉ်လက်မှတ် ဖြတ်နေတာဖြစ်လောက်ပြီး ခဏကြာတော့ စာပြန်လာတယ်။
လက်ထပ်ခွင့် တောင်းဖို့အတွက် နည်းနည်းအချိန်စောနေသေးတာမို့ မစ္စနန်ဟာ အနီးအနားက ဟိုတယ်မှာ ခဏလောက်နားဖို့ ဆုံးဖြတ်ထားတယ်။
မထင်မှတ်ထားဘဲ ရှန်ရန်ချင်းဟာ ပြင်ဆင်ထားပြီးပြီဖြစ်ကာ ဟိုတယ်ကို ဘိုကင်ယူပေးထားခဲ့တယ်။
သူတို့ ဟိုက်မြို့ကို ရောက်တာနဲ့ မစ္စနန်ဟာ ရှန်ရန်ချင်းရဲ့စေ့စပ်သေချာပုံကို ချီးကျူးပြီး ဂျီပီအက်စ် ဖွင့်လိုက်တယ်။
“ဟမ်။ မင်း ဘယ်ကို မောင်းနေတာလဲ” ငါးပြတိုက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။သူ ဘာလို့ ပိုပိုပြီးဝေးဝေးကို မောင်းနေတာလဲ။
နန်ကျဲ့ လမ်းမှားမောင်းမိပြီလို့ မစ္စနန်ဟာ ထင်လိုက်ပေမဲ့ နန်ကျဲ့ဟာ ရုတ်တရက် ပြောလာတယ်။ “မားရဲ့ချွေးမလောင်းကို သွားကြိုဖို့ လေဆိပ်ကို အရင်သွားနေတာ” မစ္စနန်ဟာ အံ့ဩတကြီးနဲ့ ခေါင်းကို မော့လိုက်မိတယ်။
ဖုန်းကို ငုံ့ကြည့်နေတဲ့ မစ္စတာနန်ဟာလည်းပဲ အံ့အားသင့်သွားတယ်။သူဟာ သူ့သားကို မယုံကြည်နိုင်စွာနဲ့ ကြည့်လိုက်တယ်။
လင်မယားနှစ်ယောက်ရဲ့မျက်နှာထားဟာ ဒီအခိုက်အတန့်မှာ တစ်ပုံစံတည်းပဲ။
သူတို့နှစ်ယောက်လုံးဟာ အတူတူပဲ အံ့ဩသွားကြတာ။
သူတို့ ဘယ်တုန်းက ချွေးမလောင်း ရလိုက်တာလဲ။
သူတို့မှာ သားမက်လောင်းတော့ ရှိပါတယ်...ချွေးမလောင်းကျတော့...
သူတို့မှာ သားတစ်ယောက်ပဲရှိတာ။နန်ကျဲ့လေ။ဟုတ်တယ်မလား။
လင်မယားနှစ်ယောက်ဟာ သူတို့ဘ၀သူတို့ အကြမ်းဖျင်း ပြန်သံသယ ၀င်ပြီးတဲ့နောက်မှာတော့ မစ္စနန်ဟာ အမြန်ပဲ အရှေ့ကိုတိုးပြီး နန်ကျဲ့ဆီ ချဥ်းကပ်လိုက်တယ်။
“ဘယ်ချွေးမလောင်းလဲ။ ဟိုတစ်ခေါက်က တစ်ယောက်လား”
လင်မယားနှစ်ယောက်ဟာ နန်ကျဲ့ မိန်းကလေးတစ်ယောက်ကို မရလိုက်မှန်း သိထားကြတယ်။
မိန်းကလေးက ဘယ်သူလဲဆိုတာကို သူတို့မသိပေမဲ့ နန်ကျဲ့တစ်ယောက် အတည်ဆိုတာကိုတော့ သူတို့ သိတယ်။
ဒါပေါ့။သိပ်မကြာခင်တုန်းက နန်ကျဲ့ ချိန်းတွေ့နေတယ်ဆိုတာ သူတို့သိတယ်။ဒါပေမဲ့ လင်မယားနှစ်ယောက်လုံး မမေးရဲခဲ့ဘူး။သူတို့ မသိချင်ယောင်ဘဲ ဆောင်နေခဲ့တာ။
သူတို့ နန်ကောကို သီးသန့်ခေါ်မေးခဲ့ပေမဲ့ ဘယ်သူလဲဆိုတာကို နန်ကောက မပြောပြဘူး။သူမက အရမ်းကောင်းမွန်တဲ့ မိန်းကလေးလို့ပဲ ပြောတယ်။
221 03
လင်မယားနှစ်ယောက်လုံး ဒီမိန်းကလေးကို တွေ့ချင်နေခဲ့ကြတာ။ဒါပေမဲ့ တစ်ခါမှ အခွင့်အရေး မရခဲ့ဘူး။
နန်ကျဲ့နဲ့ တစ်ဖက်လူ စတွဲနေရုံပဲရှိသေးတာကို သူတို့သိတာမို့ ချက်ချင်းလက်ငင်းကြီး တစ်ဖက်လူကို သူတို့ မတွေ့ရဲခဲ့တာ။
မထင်မှတ်ထားဘဲ နန်ကျဲ့ဟာ နောက်ဆုံးတော့ သူတို့ကို အဲ့မိန်းကလေးနဲ့ တွေ့စေချင်ပြီပဲ။
“အာဟာ” စကားလေး တစ်လုံးတည်းဆိုပေမဲ့ မစ္စတာနန်နဲ့ မစ္စနန်ဟာ နန်ကျဲ့ရဲ့ ဘ၀င်မြင့်နေတဲ့အသံကို ကြားနိုင်တယ်။
“မြန်မြန် ပါးနဲ့မားကို အဲ့မိန်းကလေးအကြောင်း ပြောပြပါဦး။ မင်းပါးနဲ့မား အဲ့မိန်းကလေးအကြောင်း ဘာမှမသိရသေးဘူး။ ရုတ်တရက်ကြီးတွေ့ ကြမယ်ဆိုရင် ငါတို့ တစ်ခုခု မှားပြောမိသွားရင် ဘယ်လိုလုပ်မလဲ”
ဒါအဓိပ္ပာယ်ရှိတယ်လို့ နန်ကျဲ့ ထင်တယ်။သူ သူ့မိဘတွေနဲ့ ကိစ္စတွေကို အရင်ရှင်းထားပြီး ပါးနဲ့မား မရည်ရွယ်တာကို သူသိ ရင်တောင်မှ ခဏနေ ချီယန်ကို အနေရခက်စေမဲ့ဟာမျိုး မပြောမိအောင် သေချာလုပ်ထားရမယ်။
“သူ့မိသားစုက အရင်က ကျန်းမြို့ကလူတွေ။ သူက သားရဲ့ဂျူနီယာအထက်တန်းတုန်းက အတန်းဖော်။ သူ့အဖေက အရင်က ကျန်းမြို့ထဲမှာ ခေါင်းဆောင်တစ်ယောက်ပဲ။ နောက်တော့ အဂတိလိုက်စားမှု၊လာဘ်စားမှုနဲ့ သူ တစ်ခုခု ဖြစ်သွားတယ်။ အဲ့လိုနဲ့ပဲ သူနဲ့သူ့အမေက မြောက်ပိုင်းကို ပြောင်းသွားပြီး အဲ့မှာ အခြေချလိုက်တာ။ နောက်တော့ သူ့အဖေလွတ်လာပြီး သူတို့နဲ့အတူ ပြန်နေတယ်။ သူ့မိသားစုက အခုလက်ရှိ အဲ့မှာနေနေတယ်”
“ဒါ...” မစ္စတာနန်ဟာ အံ့ဩသွားတယ်။
အဂတိ လိုက်စားတာ...။
မစ္စနန်ဟာလည်းပဲ အံ့ဩသွားတယ်။အတော်လေး ကြာတော့မှ သူမဟာ ပြန်ပြောလာတယ်။ “ရပါတယ် အဖေရဲ့ပြဿနာက ကလေးနဲ့ဘာမှမဆိုင်ဘူး။ သူက ကလေးကောင်း တစ်ယောက်ဖြစ်နေတုန်းပဲ”
ဒါပေမဲ့လည်း ဒီသတင်းဟာ သူတို့အပေါ် ကြီးမားတဲ့ သက်ရောက်မှုတော့ ဖြစ်သွားတယ်။
မစ္စတာနန်ဟာ စိတ်ငြိမ်အောင် လုပ်ပြီး ခေါင်းညိတ်တယ်။ “ဟုတ်တယ်”
အရင်က မျိုးဆက်တွေဟာ အမှားလုပ်ကြတယ်။ဒါပေမဲ့ သူတို့ မိန်းကလေးအပေါ် အပြစ်တင်လို့ မရဘူး။မိန်းကလေးဟာ ဘာမှမမှားဘူး။
သူ့မိဘတွေ အချင်းချင်း သိမ်းသွင်းတာ မြန်လွန်းတာကို မြင်ရတဲ့အခါ နန်ကျဲ့ဟာ ရယ်လိုက်မိတယ်။သူဟာ ကားနောက်ကြည့်မှန်ကနေ အကြည့်ကိုလွှဲပြီး ပေါ့ပါးသွားတဲ့လေသံနဲ့ ပြောလာတယ်။ “ဒါပေမဲ့ ရှိသေးတယ်။ သူ့အဖေက အကွက်ချ ခံခဲ့ရတာ”
“ဒါပေမဲ့ ဒီကိစ္စက အဲ့တုန်းက အမြန် အဖုံးခံလိုက်ရပုံပဲ။ သား လူတစ်ယောက်ကို စုံစမ်း ကြည့်ခိုင်းသေးပေမဲ့ ဘာသတင်းမှ သိပ်မရခဲ့ဘူး...”
******