← Chapters

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း ၂၂၂

Vol. 23 Ch. 222

222 01

Chapter 222 သူမ ဒီလိုဖြစ်နေတဲ့သူမကိုယ်သူမ မကြိုက်ဘူး။

မစ္စတာနန်ဟာ သူ ဆိုလိုချင်တာကို သဘောပေါက်တယ်။

“ရပါတယ် ပါးမေးလို့ ရမလား။ တစ်ချက် ကြည့်ကြည့်လိုက်မယ်”

မစ္စတာနန်ရဲ့အတန်းဖော်ဟောင်းတွေဟာ ကျန်းမြို့ရဲ့နိုင်ငံရေးလောကထဲမှာ ရှိနေကြသေးတယ်။စုံစမ်းတာဟာ နန်ကျဲ့ထက်စာရင် မစ္စတာနန်အတွက် ပိုလွယ်ကူတယ်။

ချီယန့်မိသားစုရဲ့အခြေအနေအကြောင်း ပြောပြီးတဲ့နောက် နန်ကျဲ့ဟာ ဆက်ပြောတယ်။ “သူက ဓာတ်ပုံပညာကို သင်ယူခဲ့ပြီး အခု ဟိုက်မြို့မှာ သူ့ကိုယ်ပိုင်စတူဒီယို ရှိတယ်။ သူ့အလုပ်က အတည်တကျဖြစ်ပြီး ပေါ့ပေါ့းပါးပါး အကျင့်စရိုက်မျိုးရှိတယ်။ ကျောင်းတုန်းဆိုရင် သူက ယောက်ျားလေးလိုပဲ”

“မိန်းကလေးတစ်‌ယောက်ကို မင်း ဘယ်လိုလုပ် အဲ့လိုပြောရတာလဲ” မစ္စနန်ဟာ ဒါမျိုး ယှဥ်‌ပြောတာကို မကြိုက်ဘူး။ဒါပေမဲ့ တစ်လျှောက်လုံး ဒီမိန်းကလေးဟာ လုပ်နိုင်စွမ်းရှိတယ်လို့ သူမ ခံစားရတယ်။သူမဟာ မိသားစုကို အားမကိုးဘဲ သဘောကျတဲ့ လုပ်ငန်းထဲမှာလည်း ကောင်းမွန်စွာလု ပ်ကိုင်နေတယ်။

“သူက အလုပ်လုပ်ဖို့ တစ်ယောက်တည်း ထွက်လာပြီး ကိုယ်ပိုင်စတူဒီယိုတောင် ရှိနေပြီ။ မဆိုးဘူး။ တကယ်မဆိုးဘူး”

မစ္စတာနန်နဲ့ မစ္စနန်တို့ဟာ ချီယန့်အပေါ်မှာ ကောင်းမွန်တဲ့ထင်မြင်ချက် ရှိသွားတယ်။

ဒါကိုမြင်တဲ့အခါ နန်ကျဲ့ဟာ စိတ်သက်သာရာရပြီး သက်ပြင်းချတယ်။

ချီယန့်အဖေကြောင့် သူ့မိဘတွေ သူတို့နှစ်ယောက် တွဲနေတာကို မတားလောက်ဘူးဆိုတာ သူ ယုံကြည်ချက် ရှိ‌ခဲ့ပေမဲ့ နည်းနည်းတော့ စိတ်လှုပ်ရှားမိတုန်းလေ။

ကံကောင်းစွာနဲ့ပဲ။

သူတို့လေဆိပ်ကိုရောက်တဲ့အခါ မစ္စနန်ဟာ သက်ပြင်းချပြီး စိတ်လှုပ်ရှားနေတယ်။ “ဒါ ငါတို့ သူ့ကို ပထမဆုံးအကြိမ်တွေ့တာဆိုပေမဲ့ မပြင်ဆင်ဘဲ လာလိုက်မိတ။ယ် မင်း တကယ် မားတို့ကို အရင်ကြိုပြောထားသင့်တာ”

သူတို့ဟာ သူမအတွက် လက်ဆောင်တောင်မှ မပြင်ပေးလိုက်နိုင်ဘူး။အရမ်း ရုတ်တရက်ဆန်တယ်။

နန်ကျဲ့ဟာ ပြုံးပြီး “ရပါတယ် နောင်လည်း အခွင့်အရေးတွေ အများကြီး ရှိဦးမှာပါ”

မစ္စနန်ဟာတော့ ဒါ မကောင်းဘူးလို့ ခံစားရတုန်းဘဲ။သူမဟာ ဖုန်းထုတ်ပြီး အချိန်အကြာကြီး ရှာကြည့်လိုက်တယ်။အဆုံးမှာတော့ သူမ ပန်းစည်းတစ်စည်း မှာလိုက်ပြီး လေဆိပ်ကို အရေးတကြီး လာပို့ပေးဖို့ မေးလိုက်တယ်။

သေချာပေါက် နောက်ကျပြီလို့ မစ္စနန် ထင်ခဲ့တာ။

ဒါပေမဲ့ ပိုက်ဆံဟာ ကမ္ဘာကြီးကို လည်ပတ်နေစေတယ်။ပန်းရောင်းတဲ့လူဟာ အမြန်ရောက်လာတယ်။သူတို့ ထင်ထားတာထက် မိနစ်၂၀တောင် စောနေသေးတယ်။

ခဏလောက် တွေးကြည့်ပြီးတဲ့နောက် မစ္စနန်ဟာ ပန်းစည်းကို နန်ကျဲ့လက်ထဲ ထိုးထည့်ပေးလိုက်ပြီး ဒီလိုမှ ပိုအဆင်ပြေတယ်လို့ ခံစားရတယ်။

နန်ကျဲ့ သူမကို လာကြိုမယ်ဆိုတာကို သိ‌ထားတာမို့ ချီယန်ဟာ စတူဒီယိုထဲက သူ့လုပ်ဖော်ကိုင်ဖက်တွေကို သူမရဲ့ခရီးဆောင်အိတ်ကို သယ်ပြီး အရင်ထွက်ဖို့ ပြောတယ်။

သူမဟာ အလောတကြီး ထွက်လာတယ်။သူမဟာ နန်ကျဲ့ အကြာကြီး စောင့်နေရမှာရယ်၊ရှန်ရန်ချင်းနဲ့ နန်ကောကို ဆွဲထားသလို ဖြစ်မှာရယ်ကို စိုးရိမ်တာ။

“စကားမစပ် သူ့နာမည်က ဘာလဲ” မစ္စနန်ဟာ ရုတ်တရက် ထမေးတယ်။

“ချီယန် ချီက အလွန်အကျွံအေးတာကို ဆိုလိုပြီးတော့ ယန်ကကျတော့...”

သူ တစ်နေတာကို မြင်တော့ မစ္စနန်ဟာ ခန့်မှန်းကြည့်လိုက်တယ်။ “ယန်။ လှတယ်ဆိုတဲ့တစ်ယောက်လား”

မိန်းကလေးတွေဟာ ဒီဇာတ်ကောင်ကို သူတို့ရဲ့နာမည်တွေမှာ မကြာခဏ သုံးတတ်ကြတယ်။

နန်ကျဲ့ဟာ အသိပြန်၀င်လာပြီး ခေါင်းအသာ ခါပြတယ်။ “မဟုတ်ဘူး ဒဿနစာလုံးတွေမှာ ဆိုလိုတဲ့တစ်ခု”

မစ္စတာနန်နဲ့ မစ္စနန်ဟာ သူ့ကို တစ်ပြိုင်တည်း ကြည့်လာကြတယ်။မစ္စနန်ဆို တခစ်ခစ်တောင် ရယ်လိုက်သေး။သူမ ဘာကို ရယ်နေလဲဆိုတာတော့ ဘယ်သူမှ မသိဘူး။

နန်ကျဲ့ဟာ အနည်းငယ် ရှက်သွားပြီး နှာခေါင်းကို ကို့ရို့ကားယား ကိုင်လိုက်တယ်။ဒါပေမဲ့လည်း သူဟာ အမြန်ပြုံးသွားတယ်။

မစ္စနန်ဟာ လူငယ်တွေ လုပ်သလိုမျိုး ချီယန့်ရဲ့နာမည်ကို သူမဖုန်းထဲမှာ ရိုက်လိုက်တယ်။အရောင်စုံလှတဲ့စာလုံးတွေဟာ အလွန်တရာကိုမှ မျက်စိ ဖမ်းစားတယ်။

ချီယန်ထွက်လာတဲ့အခါ သူမဟာ သာမန်ပဲ လူအုပ်ကြီးထဲကို လှမ်းကြည့်ပြီး တစ်ချက် ရပ်လိုက်တယ်။

မစ္စနန်ဟာ သူမကို ကြည့်ပြီး ဒီမိန်းကလေးပဲ ဖြစ်ရမယ်ဆိုတာ သိလိုက်တယ်။

“ဒီမှာ ဒီမှာ!” မစ္စနန်ဟာ စိတ်အားထက်သန်စွာနဲ့ လက်ယမ်းပြတယ်။ “မြန်မြန်လာ!”

သူမက အနုပညာရှင်ကို လာကြိုတဲ့ ပရိသတ်လား။ဒါပေမဲ့ သူမဟာ အနုပညာရှင်မှ မဟုတ်တာ။

အမျိုးသမီးရဲ့ဘေးမှာ ရပ်နေတဲ့လူကို မြင်တဲ့အခါ ချီယန်ဟာ ကြောင်အသွားတယ်။

နန်ကျဲ့ဟာ ပန်းစည်းတစ်စည်းကို ကိုင်ထားတယ်။အရမ်းကြီးလွန်းတော့ ခုဏက သူရပ်နေရင်း နေရာရွှေ့လိုက်တဲ့အခါ ပန်းစည်းဟာ သူ့မျက်နှာကို ကွယ်သွားတာမို့ ချီယန် သူ့ကို ချက်ချင်း မမြင်လိုက်ရတာ။

သူဟာ ပန်းစည်းကိုကိုင်ဖို့ လက်ပြောင်းလိုက်ပြီး နောက်လက်တစ်ဖက်နဲ့ ထွက်ပေါက်ဆီကို လျှောက်လာဖို့ အမူအရာပြတယ်။

“ဘာစောင့်နေတာတုန်း။ မြန်မြန်ထွက်လာလေ”

“အိုကေ...” သူမ ဘယ်လိုထွက်လိုက်လဲဆိုတာ ချီယန် မသိဘူး။သူမဟာ လမ်းလျှောက်နေတဲ့ အလောင်းကောင်လိုမျိုးသာ လူအုပ်ကြီးနောက်ကနေ လိုက်သွားတယ်။

222 02

သူမရဲ့စိတ်ထဲ နားမလည်နိုင် ဖြစ်နေတယ်။

နန်ကျဲ့ရဲ့မိဘတွေများလား။

အမျိုးသမီးရဲ့အပြုအမူကို ကြည့်ရသလောက်တော့ ဟုတ်လောက်တယ်။

သူမ ဒီနေ့ နန်ကျဲ့ရဲ့မိဘတွေနဲ့ ကျိန်းသေပေါက် တွေ့မယ်ဆိုတာကို သိနေတာမို့ ပြင်ဆင်ထားပြီးသား။ဘာလို့လဲဆို‌တော့ ရှန်ရန်ချင်း နန်ကောကို လက်ထပ်ခွင့် တောင်းမှာလေ။သူမရဲ့မိဘတွေအနေနဲ့ သူတို့ရှိနေလိမ့်မှာပေါ့။

ဒါ‌ပေမဲ့ သူမကို လာကြိုဖို့ သူတို့ နန်ကျဲ့နဲ့အတူ လေဆိပ်ကိုလို က်လာမယ်လို့တော့ မထင်ထားခဲ့ဘူး။

သူမ လေယာဉ်ပေါ်က ဆင်းလာကတည်းက စိတ်ပိုင်းဆိုင်ရာအရ မပြင်ဆင် ထားရသေးဘူး။

ဘာလို့စောစောလာတွေ့ရတာလဲ...။

“ဒီမှာ ငါ့အမေ နင့်အတွက် ဝယ်ထားတာ” နန်ကျဲ့ဟာ သူမအရှေ့မှာ ရပ်ပြီး ပန်းတွေကို သူမဆီ ပေးတယ်။ “ငါနာမည် ၀င်မယူရဲပါဘူး”

ပန်းတွေကို ယူတဲ့အချိန် ချီယန့်လက်တွေ တုန်နေတော့တယ်။နာမည်ကြီး ကြယ်ပွင့်တွေရဲ့ဓာတ်ပုံတွေကို ရိုက်တုန်းကတောင်မှ သူမ တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။

“ကျေးဇူးတင်ပါတယ် အန်တီ” ချီယန်ဟာ တည်ငြိမ်ချင်ဟန် ဆောင်လိုက်ပေမဲ့ သူမ တကယ်တော့ ပြာယာခတ်နေပြီ။

သူမဟာ စိတ်လှုပ်ရှားစွာနဲ့ ပန်းစည်းကို ပိုက်ထားပြီး သူမလက်ဟာလည်း ဖဲကြိုးကိုကိုင်ရင်း ထပ်ခါထပ်ခါ လှည့်နေမိတယ်။

နန်ကျဲ့ဟာ သူတို့ကိုမိတ်ဆက်ပေးပြီး ချီယန်ဟာ သူတို့ကို အမြန်ပဲ နှုတ်ဆက်လိုက်တယ်။

မစ္စတာနန်ဟာ ပြုံးပြပြီး ဘာမှတော့ မပြောဘူး။

မစ္စနန်ဟာ သူမရဲ့လက်ကိုကိုင်လာပြီး “နန်ကျဲ့က အန်တီတို့ကို ကြိုမပြောထားတာမို့ လက်ဆောင်တွေ ပြင်လာဖို့ အချိန်မရှိလိုက်ဘူး။ နောက်တစ်ခါ သမီး အန်တီတို့အိမ် လာတော့မှပဲပေါ့ အဆင်ပြေလား”

လမ်းတစ်လျှောက်လုံး မစ္စနန်ဟာ အရမ်းတက်ကြွ ထက်သန်နေပြီး ချီယန်နဲ့စကားပြောဖို့ အကြောင်းအရာတွေကို ဆက်တိုက်ရှာနေတော့တယ်။

ဒါပေမဲ့ ချီယန်ဟာတော့ စကားသိပ်မပြောဘူး။မစ္စနန် သူမကို သူမရဲ့အသက်မွေး၀မ်းကြောင်းနဲ့ ပတ်သက်ပြီး မေးရင်တောင်မှ သူမမှာ ထုတ်ပြောပြဖို့ အခက်အခဲ ဖြစ်နေခဲ့တယ်။

အဲ့နောက် နန်ကျဲ့ဟာ သူမကို အမြန်ကူညီပေးခဲ့တယ်။

ဟိုတယ်ကို ရောက်တော့ နန်ကျဲ့ဟာ ချီယန်နဲ့နှစ် ယောက်တည်း အချိန်မကုန်ဆုံးခင် သူ့မိဘတွေကိုအရင် သူတို့အခန်းကို လိုက်ပို့ပေးလိုက်တယ်။

“ငါ့မိဘတွေ နင့်ကို အရမ်းသဘောကျကြတယ်။ မကြောက်နဲ့ ငါ့အမေက အဲ့လိုပဲ နန်ကောက ငါ့အမေရဲ့အကျင့်စရိုက်ကို ဆက်ခံထားတာလေ” နန်ကျဲ့ဟာ အနောက်လှည့်ပြီး ပန်းတွေကို စားပွဲပေါ် ကူတင်ပေးတယ်။

အဲ့နောက် သူဟာ သူမလက်လေးကို လှမ်းကိုင်တယ်။ “နင် စိတ်ပူစရာ မလိုပါဘူး။ သူတို့ နင် ထင်သလောက် စိတ်မပုတ်ပါဘူး။ သူတို့ နင့်ကို ငါ ဆက်ဆံသလိုပဲ ဆက်ဆံမှာပါ”

“သူတို့ နင့်ကို ကြိုက်လောက်မယ်ဆိုတာသာ ငါမသေချာရင် ငါ ရုတ်တရက်ကြီး သူတို့ကို နင်နဲ့ပေးတွေ့မှာ မဟုတ်ဘူး”

“ငါတို့လေဆိပ်ကိုရောက်တော့ ငါ့အမေက သူ့ကို ကြိုမပြောလို့ဆိုပြီး ငါ့ကို ဆက်တိုက် အပြစ်တင်နေတာ၊ သူ့မှာ နင့်အတွက် လက်ဆောင်ပြင်ဖို့ အချိန်မရလိုက်ဘူးလေ၊ အဲ့တာနဲ့ သူ တစ်ယောက်ယောက်ကို ပန်းစည်းလာ ပို့ခိုင်းလိုက်တာ”

“နင် ဘာကိုကြောက်လဲဆိုတာ ငါသိတယ်။ ငါ သူတို့ကို ပြောပြပြီးပြီ။ သူတို့ နင့်အပေါ် မကောင်းတဲ့ ထင်မြင်ချက် မရှိဘူး။ တကယ်မရှိတာ”

“ဒီကို လာတဲ့လမ်းမှာလည်း ငါ့အမေ စကားအရမ်းပြောတယ်ဆိုတာ သူ နည်းနည်း စိတ်လှုပ်ရှားနေလို့ပါ”

မစ္စနန်လိုပဲ နန်ကောဟာလည်း စိတ်လှုပ်ရှားလာပြီဆို စကား အရမ်းများတယ်။

ချီယန်ဟာ ထိုင်ချလိုက်ပြီးတဲ့နောက် ပြန်သက်သာဖို့ အချိန်ခဏ ယူလိုက်ရတယ်။အိပ်မက်ကနေ နိုးထလာသလိုမျိုး သူမဟာ ပြောတယ်။ “နင့်မိဘတွေ ငါ့ကို တကယ် သဘောကျလား”

လာတဲ့လမ်းမှာ သူမစကား သိပ်မပြောခဲ့ဘူးဆိုတာ အရမ်းစိတ်လှုပ်ရှားနေခဲ့မိလို့။

နန်ကျဲ့ပြော တယ်ဆိုရင်တောင်မှ သူမ သိပ်မသေချာသေးဘူး။သူမ ယုံကြည်ချက် ရှိမနေဘူးရယ်။

အဆုံးမှာတော့ သူမ သိမ်ငယ်မှုကို ခံစားနေရတုန်းပဲ။

သူမ နန်ကျဲ့ရဲ့အကြံဉာဏ်ကို သဘောတူခဲ့တယ်ဆိုတာ သူမကိုယ်သူမ အခွင့်အရေး ပေးကြည့်ချင်လို့။

သူမ ပိုပြီးကြိုးကြိုးစားစား လုပ်နိုင်မယ်လို့ ထင်ခဲ့တာ။

သူမဟာ လွယ်လွယ်နဲ့ စိတ်လှုပ်ရှားပြီး စိုးရိမ်ပူပန်တတ်တဲ့ လူမျိုးမဟုတ်ဘူး။နန်ကျဲ့နဲ့ ပြန်မဆုံခင်တုန်းက သူမဟာ အရင်လို တက်တက်ကြွကြွနဲ့ ထက်ထက်သန်သန် ရှိခဲ့ပါတယ်။သူမအနားမှာ သူငယ်ချင်းတွေ အများကြီးရှိတာမို့ နွေးထွေးဖို့အတွက် နှောင့်နှေးမနေခဲ့ဘူး။

ဒါပေမဲ့ ပြန်ဆုံပြီးတဲ့နောက် သူမ ခံစားချက်တွေထဲကို နစ်မြောပေါင်းများနေသလိုပဲ။

သူမဟာ လှိုင်းရိုက်ချက်‌တွေကြောင့် ပင်လယ်ရဲ့အောက်ခြေထဲကို နစ်မြုပ်သွားသလိုမျိုး။မြုပ်လိုက်ပေါ်လိုက်နဲ့ ရုန်း‌ကန်နေရသလိုပဲ။သူမဟာ နစ်မြုပ်နေပြီး ဘယ်အချိန် အသက်ပြန်ရှူခွင့် ရမလဲဆိုတာကို မသိဘူး။

သူမ သူမကိုယ်သူမ သိပ်ကြိုက်တာမဟုတ်ဘူး။

သူမလည်း ကိုယ်ကိုယ်တိုင်နဲ့ ပတ်သက်တဲ့ ပြဿနာကို ရှာဖို့ ကြိုးစား ကြည့်ပါသေးတယ်။အရမ်းရိုးရှင်းပြီး သိသာပါတယ်။အရင်ကပြဿနာနဲ့ အတူတူပဲ။သူမတို့အတူ ရှိနေတယ်ဆိုပေမဲ့ ဒီပြဿနာဟာ ဘယ်တုန်းကမှ ပျောက်မသွားခဲ့ဘူး...။

******

All Chapters