အခန်း ၂၂၃
Vol. 23 Ch. 223
223 01
Chapter 223 ရုတ်တရက်ကြီး သရဲရုပ်ရှင်ဖြစ်သွားတယ်။
ချီယန်ဟာ နန်ကျဲ့ရဲ့ဘေးမှာ ယှဉ်ရပ်ဖို့အထိ ထူးချွန်မနေဘူး။
သူမတို့သာ ကျောင်းတုန်းကဆိုရင် ဒီဟာတွေကို လစ်လျူရှုထားလို့ရတယ်။ဒါပေမဲ့ လူကြီးလောကထဲမှာတော့ သူမတို့နှစ်ယောက်ကြားက ကွာခြားမှုဟာ ကြီးမားလွန်းတယ်။မျှခြေဟာ အမြဲတိမ်းစောင်း နေခဲ့တယ်။ဘက်နှစ်ဖက်သာ မညီဘူးဆိုရင် အဆုံးသတ်ကျရင် ပြဿနာတွေက ကျိန်းသေပေါက် ဖြစ်လာမှာပဲ။
တကယ်ကလေ သူမ သူ့မိဘတွေနဲ့ ပထမဆုံးတွေ့ဆုံတဲ့ မြင်ကွင်းကို အခေါက်ခေါက်အခါခါ မြင်ယော င်ကြည့်ခဲ့ဖူးတယ်။ဒါပေမဲ့လည်း တကယ့်တကယ်တွေ့တဲ့အချိန်မှာ သူမယုံကြည်ချက်ဟာ ပျောက်ဆုံး သွားသေးတာပါပဲ။
“ဒါပေါ့” နန်ကျဲ့ဟာ သူမနဲ့ဆန့်ကျင်ဘက်မှာ မတ်တပ်ရပ်နေတယ်။ “ငါ့ကို မယုံဘူးလား”
သူဟာ သူမနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် ဒူးထောက်ချလိုက်တယ်။ “ကိုယ့်ဟာကိုယ် ကိစ္စတွေကို လိုက်ရှုပ်ထွေးမနေနဲ့ ငါ့လိုပဲ သူတို့ နင့်ကို သဘောကျတယ်”
“ငါ့အဖေက ပုံမှန်လည်း စကားသိပ်မပြောဘူး။ ငါ့အမေနဲ့ ဆန့်ကျင်ဘက်ပဲ” လက်ကလေးကို မြှောက်ကာ သူမရဲ့မျက်နှာလေးကို ပွတ်ပေးရင်း သူဟာ ပြုံးပြတယ်။
“နင့်ကို ကြည့်ပါဦး။ ခုဏတုန်းကတော့ သတ္တိရှိနေခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ အခုမှပြာယာခတ်နေရတာလဲ”
“ငါ့မိဘတွေမှာ အရမ်းကောင်းတဲ့ အကျင့်စရိုက်တွေ ရှိပါတယ်။ နန်ကောနဲ့ငါ့ကို ကြည့်ရုံနဲ့ နင်မပြောနိုင်ဘူးလား”
“အဲ့တာ မှန်တယ်...” ချီယန်ဟာ သဘောတူပြီး ခေါင်းညိတ်တယ်။
ကံကောင်းစွာနဲ့ နန်ကျဲ့ဟာ အနားမှာရှိနေတာမို့ ချီယန်ဟာ သူမရဲ့စိတ်ပိုင်းဆိုင်ရာကို အမြန်ထိန်းညှိလိုက်ပြီး ကားထဲမှာတုန်းကထက် ပိုပြီးအဆင်ပြေသွားပုံ ပေါ်တယ်။
ဒါပေမဲ့ နန်ကျဲ့ဟာတော့ သူ့မိဘတွေဆီ စာပို့ပြီး ဒီည သူတို့ ညစာအတူစားမယ်ဆိုတဲ့ အစီအစဉ်ကို ဖျက်လိုက်တယ်။
ချီယန်ရဲ့ အခုလက်ရှိအခြေအနေနဲ့ဆို ထမင်းစားတာဟာ ထောင်ထဲ သွားတာနဲ့ တူညီတယ်။
နောက်ရက်မှ ဒီအကြောင်းပြောတာ ပိုကောင်းတယ်။
ဒီနေ့မှ စဉ်းစဉ်းစားစားနဲ့ ဖောက်ထွက်ထားရတာ။
ကိစ္စမရှိပါဘူး။သူမ အချိန်ယူလို့ ရတယ်။
သူမ ထွက်လာတဲ့အခါ အပြင်ကကောင်းကင်ကြီးဟာ လုံး၀မဲမှောင်သွားပြီဖြစ်တာကို နန်ကော တွေ့လိုက်ရတယ်။
ဆောင်းညတွေဟာ စောစောလာတတ်ပြီး ဒီနေ့ဟာ အရင်က၂ရက်ထက် ပိုအေးသလိုပဲ။
နန်ကောဟာ ဒီနေ့ သိပ်ထူထူထဲထဲ မ၀တ်ထားဘူး။လေ တစ်ချက်တိုက်တာနဲ့ သူမရဲ့ပုံခုံးတွေဟာ တုန်ယင်သွားတယ်။
သူမ ရုတ်တရက် အိမ်ပြန်ချင်သွားတယ်။သူမ စောင်အောက်ထဲဝင်ပြီး ရုပ်ရှင်ကြည့်ရင်း သစ်အယ်သီးပူပူလေးနဲ့ အာလူးဖုတ်လေး စားချင်တယ်။
ဒါပေမဲ့လည်း ရန်ရန်ချင်း သဘောမတူလောက်ဘူး။
သူဟာ သန့်ရှင်းသပ်ရပ်မှုနဲ့ပတ်သက်ပြီး နည်းနည်းစွဲလန်းနေကာ အိပ်ခန်းထဲမှာ အစားစားတာ မကြိုက်ဘူး။
အိပ်ရာဆို ဝေးရော။
ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ သူမမွေးနေ့လေ။ဒီတော့ သူမဘက်က အားသာနေတယ်။သူခြွင်းချက်လေးတစ်ခုတော့ လုပ်ပေးနိုင်လောက်မယ်မလား။
စိတ်ထဲဒီအတွေးနဲ့အတူ နန်ကောဟာ စပရိုက်နဲ့လက်ဆောင်တွေအကြောင်း မေ့သွားတယ်။သူမဟာ မော့ပြီး သူ့ကို မေးကြည့်လိုက်တယ်။
“ကျွန်မတို့ ပြန်တော့မှာလား”
တစ်နေ့လုံး ဈေး၀ယ်ထွက်ပြီးပြီဆိုတော့ သူမတို့ ပြီးလောက်ပြီပေါ့။ပြီးသင့်ပြီ ဟုတ်တယ်မလား။
“နောက်ထပ်တစ်ခု ကျန်သေးတယ်...” ရှန်ရန်ချင်းဟာ သူမ တကယ်ကြီး ပြန်ချင်မှာကို စိုးရိမ်သွားပြီး စိတ်လှုပ်ရှား လာတော့တယ်။ “မင်း ဈေး၀ယ်ထွက်ရလို့ ပင်ပန်းနေပြီလား”
နန်ကောဟာ အိမ်ပြန်ချင်တယ်လို့ပြောမရတာမို့ အကင်းပါးပါးနဲ့ ပြောတယ်။ “ကျွန်မ နည်းနည်းဗိုက်ဆာနေပြီ”
ဒါကိုကြားတော့ ရှန်ရန်ချင်းဟာ စိတ်သက်သာရာ ရသွားတယ်။ “ဟိုနားမှာ မုန့်ဆိုင်ရှိတယ်။ အထဲပြန်၀င်ပြီး ကိုယ့်ကိုစောင့်နေ”
“ဟမ်။ ဟေး မဟုတ်...” နန်ကောအတွက် စကားထပ်ပြောဖို့ အရမ်းနောက်ကျသွား ခဲ့ပြီ။
ရှန်ရန်ချင်းရဲ့နောက်ကျောကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်နေပြီးတဲ့ နောက်မှာတော့ နန်ကောဟာ သက်ပြင်းချပြီး အထဲပြန်၀င်သွားတယ်။
သိပ်မကြာဘူး။သူမ ခုံတစ်ခုံတွေ့ပြီး ၀င်ထိုင်လိုက်တယ်။ရုတ်တရက် နန်ကောဟာ လူအုပ်ကြားထဲ အသိမိတ်ဆွေတစ်ယောက်ကို တွေ့လိုက်ရတယ်။ “ခဏလေး!”
နန်ကောဟာ မတ်တပ်ထပြီး သူမကို တားတယ်။ “တိုက်ဆိုင်လိုက်တာ”
မိန်းကလေးရဲ့နှလုံးခုန်သံဟာ ရန်သူတစ်ယောက်ကို တွေ့လိုက်ရသလိုမျိုး တရစပ် မြန်နေတော့တယ်။ “ဟဲဟဲ ဟဲဟဲ ဟယ်လို”
“ဒီကို တစ်ယောက်တည်း လာတာလား” နန်ကောဟာ အနားတစ်ဝိုက်ကို ကြည့်လိုက်ပြီး သူမရဲ့အနောက်မှာ လူတချို့ ရှိနေတာကို တွေ့ရတယ်။ပထမအကြည့်မှာတင် သူတို့ပုံစံဟာ ရင်းနှီးနေသလိုပဲ။
တစ်ဖက်လူဟာ စိတ်လှုပ်ရှားလွန်းလို့ တထစ်ထစ်တအအ ဖြစ်လာတယ်။ “အာ...ကျွန်မ သူငယ်ချင်းတွေနဲ့ လာတာပါ”
“ကြည့်ရတာ ကျွန်မ သူတို့ကို အရင်ကမြင်ဖူးသလိုပဲ။ သူတို့အားလုံး ဟွားရှန်အဖွဲ့အစည်းကလား” နန်ကောဟာ တည့်တိုးပဲ မေးလိုက်တယ်။
223 02
သူမ တားလိုက်တဲ့တစ်ယောက်ဟာ ဟွားရှန်က ကောင်တာ၀န်ထမ်းတွေထဲက တစ်ယောက်။
အရင်က သူမဒလီပို့တုန်းက ဟွားရှန်အဖွဲ့အစည်းက ဥက္ကဌရုံးခန်းနဲ့အ ရင်းနှီးဆုံးဖြစ်တာအပြင် ကောင်တာ၀န်ထမ်းလေးတွေကိုလည်း ကောင်းကောင်းသိတယ်။
“အင်း ဒီနေရာက အခုမှ ပြန်ပြင်ထားတာလေ။ လက်မှတ်တွေရောင်းနေတော့ ကျွန်တော်တို့ အတူလာကြည့်ဖို့ ဆုံးဖြတ်လိုက်တာပါ”ကံကောင်းစွာနဲ့ သူမအနောက်က ယောက်ျားလေးတစ်ယောက်ဟာ အမြန်၀င်ကာပေးတယ်။
ဒီစကားတွေနဲ့ ပတ်သက်ပြီး ဘာမှမှားမနေတာမို့ နန်ကောဟာ သံသယမဝင်မိဘူး။
ပြီးတော့ တစ်ဖက်လူကလည်း သူမကို ဘယ်သူနဲ့လာလဲလို့ မေးလာတယ်။
တိုက်ဆိုင်တာပဲ ဖြစ်မှာပါ။
“ဒါဆို အရင်သွားနှင့်ကြလေ။ ကျွန်မက ဥက္ကဌရှန်ကို စောင့်နေလိုက်ဦးမယ်” နန်ကောဟာ သူတို့ရဲ့အချိန်ကို မဖြုန်းဘူး။သူမဟာ လက်ဝှေ့ယမ်းပြပြီး သူတို့ ထွက်သွားတာကို ကြည့်နေလိုက်တယ်။
လူတွေဟာ တစ်ယောက်ကိုတစ်ယောက် ၀င်တိုးပြီး လမ်းလျှောက် ထွက်သွားကြတယ်။သူတို့ဟာ ထွက်သွားရင်းနဲ့လည်း သက်ပြင်းကိုယ်စီ ချသွားကြသေးတယ်။ “ကြောက်စရာကြီး ငါသာ ပေါ်သွားရင် နှစ်ကုန်ဘောနပ်ကို မရတော့ဘူးဆိုတဲ့ သဘောလား”
“ကျေးဇူး နင့်သရုပ်ဆောင်စကေးက အကောင်းဆုံးပဲ” သူမကို ခုဏက ကူညီပေးခဲ့တဲ့ယောက်ျားလေးဟာ လုံခြုံရေးဌာနကဖြစ်တယ်။
“သူ တစ်ခုခု သတိမထားမိသွားလို့ တော်သေးတယ်”
သူတို့ကြောင့် တစ်ခုခုဖြစ်သွားရင် အဲဒါဟာ လုံး၀အပြစ်ပဲ။
နောက်ဆုံးနေရာကိုမသွားခင် ရှန်ရန်ချင်းဟာ နန်ကောနဲ့အတူ တစ်ခုခုစားပြီး ခဏလောက် ထိုင်နေပေးခဲ့သေးတယ်။
အဲ့ကိုသွားတဲ့လမ်းမှာ နန်ကောဟာ လမ်းဘေးက အမှတ်အသားကို သတိထားမိသွားတယ်။
“ကျွန်မတို့ ပင်ကွင်းကန်ကို သွားနေတာလား”
“ဟုတ်တယ် ဒါ နောက်ဆုံးနေရာပဲ”
သူတို့ ဒီနေ့ထူးဆန်းတဲ့တိရိစ္ဆာန်တွေအများကြီးကို တွေ့ခဲ့ရပေမဲ့ ပင်ကွင်းတွေကိုတော့ တစ်ခါမှ မတွေ့ဖူးသေးဘူး။
အကြီးဆုံးပင်ကွင်းကန်ဟာ ဟိုက်မြို့မှာလို့ သူမ ကြားဖူးတယ်။ဒါများလား။
နန်ကောဟာ ရုတ်တရက် စိတ်၀င်စားသွားတယ်။
သူမရဲ့ခြေလှမ်းတွေဟာ အရင်ကထက် မြန်လာတယ်။
မထင်မှတ်ထားဘဲ သူမတို့ ပင်ကွင်းကန်ဆီရောက်တဲ့အခါ အထဲမှာ ဘယ်သူမှမရှိဘူး။
ဘာမှမရှိဘဲ တိတ်ဆိတ်နေတယ်။
ဒါပေမဲ့ နန်ကောရဲ့အာရုံဟာတော့ အထဲက ပင်ကွင်းတွေဆီမှာ။စောင့်ရှောက်သူရဲ့ညွှန်ကြားမှုအောက်မှာ သူမနဲ့ရှန်ရန်ချင်းတို့ အ၀တ်လဲပြီး ပင်ကွင်းလေးတွေကို အစာကျွေးဖို့ ၀င်သွားလိုက်တယ်။
လမ်းတစ်၀က်မှာ ရှန်ရန်ချင်းတစ်ယောက် ပင်ကွင်းအကြီးတစ်ကောင်ဆီကနေ ၀င်တိုက်ခံရတယ်။ချော်နေတဲ့ မြေပြင်ကြောင့် သူ့ခန္ဓာကိုယ်တိမ်းစောင်းသွားတယ်။
“ရှင် အဆင်ပြေရဲ့လား” နန်ကောဟာ လန့်သွားတယ်။သူမဟာ အလျင်အမြန် လက်ထဲက ငါးတွေကို ပစ်ချပြီး ကူညီပေးဖို့ ရှေ့တိုး သွားတယ်။
ရှန်ရန်ချင်းလဲကျတာဟာ သိပ်အပြင်းကြီးမဟုတ်ပေမဲ့ သူ့အ၀တ်တွေဟာတော့ ညစ်ပတ်သွားပြီ။
“ဒီမှာနေဦး ကိုယ် အပြင်ထွက်ပြီး သန့်ရှင်းရေးလုပ်လိုက်ဦးမယ်”
“ကျွန်မလည်းလိုက်ခဲ့မယ်” နန်ကောဟာ သူနဲ့အတူ သွားချင်တယ်။
ရှန်ရန်ချင်းဟာ လက်ညှိုးထိုးပြီး “မင်းမှာ ငါးတွေ ကျန်နေသေးတယ်မဟုတ်ဘူးလား။ ကျွေးလို့ပြီးမှ ထွက်လာခဲ့”
နန်ကောဟာ ခြင်းထဲက ကျန်နေသေးတဲ့ ငါးတွေကိုကြည့်ရင်း တစ်ခဏလောက် တုံ့ဆိုင်းနေမိပြီး နောက်တော့ မတူချင်တူချင်နဲ့ သဘောတူလိုက်တယ်။
ရှန်ရန်ချင်း ထွက်လာတဲ့အခါ သူဟာ အ၀တ်တွေကို ချက်ချင်းလဲလိုက်တယ်။
၀န်ထမ်းတစ်ယောက်အနေနဲ့ ဟန်ဆောင်ထားတဲ့ လက်ထောက်ယွမ်ဟာ ချက်ချင်းပေါ် လာပြီး ကြိုတင်ပြင်ဆင်ထားတဲ့ပစ္စည်းတွေကို ကမ်းပေးလာတယ်။ “ဥက္ကဌရှန် အားလုံးအဆင်သင့်ပဲ မစိုးရိမ်ပါနဲ့!”
လက်ထဲက ကတ္တီပါဘူးလေးကို ကြည့်ရင်း ရှန်ရန်ချင်းရဲ့အသက်ရှူနှုန်းဟာ နည်းနည်းလေး မတည်မငြိမ် ဖြစ်နေတယ်။
ခုဏက သူ့လက်တွေ ခဲနေလို့လားတော့ မသိပေမဲ့ လက်စွပ်ဘူးကို သူ တင်းတင်းကျပ်ကျပ် ကိုင်ထားရင်းကိုမှ တင်းလိုက်လျှော့လိုက်နဲ့ အထပ်ထပ်အခါခါ လုပ်နေမိတယ်။ “ကံကောင်းပါစေ ဥက္ကဌရှန်!” လက်ထောက်ယွမ်ဟာ သူ့ကိုဆက်တိုက် အားပေးနေတယ်။
အထဲမှာတော့ စောင့်ရှောက်သူရဲ့ ညွှန်ကြားမှုအောက်မှာ နန်ကောဟာ အမွေးထူပင်ကွင်းလေးတွေနဲ့ ကစားနေတယ်။သူမဟာ အပြင်ဘက်ကို သတိမထားမိဘူး။
ကျန်သေးတဲ့ငါးတွေကို ကျွေးပြီးတဲ့အခါမှာတော့ နန်ကောဟာ မနေနိုင်ဘဲ ဓာတ်ပုံလေးတွေ ထပ်ရိုက်လိုက်သေးတယ်။ပြီးသွားတဲ့အခါ သူမ စောင့်ရှောက်သူကို နှုတ်ဆက်ပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာလိုက်တယ်။
သူမ မသိခဲ့တာဟာ အပြင်မှာအခြားလူတွေ သူမကို အကြာကြီး စောင့်နေခဲ့ကြတယ်ဆိုတာ။
အ၀တ်လဲပြီးတဲ့နောက် နန်ကောဟာ ရှန်ရန်ချင်းကို ထွက်ရှာတယ်။
မီးရောင်ဟာ ခပ်မှိန်မှိန်လေး။
နန်ကော ရင်းနှီးတဲ့ပုံရိပ်ကို မတွေ့ရဘူး။သူမဟာရပ်ပြီး အနောက် လှည့်ကြည့်ကြည့်တယ်။သူမ ဘေးပတ်ပတ်လည်ကို ဂရုတစိုက်နဲ့ကြည့်ကြည့်ပေမဲ့ ရှန်ရန်ချင်းကို မတွေ့ရဘူး။
ရှန်ရန်ချင်းမပြောနဲ့။၀န်ထမ်းတွေတောင် တစ်စိမှ မတွေ့ရဘူး။
မှန်ခန်းထဲက ပင်ကွင်းကန်ဆီ တစ်ချက်ပြန်ကြည့်လိုက်တဲ့အခါ ခုဏကလေးတင် ရှိနေသေးတဲ့ စောင့်ရှောက်သူလည်းပဲ မရှိတော့တာကို တွေ့လိုက်ရတယ်။သူမအပြင် ကျန်ခဲ့တာဆိုလို့ ဒီပင်ကွင်းတွေပဲ ရှိတော့သလိုပဲ။
ဘယ်လိုလုပ် ရုတ်တရက်ကြီး သရဲရုပ်ရှင် ဖြစ်လာရတာတုန်း။
******