← Chapters

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄

Vol. 23 Ch. 224

224 01

Chapter 224 ကိုယ့်လိုပဲ။

မီးအလင်းရောင်တွေဟာ တစ်ခုခုကို ညွှန်ပြနေတဲ့အလား စင်္ကြန်ရဲ့ထွက်ပေါက်နားမှာ တဖျတ်ဖျတ် လက်နေတယ်။

နန်ကောဟာ ရပ်မြဲတိုင်းရပ်နေမိပြီး

စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းသွားပြီးမှ ‌ခြေစလှမ်းကြည့်တယ်။

ပင်ကွင်းကန်က အရမ်းကြီးလွန်းပြီး ထွက်ပေါက်ဆီသွားတဲ့လမ်းဟာ နည်းနည်း ရှည်တယ်။နန်ကောဟာ မြန်သထက်မြန်အောင် လျှောက်ပြီး လမ်းလျှောက်တာကနေ ပြေးတာ ဖြစ်သွားတယ်။

သူမ ဒီမှာတစ်ယောက်တည်း ရှိနေတာကို မကြောက်ဘူး။ဒါပေမဲ့ အရှေ့မှာ ရှန်ရန်ချင်း သူမကို စောင့်နေတယ်လို့ သူမရဲ့ပင်ကိုယ်အသိစိတ်က ပြောနေတယ်။

သူ သူမကိုစောင့်နေတာ အတော်ကြာပြီ။

ဒီနေ့တင် မဟုတ်ဘူး။

နန်ကော ထွက်ပေါက်ဆီ ပြေးနေတဲ့အချိန်ဟာ မသိရင် အိပ်မက်တစ်ခုလိုမျိုးပဲ။စူးရှတဲ့အလင်းရောင်ဟာ သူမအပေါ်ကျရောက်လာပြီး သူမကို ရပ်တန့်သွားစေတယ်။

သူမ မောနေပြီး အသက်ကို မနည်းရှူနေရတယ်။

ဝါးတားတားရောယှက်နေတဲ့ အလင်းရောင်နဲ့အရိပ်အောက်မှာ သူမ လာခဲ့တဲ့လမ်းကြောင်းဟာ ပြောင်းလဲသွားတာကို ရုတ်တရက် သတိထားမိလိုက်တယ်။

လမ်းနှစ်ဖက်လုံးမှာ ပန်းတွေ ဝေဆာနေတယ်။ဒီလိုအထူးရာသီဆို နှင်းဆီတွေဟာ ရေစက်အနည်းငယ်နဲ့တင် သိမ်မွေ့ပြီးလှပကြတယ်။

နန်ကောဟာ အံ့ဩသွားတယ်။ဒါပေမဲ့ ဒါဟာ အချိန်အကြာကြီးစီစဉ်ထားတဲ့ မွေးနေ့စပရိုက် ဖြစ်လိမ့်မယ်လို့ပဲ သူမ ထင်မိတယ်။သူမအတွက် မထင်မှတ်ထားတဲ့ အခြားတစ်ခုခုစောင့်‌မျှော်နေမယ်ဆိုတာကို သူမ မထင်မိဘူး။

သူမအသက်ရှူထုတ်လိုက်တယ်။သူမရဲ့အတွေးတွေထဲကနေ ပြန်သတိ၀င်လာတဲ့အခါ သူမ ရှန်ရန်ချင်းကို မတွေ့သေးတာကို သတိထားမိသွားတယ်။

မဟုတ်ဘူး။မဟုတ်ဘူး။သူ ၀တ်မှုန်နဲ့အလတ်ဂျစ်ရှိတယ်။

ဒီပန်းတွေ...

သူမ ရုတ်တရက် မော့ကြည့်လိုက်တယ်။ဒီခိုက်အတန့်မှာ သူမအရှေ့က အလင်းရောင်ဟာ ရုတ်တရက်မှိန်သွားတယ်။သူမ ခပ်ဝေးဝေးက အရာတွေကို မြင်ရအောင်လို့ အခွင့်အရေး ပေးလာတယ်။

လမ်းအဆုံးမှာ အမျိုးသားဟာ သူ့ကုတ်အင်္ကျီကို လဲထားပြီး ၀တ်စုံပြည့်၀တ်ကာ လက်ထဲ နှင်းဆီပန်းတစ်စည်းနဲ့ စောင့်နေတယ်။

သူ့အကြည့်ဟာ သူမဆီရောက်သွားပြီး သူဟာ ငြိမ်သက်နေတယ်။

အခုအခိုက်အတန့်မှာ သူတို့မျက်လုံးထဲ သူတို့အချင်းချင်းကိုပဲ မြင်နေရသလိုမျိုး။

ဒါနဲ့ပတ်သက်ပြီး ဘာကထူးခြားနေလဲဆိုတာ နန်ကောဟာ အခုထိ မသိသေးဘူး။သူမရဲ့အာရုံဟာ မွေးနေ့စပရိုက်ကနေ ရှန်ရန်ချင်းရဲ့၀တ်မှုန်နဲ့ ဓာတ်မတည့်တာဆီကို ရောက်သွားတယ်။

သူဘာလို့ပန်းတွေကို သယ်ထားရတာလဲ။သူမ ဒီည ဆေးရုံကို မသွားချင်ပါဘူးနော်!

ဒီအတွေးနဲ့အတူ သူမဟာ မျက်နှာပေါ်မှာ သိသာတဲ့စိုးရိမ်မှုနဲ့ သူ့ဆီ လျှောက်သွားလိုက်တယ်။

ဒါပေမဲ့ သူမခြေအနည်းငယ် ထပ်မလှမ်းရသေးခင် သူမနဲ့ဆန့်ကျင်ဘက်က လူဟာ ရုတ်တရက်ပြောလာတယ်။ “ခဏလေးနေဦး”

အဲ့လိုနဲ့ သူဟာ သူမဆီ လျှောက်လာတယ်။

နန်ကောဟာ နေရာမှာတင် ရပ်လိုက်မိပြီး မြေကြီးမှာ ကော်နဲ့ ကပ်ခံထားရတဲ့အတိုင်း။

သူမဟာ သူ သူမအနား လျှောက်လာတာကို ကြည့်နေတယ်။

“ရှင် ဘာဖြစ်လို့ပန်းတွေ ပြင်ထားတာလဲ” သူ သူမကို နှင်းဆီတွေ ပေးလာတော့မှ နန်ကောဟာ အသိပြန်၀င်လာတယ်။သူမဟာ ယူပြီး ဘေးကို ဖယ်လိုက်တယ်။

“ရှင် ဘယ်လိုနေလဲ”

သူမဟာ ပန်းတွေကို ဝေးဝေးပြန်ရုတ်ရင်း စိုးရိမ်တကြီးနဲ့ မေးတယ်။ “ကျွန်မ ရှင်နဲ့ အရင်ဝေးဝေးနေတာ ပိုကောင်းမယ်...ရှင်ဘာလို့...”

သူမ အနောက်ပြန်ဆုတ်တော့မဲ့အချိန်မှာပဲ သူဟာ သူမ လက်ကောက်၀တ်ကို ဖမ်းဆွဲလာတယ်။

နန်ကောဟာ အရှေ့ပြန်ယိုင်သွားတယ်။ချက်ချင်းပဲ သူမဟာ သူ့အရှေ့တည့်တည့်ကို ပြန်ရောက်သွားတယ်။

သူမကိုယ်သူမ တည်ငြိမ်အောင် ပြန်လုပ်ပြီးတဲ့နောက်မှာတော့ နန်ကောဟာ နည်းနည်း စိတ်တိုမိသွားတယ်။ဒီလူ ဘာလို့ သူ့ကျန်းမာရေးကို တန်ဖိုးမထားရတာလဲ။

သူဟာ ရှင်းရှင်းလင်းလင်းကိုပဲ အထိမခံတာကို သေလမ်းထဲ ၀င်တိုးနေတယ်။

သူ ဘာလုပ်ချင်နေတာတုန်း။သူ သူ့ဘ၀ကို လုံး၀ဂရုမစိုက်ဘဲ ရိုမန့်တစ် ဆန်ချင်နေတာလား။

သူမမှာ ပြောစရာစကားတွေ များနေပြီး သူ့ကိုဆူဖို့ မစောင့်နိုင်တော့ဘူး။ဒါပေမဲ့ သူမရဲ့အကြည့် သူ့လက်ဆီ ရောက်သွားတဲ့အချိန်မှာတော့ တောင့်ခဲသွားရတယ်။

အမျိုးသားရဲ့‌အေးပြီး ကြည်လင်တဲ့အသားအရည်ဟာ အအေးဒဏ်ကြောင့် နီရဲနေတယ်။

224 02

သူမ ခုဏကတည်းက ထွက်လာခဲ့လိုက်ရမှာ။ဒါပေမဲ့ သူမ ဟိုဟိုဒီဒီ လျှောက်ကြည့်ချင်သေးတာမို့ အထဲမှာနေတာ နည်းနည်း ပိုကြာသွားတယ်။

သူ အပြင်မှာ ပန်းကိုင်ပြီးရပ်နေတာ အနည်းဆုံး နာရီ၀က်လောက်တော့ ရှိလောက်ပြီ။

သူကုတ်အင်္ကျီတောင် ၀တ်မထားဘူး!

နန်ကောဟာ သူ့လက်ကို လှမ်းကိုင်လိုက်တယ်။သူ့၀တ်စုံရဲ့အပေါ်ထပ်ဟာ လေကြောင့် တောင့်နေပြီ။‌ဒါပေမဲ့ အထည်သား ဘယ်လောက်ပါးလဲဆိုတာကို သူမ ခံစားလို့ ရနေသေးတယ်။

“ရှင် မအေးဘူးလား” သူမ သူ့နာမည်အပြည့်အစုံကို စိုးစိုးရိမ်ရိမ်နဲ့ ခေါ်လိုက်တယ်။သူမရဲ့လက် အောက်ကိုလျှောကျသွားတဲ့အချိန် မတော်တဆ သူ့ရဲ့လက်ဖမိုးနဲ့ ထိမိသွားတယ်။

ချက်ချင်းပဲ ရေနွေးပူ လောင်သွားသလိုမျိုး သူမရဲ့လက်တွေ မထိန်းချုပ်နိုင်စွာ ကွေးတက်သွားတယ်။

သူမဟာ အံ့ဩတကြီးနဲ့ မော့ကြည့်တယ်။ “ရှ-ရှ-ရှင်!”

သူမဟာ သူ့လက်ကို အရင်ဆွဲယူလိုက်တယ်။သူမဟာ အအေးဒဏ်ကို ကြောက်နေပေမဲ့လည်း အေးခဲနေတဲ့ သူ့လက်ကိုတော့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတယ်။

“လာ သွားကြမယ် ရှင့်ကုတ်အင်္ကျီ ဘယ်မှာလဲ။ ဘယ်မှာ ထားလိုက်လဲ။ ရှင့်ခန္ဓာကိုယ်နဲ့ဆို ဒီည သေချာပေါက် တစ်ခုခု ဖြစ်လိမ့်မယ်!”

“ရှင် သေချင်လို့လား”

“ကျွန်မအနွေးထည်...ဟူး ရှင် ဒါ၀တ်လို့ မရဘူး” နန်ကောဟာ သူ့ကိုဆွဲခေါ်လိုက်ပေမဲ့ ရှန်ရန်ချင်းဟာ အမြန်တုံ့ပြန်ပြီး သူမလက်ကို ပြန်ဆွဲထားတယ်။ “ကိုယ် မအေးပါဘူး စိတ်မပူပါနဲ့”

“ရှင် မအေးဘူး” သူ့ခေါင်းပါ အေးခဲသွားတာဖြစ်မယ်လို့ နန်ကော ထင်တယ်။

“အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ သွားရအောင် အိမ်ရောက်တော့မှလည်း ဆက်ပြီးရိုမန့်တစ် ဆန်လို့ရပါတယ်လို့”

ဒီလူအိုကြီးဟာ တစ်ခါတစ်လေ သူမထက်တောင်မှ ပိုရူးမိုက်သေးတာပဲ။

သူ သူမကို မတားနိုင်တာကို မြင်တဲ့အခါ ရှန်ရန်ချင်းဟာ လက်လွှတ်ပေးလိုက်တယ်။

အားက ပျောက်သွားတဲ့အခါ နန်ကောဟာလည်း ရပ်လိုက်ရတယ်။သူမဟာ အနောက်လှည့်ပြီး သူ့ကို ကြည့်လိုက်တယ်။ “ရှင် ဘာလုပ်နေတာတုန်း”

သူမ ကြောင်အ နေပြီ။

အမျိုးသားဟာ ပြုံးပြပြီး ပြောလာတယ်။ “ကိုယ်မင်းကို မွေးနေ့လက်ဆောင် မပေးရသေးဘူးလေ”

ဒီနေ့ရာသီဥတုဟာ သုညအောက် ရောက်နေပြီ။

သူစ ကားပြောတဲ့အချိန် သူ အသက်ရှူထုတ်လိုက်တဲ့ အငွေ့ဖြူဖြူတွေကို မြင်နေရတယ်။

နန်ကောတစ်ယောက် နင်သွားတယ်။

ရှန်ရန်ချင်းဟာ ဘူးတစ်ဘူး ထုတ်လာပြီး သူမကို ပေးတယ်။ “မင်း တောက်ပတဲ့အရာ‌လေးတွေ ကြိုက်တယ်ဆိုတာ ကိုယ်သိတယ်။ ကိုယ် မင်းအစ်ကိုကို မေးကြည့်တာ မင်းရဲ့လက်၀တ်ရတနာသေတ္တာထဲမှာ ပတ္တမြားတွေ မရှိဘူးလို့ သိရတယ်။ မင်းကြိုက်မယ်လို့ မျှော်လင့်ပါတယ်”

နန်ကောမှာ လက်၀တ်ရတနာတွေ စုရတာ ကြိုက်တဲ့ဝါသနာရှိတယ်။

သူမ များသောအားဖြင့် သိပ်မ၀တ်ဖြစ်ဘူးဆိုပေမဲ့လည်း အိမ်မှာ အတော်လေး ကောင်းတာလေးတွေရှိတယ်။

တစ်၀က်က သူမရဲ့မိဘတွေဆီကဖြစ်ပြီး ကျန်တစ်၀က်က နန်ကျဲ့ဆီက။

ဒီပတ္တမြားဟာ အရမ်းဈေးကြီးတယ်။ဒါနဲ့ခပ်ဆင်ဆင် အရောင်ဆိုးထားတဲ့ သွေးနီရောင်ပတ္တမြားကို သူမလေလံပွဲမှာ မြင်ဖူးတယ်။၁၀မီလီယံယွမ်လောက်တန်တယ်။

ဒီတစ်ခုကတော့...

ရှန်ရန်ချင်း နန်ကျဲ့ဆီကနေ လှည့်စားခံလိုက်ရပြီလို့ နန်ကောဟာ အတည် သံသယ၀င်မိတယ်။

သူမမှာ ပတ္တမြားမရှိတာ ဟုတ်ပါတယ်။ဒါပေမဲ့ နန်ကျဲ့တစ်ယောက် အရမ်းဈေးကြီးတာမျိုးကို အကြံပေးရသလား။ရှန်ရန်ချင်းတစ်ယောက် နန်ကျဲ့ပြောသမျှ ယုံနေတာပဲ။

စိတ်ထဲကနေ နန်ကျဲ့ကို ဝေဖန်ပြီးတဲ့နောက်မှာတော့ နန်ကောဟာ တွန့်ဆုတ် မနေတော့ဘူး။သူမဟာ လက်ဆောင်ကို လက်ခံလိုက်ပြီး သဘောကျကြောင်း သူ့ကို ပြောပြတယ်။

သူမ အံ့ဩသွားတယ်ဆိုပေမဲ့ အရေးကြီးတာက သူမ ရှန်ရန်ချင်းကို အိမ်ကို တတ်နိုင်သမျှ အမြန်ဆုံး ခေါ်သွားရမယ်။မဟုတ်ဘူး။သူ ဆေးရုံကိုသာ တန်းသွားသင့်တယ်။

သူ ဆေးကြိုသောက်ထားသလား သူမ သိချင်မိတယ်။

“ဟုတ်ပြီ ဟုတ်ပြီ။ ကျွန်မ ဒါကို အိမ်ယူသွားပြီး ဖြည်းဖြည်းချင်း အမြတ်တနိုး တန်ဖိုးထားပါမယ်။ အခုပြန်လို့ရပြီလား”

သူမဟာ သူ့လက်ကို ကိုင်လို့ရအောင် သူမလက်ကို အတတ်နိုင်ဆုံး အအားထားပေမဲ့ ဖမ်းမရဘူး ဖြစ်နေတယ်။သူမ အနောက်ပြန်လှည့်လိုက်တော့ သူမအနောက်က အရပ်ရှည်ရှည်နဲ့လူဟာ နောက်ဆုံးတော့ ရွေ့လာတာကို တွေ့ရတယ်။

တစ်ခဏလောက် နန်ကောတစ်ယောက် မြေကြီးထဲ ထုရိုက်ခံထားရသလိုပဲ။မသိရင် သူမစိတ်ထဲ တကယ့်ကျည်စခရင်ကြီး ပွင့်ထွက်လာတဲ့အလား အမျိုးမျိုးသော မေးခွန်းတွေဟာ တဖျတ်ဖျတ်ပေါ်လာတယ်။

[ဘာတွေဖြစ်နေတာလဲ။သူဘာလုပ်ချင်သေးတာလဲ။]

[ဟမ်။ဒါထက် ပိုရှိသေးလို့လား။သူ့ကို ဘယ်သူ သင်ပေးလိုက်လဲ။]

[ခဏ။သူဒူးတစ်ဖက် ထောက်နေပြီ...မဖြစ်နိုင်တာ။မဖြစ်နိုင်ဘူး ဟုတ်။ဒါ ငါထင်နေတဲ့ဟာလား။မဖြစ်နိုင်ပါဘူး။ဟုတ်တယ်မလား။]

224 03

“ရှင် ရှင်...မတ်တပ်ရပ်ပြီး ပြောပါ” သူမရဲ့ဦးနှောက်က ယာယီ အလုပ်မလုပ်တော့ဘူး။သူမအသိ ပြန်၀င်လာတဲ့အခါ သူ့ကို ချက်ချင်းထကူညီတယ်။

ရှန်ရန်ချင်း ဘယ်လိုလုပ် သူမကို ဒီအခွင့်အရေး ပေးရတာလဲ။

“နန်ငယ်လေး မင်း ကိုယ့်ကို အချိန်နည်းနည်းလောက် ပိုပေးလို့ရမလား။ ကိုယ် မင်းကို ပြောစရာရှိနေသေးတယ်”

သူ့အသံဟာ အောင်မြင်စွာနဲ့ နန်ကောရဲ့လက်ကို ပြန်ရုတ်သိမ်းသွားစေတယ်။

သူ သူမကို ဒီလိုမျိုးခေါ်တာကိုကြားရတာ အတော်ကြာခဲ့ပြီ။

အချိန်ဟာ ရုတ်တရက် နောက်ပြန်သွားတယ်။သူမတို့ ကံကြမ္မာဖန်တဲ့ဆောင်းတွင်းကို ပြန်ရောက်သွားသလိုမျိုး။

သူမမျှော်လင့်ခဲ့ရတဲ့ နူးညံ့ပြီးသိမ်မွေ့တဲ့စကားလုံးလေးတွေကို ဒီနေ့ဒီအချိန်အထိ မှတ်မိသေးတယ်။

ရှန်ရန်ချင်းဟာ အိတ်ကပ်ထဲ အချိန်အကြာကြီးကိုင်ထားခဲ့တဲ့ ကတ္တီပါဘူးလေးကို ထုတ်လိုက်တယ်။သူဟာ ဘူးကို ဖွင့်လိုက်ပြီး ပြောလာတယ်။ “နည်းနည်းတော့ တိုက်ဆိုင်သွားတယ် ကိုယ် အချိန်တိုတိုလေးနဲ့ သင့်တော်တဲ့လက်စွပ်ကို ရှာမတွေ့နိုင်လောက်ဘူးလို့ ထင်ခဲ့တာ။ ကိုယ် တစ်ယောက်ယောက်ကို လိုက်ရှာကြည့်ခိုင်းခဲ့ပေမဲ့လည်း စိတ်ကျေနပ်မှု မရခဲ့ဘူး”

“ဒါပေမဲ့ ဒါလေးက ပြီးခဲ့တဲ့အပတ် လန်ဒန်လေလံပွဲမှာ ပေါ်လာတာ မင်းတစ်ယောက်တည်းအတွက် ထွက်ပေါ်လာခဲ့တာလို့ ကိုယ်ထင်တယ်”

“ကိုယ့်လိုပေါ့...”

******

All Chapters