← Chapters

အခန်း ၂၂၅

Vol. 23 Ch. 225

အခန်း ၂၂၅

Vol. 23 Ch. 225

225 01

Chapter 225 ကိုယ်အမြဲတမ်း မင်းအတွက် စစ်ပွဲချေမှုန်းသူဖြစ်နေပေးမယ်။

ကံကြမ္မာက စီစဉ်ထားခဲ့တာ။

ဒီစကားဟာ နန်ကောရဲ့စိတ်ထဲ ရုတ်တရက် ပေါ်လာတယ်။

သူလက်စွပ်ကို မြှောက်လိုက်တာကို သူ မကြည့်နေခဲ့တယ်။တဖျတ်ဖျတ်လက်နေတဲ့အလင်းရောင်အောက်မှာ လက်စွပ်ထဲ မြှုပ်ထားတဲ့စိန်တုံးလေးဟာ စူးရှတဲ့အလင်းတန်း တစ်တန်းအဖြစ် အလင်းဖော က်လာတယ်။

ဒီလက်စွပ် အခုလတ်တလော လေလံပွဲတွေမှာ ပေါ်လာတယ်ဆိုတာ သူမ တစ်ခါမှ မကြားမိဘူး။ဒါပေမဲ့ အဲ့အပေါ်က စိန်လေး...

တကယ်ကို လန်ဒန်လေလံပွဲမှာ ပေါ်လာခဲ့ဖူးတယ်။

တစ်နည်းအားဖြင့် ပြောရရင် ရှန်ရန်ချင်းဟာ စိန်ကို လေလံပွဲကနေ ၀ယ်လာတာ။၀ယ်ပြီးတဲ့နောက် သူ တစ်ယောက်ယောက်ကို လက်စွပ်ဒီဇိုင်းဆင်ခိုင်းပြီး သူမကို လက်ထပ်ခွင့်တောင်းဖို့အတွက် အထူးတလည်အ သုံးပြုခဲ့တာဖြစ်တယ်။

အချိန် သိပ်မရှိခဲ့တာတောင်မှ သူဟာ သူမအပေါ် ဖြစ်သလိုလုပ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး။

သူ အသေးစိတ်အားလုံးကို စေ့စေ့စပ်စပ်နဲ့လု ပ်ခဲ့တာ။

ဥပမာအနေနဲ့ ဒီက ပင်ကွင်းကန်ရယ်၊မြေပြင်ပေါ်က နှင်းဆီတွေရယ်။

ပြီးတော့ ဒီစိန်လက်စွပ်။

လက်ထပ်ခွင့် တောင်းဖို့အကြံကို သူ ဘယ်တုန်းက ရသွားလဲဆိုတာ နန်ကော မသိခဲ့ရသလို ဘယ်ကတည်းက စပြင်‌ဆင်နေခဲ့လဲဆိုတာကိုလည်း နန်ကော မသိဘူး။

ဒါပေမဲ့ ပြီးခဲ့ရက်တွေထဲ သူ ညတိုင်း စာကြည့်ခန်းထဲမှာပဲ ရှိနေခဲ့တယ်။နောက်ပြီး သူဟာ မကြာခဏ အတွေးလွန်နေခဲ့တယ်။အခုအချိန်မှာတော့ သူမ ရုတ်တရုက် အဖြေရသွားပြီ။

ရှန်ရန်ချင်းဟာ လည်ချောင်း ရှင်းလိုက်ပြီး သူ့ရင်ဘတ်ဟာလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေတယ်။သူ ရှူထုတ်လိုက်တဲ့ ခပ်နွေးနွေလေးတွေဟာ အငွေ့တွေ ဖြစ်သွားတယ်။သူဟာ အသင့်ချုပ်ထားတဲ့ အနောက်တိုင်း၀တ်စုံကို ၀တ်ဆင်ထားတာ ဖြစ်တယ်။

သူ သူ့ခေါင်းကို အသာမော့လာတဲ့အခါ အလင်းရောက်အောက်မှာ နန်ကောဟာ သူ့နက်ကတိုင်ကို မြင်နေရတယ်။

အရောင်ပေါင်းစပ်မှုကို...အရမ်းရင်းနှီးနေတယ်။

ငေးနေရင်း သူမတို့ ပထမဆုံး‌ဆုံခဲ့တုန်းက အချင်းချင်းဆီကနေ မှားယူသွားမိတဲ့ နက်ကတိုင်တွေကို ပြန်သတိရသွားတယ်။

မူရင်းက နန်ကျဲ့အတွက်ဆိုပြီး ၀ယ်လာခဲ့တဲ့ အရောင်စုံနက်ကတိုင်လေး။

အဲ့ကတည်းက သူဟာ သူမကို ခြွင်းချက်အနေနဲ့ သဲသဲလှုပ်ခဲ့တာ။

ဒီနက်ကတိုင်ကို ၀တ်ထားရင် သူ့ပုံစံ ဘယ်လို‌ဖြစ်နေလောက်မလဲဆိုတာကို သူမ ပုံဖော်မကြည့်နိုင်ဘဲ ဘာတစ်ခုမှ မြင်ယောင်ကြည့်လို့မရဘူး။ဒါပေမဲ့ သူ ပြောခဲ့တယ်။‌နောင်အခွင့်အရေးရလို့ရှိရင် သူ သူမတစ်ယောက်တည်း ကြည့်ဖို့အတွက် ၀တ်ပြမယ်ဆိုပြီး။

သူ အကုန်လုံးကို မှတ်မိတာပဲ။

အကြောင်းတစ်ခုခုကြောင့် သီချင်းသံဟာ သူမအနားတစ်ဝိုက်မှာ စတင် ပျံ့လွင့်လာတယ်။ဒီတစ်ကြိမ်မှာတော့ နန်ကောဟာ အာရုံ များမနေခဲ့ဘူး။အစကနေအဆုံးထိ သူမဟာ သူမ အရပ်တစ်၀က်လောက်ရှိတဲ့ ပန်းစည်းကြီးကို ပွေ့ကိုင်ထားရင်း ခေါင်းငုံ့ကာ ရှန်ရန်ချင်းကို စိုက်ကြည့်နေခဲ့တယ်။

သူ့မှာ တစ်ခုခုပြောစရာရှိသေးတယ်ဆိုတာကို သူမ သိတယ်။

ဒီနေ့ရဲ့ရာသီဥတုဟာ မကောင်းဘူး။ဒါပေမဲ့ နန်ကောဟာ သူ့ကို အတင်း မထခိုင်းတော့ဘူး။

ရှန်ရန်ချင်းဟာ သူ့စကားတွေကို စီနေတာ ဖြစ်လောက်မယ်။မျက်မှန်အောက်က အနက်ရောင်မျက်၀န်းတွေဟာ လက်ခနဲဖြစ်သွားပြီး သူမရဲ့မျက်၀န်းတွေနဲ့ သွားဆုံတယ်။

“ဒီနှစ်တွေထဲ ကိုယ့်အနား ပတ်၀န်းကျင်ကလူတွေ ကိုယ့်အကြောင်း ဘာပြောလဲဆိုတာကို ကြားခဲ့ရတယ်”

ရှန်ရန်ချင်းပုံစံဟာ ချဉ်းကပ်ရလွယ်တဲ့ပုံ ပေါ်ပေမဲ့လည်း လူတိုင်းနဲ့သူ့ကြားမှာ အလိုအလျောက် ကာထားတဲ့အကာတစ်ခု ရှိနေသလိုပဲဆိုပြီး ကောလဟလရှိခဲ့တယ်။

လူတွေအများကြီး သူ့ဆီလာပြီး သူ့အနားတစ်၀ိုက်မှာ လျှောက်သွားနေကြပေမဲ့ အစကနေအဆုံးထိ သူဟာ တစ်ယောက်တည်းပဲ။

“တကယ်တော့ သူတို့မှန်ပါတယ်။ ကိုယ်က မြင်ရသလိုမျိုး အဲ့လောက်ကြီး ဖြူဖြူစင်စင်နဲ့ဖော် ဖော်ရွေရွေ မရှိပါဘူး”

“ဘာလို့လဲဆိုတော့ ကိုယ်က တစ်ခါမှ စိတ်လုံခြုံမှုကို ခံစားရတဲ့ လူတစ်ယောက် မဟုတ်ခဲ့လို့”

“ကိုယ့်ပိုင်နက်‌နယ်မြေက အကာအကွယ်များပြီး ဗလာနတ္ထိပဲ။ မျက်လုံးက မြင်နေရ‌သရွေ့ ကိုယ် အချိန်အများစုမှာ ကိုယ့်ကိုယ်ပဲ မြင်တာ”

“ဒါပေမဲ့ ဘယ်သူမှမသိတဲ့ အရာတစ်ခု ရှိတယ်”

သူနှုတ်ခမ်းထောင့်‌ဟာ ကွေးတက်သွားပြီး သူမကို အပြုံးလေးနဲ့ ကြည့်လာတယ်။သူဟာ သူမရဲ့နာမည်ကို အချစ်တွေပြည့်လျှံနေတဲ့အသံနဲ့ ခေါ်တယ်။

“ကိုယ် နာကျင်နေတဲ့အချိန်တိုင်း တစ်ယောက်တည်းဖြစ်ပြီး ခပ်ဝေးဝေးကို လှမ်းကြည့်လိုက်တဲ့အခါဆိုရင် မင်းက ကိုယ့်မြင်ကွင်းထဲ ပေါ်လာပြီး ဒီပိုင်နက်နယ်မြေထဲကို အရေးပါတဲ့ လူတစ်ယောက်အနေနဲ့ ကောင်းကောင်းကြီး ကျူးကျော်၀င်ရောက်လာတယ်”

“အဲ့နှစ်ဆောင်းတုန်းက ကိုယ့်မျက်လုံးထဲ ဖြတ်ပြေးနေတဲ့ အဖြူအမည်း အသံတိတ်ပုံရိပ်တွေကို ဆွဲဖြဲပစ်ခဲ့တဲ့လူဟာ မင်းပဲ”

225 02

“တစ်ခါပြီးတစ်ခါ ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီးတဲ့နောက် ကိုယ် မင်းဆီမှာ အရှုံးပေးဖို့ကို ဆန္ဒရှိနေခဲ့တယ်”

“မင်းက ဒီပိုင်နက်နယ်မြေထဲ ပေါ်လာတဲ့ ပထမဆုံးနဲ့ တစ်ယောက်တည်းသော'ကျူး‌ကျော်သူ'ပဲ”

“အခုလက်ရှိမှာရော နောင်အနာဂတ်မှာရော ဒီပိုင်နက်နယ်မြေဟာ မင်းတစ်ယောက်တည်းရဲ့အပိုင်ပဲ မင်းအတွက်ပဲ”

“ပြီးတော့ ကိုယ် ရှန်ရန်ချင်းက အမြဲတမ်း မင်းရဲ့စစ်ပွဲချေမှုန်းသူ ဖြစ်နေပေးမယ်”

အဲ့ညက ဖြစ်ခဲ့တာကို ဘယ်လို ပြန်အစီစဥ်တကျ ပြန်စီရမလဲဆိုတာ နန်ကော မသိဘူး။

သူမရဲ့မိသားစုနဲ့ သူငယ်ချင်းတွေ ဘယ်ကနေ ဘယ်လိုရောက်လာလဲဆိုတာလည်း သူမ မသိဘူး။အဲ့တုန်းက သူမရဲ့ခေါင်းဟာ ရီဝေဝေဖြစ်နေခဲ့ပြီး ရှန်ရန်ချင်းရဲ့စကားတွေထဲသာ နစ်မြော နေခဲ့တယ်။သူ ခိုင်းနှိုင်းဖော်ပြခဲ့တဲ့အရာတွေဟာ သူမရဲ့စိတ်ထဲ အလိုအလျောက် ပုံရိပ်တွေဖန်တီးပေးလာပုံပဲ။

လစ်ဟာနေတဲ့ညတစ်ညမှာ သူဟာ တစ်ယောက်တည်း ထိုင်နေခဲ့တယ်။လရောင်အောက်မှာ သူမ ခပ်လှမ်းလှမ်းကနေ သူ့ကိုကြည့်မိတယ်။

သူ သူမကိုမြင်တော့ အစက နည်းနည်း အံ့ဩသွားတယ်။အဲ့နောက် သူဟာ ပြုံးပြလာပြီး သူမကို လက်ကမ်းပေးတယ်။

တကယ်တော့ သူမတို့ တစ်ခါမှ ရန်မဖြစ်ဖူးဘူး။

ဘာလို့လဲဆိုတော့ သူမတို့ စတွေ့တဲ့အခိုက်အတန့်ကတည်းက သူဟာ လက်နက် ချထားခဲ့ပြီးသားမလို့။

လှုပ်လှုပ်ခတ်ခတ်ရှိခဲ့တဲ့ အခြေအနေအလယ် သူမ သူ့အနား တိုးသွားလိုက်တယ်။

သူဟာ ခေါင်းငုံ့ပြီး လက်ထဲလက်စွပ်ကို တင်းနေအောင် ဆုပ်ကိုင်ထားတယ်။လက်စွပ်မှာ အနွေးဓာတ် ခပ်ရေးရေးရှိလာတော့မှ သူဟာ ဖြည်းဖြည်းချင်း သူမရဲ့လက်ကို စွပ်ပေးတယ်။

လက်စွပ်ဟာ သူမရဲ့လက်ညိုးကို ဖြတ်ပြီး အထဲကို ချောချောမွေ့မွေ့ပဲ ၀င်သွားတယ်။

ဒီနှစ်မွေးနေ့ဟာ ထူးထူးခြားခြားဖြစ်ဖို့ ကံကြမ္မာဖန်ခဲ့တာပဲ။

လက်ထပ်ခွင့် တောင်းပြီးတဲ့နောက်မှာတော့ လူတိုင်းဟာ သူမမွေးနေ့ကို ကျင်းပဖို့အတွက် အနီးအနားက ဟိုတယ်ကို သွားကြတယ်။

အကုန်လုံးကို ရှန်ရန်ချင်းကပဲ စီစဉ်ထားတာ။

ဒါပေမဲ့ သူမဟာ တစ်ချိန်လုံး မှင်သက်ငေးငိုင်နေမိတယ်။

အရာအားလုံးပြီးသွားတဲ့အခါ အတော်လေး နောက်ကျနေခဲ့ပြီ။လူတိုင်းဟာ အနားယူဖို့ ပြန်သွားကြတယ်။

ရှန်ရန်ချင်းဟာလည်း သူမကိုနားချင်လားလို့ မေးလာတယ်။သူမ ခေါင်းသာ ခါပြမိတယ်။

“ကျွန်မ ဒီမှာမနေချင်ဘူး...ပြန်ရအောင်”

သူမ ဒီနေ့အပြင်မှာ မနေချင်ဘူး။

ဒီကနေ ရှန်ရန်ချင်းရဲ့တိုက်ခန်းဆီပြန်ရောက်ဖို့ဆို တစ်နာရီနဲ့မိနစ်၃၀ ကြာတယ်။

ရှန်ရန်ချင်းဟာ အချိန်ကိုကြည့်ပြီး တစ်ခဏ တုံ့ဆိုင်းနေမိတယ်။နောက်တော့ သူဟာ သူမကို ဒီညအနားယူဖို့အတွက် သူ့တခြားအိမ်ကို သွားချင်လားလို့ မေးကြည့်လိုက်တယ်။

အဲဒါက ဒီအနီးအနားက ဗီလာတစ်ခု။နန်ကောကို အရင်က တစ်ခါမှ မခေါ်သွားဖူးဘူး။

နန်ကောဟာ စဉ်းစားနိုင်စွမ်း ပျောက်သွားပုံရတယ်။သူမဟာ သူ ပြောနေတာကို မကြားဘဲ ခေါင်းသာညိတ်တယ်။

ပုံမှန်အားဖြင့် တစ်ယောက်ယောက်ဟာ ဒီဗီလာကို နေ့တိုင်းပုံမှန်လေး သန့်ရှင်းရေး လုပ်ပေးထားတတ်တယ်။ကုမ္ပဏီနဲ့နည်းနည်းဝေးတာမို့ ရှန်ရန်ချင်းဟာ ဒီကိုမကြာခဏ သိပ်မလာဖြစ်ဘူး။

သူ နန်ကောနဲ့မတွေ့ခင်ကတော့ ပိတ်ရက်တွေမှာ လာအနားယူတတ်တယ်။

ဒီကပတ်၀န်းကျင်ဟာ ပိုကောင်းပြီး ပိုတိတ်ဆိတ်တယ်လေ။

သူဒီကိုလာတဲ့အချိန်တိုင်း အိမ်အကူတွေကို အနားပေးလေ့ရှိတယ်။

သူ တစ်နေ့လုံး ခြံထဲမှာတစ်ယောက်တည်း ထိုင်နေတတ်တယ်။တိတ်ဆိတ်ပြီး ဘယ်သူမှ သူ့ကို စကားလာမပြောဘူး။

ဒါပေမဲ့ ဒီတစ်ခေါက်ဟာတော့ ကွာသွားပြီ။

မီးပုံအရှေ့မှာ နန်ကောဟာ ဒူးထောက် ထိုင်နေတယ်။ရှန်ရန်ချင်း သူမအတွက် ရေသွား ထည့်ပေးနေတုန်း နန်ကောဟာငုံ့ပြီး လက်ထဲက လက်စွပ်ကို ထပ်ခိုးကြည့်မိသွားပြန်တယ်။

သူမ လက်စွပ်ကို ထိကြည့်ပေမဲ့ အစစ်အမှန် မဟုတ်သလို ခံစားနေရဆဲ။

မကြာဘူး။ရှန်ရန်ချင်း‌ ပြန်ရောက်လာတယ်။

သူ့နှုတ်ခမ်းထောင့်ဟာ တစ်ညလုံး ကွေးလျက်အနေအထားမှာပဲ ရှိနေတယ်။ဒါကို သူ ဒီည လူတိုင်းနဲ့ ညစာစားတုန်းက လူတိုင်းဟာ သတိထားမိကြတယ်။

သူမ သူ့ကိုမော့ကြည့်လိုက်ပြီး သူမရဲ့အကြည့်ဟာ သူ့နက်ကတိုင်ဆီကို ရောက်သွားတယ်။သူမရဲ့အကြည့်ကို နောက်ဆုံးတော့ အာရုံစိုက်ထည့်လိုက်တယ်။

“ရှင် ၀တ်မှုန်နဲ့ အလတ်ဂျစ်ရှိတယ် မဟုတ်ဘူးလား”

“အဆင်ပြေပါတယ်” ရှန်ရန်ချင်းဟာ ဖြည်းဖြည်းချင်းကုန်းပြီး ရေကို သူမနှုတ်ခမ်းနား တေ့ပေးတယ်။

နန်ကောဟာ ရေတစ်ငုံ သောက်လိုက်တယ်။

အဲ့နောက် သူမဟာ ခေါင်းခါပြပြီး ထပ်သောက်ဖို့ကို ငြင်းဆိုတယ်။

ရှန်ရန်ချင်းဟာ လက်ကို ပြန်ရုတ်လိုက်တယ်။

ကောင်မလေးရဲ့နှုတ်ခမ်းထောင့်လေးဟာ စိုနေတုန်း။သူမ သူ့ကိုမော့ကြည့်တဲ့အချိန်မှာလည်း သူမမျက်လုံးတွေဟာ ရွှန်းလဲ့လျက်ရှိနေတယ်။

225 03

ရယ်ရွယ်သည်ဖြစ်စေ၊မရည်ရွယ်သည်ဖြစ်စေ သူမဟာ သူ့ကို ဖြားယောင်းနေတယ်။

အမျိုးသားဟာ ဘာမှမဖြစ်သလိုဘဲ အကြည့်လွှဲလိုက်ရင်း သူ့လည်စလုတ်ဟာတော့ အပေါ်အောက် ဆန်တက်သွားတယ်။သူဟာ နန်ကောရဲ့ခွက်ထဲက ကျန်တဲ့ရေတွေကို တစ်ခါတည်း အကုန်‌သောက်ပစ်လိုက်တယ်။

ဧည့်ခန်းဟာ တိတ်ဆိတ် ငြိမ်သက်သွားတယ်။

နန်ကောဟာ တိတ်တဆိတ် မျက်တောင်ခတ်ရင်း ဒီညရဲ့ကောင်းမွန်တဲ့လေထုကို မဖြုန်းတီးသင့်ဘူးလို့ ခံစားရတယ်။

စိတ်ထဲဒီအတွေးကို တွေးမိရင်း သူမဟာ တင်ပါးကို ကြွပြီး ခန္ဓာကိုယ်ကို မတ်လိုက်တယ်။

“ရှန်ရန်ချင်း”

သူမရဲ့အသံဟာ နတ်ဘုရားတစ်ပါးကို သူမကို သွေးဆောင်ဖို့ ချော့မော့မြှူဆွယ်နေတဲ့ နတ်ဆိုးတစ်ကောင်အတိုင်းပဲ။

“အင်း” သူဟာ ခဏရပ်ပြီး သူမကိုကြည့်လိုက်တယ်။

သူမဟာ နှုတ်ခမ်းကို လျှာနဲ့သပ်ကာ သူ့ကို ပြုံးပြတယ်။ “ရှင်ရော ကျူးကျော်သူ ဖြစ်ချင်လားဟင်။ ကျွန်မ ဒီ‌နေ့ ရှင့်ကို အခွင့်အရေး ပေးလို့ရတယ်”

သူမဟာ ပြောပြောဆိုဆိုနဲ့ သူ့နက်ကတိုင်ကို ဆွဲကိုင်လိုက်တယ်။သူမရဲ့ရည်ရွယ်ချက်ဟာ သိသာနေတယ်။

သူ့ရဲ့ နက်ရှိုင်းပြီး နက်မှောင်တဲ့အကြည့်အောက်မှာ သူမဟာအရှေ့တိုးပြီး ရိသဲ့သဲ့နဲ့ ပြောတယ်။ “ရှင် ဒီနက်ကတိုင်နဲ့ ကြည့်ကောင်းတယ်။ ကျွန်မအတွက်သာ ဖြည်ပေးမယ်ဆိုရင် ပိုတောင် ကြည့်ကောင်းသွားဦးမယ်...”

******

All Chapters