အခန်း ၂၂၆
Vol. 23 Ch. 226
226 01
Chapter 226 သူမကသာ တစ်ယောက်တည်းသောအောင်နိုင်သူ။
နောက်တစ်နေ့နေ့လည်ရောက်တော့ နန်ကောတစ်ယောက် နိုးလာတဲ့အခါ ရှန်ရန်ချင်းကို မတွေ့မိဘူး။
သူမရဲ့စိတ်အနည်းငယ် ကြည်လင်သွားတဲ့အခါ သူမခန္ဓာကိုယ်ပေါ်က ခံစားချက်တွေဟာ ရှင်းလင်းပြတ်သားလာတယ်။
တစ်ခဏလောက် ခွက်ကိုကိုင်ပြီး မသက်မသာနဲ့ ညည်းပြီးတဲ့နောက် သူမထပြီး ရေချိုးခန်းထဲ ၀င်သွားတယ်။
သူမသာ မမြင်မိခဲ့ရင် ဘာမှမသိလောက်ဘူးဆိုပေမဲ့ မြင်သွားတာမို့ အံ့အားသင့်သွားရတယ်။
အခြားနေရာတွေကို အသာထားဦး။တစ်ညတာကို ဖြတ်သန်းပြီးတဲ့အခါမှာ သူမ လက်ကောက်၀တ်ပေါ်က အနီရောင် အမှတ်အသားတွေဟာ ရှော့ရချင်စရာကြီး။
သူမအံ့ကြိတ်ပြီး ခပ်ဖွဖွလေး ပွတ်ကြည့်တယ်။အရမ်းတော့ မနာဘူး။
ကြိုးရဲ့အသားဟာ နူးညံ့ပါတယ်။သူ ခပ်တင်းတင်းကြီး မလုပ်ရဲတဲ့အချက်ကိုပါ ထည့်တွက်ကြည့်ရင် သူမလက်ကို ချည်ထားတုန်းက ဘာမှမခံစားခဲ့ရပါဘူး။ဒါပေမဲ့ နောက်ပိုင်း သူမ မနေနိုင်ဘဲ ရုန်းမိတော့ အမှတ်အသားတစ်ချို့ ကျန်နေခဲ့တာ။
သူမ ရှန်ရန်ချင်းကို အပြစ်တင်လို့ မရဘူး။ဘယ်လိုပဲဖြစ်ဖြစ် အဲ့တာဟာ သူမရဲ့အကြံမို့။
ရေချိုးပြီးတဲ့အခါ နန်ကောဟာ မှန်ထဲကို တစ်ချက် ခိုးကြည့်လိုက်တယ်။
သူ့အမှတ်အသားတွေကို သူမရဲ့နယ်မြေထဲ နေရာတိုင်းမှာ မြင်နိုင်တယ်။
သူမ အ၀တ်၀တ်တော့ လက်ပေါ်က လက်စွပ်ဟာ ဆွယ်တာနဲ့ သွားညိနေတယ်။နန်ကောဟာ ငုံ့ကြည့်လိုက်ပြီး သူမလက်ပေါ်မှာ တစ်ခုခု ရှိနေဆဲဆိုတာကို သတိရသွားတယ်။
သူမဟာ သူမရဲ့အထောက်အထားအသစ်နဲ့ လိုက်လျောညီထွေ မဖြစ်နိုင်သေးတာ။
လက်ပေါ်က စိန်လက်စွပ်ကိုလည်း နေသားမကျသေးဘူး။
ဒါပေမဲ့ မနေ့ညကလည်း သူမ ဒီလက်စွပ်ကို အချိန်အကြာကြီး တစိမ့်စိမ့် ကြည့်နေခဲ့ပေမဲ့ ကြည့်မ၀နိုင်သေးဘူး။
သူမ ဘယ်လောက်ပဲ ကြည့်ကြည့် ဒီလက်စွပ်ဟာ သူမရဲ့အကြိုက်ပဲ။
ရှန်ရန်ချင်း သူမရဲ့စတိုင်ကို တကယ် ကောင်းကောင်းနားလည်တာပဲ။
အိပ်ခန်းထဲပြန်ရောက်တော့ နန်ကောဟာ ဖုန်းကို ဗီရိုပေါ်မှာ တွေ့တယ်။သူမ မနေ့ညက ဖုန်းကို အောက်ထပ်က ကောဇောအပေါ်မှာ ပစ်ထားခဲ့တာကို မှတ်မိသေးတယ်။ဒီမနက် ရှန်ရန်ချင်း သူမအတွက် ကောက်ပေးခဲ့တာနေမယ်။
မနေ့ညက အောက်ထပ်မှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးမိတော့ နန်ကောမှာ မနေနိုင်ဘဲ ရှက်သွေး ဖြန်းသွားရတယ်။
မနေ့ညက ရှန်ရန်ချင်း သူ့မျက်မှန်ကို ချွတ်ပြီးတဲ့နောက် ချိတ်ပိတ်ထားတာကို ဖြည်လိုက်တဲ့အတိုင်းပဲ။သူဟာ သူ့ဆင်ခြင်တုံတရားကို မထိန်းချုပ်နိုင်ခဲ့ဘူး။
သူမတို့ရဲ့အရင်က ညနက်ဆက်ဆံမှုတွေနဲ့ယှဉ်ရင် မနေ့ညက ရှင်းရှင်းလင်းလင်းကိုပဲ ပိုရူးချင်စရာ ကောင်းခဲ့တယ်။
သူမပထမထပ်ကို ရောက်တော့ ကောဇောနဲ့ဆိုဖာတို့ သန့်ရှင်းသပ်ရပ်နေတာကို မြင်ရတယ်။ဘယ်သူရှင်းသွားတာလဲဆိုတာကိုတော့...သူမ မသိဘူး။
သူမ ရှန်ရန်ချင်းကို ခေါ်တော့မဲ့အချိန်မှာပဲ ဘေးနားကနေခြေသံတွေ ထွက်လာတယ်။
“မဒမ် မင်းနိုးပြီပဲ”
တစ်ယောက်ယောက်က သူမကို ရုတ်တရက်ကြီး စကားလာပြောပြီး အဲ့လိုခေါ်တာမျိုးကို နန်ကော လန့်မသွားဘူးဆိုရင် ထူးဆန်းနေလိမ့်မယ်။
သူမ မော့ကြည့်လိုက်တော့ လူအနည်းငယ် တွေ့လိုက်ရတယ်။
သူတို့ရဲ့၀တ်စုံတွေကို ကြည့်ရသလောက်တော့ သူတို့ဟာ ဒီကအိမ်အကူတွေ ဖြစ်လိမ့်မယ်ဆိုပေမဲ့ မနေ့ညကတော့ မရှိကြပါဘူး။
ဒီမနက်မှ ရှန်ရန်ချင်းဆီကနေ ပြန်အခေါ်ခံထားရတာ ဖြစ်မယ်။
အဖွဲ့ရဲ့ခေါင်းဆောင်ဟာ ခုဏကလေးတင် သူမကို ခေါ်တဲ့တစ်ယောက်။သူမပုံစံကြည့်ရတာ အသက်နည်းနည်း ပိုကြီးပုံရပြီး နည်းနည်းလည်း ရင်းနှီးနေတယ်။ “ကျွန်မတို့ အရင်ကတွေ့ဖူးလား” သူမ မေးကြည့်လိုက်တယ်။
တစ်ဖက်လူဟာ ခေါင်းညိတ်ပြတယ်။
“မဒမ် ကျွန်မတို့ ရှန်အိမ်အဟောင်းမှာ ဆုံဖူးပါတယ်”
“အဲ့လိုကိုး”
တစ်ဖက်လူနဲ့ ခဏလောက် စကားစမြည်ပြောပြီးတဲ့နောက် ရှန်ရန်ချင်းဟာ သူမကို ဂရုစိုက်ပေးဖို့အတွက် အိမ်အဟောင်းက လူတွေကို အထူးတလည် ပြောင်းထားတာ ဖြစ်ကြောင်းကို သိလိုက်ရတယ်။နောက်ပြီး ဒီအဖွဲ့ဟာ အနာဂတ်မှာ သူမတို့လက်ထပ်ပြီးရင်လည်း သူမကို ဂရုစိုက်ပေးမဲ့လူတွေ ဖြစ်ကြတယ်။
သူမရဲ့ဖုန်းကို ကြည့်ရင်း ရှန်ရန်ချင်းထွက်သွားတာ ၂နာရီ၊၃နာရီလောက်ရှိပြီဆိုတာကို နန်ကော သိရတယ်။
သူဟာ သူမမိဘတွေရယ်၊အစ်ကိုရယ်နဲ့အတူ ထမင်းစားနေတာဖြစ်ပြီး သူတို့ပြန်သွားတာနဲ့ ပြန်လာမယ်လို့ ပြောတယ်။
သူ သူမကို သူနဲ့အတူသွားဖို့ တကယ် မမေးခဲ့ဘူး။
ဒါပေမဲ့ ဒါကအဓိပ္ပာယ်ရှိပါတယ်။သူမေးခဲ့ရင်တောင်မှ သူမထနိုင်လောက်မှာ မဟုတ်ဘူး။
226 02
မနေ့ညက လေ့ကျင့်ခန်းပြီးတော့ သူမမှာ တကယ်အခြားအရာတွေကို ဂရုစိုက်ဖို့ အင်အားမရှိတော့ဘူး။
ကံကောင်းစွာနဲ့ ရှန်ရန်ချင်းဟာ အားကိုးရတယ်...
။
ပွဲပြီးတဲ့နောက် သူမကို ဘယ်လို ကူညီရမလဲဆိုတာ သူသိတယ်။
တစ်ခုခု စားသောက်ပြီးတဲ့နောက် နန်ကောဟာ ဆိုဖာပေါ်မှာကွေးနေရင်း တစ်ဖန် ပြန်အိပ်ပျော်သွားတယ်။
ဘယ်လောက် ကြာသွားမှန်းမသိလိုက်ဘဲ သူမဟာ ရုတ်တရက် တစ်ယောက်ယောက် စကားပြောနေတာကို ကြားရပြီး “နှင်း” ဆိုတဲ့စကားလုံးကို ယောင်ဝါးဝါး ကြားလိုက်တယ်။
နန်ကောဟာ မျက်လုံးကို အတတ်နိုင်ဆုံး ကြိုးစားဖွင့်ပြီး ပြင်သစ်ပြတင်းပေါက်ကို ခပ်လှမ်းလှမ်းကနေ တစ်ချက် ကြည့်တယ်။အပြည့်ပြတင်းပေါက်ဖြစ်ပြီး အပြင်က ခြံ၀င်းထဲကို မြင်နေရတယ်။
သူမ မျက်လုံးကို ကျုံ့ပြီး အကြာကြီး ကြည့်ကြည့်ပေမဲ့ သေချာမမြင်ရဘူး။
နှင်းကျနေတာဖြစ်ပုံ ရတယ်ဟုတ်။ဒါပေမဲ့ မသိသာဘူး။
သူမဟာ အိပ်ချင်လွန်းအားကြီးလို့ သူမရဲ့မျက်တောင်တွေ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတယ်။တစ်အောင့်လောက်ကြာတော့ သူမဟာ မျက်လုံးမှိတ်ပြီး ပြန်အိပ်ပျော် သွားပြန်တယ်။
သူမ ပြန်နိုးလာတဲ့အခါ ရင်းနှီးတဲ့မာစတာအိပ်ခန်းကို မြင်ရတယ်။အခန်းထဲမှာ ခပ်နွေးနွေး အဝါရောင်အလင်းရှိနေပြီး သူမရဲ့မျက်လုံးတွေကို အလင်းနဲ့ နေသားကျအောင် ခွင့်ပြုပေးတယ်။
သူမမျက်လုံးကိုလှည့်ပြီး ထဖို့ ပြင်လိုက်တယ်။
သူမ မလှုပ်ရှားနိုင်ခင်မှာဘဲ သူမဘေးကလူဟာ သူ့အလုပ်ကို ချပြီး “မင်းနိုးပြီလား”
နန်ကောဟာ လန့်သွားပြီး ဘေးကို ကြောင်တောင်တောင်နဲ့ လှည့်ကြည့်တယ်။
ရှန်ရန်ချင်းဟာ သူမနဲ့ဆင်တူတဲ့ အိမ်နေရင်း ၀တ်စုံကို ၀တ်ဆင်ထားတယ်။သူဟာ ပေါင်ပေါ်မှာ ကွန်ပြူတာတစ်လုံးနဲ့အတူ အိပ်ရာခေါင်းရင်းကို မှီထားတယ်။ဒါပေမဲ့ သူမ မော့ကြည့်လိုက်တဲ့အခါ သူဟာ ကွန်ပျူတာကိုချပြီး သူမကို ဖက်ဖို့ ငုံ့လာတယ်။
ရင်းနှီးတဲ့ ခန္ဓာကိုယ်အရှိန်အဝါလေးဟာ သူမကို ရစ်ပတ်လာတယ်။လွှမ်းမိုးတဲ့ အရှိန်အဝါလေးကို ခပ်ရေးရေး ထုတ်လွှတ်နေတယ်။
နန်ကောဟာ မရုန်းမိဘူး။သူမဟာ သူ့ရင်ခွင်ထဲမှာ တစ်ခဏလောက် ငြိမ်နေတယ်။အပြည့်အ၀ နိုးသွားတော့မှ သူမက ပြောတယ်။ “ကျွန်မမိဘတွေ ပြန်သွားပြီလား”
“အင်း သူတို့ နေ့လည်က ပြန်သွားပြီ” သူ့စကားကို ကြားတဲ့အခါ နန်ကောဟာ အံ့ဩသွားတယ်။
“ဘယ်အချိန်လဲ”
သူမ မျက်လုံးတွေကို ခဏလောက်လေးပဲ အနားပေးရသေးတယ်လို့ ခံစားနေရတာကို။
“၉နာရီ” သူက ထပ်ဖြည့်ပြောတယ်။ “ညနေ၉နာရီ အပြင်ကကောင်းကင်ကြီး လုံး၀မှောင်သွားပြီ”
နန်ကော “.....”
သူမဟာ စောင်အောက်ကနေ ဖုန်းကိုယူပြီး လော့ဖြည်ကာ မက်ဆေ့ခ်ျတွေကို စစ်ကြည့်လိုက်တယ်။
ထင်တဲ့အတိုင်းပဲ မား၊နန်ကျဲ့နဲ့ ယွီတို့အကုန်လုံး သူမကို စာပို့ထားကြတယ်။
“ကျွန်မ မသွားဖြစ်လိုက်ဘူး ပါးနဲ့မား တစ်ခုခု မေးသေးလား”
သူတို့ မေးခဲ့လောက်ပါတယ်။
“ရှင် ဘယ်လိုဖြေလိုက်လဲ” နန်ကောဟာ ဒါကို ပိုစိုးရိမ်တယ်။
ရှန်ရန်ချင်းဟာ ခဏလောက် တိတ်ဆိတ်နေခဲ့ပြီး သူ့မျက်နှာထားဟာလည်း မပြောင်းမလဲနဲ့။ “မင်း မနေ့ညက အိပ်တာနောက်ကျလို့ မင်းကို မနှိုးခဲ့တာလို့ ကိုယ် ပြောလိုက်တယ်”
ဒီစကားတွေက နည်းနည်းတော့ ပုံမှန်ဆန်ပေမဲ့ နောက်တစ်ခါ ပြန်တွေးကြည့်တော့ ဟုတ်မနေပြန်ဘူး။
နန်ကောဟာ လက်မြှောက်ပြီး မျက်နှာကို ကာလိုက်တယ်။သူမအတွက် အသက်ရှူဖို့ကို တစ်ခဏ အချိန်ယူလိုက်ရတယ်။
သူမရှက်နေတာကို သိပြီး ရှန်ရန်ချင်းဟာ စကားလမ်းကြောင်းလွှဲကာ အပြင်မှာ နှင်းကျနေကြောင်း ပြောပြတယ်။
နေ့လည်ကတည်းက ဟိုက်မြို့မှာ နှင်းကျနေခဲ့တာ။
မနေ့ညက အရမ်းအေးခဲ့ရတဲ့ အကြောင်းအရင်းဟာ ဒါကြောင့်ဖြစ်တယ်။
“ခြံထဲမှာ အပုံလိုက်ရှိနေပြီ အရမ်းကြီးမထူပေမဲ့ ကိုယ် ဘယ်သူ့ကိုမှ မရှင်းခိုင်းထားရသေးဘူး။ မင်း လမ်းလျှောက်ထွက်ချင်လား”
ဒီနှစ် ဟိုက်မြို့မှာ ဆောင်း၀င်တာ နောက်ကျတယ်။ဒီနှစ် နှင်းမကျတော့ဘူးလို့ နန်ကော ထင်ထားတာ။
နောက်ရက် နှင်းသွားကြည့်ဖို့ မြို့တော်ကိုသွားမယ်တောင် လုပ်ထားသေးတာ။
“ဟုတ်!” သူမဟာ တက်ကြွစွာနဲ့ ထလိုက်တယ်။ဒါပေမဲ့ သူမမှာ ဆေးကြော သန့်စင်ပြီးတာနဲ့ ချက်ချင်းအပြင်ကို ပြေးထွက်ခွင့် မရဘူး။ရှန်ရန်ချင်းဟာ အလျင်အမြန် သူမကို ပြန်ဆွဲထားပြီး အောက်ထပ်မှာ ထမင်းအရင်စားခိုင်းပြီးမှသာ အပြင်ထွက်ခွင့် ပေးတယ်။
လသာဆောင်တံခါးဟာ ပွင့်နေပြီး ခြံ၀င်းထဲကို တိုက်ရိုက်လမ်းညွှန်ထားတယ်။
လေအေးဟာ သူမရဲ့မျက်နှာကို တိုက်ခတ်လာတယ်။နန်ကောဟာ ကျုံ့သွားပေမဲ့ အပြင်ကိုတော့ ထွက်နေတုန်းပဲ။
နှင်းဟာ ရပ်သွားပြီဖြစ်ပြီး ခြံထဲကမီးတွေကို ဖွင့်ထားတယ်။မျက်လုံးက မြင်နေရသရွေ့ အရာရာတိုင်းဟာ ဖြူဖွေးလျက် ရှိနေတယ်။
သူမ မနေ့ညက ဒီကိုရောက်တော့ လျှောက်ပတ်ကြည့်ဖို့တောင် အချိန်မရလိုက်ဘူး။
226 03
သူမ အမှတ်မိဆုံးဖြစ်တာဆိုလို့ အိပ်ခန်းရယ်၊ဧည့်ခန်းရယ်ပဲရှိတယ်။
ခြံ၀င်းထဲကကျတော့...သူမ မနေ့ညက ၀င်လာတုန်းက မှောင်နေတာမို့ တစ်ချက်လောက်ပဲ အမြန်ကြည့်ခဲ့တာ။
အခု သူမမှာ လျှောက်ပတ်ကြည့်ဖို့ အခွင့်အရေးရပြီမို့ သူမ ဟိုနားဒီနား လမ်းလျှောက်ကြည့်ပြီး ခြံထဲမှာ အတော်လေး ဘာမှရှိမနေတာကို တွေ့ရတယ်။
ဟုတ်တယ်။ဘာမှမရှိဘူး။
ဒါ ဖော်ပြဖို့အတွက် သူမစဉ်းစားလို့ရတဲ့ တစ်ခုတည်းသော စကားလုံးပဲ။
ထိုင်ခုံတွေကလွဲလို့ ခြံထဲမှာ ဘာမှမရှိဘူး။ရေပန်းလည်းမရှိသလို သစ်ပင်တောင်မှ မရှိဘူး။
ဒီနေရာဟာ ဂေါ့ဖ်ဆော့ဖို့ ဒါမှမဟုတ် အမိုးလွတ် ရေကူးကန်ဆောက်ဖို့ သင့်တော်တယ်။
ဘာမှမလုပ်ဘဲ အလွတ်ကြီးတိုင်း ထားထားတာက ဖြုန်းတီးရာကျတယ်။
နောက်တော့မှ ရှန်ရန်ချင်းဟာ ဒီနေရာကိုလာပြီး စိတ်အပန်းဖြေတတ်တာကို နန်ကော သိလိုက်ရတယ်။
အဲ့ညက သူမ ရှန်ရန်ချင်းကို ဆွဲခေါ်ပြီး နှင်းလူသားလေးနှစ်ရုပ် လုပ်ခဲ့တယ်။အဖြူရောင်ပေါ်မှာ ခြေရာလက်ရာတွေကို မြင်နိုင်တယ်။
ရှန်ရန်ချင်း ပြောခဲ့သလိုပဲ သူမဟာ ဒီနယ်မြေထဲကို ကျူးကျော်လာတဲ့ ပထမဆုံးလူဖြစ်ပြီး တစ်ဦးတည်းသော အောင်နိုင်သူ။
သူမတစ်ယောက်တည်းမှာသာ ဒီကမ္ဘာထဲ အမှတ်အသား လုပ်ခွင့်ရှိတာ...။
*****