← Chapters

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း ၂၂၈

Vol. 23 Ch. 228

228 01

Chapter 228 သောက်ဖို့အတွက်နဲ့ အသက်ပါစတေးခံနေပြီပေါ့။

ရှန်ရန်ချင်း ပြန်ရောက်တော့ သူ နန်ကောကို တစ်ချက်တည်းနဲ့ မတွေ့ဘူး။

သူမဟာ ခုံစောင်းမှာ ထိုင်ပြီး သေချာလေးပုန်းနေတယ်။

ရှန်ရန်ချင်းဟာ ဘေးမှာရပ်နေတဲ့ လက်ထောက်ယွမ်ကို နေ့လည်က မီတင်အကြောင်း အလေးအနက် ပြောနေတာဖြစ်ပြီး သူတို့ရဲ့အာရုံဟာ ဘေးဘက်ကို မရောက်မိဘူး။အခြားလူတွေဟာ သူ့ကို အသိပေးမလို့ လုပ်လိုက်ပေမဲ့ နန်ကောဟာ သူတို့ကို တားတယ်။

မကြာဘူး။ရှန်ရန်ချင်းတစ်ယောက် စင်္ကြန်အဆုံးက ရုံးခန်းထဲကို ၀င်သွားတယ်။ခဏလောက်ကြာတော့ လက်ထောက်ယွမ်ဟာ လက်ထဲမှာ စာရွက်စာတမ်းတွေ တစ်ပုံကြီးနဲ့ ထွက်လာတယ်။

နေ့လည်က တွေ့ဆုံပွဲမှာ သူလည်းပဲ ဝိုင်အနည်းငယ် သောက်လာတာမလို့ သူ့ခေါင်းဟာ နည်းနည်းလေး ရီဝေဝေဖြစ်နေတယ်။

ဥက္ကဌရှန်ဟာ သူ့ကို စာရွက်စာတမ်းတွေ ပို့ပြီးတာနဲ့ နားခိုင်းထားတယ်။

လက်ထောက်ယွမ်ဟာ လက်မြှောက်ပြီး ‌ဂုတ်ပိုးကို ပွတ်တယ်။သူ မျက်လုံးကို ပြန်ဖွင့်လိုက်တဲ့အချိန် သိပ်မဝေးတဲ့နားကနေ နန်ကော သူ့ကို လက်ပြနေတာကို ချက်ချင်း မြင်လိုက်ရတယ်။

အံ့ဩစွာနဲ့ သူ‌ အရှေ့ကို လျှောက်သွားလိုက်တယ်။

“မင်း ရောက်နေတာပဲ ဥက္ကဌရှန်က...”

သူ ဘာမှမပြောရသေးခင်မှာဘဲ သူမက ပြုံးပြီးပြောတယ်။ “ကျွန်မ ရောက်နေတာ သူ မသိဘူး။ ရှင်အခုမှပြန်ရောက်တာလား။ သောက်ခဲ့တာလား”

သူအနားကို လမ်းလျှောက်လာတော့ သူမ လက်ထောက်ယွမ်ဆီကနေ ဝိုင်အနံ့ကို ရတယ်။ဝိုင်ရဲ့ခပ်ရေးရေးမွှေးရနံ့က သူ့ဆီမှာ ရှိနေတုန်းပဲ။

လက်ထောက်ယွမ်ဟာ ခေါင်းညိတ်ပြတယ်။သူဟာ တစ်ခုခုကို တွေးမိသွားပြီး ပြောတယ်။ “ကျွန်တော်တို့ ချန်းဟိုင်ရင်းနှီးမြှုပ်နှံမှုဘဏ်နဲ့အတူ ထမင်းတစ်နပ်စားခဲ့တာ။ ဒါပေမဲ့ ဥက္ကဌရှန်က မသောက်ပါဘူး။ ဘယ်သူကမှ နေ့လည်စာမီတင်မှာ ဥက္ကဌရှန်ကို အတင်း မသောက်ခိုင်းရဲပါဘူး။ စိတ်မပူပါနဲ့”

“အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” နန်ကောဟာ သူ့ရဲ့နီမြန်းနေတဲ့မျက်နှာကို ကြည့်ပြီး သူ့လက်ထဲက စာရွက်စာတမ်းတွေဆီကို လက်လှမ်းလိုက်တယ်။ “ဘယ်ကို သွားပို့မလို့လဲ။ ကျွန်မ ကူညီပေးမယ်”

“ကျွန်မ လုပ်လိုက်ပါမယ်!” မြောင်မြောင်ဟာ လက်ထောက်ယွမ်လက်ထဲကနေ အရင်ယူလိုက်ပြီး “ဥက္ကဌရှန်ဆီသွားပါ ။ယွမ် နင်က မြန်မြန်လုပ်ပြီး တစ်ရေးသွားနှပ်တော့”

လက်ထောက်ယွမ်တစ်ယောက် တကယ်မရတော့ဘူး။

နေ့လည်က သူတို့ခေါ်သွားတဲ့ အတွင်းရေးမှူးဟာ လုပ်စရာတစ်ခုခု ပေါ်လာပြီး တစ်၀က်နဲ့ ထွက်သွားခဲ့တယ်။ဒီတော့ သူတို့ဘက်မှာဆိုလို့ သူတစ်ယောက်တည်း ကျန်ခဲ့တာမို့ သူ နည်းနည်းလေး ပိုသောက်လာရတယ်။

မြောင်မြောင့်ကို အလုပ်အကြောင်း ပြောပြပြီးတဲ့နောက် လက်ထောက်ယွမ်ဟာ ထွက်သွားမလို့ပေမဲ့ ခြေတစ်လှမ်း ပြန်ဆုတ်လာတယ်။သူဟာ နဖူးကိုရိုက်ပြီး စိတ်တိုတိုနဲ့ ပြောတယ်။

“အော် ဟုတ်သား ဥက္ကဌရှန်ရဲ့ကော်ဖီ။ ငါ့ဦးနှောက်ကို ကြည့်ပါဦး။ ထွက်လာတာနဲ့ ချက်ချင်း မေ့သွားတာပဲ”

“ကျွန်မ လုပ်လိုက်မယ်” နန်ကောဟာ ထပ်မံပြီးကူညီပေးဖို့ လုပ်ပြန်တယ်။သူမဟာ သူတို့ကို သူမကိုတားဖို့ အခွင့်အရေးမပေးဘဲ ကုတ်အင်္ကျီကို ၀တ်ပြီး နားနေခန်းဆီကို တဟုန်ထိုး ပြေးသွားတယ်။

“၀င်လာ”

တံခါးခေါက်သံ ထွက်လာတယ်။ခြေသံတွေကို ကြားပေမဲ့ ရှန်ရန်ချင်းဟာ မော့မကြည့်မိဘူး။

ချက်ချင်းပဲ အငွေ့ထနေတဲ့ ကော်ဖီတစ်ခွက်ဟာ သူ့လက်ဘေးမှာ လာချခြင်းခံရတယ်။

“အိုကေ” သူ တုံ့ပြန်လိုက်တယ်။လက်ထောက်ယွမ် ပြန်ပြီး နားလို့ရပြီဖြစ်ကြောင်းကိုလည်း ဖော်ပြနေတယ်။

228 02

အစကနေအဆုံးထိ သူ့အကြည့်ဟာ ကွန်ပျူတာစခရင်ကနေကို မခွာဘူး။သူ တကယ် အလုပ်ရှုပ်နေတယ်ဆိုတာ သိသာတယ်။

သူ့ဘေးက လူဟာ အချိန်အကြာကြီး ထွက်မသွားဘဲ ပြင်သစ်ပြတင်း‌ပေါက်က လာတဲ့အလင်းရောင်ကို ပိတ်ရပ်နေတယ်။အရိပ်ကဖြာကျပြီး သူ့အနားတစ်ဝိုက်ကို လာအုပ်နေတယ်။

ကီးဘုတ်က ရှန်ရန်ချင်းရဲ့လက်တွေ ရပ်တန့်သွားတယ်။သူ မျက်လုံး‌ထောင့်ကနေ တစ်ချက် လှမ်းကြည့်လိုက်တယ်။

သူ ဘာမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးခင်မှာဘဲ ရင်းနှီးနေတဲ့ရေမွှေးနံ့ကို ရလိုက်တယ်။

နန်ကောဟာ ပုံမှန်အားဖြင့် ရေမွှေးသုံးရတာ ကြိုက်တယ်။ဒါပေမဲ့ သူမသုံးတဲ့ မွှေးရနံ့ဟာ ရိုးရှင်းပြီး ချိုချိုလေးရှိတယ်။

တစ်ခုခုကို သိသွားပြီးတဲ့‌နောက် သူဟာ ခေါင်းကို အသာလေး မော့လာတယ်။သူမကိုမြင်တဲ့အခါ သူ တစ်ခဏ အံ့ဩသွားတယ်။မျက်မှန်အောက်က သူ့ရဲ့အနက်ရောင်မျက်လုံးတွေဟာ ကွေးတက်သွားပုံ ပေါ်တယ်။ “ဒီကို တစ်ယောက်တည်း ကားမောင်းလာတာလား”

သူဟာ ပြောပြီးတာနဲ့ ထပြီး သူမရဲ့လက်ကို ချက်ချင်း ကိုင်တယ်။သူ့ရဲ့ကျန်တဲ့လက်တစ်ဖက်နဲ့ သူဟာ ပုခုံးပေါ်ကနေ လျှောကျတော့မဲ့ သူမရဲ့ကုတ်အင်္ကျီကို ကူချွတ်ပေးတယ်။

နန်ကောတစ်ယောက် သူမရဲ့အချိန်ဇယားကို တင်ပြတယ်။သူဟာ အလုပ် ဆက်မလုပ်တော့ဘဲ သူမကို ရေငှဲ့ပေးတယ်။သူမ သူ့စားပွဲပေါ်ကို မှီပြီး တမင်တကာ ပြောလိုက်တယ်။ “ဥက္ကဌရှန် ရှင် ကော်ဖီသောက်ချင်နေတာ မဟုတ်ဘူးလား”

ရှန်ရန်ချင်းဟာ ကော်ဖီသောက်ချင်စိတ် မရှိတော့ဘူး။သူဟာ သူမအတွက် ရေနွေးနွေးတစ်ခွက် ငှဲ့ပေးပြီး မပေးခင် အပူချိန်ကို စမ်းကြည့်လိုက်သေးတယ်။

သူဟာ ရှေ့တစ်လှမ်းတိုးဖို့ အခွင့်အရေးကိုယူပြီး သူ့လက်တွေကို သူမရဲ့ခါးတစ်ဝိုက်မှာ ရစ်ပတ်ထားတယ်။

နန်ကောဟာ ရေတစ်ငုံသောက်ပြီး သူ့ကို လစ်လျှူရှုတယ်။

ရေသောက်ပြီးခါနီးလို့ သူ့ကို စကားပြောတော့မဲ့အချိန်မှာ သူဟာ ခေါင်းငုံ့ပြီး သူမကို နမ်းလာတယ်။

ပိတ်ရက်စကတည်းက သူမတို့နှစ်ယောက် အချင်းချင်း မတွေ့ရတာ တစ်ပတ် ကျော်နေပြီ။

ဒီအချိန်ကာလအတွင်း သူဟာ အလုပ်ရှုပ်နေခဲ့ပြီး သူမလည်းပဲ အလုပ်ရှုပ်နေခဲ့တယ်။

နှစ်အဆုံးမှာ မရေမတွက်နိုင်တဲ့ စု‌ဝေးမှုတွေရှိခဲ့တယ်။ယွီတစ်ယောက် သူမကို နေ့တိုင်း စာပို့တယ်။အစကတော့ သူမလည်း ပျင်းပြီး ရက်နည်းနည်းပါးပါးလောက် အခြားလူတွေနဲ့ အပြင်ထွက်တွေ့ပါတယ်။နောက်တော့ သူမ လုံး၀စိတ်ဝင်စားမှု ပျောက်သွားတယ်။

နန်ကျဲ့ဟာ သူမကို အနီးကပ်စောင့်ကြည့်နေတာမို့ ကားမောင်းထွက်ဖို့တော့ ယွီဟာ အခြားလူတွေကို မခေါ်ရဲဘူး။

သူမတို့သာ လုပ်ချင်တယ်ဆိုရင် ဒါဟာ သာမန်ကားမောင်းတာမျိုးလေးပဲ ဖြစ်လာမှာ မဟုတ်ဘူး။

ဒါကြောင့် ဒီစုဝေးမှုတွေဟာ စားကြသောက်ကြ၊ကတ်ကစားကြနဲ့ အခြားပျင်းစရာဂိမ်းတွေထက် ဘာမှမပိုဘူး။

ဒုတိယနှစ်၀က်မှာ နန်မိသားစုမှာက ရုန်ရင်းဆန်ခတ် အခြေအနေတစ်ခု ဖြစ်ထားတယ်။

နောက်ပြီး သူမနဲ့ရှန်ရန်ချင်းကြားက အခုလက်ရှိကိစ္စလည်း ပါတယ်။ဒီအသိုင်းအဝိုင်းထဲက လူအများစုဟာ သူမနဲ့ပတ်သက်ပြီး အချက်အလက်တွေရဖို့ အခွင့်အရေး ရှာနေကြတယ်။

နန်ကောဟာ မလိမ်ချင်သလို ဖြေလည်း မဖြေချင်ဘူး။

သူမ နောက်ဆက်တွဲစုဝေးပွဲတွေကို အကုန်ဖယ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

ရှန်ရန်ချင်းနဲ့နေရတာက ပိုသက်တောင့်သက်သာ ရှိတယ်။

သူမတို့နေရာ အနည်းငယ်ကွာဟသွားတဲ့အခါ နန်ကောဟာ တမင်တကာနှုတ်ခမ်းကို ကိုက်လိုက်တယ်။အဲ့နောက် သူမဟာ ပြီတီတီပြုံးပြီး ရှန်ရန်ချင်းကို သူမရဲ့ပါးလေးကို ဆွဲဆိတ်ကာ နောက်တစ်ကြိမ် ထပ်နမ်းသွားစေရတယ်။

သူမတို့နှစ်ယောက် အချိန်တစ်ခုလောက်အထိ အချင်းချင်း စနောက်နေခဲ့ကြတယ်။သူ အလုပ်ရှုပ်နေတယ်လို့ နန်ကောထင်တာမို့ သူမဟာ သူ့ကို အမြန် အလုပ်ပြန်လုပ်ခိုင်းတယ်။

သူမကတော့ မပြန်ဘဲ သူ့နဲ့ဆန့်ကျင်ဘက်မှာ ထိုင်တယ်။

သူမပျင်းနေမှာကို ရှန်ရန်ချင်းဟာ စိုးရိမ်တာမို့ အလုပ်လုပ်နေရင်း သူမနဲ့ စကားပြောပေးတယ်။

နှစ်သစ်အကြောင်း ပြောတော့ နန်ကောဟာ ပန်းနုရောင်သန်းနေတဲ့ လက်ချောင်းထိပ်လေးတွေနဲ့ မေးစေ့ကိုထိပြီး သတိလက်လွတ်နဲ့ သူ့အနောက်က ဗီရိုကိုကြည့်ရင်း အတွေးနွံထဲနစ်၀င်သွားတယ်။

“ဒီနှစ်နွေဦးပွဲတော်မှာ ကျွန်မ ရှင်နဲ့အတူ ရှင့်အိမ်ကို သွားရမှာလား” သူမတို့ရဲ့လက်ရှိ ဆက်ဆံရေးနဲ့ဆို သူမတို့ သွားသင့်တယ်။

“ဘာဖြစ်ဖြစ် ရတယ်။ ကိုယ်တို့အချိန်ရရင် ထမင်း အတူသွားစားလို့ရတယ်”

သူတို့ ကျိန်းသေပေါက် သွားရမယ်လေ။နန်ကောတစ်ယောက် ဘယ်နေ့ သွားရမလဲဆိုတာကို ခေါင်းစားနေမှန်း သူသိတယ်။

သိသိသာသာပဲ သူမဟာ နှစ်သစ်ကူးပွဲတော်နဲ့ နှစ်သစ်ရဲ့ပထမဆုံး‌ရက်မှာ ကျန်းမြို့မှာ နေချင်‌နေတာ။

“ဒါဆို နှစ်သစ်ရဲ့ပထမဆုံးရက်မှာ သွားရအောင်”

နန်ကောဟာ ခဏလောက် တွေးကြည့်ခဲ့တယ်။အရမ်းကြီးစောတာ ဒါမှမဟုတ် အရမ်းကြီး နောက်ကျတာမျိုးဖြစ်သွားရင် ဓလေ့ထုံးတမ်းနဲ့ ဆန့်ကျင်နေတယ်။ပြီးတော့ ရှန်မိသားစုဟာ ဒီအရာတွေကို အရမ်းတန်ဖိုးထားတယ်။

နှစ်သစ်ရဲ့ပထမရက်ဟာ အကောင်းဆုံးရွေးချယ်မှုပဲ။

“‌ကောင်းပြီ” ရှန်ရန်ချင်းမှာတော့ ငြင်းစရာမရှိဘူး။

228 03

“ဒါဆို ရှင် ဒုတိယရက်မှာ ကျန်းမြို့ကို လာမှာလား” နန်ကောဟာ မျက်နှာလေးကို အုပ်ကိုင်ပြီး သူမရဲ့မျက်လုံးလေးတွေဟာလည်း တောက်ပသွားတယ်။ “ကျွန်မတို့ အဲ့နေ့ကျ အဖွားအိမ်ကို သွားမလို့ ရှင် ကျွန်မတို့နဲ့ လိုက်ခဲ့ချင်လား”

“ဒါပေါ့” ရှန်ရန်ချင်းဟာ နန်ကောရဲ့အမေဘက်က အဖွားကို တရား၀င် မတွေ့ရသေးဘူး။

ပြီးခဲ့တဲ့တစ်ခေါက် နှစ်ဖက်မိဘတွေတွေ့ဆုံခဲ့တုန်းက နန်ကောရဲ့အဖွားနဲ့ ဦးလေးတို့ မရှိခဲ့ဘူး။သူတို့ တစ်ခုခုနဲ့အလုပ်ရှုပ်နေခဲ့ကြလို့တော့ပြောတယ်။

နန်ကောဟာ မျက်လုံးကို ကျဉ်းပြီး‌ပြုံးတယ်။ “ကျွန်မ သိသားပဲ။ ကျွန်မပြန်လာတုန်းက အဖွားကို ရှင့်အတွက် အထူးစပယ်ရှယ် ချက်ပေးဖို့ မှာခဲ့တယ်။ ကျွန်မအဖွားက ဟင်းချက် အရမ်းကောင်းတယ်”

“နောက်ပြီး ကျွန်မဦးလေးနဲ့ အန်တီကလည်း လူကောင်းတွေပဲ။ ဟိုးကတည်းက သူတို့က ရှင့်ကိုတွေ့ချင်နေကြတာ”

“ဒါဆို မင်းဦးလေးနဲ့ အန်တီတို့ ဘာကြိုက်လဲ” လာမဲ့၂ရက်အတွင်း သူ လက်ဆောင်တွေ ပြင်ဖို့လိုတယ်လို့ ရှန်ရန်ချင်း ခံစားရတယ်။သူမရဲ့အဖွားအတွက် ဘာယူသွားရမလဲကို အကြံရပေမဲ့ သူမရဲ့ဦးလေးနဲ့အန်တီဘာကြိုက်တတ်လဲဆိုတာကိုတော့ မသိဘူး...

“ကျွန်မဦးလေးက အရက်ဂျိုး သူက သောက်တဲ့နေရာမှာ အရမ်းတော်တယ်”

ရှန်ရန်ချင်းဟာ မျက်ခုံးပင့်ပြီး “မင်းပြောချင်တာက သူ့မှာ အကောင်းဆုံးအရက် ခံနိုင်ရည်ရှိတယ်လား”

“ဟုတ်တယ်” သူမဟာ တုံ့ဆိုင်းမှုမရှိ ခေါင်းညိတ်တယ်။

“နှစ်တိုင်း သောက်တဲ့နေရာမှာ ကျွန်မအဖေ ဦးလေးကိုမနိုင်ဘူး ကျွန်မအစ်ကိုကတော့ သူတို့ရှေ့မှာဆို ယင်ကောင်လေးလိုပဲ သူကအမြဲ အလံဖြူအရင်ပြရတဲ့တစ်ယောက် အရင်ကဆို အစ်ကိုက ကျွန်မကို သောက်တတ်တဲ့ ရည်းစားကိုတောင် ရှာခိုင်းတာ ဒါမှ နောက်ဆို သူ့ကိုပံ့ပိုးပေးနိုင်အောင်လို့”

ဒါကိုပြောပြီးတဲ့နောက် နန်ကောဟာ တစ်ခုခုကို သတိထားမိသွားပုံပေါ် တယ်။သူမ ခေါင်းမော့ပြီး ရှန်ရန်ချင်းကို ဂရုတစိုက်နဲ့ အကဲခတ်ကြည့်လိုက်တယ်။

ထင်ထားတဲ့အတိုင်း လူအိုကြီးဟာ အရှုံးကို၀န်ခံဖို့ ငြင်းဆန်ပြီး ပြောလာတယ်။ “ကိုယ့်အရက်ခံနိုင်ရည်က တကယ်တော့မဆိုးပါဘူး”

နန်ကောဟာ ဆွံ့အသွားရတာမို့ ဘာမှတ်ချက်မှ မပေးမိ။

သူမရဲ့သံသ၀င်နေမှုကြီးကို မြင်တော့ ရှန်ရန်ချင်းခမျာ ကူကယ်ရာမဲ့သွားတယ်။ “အရက်အလတ်ဂျစ်ကို ဖယ်ထားရင် ပြောပါတယ်”

“ဒါပေမဲ့ ကိုယ့်အတွက် သူနဲ့ နည်းနည်းပါးပါးသောက်လည်း အဆင်ပြေပါတယ်”

နန်ကောဟာ သူ့ကို စိုက်ကြည့်တယ်။ “ရှင်က အသက်ကိုပါစတေးပြီး သောက်ဖို့ လုပ်နေတယ်ပေါ့။ ရှင်က တကယ်တစ်ခုခုပဲ ရှန်ရန်ချင်း...”

******

All Chapters