အခန်း ၂၂၉
Vol. 23 Ch. 229
229 01
Chapter 229 မနက်ဖြန်အထိမစောင့်နိုင်တော့ဘူး။
နန်ကောဟာ ဟိုက်မြို့မှာ နောက်ထပ်၂ရက်ထပ်နေခဲ့တယ်။ပြီးခဲ့တဲ့၂ရက်လုံး သူမဟာ ရှန်ရန်ချင်း အလုပ်လုပ်နေတုန်း နေ့တိုင်းနီးပါး သူ့အနားမှာ နေခဲ့တယ်။
အစကတည်းက သူမမှာ ဟွားရှန်အဖွဲ့အစည်းမှာ အလုပ်သင် ဆင်းချင်တဲ့အကြံ ရှိပြီးသား။သူမက ပရိုဖြစ်တဲ့အချက်နဲ့ပါ တွဲလိုက်တော့ သူမ ရှန်ရန်ချင်းအတွက် ပြဿနာဖြစ်စေမှာ မဟုတ်ဘူး။
အစက သူမ နောက်ထပ် တစ်ရက် ထပ်နေချင်တာ။ဒါပေမဲ့ နန်ကျဲ့တစ်ယောက် သူမကို လောတယ်လေ။သူမ အိမ်ကို စောစောပြန်လိုက်ပြီး နှစ်သစ်ရဲ့ပထမဆုံးရက်မှာ ဟိုက်မြို့ကို ပြန်လာဖို့စီ စဥ်ထားတယ်။
အဲ့နောက် ဒုတိယရက်မှာ သူမ ရှန်ရန်ချင်းနဲ့အတူ အမေဘက်ကအဖွားဆီကို သွားလို့ရတယ်။
အချိန်ကို အတည်ပြုပြီးတဲ့အခါ ရှန်ရန်ချင်းဟာ သူ့ပါးကို ချက်ချင်းဖုန်းခေါ်လိုက်တယ်။
ဖုန်းတစ်ဖက်မှာတော့ သူ့ပါးနဲ့အန်တီ၀မ်တို့ဟာ အရမ်းပျော်နေကြတော့တယ်။
သူ့မိဘတွေ ကွာရှင်းလိုက်ပြီးကတည်းက နွေဦးပွဲတော်တွေမှာ ရှန်ရန်ချင်းဟာ အိမ်ကို မကြာခဏ ပြန်မလာခဲ့ဘူး။အမှန်က သူပြန်သွားတဲ့နောက်ဆုံးအကြိမ်က ပြီးခဲ့တဲ့နှစ်ကပဲ။
ဒီနှစ်တော့ သူပြန်လာရုံတင်မကဘဲ နန်ကောကိုပါ ခေါ်လာလိမ့်မယ်။
ဒီတစ်ကြိမ် အိမ်အဟောင်းရဲ့လေထုဟာ ပိုပြီအသက်၀င်နေလိမ့်မယ်။
အလုပ်တွေကို လက်စသတ်ပြီးတဲ့အချိန် နှစ်သစ်တောင် ရောက်တော့မယ်။မိသားစုဟာ ဘိုးဘေးတွေကို လေးစားသမှုပေးဖို့လိုတယ်။ရှန်ရန်ချင်းဟာ အလုပ်တွေရှုပ်နေပြီး ကျန်းမြို့က နန်ကောဆီ သွားဖို့ အချိန်မရခဲ့ဘူး။
သူလည်းအချိန်ရရော နှစ်သစ်ကူးပွဲတော်ကို ရောက်နေပြီ။
နန်မိသားစုအတွက်တော့ ဒီနှစ်နွေဦးပွဲတော်ဟာ ပြီးခဲ့တဲ့နှစ်ကထက် နည်းနည်း ပိုထူးခြားတယ်။
နှစ်တိုင်းနှစ်တိုင်း နှစ်သစ်ကူးပွဲတော်မတိုင်ခင် နန်မိသားစုဟာ အိမ်အဟောင်းကို ပြန်တတ်ကြတယ်။နှစ်တိုင်း အဲ့လိုပဲဖြစ်ခဲ့တာ။
ဒီနှစ် မစ္စတာနန်၊မစ္စနန်နဲ့ နန်ကျဲ့တို့ဟာ အိမ်အဟောင်းကို သွားဖို့အစီအစဉ် မရှိဘူး။
နန်ကောဟာ သေချာ ပြန်စဉ်းစားကြည့်ပြီး ဒါဟာ ပထမဆုံးအကြိမ် မိသားစု၀င်၄ယောက်လုံး သူတို့အိမ်မှာ နှစ်သစ်ကူးကျင်းပတာ ဖြစ်ကြောင်းကို သတိထားမိတယ်။
လူတွေ အများကြီး မရှိတာမို့ နည်းနည်းတော့ ခြောက်ကပ်ပုံ ရတယ်။
နန်မိသားစုဟာ ညစာကို စောစောစားတယ်။ညစာစားပြီးတဲ့အချိန် နန်ကောဆီ ယွီ့ဆီကနေ ဖုန်း၀င်လာတယ်။
ဒီနေ့ ကျန်းမြို့မှာ နည်းနည်းအေးတယ်။နန်ကောဟာ သူမဆီမှာရှိတဲ့ အထူဆုံးကုတ်အင်္ကျီကို လဲ၀တ်ပြီး သူမအစ်ကိုကို နှုတ်ဆက်ပြီးတဲ့နောက် အပြင်ထွက်လာခဲ့တယ်။
ယွီယွီရဲ့အဖိုးအဖွားတွေဟာ နန်ကောတို့မိသားစုရဲ့ ပတ်၀န်းကျင်မှာပဲ နေကြတာ ဖြစ်တယ်။ယွီယွီတစ်ယောက် နှစ်သစ်ကို ဒီမှာလာကုန်ဆုံးနေတာ ဖြစ်မယ်။သူမ ဒီနားပတ်၀န်းကျင်ကနေ ထွက်မသွားဘူးဆိုတာကို သိတာမို့ နန်ကျဲ့ဟာ ဘာမှမပြောဘူး။
နန်ကော အိမ်ကနေ ထွက်လာပြီး သိပ်မကြာဘဲ ယွီယွီကို တွေ့လိုက်ရတယ်။သူမတို့နှစ်ယောက် အောင်အောင်မြင်မြင်နဲ့ တွေ့ကြပြီ။
“ဘာလို့ ငါ့ကို ဖုန်းဆက်ခေါ်တာလဲ”
အရင်ကဆို နန်ကောဟာ နှစ်သစ်ကူးပွဲတော်တွေဆို အပြင်မထွက်ဘူး။
ဘာလို့လဲဆိုတော့ သူမရဲ့အဖိုးနဲ့အဖွားဟာလည်း ခွင့်မပြုတာမို့။
အခြေခံအားဖြင့် နှစ်သစ်ကူးပွဲတော်ဆို သူမတို့ အိမ်အဟောင်းမှာ စားသောက်ကြပြီး နွေဦးပွဲတော်သစ်လွင်ပွဲကို ကြည့်ကြတယ်။သူမတို့စောစောအိပ်ကြတယ်။
ဘာဖျော်ဖြေရေး လှုပ်ရှားမှုရယ်လို့မှ မရှိခဲ့ဘူး။
အမျိုးသားအိုကြီးနဲ့ အမျိုးသမီးအိုကြီးတို့ဟာ အတော်လေး စည်းကမ်းကြီးတယ်။သူမရဲ့အစ်ကို ကတ်ကစားဖို့ အကြံမပေးမချင်း သူမ၊ဒုတိယအစ်ကိုနဲ့ တတိယအစ်ကိုတို့ဟာ ဧည့်ခန်းမှာ ထိုင်ပြီး တီဗီပဲကြည့်ရတယ်။
ရှင်းရှင်းပြောရရင်တော့ အရမ်းပျင်းဖို့ ကောင်းတယ်။
လွန်ခဲ့တဲ့နှစ်၀က်က နန်ကောတို့မိသားစုထဲ ဘာဖြစ်သွားခဲ့လဲဆိုတာ ယွီယွီသိတယ်။သူမ ဒီကို နှစ်သစ်အတွက် ရောက်နေတာကိုလည်း သူ သိတယ်။ဒါကြောင့် သူထွက်လာပြီး သူမနဲ့ ခဏလည်မလို့။
“ဟေး ငါ နင့်အတွက် ဘာယူလာလဲကြည့်” မျက်လှည့်ပြနေတဲ့အလား။ ယွီယွီဟာ သူ့လက်ကို အင်္ကျီလက်ထဲ ထည့်တယ်။ပြန်လည်းဆွဲထုတ်လိုက်ရော တလက်လက်ထနေတဲ့ ဘူးလေးတွေ သူ့လက်ထဲမှာရှိနေတယ်။
ကျန်းမြို့မှာ မီးရှူးမီးပန်းတွေကို ဘန်းထားတာ နှစ်အတော်ကြာခဲ့ပြီ။နိုင်ငံခြားမှာ မြင်ရတာရယ်၊ကစားကွင်းတွေမှာ မြင်ရတာရယ်ကလွဲလို့ ကျန်းမြို့မှာ နန်ကော ဒီအရာတွေကို မမြင်ခဲ့ရတာကြာပြီ။
မီးရှူးမီးပန်းအကြီးကြီးတွေက ရောင်းလို့မရသလို သူမ အသေးလေးတွေကိုတောင် ဘယ်မှာ၀ယ်ရမလဲ မသိဘူး။
နန်ကောဟာ သံသယ၀င်စရာမလိုဘဲ ကျေကျေနပ်နပ်ကြီး အံ့အား သင့်သွားတယ်။သူမရဲ့မှုန်မှိုင်းနေတဲ့ စိတ်ခံစားချက်ဟာ နောက်ဆုံးတော့ တက်ကြွလာပြီ။
“နင် ဘယ်မှာ ၀ယ်ခဲ့တာလဲ”
သူမဟာ အမြန်ယူပြီး လမ်းမီးရောင်အောက်မှာ ပါကင်ဘူးကို အထပ်ထပ်အခါခါ ကြည့်တယ်။အဲ့တာဟာ သူမ တကယ်လိုချင်နေတဲ့ဟာ ဖြစ်ကြောင်း အတည်ပြုပြီးတဲ့နောက်မှာတော့ သူမရဲ့မျက်လုံးတွေ လင်းလက်သွားတယ်။
“အဲ့လောက် မခက်ပါဘူး။ နင် မီးရှူးမီးပန်းတွေကို မြင်ချင်ရင် ငါ့မှာ အဲ့တာတွေလည်း ရှိတယ်။ အစ်ကိုကြီးနန်ကို ခေါ်လိုက် ငါတို့ဖောက်ဖို့ နေရာသွားရှာမယ်။ နင် ပျော်လိမ့်မယ်လို့ ငါအာမခံတယ်”
“နိုး နိုး” နန်ကောဟာ တရားမ၀င်တာ ဘာတစ်ခုမှ မလုပ်ချင်ဘူး။သူမဟာ မီးပန်းကို ဝှေ့ယမ်းပြတယ်။
229 02
“ဒါလုပ်မယ်!”
“ပြီးတာပဲ နင်နောက်မှ ပြန်ယူလာလို့ရတယ်။ နင့်ဟာနင် သွားပျော်တော့ ငါပြန်ရဦးမယ်” ယွီယွီဟာ သူမကို တစ်ခုခုပေးဖို့အတွက် အပြင်ထွက်လာဖို့ ခေါ်တာ။ပြန်ပေးဆွဲမလို့ မဟုတ်ဘူးဘဲ။ “ငါ့အဖိုး မာကျောက်ကစားဖို့ ငါ့ကိုစောင့်နေတယ်”
ယွီမိသားစုမှာ လူဦးရေများတယ်။ပြောရရင်တော့ မာကျောက်ကစားဖို့ လူအလုံအလောက် ရှိတယ်။
ဒါပေမဲ့ ယွီယွီက မာကျောက်ကစားတာ တော်တယ်။ဒါကြောင့် သူ့အဖိုးဟာ သူနဲ့ကစားရတာကို နှစ်သက်တယ်။ယွီယွီဟာ သူ့ကို နှစ်တိုင်း အဖော်လာလုပ်ပေးရတယ်။ဒီတော့ များသောအားဖြင့် နောက်၂ရက်အတွင်း သူဟာ အပြင်မထွက်တော့ဘူး။
အိမ်ကို မီးပန်းတွေနဲ့ပြန်သွားပြီး နန်ကောဟာ ခြံထဲမှာ နှစ်ခုကို မီးညှိလိုက်တယ်။ခဏလောက် ကစားနေခဲ့ပြီးတဲ့နောက် သူမ ချမ်းလာတာမို့ ဧည့်ခန်းထဲကိုပြန်သွားတယ်။
မာကျောက်ကစားဖို့ သူမရဲ့မိဘတွေကိုပါ ခေါ်သွားသင့်သလားဆိုတာ သူမစဉ်းစားနေတာဖြစ်တယ်။အဲ့နောက် သူမရဲ့ပါးမဆော့တတ်တာကို သတိရသွားတယ်။
နှစ်သစ်ကြောင့်မို့ နန်မိသားစုက အိမ်အကူတွေအားလုံးကို နားခွင့်ပေးထားတယ်။
သူမတို့ လူတစ်ယောက် လိုနေသေးတယ်။မလုံလောက်ဘူး။
သူမ ဒီအတွေးကို လက်လျှော့လိုက်ဖို့ပဲတတ်နိုင်တယ်။
၉နာရီလောက်ရောက်တော့ နန်ကောဟာ မေးတစ်ဖက်ထောက်ပြီး သူမရဲ့မိဘတွေနဲ့အတူ ဧည့်ခန်းထဲမှာ နွေဦးပွဲတော်သစ်လွင်ပွဲကို ကြည့်နေတယ်။သူမဘေးက နန်ကျဲ့ဟာတော့ ခေါင်းကြီးငုံ့ပြီး တစ်ယောက်ယောက်ကို စာပို့နေတယ်။
ဧည့်ခန်းဟာ တိတ်ဆိတ်နေတယ်။
သူမအိပ်ပျော်တော့မဲ့အချိန်မှာပဲ တံခါးဘဲလ်ဟာ ရုတ်တရက် မြည်လာတယ်။နန်ကျဲ့ကို လန့်သွားစေလွန်းပြီး သူ့မှာ လက်တွေပါတုန်ကာ ဖုန်းကိုပါ လွှတ်ပစ်မိတော့မလို့။
မစ္စနန်ဟာ ခြံထဲကို အလိုလို လှမ်းကြည့်လိုက်ပေမဲ့ ဘာမှမမြင်ရဘူး။သူမဟာ ဘေးကသားဖြစ်သူကို တွန်းပြီး အသုံး၀င်အောင် လုပ်တယ်။ “နန်ကျဲ့ တံခါးမြန်မြန်သွားဖွင့်”
နန်ကျဲ့ဟာ ပျင်းရိနေပြီး အလိုလိုငြင်းတယ်။ “နန်ကော သွားလိမ့်မယ်”
နန်ကောဟာ သူနဲ့ စကားများမနေဘဲ ကုတ်အင်္ကျီ၀တ်ကာ ထွက်သွားလိုက်တယ်။
ဗီဒီယိုဘဲလ်ရှိပေမဲ့ နန်ကောဟာ စစ်ကြည့်ဖို့ကို ပျင်းလွန်းနေတယ်။သူမဟာ တံခါးကို ထွက်ဖွင့်လိုက်တယ်။
ယွီ ဒါမှမဟုတ် အနီးအနားကအိမ်နီးချင်းတစ်ယောက်ယောက်လို့ သူမထင်ထားတာ။
မထင်မှတ်ထားဘဲ တံခါးလည်းပွင့်သွားရော မတွေ့ရတာ ရက်အတော်ကြာပြီဖြစ်တဲ့ အမျိုးသားဟာ ကားရှေ့မှာ တိတ်တဆိတ်ရပ်နေတယ်။
သူဟာ သူမ အရင်တစ်ခေါက်က ၀ယ်ပေးခဲ့တဲ့ကုတ်အင်္ကျီကို ၀တ်ဆင်ထားတယ်။သူ့စတိုင်ဟာ ပုံမှန်လို ရိုးရိုးရှင်းရှင်းနဲ့ပလိန်းကြီးမဟုတ်ပေမဲ့ ပိုပြီးအရောင်ရွှင်တယ်။အဲ့တာတင် မဟုတ်ဘဲ သူဟာ မျက်မှန်လည်း မတပ်ထားဘူး။သူ့ဆံပင်ဟာ နဖူးပေါ်ပြေပြေလေး ကျနေပြီး သူ့နှာခေါင်းဟာ အအေးဒဏ်ကြောင့် အနည်းငယ် နီနေတယ်။သူလည်းပဲ လက်ထဲမှာ လက်ဆောင်ကိုင်ထားတယ်။တစ်ခဏလောက် သူမ ရှန်ရန်ချင်းကို မမှတ်မိဘူး ဖြစ်သွားတယ်ဆိုတာ နန်ကော ၀န်ခံပါတယ်။
“ရှင်...ရှင်ဘာလို့ဒီရောက်နေတာလဲ”
သူမဟာ ပြောပြောဆိုဆိုနဲ့ ရှေ့ကိုခြေတစ်လှမ်းတိုးတယ်။
သူမဟာ သူ့အနောက်ကကားကို တစ်ချက်ကြည့်လိုက်တယ်။ဒရိုင်ဘာလည်းမပါဘူး။
သူ ဒီကို သူ့ဟာသူမောင်းလာတာဖြစ်ပြီး တကယ်တော့ ဟိုက်မြို့အိမ်အဟောင်းကနေ လက်ဆောင်နဲ့အတူ အသားကုန်မောင်းလာတာ။
“ပြီးခဲ့တဲ့ရက်တွေထဲ ကိုယ် အရမ်းအလုပ်ရှုပ်နေခဲ့တာ မင်းနဲ့တွေ့ဖို့မပြောနဲ့ ဖုန်းတောင် သိပ်မပြောဖြစ်ဘူး။ ကိုယ် ဒီနေ့မှ မင်းကို လာတွေ့နိုင်တော့တယ်။ ကိုယ့်မှာ ရွေးချယ်စရာမရှိဘူးလေ။ ကိုယ် မနက်ဖြန်အထိစောင့်နိုင်မှာမဟုတ်လို့”
ဟုတ်တယ်။သူမတို့ မနက်ဖြန် ရှန်မိသားစုအိမ်ကို သွားဖို့သဘောတူထားတယ်။
နန်ကျဲ့ဟာ ဒရိုင်ဘာအနေနဲ့ ၀န်ဆောင်မှုပေးမှာဖြစ်ပြီး သူမကို မနက်စောစော လိုက်ပို့ပေးမှာ။
ဒါပေမဲ့လည်း သူကိုယ်တိုင် သူမကို လာကြိုတာပဲ။
ရှန်ရန်ချင်းဟာ လက်ထဲကပစ္စည်းတွေကိုချပြီး သူမကိုပြန်ဖက်တယ်။
“မင်း ကိုယ့်ကို လွမ်းနေလား”
သူ့အသံဟာ ပျော်ရွှင်မှုရယ်၊အအေးဒဏ်ရယ်နဲ့ ရောယှက်နေတယ်။
သူ တံခါးဘဲလ်ကို မနှိပ်ခင် တံခါးရှေ့မှာ ၁၀မိနစ်လောက် မတ်တပ်ရပ်နေခဲ့မိတာ။
ဒါက သူပထမဆုံးအကြိမ် လာလည်တာမဟုတ်ဘူးဆိုပေမဲ့လည်း အဓိပ္ပာယ်ကတော့ ကွဲပြားတယ်လေ။
အဆုံးမှာတော့ ဒါ သူ ဒုတိယအကြိမ် လာလည်တာဖြစ်ပြီး ညပါအိပ်ရမှာ။သူ နည်းနည်းတော့ စိတ်လှုပ်ရှားနေတုန်းပဲ။
သူ လာတုန်းကဆို ရုတ်တရက်ကြီး ပေါ်လာတာက ကောင်းပါ့မလားဆိုပြီး ပါးကတောင် စိုးရိမ်သေးတယ်။
သူလည်း ဒီမေးခွန်းအကြောင်း တွေးကြည့်ခဲ့ပြီး သူမတို့ကို အနှောင့်အယှက် ပေးမိလောက်မယ်လို့ ခံစားခဲ့ရပါတယ်။
ဒါပေမဲ့လည်း သူ တစ်ကိုယ်ကောင်းဆန်ဆန်ပဲ ပြုမူလိုက်ပါတယ်။
သူ ဒီတစ်ခါပဲ သူ့ကိုယ်သူ လုပ်ခွင့်ပေးလိုက်မယ်။အနာဂတ်မှာ နန်ကောနဲ့စေ့စပ်ထားသူ၊နန်ကောရဲ့အမျိုးသားအနေနဲ့ သူလာရဦးမှာပဲ။
သူ သူ့ကိုယ်သူ ဒါတွေနဲ့ရင်းနှီးအောင် လုပ်ထားရမယ်။
229 03
“ဒါပေါ့!” နန်ကောဟာ သူမ သူ့ကိုလွမ်းနေကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြတယ်။သူမဟာ သူ့ကိုဖက်ထားပြီး လွှတ်ပေးဖို့ကို အကြာကြီး ငြင်းဆန်နေခဲ့တယ်။သူမဟာ သူ့ကို အရင်တောင် စနမ်းလိုက်သေးတယ်။ခဏကြာတော့ နန်ကျဲ့အနောက်ကနေ လိုက်လာသံကြားတာမို့ သူမတို့နှစ်ယောက် ခွာလိုက်ကြတယ်။
နန်ကျဲ့လည်းပဲ ရှန်ရန်ချင်းကိုတွေ့တော့ နည်းနည်း အံ့ဩသွားရတယ်..။.
******