← Chapters

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း ၂၃၀

Vol. 23 Ch. 230

230 01

Chapter 230 မှင်သက်စရာအပြုအမူ။

“နှစ်သစ်ကူးပွဲတော်မှာ မင်းအိမ် ပြန်တာ မဟုတ်ဘူးလား” နန်ကျဲ့ဟာ သိပ်နားမလည်ဘူး။ရှန်ရန်ချင်းက ပြောတယ်။ “ကျွန်တော် အိမ်မှာ လူကြီးတွေနဲ့ ညစာ စားပြီးမှ လာတာပါ။ အဆင်ပြေပါတယ်”

သူ့ပါးနဲ့ အန်တီ၀မ်ဟာ သူ့ကို အရမ်းနားလည်ပေးတယ်။‌နောက်ပြီး မနက်ဖြန် သူ နန်ကောကို ခေါ်လာမှာလေ။

သူတို့ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကာ ပြန်မလာသေးတာကို မြင်တော့ မစ္စတာနန်ဟာ စိုးရိမ်လာတယ်။သူဟာ ကုတ်အင်္ကျီကောက်၀တ်ပြီး ထွက်လာခဲ့တယ်။

ခြံထဲကို ဖြတ်လာတော့ မစ္စတာနန်ဟာ ရပ်လိုက်ပြီး ခပ်လှမ်းလှမ်းက ဝါးတားတားပုံရိပ်တွေကို ကြည့်ရင်း သူက မေးလိုက်တယ်။ “မင်းလား ရှန်ငယ်လေး” ရှန်ရန်ချင်းဟာ ဘယ်သူမှန်း မမြင်ရသေးခင် အလိုလို ပြန်ဖြေလိုက်မိတယ်။

မစ္စတာနန်ဟာ သူတို့ကို အလျင်အမြန် အထဲခေါ်တယ်။ “ဘာလို့တံခါး၀မှာ ရပ်ပြီး စကားပြောနေကြတာလဲ။ အပြင်မှာ ဒီလောက်အေးနေတာကို အထဲ၀င်”

အထဲ၀င်လာပြီး မစ္စနန်တစ်ယောက် ရှန်ရန်ချင်းကို မြင်တဲ့အခါ အံ့အားသင့်မှုခပ်ရေးရေးလေးဟာ သူမရဲ့မျက်လုံးထဲမှာပေါ်လာတယ်။

အဲဒါဟာ အမြန်ပဲပျော်ရွှင်မှုနဲ့ အစားထိုးသွားတယ်။

“ရှန်ငယ်လေးလည်း ရောက်နေတာလား။ သား မင်း ဟိုက်မြို့ကနေ လာတာလား”

ရှန်ရန်ချင်းဟာ ခေါင်းညိတ်ပြတယ်။ရှင်းပြပြီးတဲ့နောက် သူဟာ လက်ထဲကပစ္စည်းကို ကမ်းပေးလိုက်တယ်။

“အိုး မင်း မယူလာသင့်ပါဘူးကွယ်” မစ္စနန်ဟာ သူ့ကို လက်ဆောင် ယူမလာဖို့ ပြောလိုက်ပေမဲ့လည်း သူမဟာ ပျော်ရွှင်နေတုန်းပဲ။

လက်ဆောင်ရဲ့ဈေးကြောင့်မဟုတ်ဘဲ စေတနာလေးကိုတော့ ထည့်တွက်တယ်။

ဒါဟာ ရှန်ရန်ချင်းရော သူ့မိဘတွေရော နန်မိသားစုကို ဂရုစိုက်တယ်လို့ဆိုလိုနေတာပဲ။

အချိန်ဟာကွက်တိပဲ။ရှန်ရန်ချင်း ရောက်လာတဲ့အချိန် နန်ကောဟာ မာကျောက်ဆော့ဖို့ လူမလုံလောက်တဲ့အကြောင်း စဉ်းစားနေတာဖြစ်တယ်။

ရှန်ရန်ချင်းတစ်ယောက် သူမဆီကနေ မာကျောက်စားပွဲဆီခေါ်သွားခံရပြီး ထိုင်ချလိုက်ရတယ်။ထိုင်လိုက်ပြီးတဲ့နောက် တစ်ခုခုမှားနေတာကို သူ သတိ ထားမိသွားတယ်။သူဟာ နန်ကောကို မော့ကြည့်လိုက်တယ်။ “ကိုယ်...တကယ်တော့ မာကျောက် မဆော့တတ်ဘူး”

“ဟမ်” နန်ကောဟာ အံ့ဩသွားတယ်။

“ရှင် အိမ်မှာ မာကျောက်ရှိတယ် မဟုတ်လား”

သူမ ရှန်မိသားစုအိမ်အဟောင်းမှာ တွေ့ဖူးတယ်လေ။

“အဲ့တာ ကိုယ့်အဖိုးရဲ့ဟာ ကိုယ့်မိသားစုက...” ရှန်ရန်ချင်းဟာ တုံ့ဆိုင်းနေတယ်။

သူတို့မိသားစုဟာ ပိုကာတို့၊မာကျောက်တို့ ဆော့တတ်ပုံမရဘူး။

နှစ်သစ်မှာ စုဝေးကြတဲ့အခါဆိုရင် သူတို့ဆီမှာ ဒီလိုအစီအစဉ်မျိုးရယ်လို့ မလုပ်ကြဘူး။

သူ့၀မ်းကွဲအငယ်လေး တစ်ယောက်တည်းသာ ဆော့တတ်တာ။သူကတော့ သူငယ်ချင်းတွေဆီက နည်းနည်းပါးပါးသင်ခဲ့ဖူးပေမဲ့ တကယ်နည်းနည်းလေးပဲ။

“ရပါတယ် ရပါတယ် အနည်းဆုံးတော့ ရှန်ငယ်လေးက နည်းနည်းပါးပါးတော့ သိတာပဲ။ သမီးအဖေလို သူ့ကတ်တောင် သူမသိတာမျိုးမဟုတ်ဘူးလေ”

မစ္စနန်ဟာ နန်ကောအတွက် စိတ်ခံစားချက်ကို မဖျက်ဆီးချင်ဘူး။သူမရဲ့သားမက်လေး ပထမဆုံးအကြိမ် နှစ်သစ်မှာလာလည်တာကို နွေဦးပွဲတော်သစ်လွင်ပွဲချည်းပဲ ထိုင်ကြည့်ဖို့က ပျင်းစရာကြီးလို့ သူမလည်းထင်ပါတယ်။တခြားဖျော်ဖြေရေးလေးတွေ လုပ်ရင်လည်း မဆိုးပါဘူး။

နန်ကျဲ့ဟာ သံယောင် လိုက်ပြောတယ်။ “စဆော့လိုက်တာနဲ့ မင်း ပိုကောင်းလာလိမ့်မယ်။ မင်းရဲ့အသိပညာနည်းနည်းလေးက မင်းကို ကောင်းကောင်း ကစားနိုင်စေလိမ့်မယ်လို့ ငါယုံကြည်တယ်”

အစက ရှန်ရန်ချင်းဟာ ငြင်းချင်တယ်။အဓိကက‌ ဘာလို့လဲဆိုတော့ သူ ကောင်းကောင်းမဆော့နိုင်ရင် လူတိုင်းရဲ့စိတ်ခံစားချက်ကို ဖျက်ဆီးမိမှာစိုးလို့။

ဒါပေမဲ့ မစ္စတာနန်လည်း မဆော့တတ်တာကို သူ ကြားလိုက်ရတယ်။သူသာ မဆော့ရင် သူတို့ ဒီနေ့ တကယ်ကြီး မာကျောက် မဆော့ရဘဲ နေလိမ့်မယ်။

သူဟာ နန်ကောကို ကြည့်ပြီး ပြုံးပြတယ်။ “ကိုယ်ကြိုးစားကြည့်ပါမယ် ကိုယ် တကယ်မသိတော့ဘူးဆို မင်းကို တိတ်တိတ်လေးခိုးမေးမယ်နော်”

“အိုကေ!” နောင်အချိန်ရှိရင် သူမ ရှန်ရန်ချင်းကို ဂိမ်းတွေ နည်းနည်းပါး သင်ပေးရမယ်လို့ နန်ကောဟာ ခံစားရတယ်။မာကျောက်ကစားတယ်ဆိုတာဟာ အခြေခံအကျဆုံးပဲ။ဒီနည်းနဲ့ လိုအပ်လာပြီဆိုတာနဲ့ သူ နံပါတ်တွေကိုလုပ်လို့ရတယ်။

အဲ့ညက မစ္စတာနန်ဟာ ဘေးမှာထိုင်ပြီး သူတို့၄ယောက်ချတာကို ကြည့်တယ်။

တစ်ဖက်မှာတော့ ရှန်ရန်ချင်းဟာ အစကနေအဆုံးအထိ တည်ငြိမ်ပြီး ထိန်းချုပ်မှု ရှိနေတယ်။မာကျောက် ကစားနေတုန်း သူ့အပြုအမူတွေဟာ အဆက်အစပ်ရှိပြီး ချောမွေ့နေတယ်။ပြီးတော့ သူဟာ ကစားနေရင်း ကောင်းမွန်တဲ့ စိတ်ရှည်သည်းခံမှုကိုလည်း ပြထားသေးတယ်။

ဒါပေမဲ့လည်း မစ္စတာနန်ဟာ သေချာ တွေးကြည့်တယ်။ကြည့်ရတာ အဲ့ညက ရှန်ရန်ချင်းတစ်ခါမှ မနိုင်လိုက်သလိုဘဲ။

ကစားနေတဲ့တစ်လျှောက်လုံး သူဟာ မာကျောက်ကျောက်တုံးကြီး အတိုင်းပဲ။

ဒါပေါ့။သူ ထူးချွန်တာလေးတစ်ချို့တော့ လုပ်ခဲ့ပါတယ်။ဥပမာအနေနဲ့ နန်ကောဟာ စားပွဲခုံအောက်မှာညစ်ပြီး သူ့ကို ကတ်တွေတောင်းတယ်။ရှန်ရန်ချင်းဟာ ဒါမျိုးလုပ်မဲ့လူတစ်ယောက်နဲ့တော့ မတူဘူး။သူ သူမကို ပေးတော့မဲ့အချိန်မှာပဲ နန်ကျဲ့ဟာ သူ့ကို လက်ပူးလက်ကြပ် မိသွားတယ်။

230 02

ဒါပေမဲ့ ညစ်တဲ့အတွက်ကြောင့် နန်ကောကို အပြစ်တင်လို့ မရဘူး။အဓိကက‌တော့ အဲ့ညက နန်ကျဲ့ဟာ ကံတအားကောင်းနေခဲ့ပုံ ပေါ်လို့ပဲ။သူဟာ သူ့အမေအရင်း ဖြစ်သူကိုတောင်မှ လစ်လျူရှုပြီး ပိုက်ဆံတွေ အများကြီး နိုင်သွားတယ်။

သံသယ၀င်စရာမလိုဘဲ ရှန်ရန်ချင်း အများကြီး ရှုံးသွားတယ်။

နန်ကောဟာတော့ ၆သောင်းလောက် ရှုံးသွားတယ်။မနက်ကျ နိုးလာလို့ ဆေးကြော သန့်စင်ပြီးတော့ သူမဟာ သူ ဘယ်လောက်ရှုံးသွားလဲဆိုတာကို မေးကြည့်တယ်။

ရှန်ရန်ချင်းဟာ မနေ့က မရေတွက်မိဘူး။သူမက ဒီမေးခွန်းကို မေးလာတဲ့အခါမှာတော့ သူဟာ အလေးအနက် ထိုင်ချလိုက်တယ်။

“မင်းထက် နည်းနည်းများတယ်”

“၇သောင်း” နန်ကောဟာ ခန့်မှန်းကြည့်တယ်။

သူဟာ သူမကို မျက်လုံးလေးတွေ ကွေးပြီးကြည့်လာတယ်။ဘာမှတော့မပြောဘူး။

သူမျက်နှာထားကို ကြည့်ပြီး တစ်ခုခုမှားနေတယ်ဆိုတာ သိသာတယ်။သူမက ထပ်မှန်းကြည့်တယ်။ “တစ်သိန်းလား”

“ကောင်းပါတယ်”

“တော်သေးတယ် ရှင် အများကြီး မရှုံးလို့ ကျွန်မ၀မ်းသာပါတယ်”

နန်ကောဟာ စိတ်သက်သာရာ ရသွားတယ်။သူမ အပေါ်ပြန်တက်ပြီး အိပ်မလို့ လုပ်တော့မဲ့အချိန်မှာပဲ သူ ထပ်ဖြည့်ပြောလာတာကို သူမကြားလိုက်ရတယ်။ “ကိုယ် မင်းထက် တစ်သိန်း ပိုရှုံးခဲ့တာ”

နန်ကောတစ်ယောက် သွေးအန်လုမတတ်။

အမှန်က နန်ကျဲ့ အပြင်မှာ သူ့သူငယ်ချင်းတွေနဲ့ မာကျောက်ကစားတာနဲ့ ယှဉ်ရင် သူမရော၊ရှန်ရန်ချင်းရော အများကြီး မရှုံးခဲ့ဘူး။

ပေါင်းလိုက်ရင် နန်ကျဲ့အပြင်မှာ တစ်ပွဲနိုင်တာလောက် သူမတို့မရှုံးခဲ့ပါဘူး။

ဒါပေမဲ့ ဒါက အိမ်မှာ ဆော့တာလေ။ဒါဟာ ပထမဆုံးအကြိမ် ရှန်ရန်ချင်း အိမ်လာလည်တာ။ကြည့်ရတာ နန်ကျဲ့ဟာ နည်းနည်းလွန်သွားပုံပေါ်တယ်။

ဒါပေါ့။နန်ကောကပဲ အဲ့လိုထင်တာမဟုတ်ဘူး။

နန်ကော ရှန်ရန်ချင်းကို အပေါ်ထပ်ခေါ်သွားပြီး သိပ်မကြာဘူး။နန်ကျဲ့ရဲ့မိဘတွေဟာ သူ့ကိုပြန်ထိန်းရတယ်။

“ကြည့်ဦး မင်း ငါတို့ပိုက်ဆံတွေအကုန်လုံးကို ခိုးယူချင်တာက ထားပါ ဒါပေမဲ့ မင်းက ရှန်ငယ်လေးကိုတောင် အလွတ်မပေးဘူး!”

နန်ကျဲ့ဟာ ဒါကို ကြားရတာ မကြိုက်ဘဲ ချက်ချင်းပြန်ခံပြောတယ်။ “သားက ဖြူစင်ပါတယ်နော် ခိုးတယ်ဆိုတာ ဘာကို ပြောချင်တာလဲ။ သူက ကျွန်တော့်ဘေးမှာ ထိုင်နေတာလေ။ ကျွန်တော် သူ့ဟာကို မမြင်ရဘူးလေ မဟုတ်ဘူးလား”

“မင်း အမြန်ကြီးဆော့ဖို့ လိုလို့လား။ ငါ မင်းကို ကြည့်နေတာ မမြင်ဘူးလား။ မင်း ပွဲတိုင်းကို နည်းနည်း ဖြည်းဖြည်းလေးဆော့ပြီး ရှန်ငယ်လေးကို ကစားဖို့အခွင့်အရေး ပေးသင့်တယ်လေ!”

သူတကယ်ကို မမြင်ခဲ့တာပါ။

သူမ မနေ့ညက အိပ်တာ နည်းနည်းနောက်ကျသွားတာမို့ နန်ကောဟာ တစ်လမ်းလုံး ကားပေါ်မှာ အိပ်လိုက်လာတယ်။သူမ ရှန်အိမ်အဟောင်းကို အရင်ကလည်း သွားဖူးပါတယ်။ပြီးတော့ မိသားစုနှစ်စုဟာလည်း လက်ထပ်မဲ့ကိစ္စအကြောင်း ဆွေးနွေးခဲ့ပြီးသားဖြစ်ပြီး နန်ကောဟာ ရှန်ရန်ချင်းဦးလေးရဲ့မိသားစုနဲ့လည်း တွေ့ပြီးပြီ။ဒါကြောင့် သူမ အရင်ကလောက် မသက်မသာမဖြစ်တော့ဘူး။

ရှန်မိသားစုမှာရှိတဲ့ လေထုဟာ ကောင်းမွန်တယ်။မိသားစုဟာ သူမကို အာရုံတွေရဲ့ အလယ်မှာလိုမျိုး ဆက်ဆံပြီး လစ်လျူရှုထားတဲ့သဘောမျိုး တစ်ခုမှမပြဘူး။

နှစ်သစ်ရဲ့ဒုတိယနေ့မှာတော့ နန်ကောဟာ ရှန်ရန်ချင်းကို ကျန်းမြို့က သူမအဖွားအိမ် ပြန်ခေါ်သွားတယ်။

ကံကောင်းစွာနဲ့ သူမအဖွားဟာ နယ်စပ်မှာ နေပြီး သိပ်မဝေးဘူး။သွားနေတဲ့လမ်းမှာ နန်ကောဟာလည်း သက်ပြင်း ချမိတယ်။ကံကောင်းလို့ မိသားစုနှစ်စုလုံးဟာ အိမ်နီးချင်းမြို့တွေမှာ နေကြတာ။တကယ်လို့များ သူမတို့ တောင်နဲ့မြောက်ဆိုပြီး ကွာနေလို့ရှိရင် ကားစီးရတာ ဘယ်လောက် ကြာလိမ့်မလဲ။အနာဂတ်မှာ နွေဦးပွဲတော်တိုင်း ဟိုဘက်နဲ့ဒီဘက်ကို ပြေးလွှားနေရတာဟာ နည်းနည်း ပြဿနာ များလိမ့်မယ်။

နေ့လည်အထိ သူမအဖွားရဲ့အိမ်မှာနေပြီးတဲ့နောက် သူမရဲ့ဦးလေးနဲ့ပါးဟာ မူးနေပြီ။နန်ကျဲ့ဟာ သောက်တာရပ်လိုက်ပြီဖြစ်ပြီး လူတိုင်းဟာ နားနေပြီ။

နန်ကောနဲ့ ရှန်ရန်ချင်းဟာ ဘာမှလုပ်စရာမရှိတာမို့ လမ်းထွက်လျှောက်ဖို့စီစဥ်လိုက်တယ်။

လမ်းအဆုံးမှာ ရှန်ရန်ချင်းအဖွားရဲ့အိမ်ရှိတယ်။

နန်ကောဟာ အဲ့ဘက်ကို ကြည့်လိုက်ပေမဲ့ ရှန်ရန်ချင်း ရောက်လာတဲ့အခါ သူမဟာ အကြည့်လွှဲလိုက်တယ်။

ရှန်ရန်ချင်း ပြောခဲ့တာကို သူမ မှတ်မိတယ်။သူ့အမေရဲ့အမြင်မှာ သူ့အဖွားဆီကို သွားလည်တာ ဒါမှမဟုတ် သူ့အမျိုးတွေကို ဆက်သွယ်တာဟာ အမှားလို့ ထင်တယ်ဆိုတာကိုပေါ့။

သူမတို့နှစ်ယောက် ပြီးခဲ့တဲ့နှစ်က ဒီမှာတွေ့ခဲ့တဲ့အချိန်တုန်းကလွဲပြီး ရှန်ရန်ချင်းဟာ ဒီကိုထပ်မလာခဲ့ဘူး။

အခုထိ နန်ကောဟာ ရှန်ရန်ချင်းအမေရဲ့လုပ်ရပ်တွေကို နားမလည်နိုင်ဘူး။

စိတ်ရှုပ်ထွေးစရာ။

ဘယ်လိုလုပ် အမေတစ်ယောက်က သူ့ကလေးကို မုန်းနိုင်ရတာလဲ။

သူမ သူ့ကိုမကြိုက်ဘူးဆို ဘာလို့လက်ထပ်ခဲ့လဲ။ဘာလို့ သူ့ကိုမွေးခဲ့လဲ။

နောက်ပြီး အဆိုးဆုံးအရာတစ်ခုကတော့ သူမဟာ သူမရဲ့ကလေးကို သူမရဲ့ဘ၀ထဲကနေ ဖယ်ထုတ်ချင်နေပြီး တစ်ဖက်မှာလည်း ကလေးရဲ့ဘ၀ကိုကျ ထိန်းချုပ်ချင်တယ်။

နန်ကောဟာ ဒီအပြူအမူကို စကားလုံး၅လုံးနဲ့သာ ဖော်ပြနိုင်တယ်။ သူမနဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတယ်...။

******

All Chapters