← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

231 01

Chapter 231 ရှန်ရန်ချင်းနဲ့လမ်းခွဲ။

သွားနေတဲ့လမ်းတစ်လျှောက်လုံး နန်ကောတစ်ယောက် ရှန်ရန်ချင်းရဲ့အမေနဲ့ ဆုံမိမှာကို ကြောက်နေတယ်။

ဒီလမ်းပေါ်မှာ အခုမှနေ့လည်ပဲ ရှိသေးတာ။ဒီတော့ သူမတို့ ဆုံမိနိုင်ခြေက အတော်လေး မြင့်နေတယ်။

အဲဒီလိုသာဆို အခြေအနေဟာ တကယ်ကို့ရို့ကားယားနိုင်လိမ့်မယ်။

ကံကောင်းစွာနဲ့ ရှန်ရန်ချင်းရဲ့အမေဟာ ပေါ်မလာဘူး။ဒါပေမဲ့ ပြန်တဲ့လမ်းမှာတော့ သူမတို့နှစ်ယောက် သူ့၀မ်းကွဲဖြစ်တဲ့ ရှောင်ယွဲ့နဲ့ သွားဆုံတယ်။

ဒါဟာ နန်ကောနဲ့ တစ်ဖက်လူ‌ဆုံတာ ၄ကြိမ်မြောက်ပဲ။

ပထမဆုံးတစ်ကြိမ်ဟာ ရှန်ရန်ချင်းအိမ်မှာ ဖြစ်တယ်။အဲဒီတုန်းက သူမ တစ်ဖက်လူကို သူ့ကောင်မလေးလို့တောင် ထင်ခဲ့တာ။

ဒါပေမဲ့လည်း အထင်လွဲမှုကို ဖြေရှင်းပြီးခဲ့တာတောင်မှ သူ့၀မ်းကွဲနဲ့ ပတ်သက်ပြီး သူမမှာ ထင်မြင်ချက်ကောင်း မရှိဘူး။ဒါပေါ့။သူမ သူမကို မမုန်းပါဘူး။ရှောင်ယွဲ့ဟာ သူမတို့နှစ်ယောက်ကို မြင်တော့ အနည်းငယ် အံ့ဩသွားတယ်။

“ဒီမှာဘာလုပ်နေကြတာလဲ”

ရှန်ရန်ချင်းက စကားမပြောဘူး။သူမရဲ့အဖွားကလည်း ဒီမှာနေတာဖြစ်ကြောင်း နန်ကော ပြောလိုက်တယ်။

ဒါကို ကြားတော့ ရှောင်ယွဲ့ဟာ နည်းနည်းတော့အံ့ဩသွားပေမဲ့ သူမရဲ့အမြင်မှာတော့ ဒါက အဓိက မဟုတ်ဘူး။သူမက မေးတယ်။ “မင်းတို့ စေ့စပ်တော့မယ်လို့ ကြားတယ်။ အမှန်ပဲလား”

သူမ ဒီသတင်းကို ရှန်ရန်ချင်းအမေဆီကနေ သိရတာ။

ဒါပေမဲ့ အစကနေအဆုံးထိ ရှန်ရန်ချင်းဟာ သူ့အမေကို မပြောပြခဲ့သလို အမေဘက်က အမျိုးတွေကိုလည်း မပြောပြခဲ့ဘူး။

ဒါကြောင့် ရှောင်ယွဲ့ဟာ သိပ်‌မသေချာဘူး ဖြစ်နေတာ။

သူမ ရှန်ရန်ချင်းကို သီးသန့်ဆက်သွယ် ခဲ့ပါသေးတယ်။သူ့ပုံမှန်ပုံစံနဲ့ မတူဘဲ သူ့အဖြေတွေဟာ မရေမရာ။

တစ်လပဲ ကျန်တော့တယ်။

ရက်အတိအကျကိုတော့ နန်ကောဟာ သတိထားပြီး မပြောပြလိုက်ဘူး။

ရှောင်ယွဲ့ဟာလည်း ‌မမေးဘဲ သူမတို့ကို အပြုံးနဲ့ ဂုဏ်ပြုစကားဆိုတယ်။

သူမတို့နှစ်ယောက် ခဏလောက် သာမန်ကာလျှံကာ စကားပြောခဲ့ကြပေမဲ့ ရှန်ရန်ချင်းဟာတော့ စကားမပြောဘူး။

ထွက်မသွားခင် ရှောင်ယွဲ့ဟာ ရုတ်တရက် သူ့ကို ကြည့်လာပြီး “နင် အဖွားကို သွားမတွေ့တော့ဘူးလား။ ဒီနှစ် နှစ်သစ်ကူးအတွက် အန်တီ ပြန်မလာဘူး”

ရှန်ရန်ချင်းဟာ သူမကို ကြည့်တယ်။တစ်အောင့်လောက် တိတ်နေပြီးမှ သူက ခေါင်းခါတယ်။

ရှောင်ယွဲ့ဟာ သက်ပြင်း ချတယ်။ “ဒီနှစ် နှစ်သစ်ကူးအတွက် အန်တီက မြို့တော် ရောက်နေတာ ငါကြားတာတော့ သူတစ်ယောက်တည်း ကုမ္ပဏီကိစ္စတွေနဲ့ အလုပ်ရှုပ်နေတယ်ဆိုပဲ နည်းနည်း ခက်ခဲနေတာ။ နင် အချိန်ရရင် သူ့ကို ဖုန်းတစ်ချက် ခေါ်လိုက်ဦး”

ရှန်ရန်ချင်းရဲ့အမေ မြို့တော်မှာ အခြေခိုင်ချင်နေတယ်ဆိုတာဟာ လျှို့ဝှက်ချက်တော့ မဟုတ်ဘူး။

နန်ကောဟာ ဦးငယ်လေးဆီကနေ သိရတာ။ရှန်ရန်ချင်းလည်း သိမယ်လို့ သူမ ထင်တယ်။

လောလောဆယ်တော့ သူမ ဘာမှပြောလို့ မရသေးဘူး။သူမ ရှန်ရန်ချင်းကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်တယ်။သူ့မျက်နှာ အမူအရာဟာတော့ ပုံမှန်ပဲ။သူ မျက်လွှာကို ချလိုက်တဲ့အချိန်မှာလည်း ဘာခံစားချက်မှ ရှိမနေဘူး။

သူဟာ မတုံ့ပြန်သလို ရှောင်ယွဲ့ဟာလည်း သူ့ကို အတင်း မတိုက်တွန်းဘူး။သူမဟာ နန်ကောကို နှုတ်ဆက်စကားဆိုပြီး အရင်ထွက်သွားတယ်။

ပြန်တဲ့လမ်းမှာတော့ နန်ကောဟာ ရှန်ရန်ချင်း တိတ်နေသလိုပဲ သူမလည်း တိတ်နေလိုက်တယ်။

သူမတို့နှစ်ယောက်လုံး အကင်းပါးပါးနဲ့ ရှန်ရန်ချင်းအမေအကြောင်း ထပ်မပြောကြဘူး။

နန်ကောဟာ ဒီအကြောင်းကို မပြောချင်ဘူး။ရှန်ရန်ချင်းဟာလည်း သူ့မား နန်ကောအပေါ် ထင်မြင်ချက်ကောင်း မချန်ထားခဲ့တာကို ကောင်းကောင်းသိတာမို့ သူ ဒီအကြောင်း မပြောချင်ဘူး။

နှစ်သစ်ရဲ့၃ရက်မြောက်နေ့ကို ရောက်တော့ ရှန်ရန်ချင်းဟာ ဟိုက်မြို့ကို ပြန်သွားတယ်။

နန်ကောနဲ့ သူမမိသားစုဟာလည်း သူမရဲ့အမေဘက်က အဖွားအိမ်ကနေ ပြန်လာခဲ့ကြတယ်။

နှစ်သစ်ရဲ့၄ရက်မြောက်နေ့ရောက်တော့ နန်ကောဘ၀ဟာ ပြည့်ပြည့်စုံစုံရှိတယ်လို့ ပြောရမယ်။ဒုတိယအစ်ကိုနဲ့ တတိယအစ်ကိုတို့ သူမမိဘတွေဆီ လာလည်ပြီး ညစာ အတူစားသွားကြတယ်။အငယ်၄ယောက်ဟာ ညရောက်တော့ မာကျောက် ခဏကစားခဲ့ကြသေးတယ်။

သူတို့ ညဘက် မာကျောက်ကစားနေတုန်း မနေ့က သူမဦးလေးဟာ အဖွားကို လာတွေ့ဖို့ နန်မိသားစုဆီ လာသွားကြောင်း ဒုတိယအစ်ကိုဆီကနေ နန်ကော ပြန်ကြားရတယ်။

ဦးလေး သူမကို စာမပို့တာမို့ နန်ကောဟာ နည်းနည်းအံ့ဩသွားတယ်။သူမ မသိစိတ်ကနေ နန်ကျဲ့ကို ကြည့်လိုက်မိတော့ သူ အံ့ဩမနေတာကို တွေ့ရတယ်။သူ သိပြီးသားဖြစ်မယ်။

231 02

ဒါပေမဲ့ မနေ့က နန်ကျဲ့ဟာ အပြင်မသွားဘဲ အိမ်မှာ သူမနဲ့တစ်ချိန်လုံး ဂိမ်းကစားနေခဲ့တာ။အချက်ကျကျ ပြောရရင်တော့ သူ့ဦးငယ်လေး ဒီရောက်နေတယ်ဆိုရင် သူ အိမ်အဟောင်းကို ပြန်သင့်တယ်လေ။

နောက်တစ်နေ့မနက်ရောက်တော့ နန်ကောဟာ ကြာကြာအိပ်ချင်ပေမဲ့ မစ္စနန်ဟာ သူမကို အစောကြီးနှိုးတယ်။

အကြောင်းအရင်းဟာတော့ ဦးငယ်လေး ရောက်နေလို့။

ဒီလိုအခြေအနေဟာ အရင်ကဆို မရှိခဲ့ဘူး။

နန်မိသားစုမှာ ရှိတဲ့လူတိုင်းဟာ အိမ်အဟောင်းမှာ လူစုကြတာမလို့ သူမဦးငယ်‌လေးဟာ နှစ်တိုင်း မလာခဲ့ဘူး။သူ လာရင်လည်း မြို့တော်ကို မပြန်ခင် အိမ်အဟောင်းမှာ တစ်ရက်ပဲ နေတယ်။ဦးငယ်လေး မနေ့ကပြန်သွားပြီလို့ သူမ ထင်ခဲ့တာ။

သူ ဒီကို အထူးတလည်လာတယ်ဆိုတာ သိသာတယ်။

ဒီနှစ် သူမတို့မိသားစုဟာ အိမ်အဟောင်းကို မပြန်ခဲ့ဘူးလေ။မစ္စတာနန်ဟာ ဦးငယ်လေးရဲ့အစ်ကိုကြီး။သူမတို့ အိမ်အဟောင်းကို မပြန်ဘူးဆိုရင် ဦးငယ်လေးဟာ သူမတို့မိသားစုဆီ လာလည်ဖို့အတွက် တစ်ရက် ထပ်နေဖို့ပဲ တတ်နိုင်တယ်။

ညစာစားပြီးတော့ ဦးငယ်လေးဟာ သူမကို ဘေးကို သက်သက်ခေါ်သွားပြီး တိုးတိုးလေး ပြောတယ်။ “အခုတလော ရှန်ရန်ချင်း သူ့အမေအရင်းအကြောင်း မင်းကို ပြောလား”

“ဟင့်အင်း” နန်ကောဟာ ခေါင်းခါပြလိုက်ပြီး ချက်ချင်းတုံ့ပြန်တယ်။ “သူ့အမေ တစ်ခုခုဖြစ်လို့လား”

အဲဒီတုန်းက သူမကို ဦးငယ်လေးပြောပြခဲ့တာကို မမေ့သေးဘူး။

“သူ့အမေ နှစ်သစ်ကို မြို့တော်မှာ နေတယ်လို့ သူ့၀မ်းကွဲဆီကနေ ငါ ကြားထားတယ်။ ကြည့်ရတာ သူ ပြဿနာ တစ်ခုခုကြုံထားပုံပဲ”

“သူ့အမေက အရမ်းရည်မှန်းချက် ကြီးတယ်” ဒီလူအကြောင်းပြောရင်း ဦးငယ်လေးဟာ ဆေးလိပ်မီးညှိကာ အေးစက်စက်နဲ့ ပြောလာတယ်။ “သူက မြို့တော်မှာ သူ့ကိုယ်သူ တည်ထောင်ဖို့လုပ်ပြီး ဈေးကွက်ကို လက်ဝါးကြီး အုပ်‌ဖို့တောင် ဆုံးဖြတ်ချက် ချထားတာ သူ လူတော်တော်များများကို စော်ကားပြီးပြီ။ သူ ရှန်ရန်ချင်းဆီမှာ လာတောင်းဆိုရဖို့ ဘယ်လောက်မှ မလိုတော့ဘူးလို့ ငါပြောရဲတယ်”

ဦးငယ်လေးဟာ သူမကို သတိပေးတယ်။ “ငါတို့ရဲ့ဆက်ဆံရေးကြောင့် ငါ ဒါကိုပြောပြနေတာ နောက်ပိုင်း ရှန်ရန်ချင်း တစ်ခုခုလုပ်ရင် နင် သူ့ကိုနားချပြီး အဲထဲကနေ ဆွဲထုတ်ရမယ်။ သူ ၀င်မပါစေနဲ့ မဟုတ်ရင် နင်တို့ ပြဿနာထဲ ပါသွားလိမ့်မယ်”

နန်ကောဟာ မေးခွန်းတစ်ခုကို မေးလိုက်ရင်း မျက်နှာ တည်သွားတယ်။ “ဦးငယ်လေး နင် ငါ့ကြောင့်နဲ့ သူ့ကို တစ်ခုခုလုပ်လိုက်သေးလား”

“နင် ဘာတွေ တွေးနေတာလဲ”

ဦးငယ်လေးဟာ သူမကိုလှည့်ကြည့်ပြီး သူ့အသံကို လျှော့ပြောတယ်။ “အစက နင့်ကြောင့် ငါ သူ့ကို ဘာနေရာမှ မဖယ်ပေးချင်တာ။ ဒါပေမဲ့ သူ့စားချင်စိတ်က ကြီးလွန်းတယ်။ မြို့တော်ကို သူက ဘယ်လိုနေရာ ထင်နေတာလဲ။ လူတွေက ဘယ်လိုလုပ် ဒီကိတ်မုန့်ကို သူ့တစ်ယောက်တည်း စားခွင့်ပေးမှာလဲ”

“သူ့ကို လူတွေ အများကြီး စောင့်ကြည့်နေတာ ကြာပြီ”

“ဒါဆို ရှန်ရန်ချင်း ကူညီလည်း အသုံးမ၀င်တာလား

“အသိုင်းအဝိုင်းကွာတယ်” ဦးငယ်လေးဟာ ဒီထက်ပိုပြီး အတွင်းကျကျ မပြောပြချင်ဘူး။သူမဘက်က သိချင်နေတာကို မြင်ရတော့လည်း သူ့မှာ ရွေးချယ်စရာမရှိဘဲ ပြောပြရတော့တယ်။ “မြို့တော်မှာရှိတဲ့ အသိုင်းအဝိုင်းရဲ့ လက်ရှိအခြေအနေက အဖွဲ့၃ဖွဲ့ ခွဲထားတယ်”

“နင်လည်း ငါ့တတိယအစ်ကိုကို သိတာပဲ။ ဟိုတစ်ခေါက်က နင့်ကို ရှန်ရန်ချင်းဆီ လမ်းကြုံ လိုက်ပို့ပေးတဲ့လူလေ။ ငါတို့မိသားစုတွေက အာဏာ၃ခုထဲက တစ်ခု။ ရှန်ရန်ချင်းအမေအရင်းက ငါတို့တွေနဲ့ လာရောပြီး တတိယအစ်ကိုကို တရား၀င် ပြဿနာတက်အောင် တိတ်တိတ်လေး ကြိုးစားနေတာ”

“အခု ရှန်ရန်ချင်းအမေအရင်း အဆင်ပြေ နေသေးတယ်ဆိုတာ တတိယအစ်ကိုနဲ့ငါ ရှန်ရန်ချင်းမျက်နှာကို ထောက်ပေးထားလို့”

“အခု မြို့တော်မှာရှိတဲ့ အခြား၂ဖွဲ့က ထောင်ချောက်ဆင်ဖို့ အခွင့်အရေး ယူနေပြီ။ သူတို့က ရှန်ရန်ချင်း ခုန်၀င်လာဖို့ကို စောင့်နေကြတာ”

“အဲဒါကြောင့် ငါ ဒီနေ့ နင့်ကိုလာရှာတာ သူ့ကို တားဖို့ မှတ်ထားပါ”

“ငါ သူ့ကို တားလို့ရမှာလား” ဒါတွေကို ကြားရပြီးတဲ့နောက်မှာ နန်ကောဟာ ခံစားချက်တွေ ရောထွေးနေတယ်။

ခြေလှမ်းပေါင်းများစွာ ပြန်ဆုတ်လိုက်ရင် သူမဟာ ရှန်ရန်ချင်းရဲ့အမေအရင်း ဖြစ်သူ။

231 03

ရှန်ရန်ချင်းရဲ့အကျင့်အရဆို သူ့အမေ သူ့ကို အပြစ်စိတ် ၀င်အောင် တစ်ခုခု လုပ်လိုက်တာနဲ့ သူ အလွယ်တကူ ပျော့သွားမှာပဲ။

ဦးငယ်လေးဟာ တွေးမနေဘဲ ပြောလာတယ်။ “ဒါဆိုလည်း နင် ဘာလို့ ရှန်ရန်ချင်းနဲ့ လမ်းမခွဲလိုက်တာလဲ”

နန်ကော “.....”

သူမ သူ့ကို စိုက်ကြည့် လိုက်တယ်။

“ဘာလို့ ငါ့ကို စိုက်ကြည့်နေတုန်း” ဦးငယ်လေးခမျာ ကူကယ်ရာမဲ့စွာနဲ့ ဖြစ်သွားရတယ်။ “နင်တို့ စေ့စပ်ထားရုံပဲရှိသေးပြီး လက်မှ မထပ်ရသေးတာ။ သူသာ တကယ်ဦးနှောက်မရှိဘဲ ဒီပြဿနာထဲ ၀င်ပါဖို့လုပ်ရင် ဒီလိုဆိုရင်တော့ နင်တို့ တကယ် စောစော လမ်းခွဲထားလိုက်သင့်တယ်”

“နန်ကော ငါ နင့်ကို ဒါတွေပြောနေတယ်ဆိုတာ ငါ နင့်ထက်အကြီးမို့”

“မြို့တော်က ဟိုလူတွေ ရှန်ရန်ချင်းနဲ့ဆိုင်ဖို့ အခွင့်အရေး ရှာနေကြတာ။ တစ်ဖက်တည်းဆို ရှန်ရန်ချင်း အဆင်ပြေလိမ့်မယ်။ ဒါပေမဲ့ သူတို့ အင်အားပေါင်းလိုက်ရင် ငါလည်း တတ်နိုင်တာ ဘာမှမရှိဘူး”

“ဒီတော့ သူ သူ့‌အမေအရင်းကို ကူညီဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် သူနဲ့လမ်းခွဲလိုက်။ နန်မိသားစုကိုပါ နင်နဲ့အတူ ဆွဲမချနဲ့။ ဒါက ကွင်းဆက်တုံ့ပြန်မှုပဲ။ အချိန်ကျလို့ရှိရင် နင့်အစ်ကိုလည်း အချိန်ကောင်းတွေ ရမှာမဟုတ်ဘူး...”

******

All Chapters