← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

233 01

Chapter 233 အတွဲကို ခွဲခြင်း။

ရှန်ရန်ချင်းရဲ့ကောင်မလေးတစ်ယောက်အနေနဲ့ ဒီကိစ္စမှာ ၀င်ပါလို့လည်း သူမ ဘာမှရမှာ မဟုတ်ဘူး။

တကယ်လို့ ရှန်ရန်ချင်းသာ သူမရဲ့အကြံပေးချက်ကို နားမထောင်နိုင်လောက်အောင်အထိ ရူးမိုက်ပြီး နှစ်ယောက်သားမှာ ကွဲပြားတဲ့အမြင်တွေ ရှိလာပြီဆိုရင် နန်ကောကသာ ‌ကျိန်းသေပေါက် ခံစားရမဲ့သူပဲ။

သူမရဲ့အစ်ကိုတစ်ယောက်အနေနဲ့ကတော့ သူ အရင်ဆုံး ပိုစုံစမ်းကြည့်ရဦးမယ်။

ရှန်ရန်ချင်းမှာ သူ့အမေကို ကူညီဖို့ ရည်ရွယ်ချက် တကယ်ရှိနေတယ်ဆိုရင် သူ အခု သူ့ကို နားချရမယ်။နားချလို့မရရင်တော့ သူ ရှန်ရန်ချင်းနဲ့ တန်ပြန်သက်ရောက် လာနိုင်မှုတွေကို ဆွေးနွေးရလိမ့်မယ်။အတိုချုံ့ပြောရရင်တော့ သူ နန်ကောကို ၀င်ပါခွင့် မပေးနိုင်ဘူး။ဒီကိစ္စဟာ သူတို့ဆက်ဆံရေးကို အရမ်းထိခိုက် သွားလိမ့်မယ်။

အတိုထပ်ချုံ့ပြောရရင်တော့ ဦးငယ်လေးရဲ့အကြံပေးချက်ဟာ မသင့်တော်ဘူး။

သူတို့တွေ ဘယ်လိုလုပ် ဒီတိုင်းလေး အဲဒီလို လမ်းခွဲလို့ရမှာလဲ။

နန်ကျဲ့ ဒီလိုတွေးတယ်‌ဆိုတာကို နန်ကောဟာ မသိဘူး။သူမဟာ သူမရဲ့အခန်းကို နန်ကျဲ့ဆီကနေ အမြန်ပြန်ခေါ် သွားခံလိုက်ရတယ်။ထွက်မသွားခင် နန်ကျဲ့ဟာ စိတ်ပူနေတုန်းဖြစ်ပြီး သူမဖုန်းကို ယာယီ သိမ်းသွားခဲ့တယ်။

တကယ်တော့ ဒါလေးနဲ့ နန်ကောကို တားလို့မရဘူး။နန်ကျဲ့လည်း သိတယ်။ဒါကြောင့် သူဟာ ပြင်းပြင်းထန်ထန် ထပ်ဖြည့်‌လိုက်တယ်။

“နင် ငါ့ကို အစ်ကိုတစ်ယောက်လို့ သတ်မှတ်သေးရင် ငါ့စကား နားထောင်”

“.....” ဒီစကားတွေဟာ နန်ကောရဲ့အကြံကို လုံး၀ဖယ်ရှား ပစ်သွားတယ်။

နန်ကျဲ့ဟာလည်း သူ့အခန်းသူ ပြန်သွားပြီး ဖုန်းထဲမှာ ဖုန်းနံပါတ်တစ်ခု ရိုက်ထည့်လိုက်တယ်။

တစ်ဖက်မှာတော့ သူတို့ရဲ့ဦးငယ်လေးဟာ လေယာဉ်ပေါ်မှာပဲ ရှိသေးပြီး နာရီ၀က်အတွင်း ဆင်းရဖို့ကို မျှော်လင့်နေတယ်။

နန်ကျဲ့ဆီက ဖုန်း၀င်လာတော့ ဦးငယ်လေးမှာ အတွေးတချို့ ၀င်လာပြီး အကြောင်းအရင်းကို သိလိုက်တယ်။

ထင်ထားတဲ့အတိုင်း ဖုန်းဟာ ၀င်သွားတယ်။သူ ဟယ်လိုလို့တောင် မပြောနိုင်သေးခင်မှာဘဲ နန်ကျဲ့ဟာ ကျောသားရင်သား ခွဲခြားခြင်းမရှိ သူ့ကို တိုက်ခိုက် လာတော့တယ်။

ဦးငယ်လေးခမျာ စကားတစ်လုံးမှ မပြောနိုင်ရှာဘူး။

ဒီရှုထောင့်ကနေဆို သူဟာ တကယ်ကို နည်းနည်းလေး တစ်ဆင့် နောက်ကျနေတယ်။သူ့မှာ သူ့ကံကြမ္မာကိုသာ လက်ခံပြီး ပွစိပွစိဆူပူမှုကို လက်ခံဖို့သာ တတ်နိုင်တော့တယ်။

နောက်ဆုံး နည်းနည်းလေး ခြားသွားတော့မှ သူဟာ အလျင်အမြန် ဝင်ရှင်းပြရတယ်။ “ငါလည်း အစက အများကြီး မပြောပြချင်ပါဘူး။ ငါ သူ့ကို သတိပေးချင်ရုံ သက်သက်ပဲ”

ဒါပေမဲ့လည်း သူ မှားတယ်ဆိုတာ သူ ၀န်ခံပါတယ်။

သူ့လျှာသူ မထိန်းနိုင်ခဲ့တာမို့ သူ အဆူခံရဖို့ သင့်ပါတယ်။

“ဒါပေမဲ့ မင်း အခု ငါ့ကို ဆူနေလည်း အလကားပဲ။ ငါ အရှေ့ကနေ ၀င်ပြီး ရှန်ရန်ချင်းကို ကူညီပေးလို့ မရဘူး”

သူနဲ့တတိယအစ်ကိုဟာ ရှန်ရန်ချင်းကို မျက်နှာသာ ပေးထားပြီးပြီ။

အခြား၂ဖွဲ့က အင်အားပေါင်းစည်းမယ်ဆိုတဲ့ အချက်ကို ဖယ်ထားရင်တောင် ရှန်ရန်ချင်းအမေသာ တကယ် သူ့အ‌ပေါ် အခွင့်အရေးယူမယ်ဆို တတိယအစ်ကိုဟာလည်း နောက်ပိုင်းမှာ ကျိန်းသေပေါက် တစ်ခုခုလုပ်လိမ့်မယ်။

တစ်ဖက်မှာက သူ ငယ်ငယ်လေးကတည်းက သိကျွမ်းခဲ့တဲ့သူငယ်ချင်း တစ်ဖက်မှာ ကျပြန်တော့လည်း သူ့တူလောင်း။

သူ ကြားနေအနေနဲ့ပဲ နေလို့ရလိမ့်မယ်။

အစကတည်းက သူ လုပ်နိုင်သမျှ အားလုံးလုပ်ခဲ့ပြီးပြီ။အခု သူ့မှာ တကယ်ရွေးချယ်စရာ မရှိတော့ဘူး။မဟုတ်ရင် သူ နန်ကောကို ဒီအကြောင်း ပြောခဲ့မှာ မဟုတ်ဘူး။

အခု သူ လက်မှတ်တွေကို ရထားပြီးပြီဆိုမှတော့ ရှိုးပွဲကို ကြည့်ရတော့မှာပေါ့။

ဒါကြောင့် ရှန်ရန်ချင်းအမေဆိုတာကို ဖယ်ထားရင် သူတို့အားလုံးအတွက် အကျိုးရှိတဲ့ တစ်ခုတည်းသော ဖြေရှင်းနည်းဟာ ရှန်ရန်ချင်းတစ်ယောက် မမေးမြန်းဖို့ ဒါမှမဟုတ် ၀င်မပါဖို့ဘဲ။

ဒီလိုမှ လူတိုင်း ပျော်ရွှင်နိုင်လိမ့်မယ်။

အကုန် ရှန်ရန်ချင်းရဲ့ဆန္ဒအ‌ပေါ်မှာပဲ မူတည်နေတယ်။

နန်ကျဲ့ဟာ သူ့ဦးငယ်လေးရဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေကို အလေးအနက်‌ နားထောင်နေခဲ့တယ်။တကယ်တော့ ဦးငယ်လေး နန်ကောကို အတွင်းကျကျ မပြောပြခဲ့တဲ့ တချို့အရာတွေ ရှိသေးတယ်။ဒါပေမဲ့ နန်ကျဲ့နဲ့ကျ ဦးငယ်လေးဟာ သိပ်ပြီး စဉ်းစားနေစရာမလိုဘဲ အကုန်လုံးကို တည့်တိုး ပြောပြတယ်။

“ကောင်းပြီ။ လိုတာဆိုလို့ ရှန်ရန်ချင်း‌ဆီက စကားတစ်ခွန်းပဲ။ ဒါပေမဲ့ အခု သူ သူ့အမေအရင်းနဲ့ ပတ်သက်ပြီး တစ်ခုခု ခံစားနေရလားဆိုတာ ဘယ်သူမှ မသိဘူး”

233 02

အစကတော့ သူတို့လည်း ရှန်ရန်ချင်းရဲ့အမေဟာ သူ့အ‌ပေါ် ကောင်းကောင်း မဆက်ဆံကြောင်းကို သိခဲ့ရတယ်။

ယုတ္တိကျကျပြောရရင် တခြားလူသာဆို သူတို့ သေချာပေါက် မကူညီဘူး။

ဘာပဲဖြစ်ဖြစ် သူမဟာ အစကတည်းက သူ့ကို သူမရဲ့သားအနေနဲ့ လိုချင်တာမှ မဟုတ်တာ။

ဒါပေမဲ့ သူတို့ အမြန်ပဲ နောက်ပြဿနာတစ်ခုကို သိလိုက်ရတယ်။ရှန်ရန်ချင်းဟာ သွေးအေးတဲ့လူ မဟုတ်ဘူး။

သူ အပြင်လူတွေကို ၁၀၀ရာခိုင်နှုန်း ကောင်းတယ်ဆိုပေမဲ့ ကြင်နာမှုအချို့ကိုတော့ သူ ကျိန်းသေပေါက် ထိန်းထားမှာပဲ။လူတိုင်း သိကြသလို ဒါဟာ စီးပွားရေးလောကမှာ လျှို့ဝှက်ချက်လည်း မဟုတ်ဘူး။

ဒါကြောင့် သူ့အမေအရင်းနဲ့ ရင်ဆိုင်တဲ့အခါကျ သူ ရက်စက်နိုင်ပါ့မလားဆိုတာကို မသိရဘူး ဖြစ်နေတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး မင်း ဘာလုပ်ချင်လဲ” ဦးငယ်လေးက မေးတယ်။

နန်ကျဲ့ဟာ စဉ်းစားတွေးတော တတ်တဲ့လူ ဖြစ်တယ်။သူ သူ့ကို ဆူဖို့လောက်နဲ့တော့ ဖုန်းခေါ်မှာ မဟုတ်ဘူး။

“နန်ကောကို ဘာမှမသိတဲ့ပုံ နေခိုင်းလိုက်။ ငါ ရှန်ရန်ချင်းနဲ့ စကားပြောပြီး မင်း ငါ့ကို အကုန် ပြောပြပြီးကြောင်းကို ပြောလိုက်မယ်”

“အေး ဟမ်”

နန်ကျဲ့ဟာ စိတ်ထဲမှာ အဖြေရှိပြီးသား။ “သူ တကယ်ကူညီချင်တယ်ဆို ငါလည်း ဘာမှပြောစရာ မရှိဘူး။ သူက သူ့အမေအရင်း သူ ကူဖို့ မကူဖို့ကို ငါတို့လို အပြင်လူတွေ မှတ်ချက်ပေးလို့ မကောင်းဘူး။ သူကိုယ်တိုင်ပဲ မှန်လားမှားလား ပြောနိုင်မှာ။ သူ့မှာ ရှင်းလင်းတဲ့ အသိတရား ရှိနေသရွေ့ အဆင်ပြေတယ်”

“အကျိးဆက်တွေ အတွက်ကတော့ ရှန်နဲ့နန်မိသားစုက တစ်စုတစ်စည်းတည်းတွေ။ ဒီတော့ ငါတို့အတူ အကျိုးဆက်တွေကို ရင်ဆိုင်လို့ရတယ်”

သူ့ပြောစကားအရဆို နန်မိသားစုရဲ့အနာဂတ်နဲ့ သက်ဆိုင်နေရင်တောင်မှ နန်ကောနဲ့ ရှန်ရန်ချင်းကို ခွဲဖို့ သူ ဆန္ဒမရှိဘူးဆိုတဲ့ သဘောဘဲ။

ဦးငယ်လေးဟာ ခဏလောက် တုံ့ဆိုင်းသွားပြီး မေးတယ်။ “တကယ်တော့ မင်း နန်ကောကို လမ်းခွဲခိုင်းတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ရှန်ရန်ချင်းကို အရင်စလမ်းခွဲခိုင်းတာပဲ ဖြစ်ဖြစ် သူတို့နှစ်ယောက် အချင်းချင်း တွယ်ကပ် မနေလောက်ဘူး”

တစ်ယောက်ဟာ နန်ကောကို ဆွဲချမိမှာ စိုးရိမ်ပြီး ကျန်တစ်ယောက်ဟာ နန်မိသားစုကို ဆွဲမချချင်ဘူး။

“ငါ အတွဲတွေကို မခွဲချင်ပါဘူး” နန်ကျဲ့လေသံဟာ ရွဲ့သံ ပါနေတယ်။ “နောက်ပြီး လမ်းခွဲတာက ပြဿနာကို ဖြေရှင်းဖို့ အမြန်ဆုံးနည်းလမ်းလို့ ထင်ရပေမဲ့ သူတို့ အတူတူရှိနေရင်တောင်မှ လူတွေ ထင်သလောက် မခက်ခဲပါဘူး”

“ဟွားရှန်အဖွဲ့အစည်းကို အကြီးအကျယ် ထိသွားရင်တောင် ရှန်ရန်ချင်းအနောက်မှာ ရှန်မိသားစု ရှိသေးတယ်။ အဆုံးကျရင် သူ့အဖေ သူ့ကိုအကုန်ပေးရမှာပဲ မဟုတ်ဘူးလား။ ပြီးတော့ နန်မိသားစုရဲ့စီးပွားရေးကလည်း ချမ်းသာ ကြွယ်၀လာတာ နှစ်တွေကြာပြီ။ စက္ကူအပိုင်းအစကနေ ဖြစ်လာတာမျိုး မဟုတ်ဘူး။ အလွန်ဆုံးမှ ဒီကိစ္စပြီးရင် ငါတို့၀င်ငွေတွေ နှစ်အနည်းငယ်လောက် ပြတ်သွားမှာပဲ ရှိမယ်”

“အများဆုံးမှ ၂နှစ်လောက်ပါပဲ။ ငါ သူတို့ကို အခွင့်အရေးတွေ အများကြီးပေးမှာ မဟုတ်ဘူး”

နန်ကျဲ့မှာ ဒီယုံကြည်ချက်ကတော့ ရှိသေးတယ်။

အလွန်ဆုံးမှ နှစ်အနည်းငယ်လောက် ဘ၀ခက်ခဲပြီး သူ ပိုအလုပ်များလာတာပဲ ရှိမယ်။အခြား ဘာဖြစ်နိုင်သေးလို့လဲ။

နန်မိသားစုဟာ သူ့လက်ထဲမှာ အဆုံးသတ်မှာ မဟုတ်ဘူး။

သူတို့ ဘာတွေ စဉ်းစားနေကြတာလဲ။

“ကျစ် ကျစ် ကျစ်… မင်း မှန်တယ်။ မင်းဆိုတဲ့အတိုင်းပဲ” ဦးငယ်လေးဟာ ပြုံးမိတယ်။သူ နန်ကျဲ့ရဲ့စကားတွေကို မငြင်းဆန်ပါဘူး။ဒါပေမဲ့ သူ အစက ပြောတဲ့စကားတွေကိုတော့ နည်းနည်း သံသယ၀င်မိတယ်။ “မင်း အရင်က သူတို့ တွဲတဲ့ကိစ္စကို ခဏခဏ ၀င်ပါဖူးပါတယ်။ အခုမှ ဘာလို့ လူကောင်းဟန် ဆောင်နေရတာလဲ”

နန်ကျဲ့ဟာ သူ့စကားနောက် လိုက်ပြီး စတယ်။ “ရွေးစရာ မရှိဘူးလေ။ ငါ အခု အပြုသဘောဆောင်‌ ဇာတ်ကောင်‌လေး ဖြစ်သွားပြီ”

သူတို့နှစ်ယောက် အချင်းချင်း လှောင်ကြပြောင်ကြ ပြန်တယ်။

233 03

ဦးငယ်လေးဟာ ရုတ်တရက် လူကြီးအသွင် ပြန်ယူလိုက်ပြီး လေးလေးနက်နက် ပြောလာတယ်။ “မင်း ဒီကိစ္စ သေချာပြီလား”

“အင်း ငါ မကူနိုင်ဘူးဆိုရင်တောင် သူတို့နှစ်ယောက်ကို ဒီကိစ္စလေးနဲ့ ကွဲသွားအောင် လုပ်လို့မရဘူး။ သူတို့ဆက်ဆံရေး မှေးမှိန်သွားတာကို ငါ လက်ခံနိုင်တယ်။ ဒါပေမဲ့ ဒီအကြောင်းကိစ္စကြောင့်နဲ့တော့ ငါ လက်မခံနိုင်ဘူး”

“ဖြစ်ခဲ့တာတွေ အားလုံးကို ဖယ်လိုက်ရင်တောင် နန်မိသားစုက နန်ကောကို အကြွေးတင်နေတယ်။ ငါတို့ ၂နှစ်လောက် ပိုက်ဆံတွေကို ဆုံးရှုံးရမယ်ဆိုရင်တောင်မှ သူက ထိုက်တန်တယ်”

“ပြီးတော့ ငါ ငါ့ကိုယ်ငါ ယုံကြည်ချက် ရှိတယ်။ ၂နှစ်လို့ ပြောတုန်းက ငါ အတော်လေး ကြားခံ ထည့်ပြောထားတာ။ ငါ ဒါကို နှစ်တစ်၀က်ကနေ တစ်နှစ်အထိပဲ မျှော်လင့်ထားတယ်” နန်ကျဲ့ဟာ အမြဲတမ်းလိုပဲ မောက်မာသထက် မောက်မာနေတုန်း။

ဦးငယ်လေးဟာ အထပ်ထပ်အခါခါ တုံ့ပြန်ပြီး “အေး အေး အေးပါ။ မင်းတို့မောင်နှမ လုပ်ချင်တာ လုပ်ကြ။ အနာဂတ်မှာ နန်ကော မြို့တော်ကို လာရင် ငါ သူ့ကို ကာကွယ်ပေးလို့ရတယ်။ မင်းကတော့...မင်းက ငါ မတတ်နိုင်ဘူး”

တစ်နည်းအားဖြင့် ဒီကိစ္စပြီးလို့ နန်မိသားစု ထိခိုက်သွားရင် သူ့ဦးငယ်လေးဟာ ကူညီဖို့တတ်နိုင်မှာ မဟုတ်ဘူး။နန်ကျဲ့ သူ့အားသူ ကိုးရလိမ့်မယ်။

ဒါပေမဲ့ သူ တတ်နိုင်ရင်တော့ နန်ကောကိုတော့ ကာကွယ်ပေးလိမ့်မယ်။

လေယာဉ် ဆိုက်တော့မှာမလို့ ဦးငယ်လေးဟာ ဖုန်း အရင်ချသွားတယ်။

နန်ကျဲ့ဟာ စဉ်းစားပြီးပြီဖြစ်တာမို့ တုံ့ဆိုင်းမနေဘဲ ရှန်ရန်ချင်းကို ဖုန်းခေါ်တယ်။

ရှန်ရန်ချင်းဟာ ပထမခေါ်ဆိုမှုကို မကိုင်ဘူး။ဒုတိယခေါ်ဆိုမှုဟာလည်း အကြာကြီးနေပြီးမှ အကိုင်ခံရတယ်။

ဖုန်းရဲ့တစ်ဖက်မှာ အနောက်က အသံတွေ ဆူညံနေပေမဲ့ အမြန်တိတ်ကျသွားတယ်။

ရှန်ရန်ချင်းဟာ နေရာရွှေ့လိုက်တာ။နန်ကျဲ့ဟာ အဓိကအကြောင်းအရာကိုပဲ တည့်ပြောလိုက်တယ်။ “ငါ ကိစ္စတစ်ခုအတွက် ဖုန်းခေါ်တာ”

“မင်းအမေအရင်း မြို့တော်မှာ ဘာတွေ လုပ်ခဲ့လဲဆိုတာ ငါ့ထက် မင်းက အရင်သိနေမှာပါ။ သူ့အရှုပ်တွေကို မင်း ရှင်းပေးဖို့ သူ စောင့်နေတယ်ဆိုတာလည်း သိသာတယ်။ ဒီတော့ မင်း ဘာလုပ်မှာလဲ။ ငါ့ကို တိကျတဲ့အဖြေပေး...”

******

All Chapters