← Chapters

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း ၂၃၅

Vol. 24 Ch. 235

235 01

Chapter 235 စေ့စပ်ပွဲ။

အဲဒီနေ့က သူ့ပါးနဲ့စ ကားပြောပြီးကတည်းက ရှန်ရန်ချင်းဟာ အမည်မသိရတဲ့ နံပါတ်တွေဆီကနေ အနှောင့်ယှက် ခံနေရတုန်းပဲ။

သူ သူ့မားရဲ့နံပါတ်ကို ဘလော့ထားပြီးပြီ။ဒါကြောင့် တစ်ဖက်လူဟာ အခြားလူဖုန်းသုံးပြီးသာ သူ့ကို ခေါ်ဖို့ တတ်နိုင်တယ်။

ရှန်ရန်ချင်းဟာ ခြွင်းချက်မရှိ အဲဒါတွေကို လစ်လျူရှုထားတယ်။

ဒီအခြေအနေဟာ ၄၊၅ရက်လောက်အထိ ဆက်ဖြစ်နေခဲ့ပြီး နောက်တော့ လုံး၀ရပ်တန့် သွားတယ်။

အဲဒီနေ့က ရှန်ရန်ချင်းဟာ ကျန်းမြို့က နန်မိသားစုအိမ်ကို ရောက်နေပြီး သူ့ဖုန်းဟာ တစ်နေ့လုံး မြည်မလာဘူး။

နောက်တစ်နေ့ ရောက်တော့ သူကျန်းမြို့ကို ထွက်သွားပြီး သိပ်မကြာဘဲ သူ့ပါးဟာ လေဆိပ်ကို တစ်ယောက်တည်း ထွက်သွားကြောင်းကို အိမ်တော်ထိန်းဆီက ပြန်ကြားရတယ်။သူ့ပန်းတိုင်ဟာ မြို့တော် ဖြစ်တယ်။

သူ သွားတွေ့တဲ့ လူနဲ့ ဘာလို့သွားတွေ့လဲဆိုတာကို ရှန်ရန်ချင်း ကောင်းကောင်းသိတယ်။

သူ့ပါးဟာ မြို့တော်မှာ အကြာကြီး မနေခဲ့ဘူး။တစ်ရက်ပဲ ကြာပြီး ပြန်ရောက်လာခဲ့တယ်။

အဲဒီနောက် သူ့မားဟာ သူ့ကို ထပ်ပြီး ဆက်သွယ် မလာတော့ဘူး။

အဖေနဲ့သားဟာ လိမ္မာပါးနပ်မှုရှိပြီး အဲဒီနောက်ပိုင်း ဒီအကြောင်းကို မပြောဘဲ နေကြတယ်။

နန်ကောဟာ ဒီကိစ္စရဲ့နောက်ဆက်တွဲကို ရှန်ရန်ချင်းဆီကနေ မသိရဘူး။သူမ မြို့တော်မှာနေတဲ့ သူမရဲ့ဦးငယ်လေးကိုပဲ တိတ်တိတ်လေး မေးကြည့်လိုက်တော့တယ်။

ကျောင်းပြန်ဖွင့်တာ ၂ရက်ပဲ ရှိသေးတယ်။သူမအဆောင်မှာနေပြီး ဦးငယ်လေးနဲ့ ပေါ့ပေါ့ပါးပါးပဲ စကားပြောနေခဲ့တယ်။အဆုံးမှာတော့ သူမဟာ ရှန်ရန်ချင်းအမေအကြောင်းကို ဒီတိုင်း မေးကြည့်လိုက်တယ်။

သူမရဲ့ဦးငယ်လေးဟာတော့ အစကတည်းက သူမရဲ့ရည်ရွယ်ချက်ကို သိထားပြီးပုံ ရတယ်။သူဟာ ဝေ့ပတ်မနေဘဲ တည့်တိုး ပြောတယ်။ “ရှန်ရန်ချင်း မကူရင် သူ့အမေအရင်းက ကျရှုံးဖို့ဖြစ်မှာလေ။ ဒီတော့ ရလဒ်က အတူတူပဲ။ သူ ‌သူ့ခြေထောက်ကြားက အမြှီးနဲ့အတူ မြို့တော်ကနေ ထွက်ပြီး သူ လာတဲ့နေရာဆီ ပြန်သွားရတာပဲ”

ပထမဆုံးအကြိမ် မြို့တော်ကို ရောက်လာတုန်းက ဂုဏ်သရေ ထက်စာရင် ရှန်ရန်ချင်းအမေဟာ ပိုင်ဆိုင်မှုအရ လုံးလုံးပိန်လှီ ခြောက်ကပ်စွာနဲ့ ပြန်သွားရတယ်လို့ ပြောရမယ်။သူမကုမ္ပဏီဟာ အခု နိုင်ငံထဲမှာ မနည်း ရုန်းကန် နေရတယ်။လာမဲ့၅နှစ်၊၁၀နှစ်အတွင်း သူမ ဖြေရှင်းနည်းရှာတွေ့ဖို့ မဖြစ်နိုင်တော့ဘူး။

အနာဂတ်မှာ သူမ မြောက်ပိုင်းဈေးကွက်ထဲမှာ ရှင်သန်ချင်တယ်ဆိုရင်တောင် မြို့တော်က လူတွေရဲ့ခွင့်ပြုချက်ကို လိုသေးတယ်။အဲဒီလူတွေသာ မပေးဘူးဆိုရင် သူမမှာ အခွင့်အရေးရှိမှာ မဟုတ်ဘူး။

တောင်ပိုင်းကတော့...ထည့်ပြောဖို့တောင် လိုမနေဘူး။

ရှန်ရန်ချင်းအမေရဲ့ကုမ္ပဏီမှာ သူမ ကွာရှင်းတုန်းက ရှန်ကော်ပိုရေးရှင်းကနေ ခေါ်သွားတဲ့အသင်း ပါတယ်။စစချင်းနှစ်တွေမှာဆို သူမဟာ သူတို့ဆီက အော်ဒါတွေနဲ့ ဖောက်သည်အရေအတွက် အများကြီးကိုတောင် ကြားက ဖြတ်ခုတ်သွားသေးတယ်။နှစ်ဖက်လုံးဟာ ပြိုင်ဘက်တွေ။

အစကတော့ မစ္စတာရှန်ဟာ စိတ်ရှည်သည်းခံပြီး သူ့ရဲ့ဇနီးဟောင်းနဲ့ ရန်မဖြစ်ချင်ခဲ့ဘူး။နောက်ကျတော့ ရှန်ရန်ချင်းအမေဟာ ပိုပိုဆိုးလာတာမို့ ရှန်မိသားစုဟာ ဈေးကွက်ကို လက်ဝါးကြီး အုပ်လိုက်တော့တယ်။

အဲဒီအချိန်တုန်းက ဟိုက်မြစ်ဘေးက ကုမ္ပဏီတွေအားလုံး ဒီအကြောင်းကို သိကြတယ်။

ဒါဟာ သိပ်မကြာခင်က ရှန်ရန်ချင်းအမေ ပြန်လာရတဲ့ အကြောင်းအရင်းဆိုလည်း ဟုတ်တယ်။သူမဟာ မြို့တော်ကို ချက်ချင်း မျက်စိကျသွားပြီး သူမနဲ့ရင်းနှီးတဲ့ ဟိုက်မြစ်ဘေးက ဧရိယာတစ်ဝိုက်ကို မကြည့်တော့ဘူး။ဒါက ဘာလို့လဲဆိုတော့ အနားတစ်၀ိုက်မှာ ရှန်မိသားစု ရှိနေရင် ဘယ်သူမှ သူမအတွက်နဲ့ သူတို့ကို သွားဆွကြမှာ မဟုတ်ဘူးဆိုတာကို သူမ ကောင်းကောင်း သိနေလို့။

အဲဒီအချိန်တုန်းက သူမရဲ့ငွေလမ်းကြောင်းကို ရှန်ကော်ပိုရေးရှင်းက မဖြတ်ချလိုက်ဘူး ဆိုရင်တောင်မှ လူတိုင်းဟာ သူမနဲ့ ရှန်အဖွဲ့အစည်းရဲ့ အရင်ဆက်ဆံရေးကို သိကြပြီး သူမနဲ့ ကမူးရှူးထိုး လက်တွဲရဲမှာ မဟုတ်ဘူး။

ဒီလိုငွေပမာဏနည်းနည်းလေးနဲ့ ရှန်ကော်ပိုရေးရှင်းကို သွားစိန်ခေါ်ဖို့ မတန်ဘူး။လူတိုင်းဟာ ပိုက်ဆံကို ရေတိုထက်ကြာရင် ရေရှည်လုပ်နိုင်တာ ပိုကောင်းမှန်းကို သိကြတယ်။

235 02

ဒါပေမဲ့ ရှန်ရန်ချင်းရဲ့အမေဟာ စာနာစိတ်နဲ့ မထိုက်တန်ဘူး။သူမဟာ လူတိုင်းဆီကနေ အကျွေး ခံရသင့်တယ်။

အခု သူမအတွက် ရှင်သန်နိုင်မဲ့ တစ်ခု‌တည်းသော လမ်းဟာ နိုင်ငံခြားပဲ ရှိတော့တယ်။

နောက်ရက်ထဲ ရှန်ရန်ချင်းအမေ နိုင်ငံခြားကို ပြန်တော့မယ်ဆိုတာကို သိရတော့ နန်ကောဟာ ‌နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားတယ်။

မတ်လထဲမှာ နန်ကောတစ်ယောက် တစ်ရက်ပြီးတစ်ရက် ခွင့်ယူနေရတော့တယ်။

စေ့စပ်ပွဲပါတီအပါအ၀င် အသေးအဖွဲ့ ကိစ္စလေးတွေကို မိသားစုနှစ်စုဟာ စီစဉ်ကြတယ်။ရှန်ရန်ချင်းဟာ ၀တ်စုံနဲ့လက်၀တ်ရတနာကို သူ့ဟာသူ တာ၀န်ယူတယ်။

အများဆုံးမှ သူမဟာ အ၀တ်တွေ စမ်း၀တ်ကြည့်ရုံပဲ။

ဂါ၀န်တွေ အားလုံးဟာ ချုပ်ထားတာတွေဖြစ်ပြီး ကောင်းကောင်း ဖန်တီးထားတယ်။၃၊၄ထည်လောက် စမ်း၀တ်ကြည့်ပြီးတော့ နန်ကောဟာ နည်းနည်း မောနေပြီ။နောက်ဆုံးကျန်တဲ့ အထည်လေးတွေကို သူမ ဒီတိုင်းပဲ အမြန်တစ်ချက် ကြည့်လိုက်တယ်။

ရှန်ရန်ချင်းဟာ သူမဆန္ဒရှိတာကို တိတိကျကျ လိုချင်တာ။နန်ကောမှာ အချိန်အကြာကြီး ဒုက္ခရောက်နေတော့တယ်။နောက်ဆုံးမှာတော့ သူမဟာ စေ့စပ်ပွဲပါတီကို ၀တ်သွားဖို့ ၀တ်စုံအနည်းငယ်ကို ရွေးလိုက်တယ်။

ကျန်တဲ့၀တ်စုံတွေကိုတော့ ရှန်ရန်ချင်းဗီလာဆီ ပို့လိုက်တယ်။အဲဒီက ဗီရိုတွေဟာ အခုနေနေတဲ့ တိုက်ခန်းက ဗီရိုတွေထက်စာရင် အဆပေါင်းများစွာ ပိုကြီးတယ်။သူတို့ သိပ်မ၀တ်ဖြစ်တာတွေကို သက့်တောင့်သက်သာ ဖြစ်စေဖို့အတွက် အဲဒီကို ယာယီ ပို့ထားတတ်တယ်။နှစ်ဖက်မိသားစု အတူတူ ဆွေးနွေးပြီးတဲ့ နောက်မှာတော့ စေ့စပ်ပွဲအတွက် ဖိတ်စာတွေကို တစ်စောင်ပြီး တစ်စောင် ပို့လိုက်ကြတော့တယ်။

စေ့စပ်ပွဲနေ့မှာ ဟိုက်မြစ်ခရိုင် တစ်၀ိုက်မှာရှိကြတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးလောကတွေထဲ ကျော်ကြားတဲ့ လူအများစု လာကြတယ်။သာမန်လုပ်ငန်းပွဲတွေ ထက်တောင်မှ ပိုကြီးကျယ်သေးတယ်။

ပွဲရဲ့အဓိကဇာတ်ဆောင်တွေ အနေနဲ့ နန်ကောနဲ့ ရှန်ရန်ချင်းဟာ နောက်မှ ပေါ်လာတယ်။

များပြားလှတဲ့ ဂုဏ်ပြုသံတွေကြား ခန်းမရှေ့က ပွင့်လင်းမြင်သာတဲ့ အတွဲလေးဟာ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး လူအုပ်ကြီးအရှေ့မှာ ရပ်တယ်။ဘယ်သူမဆို အတွဲလေးကို ဝိုးတဝါး မြင်နိုင်ကြတယ်။

ခန်းမထဲက မီးရောင်ဟာ ခပ်မှိန်မှိန်ရှိတယ်။လူထုကြားထဲကို ၀င်လာတော့ နန်ကောဟာ လက်တစ်ဖက်နဲ့ ဂါ၀န်လေးကို မထားပြီး ကျန်လက်တစ်ဖက်နဲ့ ရှန်ရန်ချင်းရဲ့လက်မောင်းကို ချိတ်ထားတယ်။

သူမဘေးမှာတော့ ရှန်ရန်ချင်းဟာ ပုံမှန်ထက် အသက်၀င်တဲ့ နက်ကတိုင်ကို ၀တ်ဆင်ထားပြီး သူမရဲ့ဂါ၀န်အရောင်နဲ့ လိုက်ဖက်ညီနေတယ်။

ခန့်ညားချောမောတဲ့ အမျိုးသားနဲ့ လှပကြည်ရှင်းတဲ့အမျိုးသမီးလေးတို့ဟာ အလွန်တရာကိုမှ မျက်စိအေးစေတယ်။ပွဲထဲရှိနေကြတဲ့လူတိုင်းဟာ နန်နဲ့ရှန်မိသားစုတို့ ကံကောင်းတယ်လို့ ပြောကြတယ်။

အဲဒီည ဟိုက်မြို့မှာရှိတဲ့ ဈေးအကြီးဆုံး LED စခရင်ကြီး၆ခုဟာ ပွဲထဲမှာရှိနေတဲ့ သူတို့ရဲ့ပုံရိပ်တွေကို တစ်ချိန်တည်းမှာ ပြသထားပြီး လူတိုင်းကို မနာလို ဖြစ်စေတယ်။

နောက်တစ်နေ့မနက် ရောက်တော့ ဟိုက်တက္ကသိုလ်ရဲ့ဖိုရမ်ဟာ ပေါက်ကွဲ ထွက်သွားတယ်။

အထူးသဖြင့် စကားရည်လုအသင်းမှာ နန်ကောကို သိကြတဲ့လူတွေပေါ့။သူတို့အားလုံး အရင်က နန်ကောရဲ့ကောင်လေးကို မြင်ဖူးခဲ့ပြီးသား။သူတို့ သူ့ကို တစ်ခေါက်တည်း တွေ့ဖူးတာဆိုပေမဲ့ ရှန်ရန်ချင်း ဖြစ်နေမယ်လို့တော့ မထင်ထားဘူး။

ဖိုရမ်မှာရှိတဲ့ လူတိုင်းဟာ တစ်ချိန်တည်းမှာ ပွတ်လော ရိုက်နေကြတယ်။အမျိုးအစား စုံလင်နေရော။

ဖိုရမ်ပေါ်က စကားဝိုင်းတွေဟာ ပိုပိုရှည်လာတယ်။ပေါက်ကွဲ ထွက်တော့မဲ့အချိန်မှာပဲ တစ်ယောက်ယောက်ဟာ ပိုစ့်အသစ်တစ်ခု တင်လာပြီး အရင်တစ်ခေါက် ဟိုက်တက္ကသိုလ်မှာ ရှန်ရန်ချင်း ပြောထားတဲ့ ဗီဒီယိုဖိုင်အတိုလေးကို ထုတ်လွှင့်လာတယ်။ရှန်ရန်ချင်းကိုယ်တိုင်အပြင် မျက်စိမလျှမ်းသင့်တဲ့ တစ်ယောက်ယောက်ရဲ့ ဗီဒီယိုဖိုင်ကိုလည်း မြင်နိုင်တယ်။အဲဒါဟာ အဲဒီတုန်းက မေးခွန်းတွေ မေးနေခဲ့တဲ့ နန်ကောဖြစ်တယ်။

[ဒါဆို သူတို့ အဲလို တွေ့ခဲ့ကြတာပေါ့။ဥက္ကဌရှန်က နန်ကောကို ချက်ချင်းမှတ်မိခဲ့တာလား?]

[နင် ကြည့်လည်းကောင်းပြီး မေးခွန်းလည်း မေးရဲတယ်ဆို မပူနဲ့။နင့်ကို မှတ်မိမယ်ဆိုတာ ငါ ပြောရဲတယ်။]

[တကယ်လို့ သူ သူ့ကို မမှတ်မိခဲ့ဘူးဆိုရင်ရော ဘာဖြစ်လဲ။နန်ကောရဲ့မိသားစုနောက်ခံအရဆို ရှန်ရန်ချင်းကို သိရဖို့ သူ့အတွက် လွယ်မှာပဲလေ။ဖြစ်နိုင်တာက သူတို့နှစ်ယောက်က အရင်ကလည်း တွေ့ခဲ့ဖူးကြတာ နေမယ်။]

[အဲဒါအမှန်ပဲ။နန်ကောရဲ့အဖေက နန်ကျန်းနင်း။သူက စီးပွားရေးကျောင်းတွေက ဆရာတွေဆီကနေ ခဏခဏ ထည့်ပြောခံရတာ။ရှန်ရန်ချင်းလည်း သူနဲ့ ရင်းနှီးနေမှာပဲ။]

[.....နင်တို့ ဘယ်ကျောင်းကလဲ။ဥက္ကဌရှန်ကြောင့် နန်ကော ဟိုက်တက္ကသိုလ်စီးပွားရေးကျောင်းကို လျှောက်ခဲ့တာကို မသိဘူးလို့တော့ မပြောကြနဲ့နော်]

[တကယ်]

[ဟုတ်တယ်။ငါ နန်ကောနဲ့ တစ်ခန်းတည်းပဲ။ပထမနှစ်တွေ သူတို့ကိုယ်သူတို့ မိတ်ဆက်တုန်းက သူကိုယ်တိုင် ပြောခဲ့တာ။ကြည့်လေ။သူ အခု သူမကို တာ၀န်ယူနေပြီ မဟုတ်လား?]

[ချီး။ငါလည်း ဒီကို ဥက္ကဌရှန်ကြောင့် ရောက်နေတာပါ။ဘာလို့ ဥက္ကဌရှန် နန်ကော တစ်ယောက်တည်းကိုပဲ တာ၀န်ယူတာလဲ]

သူမ ဖိုရမ်ကို တစ်ချက်ကြည့်ဖို့ အချိန်ယူလိုက်တယ်။မှတ်ချက်တွေဟာ နန်ကော ထင်ထားသလောက် မဆိုးပါဘူး။

235 03

လူတွေ သူမရဲ့လိင်ပိုင်းဆိုင်ဘ၀အကြောင်း လိမ်ပြောကြတုန်းကထက်စာရင် ဒီတစ်ခေါက်ဟာ ပိုပြီး‌သဟဇာတ ဖြစ်တယ်။

ကျောင်းသားအများစုဟာ သူမတို့က ကောင်းကောင်း လိုက်ဖက်ပြီး အတူတူရှိတာ မှန်တယ်လို့ ပြောကြတယ်။

အထူးသဖြင့် နားထဲ ကန့်လန့်၀င်တဲ့အသံတွေတော့ မရှိကြဘူး။

စေ့စပ်ပွဲပြီးတော့ နန်ကောတစ်ယောက် အသိတရားပင်လယ်ထဲ ပြုတ်ကျ သွားပြန်တယ်။နွေရာသီပိတ်ရက်ပြီး‌တော့ ကျောင်းပြန်ဖွင့်ပြီဖြစ်ပြီး သူမဟာလည်း စတုတ္ထနှစ်ကို တရား၀င် ရောက်သွားပြီ။နှစ်ဆုံးတော့လည်း ဘွဲ့လွန်အတွက် ပဏာမစာမေးပွဲဟာလည်း ပြန်စလာပြီ။

မတိုင်ခင်ညမှာ နန်ကောတစ်ယောက်တည်းကသာ စိတ်လှုပ်ရှားနေတဲ့သူ မဟုတ်ခဲ့ဘူး။နန်ကျဲ့ဟာလည်း အပြေးအလွှား ရောက်လာတယ်။အဆုံးမှာတော့ ရှန်ရန်ချင်းခမျာ နန်ကောကို နှစ်သိမ့်ရရုံတင် မကဘဲ နန်ကျဲ့ရဲ့ခံစားချက်တွေကိုပါ ဂရုစိုက်ပေးရပြန်တယ်...။

******

All Chapters