အခန်း ၂၃၇
Vol. 24 Ch. 237
237 01
Chapter 237 လဲသွားသေးတယ်။
နောက်တစ်ရက် ကုန်ဆုံးသွားတယ်။နန်ကောတစ်ယောက် အဖျားမသက်သာသေးခင် စုဟွေးဆီကနေ ဖုန်း၀င်လာတယ်။
တကယ်တော့ အဖွဲ့လိုက်ဗီဒီယိုကောလ် ဖြစ်တယ်။တစ်ဆောင်တည်း အတူနေတဲ့ ချန်ရှားနဲ့ဖုန်းယွမ်ယွမ်တို့လည်း အဖွဲ့ထဲမှာ ရှိတယ်။
သူတို့ ဘွဲ့ရကြတော့မှာကို မြင်တော့ စုဟွေးဟာ သူမတို့၃ယောက်ကို အိမ်လည် ခေါ်တယ်။သူမရဲ့အိမ်ဟာ အရှေ့မြောက်ပိုင်းမှာ ရှိပြီး နှင်းလျှောစီးလို့ ကောင်းတဲ့အချိန်ပဲ။
ဒီနှစ် နန်ကောတစ်ယောက်ကို တကယ် မမြင်မတွေ့ခဲ့ရသလို နောက်ပြီး သူမတို့၄ယောက်ဟာ တစ်ခါမှ အတူ ခရီးမထွက်ဖူးတာမို့ ချက်ချင်းပဲ သဘောတူလိုက်ကြတယ်။ဖုန်းချပြီးတဲ့နောက် သူမဟာ လေယာဉ်လက်မှတ် ဖြတ်ပြီး နေ့လည်ပိုင်းမှာ ထွက်ခွာဖို့ ပြင်ထားတယ်။
ရှန်ရန်ချင်းမှာ ဒါကို တစ်နာရီကြာပြီးမှ သိလိုက်ရတယ်။
ခရီးထွက်တယ်ဆိုတာ ကောင်းမွန်တဲ့အရာဆိုတာကို သူ သဘောတူပါတယ်။ဒါပေမဲ့ နန်ကောရဲ့လက်ရှိခန္ဓာကိုယ်က...
“မင်း မမူးဘူးလား” အမျိုးသားဟာ ဆိုဖာပေါ်မှာထိုင်ရင်း လက်တစ်ဖက်နဲ့ သူမရဲ့ခါးကို ဖက်ထားပြီး သူမကို သူ့ရင်ခွင်ထဲ မှီထားစေတယ်။
နန်ကောဟာ ခေါင်းခါတယ်။
“ဟင့်အင်း။ ကျွန်မ ပိုသက်သာလာပြီ” သူမ ဒါကိုပြောတဲ့အခါ သူမရဲ့နှာသံဟာ ရှန်ရန်ချင်းကို အကြိမ်ကြိမ် သက်ပြင်း ချစေမိတယ်။
နန်ကောဟာ တကယ်ကို ခေါင်းမာတယ်။
လမ်းလျှောက်ရင် သူမခြေထောက်တွေဟာ တည်ငြိမ် မနေဘူး။ဒီအအေးမိတာနဲ့ ပတ်သက်ပြီး ဘာတွေဖြစ်နေလဲဆိုတာ သူမ မသိဘူး။ပိုကောင်းလာမဲ့ အရိပ်အယောင်မရှိဘဲ ပိုတောင် ဆိုးလာတယ်။
သူမကိုယ်တိုင်တောင်မှ ခံစားမိတယ်။
ဒါပေမဲ့ သူမ ဒါကို အခု ရှန်ရန်ချင်းကို မပြောပြရဲဘူး။သူ သူမကို ဆေးထိုးဖို့ခေါ် သွားပြီး ဆူမှာကြောက်လို့။
သူမသာ သွားချင်ရင် ရှန်ရန်ချင်း သူမကို တားလို့ မရဘူး။
အဆုံးမှာတော့ ကိစ္စတွေဟာ သူမ ဖြစ်ချင်သလို ဖြစ်မလာဘူး။
နန်ကောတစ်ယောက် ဆေးကြောသန့်စင်ပြီး ထွက်လာတော့ မိသားစုဆရာ၀န်နဲ့ ၀င်တိုးတယ်...။
နာရီ၀က်လောက် ကြာပြီးတဲ့နောက် နန်ကောဟာ အိပ်ရာပေါ်မှာထိုင်နေရင်း ရှန်ရန်ချင်းကို ၀မ်းနည်းစွာနဲ့ ကြည့်တယ်။
ရှန်ရန်ချင်းဟာ ဒူးတစ်ဖက် ထောက်ပြီး နေ့လည်အတွက် သူမရဲ့ခရီးဆောင်အိတ်ကို ကူထည့် ပေးနေတယ်။
“ဆေးတွေ စီစဉ်ထားပြီးပြီ။ တစ်နေ့ကို ၃ကြိမ်သောက် မင်းထပြီး မနက်ပိုင်းမှာ ဆေးကို သောက်ရမယ်။ မင်းကို ကိုယ်အချိန်မှီ ဖုန်းခေါ်ပေးမယ်။ မင်းနှိုး စက် ပေးထားစရာ မလိုဘူး” ရှန်ရန်ချင်းဟာ ဆေးတွေကို အိတ်ထဲ သက်သက်ခွဲထည့်လိုက်တယ်။ “ကိုယ် ဆေးတွေကို မီးခိုးရောင်အိတ်ရဲ့ ဘယ်ဘက်အထဲထဲမှာ ထည့်ထားပေးတယ်”
သူဟာ သူမကို မော့ကြည့်ပြီး ညွှန်ပြတယ်။
နန်ကောနားထဲမှာ အပ်စိုက်ထားတုန်းပဲ။သူမဟာ အသံကိုမြှင့်ပြီး စိတ်ပျက်လက်ပျက် ပြန်ဖြေတယ်။ “သိပါပြီ”
“ဟိုက အပူချိန်က ဟိုက်မြစ်ထက် နိမ့်တယ်။ ကုတ်အင်္ကျီမ၀တ်ဘဲ ထွက်ဖို့ကို စဉ်းတောင် မစားနဲ့။ မင်းက ဖျားနေတုန်းပဲ။ အချိန်ကျရင် အပြင်မှာ အကြာကြီးမဆော့နဲ့။ မင်း ဘယ်သွားသွား အပူတိုင်း ကိရိယာကို ယူသွားပြီး ရေများများ သောက်ရမယ်”
“မကျက်တာတွေနဲ့ အစပ်တွေ လျှော့စား။ တကယ် နေထိုင်လို့ မကောင်းဘူးဆိုရင် ကိုယ့်ကိုယ်ကို ဖိအားမပေးနဲ့။ ဟိုတယ်မှာ ပိုနားနား နေနေ နေ”
နန်ကောဟာ သန်းရင်း ခေါင်းညိတ်ပြတယ်။ထုပ်ပိုးပြီးလို့ ရှန်ရန်ချင်း ထလိုက်တဲ့အချိန်မှာတော့ သူမဟာ အိပ်ရာခေါင်းရင်းကို မှီပြီး အိပ်ပျော်နေပြီ။
နေ့လည်၃နာရီမှာလည်း ရှန်ရန်ချင်းမှာ စိတ်ပူနေရဆဲ။သူဟာ တူညီတဲ့ လေယာဉ်ချိန်လက်မှတ်ကို ၀ယ်လိုက်ပြီး သူမကို ကိုယ်တိုင် လိုက်ပို့ပေးတယ်။
ပန်းတိုင်ကို ရောက်လို့ သူမကို စုဟွေးဆီ လက်လွှဲပေးပြီးတဲ့အခါ သူဟာ မနားဘဲ ဟိုက်မြို့ကို ပြန်လာခဲ့တယ်။
မိန်းကလေးတွေ အချိန်အတူ ဖြုန်းကြမှာကို သူ ကြာကြာနေလို့ မကောင်းဘူးလေ။
ရှန်ရန်ချင်း ပြန်ရောက်တော့ နောက်ကျနေပြီ။
သူ့၀မ်းကွဲအငယ်လေးဟာ လေဆိပ်မှာ လာကြိုတယ်။
ဒီနေ့ ကျော်ဖြတ်ရတာတွေ အရမ်းများလို့ နေမယ်။သူ့ခန္ဓာကိုယ်ဟာ မခံနိုင်တော့ဘဲ အဲဒီည ရှန်ရန်ချင်း ဖျားသွားတယ်။
237 02
နောက်ကျနေပြီဖြစ်တဲ့ ညဘက်ကြီး ၀မ်းကွဲအငယ်လေးမှာ အိပ်ချင်နေတဲ့မျက်လုံးတွေနဲ့ ကြမ်းပြင်ပေါ် ထိုင်နေရတယ်။အကြာကြီး ကြာသွားပြီးတော့မှ သူဟာ အပူချိန်တိုင်း ကိရိယာမှာ နံပါတ်တွေကို တွေ့လိုက်ရတယ်။ “ဘုရားရေ ၃၈.၈ဒီဂရီ အစ်ကိုရေ။ အစ်ကို့ခန္ဓာကိုယ် အဲဒီလောက်ကြီး မကောင်းဘူးနော်”
သူ ဘာမှလည်း သိပ်မလုပ်ခဲ့ပါဘူး။ဟိုက်မြို့ရဲ့အရှေ့မြောက်ပိုင်းကို သွားပြီး ပြန်လာတော့ သူ ဖျားတော့တာပဲ။
“အရှေ့မြောက်ပိုင်းက လေအနည်းငယ်နဲ့တင် ဒီလိုဖြ စ်နေပြီ” ၀မ်းကွဲအငယ်လေးဟာ သူ့အတွက် ဆေးကူယူပေးဖို့ ထရင်း သက်ပြင်းချတယ်။
ဒီလိုအချိန်ဆို အိမ်အဟောင်းကြီးဟာ တိတ်ဆိတ်နေပြီ။ညဆိုင်းဆင်းတဲ့ အိမ်အကူ၂ယောက်၊၃ယောက်ကလွဲလို့ ဘယ်သူမှနိုး မနေကြဘူး။
၀မ်းကွဲအငယ်လေးဟာ ဆရာ၀န် ခေါ်ချင်ပေမဲ့ ရှန်ရန်ချင်းဟာ ဆေးသောက်ပြီးရင် ကောင်းသွားမှာလို့ ပြောလာတယ်။
၀မ်းကွဲအငယ်လေးလည်း သူနဲ့ပတ်သက်ပြီး ဘာမှ မတတ်နိုင်ဘူး။ငယ်ငယ်လေးကတည်းက သူဟာ အမြဲဒီလိုပဲ။သူ့၀မ်းကွဲအကြီးက ပြောတာနဲ့ သူ သူ့ညွှန်ကြားချက်ကို တိတ်တဆိတ်ပဲ လိုက်နာရတယ်။
တစ်မိသားစုလုံးမှာ သူ သူ့၀မ်းကွဲ အကြီးစကားကိုပဲ နားထောင်တယ်။
သူ့၀မ်းကွဲနဲ့ သူ့ရဲ့ဆက်ဆံရေးဟာ အမြဲတမ်းကောင်းမွန် ခဲ့တယ်။မဟုတ်ရင် သူ့မိသားစု နိုင်ငံခြားကို ပြောင်းသွားတာတောင်မှ သူ တက္ကသိုလ်အတွက် ဟိုက်မြို့ကို ပြန်လာမှာ မဟုတ်ဘူး။
ဆေးသောက်ပြီးတဲ့အခါ ရှန်ရန်ချင်းဟာ ၀မ်းကွဲအငယ်လေးကို ပြန်ပြီးနားခိုင်းတယ်။
၀မ်းကွဲအငယ်လေးဟာ မအိပ်ချင်ဘဲ သူ့ကို ဂရုစိုက်ပေးဖို့ ဆန္ဒပြင်းပြနေတယ်။
ရှန်ရန်ချင်းဟာလည်း အခုမအိပ်ချင်တာမို့ သူတို့နှစ်ယောက် စပြီး စကားပြောကြတယ်။
“ခယ်မလေး ဘယ်အချိန် ပြန်လာမှာလဲ”
“နောက်အပတ် ဖြစ်မယ်” ရှန်ရန်ချင်းပြန်လာတုန်းက နန်ကောကို ဘယ်အချိန် ပြန်လာမလဲလို့ မေးခဲ့တယ်။သူမဟာ စိတ်အားတက်ကြွနေပြီး ဘယ်သူမှ ဒီဟာကို မတွေးမိခဲ့ကြဘူး။
အခြေအနေအရ သူမ ဒီအပတ် ပြန်လာဖို့တော့ မဖြစ်နိုင်ဘူး။
“အာ အစ်ကို နှစ်ပတ်လောက် တစ်ယောက်တည်း ဖြစ်နေမှာပေါ့” ခဏနားလိုက်ပြီး သူ့၀မ်းကွဲအငယ်လေးဟာ တစ်ခုခုကို တွေးမိသွားပုံရကာ အရှေ့တိုး ထိုင်လာတယ်။သူဟာ အရှေ့ကို ကုန်းပြီး အပြုံးတစ်ပွင့်နဲ့ မေးတယ်။ “အစ်ကို ကျွန်တော့်သူငယ်ချင်းတွေ နောက်ရက်ထဲမှာ တွေ့ဖို့ လူစုထားတယ်။ ကျွန်တော်နဲ့ လိုက်ခဲ့”
ရှန်ရန်ချင်းဟာ ဖုန်းကိုချပြီး သူ့ကို ကြည့်တယ်။သူဟာ ဘာသိဘာသာ မေးတယ်။ “ငါ ဘာလို့ သွားရမှာတုန်း”
သူတို့အားလုံးက ကလေးတွေကို သူ ဘာလို့သွားရမှာလဲ?
“ဟူး ဒီနေ့ခေတ် လူငယ်တွေရဲ့ ညဘက်ဘ၀စတိုင်ကို ကျွန်တော် အစ်ကို့ကို နားလည်စေချင်လို့ အစ်ကို နောက်ဆို ခယ်မလေးနဲ့ တူညီတဲ့အကြောင်းအရာတွေ ပြောလို့ရပြီလေ”
သူ့စကားတွေဟာ သူနဲ့နန်ကောကြားက မျိုးဆက်ကွာခြားမှုကို သွားသတိရစေတယ်။
“ခယ်မလေးနဲ့ သူ့သူငယ်ချင်းတွေ လျှောက်လည်ရင် ဘာတွေလုပ်ကြလဲဆိုတာ အစ်ကို မသိချင်ဘူးလား”
သူ့၀မ်းကွဲအငယ်လေးဟာလည်း နန်ကောနဲ့ အကြမ်းဖျင်း အသက်ရွယ်တူလောက်ရှိပြီး သူမထက် ၁နှစ်၊၂နှစ်ပဲ ငယ်တယ်။
ကံမကောင်းစွာနဲ့ ရှန်ရန်ချင်းဟာ စိတ်မ၀င်စားဘူး။ “ငါ မသိချင်ဘူး”
ငြင်းဆိုမှုဟာ တည့်တိုးဆန်တယ်။
သူ့၀မ်းကွဲအငယ်လေး ဘာတွေးနေလဲဆိုတာ သူ သိတာမို့ တည့်တိုးပဲ ပြောလိုက်တယ်။ “မင်းသာ ငါ့ကို အဲဒီနေရာတွေခေါ်သွားရင် မင်းခယ်မလေး ပြန်လာတဲ့အချိန် ငါ ငါ့ကိုယ်ငါ ရှင်းပြလို့ရမှာ မဟုတ်ဘူး”
“ကျွန်တော် ကာပေးမယ်လေ။ ခယ်မလေးက ခရီးထွက်သွားတာပဲဟာ။ အစ်ကိုလည်း နားလို့ရပါတယ်” ၀မ်းကွဲအငယ်လေးဟာ သူ့ကို မျက်စိတစ်ဖက် မှိတ်ပြတယ်။ “အစ်ကိုက ကျွန်တော့်၀မ်းကွဲအရင်းပဲဟာ။ သေချာပေါက် ကျွန်တော်က အစ်ကို့ဘက်မှာပေါ့”
စကားဆုံးတာနဲ့ ၀မ်းကွဲအငယ်လေးဟာ ခေါင်း ခေါက်ခံလိုက်ရတယ်။
237 03
“မင်းသာ မင်းအာရုံတွေ အားလုံးကို စာအပေါ် စိုက်ထားပေးလိုက်ရင် ဦးလေး ခေါင်းခဲနေမှာ မဟုတ်ဘူး” ရှန်ရန်ချင်းဟာ သူ့ကို ချက်ချင်းထွက်သွားပြီး ပြဿနာမရှာတော့ဖို့ အမူအရာပြတယ်။ “သွားပြန်အိပ်တော့”
နောက်တစ်နေ့မနက် ဖုန်းမြည်လာတဲ့အချိန် နန်ကောဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ ဖြစ်တယ်။
ဘယ်သူလဲဆိုတာသိရဖို့ သူမ ကြည့်ဖို့ မလိုခဲ့ဘူး။
သူမ ဖုန်းကိုင်လိုက်ပြီး နားနားမှာတေ့ကာ အိပ်ရာထဲ ဆက်လဲနေလိုက်တယ်။
“ဂွတ်မောနင်း” ခဏကြာတော့ နန်ကောဟာ ပြန်တုံ့ပြန်တယ်။ “မောနင်း”
သူမဟာ ပျင်းရိပျင်းတွဲနဲ့ သံရှည်ဆွဲတယ်။
ရှန်ရန်ချင်းဟာ ရယ်ပြီး သူမနားထဲ တိုးတိုးပြောတယ်။ “ဒီနေ့ မင်း ပိုနေလို့ ကောင်းလာပြီလား”
နန်ကောဟာ နှာသာရှုံ့ပြီး အင်းလည်း မချသလို ဟင့်အင်းလည်း မလုပ်ဘူး။
ရှန်ရန်ချင်းဟာ ထပ်မမေးတော့ဘဲ သူမကို ထဖို့ နှိုးဆော်လိုက်တယ်။ “ထပြီးအစားစားတော့ ဟိုတယ်မှာ မင်း အရသာ တွေ့လောက်မဲ့ မနက်စာ ရှိမရှိ ကြည့်ကြည့်”
“ဘယ်အချိန် ရှိပြီလဲ” နန်ကောဟာ မလှုပ်ရှားချင်ဘူး။
“၉နာရီထိုးပြီ” သူဟာ တမင်တကာ တစ်နာရီနောက်ကျမှ ခေါ်ပြီး သူမ မနိုးလောက်သေးဘူးလို့ ခန့်မှန်းခဲ့တာ။ “မနေ့ညက ဘယ်အချိန် အိပ်လဲ”
“မမှတ်မိဘူး...”
“မင်း ဘယ်သွားခဲ့လဲ”
ရှန်ရန်ချင်းဟာ အချိန်တစ်ခုလောက်အထိ သူမနဲ့ စကားပြောနေခဲ့တယ်။သိပ်မကြာဘဲ နန်ကောတစ်ယောက် အသိပြန်၀င်လာကာ ပိုပြီးနိုးကြား လာတော့တယ်။
မနေ့ညကအကြောင်း ပြောရင်း သူမဟာ တတွတ်တွတ်နဲ့ စကားတွေ ပြောနေတော့တယ်။သူမဟာ ဘယ်အချိန် သွားတိုက်ခဲ့လဲဆိုတဲ့အကြောင်းတောင် ပြောပြချင်သေးတယ်။
“မနေ့ညက ကျွန်မလမ်းမှာ လဲတောင် သွားသေးတယ်။ ဒီက လမ်းတွေက ခဲနေတာ တကယ်ချောတယ်...”
“ကျော ခိုက်မိသွားသေးလား။ ပြင်းထန်တယ်ဆို စစ်ဆေးဖို့ မင်း ဆေးရုံကို သွားဖိုလို့တယ်” ရှန်ရန်ချင်းမှာတော့ သူမလောက် စိတ်အေး မနေဘူး။
နန်ကောဟာ ခါးကို ပွတ်ကြည့်ပြီး ဘာမှမခံစားရဘူး။ “မထင်ဘူးရယ်။ ကျွန်မ အ၀တ်တွေ အများကြီး ထပ်၀တ်ထားခဲ့တာ...ဒါပေမဲ့ ဖင်တော့ နည်းနည်းနာတယ်”
ရှန်ရန်ချင်း “.....”
******