← Chapters

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း ၂၃၉

Vol. 24 Ch. 239

239 01

Chapter 239 ဥက္ကဌရှန် အာဏာပြနေတယ်။

ဆူညံသံ ကြားတော့ ရှန်ရန်ချင်းဟာ လှည့်ကြည့်တယ်။တစ်ချိန်တည်းမှာပဲ သူ့လက်တွေကို အိတ်ကပ်ထဲကနေ ထုတ်ပြီးပြီဖြစ်ပြီး အလိုလိုပဲ လက်မောင်းကို ဖြန့်လိုက်မိတယ်။

သူမ သူ့လက်မောင်းပေါ် ကျလာတော့မှ သူဟာ ပြုံးရင်း သူမခေါင်းကို ပွတ်ပေးတယ်။

“ဘာလို့ လည်စည်း မပတ်ထားတာလဲ။ အေးလား”

“ကားထဲမှာ ကျန်ခဲ့တာ”

သူမဟာ ၀က်ဝံဦးထုပ်လေးကို ဆောင်းထားပြီး သူ့ရင်ဘတ်ပေါ် မှီထားတယ်။သူမလေသံဟာ တိုးပြီး ပျစ်ချွဲချွဲနိုင်တယ်။ “ရှင့်ကို မြင်တော့ ကျွန်မ ပြေးလာခဲ့တာ”

မလှမ်းမကမ်းမှာတော့ ချန်ရှားဟာ သူမရဲ့လည်စည်းကို ယူလာပေးတယ်။သူမတို့ဟာ ရှန်ရန်ချင်းဆီ လျှောက်လာပြီး နှုတ်ဆက်ကြတယ်။

စုဟွေးဟာ သူမရဲ့အံ့အားသင့်မှုကို မဖုံးထားနိုင်ဘူး။သူမဟာ ပြုံးပြီး စလိုက်တယ်။ “ရက်လေး အနည်းငယ်ပဲ‌ ရှိသေးတာကို ဥက္ကဌရှန်က သူ့အတွက် ကျွန်မတို့နဲ့ လာပြိုင်နေပြီပေါ့။ ရှင် သူ့ကို ကျွန်မတို့နဲ့ ထားခဲ့ရတာ စိတ်ပူနေမှာပေါ့ ဟုတ်တယ်မလား”

“နန်ကော မင်းနဲ့အတူ ရှိနေတာ‌လောက် ကျွန်တော် စိတ်ချစရာ မရှိပါဘူး” ရှန်ရန်ချင်းဟာ သူ့အရှေ့ကလူကို သူ့ကုတ်အင်္ကျီနဲ့ ခပ်တင်းတင်း ပတ်လိုက်ပြီး ရှင်းပြတယ်။ “ဒီတိုင်း ကျွန်တော် သူ့ကို မတွေ့ရတာ ရက်နည်းနည်းရှိပြီမို့ နည်းနည်း အထီးကျန်လို့ပါ”

အမျိုးသားက ဒါကိုပြောလိုက်တဲ့အချိန် သူ့ရဲ့ပွင့်လင်းတဲ့အချစ်ဟာ လူတိုင်းရဲ့အံသွားကို နာကျင်စေတယ်။

နန်ကောဟာ ရှက်လွန်းလို့ သူ့ရင်ခွင်ထဲကနေ မော့မကြည့်ရဲဘူး။သူမ မတတ်နိုင်ဘဲ လက်ထဲက အားတချို့ကို တိုးလိုက်ပြီး သူ့ကိုယ်သူ ထိန်းဖို့ သတိပေးလိုက်ရတယ်။

“မပူပါနဲ့။ ကျွန်တော် မင်းတို့ကို မနှောင့်ယှက်ပါဘူး။ ကျွန်တော် ဒီကို သူ့ကို တွေ့ဖို့ပဲ လာတာပါ။ ပြီးရင် ပြန်မှာ”

သူဟာ နူးညံ့စွာပြုံးပြပြီး စုဟွေးဘေးက ကောင်လေးကို လှမ်းကြည့်တယ်။သူဟာ သူ့၀မ်းကွဲအငယ်လေးနဲ့ ၀တ်ပုံစားပုံ ခပ်ဆင်ဆင်ရှိတယ်။သူဟာ စတိုင်ကျတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ထားပြီး ဆံပင်ကိုလည်း အရောင်တောက်တောက် ဆိုးထားတယ်။သူ့အကြည့်ကတောင်မှ စူးရှနေတယ်။ကြည်လင်ပြီး သန့်ရှင်းတယ်။သူဟာ သူ့ကို ဗြောင်ကျကျပဲ ခေါင်းစခြေဆုံး ကြည့်နေပြီး သူ့လိုအရွယ် လူငယ်တစ်ယောက်အနေနဲ့တော့ ဒါဟာပုံမှန်ပါပဲ။

တစ်ဖက်လူနဲ့ယှဉ်ရင် သူဟာ ၃၀နီးနီးဖြစ်နေပြီး အသက်အရွယ်ရဆို ယှဉ်လို့မရဘူး။

ဒါပေမဲ့ သူ နန်ကောနဲ့တွဲကတည်းက ဒီလိုအခြေအနေမျိုးကို ကြုံရတာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူး။သူ ကျင့်သားရနေပြီ။

ဥက္ကဌရှန်ဟာ ဒါကို ဘ၀ပဲလို့ ခံစားရပြီး ကိုင်တွယ်နိုင်တယ်။

လက်ထောက်ယွမ်သာ ဒါကိုကြားရင် ကျိန်းသေပေါက် ကွန်ပလိန်း တက်လိမ့်မယ်။ “မင်းသာ ဒါကို တကယ်ကျင့်သားရနေပြီဆို ညတွင်းချင်း အပြေးလာမှာ မဟုတ်ဘူး”

အားလပ်ရက် မကုန်ခင်အထိ ရှန်ရန်ချင်းဟာ လက်ထောက်ယွမ်ကို အလုပ်စောသွားခွင့် မပေးဘူး။

ဒါပေမဲ့ လျော်ကြေးအနေနဲ့ လစာ၃ဆ ရတာကိုတော့ သူ ပျော်တယ်။

နောက်ကျနေပြီ ဖြစ်တယ်။ရှန်ရန်ချင်း ဒီကို ရောက်နေပြီ ဖြစ်တာမို့ ဒီညဟာ အလိုအလျောက်ပဲ သူ ကျွေးမွေးဖို့ ဖြစ်သွားတယ်။

စုဟွေးရဲ့၀မ်းကွဲလေးဟာ တွန့်ဆုတ်ပြီး ပြောတယ်။ “ဒါဆို ကျွန်တော် အရင်ပြန်တော့မယ်။ နောက်ကျနေပြီ...”

စုဟွေး၀မ်းကွဲလေးကို အပြစ်တင်လို့မရဘူး။သူဟာ အသက်၂၀ပဲ ရှိသေးပေမဲ့ ရှန်ရန်ချင်းလို ရင့်ကျက်ပြီး အောင်မြင်တဲ့လူနဲ့ ဆုံရတယ်။သူ သိမ်ငယ်သလို ခံစားရလောက်မှာပဲ။

တစ်ယောက်ကို တစ်ယောက် ကြည့်တာနဲ့တင် သူ့ကို ကြောက်သွားစေဖို့ လုံလောက်နေပြီ။

ရှန်ရန်ချင်းက သူ့ကို ဘယ်လိုလုပ် သွားခွင့် ပေးနိုင်ပါ့မလဲ။သူရဲ့ နူးညံ့ပြီး ဖော်ရွေတဲ့မျက်နှာထားဟာ ချဉ်းကပ်ရလွယ်တဲ့ပုံ ပေါ်တယ်။ “စုဟွေးရဲ့ ၀မ်းကွဲလေးမလား။ ဘာလို့ ကျွန်တော်တို့နဲ့အတူ မသွားတာလဲ။ မင်း သူတို့အတွက် တစ်နေ့လုံး‌ ကားမောင်းပေးထားတာ မင်းအတွက် ခက်ခဲမှာပဲ။ ထိုင်ပြီး စားရအောင်လေ။ ကျွန်တော်တို့က မိသားစုတွေပဲ ရှက်နေဖို့ မလိုပါဘူး”

“အာ” စုဟွေး၀မ်းကွဲလေးဟာ ခေါင်းကုတ်တယ်။သူဟာ ငြင်းမလို့ပေမဲ့ ရှန်ရန်ချင်းရဲ့ပြုံးနေတဲ့ မျက်လုံးတွေကို မြင်တော့ မငြင်းရဲဘူး ဖြစ်နေတယ်။

စုဟွေးဟာ ချောင်းဟန့်ပြီး ကိစ္စတွေကို ၀င်ဖြည်ပေးတယ်။ “ဒါဆို အတူ သွားရအောင်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကားထဲမှာက နေရာမလောက်တော့ဘူး ကျွန်မ၀မ်းကွဲလေး မောင်းလို့ရတယ်”

လက်ထောက်ယွမ်ဟာ နေရာရှာလိုက်ပြီး အဲဒီညမှာ စားဖို့ နေရာကို ရွေးလိုက်တယ်။

အရသာကောင်းလားတော့ သူ မသေချာပေမဲ့ ဆိုင်ဟာ မြို့တွင်းက ထိပ်တန်းစားသောက်ဆိုင် တစ်ဆိုင်ပဲ။နေ့စဉ်စွပ်ပြုတ်မီနူးတင် ဂဏန်း၄လုံး‌လောက် သွားကျတယ်။

အနားမှာ ယောက်ျားလေး၃ယောက် ရှိနေတာမို့ မိန်းကလေးတွေဟာ သတိရှိနေဖို့ မလိုတော့ဘူး။သူမတို့ဟာ အနီရောင်ဝိုင်ပုလင်းကို ဖွင့်ပြီး အပြန်ကျတော့ အနည်းငယ် မူးနေကြပြီ။

ကားထဲမှာတော့ နန်ကောဟာ ရှန်ရန်ချင်းရဲ့ခါးကိုဖက်ပြီး တခစ်ခစ် ရယ်နေတယ်။ “အရမ်း ပျော်နေလား” ရှန်ရန်ချင်းဟာ သူမရဲ့နီနီရဲရဲ ပါးလေးကို ထိပြီး “မင်း မူးနေပြီလား”

239 02

“နည်းနည်း” သူမဟာ လက်ကိုဆန့်ထုတ်ပြီး လက်ချောင်း၂ချောင်း ထောင်ပြတယ်။ကားဟာ လမ်းမီးတိုင်အောက်က ဖြတ်သွားတယ်။ပြတင်းပေါက်ကတဆင့် အလင်းရောင်ရဲ့အကူအညီနဲ့ သူမဟာ စွဲလန်းနေတဲ့ မျက်နှာထားမျိုးနဲ့ သူ့ရဲ့လက်နေတဲ့ မျက်လုံးတွေကို မော့ကြည့်တယ်။

“ရှန်ရန်ချင်း ရှင် ကြည့်ကောင်းတယ်”

သူမတို့ ပထမဆုံးတွေ့ဆုံခဲ့တဲ့ ညကိုသာ ပြန်သွားရင် သူမ သေချာပေါက် သူ့ကို သဘောကျမိဦးမှာပဲလို့ နန်ကော ခံစားရတယ်။

ရှန်ရန်ချင်းရဲ့ရုပ်ရည်နဲ့ သူ့မှာ မကောင်းတဲ့ အကျင့်စရိုက် ရှိရင်တောင်မှ သူဟာ တကယ်နှစ်လိုဖွယ် ကောင်းတယ်။နူးညံ့သိမ်မွေ့တဲ့ အကျင့်စရိုက်ရှိတာဆို ထည့်ပြောနေစရာတော င်မလိုဘူး။

သူ့ဘေးမှာ လူဘယ်နှစ်ယောက်တောင် ရှိခဲ့လဲဆိုတာကို တွေးကြည့်ရင် နန်ကောဟာ ရုတ်တရက် သ၀န်တိုမိတယ်။

လူတစ်ယောက် မူးနေပြီဆိုရင် ဘယ်လို ထူးဆန်းတဲ့ခံစားချက်မဆို ကျယ်ပြန့်လာနိုင်တယ်။

ဒါကြောင့် ရှန်ရန်ချင်းဟာ သူ့လက်ကိုဖက်ပြီး မရပ်မနား ရယ်နေခဲ့တဲ့ ပင်ကွင်းပေါက်လေးဟာ နှုတ်ခမ်းကိုစေ့ပြီး တိုးတိုးလေး ရေရွတ်တာကို ကြားရတယ်။ “ကျွန်မတို့သာ စောစော တွေ့ခဲ့မယ်ဆို”

“ရှင် ဘာလို့ ပိုစောစော မပေါ်လာတာလဲ။ ပွဲပေါင်းများစွာ ရှိခဲ့ပြီး လူတိုင်း တက်ရောက်ကြတာပဲကို ရှင်ကတော့ ကွဲပြားလိုက်ရမှ”

“ကျွန်မ တောက်လျှောက် သွားနေခဲ့တာ။ သွားနေခဲ့ပေမဲ့ ရှင့်ကို ရှာမတွေ့ဘူး။ ရှင် တစ်ခါလေးတောင် ရောက်မလာခဲ့ဘူး”

“ကျွန်မကို အမြဲရှောင်နေခဲ့တယ်”

သူမရဲ့ အပြစ်တင်ချက်ကို ကြားတဲ့အခါ ရှန်ရန်ချင်းဟာ တောင်းပန်တဲ့သဘောနဲ့ သူမနှာထိပ်လေးကို နမ်းတယ်။အရင်က သူမ သူမရဲ့မိဘတွေနဲ့အတူ ဟိုက်မြစ်ဧရိယာတစ်ဝိုက်က လုပ်ငန်းပွဲတွေကို လိုက်ခဲ့ဖူးတယ်လို့ နန်ကော ပြောပြဖူးတယ်။သူမဟာ သူမတို့ တွေ့လိမ့်မယ်ဆိုတဲ့ ခံစားချက်ကို ရခဲ့တာ။

ဟိုက်မြစ်ဟာ တကယ်တော့ နေရာသေးသေးလေးဖြစ်ပြီး အသိုင်းအဝိုင်းလောကလည်း အတူတူပဲ။အဲဒီလိုရည်ရွယ်ချက်မျိုးနဲ့ သူတို့သာ လိုချင်တယ်ဆို သူတို့အချင်းချင်း တွေ့နိုင်ခဲ့လောက်ပါတယ်။

ကံမကောင်းစွာနဲ့ သူဟာ လွန်ခဲ့တဲ့၂နှစ်လုံးလုံး ပွဲတွေကို မတက်ရောက်ခဲ့ဘူး။

အသံအင်တာဗျူးတောင်မှ ရှားပါးတဲ့ခြွင်းချက် ဖြစ်ခဲ့တာ။

“ကိုယ် မင်းကို ပုန်းနေခဲ့တာ မဟုတ်ပါဘူး” အမျိုးသားရဲ့ခပ်နိမ့်နိမ့်နဲ့ နူးညံ့တဲ့အသံဟာ သူမနားနားမှာ ဝေ့သီနေတယ်။ “မင်း ရှိနေခဲ့မှန်းကိုသာ သိရင် ကိုယ် သေချာပေါက် သွားခဲ့မှာပါ”

နန်ကောဟာ သူ့ကို လစ်လျူရှုပြီး နှာခေါင်းရှုံ့တယ်။

“အပိုတွေ.....ရှင် အဲဒီတုန်းက ကျွန်မ ဘယ်သူမှန်းတောင် သိတာမဟုတ်ဘူး”

ရှန်ရန်ချင်းလည်းပဲ ပြဿနာကို သဘောပေါက်သွားတယ်။အယူအဆ သက်သက်ပဲဆိုရင်တောင်မှ သူဟာ ဇွဲကောင်းနေတုန်း။ “မင်းသာ ကိုယ့်ကို အဲဒီအချိန်တုန်းက တွေ့ခဲ့ရင် မင်း အခုလောက်ကိုယ့်ကို မကြိုက်မှာ မဟုတ်ဘူးလား”

“ဘာလို့ မကြိုက်ရမှာလဲ” နန်ကောဟာ မော့ကြည့်တယ်။

ရှန်ရန်ချင်းဟာ ပြုံးသာပြုံးပြီး ဟိုတယ် ရောက်တဲ့အထိ မေးခွန်းကို မဖြေဘူး။

အဲဒါဟာ သာမန်မှတ်ချက် တစ်ခုလိုပဲ။

နန်ကောဟာ မူးနေခဲ့တာမို့ စိတ်ထဲ မထားဘူး။သူမဟာ အမြန်ပဲ မေ့သွားတယ်။

ဟိုတယ်အ၀မှာတော့ လက်ထောက်ယွမ်ဟာ ကားထဲက ထွက်လာပြီး ဘေးက ကားဆီသွားကာ ဖုန်းယွမ်ယွမ်နဲ့ အခြားလူတွေကို ကူပေးတယ်။

စုဟွေးရဲ့၀မ်းကွဲလေးဟာ လက်ထောက်ယွမ်နဲ့လိုက်ပြီး မိန်းကလေး၃ယောက်ကို အပေါ်ထပ် လိုက်ပို့ပေးတယ်။လက်ထောက်ယွမ်ဟာ စေ့စပ်သေချာပြီး ဟိုတယ်နဲ့ ဆက်သွယ်ပြောဆိုကာ အရက်နာကျဆေးပါ ပြင်ဆင်ထားပေးတယ်။

နန်ကောနဲ့ ရှန်ရန်ချင်းတို့ အကြာကြီး တက်မလာသေးတာကို မြင်တော့ စုဟွေးရဲ့၀မ်းကွဲလေးဟာ သူတို့နှစ်ယောက်ကို အောက်ဆင်းရှာတယ်။

အဆုံးမှာတော့ ကားဆီမရောက်သေးခင်မှာဘဲ နန်ကောဟာ သူမရဲ့ကိုယ်သေးသေးလေးနဲ့ အမျိုးသားကို ကားတံခါးပေါ် ဖိပြီး ခြေ‌ဖျားထောက် နမ်းနေတာကို သူ ခပ်လှမ်းလှမ်းကနေ တွေ့ရတယ်။

အမျိုးသားဟာ ပြုံးပြီး ခေါင်းကို လှည့်တယ်။သူ့ပုံစံကြည့်ရတာ သူမကို ငြင်းနေတဲ့ပုံ ပေါက်ပေမဲ့ အမှန်က သူ့လက်ဟာ နန်ကော လဲမှာစိုးပြီး သူမရဲ့ခါးကို ထိန်းကိုင် ထားပေးတာ။

သူဟာ တစ်၀က် တုံ့ဆိုင်းနေပြီး တစ်၀က် လက်ခံနေတယ်။အကြည် စိုက်နေသလိုမျိုးပဲ။

နန်ကောဟာ သူမရဲ့အနောက်မှာ တစ်ယောက်ယောက် ရှိနေတာကို မသိဘူး။ဒါပေမဲ့ ရှန်ရန်ချင်းရဲ့ရှုထောင့်ကနေဆိုရင်တော့ သူဟာ စုဟွေးရဲ့၀မ်းကွဲလေးကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။

တစ်ဖက်လူဟာ နေရာမှာပဲ ကို့ရို့ကားယား ရပ်နေမိတယ်။သူ ထွက်သွားချင်ပေမဲ့ သူ့ခြေထောက်တွေဟာ မြေကြီးနဲ့ ကပ်ထားသလိုပဲ။သူဟာ မြေကြီးပေါ်မှာ ရပ်မြဲတိုင်း ရပ်နေပြီး မလှုပ်ရဲဘူး။

ရှန်ရန်ချင်းဟာ သူ့အကြည့်ကို မျက်စိထောင့်ကနေ တစ်ဖက်လူဆီ ပို့လိုက်ပြီး မျက်မှန်အောက်က မျက်လုံးနက်နက်တွေထဲ အပြုံးရေးရေးလေး ဖြတ်သွားတယ်။အဲဒီနောက် သူဟာ လူရှိနေတာကို သတိမထားမိသလိုမျိုး ကောင်မလေးရဲ့နူးညံ့တဲ့မေးကို ကိုင်ကာ နန်ကောဟာလည်း အလိုက်သင့်လေး ပါလာတယ်။သူ့ခေါင်းကို ငုံ့လိုက်တဲ့အခိုက်အတန့်မှာ သူဟာ သူမရဲ့နီရဲရဲနှုတ်ခမ်းကို ကိုက်လိုက်တယ်။

239 03

စုဟွေးရဲ့၀မ်းကွဲလေးခမျာ ကြောင်အ သွားရတယ်။သူဟာ ရပ်မြဲတိုင်းရပ်နေမိပြီး စိုးရိမ်လာပြီ။သိပ်‌မဝေးတဲ့နားက အမျိုးသားဟာ မော့ကြည့်လာတယ်။ရွှေရောင်အနားကွပ်နဲ့မျက်မှန်အောက်မှာ သူ့ရဲ့ခပ်စဉ်းစဉ်းရှိတဲ့ မျက်လုံးတွေဟာ သူ့ကို အေးတိအေးစက် လှမ်းကြည့်နေတယ်။

တစ်ချက်ကြည့်ရုံနဲ့ နောက်ဆုံးမှာတော့ သူ သူ့ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီ။

အခု ရှန်ရန်ချင်းဟာ ညစာ စားတုန်းကလို ဖော်ရွေမနေဘူး။သူဟာ နယ်မြေ ကျူးကျော်ခံရတဲ့ သားရဲတိရိစ္ဆာန်ကြီးလိုပဲ။သူဟာ သူ့အာဏာကို ကြေငြာနေသလိုမျိုး အစွယ် ထုတ်ပြနေတယ်။သူ့ကို အနောက်ကနေ လိုက်ဖမ်းပြီး သတိပေးနေတဲ့ အဓိပ္ပာယ်ဟာ သိသိသာသာပဲ...။

******

All Chapters