← Chapters

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း ၂၄၀

Vol. 24 Ch. 240

240 01

Chapter 240 သူအရမ်းကလေးဆန်လို့ရမှာမဟုတ်ဘူး။

နောက်တစ်‌နေ့နေ့လည်မှာတော့ သူတို့ ဟိုတယ်မှာ နေ့လည်စာ စားကြတယ်။

ရှန်ရန်ချင်း ဖုန်းပြောနေတုန်း နန်ကောဟာ မနေ့ညက မတော်တဆကို စုဟွေးဆီက‌နေ သိရတယ်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” နန်ကောမှာ ရှော့တွေပါ ရပြီး ခက်ရင်းပေါ်က အကင်တောင်မှ ပြုတ်ကျသွားတယ်။

သူမရဲ့အမြင်မှာတော့ ရှန်ရန်ချင်းဟာ အဲဒီလိုလူ မဟုတ်ဘူးလေ။

သူဟာ အဲဒါနဲ့ပြောင်းပြန် အမြဲ သူ့အချစ်ကို အပြင်လူတွေရှေ့ ထုတ်ပြတာ ရှားတယ်။မနေ့က ဟိုစကားတွေ ပြောတာတောင်မှ သူ့အတွက် အဝောာ်လေး ချိုးဖျက်ထားရတာ ဖြစ်နေပြီ။

သူ ဘယ်လိုလုပ် သူမကို စုဟွေးရဲ့၀မ်းကွဲလေးရှေ့မှာ ရည်ရွယ်ချက်ရှိရှိ နမ်းပါ့မလဲ။

“အဲဒါ ငါ့၀မ်းကွဲ ပြောတာ ကြည့် ကြည့်” စုဟွေးဟာ သူမဖုန်းထဲက ဝီချက်ကို ပြတယ်။သူမတို့ မနေ့ညက မူးနေခဲ့တာ။ဒီမနက်စောစော နိုးလာတော့မှ သူမ၀မ်းကွဲလေး သူမကို စာတွေ၁၀စောင်ထက်မနည်း ပို့ထားတာကို တွေ့လိုက်ရတာ။

နန်ကောဟာ ဖုန်းကို ယူပြီး လေးလေးနက်နက်ဖတ်တယ်။

သိသာစွာပဲ စုဟွေးရဲ့၀မ်းကွဲလေးဟာ လာကွန်ပလိန်း တက်တာ။စကားလုံးတိုင်းမှာ မကျေနပ်ချက်တွေနဲ့။ဒါဟာ အရှေ့မြောက်ပိုင်းက လူတွေရဲ့ စကေးတစ်မျိုးလည်း ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ သူတို့ရဲ့ အသံဖိုင်တွေကနေ စုဟွေး၀မ်းကွဲလေးရဲ့ ကွက်ကွက်ကွင်းကွင်းနဲ့ ဒေါသတကြီး ဖော်ပြမှုကနေတဆင့် အဲဒီအချိန်တုန်းက မြင်ကွင်းဟာ နန်ကောရဲ့စိတ်ထဲ ပြန်ပေါ်လာတယ်...။

ရှန်ရန်ချင်း သူမကို အခြားလူတွေရှေ့ တမင်တကာ နမ်းတာရယ်၊ပြီးတော့ သူမကို ကြိုက်နေတဲ့ ကောင်လေးအရှေ့မှာဆိုတဲ့‌ အတွေးကို တွေးမိတော့ နန်ကောရဲ့မျက်နှာဟာ မထိန်းနိုင်ဘဲ ရဲတက်လာတယ်။

သူမဟာ ၀န်ခံဖို့ ငြင်းဆန်တုန်းပဲ။ “သူက ‌ဒီလိုကလေးဆန်တဲ့လူ မဟုတ်ဘူး”

ဒါ ရှန်ရန်ချင်း လုပ်တတ်တာမျိုး မဟုတ်ဘူး။

ဖြစ်နိုင်တာက သူမ အရမ်းမူးနေခဲ့တာမှန်ပြီး သူ့ကို ကားတံခါးပေါ် ဖိနမ်းခဲ့တာ ဖြစ်နိုင်တယ်။

သူမဟာ မူးနေခဲ့ပြီး သူ့ရဲ့အလှတရားရှေ့မှာ သူမကိုယ်သူမ မထိန်းချုပ်နိုင်ခဲ့ဘူးဆိုတာ နားလည်ပေးလို့ ရတယ်။

ဒါပေမဲ့ ရှန်ရန်ချင်းက မူးမနေခဲ့ဘူး။သူဟာ ‌ဖြောင့်မတ်တဲ့လူ။သူမ သူ့ကို လူတွေရှေ့မှာ နမ်းရင် သူ ရှက်တတ်လောက်တယ်။

တွေးကြည့်ရုံနဲ့တင် မဟုတ်တမ်းတရားလို့‌ ခံစားရတယ်။

စုဟွေး၀မ်းကွဲလေးရဲ့ ဖော်ပြမှုဟာ အကျယ်ချဲ့ထားလောက်တယ်လို့ နန်ကော ထင်တယ်။ဒါကြောင့်မို့ သူမ သူ့ကို မယုံဘူး။

စုဟွေးဟာ ဒေါသထွက်ထွက်နဲ့ သူမခေါင်းကို ပုတ်တယ်။ “နင် တွဲနေတာပဲ ကြာပြီ။ ဘာလို့ယောက်ျားတွေကို နားမလည်သေးတာလဲ။ သူတို့က ဒါကို ကလေးဆန်တယ်လို့ကို မတွေးတာဟ။ သူတို့ရဲ့မျက်လုံးထဲမှာ အာဏာ ပြတယ်ဆိုတာ လိုအပ်မှုတစ်ခုပဲ”

“ဟမ်” နန်ကောဟာ ခေါင်းကို စောင်းတယ်။ဒါကို သူမ ပထမဆုံး ကြားဖူးတာ။

“အာ… ငါ သဘောပေါက်ပြီ” ပြောပြောဆိုဆိုနဲ့ စုဟွေးဟာ စားပွဲကို ရိုက်ချတယ်။ကျန်တဲ့၃ယောက်မှာ လန့်သွားပြီး ပုခုံးတွေပါ တုန်တက်သွားကြတယ်။သူတို့ဟာ သူမကို ကြောင်တောင်တောင်နဲ့ ကြည့်လာကြတယ်။

“ငါ့၀မ်းကွဲက နင့်ကို ကြိုက်ကြောင်း မတိုင်ခင်ညကပြောပြီး နောက်တစ်နေ့မှာပဲ ဥက္ကဌရှန်က ရောက်လာတယ်။ နင် သူ့ကို ငါ့၀မ်းကွဲအကြောင်း ပြောလိုက်သေးလား”

နန်ကောဟာ ခေါင်းညိတ်တယ်။ “အင်း”

စုဟွေးဟာ သူမ သိနေတယ်ဆိုတဲ့ပုံစံမျိုး ချက်ချင်း ဖြစ်သွားတယ်။ “ဥက္ကဌရှန်က တကယ်တစ်ခုခုပဲ။ သူက နင် ပေါ်လာတဲ့အချိန်ကတည်းက အသဲကွဲသွားပြီးသား ဖြစ်တဲ့ အချစ်ပြိုင်ဘက်‌လေး တစ်ယောက်အတွက်နဲ့ ဒီအထိ ရောက်လာတာ”

သူမဟာ သူ့ကို လက်မ ထောင်တယ်။သူမ ရှန်ရန်ချင်းကို တကယ်ချီးကျူးနေတာလားကိုတော့ ဘယ်သူမှ မသိရဘူး။ “ငါ လေးစားသွားပြီ”

သူမရဲ့စကားကို ကြားတော့ နန်ကောတစ်ယောက် ဘယ်လောက်ပဲ တုံးအပါစေ နားလည်သွားတယ်။

ဘာအထီးကျန်တာ။ရှန်ရန်ချင်း ဒီကို ရောက်လာတယ်ဆိုတာ အချစ်ပြိုင်ဘက်ရှိကြောင်း ကြားလို့ကိုး။ဒါကို ဒီလိုတွေးလိုက်တော့ စုဟွေးရဲ့ဝမ်းကွဲလေးရှေ့မှာ ရှန်ရန်ချင်း တကယ်ပဲ သူမကို တမင်တကာ နမ်းခဲ့လောက်တယ်။

ဒီအကြောင်းပြချက်နဲ့ကျမှ ပိုပြီးအကျိုးအကြောင်း ဆီလျော်သွားတော့တယ်။

အခုလေးတင် နန်ကောဟာ စုဟွေးကို မယုံတဲ့ပုံ ဖြစ်နေခဲ့တာ။မိနစ်ပိုင်းအတွင်းမှာပဲ သူမဟာ ကမ္ဘာအသစ်ကို တံခါး ဖွင့်မိသွားပုံရပြီး ရှန်ရန်ချင်းကို ထပ်သိသွားပြန်တယ်။

လူအို‌ကြီးတွေဟာလည်း ကလေး ဆန်နိုင်တာပဲကိုး။

240 02

“သူ...ငါတို့ စေ့စပ်ပြီးပြီပဲ။ သူ ဘာလို့ အချစ်ပြိုင်ဘက်တွေကို စိုးရိမ်နေသေးတာလဲ” သူမပုံစံဟာ ကွန်ပလိန်းတက်နေတဲ့ပုံ ပေါက်ပေမဲ့ အတွင်းပိုင်းမှာတော့ ချိုမြိန်မှုကို ခံစားနေရတယ်။

စုဟွေးနဲ့ ဖုန်းယွမ်ယွမ်တို့မှာ စိတ်ရှုပ် သွားရတယ်။သူတို့ဟာ ကိုယ်စီကိုယ်စီ ရင်ဘတ်ကို ထုပြီး ခြေထောက်တွေပါ ဆောင့်ကာ “ဒါက နင့်စေ့စပ်တာ၊လက်ထပ်တာတို့နဲ့ ဘာဆိုင်လဲ။ နားလည်ဖို့ အရမ်းလွယ်ကူပါတယ်။ နင်က ငယ်တယ် ချစ်စရာကောင်းပြီး လှတယ်။ တက္ကသိုလ်ကနေလည်း ဘွဲ့မရသေးဘူး။ ပြီးတော့ နင့်အနာဂတ်က အခုမှစရုံပဲ ရှိသေးတာ။ ဥက္ကဌရှန်က နင့်ကို အရမ်းကြိုက်တယ်။ နင် နင့်အရွယ် ကောင်လေးတွေနဲ့ တွေ့တဲ့အခါ သူ သေချာပေါက် အကျပ်အတည်းကို ခံစားရမှာပဲ”

“နင် ငါ့ကို မယုံရင် ဥက္ကဌရှန်ကို စမ်းသပ်ကြည့်လိုက်။ ပုံမှန်ဆို သူဂရုမစိုက်တဲ့ပုံ ပေမဲ့ နင်တို့နှစ်ယောက်ကြားမှာ အသက်၈နှစ် ကွာတာကို သူ အမြဲ သေချာသတိရတယ်။ ဒီအသက်ကွာဟမှုက ဓားတစ်ချောင်းလိုပဲ အမြဲသူ့ရင်ဘတ်ထဲ တန်းလန်းဖြစ်နေမှာ”

“သူက ငါ့၀မ်းကွဲ ဒါမှမဟုတ် အခြားကောင်လေးတွေ နင့်ကို ဒီဓားသုံးပြီး သူ့ကို ထိုးအောင် လုပ်မှာကို စိတ်ပူတာ”

“ဒါပေမဲ့ ၈နှစ်က အချိန်အကြာကြီးမှ မဟုတ်တာ” နန်ကောဟာ ဒီနံပါတ်ကို ၁ခါ၊၂ခါလောက်ပဲ အထိမခံ ဖြစ်ခဲ့တာ။

“နင် အဲဒီလိုပြောရင်တော့ ၈နှစ်က တကယ်လည်း နံပါတ်သက်သက်ပါပဲ။ အချိန်က ကုန်တာမြန်ပြီး ထည့်ပြောဖို့တောင် မလိုဘူး။ ဒါပေမဲ့ စဉ်းစားကြည့်လေ။ ဥက္ကဌရှန် တက္ကသိုလ်ကနေ ဘွဲ့ရတော့ နင်က ဂျူနီယာအထက်တန်းမှာပဲ ရှိသေးတယ်။ နင် တက္ကသိုလ်ကနေဘွဲ့ရရင် သူက ၃၀လောက်ဖြစ်နေပြီ။ အဲဒါက လက်ထပ်ပြီး ကလေးယူဖို့ အရွယ်ကောင်းပဲ”

“သူသာ စောစောစရင် သူ မိန်းကလေးတွေနဲ့ စတွေ့နေတဲ့အချိန် နင်က မူကြိုမှာပဲ ရှိဦးမယ်”

“နောက်ကွယ်မှာကျ ဒီ၈နှစ်က နံပါတ်သက်သက်ပဲလို့ ဆိုလိုသေးလား”

“ဒီတော့ အမြဲတမ်းကြီး ဘာသိဘာသာမနေနဲ့။ ပြီးတော့ ဥက္ကဌရှန်က သဘောထားကြီးမယ်လည်း အမြဲမထင်နဲ့။ သူလည်း ယောက်ျားတစ်ယောက်ပဲ။ သ၀န်တိုမယ်။ ပိုင်ဆိုင်ချင်စိတ် များမယ်။ ၈နှစ်အသက်ကွာဟမှုကို သိမ်ငယ်သလို ခံစားရလိမ့်မယ်။ နင် သူ့ကို ပိုပြီး ဂရုစိုက်သင့်တယ်”

စုဟွေးဟာ မေးစေ့ကိုပွတ်ပြီး ဝေဝေဝါးဝါးနဲ့ ပြောတယ်။ “မနေ့က ငါတို့တွေ့ကတည်းက ဥက္ကဌရှန် ငါ့၀မ်းကွဲကို ကြည့်ကြည့်နေတာ မထူးဆန်းတော့ပါဘူး။ သူ့အကြည့်က ငါ့၀မ်းကွဲဆီပဲ အကြာကြီး တဝဲလည်နေတာ”

နန်ကော “.....”

ယဉ်ကျေးမှုကို ကျော်ပြီး ရှန်ရန်ချင်းရဲ့အကြည့်ဟာ လူတစ်ယောက်ဆီမှာ အကြာကြီးရှိမှာ မဟုတ်ဘူး။အဲဒီလို တိုက်ရိုက်အကြည့်မျိုးဟာ သူ့အတွက် လူကြီးလူ‌ကောင်း မဆန်ဘူး။သူတို့ စကားပြောနေမှသာ သူဟာ တစ်ဖက်လူကို လေးလေးနက်နက် ကြည့်တတ်တာ။ဒါပေမဲ့ ပထမဆုံးအကြိမ် တွေ့တာဆိုရင်တော့ သူဟာ အရမ်းရုတ်တရက် လုပ်မှာမဟုတ်ဘူး။

အများဆုံးမှ ၃စက္ကန့်လောက်သာ အကြည့်ချင်းဆုံပြီး အကြည့် လွှဲသွားလိမ့်မယ်။

သူ စိတ်ဝင်စားနေတယ်ဆိုရင်တောင်မှ ဒါမျိုးကို လုပ်မှာမဟုတ်ဘူး။

အခု စုဟွေးရဲ့ခွဲခြမ်းစိတ်ဖြာမှုကို ကြားတော့ သူမဟာ အသေးစိတ်တွေကို ကျော်ကြည့်ခဲ့မိတယ်လို့ ပိုပိုခံစားလာရတယ်။

ရှန်ရန်ချင်း အရမ်း၀မ်း‌နည်းနေတော့မှာပဲ။

အဲဒီနေ့ နေ့လည် နန်ကောဟာ အပြင်မသွားဘဲ ဟိုတယ်မှာပဲနေပြီး နားတယ်။

နန်ကောနဲ့ ရှန်ရန်ချင်းတို့ တစ်ခုခု ပြောစရာရှိတာကို သဘောပေါက်တာမို့ စုဟွေးဟာ ဖုန်းယွမ်ယွမ်နဲ့ချန်ရှားကို အနီးအနားက တိရိစ္ဆာန်ရုံကို သူမရဲ့၀မ်းကွဲလေးကို ဒရိုင်ဘာ လုပ်ခိုင်းပြီး ကြင်ကြင်နာနာနဲ့ ခေါ်သွားတယ်။ဥက္ကဌရှန်တစ်ယောက် နေ့လည်ဘက် အပြင် မထွက်တော့ဘူးဆိုတာကို လက်ထောက်ယွမ်ဟာ သိတယ်။ဒီတော့ ဒါဟာ သူ အနားယူလို့ ရတယ်ဆိုတဲ့သဘော။သူဟာ ဒီနေရာနဲ့ တရင်းတနှီးမရှိဘဲ ဘာလုပ်ရမလဲလည်း မသိဘူး။ဒါကြောင့် သူလည်းပဲ စုဟွေးရယ်၊အခြားလူတွေရယ်နဲ့ လိုက်သွားတယ်။

“မင်း ဘာလို့ သူတို့နဲ့ လိုက်မသွားတာလဲ” ရှန်ရန်ချင်းဟာ သူ ရောက်လာတာက သူမရဲ့ခရီးပလန်တွေကို နှောင့်ယှက်မိပြီလို့ ထင်သွားတယ်။ “ကိုယ် ပြီးရင် ဟိုက်မြို့ကို ပြန်တော့မှာ။ သူတို့နဲ့ လိုက်လည်လေ”

နန်ကောဟာ လိမ်လိုက်တယ်။ “ကျွန်မ ခေါင်းနည်းနည်းမူးနေလို့ အပြင် မသွားချင်တော့ဘူး”

ရှန်ရန်ချင်းဟာ ဒါကိုကြားတော့ သူမကို အပြင်ထွက်ခွင့် မပေးရဲတော့ဘူး။သူဟာ ရေနွေးကြိုပြီး သူမကို ဆေးတိုက်တယ်။ “အဲဒါ မင်း မနေ့ညက သောက်ခဲ့လို့ နေမယ်။ အိပ်လိုက် ဒါမှ နိုးလာတဲ့အခါ ခေါင်းမမူးတော့မှာ။ သူတို့ ဒီည ပြန်ရောက်ရင် ကိုယ် မင်းကို နှိုးမယ်”

240 03

နန်ကောဟာ ဆေး‌သောက်ပြီးတော့ အိပ်ရာပေါ်လဲကာ သူ့ကို စိုက်ကြည့်တယ်။

စောင်ဟာ မြင့်မြင့်ဆွဲတင်ခံထားရပြီး သူမရဲ့မျက်လုံးလေးတွေကိုပဲ ဖော်ထားတယ်။သူမဟာ တစ်ခုခုကို တွေးရင်း သူမမျက်လုံးတွေဟာလည်း ကလယ်ကလယ် ဖြစ်နေတယ်။

ရှန်ရန်ချင်းဟာ သူမကို ကျောခိုင်းပြီး ခွက်ဆေးနေတယ်။သူဟာ အလုပ်ရှုပ်နေပြီး သူမရဲ့အကြည့်ကို သတိမထားမိဘူး။

ဆေးကြောပြီးတဲ့အခါ သူဟာ မသိစိတ်ကနေ အိပ်ရာပေါ်ကလူကို လှည့်ကြည့်မိတယ်။သတိလက်လွတ်ပဲ သူဟာ သူမရဲ့မျက်လုံးတွေနဲ့ သွားဆုံတယ်။

သူဟာ တန့်သွားပြီး အပြုံးလေးတစ်ပွင့်ကို ဖော်ဆောင်လာတယ်။ “မင်း ကိုယ့်ကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ”

နန်ကောဟာ စကားမပြောဘူး။သူမရဲ့မျက်နှာကို စောင်အောက်မှာ အုပ်ထားတာမို့ သူမရဲ့လက်ရှိ မျက်နှာထားကို သူ မမြင်ရဘူး။သူမမျက်လုံးထဲက ရှုပ်ထွေးစေတဲ့ ခံစားချက်တွေကိုပဲ သူမြင်နေရတယ်...။

******

All Chapters