← Chapters

အခန်း ၂၄၁

Vol. 25 Ch. 241

အခန်း ၂၄၁

Vol. 25 Ch. 241

241 01

Chapter 241 မငိုပါနဲ့။

ဖျားနေပြီဆို လူတွေဟာ ပိုပြီးထိလွယ်ရှလွယ်ကြတယ်လို့ ပြောကြတယ်။

နန်ကောရဲ့ခံစားချက်ကို ဘာက ထိသွားလဲဆိုတာ ရှန်ရန်ချင်း မသိဘူး။ဒါပေမဲ့ နန်ကော အခု သူ့နှစ်သိမ့်မှုကို အရေးတကြီး လိုအပ်နေတယ်ဆိုတာကိုတော့ သိတယ်။

သူဟာ အရှေ့ကို တိုးလိုက်တယ်။သူ့လက်ဟာ အခုလေးတင် ရေအေး ထိထားခဲ့တာမို့ သူဟာ အအေးဓာတ် ပျောက်သွားအောင် လက်ကို ပွတ်လိုက်ပြီးမှ အိပ်ရာဘေး ဒူးထောက်ထိုင်ချကာ သူမကို ဖက်တယ်။

သူမဘေးက မွေ့ယာဟာ နစ်၀င်သွားတယ်။နန်ကောဟာ လက်မလှမ်းဘဲ စောင်အပြင်ကနေတစ်ဆင့် သူ့လက်ကို သူမခါးကို ကိုင်ခွင့်ပေးတယ်။

“ရော့ရော့ လိမ်မာပါ။ မင်း အိပ်လိုက်ရင် သက်သာသွားလိမ့်မယ်” သူဟာ သူမရဲ့ကျောပြင်ကို ညင်သာစွာပုတ်ပေးရင်း သူမကို ချော့သိပ်နေသလိုမျိုး အသံတိုးတိုးလေးနဲ့ ပြောတယ်။

နန်ကောဟာ နာနာခံခံနဲ့ မျက်လုံးကိုမှိတ်လိုက်ပေမဲ့ သူမ အိပ်ချင်မ‌နေဘူး။

သူမစိတ်ထဲ စုဟွေး ပြောခဲ့တာတွေနဲ့ ပြည့်နေတယ်။

ဆက်ဆံရေးတွေနဲ့ ပတ်သက်ရင် စုဟွေးဟာ ကျိန်းသေပေါက် သူမထက် ပိုတော်တယ်။သူမကို “အချစ်နည်းပြ” လို့တောင် ခေါ်လို့ရတယ်။

ဒါကြောင့် သူမအမြင်မှာတော့ စုဟွေးရဲ့သတိပေးချက်ဟာ အရမ်းအရေးပါတယ်။

သူမ စုဟွေးပြောခဲ့သမျှတွေကို ဂရုတစိုက်လည်း နားထာင်ဖြစ်ခဲ့တယ်။အတန်းထဲမှာတောင်မှ သူမ ဒါရဲ့တစ်၀က်လောက်အထိ အလေးအနက် မဖြစ်ခဲ့ဖူးဘူး။ “ရှန်ရန်ချင်း ကျွန်မ ရှင့်ကို တကယ်ကြိုက်တယ်”

သူမဟာ မနေ့ညက ဘာအကြောင်းကိုမှ မပြောဘူး။သူမပါးစပ်ကို ဖွင့်ဟလိုက်တော့ သူမရဲ့အသံဟာ တိုးလျပြီး ငိုသံလေးလည်း ပါနေတယ်။ရိုးရှင်းတဲ့ စာကြောင်းလေးတစ်ကြောင်းဟာ အမျိုးသားရဲ့နှလုံးသားကို ခပ်ပြင်းပြင်း သွားထိတယ်။

သူဟာ လက်ကို သူမရဲ့ကျောအနောက်မှာ ထားပြီး တစ်ခဏလောက် ရပ်တန့်သွားတယ်။နောက်တော့မှ သူဟာ သူမရဲ့ပိန်ပိန်ပါးပါး ကျောပြင်လေးကို ညင်ညင်သာသာနဲ့ ဆက်ပုတ်ပေးတယ်။ဒါပေမဲ့ သူ့ရဲ့အခြားလက်တစ်ဖက်ဟာ သူမကို ဖြည်းဖြည်းချင်း သူ့ရင်ခွင်ထဲ ဆွဲသွင်းနေတယ်။

“မငိုနဲ့ မငိုနဲ့ အိပ်ရာ နိုးလာရင် မင်းမျက်လုံးတွေ နာနေလိမ့်မယ်”

သူဟာ သူမရဲ့အချစ်ကို စကားလုံးတွေနဲ့ မတုံ့ပြန်ခဲ့ဘူး။ကလေးတွေက မငိုဘူးဆိုပြီး သူ ပြောပေမဲ့လည်း နန်ကော မမြင်ရတဲ့ရှုထောင့်ကနေ အမျိုးသားရဲ့မျက်လုံးတွေဟာ သူမထက်တောင်မှ ပိုနီနေသေးတယ်။

သူဟာ ဘာမှမပြောပေမဲ့ အကုန်လုံးကို သိ‌ပါတယ်။

တကယ်တော့ မနေ့ညက ကားထဲမှာ နန်ကောရဲ့သာမန်မေးခွန်းလေးအတွက် အဖြေဟာ သူ့လျှာဖျားထိပ်လေးမှာတင်။ဒါပေမဲ့ အဆုံးမှာတော့ သူ မပြောဖြစ်ခဲ့ဘူး။

တကယ်လို့ သူတို့ အချိန်နောက်ပြန်သွားပြီး လွန်ခဲ့တဲ့၂နှစ်က ပွဲတစ်ပွဲပွဲမှာ ဆုံခဲ့မယ်ဆိုရင် ပြောခဲ့သလိုပဲ။ နန်ကော သူ့ကို အခုလောက် ကြိုက်လိမ့်မယ်လို့ သူ မထင်ဘူး။၁၇၊၁၈အရွယ်ကလေးမလေးဟာ သူမ တစ်ခါမှမမြင်ဖူးတဲ့ ရှန်ရန်ချင်းအပေါ် သဘာ၀အတိုင်း‌လေး စိတ်ထဲစွဲမိခဲ့တာ။

နောက်တော့ မတော်တဆတစ်ခုကြောင့် သူတို့ဆုံခဲ့တော့လည်း သူမ သူ့ကို မသိခဲ့ဘူး။‌စံပြပုဂ္ဂိုလ်သက်ရောက်မှုလို့ ခေါ်တဲ့အရာကို ဖယ်ထားရင် သူမဟာ အရမ်းဖြူစင်ပြီး သူ့ကို ရိုးရိုးလေးပဲ ကြိုက်ခဲ့တာ။

နောက်ပြီး လွန်ခဲ့တဲ့၂နှစ်က အဲ့တုန်းက သူ့အခြေအနေဟာ သူတို့နောက်မှ ဆုံခဲ့တဲ့အချိန်တုန်းကလောက် မကောင်းခဲ့ဘူး။အခု အဲ့အကြောင်းတွေးကြည့်ခါမှ သူတို့နှစ်ယောက် စောစော တွေ့ခဲ့တာ ပိုကောင်းမယ်လို့ သူ ခံစားမိတယ်။ဒါမှ သူတို့ဆက်ဆံရေးကို ပိုစောစော ဖွံ့ဖြိုးနိုင်ခဲ့မှာ။

အမှန်က သေချာ တွေးကြည့်ပြီးပြန်တော့လည်း အဲ့လိုအခြေအနေမှာ သူ နန်ကောရဲ့သဘောကျမှုနဲ့ မထိုက်တန်သေးဘူးလို့ ခံစားနေရတုန်း။မိန်းမငယ်လေးရဲ့သူ့‌အပေါ် စံပြပုဂ္ဂိုလ်လို လေးစားတာကို ဖယ်ထားလိုက်ရင် အဲ့အချိန်မှာ နန်ကော သူ့ကို ကြွေအောင် သူ လုပ်နိုင်မယ်လို့ မထင်ဘူး။

241 02

လေးစားတယ်ဆိုတဲ့ သက်ရောက်မှုဟာ ပွဲတိုင်းမှာပေါ်လာတဲ့ သူ့ရဲ့ဖုံးကွယ်ဟန်‌ဆောင်ထားတဲ့ အသွင်အပြင်ကြောင့် အနှေးနဲ့အမြန် ပျက်ပြယ်သွားမှာပဲ။

အဲ့အချိန်တုန်းက သူဟာ နိုင်ငံထဲကို ပြန်ရောက်ရုံပဲရှိသေးပြီး ပေါင်းသင်း ဆက်ဆံရတာကို မနှစ်သက်ခဲ့ဘူး။ဒါကြောင့် သူ ဆင်တူတဲ့ပွဲတွေ အများကြီးကို ငြင်းဆိုခဲ့တာ။အဲ့အခြေအနေနဲ့သာ သူပေါ်လာခဲ့ရင် သူဟာ ကျိန်းသေပေါက်ကို လူတိုင်းအတွက် အရမ်းရိုးသားနေမှာ မဟုတ်ဘူး။အဲ့အချိန်မှာ မိန်းမငယ်လေး သူ့ကြောင့် နာကျင်သွားနိုင်တယ်။

အချိန်က ကောင်းမွန်တဲ့အရာတစ်ခုပဲ။၊၂နှစ်ဆိုတဲ့အချိန်ဟာ သူ့အတွက် အခြေကျ တည်ငြိမ်ဖို့ လုံလောက်ခဲ့တယ်။

အဲ့နောက်ပိုင်း သူတို့ဆုံကြတဲ့အချိန်မှာ သူ့အပေါ်ထားတဲ့ သူမရဲ့လေးစားမှုဟာ အတော်လေး လျော့သွားခဲ့တယ်။၁၇၊၁၈အရွယ်လောက်က နားမလည်နိုင်ခဲ့တဲ့ ပြင်းပြမှုတွေ သူမမှာ မရှိတော့ဘူး။အမှန်ကတော့ နှိပ်စက်သလား အောက်မေ့ရတဲ့ စာလေ့လာမှုတွေကြောင့် သူမ တစ်ခါ သူဟာ လူကောင်းမဟုတ်ဘူးဆိုပြီး တွေးကာ သူ့ကို ‌စိတ်ဆိုးခဲ့ဖူးတယ်။

ဒါပေမဲ့လည်း ဒီဆန့်ကျင်ဘက် ဖြစ်မှုကပဲ သူမ သူ့ဆီ ဆက်တိုက်ချဉ်းကပ်မိနေရတဲ့ ဆွဲဆောင်မှုတစ်ခု။

ဒါကြောင့် သူ့ရှုထောင့်ကနေဆိုရင်တော့ ၂နှစ်ကြာပြီးမှဆုံ ရတာဟာလည်း မဆိုးပါဘူး။

လူမှန်ဟာ အမြဲတမ်းအချိန်မှန်မှာပဲ ပေါ်လာမှာပါ။

အဲ့နေ့ကတည်းက နန်ကောဟာ “လူအိုကြီး” ဆိုတဲ့စကားလုံးကို တရားမ၀င် ခွဲထုတ်ထားတယ်။

သူမကိုယ်တိုင်လည်း ထုတ်မပြောသလို နန်ကျဲ့ကိုလည်း နောက်ကွယ်မှာ ရှန်ရန်ချင်းကို အဲ့လိုခေါ်ခွင့် မပေးဘူး။

သူမတို့ တမင်တကာကြီး မရည်ရွယ်ဘဲ စနောက်နေတယ်ဆိုတာကို သိတယ်ဆိုပေမဲ့လည်းပေါ့။

အဲ့နေ့က နန်ကျဲ့ဆီကို နန်ကောဆီက ဖုန်း၀င်လာတယ်။သူမရဲ့စကားတွေကို ကြားပြီးတဲ့အခါ သူမ နားမလည်နိုင်တာလို့ပဲ သူ ခံစားရတယ်။

သူဟာ သူမကို အကျိုးအကြောင်း မဆီလျော်ဘူးလို့ထင်ပြီး လက်မခံဘူး။ဒါပေမဲ့ နန်ကောဟာ သူနဲ့ တရားသဖြင့် အကျိုးအကြောင်း ဆီလျော်ပြီး သူမ နောက်တစ်ခါ သူ ရှန်ရန်ချင်းကို အဲ့လိုခေါ်တာမျိုး ကြားရရင် သေချာပေါက် ရိုက်သတ်မယ်ဆိုပြီး ပြောလာတယ်။

“နင် ရူးနေပြီလား” နန်ကျဲ့ဟာ ဒေါသထွက်လွန်းလို့ သူမရဲ့ဘိုးဘေးတွေကိုတည်ပြီး တိုက်ရိုက်ကြီး ဆဲမိသွားတယ်။

နန်ကောဟာ လက်တောင် မထပ်ရသေးဘူး။ဒါပေမဲ့ အပြင်လူတွေကို ကူညီနေပြီလို့ သူ ခံစားရတယ်။သူမ သူ့ကို အလေးအနက်ကို ထားမနေတာ။

နန်ကျဲ့ သူမကို ပြင်းပြင်းထန်ထန် ဆဲလိုက်လို့ဖြစ်မယ်။အဲ့ညမှာ နန်ကောဟာ အဖျားတက်တော့တယ်။

ကံကောင်းစွာနဲ့ ရှန်ရန်ချင်းဟာ သူမကို ဖက်အိပ်တတ်တာမို့ သူမရဲ့ခန္ဓာကိုယ် နည်းနည်းနွေးနေတာကို သတိထားမိတော့ သူဟာ ချက်ချင်းပဲ အရေးတယူ ထလုပ်တယ်။

သူဟာ ညကြီးသန်းခေါင် လက်ထောက်ယွမ်ကို နှိုးလိုက်တယ်။

ဟိုတယ်ကနေ အပူတိုင်းစက်ကို ငှားပြီးတဲ့နောက် နန်ကောမှာ ၄၀ဒီဂရီဆဲလ်စီးယပ်လောက်ရှိတဲ့ အဖျားတက်နေတာကို သိလိုက်ရတယ်။

ရှန်ရန်ချင်းဟာ သူမကို ဆေးတိုက်တဲ့အမှုကို လက်လျှော့ပြီး အ၀တ်တွေ ၀တ်ပေးပြီး ဆေးရုံခေါ်သွားဖို့ လုပ်တယ်။

ဒါပေမဲ့ သူတို့လည်း အပြင်ထွက်လာရော အပြင်မှာ နှင်းကျနေတာကို တွေ့လိုက်ရတယ်။နှင်းရဲ့ထူထပ်တဲ့အလွှာဟာ သူ့ခြေသလုံးနားထိ ရောက်နေပြီ။

ဒီနေရာဟာ ရှုခင်းနေရာနဲ့နီးတဲ့ မြို့ငယ်လေးတစ်မြို့။မနက်၃နာရီကြီး လမ်းပေါ်မှာ ဘယ်သူမှမရှိသလို ဖြတ်သွားဖြတ်လာ ကားတွေလည်း မရှိဘူး။မျက်လုံးက မြင်နိုင်သရွေ့ လမ်းပေါ်ကနှင်းတွေဟာ သန့်ရှင်းကြည်လင်နေပြီး ပုံတောင် မပျက်ဘူး။

နှင်းထူထူထဲ ကားမောင်းဖို့က မလုံခြုံဘူး။

241 03

လက်ထောက်ယွမ်ဟာ ကြည့်ပြီး ပြောတယ်။ “ဥက္ကဌရှန် မင်း မိန်းကလေးနန်ကောကို အပေါ်ကို ပြန်ခေါ်သွားရင်ရော။ ကျွန်တော် အနီးအနားက ဆေးခန်းတစ်ခုရှာပြီး ဆရာ၀န် ခေါ်လာခဲ့မယ်”

ဒါပေမဲ့ ဟိုဟိုဒီဒီ လိုက်မေးကြည့်ပြီးတဲ့နောက် ဆေးခန်းဟာ ဟိုတယ်နဲ့ ၃ကီလိုမီတာလောက် ဝေးကြောင်းကို သိလိုက်ရတယ်။ပိုဆိုးတာက အသက်ကြီးကြီး တရုတ်ဆရာ၀န်တစ်ယောက် ဖွင့်ထားတဲ့ဆေးခန်းတဲ့။တစ်ဖက်လူဟာ အသက်ကြီးပြီမို့ အရမ်းနောက်ကျနေပြီဖြစ်တဲ့ ညဘက်ကြီး လိုက်လာဖို့ မဖြစ်နိုင်ဘူး။

ပြောရရင် မြို့ဆေးရုံကတောင်မှ ပိုနီးစပ်ဦးမယ်။

ရှန်ရန်ချင်းဟာ တုံ့ဆိုင်း မနေခဲ့ဘူး။သူဟာ နန်ကောကို ကျောပေါ်တင်ပြီး နှင်းတွေထဲ လျှောက်လှမ်းသွားခဲ့တယ်။

လက်ထောက်ယွမ်ဟာ တစ်ခ ဏအံ့အားသင့်သွားတယ်။သူလည်းပဲ ဟိုတယ်ကနေ ထီးငှားပြီး သူ့အနောက်ကို အလောတကြီး ပြေးလိုက်တယ်။

အဲ့ညမှာ လက်ထောက်ယွမ်ဟာ နောက်ဆုံးတော့ ထူထဲတဲ့နှင်းတွေဆိုတာ ဘာနဲ့တူလဲဆိုတာကို မြင်လိုက်ရတယ်။မြောက်ပိုင်းမှာ နှင်းသည်းနေတယ်လို့ ပြောတာက အကျယ်ချဲ့တာမျိုးတော့ မဟုတ်ဘူး။

လေနဲ့နှင်းတွေဟာ မျက်လုံးမဖွင့်နိုင်အောင် သူ့မျက်နှာကို လာရိုက်ခတ်တယ်။သူ့မျက်တောင်တွေဟာလည်း နှင်းမှုန်တွေနဲ့ အုပ်နေပြီ။ဖယ်လိုက်လည်း မျက်တောင်တစ်ချက် အခတ်မှာပဲ တစ်ခါ ပြန်ခဲနေပြန်ရော။

၂ကီလိုမီတာနီးပါးခရီးစဥ်လေးဟာ နှင်းတွေကြောင့် ပုံမှန်ထက် ပိုခက်ခဲနေတယ်။

ရှန်ရန်ချင်းတစ်ယောက် ဟန်ချက်ပျက်သွားတဲ့ အကြိမ်‌တွေတောင် ရှိတယ်။ကံကောင်းစွာနဲ့ လက်ထောက်ယွမ်ဟာ သူ့ကိုထိန်းပေးဖို့ လုံလုံလောက်လောက် မြန်နေလို့။

ဆေးရုံကို သွားတဲ့တစ်လမ်းလုံး သူတို့ဟာ အချင်းချင်း ကူညီခဲ့ရတယ်။

ဒီက မြို့ဆေးရုံဟာ အကြီးကြီး မဟုတ်ဘူး။ညဘက် တာ၀န်ကျ ဆရာ၀န်တစ်ယောက်ပဲ ရှိတယ်။

ဆရာ၀န်ဟာလည်း သူတို့ကိုတွေ့ရလို့ အတော်အံ့ဩသွားတယ်။အထူးသဖြင့် ရှန်ရန်ချင်းရဲ့ဘောင်းဘီမှာ စိုစွတ်နေတာကို မြင်တော့။

လက်ထောက်ယွမ်ကဖြင့် နည်းနည်းကံကောင်းတယ်။သူက ထီးဆောင်းထားတာမို့ ရှန်ရန်ချင်း လျှောက်တဲ့လမ်းကိုပဲ လျှောက်ခဲ့ပေမဲ့လည်း စိတ်မကောင်းဖြစ်စရာ အခြေအနေထိတော့ မရောက်ဘူး။

“အဖျားကျဆေးတွေ မရှိဘူးလား။ တကယ်တော့ ဒီလောက် နောက်ကျနေတာကို လာဖို့အထိ မလိုပါဘူး။ လာတဲ့လမ်းမှာ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ လမ်းမီးတိုင်တွေ အကုန်ပိတ်နေခဲ့သေးလား။ မလုံခြုံဘူးနော်” ဆရာ၀န်ဟာ နန်ကောကို ဆေးသွင်းဖို့ စီမံနေရင်း သင်တန်းပို့ချလာတယ်။

“သူ အအေးမိနေတာ ၂ပတ်လောက်ရှိပြီ။ ကျွန်တော် သူ့ကို ကောင်းကောင်း ဂရုမစိုက်နိုင်ခဲ့ဘူး။ ဒီညမှ ရုတ်တရက်ကြီး အဖျား ထတက်လာတော့ တစ်ခုခု မှားသွားမှာစိုးရိမ်လို့ပါ။ ဆေးရုံကို လာလိုက်တာ ပိုကောင်းပါတယ်။ ဆရာ့ကို ဒုက္ခပေးမိတဲ့အတွက်တော့ တောင်းပန်ပါတယ်”

အမျိုးသားရဲ့အသံဟာ ပြာနေတယ်။သူ့မျက်နှာပေါ်က နှင်းမှုန်တွေဟာ အပူပေးစက်ကြောင့် အရည်အဖြစ် ပျော်၀င်သွားကာ မေးစေ့ကနေတစ်ဆင့် တတောက်တောက်ကျလျက် ရှိနေတယ်...။

******

All Chapters