← Chapters

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း ၂၄၃

Vol. 25 Ch. 243

243 01

Chapter 243 ကိုက်ရာ။

အစကတော့ ရှန်ရန်ချင်းဟာ ဟိုက်မြို့ကို ဒီမနက် ပြန်ဖို့လုပ်ထားတာ။ဒါပေမဲ့ နန်ကော ရုတ်တရက် အဖျားထတက်တာကြောင့် သူဟာ ဒီမှာ နောက်၂ရက် ထပ်နေခဲ့တယ်။

အဖျားတက်ပြီးနောက်ပိုင်း နန်ကောဟာ သိပ်မပျော်တော့ဘူး။သူမခန္ဓာကိုယ် သက်သာသွားတော့ အဖွဲ့ဟာ မြို့ရဲ့အထူးအစားအသောက်တွေကို ထပ်စားခဲ့ကြပြီး ခရီးစဉ်ဟာလည်း တရား၀င် ပြီးဆုံးသွားတယ်။

နန်ကော အိမ်မပြန်ဖြစ်တာကြာပြီမို့ ရှန်ရန်ချင်းဟာ လက်ထောက်ယွမ်ကို ကျန်းမြို့ပြန်ဖို့ လေယာဉ်လက်မှတ်ကို ၀ယ်ခိုင်းလိုက်တယ်။

ကုမ္ပဏီမှာ လုပ်စရာတွေက အများကြီးရှိနေပြီ။ဒါကြောင့် ရှန်ရန်ချင်းဟာလည်း ရွေးချယ်စရာမရှိဘဲ ပြန်ဖို့လိုတယ်။နန်ကောကို အိမ်ပြန်လိုက်ပို့ပြီးတဲ့အခါ ရှန်ရန်ချင်းနဲ့လက်ထောက်ယွမ်ဟာ ဟိုက်မြို့ကို အလောတကြီး ပြန်သွားကြတော့တယ်။

လတ်တလောမှာ နန်ကောတစ်ယောက် အအေးမိပြီး ဖျားထားတာကို သိတာမို့ မစ္စနန်ဟာ သူမကို တရုတ်ရိုးရာဆေးဆရာ၀န်ဆီ အထူးတလည်ခေါ်သွားတယ်။

ပန်းကန်လုံးထဲက အမည်းရောင်တရုတ်ဆေးကို ကြည့်ပြီး နန်ကောခမျာ နင်သွားရတယ်။နန်ကျဲ့ဟာ သူမကို လှမ်းကြည့်ပြီး မထုံတထေးနဲ့ ပြောတယ်။ “နင် အဲ့တာကို ကိုင်ထားတာ နာရီ၀က်လောက် ရှိနေပြီ ဘာစိုက် ကြည့်နေတာလဲ။ သောက်လေ”

နန်ကောဟာ မျက်မှောင် ကြုတ်တယ်။ “အနံ့ကြီးက လုံး၀စိတ်မချမ်းမြေ့စရာကြီးကို ငါ ဘယ်လို သောက်ရမှာလဲ”

“တစ်ကျိုက်တည်း မော့သောက်လိုက် အများကြီး မတွေးနဲ့” မျက်လှည့် ပြလိုက်သလိုမျိုး နန်ကျဲ့ဟာ သူ့အိတ်ကပ်ထဲကနေ သစ်သီးသကြားလုံးတစ်လုံးကို ထုတ်ပြီး သူမဆီပ စ်ပေးတယ်။ “သောက်လိုက် ပြီးရင် ဒါကို ပါးစပ်ထဲထည့်”

“အာ” နန်ကောမှာ မသောက်နိုင်သေး။

နန်ကျဲ့ဟာ သူမကို အကြိမ်ရေ အနည်းငယ်လောက် ထပ်တိုက်တွန်းတယ်။သူမဟာ စိတ်ရှုပ်လာပြီး တရုတ်ဆေးပန်းကန်လုံးကို နန်ကျဲ့ဆီ ကမ်းပေးလိုက်တယ်။ “နင်ပြောတာတော့ လွယ်နေတာပဲ ရော့ ဒီမှာ ‌သောက်ကြည့်”

ဒါဟာ ကောင်းတာအတွက်မို့ နန်ကျဲ့သောက်ကြည့်လည်းပဲ ပြဿနာမရှိဘူး။

“ငါက ဖျားမှ မနေတာ ဘာလို့သောက်ရမှာလဲ” နန်ကျဲ့ဟာ ထချင်ဟန် ဆောင်လိုက်ပြီး ဝေးဝေးမှာသွားနေဖို့ လုပ်တယ်။

နန်ကော ဘယ်လိုလုပ် သူ့ကို အလွတ်ပေးနိုင်ပါ့မလဲ။သူမ အားတွေကို ဘယ်ကရလိုက်လဲတော့ မသိဘူး။သူမဟာ ပန်းကန်လုံးကို လက်တစ်ဖက်မှာကိုင်ပြီး ကျန်လက်တစ်ဖက်နဲ့ နန်ကျဲ့ပုခုံးကိုဖိကာ ဆေးကို နန်ကျဲ့ပါးစပ်ထဲ ထည့်လိုက်တယ်။

သူမဟာ သူမရဲ့စိတ်မချမ်းမြေ့နေမှုကို သူ့ကို ဆေးသောက်ကြည့်စေခြင်းအားဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြပေးလိုက်တယ်။

အဆုံးမှာတော့ တရုတ်ဆေးတစ်ခွက်လုံးဟာ နန်ကျဲ့ရဲ့ဗိုက်ထဲကိုသာ ရောက်သွားရှာတယ်။ခါးလွန်းအားကြီးလို့ သူ့မှာ ရေ၃ခွက်လောက် သောက်လိုက်ရတယ်။

မစ္စနန်ဟာ နှစ်ယောက်သား နောက်ပြောင်နေတာကို ကြားပြီး အောက်ထပ်ကို အလောတကော ဆင်းလာတယ်။ “နန်ကျဲ့ မင်း ဘာလို့ မင်းညီမဆီက တရုတ်ဆေးကို လုသောက်ရတာလဲ။ မင်း သောက်ချင်တယ်ဆိုလည်း ခုနကပြောလေ မာမီ ‌မင်းအတွက် တစ်ခွက်လုပ်ပေးမှာပေါ့”

နန်ကျဲ့ “.....”

သူမ ရှောင်လွှဲလို့မရတာမို့ နန်ကောမှာ ကျည်ဆန်ကိုက်ပြီး ဆေးကို သောက်လိုက်ရတယ်။

အဲ့ညက သူမ ရှန်ရန်ချင်းနဲ့ ဖုန်းပြောတဲ့အခါ နန်ကောဟာ အဲ့အကြောင်းကို ပြောပြတယ်။ “တကယ်ခါးတာရော် ပုံကြီးချဲ့တာ မဟုတ်ဘူး။ ကျွန်မအစ်ကိုဆို အကုန်လုံးကို အန်ထုတ်တော့မလို့အထိ ဖြစ်သွားတာ”

243 02

သူမဟာ စကားဆုံးတာနဲ့ မနေနိုင်ဘဲ သဲလွန်စလေး ပေးတယ်။ “ကျွန်မ ဒီအိမ်မှာ ကြာကြာမနေနိုင်ဘူး”

တစ်ဖက်မှာတော့ ဟွားရှန်အဖွဲ့အစည်းရဲ့ဥယျာဉ်ဟာ လင်းထိန်နေတယ်။ဥက္ကဌရုံးခန်းထဲမှာ ရှန်ရန်ချင်းဟာ ခုံနောက်ကိုမှီပြီး နန်ကောအသံလေးကို နားထောင်ရင်း အနားယူနေတယ်။

သူမရဲ့စကားကို ကြားတော့ အမျိုးသားဟာ ပြုံးမိသွားတယ်။ “မင်း ကိုယ့်‌နေရာကို လာပြီးပုန်းချင်လား”

“အမ် ရှင် အလုပ်ရှုပ်နေမှာပေါ့” သူမဟာ ဟန်ဆောင်ပန်ဆောင် လုပ်လိုက်သေးတယ်။

“မင်းလာရင် ကိုယ် နေ့တိုင်း အလုပ်ကနေ အချိန်မှန် ဆင်းလို့ရတယ်”

ဒီအကြောင်းပြချက်ဟာ အရမ်းကောင်းတယ်။နန်ကောဟာ ချောင်းအသာဟန့်ပြီး “အဲ့လိုဆိုလည်း ကျွန်မ မနက်ဖြန်မနက် လာခဲ့မယ်”

“ကျောင်းတွေကလည်း မကြာခင်ဖွင့်တော့မှာဆိုတော့ မားလည်း တားမှာ မဟုတ်ဘူး”

ရှန်ရန်ချင်းဟာ သူမကို သွားကြိုချင်တယ်။ဒါပေမဲ့ နန်ကောဟာ သူမရဲ့ကားအသစ်ကို မမောင်းရတာကြာပြီဆိုပြီး ဒီအကြောင်းပြချက်နဲ့ သူ့ကိုငြင်းတယ်။

သူမ မနက်ပိုင်း ရောက်လာမယ်ဆိုတာကို သိပြီး ရှန်ရန်ချင်းဟာ သူမကို အိမ်ကနေပဲ အထူးတလည် စောင့်နေလိုက်တယ်။

နောက်တစ်နေ့မနက်မှာတော့ နန်ကောဟာ အိမ်ထဲကို၀င်ရင်း သီချင်းညည်း‌တယ်။ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်နေတဲ့အမျိုးသားကို တွေ့လိုက်ရတဲ့အခါ သူမရဲ့သီချင်းညည်းခြင်းအမှုဟာ ရပ်တန့်သွားပြီး နည်းနည်း ရှက်သွားတယ်။ “ရှင် ရုံးမသွားဘူး”

“ကိုယ် ဒီမနက် နားထားတာ” ရှန်ရန်ချင်းဟာ လက်ထဲကစာရွက်စာတမ်းကို ချပြီး လက်တစ်ဖက်နဲ့ မျက်မှန်ကိုချွတ်ကာ ဘေးက လေးထောင့်စားပွဲလေးပေါ် တင်တယ်။သူဟာ လက်မြှောက်ပြီး သူမအတွက် လက်တွေကို ဖြန့်ပေးတယ်။ “မင်းပင်ပန်းနေပြီလား” နန်ကောဟာ ကုတ်အင်္ကျီကိုတောင် မချွတ်ဘဲ သူ့ဆီ ပစ်၀င်လိုက်တယ်။ “ကျွန်မ မပင်ပန်းပါဘူး။ လမ်းပေါ်မှာ ကားသိပ်မရှိဘူးလေ”

ဒီနေ့ရာသီဥတု မကောင်းဘူး။ပြီးတော့ လမ်းပေါ်မှာလည်း လူတွေ သိပ်မရှိဘူး။ပြောရရင်တော့ ရုံးတက်ရုံးဆင်းချိန် မဟုတ်တာမို့ မီးပွိုင့်တွေ မပိတ်ဘူး‌။

ရှန်ရန်ချင်းဟာ ဆိုဖာကို မှီလိုက်ပြီး နန်ကောရဲ့ခါးကိုကို င်ကာ သူ့ပေါင်ပေါ် မတင်တယ်။

နန်ကောဟာ သူ့ခါးကိုဖက်ပြီး ပွတ်သပ်ရင်းချွဲတယ်။

ရှန်ရန်ချင်းဟာ ရယ်လိုက်မိရင်း သူ့လက်ချောင်းတွေကို သူမရဲ့နူးညံ့တဲ့ဆံပင်တွေကြား ယှက်ပြေးလိုက်တယ်။

နှစ်ယောက်သား အချင်းချင်းဖက်ထားကြပြီး အချိန်တစ်ခုလောက်အထိ တစ်ယောက်မှ စကားမပြောခဲ့ကြဘူး။

နေ့လည်ရောက်တော့ ရှန်ရန်ချင်းဟာ ကုမ္ပဏီကို သွားရမှာဖြစ်ပေမဲ့ သူ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ နန်ကောနဲ့ နောက်ထပ် ကြာကြာလေး နေခဲ့တယ်။သူ ကုမ္ပဏီကို ရောက်တဲ့အချိန် နေ့လည်၄နာရီကျော်နေပြီ။

ဥက္ကဌရုံးခန်းရဲ့ ဓာတ်လှေကားအ၀။

လက်ထောက်ယွမ်ဟာ ခေါင်းငုံ့ပြီး အ၀တ်အစားကို သပ်သပ်ရပ်ရပ် လုပ်တယ်။ဓာတ်လှေကားပွင့်သွားတဲ့အသံကို ကြားတဲ့အခါ သူဟာ ချက်ချင်းလက်ငင်း အလုပ်မုဒ်ကို သွင်းလိုက်တယ်။သူဟာ ရင်ကိုကော့ ခေါင်းကိုမော့ပြီး “ဥက္ကဌရှန် ဖေးယွင်နဲ့ တောင်းဆိုချက်က...”

ရှန်ရန်ချင်းဟာ ဓာတ်လှေကားထဲကနေ ထွက်လာတယ်။လက်ထောက်ယွမ်အနားကနေ ဖြတ်လျှောက်သွားတဲ့အခါ သူ့စကားရဲ့တစ်၀က်ကိုပဲ သူ ကြားလိုက်ရတယ်။

သူဟာ ထူးဆန်းစွာနဲ့ခေါင်းကို လှည့်ပြီး ရှုပ်ထွေးမှုနဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ “ဘာဖြစ်လဲ”

လက်ထောက်ယွမ်ဟာ သူ့မေးခွန်းကြောင့် အသိ ပြန်၀င်လာတယ်။ဘာတွေပဲဖြစ်နေဖြစ်နေ သူဟာ စီနီယာလက်ထောက်ဖြစ်ပြီး မုန်တိုင်းတွေ အများကြီးကို မြင်ဖူးခဲ့ပြီးပြီ။

243 03

သူဟာ အမြန်ပဲမျက်နှာထားကို ထိန်းလိုက်ပြီး အပြုံးတုလေးနဲ့ ပြောတယ်။ “ဥက္ကဌရှန် ဒီမှာ”

သူ့လက်ချောင်းရဲ့ဦးတည်ရာကို လိုက်ပြီး ရှန်ရန်ချင်းဟာ သူ့လည်ပင်းဘေးကို ကိုင်လိုက်တယ်။ကြောင်တာက ကြောင်နေဆဲ။

“အဟမ်း” လက်ထောက်ယွမ်ဟာ ချောင်းဟန့်ပြီး လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။သူဟာ ရှန်ရန်ချင်းကို အသံတိုးတိုးနဲ့ သတိပေးတယ်။ “အမ်...ကိုက်ရာတွေ”

ရှန်ရန်ချင်း “.....”

သူ့ရဲ့သတိပေးချက်အောက်မှာ ဥက္ကဌရှန်ရဲ့မျက်နှာဟာ စက္ကန့်၀က်အတွင်းမှာပဲ အံ့သြမှုကနေ ရှက်ရွံ့မှုဆီကို ချက်ချင်းပြောင်းသွားတယ်။

ရှန်ရန်ချင်းဟာ လက်သီးကိုဆုပ်ပြီး ချောင်းအသာ ဟန့်တယ်။ “သိပြီ”

သူဟာ ဘာမှသိပ်မပြောပေမဲ့ သူ့ခြေလှမ်းတွေဟာတော့ အလျင်လိုနေခဲ့တယ်။သူဟာ စက္ကန့်အနည်းငယ်အတွင်းမှာပဲ ရုံးခန်းထဲကို တဟုန်ထိုး ၀င်သွားတယ်။

လက်ထောက်ယွမ်ခမျာ အမှီပြေးလိုက်ရတယ်။

နားနေခန်းထဲက မှန်ရှေ့မှာ ရှန်ရန်ချင်းဟာ ခေါင်းကိုလှည့်ပြီး သူ့လည်ပင်းက အနီရောင်အမှတ်အသားကို ကြည့်တယ်။

အဖြူရောင်ကော်လံနဲ့ဆန့်ကျင်ပြီး ဒီအမှတ်အသားဟာ ပိုတောင်မှ မျက်လုံးထင်းသေးတယ်။

သူထွ က်မလာခင် သတိမထားမိတာကို အပြင်တင်လို့ မရဘူး။အဲဒါက အနောက်နည်းနည်း ရောက်နေတာမို့ ရှာတွေ့ဖို့မလွယ်ဘူး။

ရှန်ရန်ချင်းဟာ သူ့ရဲ့ကောင်းမွန်စွာ ဖန်တီးခံထားရတဲ့ လက်ချောင်းတွေနဲ့ အမှတ်အသားကို ပွတ်လိုက်တယ်။သူ အဲ့တာကို ထိလိုက်တဲ့အခိုက်အတန့်မှာပဲ ပုံရိပ်တစ်ခုဟာ သူ့စိတ်ထဲ အမြန်ပေါ်လာတယ်။

ဟိုက်မြို့ဟာ မနက်ပိုင်းဆို တိမ်ထူပြီး နေဟာ နေ့လည်မှထွက်တယ်။

နေ့လည်ပိုင်းမှာ မျက်နှာကျက်ကနေ ကြမ်းပြင်အထိ မြင်ရတဲ့ပြတင်းပေါက်အရှေ့မှာ သူ မိန်းကလေးကို သယ်လာခဲ့တယ်။သူမရဲ့ခြေထောက်တွေဟာ သူ့ခါးတစ်ဝိုက်မှာ လျော့တိလျော့ရဲ ရစ်ပတ်ထားတယ်။

နေရောင်ဟာ တဖျတ်ဖျတ်ခါလျက်ရှိနေတဲ့ အဖြူရောင် ပိတ်ပါးလွှာလိုက်ကာကနေတစ်ဆင့် သူမရဲ့ကြော့ရှင်းတဲ့ အသားအရည်ကို လာထိုးတယ်။ရုတ်တရုက် နည်းနည်းကြမ်းလာတယ်။

မိန်းကလေးဟာ မတတ်နိုင်ဘဲ မော့ကြည့်မိရတယ်။

အသက်ရှူကြပ်ခြင်း လျော့နည်းသွားတဲ့အခါ သူမဟာ လက်စားချေသလိုမျိုး သူ့လည်ပင်းကို မျက်လုံးရဲရဲတွေနဲ့ ကိုက်ချလိုက်တယ်။

ရှန်ရန်ချင်းဟာ ကူကယ်ရာမဲ့စွာနဲ့ပဲ ပြုံးလိုက်ပြီး ကော်လံကို ပြန်ညှိတယ်။နန်ကော ချန်ထားခဲ့တဲ့သက်သေကို ဖုံးဖို့ ကြိုးစားတာပေါ့။

လက်ထောက်ယွမ်ဟာ အပြင်မှာ ခဏလောက် စောင့်နေခဲ့တယ်။ရှန်ရန်ချင်းထွက်လာတာကို မြင်တော့ သူဟာ တောက်ပနေအောင် ပြုံးပြလိုက်ပြီး အခုလေးတင်ဖြစ်ခဲ့တဲ့ ကြောင်တောင်တောင်နိုင်မှုကြီးကို မေ့ဖို့လုပ်တယ်။

“ဥက္ကဌရှန် ဖေးယွင်ရဲ့တောင်းဆိုချက်” သူဟာ စာရွက်စာတမ်းကို အမြန်ကမ်းပေးတယ်။ “ဥက္ကဌလီ နေ့လည်၂နာရီတုန်းက ကိုယ်တိုင် ပို့လာတာပါ။ သူပြောတာတော့ သူ မင်းကို ၂ကြိမ်၊၃ကြိမ်လောက် ဖုန်းခေါ်‌ခဲ့ပေမဲ့ မကိုင်လို့တဲ့”

“မင်း ပုံမှန်ဆို ဖုန်းကို အနားမှာ ထားတတ်တော့ ရုတ်တရက်ကြီး မင်းကမကိုင်တော့ ကျွန်တော်တို့ မင်းတစ်ခုခု ဖြစ်တယ်ထင်သွားတာ၊ ဘာပဲဖြစ်ဖြစ် အဲ့တာက အရေးမကြီးပါဘူး။ အဟမ်း ဥက္ကဌလီက...ဒီစာရွက်စာတမ်းနဲ့ ပတ်သက်ပြီး နည်းနည်းစိုးရိမ်နေတုန်းပဲ”

တစ်ခုခုကို တဖြည်းဖြည်းချင်း နားလည်လာသလိုမျိုး လက်ထောက်ယွမ်ရဲ့အသံဟာ တိုးသထက် တိုးသွားတယ်။

ဒီလိုအချိန်မျိုး ၂နာရီမှာ ရှန်ရန်ချင်းတစ်ယောက် ဘာလုပ်နေနိုင်ခဲ့လောက်လဲ။

ဘုရား။

ကလေးတွေအတွက် မသင့်တော်တာ‌တွေ ဖြစ်ပုံရတယ်...။

******

All Chapters