အခန်း ၂၄၄
Vol. 25 Ch. 244
244 01
Chapter 244 စေ့စပ်ထားသူ။
အတွင်းပိုင်းဖုန်းခေါ်ဆိုမှုကို လက်ခံရရှိတဲ့အခါ ဥက္ကဌလီဟာ အောက်ထပ်ကို ချက်ချင်းဆင်းလာတယ်။
“အိုးမိုင် ဥက္ကဌရှန် မင်း အခုတလော ဘာဖြစ်နေတာလဲ။ ခဏခဏကို ပျောက်နေတော့တာပဲ။ မနက်ပိုင်းတွေမှာ အလုပ်မလုပ်ဘဲ နေတော့တဲ့အထိ မင်း အရမ်းချမ်းသာလာပြီလား”
ဥက္ကဌလီဟာ မြို့တော်က ဖြစ်တယ်။သူဟာ တံခါးကို တွန်းဖွင့်ရုံပဲရှိသေးပေမဲ့ သူ့ကိုတောင် မမြင်ရသေးခင် မြို့တော်လေသံနဲ့ သူ့ရဲ့ကြင်ကြင်နာနာ နှုတ်ဆက်မှုကို ကြားနေရပြီ။
ရှန်ရန်ချင်းရဲ့မျက်နှာပေါ်မှာ ဘာဒေါသမှ မရှိဘူး။သူဟာ မတ်တပ်ထပြီး အပြုံးတစ်ပွင့်နဲ့အတူ သူ့ကို ဆိုဖာပေါ်မှာထိုင်ဖို့ လက်ဟန်ပြတယ်။
သူတို့နှစ်ယောက်ဟာ သူငယ်ချင်းဟောင်းတွေ။ရှန်ရန်ချင်း နိုင်ငံကို ပထမဆုံး ပြန်ရောက်တဲ့အချိန်ကတည်းက သူတို့ သိခဲ့ကြတာ။ဥက္ကဌလီဟာ များသောအားဖြင့် မြို့တော်ကဌာနမှာနေပြီး အခြားဌာနတွေကို လာတာရှားတယ်။
ဒါပေမဲ့ အခုလတ်တလော သူဟာ မြို့တော်မှာရှိတဲ့ ဖေးယွင်နည်းပညာနဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခု လုပ်ထားတယ်။နည်းနည်း အရေးကြီးတယ်။ဥက္ကဌလီဟာ ဒီကိစ္စအတွက် အခုတလော မြို့တော်နဲ့ဟိုက်မြို့ကို ပျံလိုက်လွှားလိုက် ဖြစ်နေတာ။
“ဒီနေ့ ငါ့ကောင်မလေး ရောက်လာလို့” ရှန်ရန်ချင်းရဲ့မျက်နှာထားဟာ သူ့သူငယ်ချင်းရဲ့စနောက်မှုမှာလည်း ပြောင်းလဲမသွားဘူး။
ဒါကိုကြားတဲ့အခါ ဥက္ကဌလီဟာ ရွှင်ရွှင်မြူးမြူး ရယ်မောတယ်။ “မထူးဆန်းတော့ပါဘူး။ သူ ရောက်လာတာနဲ့ မင်းက သူ့အပေါ်ပဲ အကုန်အာရုံစိုက်ထားတာကိုး။ ဒီည ငါတို့ ဘာလို့ညစာ အတူမစားတာလဲ။ ငါ သူ့ကို တစ်ခါမှမတွေ့ဖူးသေးဘူးလေ”
စေ့စပ်ပွဲပါတီတုန်းက ဥက္ကဌလီဟာ လုပ်ငန်းခရီးတစ်ခုအတွက် နိုင်ငံခြား ရောက်နေခဲ့တာ။သူ နန်ကောရဲ့ဓာတ်ပုံတွေကိုတော့ မြင်ဖူးပေမဲ့ လူကိုယ်တိုင်တွေ့ဖို့တော့ တစ်ခါမှ အခွင့်အရေးမရခဲ့ဘူး။
“ငါ ပြီးရင် သူ့ကို မေးကြည့်လိုက်မယ်” ရှန်ရန်ချင်းဟာ ချက်ချင်း သဘောမတူခဲ့ဘူး။
သူတို့နှစ်ယောက် အလုပ်ကိစ္စ ပြောပြီးတဲ့နောက် ရှန်ရန်ချင်းဟာ နန်ကောကို ဖုန်းခေါ်တယ်။
ဖုန်းရဲ့တစ်ဖက်မှာတော့ နန်ကောဟာ အိပ်ပျော်နေတုန်း ဖြစ်တယ်။သူမ သူ့သူငယ်ချင်းနဲ့ ထမင်းအတူစားရမဲ့အကြောင်း ကြားတော့ နန်ကောဟာ ချက်ချင်း နိုးသွားတယ်။ “ဒါပေါ့ ဘယ်အချိန်လဲ”
“၇နာရီ.. ကားမမောင်းနဲ့တော့။ ကိုယ် ကောင်းကို လာခေါ်ခိုင်းလိုက်မယ်”
ညရောက်တော့ နန်ကောဟာ ကားထဲကနေ ထွက်လာတာနဲ့ တံခါး၀မှာ စောင့်နေတဲ့ လက်ထောက်ယွမ်ကို တွေ့ရတယ်။
ဒီည ညစာစားမှာ ဥက္ကဌလီတစ်ယောက်တည်းပဲ မဟုတ်ဘူး။အခြားအမြင့်ပိုင်း ကလူနှစ်ယောက်ရှိသေးတာမို့ လက်ထောက်ယွမ်ဟာလည်း ရှိနေပေးရတယ်။
“သူတို့ အကြာကြီး စောင့်နေရလောက်ပြီပေါ့ မဟုတ်ဘူးလား”
သူတို့နှစ်ယောက် အထဲကိုအတူ ၀င်သွားကြတယ်။လက်ထောက်ယွမ်ဟာ လမ်းပြပြီး ခေါင်းခါတယ်။ “မဟုတ်ပါဘူး။ သူတို့လည်း အခုမှရောက်တာ လက်တလော ကျွန်တော်တို့ မြို့တော်မှာနေတဲ့ လူတစ်ယောက်နဲ့ ပရောဂျက်တစ်ခု လုပ်နေတာလေ။ နည်းနည်းရှုပ်တယ်။ သူတို့ ၆နာရီလောက်တုန်းက အရေးပေါ် မီတင်တောင် လုပ်ခဲ့ကြသေးတယ်”
“မြို့တော်” နန်ကောဟာ အမြန်အမှီလိုက်ရတယ်။ “ဖြစ်နိုင်တာက...”
ရှန်ရန်ချင်းအမေနဲ့ တစ်ခုခု ပတ်သက်နေမှာကိုစိုးပြီး သူမဟာ မျက်မှောင် ကြုတ်မိသွားတယ်။
244 02
လက်ထောက်ယွမ်ဟာ အမြန်တုံ့ပြန်တယ်။ “မဟုတ်ဘူး ဒီပူးပေါင်းဆောင်ရွက်မှုက မြို့တော်က ဖေးယွင်နည်းပညာနဲ့ပါ။ ဒါပေမဲ့ မင်းကတော့ ကြားဖူးသေးမှာ မဟုတ်ဘူး။ ဒီကုမ္ပဏီက အခုမှထောင်ထားခါစလေ”
“သိပြီ”
အမြင့်ဆုံးအထပ်က သီးသန့်အခန်းမှာ နန်ကောဟာ လက်ထောက်ယွမ်နောက်က လိုက်သွားတယ်။သူမ စခရင်ကို ဖြတ်မလျှောက်ရသေးခင်မှာဘဲ အထဲကလူတွေ ဖေးယွင်နည်းပညာအကြောင်း ဆွေးနွေးနေတာကို ကြားရတယ်။
“ဥက္ကဌလီ မင်း ဖေးယွင်နည်းပညာက ပရော်ဖက်ဆာကို ရှယ်တော်ကြောင်း ပြောထားတာပဲ။ ငါတို့ သူ့ကိုဆွဲ ဆောင်လို့ရမယ် ထင်တယ်ဟုတ်။ ဖေယွင်း ဘာတောင်းတောင်း ဟွားရှန်က ပေးလို့ရတာပဲ”
ဥက္ကဌလီလိုကခေါ်တဲ့လူဟာ အလျင်အမြန် လက်ခါတယ်။ “ငါ ဒီကိစ္စကို မနက်က ဥက္ကဌရှန်နဲ့ပြောပြီးပြီ ငါတို့ဖေးယွင်ကို သွားဆွလို့ မရဘူး”
“မင်း ဘာကိုဆိုလိုချင်တာလဲ”
“ငါလည်း အမှန်တရားကို မသိဘူး” ဥက္ကဌလီဟာ အသံကိုတိုးပြီး အခြားတစ်ယောက်ကို ပဟေဠိဆန်ဆန် သတိပေးတယ်။ “ဒါပေမဲ့ ဖေးယွင်နည်းပညာက အရမ်းရုတ်တရက်ကြီး ပေါ်လာတာ။ နှစ်တစ်၀က်လောက်နဲ့ ကုမ္ပဏီသေးသေးလေးက မြို့တော်မှာ သူ့ဟာသူ အမြန်ထူထောင်နိုင်တာ။ အဲ့တာက မရိုးရှင်းဘူးဆိုတာ မင်းစဉ်းစားနေဖို့တောင် မလိုဘူး”
“မြို့တော်မှာ ရှင်သန်ဖို့ဆိုတာ ခက်ခဲတယ်။ ဒါပေမဲ့ ကုမ္ပဏီက အဲ့မှာ နေရာတစ်ခု ခြေကုပ်ထားနိုင်တယ်။ သူတို့ ဒါကို ဘယ်လို လုပ်တယ်လို့ မင်းထင်လဲ”
*ငါ လူတစ်ယောက်ကို သီးသန့်မေးထားပြီးပြီ။ ငါတို့ ကျိန်းသေပေါက် သူတို့ကို ဆွဲဆောင်လို့မရဘူး။ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကြိုးစားပြီး ပြောကြည့်လို့ပဲ ရတယ်။ သူတို့ရဲ့အစအနက တကယ်တစ်ခုခုပဲ။ မင်း ငါ့ကို ယုံ။ အခုက ပူးပေါင်းဆောင်ရွက်ဖို့ အကောင်းဆုံးအချိန်ပဲ”
“ဒါပေမဲ့ ငါတို့ သူတို့နဲ့အလုပ်လုပ်မယ်လို့ သဘောတူထားပြီးသားပဲမလား”
“ပရောဂျက်ကိုသာ စောစော သဘောတူထားရင် ငါ ခဏခဏ ပျံလိုက်လွှားလိုက် ဖြစ်နေတော့မလား။ ဥက္ကဌရှန် မင်းလည်းအတူတူပဲ။ ဒါက အရေးကြီးတဲ့ကိစ္စနော် ဒီကိစ္စကို လုပ်မဲ့အစား မင်းက ဖျားနေတဲ့အချိန်မှာ ရှန်မြို့ကို သွားဖို့တောင် အချိန်ရလိုက်သေးတယ်”
“ရှန်မြို့”
မိန်းကလေးအသံတစ်သံ ရုတ်တရက် ထွက်လာတယ်။ရှိနေတဲ့လူတွေဟာ လန့်သွားရလွန်းလို့ အလျင်အမြန် တိတ်ကုန်ကြတယ်။ပြီးတော့ အသံလာရာကို လှည့်ကြည့်ကြတယ်။
“အို ဘုရား ဒါ ဒါ ခယ်မလေးပဲဖြစ်ရမယ်။ ဟုတ်တယ်မလား”
သူမ အဲ့လိုမျိုးအခေါ်ခံရတာ ပထမဆုံးအကြိမ်တော့ မဟုတ်တော့ဘူး။သူမဟာ နည်းနည်းတော့ ရှက်နေပေမဲ့လည်း ကြင်ကြင်နာနာနဲ့ ပြန်ဖြေတယ်။ “မင်္ဂလာပါ ကျွန်မနာမည်က နန်ကောပါ ရှန်ရန်ချင်းရဲ့ကောင်မလေးပါ”
ရှန်ရန်ချင်းဟာ သူမကို အနားခေါ်လာပြီး အမှန်ပြင်ပေးတယ်။ “ငါနဲ့ စေ့စပ်ထားတဲ့သူ”
“အာ” နန်ကောဟာ မျက်တောင်ခတ်ပြီး ရှက်ရှက်နဲ့ပြုံးတယ်။ “ဟုတ်တယ် ကျွန်မက သူနဲ့ စေ့စပ်ထားတဲ့သူပါ” ဥက္ကဌလီဟာ မြှောက်ပင့်ပြီး ချီးကျူးစခန်းဖွင့်တဲ့နေရာမှာ အရမ်းတော်တယ်။
နန်ကောမှာ ပြုံးတာကို မရပ်နိုင်တော့ဘူး။သူတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောနေတာကို မြင်တော့ ရှန်ရန်ချင်းဟာ စိတ်သက်သာရာ ရသွားတယ်။
ခဏလောက်ကြာတော့ တစ်စုံတစ်ယောက်ဟာ ရှန်ရန်ချင်းရဲ့အင်္ကျီလက်ကို လာဆွဲတယ်။
သူဟာ စားပွဲအောက်ကလက်ကို ငုံ့ကြည့်လိုက်တယ်။
နန်ကောဟာ အပြုံးတစ်ပွင့်နဲ့အတူ အရှေ့တည့်တည့်ကို ကြည့်နေဆဲ။သူမရဲ့နှုတ်ခမ်းလွှာကနေ ခပ်ရေးရေးအသက်ရှူငွေ့လေးထွက်လာတယ်။ “ရှင် ဘယ်တုန်းက ရှန်မြို့ကို သွားလိုက်တာလဲ။ အဖျားကရော ဘယ်တုန်းက ဖျားတာလဲ။ ကျွန်မ ဘာလို့ မသိရတာလဲ”
သူမတို့ မြောက်ပိုင်းကနေပြန်လာကတည်းက နှစ်ယောက်သား ရက်အနည်းငယ်ပဲ ခွဲနေရသေးတာ။
244 03
သူမတို့အချင်းချင်း နေ့တိုင်း အဆက်အသွယ် လုပ်ကြပါတယ်။ရှန်ရန်ချင်းအဖျားရှိခဲ့ပြီး မြို့ကနေ ထွက်သွားတာကို သူမ ဘာလို့မသိခဲ့တာပါလိမ့်။
“မင်းနဲ့ မင်းသူငယ်ချင်းတွေ ခရီးသွားနေတုန်းကပါ” ရှန်ရန်ချင်းဟာ သူ ဖုံးကွယ်ထားလို့ မရမှန်းသိတာမို့ အမှန်တိုင်း ပြောပြတယ်။ “ကိုယ် မင်းကို ပြန်လိုက်ပို့တဲ့နေ့က ကိုယ်ဖျားခဲ့တယ်။ ဒါပေမဲ့ အရမ်းမပြင်းထန်ပါဘူး အဖျားသေးသေးလေးရယ်”
“ရှန်မြို့ကရော။ ဘယ်မိန်းမငယ်လေးကို ရှင်သွားတွေ့သလဲ”
သူသာ လုပ်ငန်းကိစ္စနဲ့သွားခဲ့တာဆို ဥက္ကဌလီက ထည့်ပြောမှာ မဟုတ်ဘူး။
ဒါကြောင့် ရှန်ရန်ချင်း အဲ့ကို အလုပ်နဲ့ ပတ်သက်တာတစ်ခုခု လုပ်ဖို့ သွားတာမဟုတ်ဘူး။
ရှန်ရန်ချင်းခမျာ တစ်ခဏဆွံ့အသွားရတယ်။တစ်အောင့်လောက်ကြာတော့ သူက ပြောတယ်။ “အန်တီ၀မ်က မင်း တောင်ပေါ်ဘုရားကျောင်းက ပြန်လာကတည်းက မအီမသာ ဖြစ်နေတယ်ပြောလို့ သူက ကိုယ့်ကို ဘုရားကျောင်းသွားပြီး အမွှေးတိုင်ထွန်း ကြည်ညိုမှုထပ်ပေးခဲ့ဖို့ အကြံပေးတာ။ သူက မင်း တောင်ပေါ်ကနေ ဆင်းလာတော့ မသိုးမသန့်တာ တစ်ခုခုနဲ့ကြုံလာခဲ့တာမျိုး ဖြစ်မှာကို စိုးရိမ်လို့”
နန်ကောဟာ အယူမသီးတာမို့ ရူပဗေဒတွေကိုလည်း နားမလည်ဘူး။ဒါကြောင့် ဒါကိုကြားတော့ သူမဟာ အနည်းငယ်အံ့ဩသွားတယ်။ “ကျွန်မ မသိခဲ့ဘူး”
“ဒီတော့ ရှင် သွားခဲ့တယ်ပေါ့”
“သွားခဲ့တယ်”
“ဒါဆို ဒါက ရှန်မြို့နဲ့ ဘာဆိုင်လဲ”
“အဲ့မှာ အရမ်းစွမ်းတဲ့ မာစတာတစ်ယောက် ရှိတယ်လို့ ကိုယ်ကြားလို့”
“ဒါပေမဲ့ ရှင့်အဖျားက မသက်သာ သေးဘူးမလား” နန်ကောဟာ သူ့ကို စိုက်ကြည့်တယ်။သူမရဲ့နှုတ်ခမ်းလွှာဟာ ဟသွားပြီး ပြန်စေ့သွားတယ်။စိတ်လည်း ဆိုးနေသလို စိတ်လည်း ပူနေတယ်။
ဒါကိုပြောခါမှ အမျိုးသားရဲ့မျက်လုံးထဲမှာ ဂုဏ်ယူသလိုလို အရိပ်အယောင်လေး ပေါ်လာတယ်။ “စဉ်းစားကြည့်ရင် အဲ့တာက အသုံး၀င်ခဲ့ပါတယ်။ အဲ့ညက မင်း အဖျားတက်ခဲ့ပြီး နောက်နေ့မနက်ကျပျော က်သွားတယ်လေ”
ဒါပေါ့။ဒါဟာ ဒီတိုင်းဟာသ သက်သက်ပဲ။နန်ကောရဲ့ပြန်သက်သာလာမှုက ဆရာ၀န်ကို အဓိက ကျေးဇူးတင်ရမှာ။
“အဲ့တာကြောင့် ရှင် အဖျားကြီးနဲ့တောင် အဲ့လို အဝေးကြီးကို သွားခဲ့တာပေါ့”
“တခြားအကြောင်းလည်း ရှိပါသေးတယ်” ရှန်ရန်ချင်းဟာ သူမရဲ့လက်ကို ညင်ညင်သာသာလေးဆွဲကိုင်ပြီး သူမရဲ့လက်ဖမိုးကို သူ့လက်မနဲ့ ပွတ်ပေးတယ်။
“ဘာလဲ” နန်ကောဟာ သိချင်စိတ်နဲ့ အရှေ့ကိုတိုး လာတယ်။
အမျိုးသားဟာ သူမရဲ့အကြည့်ကိုရှောင်ဖို့ ခေါင်းကိုလှည့်တယ်။ “ကိုယ် မင်းကို အခုမပြောပြသေးဘူး”
နန်ကော “.....”
ပြန်တဲ့လမ်းမှာတော့ လက်ထောက်ယွမ်ဟာ အရှေ့ခရီးသည်ခုံမှာ ထိုင်တယ်။ဥက္ကဌရုံးခန်းကနေ မက်ဆေ့ခ်ျအသစ်တွေကို တွေ့တဲ့အခါ သူဟာ အနောက်လှည့်ပြီး ရှန်ရန်ချင်းနဲ့ ဆွေးနွေးချင်တယ်။သူ ဘာမှတောင် မပြောနိုင်သေးခင်မှာဘဲ သူဟာ အမျိုးသားရဲ့လက်ထဲမှာရှိတဲ့ ပစ္စည်းဆီကနေ ဆွဲဆောင်ခံလိုက်ရတယ်။
အနောက်ခုံမှာတော့ နန်ကောဟာ လက်ထဲမှာ သူမရဲ့ပင်ကွင်းအရုပ်လေးနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်။သူမရဲ့ဘေးမှာတော့ အားနည်းတဲ့ မီးအလင်းရောင်ရဲ့အကူအညီနဲ့ ရှန်ရန်ချင်းဟာ ခေါင်းငုံ့ပြီး သူ့လက်ချောင်းထိပ်မှာ အနီရောင်ကြိုးတွေကို မျက်နှာတည်နဲ့ ရစ်ပတ်နေတယ်။
သူဒီအနီရောင်ကြိုးတွေကို ရှန်မြို့ကနေ အထူးရလာတာ။တစ်ပတ်လောက် လေ့လာပြီးတဲ့နောက်မှာတော့ လက်ကောက်လေးဟာ ရုပ်လုံးပေါ်လာပြီ...။
******