အခန်း ၂၄၅
Vol. 25 Ch. 245
245 01
Chapter 245 ဘိုးဘေးတွေရဲ့အုတ်ဂူကနေ မင်္ဂလာရှိတဲ့အခိုးအငွေ့တွေ ထွက်လာတယ်။
ရှန်မြို့ကနေ ပြန်ရောက်ကတည်းက ရှန်ရန်ချင်းဟာ ဒီအနီရောင်ကြိုးတွေကို သူနဲ့အတူ ဆောင်ထားခဲ့တာ။
သူအားပြီဆိုတာနဲ့ သင်ပေးတဲ့ဗီဒီယိုတွေကို ကြည့်ပြီး လိုက်ကျစ် နေတတ်တယ်။
သူ့ရဲ့တိုးတက်မှုဟာ ထင်ထားတာထက် ပိုနှေးခဲ့တယ်။အဓိကက ဘာလို့လဲဆိုတော့ သူ ဒီအချိန်အတောအတွင်း နန်ကောနဲ့ရှိ နေခဲ့တာမလို့။သူမ မသိအောင် လုပ်ရတာ နည်းနည်းတော့ ခက်တယ်လေ။
ဒါပေမဲ့ အခုကတော့ သူ အဲ့တာကို ရစ်ပတ်ဖို့ပဲလိုတော့တယ်။အချိန်ရသေးတယ်။
ကျောင်းတွေဟာ ၃ရက်အတွင်း ပြန်ဖွင့်တော့မယ်။
ကားဟာ အဆောင်အောက်မှာ ရပ်သွားတယ်။
လူတိုင်း သူတို့ရဲ့ဆက်ဆံရေးကို သိသွားကြပြီးကတည်းက နန်ကောဟာ ရှန်ရန်ချင်းကို ထပ်ဖုံးကွယ်ခွင့် မပေးတော့ဘူး။
ဒါကြောင့် ဖြတ်သွားဖြတ်လာကျောင်းသား၊ကျောင်းသူအများစုဟာ ဟိုက်တက္ကသိုလ်က အထူးပရော်ဖက်ဆာရှန်ရန်ချင်းတစ်ယောက် ဒီနေ့ အမျိုးသမီးအဆောင်မှာ အကြိမ်အနည်းငယ် ပေါ်လာတာကို သိကြတယ်။ကြည့်ရတာ သူ့ရည်းစားရဲ့ခရီးဆောင်အိတ်တွေကို ကူသယ်ပေးနေတာ ဖြစ်မယ်။
နန်ကောဟာ ခရီးဆောင်အိတ်တွေအများကြီး ပြန်ယူမလာတော့ဘူး။၂၀လက်မခရီးဆောင်အိတ်ကိုတောင်မှ မထည့်ခဲ့ဘူး။
ရှန်ရန်ချင်းဟာ သူမရဲ့အဆောင်ထဲမှာ ပစ္စည်းတွေ ကူရွှေ့ပေးတယ်။
နောက်နှစ်ဆို သူမ ဟွားရှန်အဖွဲ့အစည်းမှာ အလုပ်သင်ဆင်းမှာ ဖြစ်တာမို့ ကျောင်း၀င်းထဲမှာ သိပ်နေဖြစ်တော့မှာ မဟုတ်ဘူး။ဘွဲ့ရတဲ့အခါ ပစ္စည်းတွေများနေပြီး ရွေ့ဖို့ပြောင်းဖို့ ဒုက္ခများနေမှာစိုးလို့။သူမ ရှန်ရန်ချင်းကို မလိုအပ်တဲ့ပစ္စည်းတွေ အိမ်ကို အရင်ပြန်ရွှေ့ခိုင်းထားလိုက်တယ်။
နန်ကောရဲ့အဆောင်ထဲမှာ တကယ်ပစ္စည်းတွေများ နေတာ။ကံကောင်းစွာနဲ့ ရှန်ရန်ချင်းဟာ လက်ထောက်ယွမ်ကိုပါ ခေါ်လာလို့။မဟုတ်ရင် အချိန်တိုတိုလေးနဲ့ သူတို့ရွှေ့လို့ပြီးမှာ မဟုတ်ဘူး။
လောလောဆယ် ရာသီအလိုက် အ၀တ်အစားတွေနဲ့ ဖိနပ်တွေကိုပဲ သူတို့နဲ့အတူ ယူသွားမှာပါ။ဒါပေမဲ့ ဒီဟာတွေကတင် ကားနောက်ဖုံး တစ်ခုလုံးရော၊ကားနောက်ခုံမှာပါ ပြည့်နေပြီ။
ရွှေ့လို့ပြောင်းလို့ပြီးတဲ့နောက် လက်ထောက်ယွမ်ဟာ နဖူးပေါ်က ချွေးကိုသုတ်တယ်။မနေနိုင်ဘဲ သက်ပြင်းလည်းချမိတယ်။
ရှန်ရန်ချင်းကတော့ တည်ငြိမ်နေတယ်။
နန်ကော သူနဲ့အတူ လာပြောင်းနေကတည်းက သူ့အိမ်ဟာ တော်တော့်ကို ပြောင်းလဲသွားတာ။
အ၀တ်ဗီရိုဆို အထူးသဖြင့် သိသာတယ်။
အစကတော့ သူ တိုက်ခန်းမှာ နေတယ်ဆိုတာ ကုမ္ပဏီနဲ့နီးလို့။
အဲ့အချိန်တုန်းက အနာဂတ်မှာ ဒုတိယလူတစ်ယောက် ပါလာနေလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။ဒါကြောင့် သူ ဒီဇိုင်းဆင်တုန်းက ဒီပြဿနာကို ထည့်မစဉ်းစားမိခဲ့တာ။
အခု အ၀တ်ဗီရိုကို နန်ကောရဲ့အ၀တ်တွေက နေရာယူထားပြီဆိုတော့ သူ့ရဲ့ပစ္စည်းလေးတွေအနေနဲ့ကတော့ မသိရတဲ့ချောင်ထဲ ထိုးခံထားရတာ ကြာပြီ။
မိန်းမငယ်လေးဟာ လက်၀တ်ရတနာတွေကို မကြာခဏ မ၀တ်ဘူး။ဒါပေမဲ့ ဗီရိုရဲ့နေရာအမျိုးမျိုးမှာတော့ ရှိနေတတ်တယ်။
တစ်ခါတစ်လေ သူ အ၀တ်လဲပြီး အပြင်ထွက်ရင် သူ့အိတ်ကပ်ထဲမှာ နားကပ်တစ်စုံကိုတောင် ရှာတွေ့တတ်တယ်။
ခရီးဆောင်အိတ်တွေကို ရွှေ့ပြီး သိပ်မကြာဘူး။နန်ကော ရောက်လာတယ်။
သူမဟာ ကားဆီ အပြေးလာပြီး လက်ထဲက ကော်ဖီကို ကမ်းပေးတယ်။ “အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါ လက်ထောက်ယွမ်”
“ထွေထွေထူးထူး မဟုတ်ပါဘူး” လက်ထောက်ယွမ်ဟာ ပြုံးပြီး ကော်ဖီကို ယူတယ်။
နန်ကောဟာ သူနဲ့ခွက်ချင်း တိုက်လိုက်တယ်။
လက်ထောက်ယွမ်ဟာ စိတ်ကြည်နေပါတယ်။ဒါပေမဲ့ သူ ကော်ဖီကို မသောက်ရသေးခင်မှာဘဲ တစ်ခုခု မှားနေတာကို သတိထားမိတယ်။
သူဟာ မျက်လုံးထောင့်ကနေ နန်ကောလက်ထဲက ကော်ဖီကို တစ်ချက်ကြည့်ပြီး သူ့လက်ထဲက ကော်ဖီကို ပြန်ကြည့်တယ်။သူဟာ ရှန်ရန်ချင်းကို ကြောင်တောင်တောင်နဲ့ လှည့်ကြည့်လိုက်တယ်။
ရှန်ရန်ချင်းဟာ လက်ထဲမှာ ဘာမှမရှိဘဲ သူ့ကို မျက်နှာသေနဲ့ ကြည့်နေတယ်။
လက်ထောက်ယွမ် “.....”
“ဥက္ကဌရှန်...ဥက္ကဌရှန် ကျေးဇူးပြုပြီး” သူဟာ ကော်ဖီကို အမြန် လှမ်းပေးလိုက်တယ်။ “ကျွန်တော်က ဒီတိုင်း ကူဖွင့်ပေးတာပါ”
“မလိုပါဘူး” ရှန်ရန်ချင်းဟာ ပြုံးပြီး ညင်သာစွာပြောတယ်။ “ငါ့ သူ့ဟာသောက်လို့ရတယ်လေ”
“အော်...” လက်ထောက်ယွမ်ဟာ ဒီမှာကြာကြာနေတာ မသင့်တော်ဘူးလို့ ခံစားလာရတယ်။သူဟာ စကားအနည်းငယ် ပြောပြီး အော်ဒါအသစ်တွေကို စောင့်ဖို့ ကားဆီကို ပြန်သွားတယ်။
245 02
ရှန်ရန်ချင်းရဲ့စကားကိုကြားတော့ နန်ကောဟာ သူ့ကို ကော်ဖီလှမ်းမပေးခင် ခဏလောက်တော့ တုံ့ဆိုင်းသွားသေးတယ်။ “ရှင် ဒီလိုကော်ဖီမျိုး မသောက်ဘူးလို့ ကျွန်မ ထင်ခဲ့တာရော်”
ကျောင်းကကော်ဖီက ဘယ်လောက် ကောင်းနိုင်မှာမို့လဲ။ရှန်ရန်ချင်း အပြင်မှာ တစ်ခုခုသောက်တာကို သူမ တစ်ခါမှ မမြင်ဖူးဘူး။သူ့ကားထဲမှာလည်း ရေအဆင်သင့်ရှိတာမို့ သူမ သူ့အတွက် ကော်ဖီ ၀ယ်မလာပေးခဲ့တာ။
သူဟာ နည်းနည်းတော့ ကူကယ်ရာမဲ့သွားတယ်။ “ကိုယ် အဲ့လောက် ဇီဇာမကြောင်ပါဘူး”
နန်ကောဟာ Caramel Macchiato တစ်ခွက် ၀ယ်လာတာ။ရှန်ရန်ချင်းဟာ သူမရဲ့ခါးလေးကိုကိုင်ပြီး ခွက်ကို အနည်းမော့ကာ တစ်ငုံသောက်တယ်။
အရသာဟာ အရမ်းချိုတယ်။တကယ် သူ့ရဲ့ပုံမှန်အကြိုက်တော့ မဟုတ်ဘူး။
သူ အနည်းငယ် မျက်မှောင်ကြုတ်သွားတာကို မြင်တော့ နန်ကောဟာ မနေနိုင်ဘဲ ထရယ်မိတယ်။ “ပြောသားပဲ ရှင် မကြိုက်လောက်ပါဘူးလို့”
ရှန်ရန်ချင်းဟာ တွေးကြည့်ပြီး ခေါင်းညိတ်တယ်။ “အဆင်ပြေပါတယ် ကိုယ် ထင်ထားတာထက် နည်းနည်းပိုချိုသွားရုံပဲ”
အနားမှာ သွားလိုက်လာလိုက်နဲ့ လူတွေဟာ ပိုပိုပြီးများလာတယ်။နန်ကောဟာ သူ့လက်ကို တွန်းပြီး “ကျေးဇူးပြု၍ ပြန်ပြီး ကျွန်မရဲ့ပစ္စည်းတွေကို အရင်ကူသယ်ပေးပါဦး။ မြန်မြန်ပြန်တော့ သွားစို့ သွားစို့”
ရှန်ရန်ချင်းဟာ နာနာခံခံပဲ အရှေ့ကို ခြေအနည်းလှမ်းလိုက်ပြီး သူမဘက်က အာရုံစိုက်မနေတဲ့အချိန်မှာ ရုတ်တရက် ရပ်လိုက်တယ်။သူဟာ သူမလက်ကို လှမ်းယူတယ်။
နန်ကောဟာ သူ့ကို ၀င်တိုက်မိသွားပြီး ခေါင်းပေါ်ကဦးထုပ်ပါ နည်းနည်း စောင်းသွားတယ်။သူမဦးထုပ်ကို ပြန်ညှိနေတုန်း ရှန်ရန်ချင်းဟာ အိတ်ကပ်ထဲကနေ တစ်ခုခုကိုထုတ်ပြီး သူမကို တုံ့ပြန်ဖို့ အခွင့်မပေးဘဲ သူမရဲ့လက်ကောက်၀တ်မှာ ၀တ်ပေးတယ်။
“ဒါဘာလေးလဲ”
နန်ကော လက်ကိုခပ်မြင့်မြင့်မြှောက်လိုက်တော့ လက်ကောက်၀တ်ကအသီးလေးဟာ သူမရဲ့လှုပ်ရှားမှုအတိုင်း ယိမ်းနွဲ့သွားတယ်။
နေရောင်က သူမမျက်နှာကို လာထိုးတယ်။သူမဟာ အသီးပုံစံလေးကို မမြင်ရခင် မျက်လုံးကို အတော်ကြာကြာကျုံ့ ထားလိုက်ရတယ်။
အဲ့တာဟာ အရမ်းချစ်စရာကောင်းတဲ့ ပင်ကွင်းလေး။အစစ်အရမ်းဆန်ပြီး ရူးရူးအအနဲ့ ချစ်စရာကောင်းတဲ့ပုံလေး ပေါ်တယ်။အရောင်ကို ကြည့်ရသလောက်တော့ ရွေရောင်လေး ဖြစ်မယ်ထင်တယ်။ “ရှင် ဘာလို့ ရုတ်တရက်ကြီး ကျွန်မကို ဒါပေးဖို့ စဉ်းစားတာလဲ။ နှစ်သစ်ကူးက ပြီးသွားပြီ မဟုတ်ဘူးလား”
“ချစ်သူများနေ့ လက်ဆောင်လား” သူမက ခန့်မှန်းကြည့်တယ်။
ရှန်ရန်ချင်းဟာ ခေါင်းခါတယ်။ “ဒါပေါ့ ကိုယ် မင်းကို တကယ့်ချစ်သူများနေ့ ရောက်ရင် ချစ်သူများနေ့ လက်ဆောင်ပေးမှာပေါ့။ ကိုယ် ရှန်မြို့ကိုသွားတုန်းက ဒီကြိုးနီကို ရခဲ့တာ။ ဒါက ဒီတိုင်း ကံကောင်းဖို့အတွက်လေးပါပဲ”
“ပလိန်းကြီးဆို မင်း မကြိုက်လောက်ဘူးထင်လို့ လိုက်ဖက်မဲ့အသီးလေးပါ ရှာချင်တာနဲ့ တစ်ယောက်ကို ပုံစံဖော်ခိုင်းခဲ့တာ”
“ဘွဲ့လွန်စာမေးပွဲရလဒ်တွေ ထွက်တော့မယ် မဟုတ်လား။ မင်းက အရမ်းထူးချွန်ပါတယ်။ ဒါလေးနဲ့ဆို မင်း သေချာပေါက် အောင်လိမ့်မယ်”
“ရော့ရော့ စိတ်ထပ်မပူနဲ့တော့နော်”
ဒါကိုကြားတဲ့အခါ နန်ကောဟာ နှုတ်ခမ်းဆူပြီး သူ့ကို ချိုမြိန်ခြင်းအပြည့်နဲ့ ဖက်တယ်။
သူဟာ အယူသီးတဲ့လူ မဟုတ်ဘူးး။ဒါပေမဲ့ သူမ ဘုရားကျောင်းကိုသွားပြီး အမှတ်အတွက် အတော်လေး တောင်းဆိုမယ်ဆိုလည်း သူဟာ အဖော် လိုက်ပေးလိမ့်မယ်။သူမ ရူပဗေဒပံ့ပိုးမှုတစ်ခုခု လိုအပ်တာကို သိပြီး သူဟာ နောက်တစ်နေရာကို အထူးတလည်သွားကာလည်း သူမအတွက် ဆုတောင်းပေးလိမ့်မယ်။
တကယ်ပဲ လက်ကောက်၀တ်လေးရဲ့ ကံကောင်းမှုကြောင့် ဖြစ်ကောင်းဖြစ်မယ်။နန်ကောဟာ ဘွဲ့လွန်စာမေးပွဲမှာ ဒုတိယရတယ်။
ရလဒ်တွေ ထွက်လာတဲ့နေ့တုန်းကဆို နန်ကောဟာ ရှန်ရန်ချင်းကို ဖက်ပြီး အကြာကြီး ငိုခဲ့တယ်။
245 03
ဒီရလဒ်တွေဟာ သူမ ထင်ထားတာထက် ပိုပြီးကောင်းနေတာမို့ သူမ အဓိကရင်ထဲ ထိသွားတာ။စာမေးပွဲဖြေတုန်းက သူမရဲ့အခြေအနေဟာ ပျမ်းမျှပဲလို့ ထင်ခဲ့တာမို့ သူမဟာ ရလဒ်တွေနဲ့ပတ်သက်ပြီး ယုံကြည်ချက် မရှိခဲ့ဘူး။
ကံကောင်းစွာနဲ့ ကြိုးစားမှုဟာ အကောင်ထည် ပေါ်သွားတယ်။
ရလဒ်တွေ ထွက်လာတာနဲ့ နန်ကျဲ့ဟာလည်း ဖုန်းခေါ်တယ်။နန်ကောဟာ အဲ့တုန်းက ငိုနေခဲ့တာမို့ မကိုင်လိုက်မိဘူး။
နန်ကျဲ့မှာ စိတ်လှုပ်ရှားရလွန်းလို့ ဆဲပါဆဲမိတယ်။နောက်ဆုံးတော့လည်း သူ့မှာ ရွေးချယ်စရာမရှိဘဲ ရှန်ရန်ချင်းကို ဖုန်းခေါ်ရတယ်။
“အနည်းဆုံးတော့ နင် ငါ့ကို အရှက်မခွဲခဲ့ပါဘူး” နန်ကျဲ့မှာ ရလဒ်တွေကို သိရတော့ စိတ်သက်သာရာ ရသွားတယ်။ဖုန်းတစ်ဖက်က နန်ကောရဲ့ရှိုက်နေတဲ့အသံကို ကြားတဲ့အခါ သူဟာ ကဲ့ရဲ့တယ်။ “နင် ဘာလို့ငိုနေတာလဲ။ တော်တော် အသုံးမ၀င်တာဘဲ”
“နင် ဘာသိလို့လဲ” နန်ကောဟာ သူ့ကို ငေါက်တယ်။
နန်ကျဲ့ဟာ ဖုန်းတစ်ဖက်မှာ အရယ်မရပ်နိုင်ဘဲ ဖြစ်နေတယ်။ဒါပေမဲ့ အဆုံးမှာတော့ သူဟာ သူမကို နှစ်သိမ့်ပေးတယ်။ “ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဒီရလဒ်မျိုးနဲ့ဆို မိသားစုက နင့်ကို မွေးထားရလို့ ဂုဏ်ယူပါတယ်။ ငါ ပြီးရင် တစ်ချက် သွားကြည့်ရဦးမယ်။ ငါတို့ဘိုးဘေးတွေရဲ့အုတ်ဂူကနေ မင်္ဂလာရှိတဲ့ အခိုးအငွေ့တွေ ထွက်များ လာနေပြီလားလို့”
နန်ကောဟာ ဆွံ့အ သွားတယ်။အဲ့တာက ဘယ်လိုနှစ်သိမ့်မှုမျိုးတုန်း။သူ ဘာလို့ အရမ်းရွဲ့ရတာလဲ။
ပထမစာမေးပွဲကနေ ရလိုက်တဲ့ယုံကြည်ချက်ကြောင့် နန်ကောဟာ ဒုတိယစာမေးပွဲကို သိပ်စိုးရိမ်မှု မရှိတော့ဘူး။
ထပ်ပေါင်းအနေနဲ့ ရှန်ရန်ချင်းဟာလည်း သူမကို ထပ်ခါထပ်ခါ ပြောပါတယ်။ဒုတိယအသုတ်မှာ ကြီးကြီးမားမား အမှားတွေမရှိရင် သူမ မကျလောက်ပါဘူးတဲ့...။
******