← Chapters

အခန်း ၂၄၇

Vol. 25 Ch. 247

အခန်း ၂၄၇

Vol. 25 Ch. 247

247 01

Chapter 247 အလိုလိုက်ခံရပြီး ပျက်စီးနေပြီ။

ဂျွန်လအကုန်နဲ့ ဂျူလိုင်လအစမှာ နန်ကောဟာ သူမဘ၀ရဲ့အကြီးမားဆုံးသော အခိုက်အတန့်တွေကို ကြုံခဲ့ရတယ်။

တစ်ခုဟာ ဘွဲ့ယူတာ ဖြစ်ပြီး နောက်တစ်ခုဟာ လက်ထပ် မှတ်ပုံတင်တာ။

သူမတို့ လက်ထပ်မှတ်ပုံ မတင်ခင်ညမှာ နန်ကောဟာ သောက်ဖို့ သူမရဲ့အခန်းဖော်တွေရယ်၊ယွီရယ်နဲ့အတူ အပြင်ထွက်ခဲ့တယ်။

ယွီဟာ လေထုကို မြှင့်တင်တဲ့နေရာမှာ အလွန်တရာကိုမှ တော်တယ်။သူမရဲ့ “လူလွတ်ဘ၀ကို နှုတ်ဆက်ဖို့” ကူညီတယ်ဆိုပြီး နာမည်ခံကာ သူဟာ နန်ကျဲ့ကတ်ကနေ ၂မီလီယံယွမ်ကို သောက်ဖို့ချည်း သက်သက်အတွက် သုံးခဲ့တယ်။

နောက်နေ့မနက်မှာ သူမ အရေးကြီးတဲ့ကိစ္စ တက်ရောက်ဖို့ ရှိသေးတာမို့ နန်ကောဟာ သိပ်မကြာလိုက်ဘဲ ရှန်ရန်ချင်းဆီက လာခေါ်သွားခြင်း ခံရတယ်။

ပြန်တဲ့လမ်းမှာ သူမဟာ ဖုန်းယွမ်ယွမ်နဲ့ ချန်ရှားတို့ကို ၀င်ပို့ပေးခဲ့တယ်။

စုဟွေးကတော့ အနားမှာ ယွီရှိနေတာမို့ နန်ကောဟာ သူမကို သိပ်စိတ်မပူဘူး။

သူမ ဘယ်လောက်ပဲ ကန်းနေပါစေဦး။ယွီ့မျက်လုံးတွေဟာ စုဟွေးဆီမှာ ကော်ကပ်ထားသလိုပဲ ဆိုတာကို သူမ ပြောနိုင်တယ်။

နန်ကောဟာ နည်းနည်း မူးနေပေမဲ့ အသိတော့ ရှိသေးတယ်။

ဒါပေမဲ့လည်း သူမရဲ့ခန္ဓာကိုယ်ဟာ အားလျော့နေပြီမို့ သူမကို ဂရုစိုက်ဖို့ ရှန်ရန်ချင်းနဲ့ပဲ လွှတ်ထားလိုက်ရတယ်။

ရှန်ရန်ချင်းဟာ သူမကို ရေချိုးဖို့ ကူညီပေးပြီး ညအိပ်၀တ်စုံ ၀တ်ပေးတယ်။ပြီးတော့ သူမကို စောင်အောက်မှာ ထားပြီး ပိုးလုံးလေးတစ်ကောင်လို ထုပ်ပေးထားတယ်။

“အရင်အိပ်နှင့်လိုက် ကိုယ်ရေချိုးဦးမယ်” သူမကို ကူညီသန့်ရှင်း ပေးပြီးတော့မှ ရှန်ရန်ချင်းဟာလည်း နောက်ဆုံးတော့ ဆေးကြောသန့်စင်ဖို့ အချိန်ရတယ်။

နန်ကော စကားနားထောင်စွာနဲ့ ခေါင်းညိတ်ပြီး မျက်လုံးမှိတ်လိုက်တယ်။

ခြေသံတွေ ထွက်သွားတဲ့အခါ သူမဟာ တိတ်တိတ်လေး မျက်လုံးတစ်ဖက် ဖွင့်ကြည့်တယ်။သူ တကယ်ထွက်သွားတာကို အတည်ပြုပြီးတဲ့နောက် သူမဟာ လှည့်ပြီး အမြန်ထထိုင်တယ်။

ရှန်ရန်ချင်းဟာ ထွက်သွားတော့ စဉ်းစဉ်းစားစားနဲ့ မျက်နှာကျက်မီးကို ပိတ်ပေးသွားပြီး ညအိပ်မီးအဝါရောင်လေးကို ဖွင့်ထားပေးခဲ့တယ်။နန်ကော မြို့တော်မှာ ဈေး၀ယ် ထွက်နေတုန်း ရှာတွေ့ခဲ့တဲ့ ၀က်ဝံပုံစံလေး။ဒီလိုချစ်စရာပစ္စည်းလေးဟာ ဒီလိုရိုးရိုးအိပ်ခန်းနဲ့ သိပ်လိုက်ဖက်မနေဘူး။

ဒါပေမဲ့ ဘေးဘီကို လျှောက်ကြည့်လိုက်တော့ အိပ်ခန်းဟာ သူမ ပထမဆုံးမြင်ဖူးတုန်းကထက်စာရင် အတော်လေး ပြောင်းလဲသွားပုံပဲ။

အေးစက်တဲ့လေထုဟာ အသက်၀င်၀င် အငွေ့အသက်လေး ရှိနေသလိုပဲ။သူမရဲ့ခြေရာလက်ရာ‌လေးတွေကို နေရာတိုင်းမှာ မြင်နိုင်တယ်။

ဥပမာ‌အနေနဲ့ သူမ မာစတာအိပ်ခန်းထဲက မီးခိုရောင်ဆိုဖာကို အရမ်းသဘောကျတယ်။

သူမ စာကြည့်ခန်းကို မသွားတဲ့အချိန်တိုင်း သူမဟာ အဲ့မှာလဲပြီး စာဖတ်တတ်တယ်။ဒါကြောင့် သူမ အပွင့်တွေနဲ့စောင်လေးတစ်ထည်ပါ ၀ယ်လာပြီး ခင်းထားတာ။

အိပ်ရာဘေးက စားပွဲပေါ်မှာဆို မထုပ်ပိုးထားတဲ့ သကြားလုံး‌တချို့လည်း ရှိသေးတယ်။ရှန်ရန်ချင်း ထွက်လာတဲ့အခါ သူဟာ နန်ကောတစ်ယောက် အိပ်ရာပေါ်မှာ ငေးပြီးထိုင်နေတာကို ချက်ချင်း တွေ့ရတယ်။ “မင်း မအိပ်ချင်သေးဘူးလား” သူဟာ မျက်နှာသုတ်ပုဝါကို ဘေးမှာထားပြီး မီးဖွင့်ဖို့ အိပ်ရာဆီကို လျှောက်သွားတယ်။

အလင်းရောင် ပြောင်းသွားတာနဲ့ နန်ကောရဲ့မျက်လုံးတွေဟာ ပိုပြီးကြည်လင်ပြတ်သား သွားတယ်။သူမက ခေါင်းညိတ်တယ်။ “ကျွန်မ မအိပ်ချင်သေးဘူးရယ်”

ဒီလိုအချိန်မျိုးမှာ သူမ တကယ်တော့ အိပ်ချင်မနေဘူး။

ပုံမှန်အားဖြင့် သောက်ထားပြီး ရီဝေဝေအဆင့်ကို ရောက်ရင် သူမရဲ့ဦးနှောက်ဟာ အလုပ်လုပ်တာ ရပ်သွားတယ်။သူမ စောင်အောက်ထဲသာ တိုး၀င်ပြီး အိပ်လိုက်တတ်တာ။ဒါပေမဲ့ ဒီညမှာတော့ သူမရဲ့ဦးနှောက်ဟာ ပုံမှန်မဆန်စွာ တက်ကြွနေတယ်။

247 02

မနက်ဖြန် အရေးကြီးတာ တစ်ခုခုလုပ်ဖို့ ရှိတယ်ဆိုတာကိုသာ သူမ မသိရင် သူမ ဒီည ပြန်လာခဲ့မှာ မဟုတ်ဘူး။

လေထုက သူ့နေရာနဲ့သူဖြစ်နေပြီကို သူမ ဘယ်လိုလုပ် အိပ်ပျော်ပါတော့မလဲ။

သူမဟာ ရှန်ရန်ချင်း သူမကို အိပ်ဖို့ချော့သိပ်တော့မယ်လို့ ထင်လိုက်ပေမဲ့ မထင်မှတ်ထားဘဲ သူဟာ အိပ်ရာဘေးမှာထိုင်ပြီး ရယ်တယ်။သူ့အသံဟာလည်း ခံစားချက်လေးတွေ ပါနေတယ်။ “တကယ်တော့ ကိုယ်ရောပဲ”

နန်ကောဟာ အရမ်းအံ့ဩသွားပုံ ရတယ်။ “ရှင့်အချိန်ဇယားတွေက ညှိပြီးသား မဟုတ်ဘူးလား”

သူဟာ သောက်လည်း မသောက်ခဲ့သလို ပါတီလည်း မတက်ခဲ့ဘူးလေ။ သူစိတ်လှုပ်ရှားနေတယ်ဆိုတာ မဖြစ်နိုင်လောက်ဘူးဟုတ်။

“မနက်ဖြန် ကိုယ်လုပ်မဲ့ကိစ္စကိုတွေးမိတော့ ကိုယ် တကယ် နည်းနည်းစိတ်လှုပ်ရှားပြီး စိုးရိမ်နေတယ်။ ပြီးတော့ ကိုယ်နည်းနည်း...” ရှန်ရန်ချင်းဟာ နှုတ်ခမ်းကိုဖိပြီး သင့်တော်တဲ့ စကားလုံး ရှာမတွေ့ခင်အထိ ခဏလောက် တွေးလိုက်သေးတယ်။ “မသက်မသာ ဖြစ်နေတာ” သူ ဒါကိုပြောလိုက်တာနဲ့ နန်ကောမှာ မတတ်နိုင်ဘဲ “ဟမ်” ဆိုပြီး ဖြစ်သွားရတယ်။

“တိတိကျကျပြောရရင် ကိုယ် တစ်နေ့လုံး ဒီလိုဖြစ်နေခဲ့တာ”

လွန်ခဲ့တဲ့၂ရက်တည်းကစပြီး သူ့အချိန်ဇယားပေါ်ကရက် နီးလာတာနဲ့အတူတူ ခံစားချက်‌ပေါင်းစုံ ပေါ်လာတယ်။

အထူးသဖြင့် ဒီနေ့‌ပေါ့။သူ အလုပ်လုပ်နေတုန်း ငေးငိုင်နေမိတာ ခဏခဏပဲ။

အစည်းအဝေးမှာလည်း သူဟာ အကြောင်းအရာကို နားထောင် မနေခဲ့ဘူး။အစည်းအဝေးတစ်ခုလုံး လက်ထောက်ယွမ်မှာ သူ့ကို အကြိမ်ကြိမ် ခေါ်ခဲ့ရတယ်။

သူ သူ့ကိုယ်ရေးကိုယ်တာခံစားချက်တွေကို အလုပ်ထိ သယ်လာတာ ရှားတယ်။ကိုယ်ရေးကိုယ်တာခံစားချက်တွေကြောင့် အလုပ်စည်းချက်ကို ရှုပ်ထွေးစေတာမျိုးလည်း ရှားတယ်။

ဒီအခြေအနေဟာ ကုမ္ပဏီမှာရှိတဲ့လူတိုင်းကို နားမလည်နိုင် ဖြစ်သွားစေတယ်။

တစ်ယောက်ဆို အစည်းအဝေးတစ်၀က်မှာ သူ့ကို မေးတောင် လာသေးတယ်။ “ဥက္ကဌရှန် မင်း ဒီနေ့ နေလို့မကောင်းဘူးလား။ ဘာလို့အစည်းအဝေးကို ခဏရပ်ပြီး အရင်သွားမနား လိုက်တာလဲ”

သူ ဒီနေ့ အာရုံထွေပြားနေတယ်ဆိုတာ ဥက္ကဌရုံးခန်းထဲကလူတွေလည်း သတိထားမိကြပြီး သူ့ကို ခဏခဏ ခိုးခိုးကြည့်ကြတယ်။

သူ စိတ်မဆိုးမိပါဘူး။သူဟာ အပြုံးလေးနဲ့ ပြန်ပြောတယ်။ “တောင်းပန်ပါတယ်။ ငါ ထပ်ပြီး အတွေးလွန်သွားလို့ပါ”

သူဟာ အလုပ်မှာ အာရုံထွေပြားနေမိကြောင်းကို ပွင့်ပွင့်လင်းလင်း ၀န်ခံလာပြီး လူတိုင်းကို ပိုလို့တောင် ရှုပ်ထွေးသွားစေတယ်။ “ဥက္ကဌရှန် ဒီနေ့ တစ်ခုခုများ အရေးတကြီး တက်စရာရှိလို့လား။ ဒါမှမဟုတ် ကုမ္ပဏီ...” လူတိုင်းဟာ မနေနိုင်ဘဲ ဟွားရှန်အဖွဲ့အစည်း ဒေဝါလီ ခံရပြီများလားဆိုပြီး တွေးမိကြတယ်။

သံသယတွေအလယ်မှာ သူဟာ တည်ငြိမ်နေဆဲ ဖြစ်တယ်။ “အလုပ်နဲ့ ဘာမှမဆိုင်ပါဘူး”

ခဏလောက်နားပြီးတော့ သူဟာ ချောင်းအသာဟန့်တယ်။ “လူတိုင်း စိတ်မပူကြပါနဲ့။ မနက်ဖြန် ငါစေ့စပ်ထားတဲ့သူနဲ့ လက်ထပ်မှတ်ပုံ တင်တော့မှာမလို့ပါ။ ငါ အဲ့တာကို မျှော်နေရင်း နည်းနည်း စိတ်လှုပ်ရှားနေတာ”

သူဟာ အပြစ်ရှိသလို တကယ် ခံစားလိုက်ရတဲ့အတိုင်း ဆက်ပြောတယ်။ “တောင်းပန်ပါတယ် ငါမေ့သွားတယ်။ မင်းတို့တွေထဲက တစ်ယောက်မှ ဒါမျိုးမကြုံဖူးဘူးဆိုတော့ ငါ ခံစားရတာကို မင်းတို့ နားမလည်နိုင်လောက်ဘူး”

လူလွတ်လေးတွေခမျာ ဆွံ့အသွား ရရှာတယ်။ဘယ်လောက်တောင် ဂုဏ်ဆာနေလဲ ကြည့်ဦး။

အဲ့လိုနဲ့ မနက်ဖြန် သူ လက်ထပ်မှတ်ပုံတင်တော့မဲ့ သတင်းဟာ ဟွားရှန်မှာ အမြန်ပဲ ပျံ့နှံ့သွားတယ်။မြို့တော်ကဌာနရော၊နိုင်ငံခြားဌာနတွေရောအပါပေါ့။

သူ့စကားကို ကြားပြီးတဲ့နောက်မှာ နန်ကောဟာ ဉာဏ်အလင်း ရသွားတယ်။ “ညနေတုန်းက ဘာလို့ဦးငယ်လေးက ရုတ်တရက်ကြီး ကျွန်မတို့ လက်ထပ်မှတ်ပုံတင်မဲ့ကိစ္စကို မေးလဲ စဉ်းစားနေတာ။ ကျွန်မ သူ့ကို ရက်တောင် မပြောပြရသေးဘူး။ ဒီတော့ သတင်းကို ဖြန့်တာ ရှင်ပေါ့”

ဒါပေမဲ့ ဒီသတင်း ပျံ့တာ မမြန်လွန်းဘူးလား။

အကြောင်းအရာဆီ ပြန်သွားရင်း နန်ကောဟာ သူ့ကို သေချာအကဲခတ် ကြည့်တယ်။ရှန်ရန်ချင်းလိုလူက အလုပ်မှာ အာရုံထွေပြားနေမယ်ဆိုတာ သူမ မယုံနိုင်သေးဘူး။

သူမ သူ့ဘေးမှာ တစ်ချိန်လုံး ရှိလာခဲ့ပြီး သူ အလုပ်လုပ်တာကိုလည်း အနီးကပ် မြင်ဖူးခဲ့ပြီးပြီ။

ထပ်တွေးကြည့်ပြန်တော့လည်း ဖြစ်နိုင်ပါတယ်။ရှန်ရန်ချင်းဟာ တစ်ခါမှ လက်မထပ်ဖူးတာမို့ သူ့အတွက် စိတ်လှုပ်ရှားတယ်ဆိုတာ ပုံမှန်ပါပဲ။

ဒါကိုတွေးမိတာနဲ့ သူမဟာ အမြန် ရှင်းပြလိုက်တယ်။ “ကျွန်မက မစိုးရိမ်ဘူးနော်။ တက်ကြွနေတာ”

သူမ ဘွဲ့လက်မှတ်ရယ်၊လက်ထပ်စာချုပ်ရယ် ရတော့မယ်။သူမ အဲ့အကြောင်းကို တွေးမိလေ ပိုပိုတက်ကြွလာလေပဲ။

“ဒါမတိုင်ခင် ကျွန်မ စောစောလက်ထပ်ဖြစ်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးဘူး...။ ကျွန်မသာ အရင်က ကျွန်မနဲ့တွေ့ခဲ့ရင် နင့်ဦးနှောက်နဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတာလားလို့မေးမိမှာ။ ဒါပေမဲ့...” သူမဟာ ရပ်ပြီး သူ့ကို လှည့်ကြည့်တယ်။သူမရဲ့အကြည့်ဟာ သူ့မျက်ခုံးပေါ်ကနေ ဖြတ်သွားတယ်။အဆုံးမှာတော့ သူမဟာ သွေးဆောင် ခံခဲ့ရတယ်လေ။ “ရှင်သာဆို ကျွန်မ ကိစ္စမရှိပါဘူး”

247 03

အဲ့ညက သူတို့နှစ်ယောက် ဘာမှမလုပ်ဘဲ အချိန်အကြာကြီး စကားပြောခဲ့ကြတယ်။အခြေခံအားဖြင့်တော့ စကားပြောနေတဲ့သူက နန်ကောပါ။သူမက စကားပြောစက်လေးလေ။သူမ စကား စပြောပြီဆိုတာနဲ့ ရပ်ကိုမရပ်တော့တာ။ရှန်ရန်ချင်းမှာ ၀င်‌ပြောလို့လည်း မရတာမို့ လက်ခံပြီး နားထောင်ပေးဖို့ပဲ တတ်နိုင်တယ်။

အရုဏ်တက်ခါနီးကျတော့ သူတို့နှစ်ယောက် အိပ်ပျော်သွားခဲ့တယ်။၂နာရီလောက် ခက်ခက်ခဲခဲ အိပ်ခဲ့ပြီးတဲ့နောက် နှိုးစက်ဟာ မြည်လာတယ်။

ရှန်ရန်ချင်းဟာ ထပြီး နှိုးစက်ကို အရင်ပိတ်တယ်။သူဟာ နန်ကောကို နှိုးဖို့ အလျင်မလိုဘူး။သူဟာ သူမကို ဒီတိုင်းထားပြီး မာစတာအိပ်ခန်းကနေ တိတ်တိတ်လေး ထွက်သွားတယ်။

စာကြည့်ခန်းထဲမှာတော့ သူဟာ ပိုးသားညအိပ်၀တ်စုံနဲ့ တစ်ယောက်တည်း ထိုင်ချလိုက်တယ်။သူဟာ ပြီးရင်လိုအပ်မဲ့ စာရွက်စာတမ်းနဲ့ ဓာတ်ပုံတွေကို ထပ်ခါထပ်ခါရှာတယ်။

သူတို့နှစ်ယောက် လက်ထပ်ဓာတ်ပုံတွေ ရိုက်ကြတုန်းက သူတို့ အနီရောင်နောက်ခံနဲ့ ပုံတစ်ပုံ ရိုက်ခဲ့ကြတယ်။

အဲဒါကို ပရင့်ထုတ်နိုင်ရင် ပိုကောင်းမယ်လို့တောင် နန်ကော ပြောခဲ့သေးတယ်။

သူဟာ ဒါကို နားမလည်ဘူး။သူဟာ သူမ ပြောတာမှန်သမျှကို လုပ်ပေးခဲ့ပြီး သူမဆန္ဒတွေကို လိုက်လျောခဲ့တာပဲ ရှိတယ်။

ဓာတ်ပုံထဲမှာ သူတို့နှစ်ယောက်ဟာ ဘေးချင်း ယှဥ်ရပ်နေကြတယ်။

သူတို့ ဒီပုံကိုရိုက်တုန်းက နန်ကောဟာ ဒေါက်ဖိနပ် မစီးထားဘူး။သူတို့နှစ်ယောက်ကြားက အရပ်ကွာခြားမှုဟာ သိသာနေတယ်။သူမဟာ ကြည့်မကောင်းဘူးလို့ ပြောကာ မရိုက်ချင်တော့ဘူးဆိုပြီး ရေရွတ်ခဲ့သေးတယ်။

အဲ့တုန်းက နန်ကျဲ့ရှိ နေခဲ့ကာ သူမကို ဟန်ဆောင်ပန်ဆောင် လုပ်နေတယ်လို့ ပြောတယ်။နန်ကျဲ့ဟာ သူမက သူ့ကြောင့် အလိုလိုက် ခံထားရပြီး ပျက်စီးနေပြီလို့တောင် ပြောခဲ့သေးတယ်။

ဒါပေမဲ့ သူတော့ အဲ့လိုမထင်ပါဘူး။သူဟာ သူမဘက်က ကာပေးရင်း လက်ထောက်ယွမ်နဲ့ ၀န်ထမ်းလေးကို သူမ မတ်တပ်ရပ်ဖို့ တစ်ခုခုသွားရှာခိုင်းခဲ့တယ်။

ကံကောင်းစွာနဲ့ သူ နန်ကျဲ့ကို တားလိုက်တာမို့ နန်ကောမှာ ခွေးခြေခုံ သေးသေးလေးအပေါ် ရပ်နိုင်သွားတယ်။မဟုတ်ရင် ဓာတ်ပုံထဲမှာ သူမ သူ့ထက် ပိုအရပ်ပုနေလိမ့်မှာ...။

******

All Chapters