← Chapters

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း ၂၄၉

Vol. 25 Ch. 249

249 01

Chapter 249 ဟင်းပွဲတွေက ရှင့်အတွက်ပါ။

“ဟမ်။ ရှင် ဘယ်သွားမှာလဲ” နန်ကောဟာ မတ်မတ် ထထိုင်ပြီး သူမအကြည့်ကို သူ့ဆီမှာ ထားလိုက်တယ်။

သူမ ထွက်မလာခင်တုန်းက ဝီချက်မုမန့်မှာ သူမရဲ့ဆယ်ဖီပုံ တင်ခဲ့သေးတယ်။သူမသူငယ်ချင်းတွေ ပြောတာ သူမ၀တ်ထားတာ အရမ်းတည်ကြည် လွန်းတယ်တဲ့။ဒါပေမဲ့ သူမ ရှန်ရန်ချင်းကို ထပ်ကြည့်လိုက်တော့ သူလည်း မထူးမခြားနားပါဘဲ။

လက်လုပ်၀တ်စုံဟာ တည်ကြည်ပြီး အနည်းငယ် ခမ်းနားနေတယ်။

ဒီတစ်စုံကို သူမ ရွေးပေးခဲ့တာ မဟုတ်ဘူး။ရှန်ရန်ချင်း သူ့ဟာသူ ပြင်ဆင်ထားတာ။သူမရဲ့၀တ်စုံနဲ့ ကောင်းကောင်း လိုက်ဖက်နေတယ်။

မနေ့ညက နောက်ကျနေပြီ။သူမ တစ်ရေးနိုးတော့ အ၀တ်ခန်းထဲက မီးလင်းနေတာကို တွေ့လိုက်ရတယ်။ဒီလူဟာ နောက်ဆုံး ပို့ပေးလာတဲ့ ၀တ်စုံတွေကို ညလယ်ခေါင်ကြီး စမ်း၀တ်နေတာ။

သူဟာ ပဋိပက္ခများတဲ့လူ မဟုတ်ပါဘူး။ဒါပေမဲ့ အဲ့ညကတော့ သူနည်းနည်း ဒုက္ခများသွားတယ်။သူဟာ မျက်မှောင်ကြုတ်ပြီး ၀တ်စုံတွေကို ကြည့်တယ်။ဒါပေမဲ့ သူ့ခံစားချက်နဲ့ ကိုက်ညီတဲ့ တစ်ထည်ကိုမှ မတွေ့ဘူး။

အကုန်လုံး ကောင်းတယ်လို့ သူမဘက်က သုံးသပ်ချက် ပေးလာတဲ့အခါ သူဟာ ဘာမှမပြောဘဲ ခေါင်းသာ ခါပြတယ်။

နောက်တစ်နေ့ညကျ ၀တ်စုံအသစ်တွေ အပုံလိုက် ရောက်လာတာကို သူမ တွေ့လိုက်ရပြန်တယ်...။

သူ အရမ်း “လှလှပပ”လေး၀တ်စားတာကို သူမ မြင်ဖူးတဲ့နောက်ဆုံးအကြိမ်ဟာ စေ့စပ်ပွဲပါတီမှာ ဖြစ်တယ်။

“မြို့တော်”

ဒါကို ကြားတော့မှ နန်ကောဟာ ချက်ချင်း သဘောပေါက်သွားတယ်။

ဖေးယွင်နည်းပညာနဲ့ နောက်ထပ် ပူးပေါင်းမှုတစ်ခု ဖြစ်မယ်။

အခုချိန်မှာ ဖေးယွင်နဲ့ပတ်သက်ပြီး နန်ကောရဲ့ထင်မြင်ချက်ဟာ အဲ့ကုမ္ပဏီဟာ နောက်ခံရှိတဲ့ ကုမ္ပဏီအသေးလေးတစ်ခု ဖြစ်တယ်ဆိုတာပဲ။အနာဂတ်မှာ သူမ အဲ့ကို ၀င်ဖြစ်မယ်လို့လည်း တစ်ခါမှ မတွေးထားဘူး။

ရှန်ရန်ချင်း ပြောထားသလိုပဲ သူမတို့နှစ်ယောက်ဟာ အရပ်ဘက်ရေးရာဗျူရိုကို ရောက်လာတယ်။

ဗျူရိုအချိန်ကိုက်ပဲ။သူမတို့ဟာ မနက်ပိုင်းမှာ နောက်ဆုံးမှတ်ပုံတင်မဲ့အတွဲဖြ စ်တယ်။

အချက်အလက်တွေကို ဖြည့်နေရင်း နန်ကောဟာ ရှန်ရန်ချင်းကို ခိုးခိုး ကြည့်နေမိတယ်။သူမဟာ စာမေးပွဲခန်းထဲမှာ စာခိုးချမဲ့ ကျောင်းသူနဲ့တောင် တူတယ်။

“မင်း ဘာလို့ကိုယ့်ကို ခဏခဏ ကြည့်နေတာလဲ” ရှန်ရန်ချင်းဟာ သူမထက် ပိုမြန်တယ်။ဖြည့်ပြီးတဲ့နောက် သူဟာ မော့ကြည့်ပြီး သူမကို မိသွားတယ်။

“အမ် ကျွန်မ မှားဖြည့်မိမှာ ကြောက်လို့ပါ။ အဲ့တာ ရှင့်ဟာကို ကူးမလို့”

ရှန်ရန်ချင်း “.....”

သူ့ဖောင်ကို ကူးယူဖို့ လိုတယ်မထင်ပါဘူး။ဟုတ်တယ်မလား။

“သတိထားဦး အချက်အလက်ကို ကိုယ့်အတိုင်း မဖြည့်နဲ့” ရှန်ရန်ချင်းဟာ စိုးရိမ်တယ်။သူဟာ သူမဖြည့်ပြီးတဲ့အထိ စောင့်ပေးကာ သေသေချာချာ ထပ်စစ်တယ်။ဘာပြဿနာမှမရှိကြောင်း အတည်ပြုပြီးတဲ့နောက်မှသာ သူဟာ ၀န်ထမ်းကို ပေးလိုက်တယ်။

စောင့်နေရင်းနဲ့ နန်ကောဟာ စာပြန်နေတယ်။

သူမမိဘတွေဆီကရော၊နန်ကျဲ့ဆီကရော၊ဂရုချက်ထဲကအခန်းဖော်တွေကပါ စာတွေ ပို့ထားကြတယ်။

စာတွေကို ဖတ်ပြီးတဲ့နောက် စုဟွေးတစ်ယောက် အဆောင် ပြန်မရောက်သေးတာကို သူမ သတိထားမိသွားတယ်။သူမဟာ နည်းနည်း စိတ်ပူသွားပြီး ယွီကို ဖုန်းခေါ်လိုက်တယ်။ယွီဟာ ချက်ချင်းကိုင်ပေမဲ့ သူ့အသံဟာ အရက်နာကျ‌တာကြောင့် အသံပြာနေတယ်။

“နင် စုဟွေးနဲ့အတူ ရှိနေလား” နန်ကောဟာ တန်းသာ မေးလိုက်တယ်။

သူဟာ အိပ်တစ်၀က်နိုးတစ်၀က် ဖြစ်နေတုန်းမို့ နေမယ်။ယွီရဲ့တုံ့ပြန်မှုဟာ နည်းနည်းနှေးတယ်။စက္ကန့်အနည်းငယ်လောက်ကြာတော့ သူဟာ ပြန်ဖြေတယ်။ “အင်း”

“အဆင်ပြေရဲ့လား။ နင် ဘယ်လောက်တောင် သောက်ခဲ့တာလဲ”

ခဏလောက်ကြာတော့ ယွီရဲ့အသံဟာ ပိုကြည်လင်လာတယ်။ “အဆင်ပြေတယ် စိတ်မပူနဲ့။ သူ နိုးလာတဲ့အခါကျ ငါ ပြန်လိုက်ပို့ပေးမယ်”

“နင် ဥက္ကဌရှန်နဲ့ လက်ထပ်မှတ်ပုံတင်ပြီးပြီလား”

“မတင်ရသေးဘူး” နန်ကောဟာ အထဲက၀န်ထမ်းကို လှမ်းကြည့်လိုက်ပြီး တစ်ဖက်လူဟာ အနီရောင်နောက်ခံနဲ့ သူမတို့နှစ်ယောက်ရဲ့ပုံကို ‌ကူးနေတာကို တွေ့ရတယ်။သူမဟာ ယွီကို အမြန်ပြောတယ်။ “သူတို့ တံဆိပ်တုံး နှိပ်တော့မယ်!”

“ကောင်းပြီ ဒါဆို...” နန်ကောဟာ သူ စကားပြောပြီးတဲ့အထိ မစောင့်ဘဲ ဖုန်းချလိုက်တယ်။

249 02

နန်ကောဟာ အမြန်ပြန်ပြေးသွားပြီး ရှန်ရန်ချင်းဘေးမှာ ၀င်ထိုင်တယ်။

သူမရဲ့အကြည့်ဟာ ပြတင်းပေါက်မှန်ကနေတစ်ဆင့် ၀န်ထမ်းရဲ့လက်ဆီမှာ တွယ်ကပ်နေတယ်။

သံတံဆိပ်တုံးကျပြီး ပြန်မသွားတော့မှသာ နန်ကောမှာ မျက်တောင် ခတ်ရဲတယ်။

လက်ထပ်လိုင်စင်ကို ရတဲ့အခါ သူမဟာ လက်ထဲမှာကိုင်ထားပြီး အဲ့တာကို အကြာကြီး ကြည့်နေမိတယ်။ “ရှန်...”

သူမဟာ ဘေးကိုလှည့်ပြီး ရှန်ရန်ချင်းကို တစ်ခုခုပြောမလို့လုပ်လိုက်ပေမဲ့ ရှန်ရန်ချင်းတစ်ယောက် သူ့လက်ထပ်လိုင်စင်ကို ငုံ့ပြီး ငေးကြည့်နေတာကို မြင်လိုက်ရတယ်။

“ဂုဏ်ယူပါတယ်” ၀န်ထမ်းက ပြောလာတဲ့အခါ ရှန်ရန်ချင်းဟာ တန့်သွားပြီး ဖြည်းဖြည်းချင်းမော့ ကြည့်လာတယ်။သူဟာ ပြုံးပြီး တစ်ဖက်လူကို ခေါင်းညိတ်ပြတယ်။ “ကျေးဇူးပါ” သူဟာ ပြင်ဆင်ပြီး ဒီကို မင်္ဂလာသကြားလုံးလေး ယူလာခဲ့တယ်။သူဟာ အမြန်ပဲ လှမ်းပေးလိုက်တယ်။

၀န်ထမ်းဟာ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက် ဖြစ်တယ်။သူမဟာ သကြားလုံးကို အပြုံးနဲ့ယူပြီး အပျော်တွေကို အတူဝေမျှတယ်။

သူမဟာ လှည့်ပြီး နန်ကောကို ပြောတယ်။ “မင်းယောက်ျားကို ကြည့်ပါဦး။ ပျော်လွန်းလို့ မျက်လုံးတွေပါ ရဲနေပြီ”

နန်ကောရဲ့နှလုံးခုန်နှုန်း မြန်ဆန်သွားတယ်။သူမဟာ အမျိုးသမီးရဲ့စကားအတိုင်း ရှန်ရန်ချင်းရဲ့မျက်လုံးတွေကို ကြည့်လိုက်တယ်။

အသက်ကြီးကြီး အမျိုးသမီးဟာ စနေတာ မဟုတ်ခဲ့ဘူး။ရှန်ရန်ချင်းရဲ့မျက်လုံးတွေ တကယ်ရဲနေတာ။

ခုဏက သူမဟာ သူ့ဘေးမှာ ထိုင်နေခဲ့တာ။ရှုထောင့်ကြောင့်ရော၊သူမျက်မှန် တပ်ထားတာကြောင့်ရော သူမဟာ ရှင်းရှင်းလင်းလင်း မမြင်ရခဲ့ဘူး။

သူမရဲ့အကြည့်နဲ့ဆုံတော့ ရှန်ရန်ချင်းဟာ ပြုံးပြလာတယ်။ “အဆင်ပြေပါတယ်။ ဓာတ်ပုံ သွားရိုက်ရအောင်”

“ရှင် အဆင်ပြေတာ သေချာရဲ့လား” နန်ကောဟာ မြေကြီးပေါ်ကနေ မရွေ့ရဲဘူး။

ရှန်ရန်ချင်းဟာ ဘာမှမပြောဘဲ ခေါင်းကိုသာခါကာ သူမရဲ့လက်ကိုကိုင်တယ်။

ဓာတ်ပုံရိုက်တဲ့အချိန် ရှန်ရန်ချင်းဟာ ခဏထွက်သွားတယ်။သူ ပြန်ရောက်လာတဲ့အခါ သူ့မျက်နှာဟာ အရင်ကထက်စာရင် ပုံမှန်ပြန်ဖြစ်သွားတယ်။သူ့မျက်လုံးတွေလည်း ရဲမနေတော့ဘူး။

နန်ကောဟာ သူ တကယ် အဆင်ပြေတယ်လို့ပဲ မှတ်ယူလိုက်ပြီး ဓာတ်ပုံကို အေးအေးချမ်းချမ်းနဲ့ ရိုက်တယ်။

သူမတို့နှစ်ယောက်ဟာ မနက်ပိုင်းမှာ နောက်ဆုံးအတွဲလေး။သူမတို့ ထွက်လာတဲ့အခါ ဘေးပတ်၀န်းကျင်ဟာ အနည်းငယ်‌ ခြောက်ကပ်နေတဲ့အတိုင်းပဲ။

ကားကို အဝေးကြီးမှာ မရပ်ထားဘူး။နန်ကောဟာ ရှန်ရန်ချင်းအနောက်ကနေ လိုက်တယ်။သူဟာ လက်တစ်ဖက်နဲ့ သူမရဲ့လက်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်နဲ့ လက်ထပ်လိုင်စင်ကို ကိုင်ထားတယ်။ဓာတ်ပုံရိုက်နေတုန်းက သူမရဲ့ကော်ပီဟာ သူ့လက်ထဲ မသိလိုက်ဘဲ ပြုတ်ကျသွားခဲ့သေးတယ်။

အကြောင်းတစ်ချို့ကြောင့် သူမတို့နှစ်ယောက်လုံး လမ်းတစ်လျှောက်မှာ စကားမပြောခဲ့ကြဘူး။

ကားထဲကို ပြန်ရောက်တော့ နန်ကောဟာ ထိုင်ပြီး ဝီချက်မုမန့်မှာ အခုလေးတင် ရိုက်ခဲ့တဲ့ဓာတ်ပုံကို တင်တယ်။တစ်ခုချင်း စာပြန်နေဖို့က အရမ်းကြာတယ်‌လေ။

“ကျွန်မအစ်ကို ကျွန်မပိုစ့်ကို အသည်းပေးသွားတယ်။ သူဘာလို့အရမ်းမြန်ရတာလဲ။ သူ ကျွန်မမုမန့်တွေကို စောင့်ကြည့်ပြီး ပြန်ပြန်ရှင်းနေတာများလား”

နန်ကော မှန်တယ်။

အခုချိန်မှာ နန်ကျဲ့ဟာ ကုမ္ပဏီမှာထိုင်ပြီး ဘာလေးနက်တာ တစ်ခုမှ မလုပ်နိုင်ဘဲ ဖြစ်နေတယ်။သူ သူမရဲ့ဝီချက်မုမန့်ကို ၂မိနစ်တစ်ခါ ပြန်ပြန်ရှင်းနေတာ။

သူ့မှာ ရွေးချယ်စရာ မရှိဘူးလေ။နန်ကောဟာ သူ့ကို လေရှည်တယ်ထင်ပြီး စာမပြန်ဘူး။သူ့မှာ တရား၀င်ကြေငြာချက်ကိုပဲ စောင့်နေခဲ့ရတယ်။

ဘေးမှာ ဘာလှုပ်ရှားမှုမှ မရှိဘူး။နည်းနည်းထူးဆန်းတယ်လို့ နန်ကော ခံစားရတယ်။သူမဟာ ဖုန်းကိုကိုင်ထားရင်းပဲ မော့ကြည့်လိုက်တယ်။မောင်းသူခုံမှာ အမျိုးသားဟာ မတ်မတ်ထိုင်နေတယ်။သူဟာ သေသေသပ်သပ် ၀တ်စားထားတယ်။ဒီအခိုက်အတန့်မှာ သူဟာ သူ့လက်ထဲမှာရှိတဲ့ လက်ထပ်လိုင်စင်က ဓာတ်ပုံကို ကြည့်ရင်း မျက်လွှာ ချထားတယ်။

နန်ကောရဲ့နှုတ်ခမ်းထောင့်ဟာ ပြန့်သွားတယ်။အကြောင်းတစ်ခုခုကြောင့် အခု ရှန်ရန်ချင်း ဘာတွေးနေလဲဆိုတာ သူမ သိတယ်။

သူမရဲ့လက် သူ့မြင်ကွင်းထဲ ၀င်မလာခင်အထိ ရှန်ရန်ချင်းဟာ နန်ကော သူ့ကို ကြည့်နေတာကို မသိခဲ့ဘူး။

သူ ငေးနေတုန်းမှာပဲ သူမဟာ သူ့လက်ကို အုပ်ကိုင်တယ်။

မိန်းကလေးရဲ့လက်ဟာ လှပပြီး ကြော့ရှင်းတယ်။သူမရဲ့ ခပ်နွေးနွေး လက်ချောင်းလေးတွေဟာ နှစ်သိမ့်တဲ့ခံစားချက်လေးနဲ့အတူ အကြိမ်ရေ အနည်းငယ် တင်းတင်းသွားတယ်။

သူ မတတ်နိုင်ဘဲ သူမမျက်လုံးတွေကို မော့ကြည့်မိတယ်။

အရင်ကလိုပဲ နန်ကောရဲ့မျက်နှာမှာ တောက်ပတဲ့အပြုံးလေးတစ်ပွင့် ရှိနေတယ်။

သူမဟာ သူမရဲ့ရင်ဘတ်ကိုပုတ်ကာ သူ့ကို ဇိုးသူဌေးလိုမျိုး ကတိပေးလာတယ်။ “ဒီနေ့ကစပြီး ကျွန်မတို့က တရား၀င်လက်ထပ်ပြီးပြီ။ ကိစ္စတွေကလည်း ပြောင်းလဲသွားတော့မယ်။ စိတ်မပူပါနဲ့ အခုကစပြီး ကျွန်မ စားနိုင်သေးသရွှေ့ ဟင်းပွဲတွေက ရှင့်အတွက်ပါပဲ!”

249 03

ရှန်ရန်ချင်း လုံခြုံမှုကို မခံစားရဘူးဆိုတဲ့အကြောင်းဟာ လျှို့ဝှက်ချက် မဟုတ်ဘူး။

ဒါကို စစသိရတုန်းက နန်ကောဟာ နည်းနည်း အံ့ဩမိခဲ့တယ်။သေချာ စဉ်းစားကြည့်တော့လည်း ဒါ ပုံမှန်ပါပဲ။

သူမတို့နှစ်ယောက်မှာ ဆင်တူတာတွေ ရှိသေးတယ်။

သူမတို့မိသားစုတွေရဲ့ ပတ်၀န်းကျင် လွှမ်းမိုးမှုအောက်ကနေ သူမတို့ကို အချိန်မရွေးတုံ့ဆိုင်းခြင်း မရှိဘဲ ရွေးချယ်မဲ့လူတစ်ယောက်ယောက်ကို သူမတို့ဟာ အလွန်တရာမှ အလိုရှိခဲ့တာ။

သူမတို့ အရမ်းပျော်ခဲ့ရတယ်။ခုခံနေတာကို လက်လျှော့လိုက်တော့မဲ့အချိန်မှ သူမတို့အချင်းချင်း တွေ့ခဲ့ကြပြီး တစ်ယောက်နှလုံးသား တစ်ယောက်မှီခိုနိုင်မဲ့လူတွေ ဖြစ်လာခဲ့ကြတယ်။

သူ့မျက်လုံးတွေ တဖြည်းဖြည်းချင်း ရဲလာပြန်တာကို မြင်တဲ့အခါ နန်ကောဟာ ရွှတ်နောက်နောက် ပြုံးနေတာကို ရပ်လိုက်တယ်။သူမရဲ့မျက်လုံးတွေလည်းပဲ သူ့ကြောင့် နီရဲလာပြီး သီးပါသီးသွားတယ်။ “ရှန်ရန်ချင်း ကျွန်မ သတ္တိမကြောင်ပါဘူးရယ်။ ဘာတွေပဲဖြစ်နေဖြစ်နေ အနာဂတ်မှာ ကျွန်မ သေချာပေါက် ရှင်နဲ့အတူ ရှိနေမယ်”

ရှန်ရန်ချင်းရဲ့နှုတ်ခမ်းတွေလှုပ်ခတ်သွားတယ်။သူစကားပြောချင်ပေမဲ့ သူ့ခံစားချက်တွေကို ထိန်းချုပ်လို့ရမနေဘူး။

နောက်ဆုံးတော့ တိတ်ဆိတ်မှုအောက်မှာ သူဟာ သူ့မိန်းမအသစ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး သူ့ရဲ့မြန်ဆန်တဲ့ အသက်ရှူသံကို ဖိနှိပ်ထားတယ်။သူဟာ လက်တစ်ဖက်နဲ့ သူမရဲ့ခပ်ပါးပါး ပုခုံးနားမှာ ရစ်ပတ်ထားပြီး မျက်ရည်တွေနဲ့ ဝါးနေတဲ့ သူ့မျက်မှန်ကို ချွတ်တယ်။ပြီးတဲ့အခါ မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်တယ်။

သူ့မိဘတွေ ကွာရှင်းပြီးတော့ သူတို့ အိမ်ထောင်အသစ်ပြုပြီး မိသားစုအသစ်ကို စခဲ့ကြတယ်။

သူဟာ အချိန်အကြာကြီး တစ်ယောက်တည်း နေခဲ့တာ။

ဒါပေမဲ့ အခုကစပြီး သူ့မှာ သူ့ကိုယ်ပိုင်မိသားစုလေး ရှိလာပြီ။

နန်ကောနဲ့မိသားစုလေး။

သူမပုခုံးပေါ်က ပူပူနွေးနွေး စိုစွတ်မှုကို ခံစားမိရင်း နန်ကောဟာ နှာတရှုံ့ရှုံ့ ဖြစ်လာတယ်။သူ့ကို ပြန်ဖက်ပေးရင်း သူမလည်း မနေနိုင်ဘဲ ငိုမိတော့တယ်။

အခုချိန်မှာ သူ ဘာကိုမှ ပြောဖို့ မလိုပါဘူး။

ပွေ့ဖက်မှုတစ်ခုဟာ ထောင်ချီတဲ့စကားလုံးတွေထက် တန်တယ်။သူမ နားလည်ပါတယ်။

******

All Chapters