← Chapters

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း ၂၅၀

Vol. 25 Ch. 250

250 01

Chapter 250 မင်္ဂလာဆောင်ဖိတ်စာ။

သူတို့ရဲ့လက်ထပ်စာချုပ်ကို ပိုစ့်တင်ပြီးတဲ့နောက်မှာ ကောင်းချီးတွေ အများကြီးကို လက်ခံရရှိခဲ့တယ်။လူအများစုဟာ လက်ထပ်ပွဲနေ့ကို မေးကြတယ်။နန်ကောဟာ စိတ်ရှည်ရှည်နဲ့ တစ်ယောက်ပြီးတစ်ယောက် ဖြေပေးကာ ဒီလထဲ မင်္ဂလာဆောင်ဖိတ်စာတွေ ပို့ပေးမယ်လို့ ပြောခဲ့တယ်။

ဘွဲ့ယူတဲ့နေ့မှာ နန်ကောဟာ လက်ထပ်စာချုပ်ကို အထူးတလည် ယူလာပြီး ရှန်ရန်ချင်းနဲ့ဓာတ်ပုံအတူ ရိုက်တယ်။

ဓာတ်ပုံတွေအားလုံးထဲ ဒီပုံလေးဟာ မျက်လုံး အထင်းဆုံးပဲ။

ဘွဲ့ရခရီးစဉ်ဟာ ၂ရက်အတွင်း စတော့မှာ ဖြစ်တယ်။

ပြီးခဲ့တဲ့၂ရက်လုံး နန်ကောဟာ သူမ ပို့ပေးချင်တဲ့ မင်္ဂလာဆောင်ဖိတ်စာတွေကို အမျိုးအစား ခွဲနေခဲ့တယ်။

နောက်ဆုံးဧည့်သည့်စာရင်းလည်း ဆုံးဖြတ်ပြီးပြီ။ကျန်တာဆိုလို့ မင်္ဂလာဆောင်ဖိတ်စာ ရေးဖို့ပဲ ကျန်တော့တယ်။သူတို့ရဲ့စိတ်ရင်းအမှန်ကို‌ ပြဖို့ မင်္ဂလာဆောင်ဖိတ်စာပေါ်က ဧည့်သည်တွေရဲ့နာမည်ကို ရှန်ရန်ချင်းကိုယ်တိုင် ရေးတယ်။

ဒါပေမဲ့ များပြားတဲ့ အလုပ်ပမာဏကြောင့် ပြီးစီးဖို့ နောက်၂ရက်၊၃ရက်လောက် လိုဦးမယ်။

“ရှင် တကယ်တစ်ယောက်တည်း လုပ်နိုင်ရဲ့လား။ ဘာလို့အခြားတစ်ယောက်ကို ရေးခိုင်းဖို့ မရှာလိုက်တာလဲ”

လတ်တလော သူ့မှာ လုပ်ငန်းခရီးတစ်ခု သွားဖို့ရှိပြီး မင်္ဂလာဆောင်ဖိတ်စာတွေကို ရေးရင်း အချိန်ကုန်ဆုံးနေတယ်။

“ရပါတယ်။ ကိုယ်တို့နာမည်တွေ ရေးဖို့ပဲလိုတော့တာ။ အရမ်းဒုက္ခ မများပါဘူး” ရှန်ရန်ချင်းဟာ လက်ထပ်ပွဲကိစ္စအချို့ကို သူ့ဟာသူပဲ ကိုင်တွယ်ခဲ့တာပါ။

“ကိုယ်ပြီးတာနဲ့ တစ်ယောက်ယောက်ကို လိုက်ဝေခိုင်းလိုက်မယ်။ ရက်နည်းနည်းပဲ ကြာမှာပါ။ ကိုယ် အလုပ်များတယ်ဆိုလည်း အချိန်နည်းနည်း ပိုယူလိုက်ပါမယ်။ စိတ်မပူနဲ့”

အဲ့လိုနဲ့ပဲ နန်ကောဟာ နောက်ဆံတင်းစရာ တစိုးတစိမှမရှိဘဲ ထိုင်းကို ထွက်ခွာကာ သူမရဲ့ဘွဲ့ရခရီးစဉ်ကို စတင်တော့တယ်။

သူမ အိမ်မှာမရှိတဲ့အချိန်အတွင်း ရှန်ရန်ချင်းဟာ ကိစ္စတော်တော်များများကို လုပ်ခဲ့တယ်။

အထူးသဖြင့် လုပ်ငန်းခရီးမှာ အကြောင်းတစ်ခုခု‌ကြောင့် ဖေးယွင်နည်းပညာဘက်မှာ တစ်ခုခု ဖြစ်သွားတယ်။နိုင်ငံခြားက ပြန်လာတဲ့ဉာဏ်ကြီးရှင်တွေ ရုတ်တရက် အနားယူသွားကြပြီး ဖေးယွင်နည်းပညာနဲ့ဟွားရှန်ကြားက ပရောဂျက်ဟာ ရပ်လိုက်ရဖို့ ဖြစ်သွားတယ်။ဒီလိုပြဿနာမျိုးနဲ့ ကြုံတာတောင် ဖေးယွင်ဟာ ဂရုစိုက်ပုံ မရဘူး။စကားတစ်ခွန်းမှမဆိုဘဲ သူတို့ဟာ စာချုပ်ချိုးဖောက်မှုအတွက် လျော်ကြေးများများ တန်းပေးခဲ့တယ်။

ဒီပူးပေါင်းဆောင်ရွက်မှုရဲ့ကျရှုံးမှုဟာ ရှန်ရန်ချင်းကို အချိန်တွေ အများကြီး သက်သာသွားစေတယ်။

ဟိုက်မြို့ကို ပြန်ရောက်တာနဲ့ သူ တစ်ယောက်ယောက်ကို မင်္ဂလာဆောင်ဖိတ်စာတွေ လိုက်ဝေ ခိုင်းခဲ့တယ်။သူနဲ့ရင်းနှီးတဲ့ လူတွေကိုတော့ ကိုယ်တိုင် သွားဖိတ်ခဲ့တယ်။အဲ့နောက် သူ သူ့ပါးရဲ့လက်ရေးစာလက်ထပ်စာချုပ်ကို ကြီးကြပ်ပြီး လက်ထပ်ပြီးရင် နေမဲ့အိမ်ကို အန်တီ၀မ်နဲ့အတူ အလှဆင်တယ်။

“ဘာလို့ ကလေးခန်း မရှိတာလဲ” ဒါဟာ လက်ထပ်ပြီးရင်နေမဲ့အိမ်ကို အန်တီ၀မ် ရောက်ဖူးတဲ့ ပထမဆုံးအကြိမ်ဖြစ်တယ်။လာလည်ပြီးတော့မှ တစ်ခုခု မှားနေတာကို သူမ သတိထားမိတယ်။

ရှန်ရန်ချင်းဟာတော့ ပြဿနာရှိတယ် မထင်ဘူး။သူဟာ တည်တည်ငြိမ်ငြိမ် ပြောတယ်။ “လောလောဆယ် ဒီအကြံ မရှိသေးလို့ပါ”

သူဟာ ကလေးကို ဆိုလိုချင်တာ။

အန်တီ၀မ်ဟာ ဒီအကြောင်းတွေးကြည့်လိုက်ပြီး နားလည်သွားတယ်။

“အဲ့တာမှန်တယ် နန်ကောက ငယ်သေးတယ်။ သူ့မှာ စာလေ့လာဖို့ နောက်ထပ်၂နှစ်ကျန်သေးတယ်”

ရှန်ရန်ချင်းဟာ ၃၀ထဲ ရောက်နေပြီ။သူလည်း အလျင်လိုမနေတာမို့ အခြားသူတွေ သူ့ကို လာလောဖို့လည်း မလိုအပ်ဘူး။

ကံကောင်းစွာနဲ့ ရှန်မိသားစုဟာ ပွင့်လင်းတဲ့ စိတ်သဘောထားရှိပြီး သဘာ၀ကို သဘာ၀အတိုင်း ထားတယ်။လလယ်နားလောက်ရောက်တော့ နန်ကောဟာ ဖုန်းခေါ်လာပြီး ရက်အနည်းငယ်တွင် ပြန်ရောက်မယ်ဖြစ်ကြောင်းကို ပြောတယ်။

“ဟုတ်ပြီ။ ကိုယ် အဲ့နေ့ကျ မင်းကို လေဆိပ်မှာ လာကြိုမယ်”

အဲ့ညက နောက်ကျနေပြီဖြစ်တာမို့ ရှန်ရန်ချင်းဟာ စကားနည်းနည်းပါးပါး ပြောပြီး သူမကို ပေးနားလိုက်တယ်။

နောက်တစ်နေ့ညကျ ရှန်ရန်ချင်းဟာ ကုမ္ပဏီကနေ ပြန်ရောက်တာနဲ့ နန်ကောရဲ့အ၀တ်တွေကို ထုပ်ပိုးသိမ်းဆည်းဖို့ အိမ်အကူတွေကို ကြီးကြပ်ပေးနေခဲ့တယ်။

ထုပ်ပိုးသိမ်းဆည်းပြီးတဲ့နောက် သူဟာ ထွက်သွားဖို့ လောမနေခဲ့ဘူး။သူဟာ လက်ထပ်ပြီးရင် နေမဲ့အိမ်မှာ အကြာကြီး ထိုင်နေခဲ့တယ်။

သူ လက်ထပ်ပွဲအကြောင်း စဉ်းစားနေရင်း အိတ်ကပ်ထဲက သူ့ဖုန်းဟာ အသံမြည်လာတယ်။

မသိတဲ့နိုင်ငံခြား ဖုန်းနံပါတ်။

250 02

မသိတဲ့လူဆို ရိုက်စားဖုန်းလို့ ထင်လိမ့်မယ်။

ဒါပေမဲ့ ပေါ်နေတဲ့နိုင်ငံကို အနည်းငယ် ရင်းနှီးနေတယ်။သူဟာ စိတ်ထဲ တစ်ခုခု ခံစားမိပြီး ဖုန်းကို အမြန်ဖြေလိုက်တယ်။

ဖုန်းတစ်ဖက်ကနေ ယောက်ျားလေးအသံတစ်သံ ထွက်လာတယ်။မပီတပီအင်္ဂလိပ်လေသံနဲ့ သူဟာ မြို့ခံရဲဖြစ်ကြောင်း ပြောကာ သူ့နာမည်ကို မေးတယ်။

အတည်ပြုပြီးတဲ့အခါ သူဟာ ဘေးကလူကို ဖုန်းလွှဲပေးတယ်။

“ရှန်ရန်ချင်း ကျွန်မပါ!ကျွန်မ”

ရှန်ရန်ချင်းဟာ ချက်ချင်း မတ်တပ် ထရပ်မိပြီး သတိလက်လွတ် လမ်းလျှောက် ထွက်လာမိတယ်။ “ဘာဖြစ်တာလဲ။ မင်း ဘာလို့ရဲစခန်း ရောက်နေတာလဲ”

“အာ ပြောရရင် အရှည်ကြီးပဲ” နန်ကောဟာ တိုးတိုးသသ ရှင်းပြတယ်။ “ကျွန်မတစ်ယောက်တည်း အပြင်ထွက်လာတော့ လုတဲ့သူနဲ့တွေ့တာ...”

ဒါပေမဲ့ သူ ဒါကို ကြားရတဲ့အခါ ရှန်ရန်ချင်းဟာ မနေနိုင်ဘဲ ကြားဖြတ်မေးတယ်။ “မင်း ထိခိုက်သွားသေးလား”

“နိုး နိုး”

နန်ကောဟာ သူ့ကို စိတ်မပူဖို့ ပြောတယ်။ “ကျွန်မက အဆင်ပြေပါတယ်။ ကျွန်မအိတ် လုခံရတာ ကျွန်မဖုန်း၊ဘဏ်ကတ်နဲ့ ပိုက်ဆံတချို့ ပျောက်သွားတယ်။ အော် ဟုတ်သား ရှင် ကျွန်မကို ပေးထားတဲ့ အနီရောင်လက်ကောက်လေး အကြောင်းတစ်ခုခုကြောင့် ကျပျောက်သွားတယ်။ ဘယ်မှာမှရှာလို့ မတွေ့တာမို့ ဘယ်မှာ ပြုတ်ကျသွားလဲမသိဘူး”

“မင်း မထိခိုက်လို့ တော်သေးတယ်။ ပစ္စည်းတွေက အရေးမကြီးဘူး မင်းသူငယ်ချင်းတွေကရော”

“ကျွန်မ ရှင့်ကို အဲ့ကိစ္စကြောင့် ခေါ်တာ။ ကျွန်မ သူတို့ဖုန်းနံပါတ်တွေရော၊ဟိုတယ်နာမည်ကိုရော မမှတ်မိဘူး။ သူတို့ကို ကူဆက်သွယ်ပေးပါဦး။ ကျွန်မက...” သူမဟာ ရပ်ပြီးလှည့်ကာ ဘယ်ရဲစခန်းမှာလဲဆိုတာကို အင်္ဂလိပ်လို ရဲကို မေးလိုက်တယ်။

ရှန်ရန်ချင်းဟာ သူမတို့ပြောနေတာတွေကို ရှင်းလင်းစွာကြားပြီး လိပ်စာကို တိတ်တဆိတ်ပဲ ချမှတ်လိုက်တယ်။ “ရဲစခန်းနားမှာ လျှောက်မသွားနဲ့နော်။ ကိုယ် တစ်ယောက်ယောက်ကို မင်းကို‌ လာခေါ်ခိုင်းလိုက်မယ်”

“အိုကေ” နန်ကောဟာ ပြန်ပြောတယ်။

အဲ့တာ သူမရဲ့အမှား မဟုတ်ဘူး။တက္ကသိုလ် တက်လာတဲ့၄နှစ်အတွင်း သူမ စုဟွေးနဲ့အခြား၂ယောက်ကို ဖုန်းခေါ်တယ်ဆိုတာ ရှားတယ်။သူတို့ကို ဆက်သွယ်ဖို့ အမြဲဝီချက်ကိုပဲ အားကိုးခဲ့တာ။သူတို့ရဲ့ဖုန်းနံပါတ်တွေကို ဖုန်းထဲမှာ မှတ်ပြီးကတည်းက သူမ အဲ့နံပါတ်တွေကို နှိပ်တာ ရှားတယ်။

ရဲစခန်းကိုရောက်တော့ နန်ကျဲ့ပြီးရင် သူမ မှတ်မိတဲ့ အခြားလူရဲ့ဖုန်းနံပါတ်ဆိုလို့ ရှန်ရန်ချင်းပဲ ရှိတယ်။

နန်ကျဲ့ဆို သူမကို ဆူမှာစိုးတာမို့ ရှန်ရန်ချင်းကို ခေါ်တာ ပိုကောင်းတယ်။

သူမ ရှန်ရန်ချင်းရဲ့ဖုန်းနံပါတ်ကို စိတ်ထဲ ကောင်းကောင်း မှတ်မိတယ်။ဘာလို့လဲဆိုတော့ သူ့ဖုန်းနံပါတ်ရဲ့ အလယ်ဂဏန်း၄လုံးဟာ သူမရဲ့မွေးနေ့ ဖြစ်နေလို့။သူမ ဒါကို သိတဲ့အချိန်ကတည်းက ဒီနံပါတ်ကို မှတ်ထားခဲ့တာ။

နန်ကောဟာ တစ်ယောက်ယောက် သူမကို လာမခေါ်ခင်အထိ ရဲစခန်းမှာ နာရီ၀က်လောက် ထိုင်နေခဲ့ရတယ်။

ဒါပေမဲ့ အဲ့တာက စုဟွေးလည်း မဟုတ်သလို အခြား၂ယောက်လည်း မဟုတ်ဘူး။တစ်ဖက်လူ ပြောတာတော့ သူဟာ ရှန်ရန်ချင်းရဲ့သူငယ်ချင်းတဲ့။အခြားလူ‌တွေကို ဖုန်း‌ခေါ်လို့ရအောင် သူမအတွက် ဖုန်းအသစ်နဲ့ ဆင်းကတ်တောင်မှ ၀ယ်လာပေးသေးတယ်။

ရှန်ရန်ချင်းကို ဖုန်းခေါ်ကာ အတည်ပြုပြီးမှ နန်ကောဟာ သူနဲ့ လိုက်သွားရဲတယ်။

နန်ကော ဟိုတယ်ကို ပြန်ရောက်ပြီဖြစ်ကြောင်း အတည်ပြုပြီးတော့မှ ရှန်ရန်ချင်းဟာ သူ့သူငယ်ချင်းကို ဖုန်းခေါ်ပြီး အခြေအနေအကြောင်း မေးကြည့်တယ်။

“ဒီမှာက ညဘက်ဆို လုတဲ့သူတွေ အများကြီးရှိတယ်။ အထူးသဖြင့် ခရီးသွားတွေကို ပစ်မှတ်ထားတာ။ သူတို့အားလုံးက အနီးအနားကလမ်းသရဲတွေ သာမန်လူလိုပဲ ၀တ်စားထားတော့ လူတွေကလည်း သတိပေါ့လွယ်ကြတာပေါ့။ မြို့ခံတွေကလည်း များသောအားဖြင့် မကူညီတတ်ဘူး။ လုသွားတဲ့ကောင်တွေကို ရှာမတွေ့ဘူးဆိုရင် အဲ့တာ သူတို့ကိုယ်သူတို့ပဲ ကံမကောင်းဘူးဆိုပြီး အပြစ်တင်ဖို့ပဲ တတ်နိုင်မယ်”

“အဲ့တာ အရေးမကြီးဘူး။ သူမ ထိခိုက်ဘူးဆိုတာ မင်းသေချာလား” ရှန်ရန်ချင်းဟာ နန်ကော သူ့ကို အမှန်တိုင်း မပြောမှာကို စိုးရိမ်တယ်။

“လုတဲ့သူက ဓားယူလာတာတော့ ဟုတ်တယ်။ ခယ်မလေးကလည်း ဉာဏ်ကောင်းတယ်။ သူ့အိတ်ကို လုပြီဆိုတာနဲ့ သူက လွှတ်ပေးလိုက်တာ ဆွဲလည်း မထားသလို ဖြတ်လည်း မဖြတ်ဘူး။ သူ အဆင်ပြေပါတယ် စိတ်မပူနဲ့ အစ်ကိုရှန်”

ထပ်ခါထပ်ခါ အတည်ပြုပြီးတော့မှသာပဲ ရှန်ရန်ချင်းရဲ့စိတ်ပူနေတဲ့ နှလုံးသားဟာ ပြေလျော့သွားတယ်။

နောက်တစ်‌နေ့ သူ အန်တီ၀မ်နဲ့ သွားဆုံပြီး အနီရောင်ကြိုးလေးပျောက်သွားတော့ နန်ကော အဆင်ပြေပါ့မလားဆိုတာကို မေးကြည့်တယ်။

ဒါကို ကြားတဲ့အခါ အန်တီ၀မ်ဟာလည်း ထိတ်လန့်သွားတယ်။အထိတ်တလန့်နဲ့ပဲ သူမက ပြောတယ်။ “အနီရောင်ကြိုးက ‌အန္တရာယ်တွေကို ကာကွယ်ပေးတာပါ။ သူ အဆင်ပြေပါတယ်။ အန်တီ ရှန်မြို့ကို သွားတဲ့အခါကျရင် နန်ကောအတွက် တစ်ခု ပြန်ယူလာပေးမယ်။ မင်း စိတ်ပူစရာ မလိုပါဘူး” ဒါကို ရှန်ရန်ချင်း ပထမဆုံး ကြားဖူးတာဆိုပေမဲ့ တကယ်တိုက်ဆိုင် သွားခဲ့တာပဲ။

မယုံမဲ့အစား ယုံ‌လိုက်တာ ပိုကောင်းတယ်။

နန်ကော နိုင်ငံထဲကို ပြန်ရောက်တော့ ဂျူလိုင်လ ကုန်တော့မယ်။

250 03

သူမတို့ရဲ့လက်ထပ်ပွဲမတိုင်ခင် လ၀က်လောက်‌တော့ လိုသေးတယ်။

ဟိုက်မြို့မှာ ၂ရက်နေပြီးတဲ့နောက် နန်ကောဟာ လက်ထပ်ဖို့အတွက် ကျန်းမြို့ကို ပြန်လာတယ်။

နန်မိသားစုအိမ်မှာတော့ မစ္စတာနန်ဟာ သူမနဲ့ရှန်ရန်ချင်းရဲ့ လက်ထပ်ဓာတ်ပုံတွေကို ဧည့်ခန်းထဲမှာ နေရာချထားပြီးပြီ။

သူမတို့မိသားစုရဲ့ပုံတွေ အများကြီးရှိပေမဲ့ အစကတုန်းကတော့ သူမတို့၄ယောက်ပဲ ရှိခဲ့တာ ဖြစ်တယ်။

အခုကစပြီး မိသားစု၀င်တစ်ယောက် ပိုလာပြီ။

အခုတလော မစ္စတာနန်နဲ့မစ္စနန်တို့ဟာ အလုပ်များနေခဲ့ကြတယ်။သူတို့တွေ ခန်း၀င်ပစ္စည်းတွေကို စီစဉ်တော့ အိမ်ရှေ့ခန်းမကြီးဟာ ပြည့်ကျပ်နေတာမို့ နန်ကောမှာ သွားစရာ နေရာတောင် မရှိရှာဘူး။

မင်္ဂလာလက်ဖွဲ့အနေနဲ့ နန်ကျဲ့ဟာလည်း နန်ကောကို ပေးဖို့ ပိုက်ဆံတွေ အများကြီးသုံးပြီး အကန့်သတ်နဲ့ထုတ်တဲ့ Lamborghini တစ်စီး ၀ယ်ပေးတယ်။ကမ္ဘာပေါ်မှာ စုစုပေါင်းမှ ၅စီးပဲ ရှိတယ်လို့ ပြောကြပြီး ၃စီးကိုပဲ ထုတ်ရောင်းတာတဲ့...။

******

All Chapters