← Chapters

အခန်း ၂၅၁

Vol. 26 Ch. 251

အခန်း ၂၅၁

Vol. 26 Ch. 251

251 01

Chapter 251 ဒါ ရိုးရှင်းတဲ့အချစ်သီချင်းလေးတစ်ပုဒ်ပါ။

တိုက်ဆိုင်စွာပဲ ရှန်ရန်ချင်းနဲ့ နန်ကောတို့ရဲ့လက်ထပ်ပွဲနေ့ဟာ တရုတ်ချစ်သူများနေ့နဲ့ ၂ရက်ပဲကွာတယ်။

အစကတော့ သတင်းကောင်းလို့ထင်ရပေမဲ့ နောက်တော့ မစ္စနန် ရာသီဥတုခန့်မှန်းချက်ကို စစ်ဆေးကြည့်လိုက်တဲ့အခါ သူမရဲ့ပုံစံဟာ စိတ်ပူသွားတယ်။

တောင်ပိုင်းဒေသတွေဟာ မိုးရွာနေပြီ ဖြစ်တယ်။တရုတ်ချစ်သူများနေ့မှာလည်း ရွာမှာပဲ။

နှစ်တိုင်း ဒီပွဲတော်ကိုရောက်တိုင်း ခြွင်းချက်မရှိဘဲ ၂ရက်၊၃ရက်လောက် မရပ်မနား ကျိန်းသေပေါက် မိုးပြင်းထန်စွာ ရွာတတ်တယ်။

“မားရယ် အဆင်ပြေပါတယ် မိုးရွာတာပါ။ မိုးသီးကြွေတာမှ မဟုတ်တာ”

ဆိုဖာပေါ်မှာတော့ နန်ကျဲ့တစ်‌ယောက်ဟာ မှီပြီး ဖုန်းသုံးနေရင်း သူမကို အမှုမဲ့အမှတ်မဲ့ နှစ်သိမ့်တယ်။

မစ္စနန်ဟာ သူ့ကို မျက်စောင်း ထိုးကြည့်လိုက်ပြီး သူ ဘာမှမသိပါဘူးဆိုကာ ပြန်ပြောတယ်။

“မိုးသာ ပိုပိုပြင်းလာရင် ဘာဖြစ်မလဲဆိုတာ နင်သိလား။ ငါတို့ပွဲမှာ စိုမှာမဟုတ်ဘူး။ ဒါပေမဲ့ သတို့သမီးကို သွားခေါ်တဲ့အချိန် ငါတို့ကားဆီကို ခြံထဲကနေ ဖြတ်ရတာ။ ပိုဆိုးတာက လူတွေအများကြီး ထီးတွေနဲ့ဆို သက်တောင့်သက်သာ မရှိဘူး။ ဓာတ်ပုံတွေထဲ ကြည့်မကောင်းတော့ဘူး”

နန်ကျဲ့ဟာ ပြန်မပြောခင် ခဏတိတ်ဆိတ်နေခဲ့ပြီး “မား အတွေးလွန်နေပြီ”

“မိသားစုထဲမှာ ရော့ရော့လက်ထပ်ပွဲအတွက် စိတ်အားမထက်သန်တဲ့ လူဆိုလို့ နင်တစ်ယောက်ပဲရှိတယ်”

“ကျွန်တော် မတက်ကြွလို့လား” နန်ကျဲ့ဟာ ရုတ်တရက် မတ်တပ်ထရပ်ပြီး သူ့ကိုယ်သူ ကာတယ်။ “သတို့သမီးမိသားစုဘက်က လက်ထပ်ပွဲခန်းမအတွက် အကုန်လုံးကို ကျွန်တော် ပြင်ဆင် ပေးထားတာပါနော်”

သတို့သမီးမိသားစုဘက်က လက်ထပ်ပွဲခန်းမဆိုတာ အရမ်းအရေးပါတယ်။လက်ထပ်ပွဲနေ့ မတိုင်ခင် အမျိုးသမီးဟာ သူမရဲ့အမျိုးတွေအားလုံးကို ဖိတ်လိမ့်မယ်။

နန်မိသားစုရဲ့ မင်းသမီးငယ်လေးက လက်ထပ်တော့မှာလေ။ဒီတော့ ပုံမှန်သဘောတရားအရ သတို့သမီးဘက်က လက်ထပ်ပွဲခန်းမဟာ ကြီးကျယ်တယ်။

အစက သူ ဒီအလုပ်အတွက် စေတနာ့၀န်ထမ်း လုပ်ထားတာ။ဒါပေမဲ့ သူ့မားဟာ သူ့ကို စိတ်မချရဘူး ထင်တယ်လေ။အဲ့လိုနဲ့ သူမဟာ နှစ်ကြိမ်တိတိ တွေးပြီး သူ့ပါးဆီ လွှဲပေးလိုက်တယ်။ဒါပေမဲ့ ပါးဟာ နန်ကောရဲ့အစ်ကိုကြီးတစ်ယောက်အနေနဲ့ သူ ဒီတစ်ကြိမ်မှာ ကြီးမားတဲ့တာ၀န်ယူမှုတစ်ခု ရှိရမယ်လို့ထင်တယ်။ဒါကြောင့် တစ်ပတ်လည် ရိုက်နေပြီးတဲ့နောက် သူမဟာ ဒီအလုပ်ကို သူ့လက်ထဲပဲ ပြန်လွှဲပေးခဲ့တယ်။

ခန်းမရဲ့နေရာ မပြောနဲ့။သူ မီနူးတွေကိုပါ ကိုယ်တိုင်၀င်စစ်ဆေးပြီး တစ်ခုချင်းစီ ကိုယ်တိုင် မြည်းခဲ့တယ်။သုံးထားတဲ့ဝိုင်ကလည်း အရင်က သူ မထိရက်မကိုင်ရက်နဲ့ သိုလှောင်ထားခဲ့တဲ့ သီးသန့်ဝိုင်တွေထဲက ဖြစ်တယ်။ဒီတစ်ကြိမ်မှာတော့ သူ အရာအားလုံးကို ကြိုးစား အားထုတ်ခဲ့တယ်။

စီစဉ်ပေးတဲ့ကုမ္ပဏီရယ်၊ဟိုတယ်ရယ်နဲ့ သူ အထပ်ထပ်အခါခါ ဆွေးနွေးခဲ့ရတဲ့ ခန်းမအတွက် လိုအပ်တဲ့ပန်းတွေရော အပါအ၀င်‌ပေါ့။အဲဒါတွေအားလုံး အဲ့နေ့မှာပဲ လေကြောင်းနဲ့ ရောက်လာပြီးသား။

ပြီးခဲ့တဲ့ရက်တွေထဲ သူ ပွဲခန်းမထဲမှာ အချိန်ကုန်တာလောက် ကုမ္ပဏီမှာ အချိန် မကုန်ဖြစ်ဘူး။

သူ့အတွင်းရေးမှူးဆို ဒီနေ့အထိ သူ့ဆီ စာပို့နေတုန်း: [ဥက္ကဌနန် ကျွန်တော် မင်းကို မတွေ့ရတာ တစ်ပတ်နီးပါး ရှိနေပြီ!]

ဟူး။သူ့အတွင်းရေးမှူးဆိုတဲ့ အတိုင်းပဲ။အခြားဘယ်သူကမှ သူတို့ရဲ့သူဌေးကို မတွေ့ချင်ကြဘူး။ဒါပေမဲ့ သူ့အတွင်းရေးမှူးဟာတော့ အမြဲတမ်း သူ့ဆီကနေ ပိုကောင်းတာတွေကို မျှော်လင့်နေပြီး သူ ကုမ္ပဏီမှာ နေ့တိုင်းနေဖို့ကို မစောင့်နိုင်ဘူး။

သူ ဒီလောက်ကြီး ပုံမှန်မဆန်ဖို့လိုလို့လား။

နန်ကောတစ်ယောက် နေ့လည်‌တစ်ရေး အိပ်တာကနေ နိုးလာတယ်။သူမ အောက်ထပ်ကို ဆင်းလာတာနဲ့ မားနဲ့နန်ကျဲ့တို့ ‌မိုးအကြောင်း ပြောနေကြတာကို ကြားရတယ်။

“ရော့ရော့ နိုးပြီလား” မစ္စနန်ဟာ လက်ပြပြီး သူမဘေးမှာ ထိုင်ဖို့ပြောတယ်။

251 02

နန်ကော မေးကြည့်လိုက်တော့ သူတို့ဟာ လက်ထပ်ပွဲနေ့မှာ မိုးရွာနိုင်ခြေ ရှိမရှိအကြောင်းကို ပြောနေကြတာ။

သူမဟာ ခဏကြောင်သွားပြီး ဒီတိုင်းပြုံးပြလိုက်တယ်။ “မားရယ် အဆင်ပြေပါတယ်။ မိုးလေးပဲဟာကို”

ဒီတစ်ကြိမ်တော့ နန်ကောနဲ့နန်ကျဲ့ရဲ့ တုံ့ပြန်မှုနဲ့‌အတွေးတို့ဟာ ထပ်တူကျနေခဲ့တယ်။

သူတို့ရဲ့အမြင်မှာတော့ မိုးဟာ ကိစ္စကြီး မဟုတ်ဘူး။

အဲဒါဟာ လက်ထပ်ပွဲကို မသက်ရောက်ဘူး။

အစကတည်းက နန်ကောမှာ လက်ထပ်ပွဲကို အပြင်ဘက်မှာ ကျင်းပဖို့ စိတ်ကူးရှိခဲ့တယ်။ပြန်တွေးကြည့်လိုက်တော့မှ နွေလယ်ခေါင်ကြီးမှာ လက်ထပ်ပွဲကို အပြင်ဘက်မှာ ကျင်းပတာ သင့်တော်ပုံမရလို့။

သူမ အပူကို ကြောက်တာ မဟုတ်ဘူး။ဒါပေမဲ့ ဧည့်သည်တွေအများကြီး လာမှာလေ။အရမ်းပူနေလို့ရှိရင် လူတိုင်းရဲ့ခံစားချက်ကို သွားထိလိမ့်မယ်။

အခု သူမ တွေးကြည့်တော့မှ အဲ့အကြံကို အဲ့ကတည်းက လက်လျှော့လိုက်တာ ကံကောင်းသွားတယ်။

မစ္စနန်ဟာ အကြာကြီး စဉ်းစားခဲ့ပြီး နောက်ဆုံးမှာတော့ ခြံ၀င်းထဲမှာ မှန်အမိုးတပ်ဖို့ ဆုံးဖြတ်လိုက်တယ်။အဲ့လိုမှ လူတိုင်းဟာ သတို့သမီးကို ကြိုဖို့ ထီးကြီး ဆောင်းနေစရာ မလိုတော့မှာ။သက်သက်၀င်ဝင်ရှိတဲ့ လေထုဟာလည်း အရမ်း ကောင်းမွန်တယ်။အချိန်ကျလို့ရှိရင် သူမတို့ ကားထဲက ထွက်တော့မှသာ ထီးကိုင်လိုက်လို့ ရတယ်။

မစ္စနန်ဟာ အမြဲတမ်း အလုပ်နဲ့ သက်သေပြတတ်တဲ့လူ။သူမဟာ အဲဒါကို အတည်တကျဖြစ်ဖို့ ရက်အနည်းငယ်ပဲ ယူလိုက်ရပြီး ခြံ၀င်းကိုတောင် ပြန်လည် ပြင်ဆင်လိုက်သေးတယ်။မစ္စတာနန်တစ်ယောက် အားလပ်ချိန်မှာ စိုက်ထားတဲ့ ပန်းတွေနဲ့အပင်တွေတောင်မှ အရမ်းရိုးတယ်ဆိုကာ မစ္စနန်ဆီကနေ ဂေါ်ပြားနဲ့ ကလော်ခံလိုက်ရတယ်။ပိုပြီးတောက်တောက်ပပရှိတဲ့ ပန်းတွေနဲ့ အစားထိုးခံလိုက်ရတယ်။

လက်ထပ်ပွဲနေ့မတိုင်ခင် လက်ထပ်ပွဲခန်းမမှာ ဧည့်သည်တွေ အများကြီးရှိနေတယ်။သူတို့ထဲကတချို့ဟာ အနေဝေးတဲ့အမျိုးတွေဖြစ်ပြီး တချို့ဟာ စီးပွားရေးပါတနာတွေ ဖြစ်ကြတယ်။

တကယ်တော့ သူတို့ကို ဖိတ်စရာမလိုပေမဲ့ အိမ်မှာ ပျော်စရာအခါသမယ ဖြစ်တာကြောင့် ဒီလူတွေ မပြောနဲ့။နန်ကောသာ သူ့ကို မတားခဲ့လို့ရှိရင် နန်ကျဲ့တစ်ယောက် စားပွဲနှစ်လုံးခွဲဖို့ လမ်းဘေးက ခွေးတွေကိုပါ ဆွဲခေါ်လာတော့မလို့။

ဒီနေ့မှာ နန်ကောရဲ့ဦးလေး၂ယောက်နဲ့ သူတို့မိသားစုတွေရော၊ဦးလေးငယ်ရောပါ လာခဲ့ကြတယ်။

ဒါပေမဲ့ အဖွားကတော့ ရောက်မလာဘူး။

အဲ့တုန်းကလည်း သူမ အဖွားကို ဖိတ်ချင်လားလို့ နန်ကျဲ့ဟာ သူမကို မေးမြန်းခြင်း မရှိခဲ့သလို သူမဘက်ကလည်း စပြီး မမေးခဲ့ဘူး။မောင်နှမနှစ်ယောက်မှာ တိတ်တဆိတ် နားလည်မှုရှိတယ်။

ရှိနေတဲ့လူအများစုဟာ နန်မိသားစုရဲ့မိန်းမကြီး မရှိတာကို သတိထားမိကြပြီး တချို့ဟာ စမေးလာကြတယ်။

မိန်းမကြီးဟာ အသက်ကြီးနေပြီမို့ မတက်ရောက်နိုင်ဘူးလို့သာ နန်ကျဲ့က ပြန်ဖြေတယ်။

နန်ကော ခွက်မြှောက် အောင်ပွဲခံပြီးတဲ့နောက် ယွီဟာ နန်ကောကို ထောင့်တစ်နေရာကို ဆွဲခေါ်သွားတယ်။

“နင့်တို့အဖွားကြီး တမင် မလာတာလား” ယွီဟာ သူမ ထပ်အနိုင်ကျင့်ခံရပြန်ပြီလို့ထင်ကာ သူမအစား ဒေါသထွက်ပေးတယ်။ “ဒီလိုအချိန်မျိုးမှာ ဒီမိန်းမကြီး ဘာတွေတွေးနေတာလဲ”

******

All Chapters