အခန်း ၂၅၂
Vol. 26 Ch. 252
252 01
Chapter 252 ဒါ ရိုးရှင်းတဲ့အချစ်သီချင်းလေးတစ်ပုဒ်ပါ(၂)။
ပဋိပက္ခက ဘယ်လောက်ပဲ ကြီးခဲ့ပါစေလေ။အဖွားဖြစ်သူဟာ အနည်းဆုံးတော့ မြေးဖြစ်သူရဲ့လက်ထပ်ပွဲမှာ ပေါ်လာရမယ် မဟုတ်လား။
နန်ကောဟာ လက်ခါတယ်။ “မပူနဲ့ မပူနဲ့။ ငါ့အစ်ကို အဖွားကို မဖိတ်ခဲ့ဘူး”
“ဟမ်” ယွီဟာ ဆဲတော့မှာပေမဲ့ သူ့ကိုယ်သူ ပြန်ထိန်းလိုက်တယ်။သူ့အကြည့်ဟာ ခပ်လှမ်းလှမ်းမှာ ဧည်သည့်တွေနဲ့ စကားပြောနေတဲ့ နန်ကျဲ့ကို ခိုးကြည့်ရင်း အထူးတဆန်း ရှိနေတယ်။
နန်မိသားစုရဲ့အကြီးဆုံးမြေးအနေနဲ့ အဖိုးကြီး ဆုံးသွားပြီးတဲ့နောက် နန်ကျဲ့ဟာ ကုမ္ပဏီကို တရား၀င် လက်လွှဲယူခဲ့တယ်။
ဥက္ကဌနန်အသေးလေးကနေ သူဟာ တရား၀င်ဥက္ကဌနန် ဖြစ်လာပြီ။
ဒီအခြေအနေတွေအောက်မှာ သူဟာ သူ့အဖေနဲ့ဦးလေးတွေထက်တောင်မှ ပိုအလုပ်ရှုပ် လာခဲ့တယ်။
လူတိုင်းဟာ သူ့ဆီက အာရုံစိုက်မှုကို လိုချင်ကြတာမို့ သူ့မှာ ထွက်လာလို့ ရမနေဘူး။ဒါကြောင့် ယွီဟာ သူ့ကို သွားမမေးဘဲ နန်ကောဆီလာတာ။
“နင် အစ်ကိုကြီးနန်နဲ့ ဆွေးနွေးခဲ့တာလား”
“ဘာဆွေးနွေးမှုမှ မရှိဘူး” နန်ကောဟာ ခေါင်းခါတယ်။ “ဒါပေမဲ့ ငါ တကယ် သူ့ကို မလာစေချင်ဘူး”
ယွီဟာ အနည်းငယ် အံ့ဩသွားတယ်။တစ်စက္ကန့်လောက်ကြာတော့ သူဟာ စိတ်သက်သာရရာစွာနဲ့ ပြုံးတယ်။ “ဒီလိုမှ နန်ကောနဲ့ ပိုတူတာ”
ဒီနေ့လို အခါသမယမျိုးမှာ နန်ကောဟာ ကျိန်းသေပေါက် တစ်မိသားစုလုံးရဲ့ခံစားချက်ကို ထည့်စဉ်းစားပြီး အဖွားကြီးကို အရင်စဖိတ်လိမ့်မယ်လို့ သူ ထင်ခဲ့တာ။သူမ ဘယ်လောက်ပဲ ဆန္ဒမရှိပါစေ ပျော်စရာအခါသမယမျိုးမှာတော့ သူမ အလျှော့ပေးလိမ့်မယ်လို့ ထင်ခဲ့တာ။
သူ ဒါမျိုးကို တကယ်မမျှော်လင့်ထားမိဘူး။
“မနက်ဖြန်လက်ထပ်ပွဲကိုလည်း အဖွားကြီးကို ဖိတ်ထားမယ် မထင်ဘူး။ ဟုတ်တယ်မလား”
နန်ကောဟာ ခေါင်းညိတ်ကာ လက်ပိုက်ပြီး နှာခေါင်းရှုံ့တယ်။ “ပျော်စရာနေ့မှာ ငါက ဘာလို့ ငါ့ကိုယ်ငါ ကိစ္စတွေ ခက်ခဲအောင် လုပ်ရမှာလဲ”
သူမ အလျှော့မပေးလိုက်ချင်ဘူး။
သူမဟာ အရမ်းသဘောထား သေးနုတ်ပြီး ကျန်တဲ့ဘ၀တစ်လျှောက်လုံး အာဃာတ ထားသွားချင်တာ။သူမ လွှတ်ချလိုက်ဖို့ သင်ယူပြီးပြီလို့ ဘယ်သူပြောလဲ။
ယွီဟာ ဘာပြောရမှန်း မသိတော့ဘဲ သူမကို လက်မသာ ထောင်ပြတော့တယ်။
သတို့သမီးဘက်က ပွဲပြီးတဲ့အခါ မစ္စတာနန်နဲ့မစ္စနန်ဟာ ကားကို အရင်ယူပြန်ကြတယ်။နန်ကောနဲ့နန်ကျဲ့ဟာ ယွီကို လိုက်ပို့ဖို့ နောက်ဆုံးဖြစ်ပြီး အခြားလူတွေဟာလည်း ပြန်သွားကြတယ်။သူတို့ထွက်လာတဲ့အခါ အပြင်မှာ မိုးရွာနေပြီ ဖြစ်တာကို သိလိုက်ရတယ်။
တံခါးနားက စားပွဲထိုးဟာ သူတို့အတွက် ထီးကိုင်ပေးပြီး ကားဆီခေါ်သွားပေးတယ်။
ကားထဲကို ရောက်တော့ နန်ကောဟာ ခရီးသည်ခုံက ပြတင်းပေါက်မှန်ကို အနည်းငယ်ချပြီး မော့ကြည့်တယ်။
“နင် ဘာကြည့်နေတာလဲ။ ပြတင်းပေါက်ကို ပိတ်စမ်းပါ မိုးကကြီးနေတာကို” နန်ကျဲ့က ပြောတယ်။
နန်ကောဟာ ခေါင်းညိတ်ပြတယ်။ဒါပေမဲ့ ပြောတဲ့အတိုင်းတော့ မလုပ်ဘူး။
သူမဟာ လက်ထပ်ပွဲအကြောင်း စတင်စိတ်ပူနေပြီလို့ နန်ကျဲ့ ထင်သွားတယ်။ “မနက်ဖြန်မနက်ကျ မိုးတိတ်သွားလိမ့်မယ်”
နန်ကောဟာ သူ့ကို လှည့်ကြည့်တယ်။သူဆိုလိုတာကို သဘောပေါက်သွားတော့မှ သူမဟာ ရှင်းပြတယ်။ “မဟုတ်ဘူး။ မိုးရွာလည်း ကိစ္စမရှိဘူး”
“ပြောခါမှ ငါနဲ့ ရှန်ရန်ချင်း ပထမဆုံးတွေ့တုန်းကလည်း မိုးရွာတဲ့နေ့ပဲ”
နန်ကျဲ့ဟာ သူတို့ရဲ့အချစ်ပုံပြင်ကို နားမထောင်ချင်ဘူး။အထူးသဖြင့် မနက်ဖြန် နန်ကော လက်ထပ်တော့မှာမို့။
သူမက နည်းနည်း ခံစားချက် များနေတာ။ဒါပေမဲ့ သူလည်း အလွန်အမင်း ကို့ရို့ကားယား နိုင်နေတယ်။
သူဟာ ပြန်မတုံ့ပြန်သလို နန်ကောဟာလည်း ဘာမှမပြောတော့ဘူး။
အဲ့ညက အိမ်ပြန်ရောက်တော့ သူမဟာ ရှန်ရန်ချင်းကို ဖုန်းခေါ်တယ်။ဟိုက်မြို့မှာလည်း မိုးရွာနေတယ်။
“ဘာဖြစ်လို့လဲတော့ မသိဘူး။ ပြီးခဲ့တဲ့၂ရက်က ကျွန်မစိတ်လှုပ်ရှားနေပေမဲ့ အခုတော့ အဆင်ပြေတဲ့ပုံပဲ”
252 02
သူမဟာ ပြတင်းပေါက်ကိုမှီပြီး မိုးကို ကြည့်နေရင်း သူနဲ့ စကားပြောတယ်။
“ရှင်ရော”
အမျိုးသားရဲ့ရယ်သံဟာ ဖုန်းတစ်ဖက်ကနေ ထွက်လာတယ်။ “ကိုယ်က စိတ်လှုပ်ရှားနေတုန်း” နန်ကောဟာ မျက်တောင် ခတ်မိတယ်။
“ဒါပေမဲ့ အဲ့တာ အရေးမကြီးပါဘူး။ မပူပါနဲ့။ မနက်ဖြန်မနက် မင်းကို လာခေါ်ဖို့ ကိုယ် အဆင်သင့်ဖြစ်နေပြီ”
နန်ကောဟာ ပြုံးတယ်။
“စကားမစပ် မနက်ဖြန်မနက်လည်း မိုးရွာနေတုန်းဆို ကားကို အရမ်းမြန်မြန် မမောင်းနဲ့။ ဂရုစိုက်”
အခုလက်ရှိမိုးကနေ အကဲဖြတ်ကြည့်ရင် မနက်ဖြန်မနက်လည်း မတိတ်လောက်ဘူး။
သူတို့နှစ်ယောက်ဟာ ကြာကြာ စကားမပြောခဲ့ဘူး။ဘာလို့လဲဆိုတော့ နန်ကောဟာ စောစောထပြီး မိတ်ကပ်ပြင်ရဦးမှာမို့။ဒီတော့ သူမ သိပ်လည်း အိပ်လို့မရဘူး။ဆင်တူစွာပဲ ရှန်ရန်ချင်းဟာလည်း စောစောထရမှာဖြစ်တယ်။
အိပ်ရာဆီကိုပြန်တော့ နန်ကောဟာ အိပ်ချင်မနေတော့ဘူး။
သူမဟာ အိပ်ရာပေါ်မှာ လဲလိုက်ရင်း မျက်နှာကြက်ကို ကြည့်တယ်။သူမရဲ့စိတ်ကူးယဉ်မှုတွေဟာ စတင်ပျံ့ကြဲသွားတယ်။ရှန်ရန်ချင်းကို သူမ ပထမဆုံးတွေ့တဲ့အချိန်ကနေ သူမတို့အတူတူ ရှိကြတဲ့အချိန်အထိ အဲဒါဟာ အသံတိတ်ဇာတ်လမ်းတစ်ပုဒ်လိုပဲ။
ဒီအကြောင်းအရာတွေကို သူမပြန်တွေးလို့ ပြီးတဲ့အချိန်ရောက်တော့ မနက်၂နာရီ ဖြစ်နေပြီ။
သူမဟာ ပြန်မနားခင် အောက်ထပ်ကိုဆင်းပြီး နို့တစ်ခွက်သောက်ဖို့ သွားတယ်။
သူမ ဓာတ်လှေကားထဲကနေ ထွက်လိုက်တာနဲ့ ဧည့်ခန်းထဲကမီးဟာ လင်းနေတုန်း ဖြစ်တာကို သိလိုက်ရတယ်။သူမမိဘတွေနဲ့နန်ကျဲ့ အဲ့မှာ ရှိနေတယ်။သူမ ရောက်လာတော့ သူမမိဘတွေဟာ နည်းနည်းအံ့ဩသွားတယ်။
“သမီးနိုးပြီလား”
နန်ကျဲ့ဟာ မားရဲ့စကားမှာ နှာခေါင်းရှုံ့တယ်။ “သူ့ကို ကြည့်ပါဦး အိပ်ထားတာမှ မဟုတ်တာ”
သူ မှန်တယ်။နန်ကောဟာ ခေါင်းကို ကို့ရို့ကားယားကုတ်ပြီး စကားလမ်းကြောင်း လွှဲတယ်။ “မား၊ပါး ဘာလို့ သွားမနားသေးတာလဲ။ အရမ်းနောက်ကျနေပြီကို”
“မနက်ဖြန်မှ ပြောလေ”
သူမမိဘတွေနဲ့နန်ကျဲ့ တစ်ခုခုဆွေးနွေးနေတာမို့ သွားမနားသေးတာလို့ သူမ ထင်တယ်။
“သမီးပါး၊သမီးအစ်ကိုနဲ့ မားလည်း မအိပ်နိုင်ကြဘူး” မစ္စနန်ဟာ သူမရဲ့လက်ကို ပွတ်ပေးတယ်။သူမရဲ့အကြည့်ဟာ နန်ကောရဲ့မျက်နှာမှာ အမြတ်တနိုးနဲ့ တတိတိ ဖြတ်သန်းနေတယ်။တစ်ခဏအတွင်းမှာပဲ မစ္စနန်ရဲ့မျက်လုံးဟာ အနီရောင် ပြောင်းသွားတယ်။ “ရော့ရော့က ကလေးမလေးလို့ မားအမြဲခံစားခဲ့ရတာ။ ဒါပေမဲ့ သူ မနက်ဖြန်လက်ထပ်တော့မှာတဲ့”
“ပါးနဲ့မား သမီးကို အရင်က ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့မိတယ်။ မားတို့မှာ ကိစ္စတွေကိုဖြေရှင်းဖို့ အချိန် အလုံအလောက်မရခဲ့ဘူး...”
******