← Chapters

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း ၂၅၆

Vol. 26 Ch. 256

256 01

Chapter 256 ရွှေချောင်းပေးတာ။

အဲ့ညက အဖိုးချန်းဟာ နန်ကောနဲ့ရှန်ရန်ချင်းကို ညအိပ်သွားစေချင်တယ်။အငယ်နှစ်ယောက်ဟာ မငြင်းဆန်နိုင်ကြဘူး။ကံကောင်းစွာနဲ့ သူတို့ရဲ့ဦးလေးငယ်က အနားမှာ ရှိနေခဲ့လို့။

“အဖိုး ဒီအတွဲက အချင်းချင်း မတွေ့ရတာကြာပြီရော်။ သူတို့နှစ်ယောက်ကို ညအိပ်ခိုင်းတာက အကြံကောင်းဆိုတာ သေချာရဲ့လား။ ပြီးတော့ ကလေးတွေက အိပ်ရပေမဲ့ မနက်ပိုင်းဆို ခြံထဲမှာက ဆူညံနေတာ”

အဖိုးချန်းဟာ သဘောတူပြီး သွားခွင့်ပေးလိုက်တယ်။

ဒါပေမဲ့ သူတို့ထွက်မသွားခင် သူဟာ နန်ကောကို တားပြီး အနီရောင်စာအိတ်၂အိတ် ထိုးထည့်ပေးတယ်။

“ဒါ...” နန်ကောဟာ လက်မခံရဲဘူး။ဒါပေမဲ့ အဖိုးချန်းဟာ စာအိတ်ကိုဖိပြီး ဒေါသထွက်ချင်ဟန် ဆောင်တယ်။ “ဒါ သမီးနဲ့ ရှန်ငယ်လေးအတွက်။ ဒါ တို့တွေ ပထမဆုံးတွေ့တာ‌ဆိုပေမဲ့ သမီးတို့အတွက် ဘာလက်ဆောင်မှ မပြင်ဆင်ထားမိဘူး။ နည်းနည်း ကပ်သလိုဖြစ်ပေမဲ့လည်း ဒါ အဘိုးရဲ့ကျေးဇူးတင်တိုကင်ပဲ”

“ပြီးရင် သမီးကို အဘိုးနံပါတ် ပေးထားဖို့ ချန်းစစ်ဆီက တောင်းလိုက်။ နောင် သမီး သူ့ကို ဆက်သွယ်မရရင် အဘိုးကိုသာ ရှာလိုက်။ နောက်ပြီး သမီးအားရင်လည်း အိမ်ကို လာလည်လို့ရတယ်။ ကျောင်းနဲ့သိပ်ဝေးတာလည်း မဟုတ်ဘူး။ အဲ့အခါကျရင် အဘိုးကိုဖုန်းဆက်ပေါ့။ အဘိုး သမီးကို လူလွှတ် ခေါ်ခိုင်းလိုက်မယ်”

“အဲ့အခါကျ ကျွန်တော် ခေါ်လာပေးပါမယ်” ဦးလေးငယ်က ပြောတယ်။

“မင်းက နေ့တိုင်းအပြင်မှာ လျှောက်ဂျလေရိုက်နေတာ။ ဘယ်အချိန်တုန်းက ဖုန်းကိုင်ဖူးလဲ” အဖိုးချန်းဟာ သူ့ကို စိုက်ကြည့်လိုက်ပြီး နန်ကောဘက်ကို အပြုံးနဲ့ ပြန်လှည့်ကြည့်တယ်။ “သူ့စကား နားမထောင်နဲ့။ နောက်နောင် သမီးတစ်ခုခု‌လိုရင် အဘိုးကိုသာ ဖုန်းခေါ်”

အဆုံးမှာတော့ ဦးလေးငယ်ဟာ သူမတို့နှစ်ယောက်ကို စစ်၀င်းထဲကနေ ခေါ်ထုတ်လာပေးတယ်။

“မင်းတို့နှစ်ယောက် ကိုယ့်ဟာကိုယ် ပြန်လို့ရပြီ။ ငါ ဒီမှာချပေးမယ်”

ရှန်ရန်ချင်းဟာ တုံ့ပြန်ပြီး နန်ကောကို လှည့်ကြည့်တယ်။

နန်ကောဟာ လက်ထဲကစာအိတ်အနီကို အရှေ့ကို လှမ်းပေးတယ်။ “ဦးလေးငယ် နင် ဒါကို ပြန်ယူသွားသင့်တယ်”

ဦးလေးငယ်ဟာ အသက်ပြင်းပြင်း တစ်ချက် ရှူရင်း “သူ နင့်ကို ပေးတာဆိုရင် အဲ့တာ နင့်ဟာပဲ။ ငါသာ ပြန်ယူသွားရင် လူအိုကြီး ငါ့ ရိုက်မသတ်လောက်ဘူးလား”

“နောက်ပြီး နင် ဒီလူအိုကြီး လူတိုင်းကို ဒီလိုဆက်ဆံတယ် ထင်လို့လား။ သူ အလှူလုပ်နေတာ မဟုတ်ဘူး။ သူ နင်တို့နှစ်ယောက်ကို တကယ်သဘောကျပြီး တော်တော် အထင်ကြီးနေတာ။ အဲ့တာကြောင့် သူ့လူအရင်းတွေလို နင်တို့ကို ဆက်ဆံတာ”

သူဟာ စာအိတ်အနီကို လက်နဲ့တောက်ပြီး ပြုံးတယ်။ “ဖွင့်ပြီး ကြည့်ကြည့်ပါဦး”

နန်ကောဟာ ပြောတဲ့အတိုင်း လုပ်လိုက်တယ်။သူမဟာ အထဲမှာ ဘာရှိလဲ မမြင်နိုင်သေးခင်အထိ လမ်းမီးရောင်အောက်မှာ အဲဒါကို အကြာကြီး ကြည့်နေခဲ့တယ်။

အဲ့တာက ပိုက်ဆံမဟုတ်ဘူး...။

“ဒါရွှေချောင်းလား” နန်ကောရဲ့မျက်ဆံတွေ ကြောက်စိတ်နဲ့တုန်ခါသွားတယ်။

ဦးလေးငယ်ဟာ မေးဆတ်ပြတယ်။ “လူအိုကြီး မနေ့က အထူးတလည် ပြင်ဆင်ထားခဲ့တာ။ အစကတော့ သူ နင့်အတွက် လက်ဆောင်တချို့ ၀ယ်ပေးမယ်ပြောပေမဲ့ နင် ဘာမှ မလိုလောက်ဘူးလို့ သူခံစားရတယ်တဲ့။ အဲ့တာနဲ့ စာအိတ်အနီဆို အဆင်ပြေမယ်လို့ ငါပြောလိုက်တယ်။ ဒါပေမဲ့ သူက စာအိတ်အနီနဲ့တင် မလုံလောက်ဘူးထင်တယ်။ လုံလောက်အောင် မကောင်းမှာကို စိုးရိမ်တော့ သူ တစ်ယောက်ယောက်ကို တိုက်ရိုက်ခေါ်ပြီး ရွှေချောင်း နည်းနည်း ထည့်ခိုင်းထားလိုက်တာ”

“ဘာလို့အရမ်းလေးနေလဲလို့ ငါစဉ်းစားနေတာ” နန်ကောဟာ များပြားတဲ့ငွေပမာဏကို မယူခဲ့ရတာကြာပြီမို့ လေးနေတယ်လို့ထင်မိတာတောင်မှ အစက သူမဟာ ဘာမှများများစားစား သိပ်မတွေးခဲ့ဘူး။

“ယူလိုက် လူအိုကြီးကို ငါ နားလည်ရသလောက်တော့ သူ နင့်ကို တကယ်သဘောကျတာ။ သူ အားတဲ့အချိန် ထပ်လာခဲ့ဦး မကြောက်နဲ့”

ဒီမျိုးဆက်မှာ ချန်းမိသားစုထဲ ချန်းစစ်ဟာ တစ်ဦးတည်းသောသား ဖြစ်တယ်။ချန်းစစ်ဟာ လောလောဆယ်မှာ လက်မထပ်ရသေးသလို ကလေးလည်း မရသေးဘူး။ဒါကြောင့် နန်ကောက ချန်းစစ်ထက် သိပ်မငယ်တာတောင်မှ အသက်ကြီးမှုအပေါ် မူတည်ပြီး လူအိုကြီးဟာ နန်ကောကို ချန်းစစ်ရဲ့အငယ်လေးတစ်ယောက်လို ဆက်ဆံတယ်။

256 02

အမျိုးသားနေ့ပြီး၂ရက်မကြာဘဲ နန်ကောကျောင်းကို ပြန်သွားတဲ့အချိန် အဖိုးချန်းဆီကနေ ဖုန်း၀င်လာတယ်။လူအိုကြီးဟာ ကိုယ်တိုင်လာပြီး သူမကို ကျောင်းပေါက်၀မှာ စောင့်နေခဲ့တယ်။

နန်ကောဟာ လန့်သွားပြီး ကျောင်းပေါက်၀ကို အမြန်ပြေးသွားတယ်။

အပေါက်၀ကိုရောက်တော့မှ လူအိုကြီးဟာ ကျောင်း၀င်း မှားသွားကြောင်းကို သူမ သိလိုက်တယ်။ချန်းမိသားစုရဲ့ကား ရောက်မလာခင်အထိ သူမ တံခါးနားမှာ စောင့်နေခဲ့တယ်။

အနောက်ခုံက ပြတင်းပေါက်ဟာ လိမ့်ကျသွားပြီး အဖိုးချန်းဟာ သူမကို နှုတ်ဆက်ကာ ကြင်ကြင်နာနာ ပြုံးပြတယ်။ “ရော့ရော့ အမြန်လာ”

သူ့ခြေထောက်တွေ အဆင်မပြေတာမို့ လူအိုကြီးဟာ ကားထဲကနေ မထွက်လာဘူး။

နန်ကောဟာ အနားကိုသွားပြီး ခေါင်းညွတ် နှုတ်ဆက်တယ်။

လူအိုကြီး အရေးကြီးတာတစ်ခုခုကြောင့် ရောက်လာတယ်လို့ သူမ ထင်ခဲ့တာ။သူမမှာ စိတ်လှုပ်ရှားလွန်းနေပြီး ဘာပြောရမှန်းမသိ ဖြစ်နေတယ်။

မထင်မှတ်ထားဘဲ လူအိုကြီးဟာ သူမနဲ့ ခဏတဖြုတ်စကားပြောပြီး အစားအသောက် လှမ်းပေးကာ ပြောတယ်။ “လူတွေက အဘိုးကို ဂဏန်းအကောင်ကြီးတွေ ပေးကြတယ်။ အဘိုးအရွယ်နဲ့က ဒါကို မစားနိုင်တော့ဘူးလေ။ ပူနေတုန်းပဲ မြန်မြန်လုပ်ပြီး စားဖို့ ပြန်ယူသွား”

သူမဟာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတယ်။ “ဟင်…ဦးလေးငယ်အတွက်ကရော”

“အဲ့ဂျလေဘီလား။ သူ့ကိုကျွေးတာက အစားအသောက် ဖြုန်းတီရာ မကျဘူးလား။ ဖြုန်းတီးတာပဲ” နန်ကောဟာ ဆွံ့အသွားတယ်။ကောင်းကောင်း ပြောလိုက်တာပဲ။

အဲ့နောက်မှာတော့ ဒါဟာ အစပဲရှိသေးမှန်းကို နန်ကော‌ သဘောပေါက်သွားတယ်။လူအိုကြီးဟာ သူမကိုတွေ့ဖို့ ကျောင်းကို ရက်ခြားခြားပြီး လာတတ်တယ်။လာတဲ့အချိန်တိုင်းလည်း လက်ဗလာနဲ့မလာဘဲ သူမကို အရသာရှိတဲ့ အစားအသောက်မျိုးစုံကို ကျွေးတယ်။

သူမရဲ့မွေးနေ့အတွက် ကျန်းမြို့ကို ပြန်မဲ့အကြောင်း သိတော့ လူအိုကြီးဟာ သူမအတွက် ဖက်ထုပ်တွေကို ကိုယ်တိုင်တစ်ရက် ကြိုလုပ်ပေးပြီးတောင်မှ ကျောင်းကို ပို့ပေးတယ်။ “ဒါက ဒီကရိုးရာပဲ မွေးနေ့ မတိုင်ခင်တစ်ရက်မှာ ဖက်ထုပ် စားပေးရတယ်”

“သမီးမွေးနေ့ကို မနက်ဖြန် ဒီမှာလုပ်မယ်ဆိုရင် အဘိုး သမီးအတွက် ဂျုံခေါက်ဆွဲ လုပ်ပေးလို့ရတယ်။ သမီးတော့ မသိပေမဲ့ အဘိုးငယ်ငယ်က မီးဖိုချောင် ၀င်ခဲ့ရတာလေ။ အဘိုးရဲ့လက်လုပ်ခေါက်ဆွဲတွေက အရသာရှိတယ်နော်။ ချန်းစစ် စားချင်တယ်ဆိုရင်တောင်မှ အဘိုးက လုပ်ပေးတာ မဟုတ်ဘူး။ သမီး ရှန်ငယ်လေးနဲ့အတူ အိမ်ကို နောက်တစ်ခေါက် လာတဲ့အခါကျရင် အဘိုးပြမယ်!”

“မနက်ဖြန်မနက်ကျ သမီးရဲ့ဦးလေးငယ်ကို လေဆိပ်လိုက်ပို့ခိုင်းလိုက် ကားမမောင်းသွားနဲ့ မနက်ပိုင်းရုံးချိန်တွေက မလုံခြုံဘူး အဘိုးပြောတာကြားလား”

နောက်တစ်နေ့မနက်မှာတော့ သူမ ဒီအကြောင်းကို ကားထဲမှာ ဦးလေးငယ်ကို ပြောပြတယ်။ဦးလေးငယ်ဟာ ပြုံးသာပြုံးပြီး မအံ့ဩဘူး။

“အများကြီး မတွေးနဲ့။ ငါ အိမ်ပြောင်းနေတော့ လူအိုကြီးမှာက သူ့ဘေးမှာ ဘာကလေးမှ မရှိခဲ့ဘူးလေ။ နင် သူ့ကို စိတ်ရှုပ်စရာ ကောင်းတယ်လို့ထင်ရင် ငါနောက်မှ သူ့ကို မသွားတော့ဖို့ ပြောလိုက်မယ်”

“ဟင့်အင်း ဟင့်အင်း” နန်ကောဟာ အဲ့လိုဆိုလိုချင်တာ မဟုတ်ဘူး။သူမဟာ အမြန်ရှင်းပြတယ်။ “ငါ့အဖိုးအရင်းတောင်မှ အသက်ရှင်နေတုန်းက ငါ့ကို တစ်ခါမှ ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ဖူးဘူးလို့ ငါ တွေးမိတာပါ” သူမရဲ့မှတ်ဉာဏ်ထဲမှာတော့ သူမအဖိုးဟာ တစ်ခါမှ သူမဆီကို အရင်လာမလည်ဖူးဘူး။ကိုယ်တိုင်ဟင်းချက်ဖို့ဆို ဝေးရော...။

အဖိုးချန်းနဲ့သာဆို မြို့တော်မှာ နန်ကောအတွက် မှီခိုအားကိုးလို့ရမဲ့ အမျိုးတစ်ယောက် ရှိသွားပြီ။သူမမှာ အချိန်ရှိတာနဲ့ အဖိုးချန်းဆီကို သွားလည်မှာပါ။

ဖေးယွင်ကုမ္ပဏီနဲ့ပ တ်သက်ပြီးကတော့ နန်ကောဟာ သူမ ဒီကုမ္ပဏီနဲ့ ဘာမှထပ်လုပ်စရာ မရှိတော့ဘူးလို့ ထင်တယ်။အဆုံးမှာတော့ ဦးလေးငယ်နဲ့အတူသွားတဲ့ နှစ်သစ်ကူးခါနီး ကော့တေးပါတီပွဲတစ်ပွဲမှာ သူတို့ ဖေးယွင်အကြောင်း ဆွေးနွေးနေတာကို သူမ မတော်တဆ ကြားလိုက်မိတယ်။

အဲ့အခါကျမှပဲ ဖေးယွင်ဟာ သူမဦးလေးငယ်ရဲ့လက်ထဲမှာ ရှိနေမှန်း သိလိုက်ရတယ်။

ပြန်တဲ့လမ်းမှာတော့ သူမဟာ ရုတ်တရက်ခပ်ရဲရဲအကြံကို ရသွားတယ်။ “ဦးလေးငယ်”

သူမရဲ့ဘေးမှာတော့ ချန်းစစ်ဟာ တော်တော် သောက်ခဲ့မိတာမို့ မှိန်းနေတယ်။ဒါကိုကြားတဲ့အခါ သူဟာ တိုးတိုးလေး ပြန်ထူးတယ်။

256 03

“ငါသာ ထွက်ပြေးသွားတဲ့ အင်ဂျင်နီယာကို ဟွားရှန်နဲ့ပြန်လက်တွဲဖို့ သိမ်းသွင်းနိုင်မယ်ဆိုရင် အဲ့လိုသာဆို ငါ ရင်းနှီးမြှုပ်နှံလို့ရလား”

“ဘာ” ဦးလေးငယ်ဟာ မျက်လုံးဖွင့်ပြီး “ရင်းနှီးမြှုပ်နှံဖို့”

“ဟုတ်တယ်။ နင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ခေါင်းစားနေတာ မဟုတ်လား။ငါ ကူဖြေရှင်းပေးမယ်”

“...ကောင်မလေး နင် ငါ့ဆန်ကျင်ဖို့ ကြံစည်နေပြီပဲ”

“နင် ဘာလို့ ရုတ်တရက်ကြီး ‌ဖေးယွင်ကို စိတ်၀င်စားသွားတာလဲ”

“ရုတ်တရက် မဟုတ်ပါဘူး။ ငါအခုတလော စီနီယာတချို့နဲ့တွေ့ရတယ် သူတို့အားလုံးက သုတေသီတွေဖြစ်ပြီး အကြိမ်ကြိမ်အခါခါ ခွဲခြမ်းစိတ်ဖြာနေတာ တကယ်တော့ အနာဂတ်မှာ ဘာလုပ်ရမလဲဆိုတာ ငါ မတွေးရသေးဘူး။ အခု ငါ ဒါကို နည်းနည်း စိတ်၀င်စားမိနေပြီဆိုမှတော့ ဘာလို့အရင်မစထားကြမှာလဲ” ဦးလေးငယ်ဟာ ပြန်ပြောတယ်။ “ဒါပေမဲ့ နန်ကျဲ့က ငါ့ကို နင့်ကို မကူညီစေချင်ဘူးလေ”

“ငါတို့ အပေးအယူ လုပ်နေတာ မဟုတ်ဘူးလား။ ပြဿနာကို ငါ နင့်ကူဖြေရှင်းပေးမယ်။ ပြီးတော့ နင်က ငါ့ကိုအခွင့်‌အရေးပေးပြီး ရင်းနှီးမြှုပ်နှံခွင့် ပေးရမယ်။ ဒါလုံး၀ကျိုးကြောင်း ဆီလျော်တယ်လေ”

ဦးလေးငယ် တုံ့ဆိုင်းနေသေးတာကို မြင်တော့ နန်ကောဟာ ဆက်ပြောတယ်။ “အဲ့အင်ဂျင်နီယာနဲ့ယှဉ်ရင် ဖေးယွင်က အပျော်သက်သက်ပဲ။ အဲ့လောက်ကြီး အရေးပါမနေဘူး။ ပြီးတော့ အဲ့အင်ဂျင်နီယာ ပြန်မလာဘူးဆိုရင် ဖေးယွင်က အမြဲအခွံလွတ်ကြီးတစ်ခွံ ဖြစ်နေမှာပဲ”

“ဦးလေးငယ် နင် ဆုံးရှုံးစရာ မရှိပါဘူး!”

“နင့်မှာ ပိုက်ဆံရှိတယ်ပေါ့” ဦးလေးငယ်ဟာ မျက်ခုံးပင့်တယ်။ “ဒါပေါ့! ဘာပဲဖြစ်ဖြစ် ငါ နင့်ကို IOU ပေးမှာလည်း မဟုတ်ဘူး...”

******

All Chapters