အခန်း ၂၅၈
Vol. 26 Ch. 258
258 01
Chapter 258 နန်ကျဲ့တစ်ယောက် တိုင်ကြီးဖက်ငိုနေတယ်။
နန်ကျဲ့ဟာ နန်ကောနဲ့ ဖေးယွင်အကြောင်းကို သိတာကြာပြီဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာအရလည်း ပြင်ဆင်ထားပြီးသား။
သေချာပေါက်ကို သူ ထင်ထားခဲ့တဲ့အတိုင်းပဲ။
နန်ကောဟာ ကားထဲကထွက်လာတာနဲ့ သူ့ကို ပျော်ရွှင်စရာနှစ်သစ်လို့ပြောကာ ဖေးယွင်အကြောင်း ပြောတယ်။
သူမဟာ မျက်လုံးထဲက မြောက်ကြွမြောက်ကြွ ဖြစ်နေမှုကို မဖုံးထားနိုင်ဘူး။သူမဟာ ကြွားနေတာတော့ မဟုတ်ပေမဲ့ အချီးကျူးခံချင်တဲ့ ကြောင်ပေါက်လေး တစ်ကောင်အတိုင်းပဲ။သူမဟာ သူ့ကို ဂုဏ်ယူစွာနဲ့ ကြည့်နေပြီး မျှော်လင့် စောင့်စားနေတယ်။
နန်ကောဟာ လက်ထပ်သွားပြီးကတည်းက အိမ်ပြန်လာတာ ရှားတယ်။အဓိကကတော့ သူမ မြို့တော်မှာ စာလေ့လာနေလို့။
မောင်နှမနှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတာ အချိန်တစ်ခုလောက်တော့ ရှိသွားပြီ။
သူမရဲ့မှတ်ဉာဏ်ထဲမှာတော့ သူမတို့ နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ဟာ သူ အောက်တိုဘာတုန်းက မြို့တော်ကို အလုပ်ကိစ္စနဲ့လာရင်း သူမရဲ့ကျောင်းကို လာသွားခဲ့တာပဲ။
အဲ့နေ့က သူမမှာ အတန်းတွေ အများကြီးမို့ သူမတို့နှစ်ယောက်မှာ တွေ့ဖို့အချိန်ကို မနည်း ဖျစ်ညှစ်ယူခဲ့ရတယ်။သူ သူမကို သိပ်မနှောင့်ယှက်ခဲ့ဘူး။ပါးနဲ့မား ပြင်ဆင်ပေးလိုက်တဲ့ပစ္စည်းတွေကို သူမလက်ထဲလွှဲပေးပြီး ပြန်သွားတာပဲ။သူမတို့ အလျင်လိုနေခဲ့တာမို့ ထိုင်ပြီး ထမင်းတောင် အတူမစားဖြစ်ခဲ့ဘူး။
သူ့မိဘတွေကတော့ မြို့တော်ကို ရက်ခြားခြားပြီး သွားလေ့ရှိကြပေမဲ့ သူ့မှာက အလုပ်ရှိနေတာမို့ ပြီးခဲ့တဲ့၆လလုံး သူ နန်ကောကို တကယ် သိပ်မတွေ့ခဲ့ရဘူး။
နန်ကျဲ့ဟာ သူမကို ၀တ်ကျေတန်းကျေပဲ ချီးကျူးပေးလိုက်ပေမဲ့ နန်ကောဟာတော့ ပျော်နေတုန်း။
သူဟာ လက်ဆန့်ပြီး သူမရဲ့ခေါင်းကို ပွတ်တယ်။ “အင်းပါ အင်းပါ။ ငါ နင့်ကို နည်းနည်းပဲ ချီးကျူးလိုက်ရသေးပေမဲ့ နင့်အမြှီးက တနှံ့နှံ့ဖြစ်နေပြီ”
“ငါ့ဆံပင်ကို ဒီမနက်ကမှလုပ်လာတာ မထိနဲ့တော့ဟ!” နန်ကောဟာ ဆံပင်ကိုကာပြီး သူ့လက်သည်းတွေကို ရှောင်လိုက်တယ်။ “ငါက အရွယ်ပဲရောက်နေပြီကို နင်က ငါ့ဆံပင်ကို လာထိနေသေးတယ်”
နန်ကျဲ့ဟာ လက်ကိုပြန်ရုတ်လိုက်ပြီးသားဖြစ်ပေမဲ့ ဒါကို ကြားတဲ့အခါ သူဟာ သူမအနောက်ကို လိုက်ပြီး သူမရဲ့ဆံပင်ကို လှမ်းဆွဲလိုက်တယ်။ “နင်က ကလေးပဲ ရှိပါသေးတယ်”
“နင်က ငရှုပ်ပဲ။ ငါလက်ထပ်ပြီးနေပါပြီနော်”
“ဘာဖြစ်လဲ? လက်ထပ်ပြီးတာနဲ့ပဲ နင်က ကလေး မဟုတ်တော့ဘူးလား” နန်ကျဲ့ရဲ့မျက်လုံးတွေထဲ အထင်မြင်သေးမှုဟာ အပြည့်။
နန်ကောတစ်ယောက် အဆင့်တစ်ခုထဲ ၀င်သွားပြီးပြီဆိုရင်တောင်မှ သူမဟာ သူ့အနောက် ပြေးလိုက်ရတာကြိုက်ပြီး ချော်လဲတဲ့အခါကျ အစ်ကိုဖြစ်သူကို ငိုယိုပြီးတကာ ချီခိုင်းတဲ့ ကလေးမ ဖြစ်နေဦးမှာပဲ။
ညရောက်တော့ အဖွဲ့ဟာ နန်ကောအမေဘက်က အဖွားရဲ့အိမ်ကို ညစာစားဖို့ သွားကြတယ်။ပြီးခဲ့တဲ့နှစ်တွေကလိုပဲ နန်ကျဲ့ဟာ အရင်ဆုံးမှောက်တဲ့လူ။သူဟာ လက်တင်ခုံမှာ ပိုးလက်ပက်လက် ဖြစ်နေပြီး မကြာခဏ ညည်းတွားနေတော့တယ်။
အဖွားဟာ စောင်တစ်ထည်ယူလာပြီး သူ့ကို ခြုံပေးတယ်။သူမ ညစာစားပွဲဆီ ပြန်ရောက်လာတော့ နန်ကျဲ့ရဲ့ရှက်စရာကောင်းတဲ့ မတော်တဆအမှုတွေကို သူမဟာ သူ့ကို ပြုံးစစနဲ့ ပြောပြတယ်။
အဲ့ထဲကတစ်ခုဟာ နန်ကော လက်ထပ်တုန်းက။
“အခု သူမူးပြီး မှောက်နေလို့ တိတ်ဆိတ်နေတာ။ ရော့ရော့ရဲ့လက်ထပ်ပွဲနေ့တုန်းကဆို ကျဲ့ငယ်က ဟိုတယ်တိုင်ကြီးကို ဖက်ပြီး ငိုနေခဲ့တာလေ”
“ဟမ်” နန်ကောဟာ စားတာ ရပ်သွားတယ်။သူမဟာ အနောက်လှည့်ပြီး ဆိုဖာပေါ်က ဆရာသမားကို ကြည့်ကာ အဲ့မြင်ကွင်းကို ပုံဖော်ကြည့်တယ်။
ဒါပေမဲ့ သူမ ပုံဖော်ကြည့်လို့ကို မရဘူး။
အကြည့်ကို ပြန်သိမ်းရင်း သူမဟာ တူကိုချကာ စိတ်မရှည်စွာမေးတယ်။ “တကယ်လား။ သမီး ဘာလို့ မတွေ့တာလဲ”
လက်ထပ်ပွဲနေ့တုန်းက နန်ကျဲ့နဲ့ ခွက်မြှောက်အောင် ပွဲခံပြီးတဲ့နောက် သူမနဲ့ရှန်ရန်ချင်းတို့ အခြားဧည့်သည့်တွေကို သွားဧည့်ခံခဲ့ကြတာ။
ရှန်နဲ့နန်မိသားစုတို့ဟာ နှစ်မိသားစုလုံး မိသားစုကြီးတွေမို့ လာတဲ့ဧည့်သည်တွေ အတော်လေး များကြတယ်။အဆုံးကျ သူမရဲ့မိသားစုအိမ်ပြန်သွားတဲ့အခါ နန်ကျဲ့ဟာ လုံး၀မူးနေခဲ့ပြီး ယွီတစ်ယောက် ကားထဲကို သယ်သွားပေးခဲ့ရတာ။
အဲ့အချိန်အတွင်း ဘာတွေဖြစ်ခဲ့လဲဆိုတာကိုတော့ သူမ ဘာတစ်ခုမှ မတွေ့မိခဲ့သလို ဘယ်သူကမှလည်း သူမကို မပြောပြခဲ့ကြဘူး...။
“အဲ့တုန်းက မြေးက အလုပ်ရှုပ်နေတာကိုး” အဖွားဟာ ထရယ်တယ်။သူမဟာ ပါးစပ်ဟလိုက်တာနဲ့ အရယ် မသတ်နိုင်တော့ဘူး။ “ကျဲ့ငယ်က မျက်ရည်တွေကို ထိန်းထားခဲ့ရတာ ဖြစ်မယ်။ သူ အမူးလည်းလွန်ရော သူ့ကိုယ်သူမထိန်းနိုင်တော့ဘူးလေ ဟားဟားဟား”
258 02
ဟုတ်တယ်။နန်ကောဟာ အဲ့နေ့က သူမရဲ့မိသားစု၀င်အများစု ငိုခဲ့ကြတာကို မှတ်မိတယ်။ယွီရဲ့မျက်လုံးတောင်မှ နီနေခဲ့တယ်။ဒါပေမဲ့ နန်ကျဲ့ကတော့ မငိုခဲ့ပါဘူး။သူ့မျက်နှာထားက တည်ကြည်နေခဲ့တာကို။သူ့ပုံစံဟာ လက်ထပ်ပွဲကို တက်သလို မဟုတ်ခဲ့ဘဲ အစည်းအဝေးပွဲတစ်ခု တက်သလို ဖြစ်ခဲ့တာ။
သူမဟာ တစ်ချိန်လုံး နန်ကျဲ့မငိုခဲ့ဘူးလို့ဘဲ ထင်ထားခဲ့တာ။ဒါပေမဲ့ တကယ်က သူ သူမဆီကနေ ပုန်းကွယ်ပြီး ခိုးငိုခဲ့တာကိုး။
နန်ကျဲ့တစ်ယောက် သူ့ကိုယ်သူ အရူးလုပ်လိုက်မိကြောင်း ကြားတဲ့အခါ သူဟာ အခြားလူတွေကို သူမကို မပြောပြဖို့ လိုက်သတိပေးခဲ့တယ်။အဖွားကိုတော့ သူ လွတ်သွားတာ နေမယ်။မဟုတ်ရင် ယွီရဲ့အကျင့်နဲ့ဆို ယွီတို့ ဟိုးအရင်ကတည်းက သူမဆီ ကွန်ပလိန်းတက်ပြပြီး မနားတမ်း ရယ်နေတော့မှာ။
အဲ့ညက သူမ ယွီ့ဆီ စာခိုးပို့ပြီး အထူးတလည်မေး ကြည့်လိုက်တယ်။အဖြေဟာ တကယ်ကြီး သူမ ထင်ထားတဲ့အတိုင်းပဲ။
ဒါပေမဲ့ အဖွားပြော သလောက်ကြီးတော့ မဟုတ်ခဲ့ဘူး။
ယွီ: [အစ်ကိုကြီးနန် တကယ်ငိုခဲ့တယ်။ဒါပေမဲ့ တိုင်ကြီးတော့ ဖက်မငိုပါဘူး။သူ တိုင်အနောက်မှာ ပုန်းနေခဲ့တာ။]
နန်ကောဟာ မော့ပြီး နန်ကျဲ့ကို ခိုးအကဲခတ်ကြည့်တယ်။
သူမနဲ့ ဆန့်ကျင်ဘက်က ဆိုဖာပေါ်မှာတော့ နန်ကျဲ့ဟာ ရှန်ရန်ချင်းကို စကားတွေ ပြောနေတယ်။သူဟာ မူးနေပေမဲ့ သူ့စကားတွေဟာတော့ ကြည်ကြည်လင်လင်ပဲ။ဒါပေမဲ့ အဓိပ္ပာယ်တော့ မရှိရှာ။သူ့မိဘတွေဟာ သူ့ကို စိတ်ရှုပ်စရာ ကောင်းတယ်လို့မြင်ပြီး တစ်ယောက်မှ စကားမပြောကြဘူး။
ကံကောင်းစွာနဲ့ ရှန်ရန်ချင်းဟာ အရမ်းစိတ်ရှည်တဲ့လူ ဖြစ်နေပြီး သူနဲ့ မဟုတ်ကဟုတ်ကတွေကို လိုက်ပြောပေးနေတယ်။
သူ့ကို ခဏလောက်နားထောင်နေပြီးတဲ့နောက် နန်ကောဟာလည်းပဲ သူ့ကို တကယ်စိတ်ရှုပ်စရာ ကောင်းတယ်လို့ မြင်လာတယ်။သူက မူးနေတာတောင်မှ သူ့ပါးစပ်ကြီးက ကြမ်းတမ်းနေတုန်း။ရှန်ရန်ချင်း တစ်ယောက်တည်းကသာ သူနဲ့စကားတွေ ထိုင်ပြောပေးနိုင်တာ။သူမသာဆိုရင် နန်ကျဲ့နဲ့ ထကိုက်နေတာ ကြာလောက်ပြီ။
သူမရဲ့ဖုန်း တုန်ခါသွားတာမို့ သူမရဲ့အာရုံဟာ စကားပြောဘောက်စ်ဆီကို ပြန်ရောက်သွားတယ်။
ယွီဟာ စာအသစ်တစ်စောင်ထပ်ပို့တယ်။ [နင်ကြည့်ချင်လား။လျှို့ဝှက်အပေးအယူတစ်ခု လုပ်ရအောင်လေ။ငါ နင့်ကို သူငယ်ချင်းမို့ ဈေးလျှော့ပေးပါမယ်။ဟီးဟီးဟီး။] အနောက်မှာ အမြင်မကြည်စရာ အီမိုဂျီတွေကပါ ပါလာသေးတယ်။
ဗီဒီယို???
နန်ကောဟာ မျက်ခုံး ပင့်မိသွားတယ်။စဉ်းတောင်စားမနေဘဲ သူမဟာ စာအိတ်အနီကိုဖွင့်ကာ ယွီ့ကို တစ်ဒေါ်လာ ပေးလိုက်တယ်။
၂စက္ကန့်ကြာတော့ ယွီဟာ မေးခွန်းသင်္ကေတနဲ့ စာပြန်ပို့လာတယ်။
နန်ကောက ပြန်ပို့တယ်: [အဲ့တာ သူငယ်ချင်းဈေးလေ။]
ယွီခမျာ ဆွံ့အသွားတယ်။ [မရဘူး။ငါ နင့်ကို ဗီဒီယိုပြဖို့ အစ်ကိုကြီးဆီကနေ ရိုက်သတ်ခံရမဲ့အရေးကို ရင်းထားရတာနော်။ငါ တစ်ယောက်တည်းကပဲ အဲ့ဟာကို ရိုက်ယူထားခဲ့တာကွ!]
နန်ကောဟာ လွှဲပြောင်းတဲ့လုပ်ဆောင်ချက်ကို နှိပ်လိုက်တယ်။သူမဟာ ပမာဏကိုထည့်နေရင်း မျက်လုံးထောင့်ကနေ နန်ကျဲ့ကို လှမ်းကြည့်တယ်။
တစ်ဖက်လူ ပျော်ပျော်ရွှင်ရွှင် စကားဖောင်ဖွဲ့နေတာကို မြင်တော့ သူမဟာ လက်ဗွေကိုနှိပ်ကာ ယွီ့ဆီ ၃၀၀၀၀ လွှဲလိုက်တယ်။
[ဘော့စ်ဖြစ်ရတာက တကယ်ကိုကွာတာဘဲ] နောက်ထပ် ဘာစကားမှ မပြောတော့ဘဲ ယွီဟာ သူမကို ဗီဒီယိုပို့ပေးလိုက်တယ်။
တကယ်တော့ နန်ကောမှာ အရှုံးမရှိပါဘူး။နှစ်တိုင်း နွေဦးပွဲတော်ရောက်တိုင်း ယွီ သူမကို အမ်းပေါင်း ပေးတတ်တယ်။အမြဲတမ်း ၁၈၈၈၀ယွမ် ဖြစ်ခဲ့တာ။
သူမရဲ့လက်ထပ်ပွဲတုန်းက ယွီဟာ မင်္ဂလာရှိတဲ့ဂဏန်းကို ရွေးချင်ခဲ့တယ်လေ။ဒီတော့ သူ သူမကို ၉၉၉,၉၉၉ ပေးခဲ့တယ်။
ဒါ သူ့ကိုယ်ပိုင် အမ်ပေါင်းပဲ ရှိသေးတယ်။သူ့မိဘတွေလည်း သူမကို အမ်ပေါင်း ပေးခဲ့သေးတယ်။
နန်ကောဟာ နားကြပ်ကြိုးကို ရှာပြီး ဗီဒီယိုကို နှိပ်လိုက်တယ်။
258 03
ပထမဆုံးမြင်ကွင်းဟာ ယိမ်းယိုင်နေတယ်။နောက်ခံအသံကလည်း ဆူညံနေတယ်။အသံအရတော့ အဇဒါ သူမ ခွက်မြှောက် အောင်ပွဲခံနေတုန်းကပဲ။
မကြာခင်ဘဲ ကင်မရာဟာ အဓိကဇာတ်ဆောင်ဆီ ရောက်သွားတယ်။
အဲ့နေ့က နန်ကျဲ့ဟာ အမည်းရောင် အနောက်တိုင်း၀တ်စုံကို ၀တ်ထားတာ။ပြောတာတော့ သူ အထူးချုပ်ထားတယ်ဆိုပဲ။ပြီးတော့ သူ့ရဲ့ဈေးအကြီး၀တ်စုံတဲ့။
သူဟာ တိုင်အနောက်မှာပုန်းပြီး ချောင်းကြည့်ဖို့ လည်ပင်းကို ဆန့်ထုတ်တယ်။တိုင်ဟာ လူ၃ယောက်လောက်ပဲ ၀န်းရံထားလို့ ရတယ်။သူသာ ခေါင်း ဆန့်မထုတ်ထားရင် တိုင်က သူ့ကို လုံး၀ကွယ်နေတော့မှာ။
သူမ မသိလိုက်တာ အံ့ဩစရာ မရှိပါဘူး။
ချက်ချင်းပဲ ယွီဟာ ဖုန်းနဲ့အတူ အရှေ့ကို လျှောက်သွားတယ်။ကင်မရာဟာ ပိုနီးသွားပြီး နန်ကျဲ့ရဲ့မျက်နှာ နည်းနည်းရဲနေတာကို သူမ မြင်ရတယ်။ပြီးတော့ မူးနေပုံလည်း ပေါ်တယ်။မျက်လုံးထဲပိုထင်းနေတာက သူ့ရဲ့နီရဲနေတဲ့မျက်လုံးတွေ။
ယွီဟာ ပြုံးပြီး ဖုန်းကို နန်ကျဲ့ရဲ့မျက်နှာရှေ့တည့်တည့်မှာ ထားတယ်။ကင်မရာဟာ အရမ်းနီးလွန်းပြီး သူမ နားကြပ်လည်း တပ်ထားတာမို့ ရှိုက်သံကိုပါ ကြားနေရတယ်။
သူ့အသံဟာ မကျယ်ဘူး။ဂရုစိုက်ပြီးသာ နားမထောင်ရင် နောက်ခံအသံတွေနဲ့ အလွယ်တကူ အုပ်သွားမှာ။
နန်ကျဲ့သိသွားတဲ့အခါ သူဟာ ယွီရဲ့ဖုန်းကို ကာတယ်။ယွီဟာ အကြိမ်အနည်းငယ်လောက် ရှောင်ပြီး ဝေးဝေးကိုရွှေ့တယ်။
ကင်မရာဟာ အချိန်အကြာကြီး လှုပ်ယမ်းနေပြီး ကြမ်းပြင်ကိုသာ ပြနေတယ်။
ဆုံးခါနီးလောက်ကျမှ ကင်မရာဟာ နန်ကျဲ့မျက်နှာဆီ ပြန်ရောက်သွားတယ်။
သူဟာ မူလကအနေအထားအတိုင်း မတ်တပ်ရပ်နေတယ်။ဒါပေမဲ့ ဘေးဘီကို ကြည့်မနေတော့ဘူး။သူဟာ အနောက်လှည့်ပြီး တိုင်ကိုမှီတယ်။သူဟာ ခေါင်းငုံ့ပြီး လက်ညိုးကိုကွေးကာ လက်အရိုးနဲ့ မျက်လုံးထောင့်ကို သုတ်နေတယ်။
ယွီဟာ သူ အသိ ပြန်၀င်လာတာကို သိသွားပြီး အရှေ့တိုးကာ တစ်ရှူး လှမ်းပေးတယ်။သူဟာ နန်ကျဲ့ကို အမြန်နှစ်သိမ့်ပေးတယ်။
ယွီဟာ ဖုန်းကို အမြန်ပိတ်လိုက်တယ်။ဗီဒီယိုဟာ ဒီနားမှာ ပြီးသွားတယ်...။
******