← Chapters

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း ၂၅၉

Vol. 26 Ch. 259

259 01

Chapter 259 ပိုပိုပြီးသိမ်မွေ့လာတယ်။

နောက်တစ်နေ့မနက်မှာတော့ နန်ကျဲ့ဟာ နေဖင်ထိုးတဲ့အထိ အိပ်တယ်။

သူဟာ အခန်းထဲကထွက်လာပြီး ခြံထဲမှာ အကြောဆန့်တယ်။ပြီးမှ ဧည့်ခန်းဆီကို ဖြည်းဖြည်းချင်း လျှောက်သွားတယ်။

သူ ၀င်သွားတာနဲ့ ဆိုဖာပေါ်မှာထိုင်နေတဲ့ နန်ကောဟာ သူ့ကို လှည့်ကြည့်တယ်။အဲ့နောက် သူမဟာ မတ်တပ် ထရပ်တယ်။

သူဟာ လန့်သွားပြီး နေရာမှာ ရပ်လိုက်မိတယ်။

နန်ကောဟာ သူမကိုယ်သူမ အလုပ်ပေးလိုက်ပြီး ဧည့်ခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် ဖြစ်နေတော့တယ်။မကြာဘူး။သူမဟာ သူ့ဆီကို ငါးစွပ်ပြုတ်ပူပူ တစ်ပန်းကန် ယူလာတယ်။

“ဒီမှာ စားကြည့်” နန်ကောဟာ အွန်လိုင်းပေါ်မှာ အထူးတလည် ရှာထားတာ။အဲ့မှာ လူတွေ အရက်နာကျတာအတွက် ငါးဂျင်းစွပ်ပြုတ် သောက်လို့ရတယ် ပြောထားလို့။

နန်ကျဲ့ဟာ ပန်းကန်ထဲက မည်းမည်းနဲ့အစာကို ကြည့်ပြီး မျက်ခုံးပင့်မိတယ်။

ယူဖို့ လက်လှမ်းတဲ့အစား သူဟာ သူမကို မေးတယ်။ “နင် လုပ်ထားတာလား”

ဒီလို နောက်ကျိကျိနဲ့ရေဟာ နန်ကော လုပ်ထားတာ ပိုဖြစ်ဖို့များတယ်။မိသားစုထဲက အခြားလူတွေဆီမှာ ဒါမျိုးစွမ်းရည်လည်း မရှိဘူး။

နန်ကောဟာ ခေါင်းကို လေးပင်စွာနဲ့ ညိတ်တယ်။

ဒီအချိန်မှာပဲ အဖွားဟာလည်း အပြင်ကနေအထဲကို ၀င်လာတယ်။ဒီမြင်ကွင်းကို မြင်တော့ သူမက အမြန်ပြောတယ်။ “ရော့ရော့ မင်းအတွက် စွပ်ပြုတ်‌လုပ်ပေးဖို့ အစောကြီး ထထားတာ။ သောက်ကြည့်လေ!”

နန်ကျဲ့မလှုပ်တာကိုမြင်တော့ အဖွားဟာ သူ့လက်မောင်းကိုတောင် တွန်းလိုက်တယ်။

နန်ကျဲ့ဟာ တကယ် မသောက်ချင်ဘူး။သောက်ပြီးရင် ဆေးရုံသွားရမှာကို ကြောက်လို့။နှစ်သစ်ကူးကြီးကို သူ ဆေးရုံမှာတော့ မနေချင်ပါဘူး။

စက္ကန့်အနည်းငယ်လောက် တွန့်ဆုတ်နေပြီးတဲ့နောက် သူဟာ မျှော်လင့်ချက် ရေးရေးလေးကို ဆုပ်ကိုင်လိုက်တယ်။

“နင် ဘာအညွှန်းမှ မကြည့်ဘဲ ကိုယ့်ဟာကိုယ် လုပ်ထားတာလား”

နန်ကောဟာ ခဏလောက် တွေးကြည့်ပြီး ခေါင်းခါတယ်။ “အဖွားရော ရှန်ရန်ချင်းရော ရှိတယ်လေ”

သူမဟာသူမ ချက်ချင်ခဲ့တာဆိုပေမဲ့ ငါးကို စကြော်ဖို့လည်း လုပ်ရော အကြောင်းတစ်ခုခုကြောင့် တူးတူးသွားတယ်။အိုး‌အောက်ခြေမှာ ကပ်နေတဲ့အလား လှန်တော့လည်း လှန်မရဘူး။သူမမှာ အပြင်မှာစောင့်ပေးနေတဲ့ရှန်ရန်ချင်းကို လှမ်းခေါ်ဖို့သာ တတ်နိုင်တယ်။

အဖွားဟာ မီးခိုးနံ့ရပြီး သူမအနောက် ရောက်လာတာ။သူမရဲ့အနောက်မှာ နှစ်ယောက်လုံး မထွက်သွားကြဘူး။သူတို့ဟာ သူမပြီးသွားတာကို အကြောက်တရားနဲ့ အနောက်ကနေ မတ်တပ်ရပ် ကြည့်နေတယ်။

သူမ မီးပိတ်လိုက်တော့ ရှန်ရန်ချင်း သက်ပြင်း ချလိုက်တာကို အခုထိ မှတ်မိသေးတယ်။

“ကြည့်မကောင်းပေမဲ့ အရသာ ရှိပါတယ်”

“နင် မြည်းကြည့်ပြီးပြီလား” နန်ကျဲ့ဟာ မေးကြည့်တယ်။

နန်ကောဟာ ခဏတော့ကြောင်သွားပေမဲ့ ခေါင်းခါပြပြီး “ဟင့်အင်း”

အဖွားနဲ့ရှန်ရန်ချင်းတို့ အဲ့မှာရှိပြီး ညွှန်ကြားခဲ့တယ်ဆိုရင်တောင်မှ နန်ကျဲ့ဟာ စိုးရိမ်နေတုန်းပဲ။သူ ဘာလုပ်ရမှန်းမသိတော့တဲ့အချိန်မှာဘဲ အနောက်လှည့်လိုက်ရင်း ရှန်ရန်ချင်းကို တွေ့လိုက်ရတယ်။

အဲ့တာနဲ့ သူမေးမော့ကာ သူ့ကိုလှမ်းခေါ်လိုက်တယ်။ “သူ့အတွက် ဟင်းချက်ရတာလွယ်တာမဟုတ်ဘူး နောက်ဆို သူ့ကို အရင်မြည်းခိုင်းကြည့်”

ရှန်ရန်ချင်း “.....”

“မရပါဘူး” ရှန်ရန်ချင်းတောင် စကားမပြောရသေးခင်မှာဘဲ နန်ကောဟာ သဘော မတူဘူး။ “ငါ ဒါကို နင့်အတွက် အသေအချာ လုပ်ပေးထားတာ အခြားဘယ်သူမှ မသောက်ရဘူး”

“.....” ဘယ်လောက်ပဲ ခက်ခက်ခဲခဲ တွေးကြည့်တွေးကြည့်။ နန်ကျဲ့ဟာ အဖြေ ရှာမရတော့ဘူး။တစ်ညပဲ ရှိသေးတာပါ။ဘာလို့ သူနဲ့နန်ကောရဲ့ ဆက်ဆံရေးက ရုတ်တရက်ကြီး အန္တရာယ်နဲ့ လျှံကျသွားရတာလဲ။

ထူးဆန်းလိုက်တာ။

နောက်ဆုံးတော့လည်း နန်ကျဲ့ဟာ သောက်လိုက်ပါတယ်။

လူတိုင်းရဲ့မျှော်လင့်စောင့်စားနေတဲ့ အကြည့်အောက်မှာ သူ့ကိုယ်သူ သတ္တိမွေးပြီး တစ်ငုံ သောက်ကြည့်လိုက်တယ်။နန်ကောက မေးတယ်။ “ဘယ်လိုနေလဲ။ အရသာရှိလား”

နန်ကျဲ့ဟာ အလုတ်သေးသေးလေး ကိုက်ကာ အကြာကြီး တိတ်နေမိတယ်။သူ မြိုမချရဲဘူး။

“တစ်ခုခု ပြောဦးလေ” အဖွားက တိုက်တွန်းတယ်။

နန်ကျဲ့ဟာ မျက်လုံးမှိတ်ပြီး နောက်ဆုံးမှာတော့ မြိုချလိုက်တော့တယ်။

“အင်း ကောင်းပါတယ်။ သောက်‌လို့ကောင်းတယ်။ အရင်က စားသောက်ဆိုင်မှာ သောက်တုန်းကထက်တောင်မှ ကောင်းသေး”

ဒါဟာ မရေရာမသေချာတဲ့ စာကြောင်းတစ်ကြောင်း။

အဲ့နောက် သူဟာ ရှိနေတဲ့ လူလေးတွေကို လှမ်းကြည့်ပြီး မေတ္တာနဲ့ ပြောတယ်။ “ငါတို့ ပြီးရင်လည်း ဆက်သောက်ရမယ်။ ငါ့အတွက်က ဒီလောက်ဆိုလုံလောက်ပြီ။ ကျန်တာကို အဖွားနဲ့ရှန်ရန်ချင်းကို တိုက်လိုက်။ အော် ဟုတ်သား နင့်ဟာနင်လည်း သောက်ကြည့်ဦး မဖြုန်းတီးနဲ့”

နန်ကောဟာ ခေါင်းညိတ်တယ်။သူပြောတာ အဓိပ္ပာယ်ရှိတယ်။

ဒီလိုနဲ့ ၅မိနစ်ကြာတော့ သူမအဖွားရဲ့ချောင်းဆိုသံကို ဧည့်ခန်းထဲမှာ ကြားရတော့တယ်။နန်ကောဆို အန်ပါအန်မိတယ်။

ရှန်ရန်ချင်းဟာတော့ သည်းခံကာ ပန်းကန်လုံးတစ်၀က် သောက်လိုက်တယ်။

259 02

နန်ကျဲ့တစ်ယောက်ကသာ ဘေးနားမှာရပ်ပြီး ရူးကြောင်ကြောင်ကြီး ရယ်နေတော့တယ်။

ဒါပေမဲ့ အဆုံးကျတော့လည်း အဖွားဟာ သူ့ကို ပြုံးပြုံးလေးနဲ့သာ ဆုံးမစကားဆိုတယ်။နန်ကောလည်း သူ့ကို အပြစ်တင်မလာဘူး။တခြားအချိန်သာဆို သူမ လက်မြှောက်ပြီး သူ့ကို ထိုးပစ်လိုက်လောက်ပြီ။

ဒါဟာ အစပဲရှိသေးတယ်။ပြီးခဲ့တဲ့၂ရက်လုံး နန်ကောတစ်ယောက် တော်တော်လေး မူမမှန်ဘူး။

သူမ သူ့ပုခုံးကို နှိပ်ပေးတယ်။လက်ဖက်ရည် ထည့်ပေးတယ်။ပြန်တောင် ခံမပြောဘူး။

တစ်ခုခုမ သင်္ကာစရာ ဖြစ်နေတယ်ဆိုတာ နန်ကျဲ့ခန့်မှန်းမိတယ်။ဒါပေမဲ့ အကြောင်းအရင်းကိုတော့ စဉ်းစားမရဘူး။

နွေဦးပွဲတော်ပြီးသွားပြီး နန်ကောရဲ့ကျောင်းပြန်ဖွင့်တဲ့အချိန်အထိ နန်ကော ဘယ်လိုရှော့မျိုး ခံစားထားရလဲဆိုတာ သူ မသိဘူး။

မြို့တော်ကို ပြန်သွားပြီး ကျောင်းစာတွေနဲ့ အလုပ်ရှုပ်နေတုန်း သူမဟာ ဖေးယွင်နဲ့ဟွားရှန် ပူပေါင်းဆောင်ရွက်မှုကို အကောင်ထည်ဖော်ဖို့ အချိန်ယူတယ်။

ဒီပရောဂျက်အတွက် သုံးတဲ့ငွေပမာဏဟာ နန်ကျဲ့သဘောတူထားတဲ့ မစ်ရှင်ရဲ့ငွေပမာဏထက် အတော်လေး ကျော်လွန်သွားတယ်။

ဒါပေမဲ့ သူမ စုထားသမျှကို ဒီတစ်ကြိမ်ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံဖို့ သုံးလိုက်တယ်။ထပ်ဖြည့်ပြောရရင် ဒီပရောဂျက်ဟာ သူမ ကောက်ဆည်လိုက်တဲ့ အလျှော့အတင်းတစ်ခုပဲ။ဒါကြောင့် သူမဘက်ကစပြီး နန်ကျဲ့ကို ပြောပြဖို့ စိတ်မကူးထားသလို ဒီငွေကိုလည်း သူနဲ့ သဘောတူထားတဲ့ ငွေပမာဏထဲ ထည့်ဖို့ စိတ်ကူးမရှိဘူး။

ဘာပဲဖြစ်ဖြစ် သတ်မှတ်ရက်က သူမ ကျောင်းတက်နေတဲ့ ၁နှစ်အတွင်းလေ။သူမဟာ သူမကိုယ်သူမ ယုံကြည်ချက် ရှိနေဆဲ။

ကျောင်းဖွင့်ပြီး ချင်းမင်ပွဲတော်ရောက်တဲ့အထိ နန်ကောဟာ မြို့တော်မှာပဲ ရှိနေခဲ့တယ်။ရှန်မိသားစုဟာ ဘိုးဘေးတွေကို ကန်တော့ဖို့ ရှိတယ်။ရှန်ရန်ချင်းနဲ့မစ္စတာရှန်ဟာ သူမကို အလောတကြီး ပြန်လာစရာမလိုဘူးလို့ ပြောခဲ့ပေမဲ့ သူမ လေယာဉ်လက်မှတ်ကိုတော့ ၀ယ်လိုက်တုန်းပဲ။

ဘိုးဘေးခန်းမထဲမှာတော့ နန်ကောဟာ ကူရှင်ပေါ်ဒူးထောက်ပြီး ခဏခဏ သန်းနေမိတယ်။ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့၂ရက်လုံး သူမ ကောင်းကောင်း မအိပ်ရသေးလို့။

ဒါကို ရှန်ရန်ချင်း သတိထားမိတဲ့အခါ သူ့နှလုံးသားလေး နာကျင်ရတယ်။သူဟာ သူမကို တိုးတိုးပြောတယ်။ “ကိုယ် မင်းကို နားဖို့ အရင်ပြန်လိုက်ပို့ပေးရမလား”

သူစကားပြောတာနဲ့ နန်ကောဟာ ချက်ချင်းအသိပြန်ကပ်ပြီး‌ ခေါင်းကို တဆတ်ဆတ် ခါတယ်။ “မလိုဘူး မလိုဘူး။ ကျွန်မ မအိပ်ချင်ပါဘူး”

သူမမျက်လုံးထဲမှာ မျက်ရည်စလေးတွေသာ တွယ်မနေရင် ဒါကိုပြောတဲ့အချိန် ရှန်ရန်ချင်း သူမကိုယုံ သွားမိမှာ။

သူမ အိပ်ချင်နေတာကို မြင်တော့ ရှန်ရန်ချင်းဟာ အရင်မတ်တပ် ထရပ်တယ်။

အရိပ်တစ်ရိပ်ဟာ သူမကို လွှမ်းလာတယ်။နန်ကောဟာ လန့်သွားပြီး အထိတ်တလန့်နဲ့ မော့ကြည့်တယ်။ “ဘာလုပ်နေတာလဲ။ ဒူးထောက်လေ”

အရှေ့က အခြားလူကြီးတွေ ဒူးထောက်နေတုန်းပဲ။သူက ဘာလို့ ထရပ်တာတုန်း။

ပွစိပွစိနဲ့အသံကို ကြားတော့ မစ္စတာရှန်ဟာ သူတို့ကို အမေးအကြည့်မျိုးနဲ့ လှည့်ကြည့်တယ်။

ရှန်ရန်ချင်းဟာ အသံကိုနိမ့်ချပြီး တုံ့ပြန်တယ်။ “ပါး ကျွန်တော် ရုတ်တရက်ကြီး မအီမသာ ဖြစ်လာလို့ ကျွန်တော်နဲ့နန်ကောကို အရင်ပြန်နားခွင့်ပြုပါ။ ကျွန်တော်တို့ ပြီးမှ သက်သက် ထပ်လာလိုက်မယ်”

“သွားလေ အပြင်မှာမိုးရွာနေတယ်။ ထီးဆောင်းသွားဦး”

အခု ရှန်ရန်ချင်းလိ မ်နေတယ်ဆိုတာကို သိပေမဲ့လည်း နန်ကော သူ့ကို ဖော်လိုက်လို့ မရဘူး။သူမဟာ ရှန်ရန်ချင်းရဲ့လက်ကိုကိုင်ကာ သူ့အကူအညီနဲ့ မတ်တပ်ထလိုက်တယ်။

“ဒါဆို ပါး၊မား၊ဦးလေးနဲ့ဒေါ်လေး ကျွန်မတို့ အရင်သွားလိုက်ပါဦးမယ်”

သူမဟာ သူတို့ကို တစ်ယောက်ချင်းစီ နှုတ်ဆက်လိုက်တယ်။

လူကြီးတွေဟာ ပြုံးပြီး ဘာမှမပြောဘဲ သူမကို ခေါင်းညိတ်ပြတယ်။

အနားမှာ ရှန်ရန်ချင်းနဲ့အတူ နန်ကောဟာ ဘိုးဘေးခန်းမထဲကနေ အောင်မြင်စွာထွက်လာနိုင်လိုက်တယ်။

တံခါး၀က အိမ်တော်ထိန်းဟာ ထီးနဲ့အတူ ခြေတစ်လှမ်းတိုးလာတယ်။

“ကျွန်တော့်ကို ပေးပါ” ရှန်ရန်ချင်းဟာ ထီးကိုကိုင်ပြီး ဦးခေါင်းအထက်မှာ မြှောက်ထားတယ်။

အိမ်တော်ထိန်းဟာ သူတို့နှစ်ယောက် ထွက်သွားတာကို ကြည့်နေရင်း ပြုံးပြကာ ခေါင်းညိတ်တယ်။

နွေဦးမိုးဟာ သိပ်မပြင်းဘူး။တဖွဲဖွဲလေး ကျနေတယ်။နန်ကောဟာ ရှန်ရန်ချင်းရဲ့လက်မောင်းကိုကိုင်ရင်း သူ့ဘက်ကို ပျင်းရိပျင်းတွဲနဲ့ အမှီပြုထားကာ လိုက်ပါလာတယ်။

တိုက်ဆိုင်စွာပဲ ဘိုးဘေးခန်းမကနေ အိမ်အရှေ့ထိလမ်းဟာ လတ်တလောကပဲ ပြန်လည်ပြင်ဆင်တာ ဖြစ်တယ်။ကျောက်တုံးကျောက်ခဲလေးတွေရှိပြီး မိုးရေကြောင့် စိုစွတ်နေတယ်။မြေကြီးဟာ ရွှံ့ထနေတယ်။

နန်ကောဟာ အစကပတ်၀န်းကျင်ကို စိတ်ထဲ မထားမိဘူး။

ဒါပေမဲ့ သူမ ဒီနေ့ခြေထောက်မှာ စီးထားတဲ့ ဖိနပ်ကို တကယ်သဘောကျမိတယ်...။

ဒီမြင်ကွင်းကိုမြင်တော့ သူမဟာ ခပ်လှမ်းလှမ်းမှာ ရပ်သွားတယ်။

သူမဟာ အကူအညီ တောင်းနေသလိုမျိုး ရှန်ရန်ချင်းကို ဆက်တိုက်ကြည့်နေတယ်။

259 03

သူမအစ်ကိုပြောတာ မှန်တယ်။လွန်ခဲ့တဲ့၂နှစ်လုံး သူမ ပိုပိုပြီးသိမ်မွေ့လာဖို့ ရှန်ရန်ချင်းဆီကနေ အပျိုးထောင်ခံခဲ့ရတာ။

ကံကောင်းစွာနဲ့ မြို့တော်မှာဆို များသောအားဖြင့် သူမတစ်ယောက်တည်းမလို့။သူမတို့နှစ်ယောက်လုံးသာ နေ့တိုင်းအတူရှိနေရင် သူမကိုယ်သူမ ဂရုစိုက်ဖို့ မတတ်နိုင်လောက်ဘူး။

ဒါပေမဲ့ ရှန်ရန်ချင်းဟာ သူမမျက်လုံးထဲက အချက်ပြမှုကို သတိမထားမိဘူး။ “လာ ကိုယ် မင်းကို သယ်သွားပေးမယ်” သူဟာ အသာငုံ့ချပြီး အားနေတဲ့လက်နဲ့ သူမဆီ ရစ်ပတ်လာတယ်။

နန်ကောတောင် မတုံ့ပြန်နိုင်သေးခင်မှာဘဲ သူဟာ အားနည်းနည်းစိုက်ထုတ်ပြီး သူမကို လက်တစ်ဖက်တည်းနဲ့ မလိုက်တယ်။

******

All Chapters