← Chapters

အခန်း ၂၆၁

Vol. 27 Ch. 261

အခန်း ၂၆၁

Vol. 27 Ch. 261

261 01

Chapter 261 နည်းနည်းပူနေတဲ့၀မ်းဗိုက်။

နှစ်တစ်၀က်ထဲ ရောက်တော့ ရှန်ရန်ချင်းဟာ မြို့တော်ကို မကြာခဏလာပြီး အကြိမ်အနည်းငယ် နေတတ်တယ်။

ဟွားရှန်ဟာ မြို့တော်မှာ ရုံးခွဲတစ်ခုရှိတယ်။နန်ကောက သူ့ကို ပြန်ဖို့ တိုက်တွန်းတဲ့အချိန်တိုင်း သူဟာ အလုပ်ကို အကြောင်းပြတတ်တယ်။

တကယ်က သူ သူမနဲ့အတူ အချိန်ပိုကုန်ဆုံးချင်လို့ဆိုတာ နန်ကောသိတယ်။

ဒါကြောင့် နှစ်ဆုံးခါနီး အားလပ်ရက်တွေပြီးတော့ နန်ကောဟာ မနားဘဲ ဟိုက်မြို့ကို ပြန်တယ်။သူမဟာ မြို့တော်မှာ‌ မနှစ်ကလောက် ကြာကြာမနေခဲ့ဘူး။

နှစ်သစ်ကူးခါနီးပြီ ဖြစ်တာမို့ နန်ကောဟာ ကျန်းမြို့ကို ပြန်သွားတယ်။၂ရက်လောက်နေပြီးတော့ သူမကို ရှန်ရန်ချင်းဟာ လာ‌ခေါ်သွားတယ်။

သူမတို့ပြန်တုန်းကဆို နန်ကျဲ့ဟာ ဆဲဆိုနေခဲ့သေး။

ရှန်ရန်ချင်းကို ထပ်မတွေ့ချင်တော့တဲ့ အတိုင်းဘဲ။

ပြန်တဲ့လမ်းမှာ နန်ကောဟာ နန်ကျဲ့ကို ဆက်တိုက် စာပို့ရတယ်။စိတ်ဆိုး‌ဒေါသထွက်နေတဲ့ Huskyကို ချော့ရသေးတယ်။ “သူ နှစ်ကူးဒုတိယရက်မှာ ပြန်သွားတယ်။ အခုမှ၂ရက်ပဲရှိသေးတာကို”

အစ်ကိုဖြစ်သူကို ချော့ပြီးတဲ့အခါ သူမမှာ နောက်ဆုံးတော့ ရှန်ရန်ချင်းကို မေးဖို့ အချိန်ရသွားပြီ။

“အိမ်မှာ ဘာဖြစ်လို့လဲ”

တစ်ခုခုသာ မဖြစ်ရင် ရှန်ရန်ချင်း သူမကို ရုတ်တရက်ကြီး ပြန်လာခေါ်မှာ မဟုတ်ဘူး။

ရှန်ရန်ချင်းဟာ အရှေ့တည့်တည့်ကိုသာ ကြည့်ပြီး အလေးအနက် မောင်းနေတယ်။သူဟာ စကားမပြောခင် ခဏနားလိုက်တယ်။ “ဦးလေးရဲ့မိသားစု ပြန်ရောက်ပြီ”

“‌အိုး” နန်ကောဟာ ခေါင်းညိတ်တယ်။ဒါဆိုရင်တော့ သူမ ပြန်သွားသင့်ပါတယ်။

ဒါပေမဲ့ အဲ့လောက်ကြီး မရိုးရှင်းလောက်ဘူးဟုတ်။သူ့ဦးလေးနဲ့ ဒေါ်လေးတို့ဟာ အရမ်းစဉ်းစား တွေးတောပေးတတ်တာ။သူတို့ဘက်က သူမကို အထူးတလည်ကြီး ပြန်လာခိုင်းမှာ မဟုတ်ဘူး။

ထင်ထားတဲ့အတိုင်း စက္ကန့်အနည်းငယ်လောက်ကြာတော့ သူမ ရှန်ရန်ချင်းပြော တာကို ကြားလိုက်ရတယ်။ “ကိုယ့်၀မ်းကွဲအငယ်လေးလည်း ပြန်ရောက်နေတယ်။ သူ သူနဲ့အတူ သူ့ကောင်မလေးကို ခေါ်လာတယ်”

“ဟမ်” နန်ကောဟာ လှည့်ကြည့်တယ်။ “သူ ဘယ်တုန်းက ကောင်မလေး ရသွားတာလဲ”

သူ့၀မ်းကွဲအငယ်လေးက တက္ကသိုလ်ကနေ ဘွဲ့ရထားတာ နှစ်တစ်၀က်ပဲ ရှိသေးတယ်။သူ့မှာ ကောင်မလေး ရှိတယ်ဆိုတာ သူမ တစ်ခါမှ မကြားခဲ့ဖူးပါဘူး။

ဘွဲ့ရပြီးမှ စတွဲတယ်ဆိုလည်း နှစ်၀က်လောက်ပဲ ရှိဦးမှာ။အချိန်တိုတို‌လေးနဲ့ သူမကို အိမ်ခေါ်လာပြီး မိဘတွေ၊လူကြီးတွေနဲ့ ပေးတွေ့တယ်ဆိုတာက...ဒါ သူတို့ လက်ထပ်တော့မယ်ဆိုတဲ့ သဘောလား။

“ကိုယ်လည်း သေချာမသိဘူး။ မေးဖို့အချိန်မရလို့။ ပါး ကိုယ့်ကို ဖုန်းဆက်ခေါ်တာ အခြေအနေကို ရှင်းပြပြီးတော့ သူက ကိုယ့်ကို မင်းကို အရင်သွားခေါ်ဖို့ပြောလို့”

ရှန်မိသားစုရဲ့မိသားစုဝင်တစ်ယောက်အနေနဲ့ နန်ကောကို ဖယ်ချန်ထားလို့ မရဘူး။

နန်ကောလိုပဲ ရှန်ရန်ချင်းဟာလည်း နားမလည်ဘူးဖြစ်နေတာ။

သူတို့နှစ်ယောက် ရှန်မိသားစုဆီကို ရောက်တော့ ၀မ်းကွဲအငယ်လေးနဲ့ ရည်းစားဖြစ်သူကို တွေ့ရတယ်။နောက်ဆုံးတော့ ဘာဖြစ်နေလဲဆိုတာ သူတို့ နားလည်သွားပြီ။

ဆိုဖာပေါ်မှာ ၀မ်းကွဲအငယ်လေးဟာ ဗိုက်အနည်းငယ် ပူနေတဲ့မိန်းကလေးကို သူတို့နဲ့ မိတ်ဆက်ပေးတယ်။ “ဒါ ကိုယ့်အစ်ကိုနဲ့ခယ်မ”

မိန်းကလေးဟာ သူနဲ့အတူထပြီး ရှန်ရန်ချင်းနဲ့နန်ကောကို နှုတ်ဆက်တယ်။

ရှန်ရန်ချင်းဟာ ခေါင်းညိတ်တယ်။နန်ကောဟာ တစ်ခဏအံ့ဩနေမိပြီး သူမရဲ့အကြည့်ဟာ မိန်းကလေးရဲ့၀မ်းဗိုက်ဆီကို ရောက်သွားတယ်။သူမဟာ အသိပြန်၀င်လာပြီး ပြုံးပြတယ်။

“ဟယ်လို မင်္ဂလာပါ ကျွန်မက နန်ကောပါ”

ညစာ စားပြီးတဲ့နောက် နန်ကောဟာ အပေါ်ထပ်ကို အန်တီ၀မ်နဲ့အတူ လိုက်တက်လာတယ်။အဲဒီတော့မှပဲ သူမမှာ စပ်စုဖို့ အခွင့်အရေး ရတယ်။

261 02

“မား သမီးရဲ့၀မ်းကွဲအငယ်နဲ့ သူ့ကောင်မလေးက...”

အန်တီ၀မ်ဟာ တံခါးပိတ်ပြီး သူမအတွက် ပြင်ဆင်ထားတဲ့ တရုတ်ဆေးတွေကို ထုတ်တယ်။သူမက ပြောတယ်။ “အလုပ်မှာ တွေ့တာလို့ ကြားတယ်။ သူ လက်မထပ်ရသေးဘဲ ကိုယ်၀န်ရသွားတာ။ လူငယ်တွေက‌ နည်းနည်း စိတ်မြန်လက်မြန် နိုင်ကြတာပဲ”

“ဘယ်နှစ်လရှိပြီလဲ။ သူ့ဗိုက်က မြင်တောင်မြင်နေရတယ်နော်”

“‌၄၊၅လလောက်ရှိပြီ ထင်တယ်။ နှစ်ဖက်မိဘတွေ အကုန်တွေ့ပြီးပြီ ပြောတယ်။ သူတို့ နှစ်သစ်ကူးအတွက် ပြန်လာကြတာ မဟုတ်ဘူးလား။ ဒီနှစ်သစ်ကူးပြီးရင် သူတို့ လက်ထပ်မှတ်ပုံတင်သင့်ပြီ။ အခြေအနေအပေါ် မူတည်ပြီး လက်ထပ်ပွဲက ကလေးမွေးပြီးမှ စောင့်ကြည့်ရမယ်”

သူမ စကားပြောနေရင်း အန်တီ၀မ်ဟာ အိတ်ကိုညွှန်ပြတယ်။ “မား တစ်ခုချင်းစီအတွက် သောက်ဖို့အညွှန်း ရေးပေးထားတယ်။ သမီးကျန်းမာရေးအတွက် ကောင်းတယ်။ သမီးကို ကြည့်ပါဦး။ နွေဦးလယ်ပွဲတော်မှာပဲ ပြန်လာတယ်။ မားတို့ နောက်ဆုံးတွေ့ခဲ့တာ လနည်းနည်းလောက်ပဲ ရှိသေးတယ်။ ဘာလို့ ဝိတ်အရမ်းကျသွားတာလဲ”

“တကယ်လို့ အလုပ်မဖြစ်ဘူးဆို နှစ်ကူးပြီးတာနဲ့ မား သမီးနဲ့အတူ မြို့တော်မှာ နှစ်တ၀က်လောက် လိုက်နေမယ်။ မား သမီးကို ကောင်းကောင်း ဂရုစိုက်ပေးမယ်”

မှန်တယ်။နန်ကောဟာ နှစ်၀က်အတွင်း ဘွဲ့ရတော့မှာ။

“မလိုပါဘူး။ မလိုပါဘူးရှင်” နန်ကောဟာ လက်ခါတယ်။ “သမီး ကောင်းကောင်းစားပါတယ် အိမ်အကူတွေလည်း အိမ်မှာ ပုံမှန်ချက်ပေးတယ်။ ပြီးတော့ တစ်ခါတလေ ဦးငယ်လေးအိမ်ကိုလည်း သမီး ဂုန်းသွားသွားဆင်းပါတယ်။ သမီး ပုံမှန်အတိုင်း များများစားပါတယ်။ ဝိတ်ကို တမင်တကာ ချနေတာ မဟုတ်ရပါဘူး”

သူမတို့နှစ်ယောက်ဟာ သိပ်ကြာကြာ စကားမပြောခဲ့ကြဘဲ အောက်ထပ်ကို ဆင်းလာတယ်။

နန်ကောဟာ ဒုတိယထပ်က လှေကားမှာရပ်ပြီး အောက်ကို ငုံ့ကြည့်တယ်။သူမဟာ ၀မ်းကွဲအငယ်လေးရဲ့ကောင်မလေးကို ချက်ချင်း မြင်သွားတယ်။

၂၀စွန်းစွန်းမိန်းမငယ်‌လေးဟာ မိခင်တစ်ယောက် ဖြစ်လာတော့မယ်။

နန်ကောဟာ သူမကို အကြာကြီး ကြည့်နေမိတယ်။ဒါပေမဲ့ သူမ ဘယ်လို ခံစားနေရလဲဆိုတာကို မပြောတတ်ဘူး။

အန်တီ၀မ်ဟာ ‌ခြေလှမ်း အနည်းငယ် လှမ်းလိုက်ပြီး နန်ကော အနောက်ကနေ လိုက်မလာတာကို သတိထားမိသွားကာ အနောက် လှည့်ကြည့်လိုက်တယ်။

အနောက်နားမှာ ငေးပြီးရပ်နေတာကို မြင်တော့ အန်တီ၀မ်ဟာ သူမရဲ့အကြည့်နောက်ကို လိုက်ကာ အောက်ထပ်ကို ငုံ့ကြည့်တယ်။သူမဟာ ချက်ချင်း သဘောပေါက်သွားတယ်။

ညရောက်တော့ နန်ကောဟာ ရေချိုးဖို့ အိပ်ခန်းကို စောစောပြန်သွားတယ်။

ရှန်ရန်ချင်းဟာ အခန်းကိုပြန်မလာခင် လူကြီးတွေနဲ့ နည်းနည်းပါးပါး စကားပြောခဲ့တယ်။

“ဟေး ရန်ချင်း” အန်တီ၀မ်ဟာ ထောင့်ကနေ နို့တစ်ခွက် ယူလာပြီး “ဒီမှာ မင်းနဲ့အတူ ယူသွား”

261 03

ဒါဟာ နန်ကောအတွက် ဖြစ်တယ်။

ရှန်ရန်ချင်းဟာ အန်တီ၀မ်ကို ကျေးဇူးတင်လိုက်တယ်။

သူဟာ လှည့်ထွက်ဖို့လုပ်လိုက်ပေမဲ့ အန်တီ၀မ်ရဲ့တွန့်ဆုတ်နေတဲ့မျက်နှာထားကို မြင်လိုက်ရတယ်။

“အန်တီ၀မ် တခြားတစ်ခုခု ရှိသေးလို့လား”

ဧည့်ခန်းထဲမှာ လူရှိနေသေးတာကို မြင်တော့ အန်တီ၀မ်ဟာ သူ့ကို အနားလာဖို့ လက်ဟန်ပြတယ်။နှစ်ယောက်သား မီးဖိုချောင်ထဲကို တစ်ယောက်ပြီး တစ်ယောက် ၀င်သွားကြတယ်။

“ဒါက ဒီလို အန်တီ မမေးချင်ဘူး။ မေးလည်းမမေးသင့်ဘူး။ ဒါပေမဲ့ မင်းနဲ့ရော့ရော့ ဘယ်လိုတွေးလဲဆိုတာကို အန်တီလည်း နားလည်ချင်တယ်။ တစ်မျိုးမထင်ပါနဲ့”

“ရပါတယ် မေးပါ”

“အာ မင်းနဲ့ရော့ရော့တို့ ကလေးယူဖို့အကြောင်း စကားပြောကြပြီးပြီလားဆိုတာကို အန်တီ သိချင်တယ်”

အန်တီ၀မ်ဟာ နည်းနည်းတော့ ချန်လှပ်ထားတယ်။

ရှန်ရန်ချင်းဟာ အသာ မျက်မှောင်ကြုတ်ပြီး “ဟင့်အင်း ဒါပေမဲ့ လောလောဆယ်မှာလည်း ကျွန်တော်တို့ ဒီကိစ္စအတွက် အစီအစဉ်မရှိဘူး”

“တစ်နည်းအားဖြင့် မင်း ရော့ရော့ကို သူ့အမြင်အကြောင်း မမေးကြည့်ရသေးဘူးပေါ့”

“ထင်တာပဲ” သူမဟာ စာလေ့လာနေတုန်းဖြစ်ပြီး အခုမှ အလုပ်စလုပ်ရုံ ရှိသေးတယ်။ဒါကို လုပ်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။

ဒါကြောင့်မို့လည်း သူတို့နှစ်ယောက် ဒီကိစ္စကို အသေးစိတ် မပြောကြတာ။

အန်တီ၀မ်က “ကျစ်ငယ် ဒီနေ့ သူ့ကောင်မလေးကို ခေါ်လာတယ် မဟုတ်လား။ ရော့ရော့ ကျစ်ငယ်ကောင်မလေးရဲ့ဗိုက်ကို စိုက်ကြည့်နေတာ အန်တီ မြင်လိုက်တယ်။ အန်တီ့အထင်တော့ ရော့ရော့မှာလည်း တူညီတဲ့အတွေးတွေ ရှိမယ်ထင်တယ် ဟုတ်တယ်မလား”

သူ နားမလည်နိုင်တာကို ခံစားမိပြီး အန်တီ၀မ်ဟာ အမြန်ရှင်းပြတယ်။

“အန်တီ ပြောချင်တာက ရော့ရော့ ကျိန်းသေပေါက်ကြီး ကလေးလိုချင်နေတယ်လို့ ပြောတာ မဟုတ်ဘူး။ သူ့ခံစားချက်ကို တစ်ချက် အာရုံစိုက်ပေးဖို့ အန်တီက မင်းကို သတိပေးရုံပဲ။ သူမမှာ အချက်ပြ တစ်ခုခုရှိနေပြီလို့ထင်ရင် မင်း သူနဲ့မြန်မြန် စကားပြောဖို့လိုတယ်”

“ဒါပေါ့ သူ လိုချင်လားမလိုချင်လားဆိုတာ အရေးမကြီးဘူး။ အခုချိန်မှာ သူ့စိတ်ထဲ အတက်အကျ ရှိနေလိမ့်မယ်။ မင်း ပိုပြီး အာရုံစိုက်ပေးဖို့ လိုတယ်။ မိန်းကလေးတွေက ခံစားလွယ်တယ်”

“ကျွန်တော် နားလည်ပါပြီ” ရှန်ရန်ချင်းဟာ ဉာဏ်ကောင်းတာမို့ ချက်ချင်း သဘောပေါက်သွားတယ်။ ‌”ကျေးဇူးတင်ပါတယ် အန်တီ”

“ရတယ် ရတယ် အပေါ်တက်တော့။ နို့တွေ အေးကုန်တော့မယ်”

“ဟုတ်”

ရှန်ရန်ချင်း အိပ်ခန်းဆီပြန်ရောက်တော့ နန်ကောဟာ ရေချိုးနေတုန်းဖြစ်တယ်။

ခဏလောက်စောင့်ပြီးတော့ ထွက်လာဖို့ အချိန်တန်ပြီဖြစ်ကြောင်း သူ နန်ကောကို တံခါးခေါက်ကာ သတိပေးလိုက်တယ်။

နန်ကောဟာ ရေချိုးရင် အမြဲငေးပြီးသတိလွတ်သွားတတ်တယ်။

နန်ကောရဲ့အသံဟာ အထဲကနေထွက်လာတယ်။ “မကြာခင် ပြီးတော့မယ်”

သူမအသံဟာ ဗလုံးဗထွေး ဖြစ်နေတယ်။သူမ ထပ်ပြီး အိပ်ပျော်သွားပြန်တာ ဖြစ်မယ်။

ခဏလောက်ကြာတော့ နန်ကောဟာ ရေချိုး၀တ်စုံနဲ့ ပြေးထွက်လာတယ်။

ရှန်ရန်ချင်းဟာ နို့ခွက်ကို သူမဆီပေးပြီး သူမဆံပင်ကို အခြောက်ခံပေးတယ်။

ဒီအချိန်ကို အခွင့်အရေးယူပြီး သူ ခုနက အန်တီ၀မ်ရဲ့စကားတွေကို သေချာတွေးကြည့်တယ်။ပြီးတော့ ဒီအကြောင်းအရာကို စကားစဖို့ ဘယ်လိုဆင်ခြေကို သုံးရမလဲ စဉ်းစားနေတယ်။

အတိုချုံ့ပြောရရင် သူ တိုက်ရိုက်ကြီး မမေးနိုင်ဘူး။

ဒါပေမဲ့ သူ သူ့ကိုယ်သူ မပြင်ဆင်ရသေးခင်မှာဘဲ နန်ကောဘက်က ဒါကို အရင်စပြောလာတယ်။ “ကျွန်မဘွဲ့ရတဲ့အချိန်ဆို ရှင့်၀မ်းကွဲရဲ့ကလေးက မွေးပြီးနေလောက်ပြီ။ အတိအကျဆို ကျွန်မတို့က အရင်လက်ထပ်တာ...။ရှင် ကျွန်မတို့ကပဲ အရမ်းနှေးနေတယ်ထင်လား။ ဒါမှမဟုတ် သူတို့ကပဲ အရမ်းမြန်လွန်းတယ် ထင်လား”

သူမ ဘွဲ့ရတဲ့အချိန်ဆို သူမနဲ့ရှန်ရန်ချင်းတို့ရဲ့ ဒုတိယအကြိမ်မြောက် မင်္ဂလာနှစ်ပတ်လည်ရော က်တော့မှာ။

အစီအစဉ်အရ သူမ ကလေးမွေးဖို့ အကြောင်းကို မတွေးရသေးဘူး...။

******

All Chapters