← Chapters

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း ၂၆၂

Vol. 27 Ch. 262

262 01

Chapter 262 ဝိတ်အတော်တက်လာတယ်။

ရှန်ရန်ချင်းဟာ သူလုပ်လက်စကို မရပ်ဘဲ မရည်ရွယ်ဘဲ ပြန်ဖြေတဲ့ပုံမျိုးလု ပ်တယ်။ “သူတို့က ကိုယ်တို့ထက် မြန်နေတာ။ ဒါပေမဲ့ ကိုယ်တို့က နှေးနေတာ မဟုတ်ဘူး”

“ဖြစ်နိုင်တာ အခု မင်းရော တူညီတဲ့အတွေးကို တွေးနေတာများလား”

သူတို့ဟာ လက်ထပ်ထားတာ တစ်နှစ်နဲ့နှစ်တစ်၀က် ရှိပြီဖြစ်ပြီး အမြဲတမ်း သတိတကြီးနဲ့ ကြိုတင်ကာကွယ်ထားခဲ့တယ်။သူမရဲ့ကျန်းမာရေးအတွက် သူဟာ တစ်ခါမှ မဖြေလျော့ခဲ့ဘူး။မတော်တဆဆိုပြီး ရှိလာမှာစိုးလို့။

အခုလောလောဆယ် နန်ကော ဘာတွေးနေလဲဆိုတာကို သူမသိဘူး။ဒီတော့ သူ ဘာမှလည်း မပြောရဲဘူး။

လေမှုတ်စက်ကလေပူပူဟာ သူမရဲ့နားရွက်ကို အဖျားခတ်သွားတယ်။နန်ကောဟာ လက်မြှောက်ပြီး နားကို ပွတ်တယ်။ “ကျွန်မလည်း မသိဘူး”

“ကျွန်မ ဒီအကြောင်း အရင်က တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ဒါပေမဲ့ အခု ၀မ်းကွဲကတောင် ဒီလိုဖြစ်နေပြီဆိုမှတော့ ကျွန်မတို့ရော...”

အဲဒီတော့မှပဲ သူမဘာတွေးနေလဲဆိုတာကို ရှန်ရန်ချင်းဟာ နားလည်သွားတယ်။

အစကနေအဆုံးထိ သူမကို ဘယ်သူမှ မတိုက်တွန်းခဲ့ဘူးဆိုပေမဲ့ သူ့၀မ်းကွဲ ကလေးရတာကို မြင်တော့ နန်ကောဟာ ဖိအားအနည်းငယ် ခံစားနေရတာဖြစ်တယ်။

သူမဟာ သူ့အတွက် အဓိက တွေးပေးတာ။

ဘာကြောင့်လဲဆိုတော့ သူမနဲ့သူ့၀မ်းကွဲဟာ အသက်နည်းနည်းပဲ ကွာပြီး ဘွဲ့ရဖို့ လို‌သေးတယ်။ဒါပေမဲ့ သူက သူ့၀မ်းကွဲထက် အသက်ပိုကြီးတယ်။ပိုပြောရရင် သူဟာ ရှန်မိသားစုရဲ့အကြီးဆုံးမြေး ဖြစ်တယ်။

ဒါကြောင့် နန်ကော အခုခံစားနေရတဲ့ ဖိအားဟာ အဓိကက သူ့ရှုထောင့်ကနေ တွေးနေတာမို့ ဖြစ်တယ်။

“ကိုယ်တို့ အလျင်မလိုပါဘူး” သူမ ဘာကိုစိတ်ပူနေလဲဆိုတာကို သိသွားတော့ ပြဿနာဟာ ဖြေရှင်းပြီးသား ဖြစ်သွားတယ်။ “မင်းက ကျောင်းတက်နေတုန်းလေ ကိုယ်တို့ လောလောဆယ် ဒါကိုတွေးဖို့ မလိုဘူး”

“မင်း တက္ကသိုလ်မှာ ကိုယ်နဲ့တွဲခဲ့ပြီး ဘွဲ့ယူပြီးတော့ ကိုယ်နဲ့ လက်ထပ်ခဲ့တယ်။တကယ်တော့ မင်းမှာ အိမ်‌ထောင်သည်တစ်ယောက် ဖြစ်မလာခင် ပြန်သုံးသပ်ဖို့ အချိန်သိပ်မရခဲ့ဘူး။ အခု မင်းက ဘွဲ့ရပြီးတဲ့ ကျောင်းသူလေးတစ်ယောက်။ ကိုယ် မင်းကို ကိုယ်၀န်ရအောင် လုပ်လို့မဖြစ်ဘူးလေ မဟုတ်ဘူးလား”

“မင်းက ငယ်ပါသေးတယ်။ ဒါကြောင့် ကိုယ်တို့ ဘာကိုမှလောဖို့ မလိုဘူး”

“မှန်တယ် ကျွန်မက ငယ်သေးတယ်” နန်ကောဟာ ဒါကိုလက်ခံတယ်။ဒါပေမဲ့...

သူမဟာ ခေါင်းအသာမော့ပြီး အနောက်က အမျိုးသားကို ကြည့်တယ်။

သူမမျက်လုံးထဲက တွန့်ဆုတ်မှုကို မြင်တော့ ရှန်ရန်ချင်းဟာ ရပ်ပြီး လေမှုတ်စက်ကို ချလိုက်တယ်။

သူမ ပြောမဲ့ဟာကို သူ သိနေတာမြင်တော့ နန်ကောဟာ လည်ချောင်းရှင်းပြီး တိုးတိုး ပြောတယ်။ “ကျွန်မအရင်ပြောတာမဟုတ်ဘူးနော် ရှင်အရင်ပြောတာ”

အသက်အကြောင်းကို သူ အရင်ပြောတာ။

သူမကို အပြစ်တင်လို့ မရဘူး။

ရှန်ရန်ချင်းဟာ သက်ပြင်းချတယ်။သူမနဲ့ဆို သူဟာ အစွမ်း မဲ့သွားတယ်။

နန်ကောဟာ အိပ်ရာပေါ် တက်ပြီး ခေါင်းရင်းကိုမှီကာ ဒီအကြောင်းကို တည်ငြိမ်စွာနဲ့ ဆက်ပြောတယ်။ “လောလောဆယ် ကျွန်မမှာ အခြားဘာအတွေးမှ မရှိဘူး။ ကျွန်မ အစီအစဉ်ချဖို့လိုခဲ့မယ်ဆိုရင် ကျွန်မ အတည်တကျဖြစ်တဲ့အချိန်ထိ စောင့်ရလိမ့်မယ်”

သူမဟာ လက်ချောင်းတွေနဲ့ အတည်ပေါက်ကြီး ရေတယ်။ “ဘာတွေပဲဖြစ်ဖြစ် ၂နှစ်ကနေ ၃နှစ်အထိတော့ ကြာလိမ့်မယ်။ အဲ့အချိန်လောက်ဆို ကျွန်မက ၂၆နှစ်ဖြစ်ပြီး ရှင်က ၃၄နှစ်ဖြစ်မယ်။ ကိုယ်၀န်ရတာကတစ်နှစ်ဆိုတော့ ကျွန်မမွေးတဲ့အချိန် ရှင်က ၃၅နှစ် ဖြစ်လိမ့်မယ်”

သူမဟာ ရှန်ရန်ချင်းရဲ့မျက်နှာထားကို သတိမထားမိဘဲ ဆက်တွက်တယ်။

262 02

နန်ကောဟာ ရှန်ရန်ချင်းကို တိုက်ခိုက်ဖို့ သူမရဲ့အသက်ကို အသုံးမချချင်ကြောင်း ကျိန်ဆိုပြောတယ်။ဘယ်အချိန် ကလေးယူဖို့နဲ့မွေးဖို့ သင့်တော်မလဲဆိုတာကိုသာ သူမ တွက်ကြည့်ချင်တာ။

မထင်မှတ်ဘဲ အဆုံးကိုရောက်တော့ သူမဟာသူမ ပြန်လန့်သွားရတယ်။

အစက သူမ သတိမထားမိဘူး။

သူမအသက်၂၀မှာ သူမဟာ ပန်းပွင့်ကလေး ဖြစ်နေဦးမှာပဲ။ရှန်ရန်ချင်းအတွက်ကကျတော့...

သူမဆက်ပြောတော့မှာကို မြင်တော့ ရှန်ရန်ချင်းဟာ သူမကို အချိန်မှီ တားလိုက်တယ်။

“အဲ့တာတွေအကုန် အနာဂတ်မှာပဲ ကိုယ်တို့ အခုအတွက်ကို အရင်အစီအစဉ် ချထားသင့်တယ်”

“အခု” နန်ကောဟာ လှမ်းကြည့်တယ်။

“အင်း ဥပမာ မင်းရဲ့အလုပ်ပေါ့” နန်ကောရဲ့စိတ်ခံစားချက် တည်ငြိမ်သွားတာကို သိတော့ ရှန်ရန်ချင်းဟာ စကားလမ်းကြောင်းလွှဲဖို့ အခွင့်အရေးယူကာ သူမကို လာမဲ့၂နှစ်အတွင်းရဲ့ ဖေးယွင်နည်းပညာအကြောင်းကို ပြောတယ်။

ဒီလောကထဲက စီနီယာတစ်ယောက်အနေနဲ့ သူ့မှာ အတွေ့အကြုံတွေ အများကြီးရှိတယ်။သူ့ဆီက စကားတချို့ဟာ နန်ကောရဲ့အတွေးကို သွားသက်ရောက်လိမ့်မယ်။

နန်ကောဟာ ဂရုတစိုက်နဲ့နားထောင်ပြီး အိပ်ချင်စိတ် ပျောက်သွားတယ်။

ဒါဟာ အခကြေးငွေမပေးရတဲ့ သင်တန်းတစ်ခုပဲ။ဘော့စ်ကြီးဟာ အကြံဉာဏ် ပေးနေတာဖြစ်ပြီး တစ်ဆင့်ချင်းစီ သင်ပေးနေတာ။သူမသာ နားမထောင်ဘူးဆို အရူးပဲ။

မေလအွန်လိုင်းချစ်သူများနေ့မှာ နန်ကောဟာ ပြန်လာဖို့ အထူးတလည် အချိန်ယူပြီး ရှန်ရန်ချင်းကို စပရိုက်တိုက်တယ်။

သူမ ပြန်လာတဲ့အကြောင်းကို သူမ ရှန်ရန်ချင်းကို မပြောထားဘူး။

အိမ်ပြန်ရောက်တော့ သူမဟာ ပန်းစည်းတွေလို ၀တ်စားဆင်ယင်ဖို့ စိတ်ကူးလိုက်တယ်။အလုပ်များတဲ့ ရက်ပြီးတော့ သူမဟာ ကိုယ့်ဟာကိုယ် စက္ကူကြီးတွေနဲ့ ပတ်ထားတဲ့ ၀တ်စုံသေးသေးလေးလု ပ်ထားတယ်။သူမရဲ့ရင်ဘတ်ဟာ ပန်းတွေနဲ့ ပြည့်နှက်နေပြီး ၀တ်စုံဟာ သူမရဲ့ရင်ဘတ်နဲ့ ပေါင်တံကို မနည်း ကာထားတယ်။သူမသာ ကုန်းလိုက်တာနဲ့ အကုန်ပေါ်ကုန်မဲ့၀တ်စုံမျိုး။

သူမရဲ့ရည်ရွယ်ချက်ဟာတော့ တက်တက်ကြွကြွရှိတဲ့ လေထုနဲ့အညီ အရမ်းသိသာပါတယ်။

ရှန်ရန်ချင်း ၀တ်မှုန်နဲ့ ဓာတ်မတည့်တာကို စဉ်းစားပြီး သူမ တကယ့်အစစ်နဲ့တူတဲ့ နှင်းဆီအတုတွေကို သုံးထားတယ်။

ညရောက်တော့ ရှန်ရန်ချင်းဟာ တံခါးကို တွန်းဖွင့်ကာ အထဲ၀င်လာတယ်။ခပ်လှမ်းလှမ်းကနေ သူဟာ ဆိုဖာပေါ်မှာ အကြာကြီးစောင့်နေတဲ့ နှင်းဆီပန်းစည်းလေးကို တွေ့လိုက်ရတယ်။

အဲ့ညက နှင်းဆီပန်းလေးတွေဟာ အတော်လေး ရေလောင်းခံခဲ့ရတယ်။ပွင့်ချပ်တွေဟာ ၀န်မနိုင်ဘဲ ကြမ်းပေါ်ကို တဖြုတ်ဖြုတ် ကြွေကျကုန်တယ်။ပြန့်ကျဲကျဲမီးရောင်နဲ့ အရိပ်အောက်မှာ တလက်လက် ထနေတဲ့ရေစက်လေးတွေကိုပါ မြင်နိုင်တယ်။

တိုက်ဆိုင်စွာပဲ နောက်တစ်နေ့မနက်မှာတော့ နန်ကောဟာ ဘွဲ့လွန်ကျောင်းက‌နေ ဘွဲ့ရသွားပြီး ပျော်ရွှင်စရာအဖြစ်အပျက်၂ခု ဖြစ်ခဲ့တယ်။

ပထမတစ်ခုဟာ သူ့၀မ်းကွဲအငယ်လေးရဲ့မိန်းမ သမီးလေး မွေးတာ။

ဒုတိယတစ်ခုဟာတော့ ဟွားရှန်ရဲ့ထုတ်ကုန်အသစ် စာရင်း၀င်သွားတာဖြစ်ကာ ဖေးယွင်ရဲ့ချပ်စ်ဟာ ကျော်ကြားလာတယ်။

အရောင်းမန်နေဂျာတစ်ယောက်အနေနဲ့ နန်ကောဟာ ဘွဲ့ရပြီးတာနဲ့ အလုပ်ရှုပ်တော့တယ်။

အခုနဲ့ယှဉ်ရင် အရင်က ကျောင်းနဲ့အလုပ်ကြား ခေါက်တုံ့ခေါက်ပြန် လုပ်တာဟာ အမြည်းပဲရှိတယ်။

ပြီးခဲ့လက သူမဟာ အလုပ်ခရီး ထွက်နေခဲ့ရတယ်။သူမမှာ ကော့တေးပါတီ၅ခုထက်မနည်း တက်ခဲ့ရတယ်။ကျန်းမြို့နဲ့ ဟိုက်မြို့ကို ပြန်ဖို့ မပြောနဲ့ဦး။သူမမှာ မြို့တော်မှာတောင် ကြာကြာ မနေခဲ့ရဘူး။

သူမဟာ နေ့တိုင်း အန်မိတဲ့အထိကို အခေါ်ခံခဲ့ရတယ်။ဒါ ချဲ့ကားပြောတာ မဟုတ်ဘူးရယ်။သူမ တကယ်ကြီး အန်ခဲ့တာ။

ဒါပေမဲ့ နန်ကောဟာ ဒါကို စိတ်ထဲ မထားဘူး။အခုတလော သူမရဲ့တင်းကြပ်တဲ့အချိန်ဇယားကြောင့် သူမရဲ့ဗိုက်တစ်ခုခု ဖြစ်သွားတာနေမယ်လို့ပဲ ထင်တယ်။

ရှန်ရန်ချင်းရဲ့ဗိုက်ဆိုလည်း တစ်ခါမှ မကောင်းတာမို့ သူမဟာ အစာအိမ်ဆေးကို အမြဲတမ်း ဆောင်ထားခဲ့တယ်။အဲ့နေ့က သူမဟာ လေးလေးနက်နက် မတွေးဘဲ ဆေး၂လုံးသောက်ကာ အိပ်ပျော်သွားတယ်။

နောက်နေ့ကျတော့လည်း သူမ ပုံမှန်အတိုင်းပဲ ပေါင်းသင်း ဆက်ဆံခဲ့တယ်။

ကံကောင်းစွာနဲ့ ခေါင်းဆောင်တွေဟာ သူမဘယ်သူမှန်း သိကြပြီး သူမအတွက် တမင်တကာ အခက်တွေ့အောင် မလုပ်ခဲ့ဘူး။သူတို့ ပူးပေါင်းဆောင်ရွက်ချင်တဲ့စိတ်မရှိတာ ဒါမှမဟုတ် အကျိုးအကြောင်း မဆီလျော်ဘူးဆိုရင်တောင်မှ သူတို့ဟာ နန်၊ရှန်နဲ့ချန်းမိသားစုရဲ့မျက်နှာနဲ့ သူမကို မျက်နှာသာပေးကာ ပြုံးပြကြတယ်။

ဒါကြောင့်လည်း နန်ကောဟာ ပေါင်းသင်း ဆက်ဆံနေတုန်း မသောက်ခဲ့ရဘူး။သူမရဲ့စားချင်စိတ်ဟာ အမြဲကောင်းမွန်ခဲ့တာမို့ ထပ်ပြီးခံစားနေစရာ မလိုခဲ့ဘူး။

သူမနဲ့ပတ်သက်ပြီး တစ်ခုခု မှားနေတယ်ဆိုတာကို သိတာဟာ နန်ကျဲ့ဖြစ်တယ်။

နန်ကျဲ့လည်းပဲ ပွဲကိုတက်ခဲ့တယ်။

သူဟာ အထူးသဖြင့် အခြားလူတွေနဲ့ စားဖို့ခုံနေရာလဲပြီး နန်ကောရဲ့ဘေးမှာထိုင်တယ်။

နန်ကောဟာ အစား ဂျီးမများဘူး။ဒါပေမဲ့ ချဉ်တဲ့အစားအသောက်တွေကိုတော့ မကြိုက်ဘူး။သူမ လီမွန်ဖျော်ရည်၂ခွက်ကို တစ်ကျိုက်တည်း မော့သောက်တော့ နန်ကျဲ့ဟာ မအံ့ဩသေးဘူး။

ပန်းကန်မှာအလှဆင်ထားတဲ့ လှီးထားတဲ့ လီမွန်ချပ်တွေကိုပါ ကောက်စားတော့မှ ပြဿနာရဲ့လေးနက်မှုကို နန်ကျဲ့ သိလိုက်ရတယ်။ “နင် ဘာလို့အချဉ်တွေ အဲ့လောက် စားနေတာလဲ”

262 03

သူ နန်ကောကို အကဲခတ် ကြည့်လိုက်တယ်။ဒီနေ့ပွဲဟာ ပိုအရေးကြီးတာမို့ နန်ကောဟာ ဂါ၀န်တောင်မှ ၀တ်ထားသေးတယ်။

သူမ အခုလေးတင် တစ်ခုခုစားခဲ့လို့လားတော့ မသိပေမဲ့ ဘာလို့သူမဗိုက်က ပူနေတာလဲ။

“ငါ‌တို့နောက်ဆုံးတွေ့ခဲ့တာ တစ်လပဲ ရှိသေးတယ်။ ဒါပေမဲ့ နင် အတော် ၀လာတာပဲ”

“ဟမ်” နန်ကောဟာ လန့်သွားတယ်။

၀လာတယ်လို့ ပြောတာကို ဘယ်လိုမိန်းကလေးက သဘောကျပါ့မလဲ။ “မဖြစ်နိုင်တာ ငါ ပြီးခဲ့တဲ့တစ်လလုံး အလုပ်ရှုပ်နေတာ။ ဝိတ်ကျသွားတယ်လို့တောင် ခံစားရတာကို”

ဒါပေမဲ့ ဒီလ သူမ အလုပ်မှာ အာရုံစိုက်ထားမိပြီး သူမခန္ဓာကိုယ်ကို သေချာဂရုမစိုက်မိသလို ဝိတ်လည်း မတိုင်းမိဘူး။

“ငါအရမ်း၀နေတယ်လို့တော့ပြော မရပါဘူး။ နှစ်ကူးအတွင်း ဝိတ်အတော် ကျသွားပြီး အခုမှ ဝိတ်နည်းနည်း ပြန်တက်လာတာနေမယ်” နန်ကောဟာ ရှင်းပြတယ်။

သူမရဲ့အစ်ကို ဟိုးအရင်က အခြေအနေနဲ့ကြည့်ပြီး လွဲနေတာ ဖြစ်မယ်လို့ သူမ ထင်တယ်။

နှစ်ကူးတုန်းက တက္ကသိုလ်ပြီးတော့ သူမ အပိန်ဆုံး အခြေအနေမှာ ရှိခဲ့တာ။

အခု သူမ ဝိတ်နည်းနည်း တက်လာတယ်ဆိုရင်တောင် အများကြီးတော့ တက်မလာလောက်ဘူး။

နန်ကျဲ့ဟာ တကယ်တော့ သူမစကားကို လက်မခံပေမဲ့ ရှည်ရှည်ဝေးဝေးတော့ ဆက်မမေးဘူး။အခုချိန်မှာ မောင်နှမနှစ်ယောက်အတွက် ကိုယ်ရေးကိုယ်တာ ကိစ္စအကြောင်း ပြောဖို့ မသင့်တော်ဘူး။

ပွဲပြီးသွားတော့ နန်ကျဲ့ဟာ နန်ကောကို သူ့အနောက်လိုက်လာဖို့ အချက်ပြတယ်။

ကားထဲကိုရောက်တော့ နန်ကောဟာ ခေါင်းငုံ့ပြီး ခါးပတ်ကို အလေးအနက် ပတ်နေတယ်။အသံတစ်သံဟာ ရုတ်တရက် ဘေးကနေထွက်လာတယ်။ “နင် ရှန်ရန်ချင်းနဲ့ ဘယ်တုန်းက နောက်ဆုံးတွေ့ခဲ့တာလဲ”

နန်ကောဟာ သိပ်မတွေးဘဲ “ဘွဲ့ရတဲ့နေ့လေ နင်နဲ့ ပါး၊မားတောင် လာသေးတယ်မလား”

“အဲ့မတိုင်ခင်ကရော”

“သူ့မွေးနေ့”

“အဲ့ထက်ပိုဝေးဝေး”

“နင်ရူးနေလား”

******

All Chapters