← Chapters

အခန်း ၂၆၃

Vol. 27 Ch. 263

အခန်း ၂၆၃

Vol. 27 Ch. 263

263 01

Chapter 263 ငါပြောနေတာကို မင်းသိပါတယ်။

Extra Chapter 1: ကိုယ်၀န်နဲ့ကလေးမွေးဖွားခြင်း။

နန်ကျဲ့ဟာ ဒါကို ပွင့်ပွင့်လင်းလင်းပြောလို့ရမနေဘူး။သူတို့က မောင်နှမတွေဆိုပေမဲ့လည်း ယောက်ျားနဲ့မိန်းမကြား ကွဲပြားတာတွေရှိတယ်။သူအရမ်းတည့်ကြီးမေးချလို့မရဘူး။သူဟာ ရိုးရှင်းစွာပဲ ဦးတည်ရာကို အသာပြောင်းလိုက်တယ်။ “အခုတလော နင့်ကျန်းမာရေးအခြေအနေဘယ်လိုလဲ”

“ကောင်းပါတယ် နေလို့ကောင်းပြီး စား၀င်နေတယ်”

မြို့တော်မှာ ၂နှစ်ထက်ပိုပြီးနေလာလို့ဖြစ်နိုင်တယ်။နန်ကောဟာ မြို့တော်လေသံနဲ့ပြောနေဆဲပေမဲ့ သိပ်တော့မများတော့ဘူး။ကျန်းမြို့လေသံလည်း ကြားရတယ်။

“ကောင်းတာပေါ့” နန်ကျဲ့ဟာ ‌ကားမောင်းရင်း မျက်လုံးထောင့်ကနေ သူမကို လှမ်းကြည့်တယ်။

“နင် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု နောက်ဆုံးလုပ်ခဲ့တာ ဘယ်တုန်းကလဲ”

ဒီည သူမရဲ့အစ်ကို မေးခွန်းတွေအများကြီး မေးနေတယ်ဆိုတာကို နန်ကောသတိထားမိတယ်။

သူမတို့နှစ်ယောက် အချင်းချင်းမတွေ့ရတာ အချိန်အကြာကြီး ကြာပြီဖြစ်တာမျိုးလည်း မဟုတ်ဘူး။ဘွဲ့ယူအခမ်းအနားနေ့တုန်းက သူမတို့ သေချာပေါက် တွေ့ခဲ့ပြီး ပြီးခဲ့တဲ့တစ်လလုံးလည်း ဝီချက်မှာ ဆက်သွယ်ဖြစ်တာပဲ။ဘာလို့ ရုတ်တရက်ကြီး သူမကို ရာနဲ့ချီတဲ့မေးခွန်းတွေ လာမေးနေတာလဲ။

နန်ကောဟာ ကျန်နေသေးတဲ့စိတ်ရှည်မှုလေးကို ထုတ်ပြီး ပြန်စဉ်းစားတယ်။ “ပထမနှစ်၀က်က ထင်တာပဲ။ ရက်အတိအကျတော့ မမှတ်မိဘူး”

“အဲ့တာဆို အားရင် နောက်ထပ်ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု စီစဉ်လိုက်”

“...တစ်နှစ်ကို တစ်ကြိမ်တည်းဆို မရဘူးလား။ နောက်ပြီး ငါ အခုတလော အချိန်လည်း မရှိဘူး။ ငါသာ အားရင် အိမ်ပြန်ပြီး ပါးနဲ့မားတို့ကို အဖော်ပြုပေးနေတာ ကြာပြီ” မလိုအပ်ဘူးလို့ နန်ကော ခံစားရတယ်။

သူမ ကျန်းမာရေး ကောင်းပါတယ်။နောက်ဆုံးဆေးစစ်ချက်မှာ အကုန်လုံး အဆင်ပြေတယ်လို့ ပြထားပြီးသား။နောက်ပြီး ဩဂုတ်ပဲ ရှိသေးတယ်။လောဖို့ မလိုပါဘူး။

ဒီနှစ်အကုန်မှ ဒါမှမဟုတ်လည်း နောက်နှစ်မှပေါ့။

နန်ကျဲ့ဟာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သူမနဲ့ စကားများမနေဘူး။သူ့အတွေးတွေဟာ မြန်လွန်းပြီး နန်ကော လိုက်မမှီနိုင်တော့ မတတ်။ “စကားမစပ် ရှန်မိသားစုက ကောင်လေး ကလေးမွေးပြီလို့ ငါကြားတယ်”

သူ ရှန်ရန်ချင်းရဲ့၀မ်းကွဲအငယ်ကို ပြောနေတာ။

နန်ကောဟာ သူ့ကို ထူးဆန်းတယ်ခံစားရကာ ပြန်ဖြေတယ်။

“သူတို့ ငါဘွဲ့ယူတဲ့နေ့မှာပဲ မွေးတယ်လို့ ငါ နင့်ကို မပြောခဲ့ဘူးလား”

“တကယ်။ ငါ မမှတ်မိတော့ဘူး”

“မမှတ်မိလည်း နေပေါ့။ ဘာလို့ဒီကိစ္စကို လာမေးနေလဲ”

“နင်နဲ့ ရှန်ရန်ချင်းရဲ့ဒုတိယမြောက် မင်္ဂလာနှစ်ပတ်လည်က ဒီလထဲမှာဆိုတာ ငါရုတ်တရက် သွားသတိရလို့ နည်းနည်းသိချင်တာ။ နင်တို့တွေ ဒီအကြောင်း တွေးပြီးကြပြီလား”

ခရီးသည် ထိုင်ခုံမှာတော့ ၂မိနစ် ကြာသွားပြီးမှသာ နန်ကောဟာ သူ ဆိုလိုချင်တာကို သဘောပေါက်တယ်။

တကယ်တော့ မိသားစုနှစ်ဖက်လုံးကလူကြီးတွေဟာ တစ်ခါမှ ကလေးအကြောင်း မပြောကြဘူး။သူတို့မှာ သူမကို တိုက်တွန်းဖို့ ရည်ရွယ်ချက် မရှိဘူး။

အရင်က သူမရဲ့အမေဘက်က အဖွားဟာ‌ မေးခဲ့ဖူးပေမဲ့ သူမ ဘာပြောရမှန်းမသိ ဖြစ်ခဲ့တယ်။နန်ကျဲ့ သူမအစား ဖြေပေးခဲ့တာ။

အဲ့တုန်းက သူ ပြောတာကို အခုထိ မှတ်မိသေးတယ်။ “နောက်မှ ဒီအကြောင်း ပြောကြတာပေါ့။ သူ အခုမှ ကျောင်းတက်နေတုန်းမလား။ ၈နှစ်ကနေ ၁၀နှစ်အတွင်း ကျွန်တော်တို့ ဒီအကြောင်း တွေးကြဦးမှာပါ”

သိသိသာသာပဲ သူမရဲ့အစ်ကိုဟာ သူမစောစော ကိုယ်၀န်ယူတာကို သဘောမတူဘဲ သူမကို အရမ်းငယ်သေးတယ်လို့ ခံစားရတယ်။ဒီတော့ သူ ဘာလို့ ရုတ်တရက်ကြီး ဒီအကြောင်းကို ပူလာပြန်တာတုန်း။

“ဟင့်အင်း” နန်ကောဟာ တိကျတဲ့မေးခွန်းကို မေးချင်တယ်။ဒါပေမဲ့ သူမရဲ့ပါတနာဆီက ဖုန်းခေါ်ဆိုမှုကြောင့် သူမဟာ အနှောင့်ယှက်ခံ လိုက်ရတယ်။

သူမကို ဟိုတယ်ဆီ ပြန်လိုက်ပို့ပေးပြီးတဲ့နောက် ဓာတ်လှေကားဆီ လျှောက်သွားရင်း နန်ကျဲ့ဟာ ရှန်ရန်ချင်းကို ဖုန်းခေါ်တယ်။

263 02

“လိုအပ်ပြီဆို မင်း ဘယ်ရောက်နေလဲ။ ညဘက်ဆို ဘာလို့ ဖုန်းမကိုင်တာလဲ”

အခန်းကိုပြန်ရောက်တော့ ရှန်ရန်ချင်းဟာ ဖုန်းပြန်ခေါ်တယ်။

ဖုန်း၀င်သွားတာနဲ့ ရှန်ရန်ချင်းဟာ သူ ခုနက ဘာလို့ဖုန်းမကိုင် ဖြစ်ကြောင်းကို ရှင်းပြတယ်။

ပုံမှန်ဆိုရင်တော့ နန်ကျဲ့ဟာ အခုလိုအချိန်ဆို ဒေါသပုံချဖို့ ခွန်းတုံ့ပြန်လိမ့်မယ်။ဒါပေမဲ့ ဒီနေ့ သူ သူနဲ့ အသေးအမွှားကိစ္စလေးတွေကို စကားများဖို့အချိန်မရှိဘူး။

သူဟာ အနောက်လှည့်ပြီး တံခါးကို ကန်ကာ ပိတ်လိုက်တယ်။သူဟာ လက်တစ်ဖက်နဲ့ အင်္ကျီကြယ်သီးကို ဖြုတ်ရင်း စိတ်မရှည်စွာနဲ့ မေးတယ်။ “မင်းနဲ့နန်ကော အခု ကလေးယူဖို့အစီအစဉ် မရှိသေးဘူးမလား”

“ကျွန်တော်တို့အားလုံး ဒိကိစ္စကိုတွေးဖို့ စောလွန်းသေးတယ်လို့ ခံစားရတယ်။ ပြီးတော့...”

“ဟုတ်ပြီ ဟုတ်ပြီ။ ကျန်တာ မပြောနဲ့တော့” နန်ကျဲ့ဟာ သူ့ရဲ့အပိုစကားတွေကို နားမထောင်ချင်ဘူး။နန်ကောနဲ့ စကားပြောတုန်းက ပါးနပ်တဲ့နည်းလမ်းနဲ့ ယှဉ်ရင် ရှန်ရန်ချင်းကို ပြောတာမှာတော့ သူဟာ တုံ့ဆိုင်းခြင်းအလျင်း မရှိခဲ့ဘူး။

ဒါကြောင့် သူဟာ အဓိကအချက်ကို တန်းသွားလိုက်တယ်။ “မင်းတို့မှာ ဒီအစီအစဉ် မရှိသေးဘူးဆိုတော့ ဒါ ဒီလတ်တလောမှာ မသင့်တော်တဲ့ ရင်းနှီးဖလှယ်မှု လုပ်တုန်းက အကာအကွယ်တွေ သုံးခဲ့တယ်ဆိုတော့ သဘောလား”

သူ နားမလည်မှာကို စိုးပြီး နန်ကျဲ့ဟာ ခါးထောက်ကာ ခပ်ပြတ်ပြတ် ပြောတယ်။ “အိုက်တင်ခံမနေနဲ့။ မင်း ငါပြောနေတာကို သိပါတယ်”

သူတို့အားလုံး ယောက်ျားလေးတွေ။သူ တော်တော်များများလည်း ပြောထားပြီးနေပြီ။ရှန်ရန်ချင်းသာ ‌နားမလည်ဘူးဆို နန်ကျဲ့ သူ့ကို သံသယ၀င်မိမှာ။

“အင်း” ရှန်ရန်ချင်းဟာ မတုံ့ဆိုင်းဘူး။

“မင်း သုံးတဲ့ဟာက ဒိတ်မကုန်ဘူးဆိုတာ သေချာလား”

ရှန်ရန်ချင်းဟာ တစ်ခဏ အသံတိတ်သွားတယ်။သူ စကားထပ်ပြောတဲ့အခါ သူ့အသံဟာ ခုနကထက် ပိုတိုးသွားတယ်။ “မင်း ဘာလို့ရုတ်တရက်ကြီး ဒါကိုမေးနေတာလဲ”

နန်ကျဲ့ဟာ အထင်လွဲသွားပြီး သူ အဖြေကို ရှောင်ဖြေနေတယ်လို့ ခံစားရတယ်။

စဉ်းစားကြည့်ပြီးတော့မှ သူဟာ သူ့ပူပန်မှုကို ဖယ်ရှားလိုက်တယ်။ “ဘာမှမဟုတ်ပါဘူး။ နန်ကော အခုတလော ဝိတ်တက်လာတယ်လို့ ငါခံစားရလို့”

ဖုန်းမချခင် နန်ကျဲ့ဟာ သူ့ကို ကြိုတင် ကာကွယ်ဖို့ကို ထပ်သတိပေးသွားတယ်။သူ နန်ကောကို သူမခန္ဓာကိုယ်ကို ထိခိုက်စေမဲ့ ဆေးတွေ သောက်ခိုင်းလို့ မရဘူး။

တစ်ချိန်တည်းမှာပဲ ဟိုက်မြို့မှာတော့။

လသာဆောင်မှာ ရှန်ရန်ချင်းဟာ လက်ရန်းကိုမှီကာ ခန္ဓာကိုယ်ကို မတ်လိုက်တယ်။

သူဟာ အနက်ရောင်စခရင်အပေါ်မှာ လက်မကို ခဏခဏ ပွတ်နေမိတယ်။သူ့ရဲ့ခပ်တင်းတင်း ကြုတ်ထားတဲ့မျက်ခုံးတို့ဟာ သံသယတွေ၊စိတ်မသက်သာမှုတွေနဲ့ ပြည့်နေတယ်။

နန်ကျဲ့ရဲ့စကားတွေကို ကြားပြီးတဲ့နောက် သူမ နေနိုင်ဘဲ နန်ကောကို ဖုန်းခေါ်မိတယ်။

“ပွဲပြီးသွားပြီလား”

“အင်း အင်း။ ကျွန်မအစ်ကို ပြန်လိုက်ပို့တယ်။ အခုပဲ ရေချိုးမလို့ ရေချိုးခန်းထဲ ၀င်လာတာ”

နန်ကောဟာ စပီကာဖွင့်ကာ ဖုန်းကို ဘေးက စင်ပေါ်မှာတင်ပြီး ရေချိုးကန်ထဲ နင်းလိုက်တယ်။၀င်လဲလိုက်ပြီးနောက် သူမဟာ သက်တောင့်သက်သာရှိစွာနဲ့ သက်ပြင်းချကာ သူ့ကို ဒီနေ့ပွဲက စိတ်၀င်စားစရာအကြောင်းအရာတွေကို ဖြည်းဖြည်းချင်း ပြောပြတယ်။

ရှန်ရန်ချင်းဟာ သူမကို ပုံမှန်လို သိပ်နားမထောင်ဘူး။သူ သူမကိုတားတော့ သူမမှာ ၂မိနစ်လောက်ပဲ ပြောရသေးတယ်။

“ဘာဖြစ်လို့လဲ။ အိမ်မှာ တစ်ခုခု ဖြစ်လို့လား”

“အိမ်မှာ အကုန်အဆင်ပြေတယ်” ရှန်ရန်ချင်းဟာ သူမကို မစိုးရိမ်ဖို့ ပြောတယ်။ “ကိုယ်က ဒီတိုင်း မင်း ဘယ်လိုနေလဲလို့ မေးချင်တာပါ။ မင်း အခုတလော အလုပ်ခရီးတွေ သွားနေရတယ်လေ။ မင်းခန္ဓာကိုယ် မခံနိုင်မှာကို ကိုယ်စိုးရိမ်လို့”

“ရှင်နဲ့ကျွန်မအစ်ကိုက တကယ်အတွေးတူတာပဲ။ သူလည်း ခုနတုန်းက ကျွန်မကို နေလို့ကောင်းလားပဲ ဆက်တိုက်မေးနေတာ” နန်ကောဟာ ဒါကို သိပ်မတွေးမိဘူး။ကွန်ပလိန်း တက်ပြီးတဲ့အခါ သူမဟာ အတည်ပြန်ဖြေတယ်။ “ကျွန်မ နေလို့မကောင်းတာလားကို မေးတယ်ဆိုရင်တော့...ကျွန်မ မနေ့က တစ်ခါ အန်ခဲ့တယ်”

ဒါကိုကြားတဲ့အခါ ရှန်ရန်ချင်းရဲ့နှလုံးခုန်နှုန်းဟာ မြန်ဆန်သွားတယ်။

263 03

နန်ကျဲ့ရဲ့အဓိပ္ပာယ်မရှိတဲ့ မေးခွန်းတွေနဲ့တွဲလိုက်တော့ အဖြေတစ်ခု ချက်ချင်း ပေါ်လာတယ်။ထိတ်လန့်မှုရေးရေးလေး သူ့မျက်လုံးမှာ ဖြတ်သန်းသွားပြီး သူဟာ တည်တည်ငြိမ်ငြိမ်‌နဲ့ပြောဖို့ အတတ်နိုင်ဆုံး ကြိုးစားတယ်။

“မင်း ဆရာ၀န်ဆီ သွားသေးလား။ မင်းဗိုက်မအီမသာဖြစ်တာမျိုး ရှိလား ဒါမှမဟုတ်...”

သူစကားမဆုံးခင် နန်ကောဟာ သူမ ဆေးသောက်ပြီးကြောင်း ပြောတယ်။

“ကိုယ်တို့ ဘာလို့ဆေးရုံကို မသွားတာလဲ။ ကိုယ် နန်ကျဲ့ကို မင်းကို အဲ့ခေါ်သွားခိုင်းလိုက်မယ်”

နန်ကျဲ့က သူမနဲ့ ပိုနီးတယ်။သူ့အတွက်က အခုသွားဖို့ အနည်းဆုံး၃နာရီလောက် ကြာမယ်။

“မလိုဘူး မလိုဘူး။ ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်လည်း မနေ့ကမနက်က အများကြီး စားလိုက်လို့ဖြစ်မယ်။ မနေ့က ဆေးသောက်ပြီးတော့ ကျွန်မ အဆင်ပြေပါတယ်”

“ဒီနေ့ ထပ်မအန်သေးဘူး။ ကျွန်မဗိုက် မအီမသာဖြစ်တာမျိုးလည်း မရှိဘူး။ အစားအသောက်လည်း ၀င်နေတယ်”

တကယ်တော့ မနေ့က သူမ ဘာကိုမှ မအန်ထုတ်မိသလိုဘဲ။ရုတ်တရက် မအီမသာဖြစ်ပြီး မူးဝေမှုကို ခံစားရရုံပဲ။

“ရှင် ကျွန်မကို စိတ်ပူစရာမလိုပါဘူး။ ရှင်ပြောသလိုပဲ ကျွန်မအစ်ကို ဒီမှာရှိတယ်လေ။ တကယ်လို့ နေထိုင်မကောင်းဘူးဆိုရင် ကျွန်မ ကျိန်းသေပေါက် သည်းခံနေမှာ မဟုတ်ပါဘူး။ သူ့ဖုန်းခေါ်ပြီး ဆေးရုံလိုက်ပို့ခိုင်းမှာပါ။ ကျွန်မက ငတုံးမှ မဟုတ်တာ။ ဖျားတယ်ဆို ဆရာ၀န်ကို သွားတွေ့ရမှာပေါ့ ဟုတ်တယ်မလား”

သူမရဲ့လေသံဟာ ပုံမှန်လိုပဲ ပေါ့ပါးနေတယ်။

ရှန်ရန်ချင်းဟာ ငြိမ်ကျသွားတယ်။သူဟာ ဘာမှမပြောဘဲ သူနဲ့နန်ကောရဲ့လတ်တလောက ဆက်ဆံမှု မြင်ကွင်းတွေကို ပြန်မြင်ယောင်မိတယ်။

သူတို့နှစ်ယောက် အမြဲအကာအကွယ် သုံးခဲ့တာ။ဒီတော့ သူ လုံး၀မဆင်ခြင်တာမျိုး မဟုတ်ဘူး။

လတ်တလော သူမရဲ့ကျန်းမာရေးကြောင့် သူတို့နှစ်ယောက် အတူတူရှိခဲ့တဲ့ အရူးမိုက်ဆုံးအချိန်ဟာ မေလတုန်းက အွန်လိုင်းချစ်သူများနေ့ ဖြစ်တယ်...။

အဲဒါထက်တော့...

******

All Chapters