အခန်း ၂၆၅
Vol. 27 Ch. 265
265 01
Chapter 265 ၂ယောက်
Extra Chapter 3: ကိုယ်၀န်နဲ့ကလေးမွေးဖွားခြင်း။
“ရှင်...”
နန်ကောဟာ အနားတစ်ဝိုက်ကို ကြည့်ပြီး သူ တစ်ယောက်တည်းမှန်း တွေ့ရတယ်။ “ဘယ်တုန်းက ရောက်တာလဲ”
မနက်၇နာရီပဲရှိသေးတယ် မဟုတ်ဘူးလား။
ဒီလိုအချိန်ဆို စားသောက်ဆိုင်မှာ စားသုံးသူ သိပ်မရှိပါဘူး။
သူမသာ ဗိုက်ဆာပြီး နိုးမလာရင် အစောကြီး နိုးနေမှာ မဟုတ်ဘူး။
အဲ့လိုသာဆို သူ့အတွက် ဟိုက်မြို့ကနေ ဟိုင်မြို့ကိုလာဖို့ အနည်းဆုံး၂နာရီနဲ့ နာရီ၀က်လောက်တော့ ကြာမှာ။သူ မနက်အရုဏ်ပိုင်းမှ ထွက်လာတာ မဟုတ်ဘူးလား။
“မကြာသေးဘူး” ရှန်ရန်ချင်းဟာ သူမအတွက် ရေနွေးတစ်ခွက် ထည့်ပြီး ဘေးမှာ အအေးခံပေးထားတယ်။ “မင်းဘယ်လိုနေလဲ”
နန်ကောဟာ သက်ပြင်းချပြီး သူ ဘာလို့ ဒီကို ရောက်နေမှန်း သိသွားရတယ်။
“ကျွန်မ တကယ် အဆင်ပြေပါတယ်” သူမဟာ စားပွဲပေါ်ကမနက်စာကို ညွှန်ပြပြီး “ကြည့် ကျွန်မရဲ့စားချင်စိတ်က ပုံမှန်ထက်တောင်မှ ပိုကောင်းနေတယ်”
ရှန်ရန်ချင်းဟာ စားပွဲပေါ်ကအစားအစာကို တစ်ချက်ကြည့်လိုက်တယ်။
သူမ ပြောသလိုပဲ သူမရဲ့မနက်စာဟာ ပုံမှန်ထက် ပိုရှုပ်ထွေးနေတယ်။
သူမနဲ့အတူ တိတ်တိတ်လေး စားပြီးတဲ့နောက် သူမ ဗိုက်မ၀သေးတာကို မြင်တော့ ရှန်ရန်ချင်းဟာ သူမကို လှမ်းတားတယ်။ “မင်း အများကြီးစားပြီးပြီလေ။ ပြီးရင် မင်းဗိုက် မအီမသာ ဖြစ်လိမ့်မယ်”
နန်ကောဟာ ဗိုက်ကိုပွတ်ရင်း “ဘာလို့လဲမသိပေမဲ့ ကျွန်မ အခုတလော အတော်လေး စားဖြစ်နေတယ်”
ရှန်ရန်ချင်းဟာ သူမကို ရေတစ်ခွက် လှမ်းပေးတယ်။သူမ ခွက်တစ်၀က်လောက် သောက်ပြီးတော့ သူ ကပြောတယ်။ “ကိုယ် ဆရာ၀န်နဲ့ ချိန်းထားတယ်။ ခဏနေ ကိုယ် မင်းကို ဆေးစစ်ဖို့ အဖော်လိုက်ပေးမယ် ဟုတ်ပြီလား”
“နောက်ရက်မှပေါ့။ ကျွန်မ ဒီနေ့ဖောက်သည်၂ယောက်နဲ့ တွေ့ဖို့ရှိတယ်။ ညစာပါစားရမယ်” နန်ကောဟာ သူမရဲ့အချိန်ဇယားကို ပြန်စဉ်းစားတယ်။ “နောက်အပတ်ဆိုရင်ရော။ နောက်အပတ်အင်္ဂါနေ့မှာ ကျွန်မအချိန်ရှိတယ်။ အဲ့ကျမှ ကျွန်မ ဆေးစစ်ဖို့ ဟိုက်မြို့ကိုပြန်မယ်လေ”
သူမဟာ သူနဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတယ်လို့ မထင်ဘူး။ရှန်ရန်ချင်းဟာ အစိုးရိမ်လွန်လွန်းပြီး ဒီကို ညတွင်းချင်းကြီး ရောက်ချလာရုံပဲ။ဒီတော့ သူမမှာ ရွှေ့ဆိုင်းဖို့ကလွဲလို့ ရွေးချယ်စရာ မရှိဘူး။ “ဖောက်သည်နဲ့ ဘယ်အချိန်တွေ့မှာလဲ”
“၁၀နာရီလောက်”
“အချိန် ရှိသေးတာပဲ”
“ကျွန်မတော့ မထင်ဘူးရော်။ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမယ်ဆိုရင် ဘာမှမစားဘဲ ဗိုက်အလွတ်နဲ့ သွားရတာ မဟုတ်ဘူးလား”
“ရုပ်ပိုင်းဆိုင်ရာ မဟုတ်ဘူး”
“ဒါဆို ဘာလဲ”
ရှန်ရန်ချင်းဟာ ခဏတွေးကြည့်လိုက်ပြီး တိုက်ရိုက် မဖြေဘူး။အဲ့အစား သူဟာ မေးလိုက်တယ်။ “မင်းရဲ့ဓမ္မတာလာတာ ပုံမှန်ပဲလား။ ဒီလ...ဘယ်လိုလဲ”
265 02
သူမ အလုပ်စလုပ်ကတည်းက ဖိအားတွေ အများကြီးအောက်မှာမို့ တစ်ခါတလေ စိတ်လှုပ်ရှားတတ်တယ်။နန်ကောရဲ့ဓမ္မတာဟာ တစ်ခါမှ ပုံမှန်မရှိခဲ့တာ။အဲဒါက စောရင်လည်း စော၊နောက်ကျရင်လည်း နောက်ကျတာမို့ သူမ ရက်မှတ်တာကို လက်လျှော့လိုက်တာ။မစ္စနန်ရော၊အန်တီ၀မ်ရောက သူမအတွက် တရုတ်ဆေးတွေ ပြင်ဆင်ပေးပေမဲ့ နန်ကောဟာ တရုတ်ဆေးရဲ့အရသာကို သိပ်မကြိုက်ဘူး။အတော် လိုအပ်မှသာ သူမ နည်းနည်းလေး သောက်တာ။
သူမ မမှတ်မိတာကို မြင်တော့ အမျိုးသားဟာ ကူကယ်ရာမဲ့သွားကာ မေးခွန်း ပြောင်းလိုက်တယ်။ “နောက်ဆုံးအကြိမ်က ဘယ်တုန်းကလဲ”
“နောက်ဆုံးအကြိမ်...” သူ့ရဲ့သတိပေးချက်အနောက်မှာ နန်ကောရဲ့နှလုံးခုန်နှုန်း မြန်ဆန်သွားတယ်။ပြဿနာရဲ့လေးနက်မှုကို သူမ ရုတ်တရက် သဘောပေါက်သွားတယ်။
သူမ ဓမ္မတာ မလာတာ အတော်ကြာပြီ ထင်တယ်။
ဖုန်းကိုပွတ်ရင်း သူမမှာ နောက်ဆုံးဓမ္မတာ လာခဲ့တဲ့ရက်ကို ရှာမတွေ့ဘူး။ဘယ်နှစ်ရက်တွေ ကြာနေပြီလဲဆိုတာ သူမ မသေချာတော့ဘူး။
တစ်ခုခု အမှားလုပ်မိတဲ့ကလေးလိုမျိုး သူမဟာ ဖုန်းကို အထိတ်တလန်နဲ့ ဆုပ်ကိုင်ပြီး တုန်လှုပ်သွားတယ်။
တစ်အောင့်လောက် ကြာတော့ သူမမျက်တောင်ခတ်ကာ ဆန့်ကျင်ဘက်မှာ ထိုင်နေတဲ့အမျိုးသားကို ခိုးကြည့်လိုက်တယ်။သူမက တိုးတိုးလေး မေးတယ်။ “ကျွန်မအထင် ရှင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရတော့မယ် ထင်တယ်”
ရှန်ရန်ချင်းဟာ နှုတ်ခမ်းစေ့ကာ နှစ်သိမ့်တဲ့သဘောနဲ့ ပြုံးတယ်။သူဟာ ထမင်းစားစားပွဲကို ဖြတ်ပြီး စားပွဲပေါ်က သူမရဲ့အေးနေတဲ့လက်ကို ဆုပ်ကိုင်ပေးတယ်။ “ကိုယ် မလာခင်ကတည်းက ပြင်ဆင်ထားခဲ့ပြီးသားပါ”
“တစ်ဖက်မှာတော့ မင်း” သူ့အကြည့်ဟာ သူမရဲ့၀မ်းဗိုက်ဆီကို အမှတ်တမဲ့နဲ့ ရောက်သွားမိတယ်။သူမကိုတွေ့ကတည်းက သူ ခိုးကြည့်လိုက်သေးတယ်။ဒါပေမဲ့ အဲ့တုန်းက နန်ကောရဲ့ရှပ်အင်္ကျီဟာ ပြေလျော့နေပြီး သူမလည်း အများကြီး မစားထားတော့ အခုလောက် မသိသာခဲ့ဘူး။
“စိတ်မပူပါနဲ့။ အရင်ဆေးသွားစစ်ရအောင် ရလဒ်ထွက်တော့မှ ကိုယ်တို့ ကျန်တာတွေ ဆွေးနွေးကြမယ်”
နန်ကော “.....”
၂နာရီလောက် ကြာတော့ ဆေးရုံစင်္ကြန်မှာ နန်ကောဟာ ထိုင်ခုံပေါ်ထိုင်ရင်း လက်ထဲက ဆေးစစ်ချက်ကို ငုံ့ကြည့်နေတယ်။
လွန်ခဲ့တဲ့၁၀မိနစ်က ဆရာ၀န်ရဲ့စကားဟာ သူမရဲ့နားထဲ ပဲ့တင်ထပ်နေဆဲဖြစ်ပုံရတယ်။
သူမမှာ ကိုယ်၀န်၂လနဲ့လတစ်၀က် ရှိနေပြီ။
ဒါပေမဲ့ သူမကို အကြာကြီး တုန်လှုပ်သွားစေတဲ့ဟာက ဆရာ၀န်ဆီက နောက်ထပ်စကားတစ်ခွန်း။
“အယ်ထရာဆောင်းမှာ ကိုယ်၀န်၂ခုလို့ပြတယ်။ နှလုံးခုန်သံက တစ်ခုထက်ပိုတယ်”
သူမ အမြွာပူး ကိုယ်၀န်ဆောင်ထားရတာ။
ဒါဟာ သူမရဲ့အောက်ပိုင်း၀မ်းဗိုက် ပူထွက်နေရတဲ့ အကြောင်းအရင်းပဲ။
သူမ ဆရာ၀န်ကို နားမထောင်ချင်တော့တာမို့ အပြင်ထွက်လာပြီး ရှောင်လိုက်တာ။ရှန်ရန်ချင်းက အထဲမှာပဲ ရှိသေးတယ်။
သူမ ဘာလုပ်ရမလဲ မသိဘူး။စိတ်ရှုပ်ထွေးမှုနဲ့ အကြောက်တရားကလွဲလို့ သူမ ဘာပျော်ရွှင်မှုကိုမှ မခံစားရဘူး။
သောက ရောက်နေရတဲ့ အခိုက်အတန့်မှာ သူမ နန်ကျဲ့ကို ဖုန်းခေါ်လိုက်မိတယ်။ဖုန်းချပြီး ၅မိနစ်မကြာဘူး။နန်ကျဲ့ဟာ ၀င်လာတယ်။
“ဟမ်။ မြန်မြန်ကြီး” နန်ကောဟာ ကြောင်ပြီး မော့ကြည့်တယ်။
“ငါ အပြင်မှာ ရှိနေခဲ့တာ”
နန်ကျဲ့ဟာ အပြင်မှာကားထဲကနေ စောင့်နေခဲ့တာ ဖြစ်တယ်။ဒါပေမဲ့ နန်ကော အရမ်းစိတ်လှုပ်ရှားနေမှာကိုစိုးပြီး သူပါ သူမနဲ့အတူ လိုက်မ၀င်လာလိုက်တာ။
“ဘယ်လိုလဲ” သူဟာ လက်တစ်ဖက်ခါးထောက်ပြီး သူမရဲ့အရှေ့မှာရပ်ကာ မီးရောင်ကို ကွယ်ထားတယ်။
နန်ကောဟာ တုန်နေတဲ့လက်တွေနဲ့ သူ့ကို ဆေးစစ်ချက်ရလဒ်ကို ပြတယ်။
ဟိုညက နန်ကျဲ့ဟာ မအိပ်ခဲ့ဘူး။သူဟာ လိုင်းတက်ပြီး အချက်အလက်မျိုးစုံကို ရှာခဲ့တယ်။
ဒါကြောင့် သူ အညွှန်းအမျိုးမျိုးကို နည်းနည်း နားလည်ထားတယ်။
265 03
နေပါဦး။ဘာလို့ ဒီအညွှန်းက ဒီလောက်ကြီး မြင့်နေတာလဲ။ဒါမှမဟုတ် သူ လေ့လာနေတုန်းက အညွှန်းကို မှားမှတ်ထားမိလို့များလား။မဟုတ်လောက်ဘူးမလား။
နောက်တစ်စက္ကန့်မှာပဲ သူ ဘေးက ရလဒ်တွေကို ကြည့်ပြီး မျက်လုံးပြူးမိသွားတယ်။
နန်ကောဟာ လက်တွေကို ယှက်ပြီး ငြိမ်ငြိမ်လေး ထိုင်နေတယ်။သူမရဲ့အသံဟာ ခြင်တစ်ကောင်အလား တိုးတိုးလေး။ “ထင်တာပဲ”
“.....” ကျေးဇူးတင်စွာပဲ နန်ကျဲ့ဟာလည်း အတွေ့အကြုံများတဲ့ လူတစ်ယောက် ဖြစ်နေတယ်။သူဟာ ခေါင်းညိတ်ပြီး ပြောတယ်။ “ကောင်းတယ် ကောင်းတယ်”
ပုံမှန်ဆို စကားတစ်လုံးကို နှစ်ခါ ထပ်မပြောတတ်တဲ့ အာသွက်လျှာသွက် ဥက္ကဌနန်ဟာ ဒီ၄လုံးကလွဲလို့ အခြားဘာပြောရမှန်း မသိတော့ဘူး။
သူ့မျက်နှာထားဟာတော့ မူမမှန်ပုံ မပေါ်ဘူး။ဒါပေမဲ့ သူ့အပြုအမူတွေကတော့ သူရဲ့စိတ်မသက်သာမှုကို ဖော်ပြနေတယ်။
“အစ်ကို နင် လမ်းလျှောက်နေတာ ရပ်ပေးလို့ရလား။ ငါ မူးနေပြီ”
သူ မတ်တပ်ရပ်နေရတာ သိပ်သက်တောင့်သက်သာ မရှိတာမို့ နန်ကောဘေးမှာ ၀င်ထိုင်လိုက်တယ်။သူဟာ မေးချင်နေတဲ့မေးခွန်းကို မေးလိုက်တယ်။ “န င်ဘယ်လိုထင်လဲ”
“မသိဘူး ရှန်ရန်ချင်း ထွက်မလာသေးဘူး”
“သူ့ကို အရင်စိတ်မပူနဲ့ဦး။ ငါ နင့်ကိုထပ်မေးမယ်။ နင် ဘယ်လိုထင်လဲ။ နင် သူတို့ကို မွေးချင်လား။ ဒါပေါ့ မမွေးလည်း အဆင်ပြေပါတယ် နင်က ငယ်သေးတယ်။ နင်အလျင်မလိုဘူး မဟုတ်လား”
နန်ကျဲ့ဟာ သူ သူမကို မရည်ရွယ်ဘဲ ဖိအားပိုပေးနေမိမှာ ကြောက်တယ်။
နန်ကောဟာ မသိဘူးဘဲ ပြောတယ်။
သူမ တုံ့ပြန်မှု မလုပ်နိုင်သေးဘူး။သူမ မနက်က ထမင်း၂ပန်းကန်ပဲ ပိုစားခဲ့တာပါ။ဘယ်လိုလုပ် ကိုယ်၀န် ရရမှာလဲ။
၂ပန်းကန်တောင် ကျန်ခဲ့သေးတာကို!
“ရတယ် ရတယ်။ စိတ်မလှုပ်ရှားနဲ့။ ပြန်ရောက်မှ ပြောကြတာပေါ့” နန်ကျဲ့ဟာ သူမရဲ့ပုခုံးကို ပုတ်ပေးပြီး ဘာမှထပ်မမေးတော့ဘူး။
မကြာခင်ဘဲ ရှန်ရန်ချင်းဟာ ရုံးခန်းထဲကနေ ထွက်လာတယ်။
ထိုင်ခုံပေါ်က မောင်နှမနှစ်ယောက်ဟာ တညီတညွတ်တည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။နှစ်ယောက်သား ခေါင်းမော့ပြီး သူတို့နဲ့ဆန့်ကျင်ဘက်ကလူကို ကြည့်ကြတယ်။သူတို့အကြည့်ဟာ သူ့မျက်နှာဆီ တွယ်နေတယ်။
သူတို့နှစ်ယောက်ဟာ ရှန်ရန်ချင်းရဲ့မျက်နှာကနေ ပုံမှန်မဟုတ်တဲ့ သဲလွန်စတစ်ခုခုကို တူးဖော်ချင်ကြတယ်။
ကံမကောင်းစွာဘဲ ဒီလူဟာ တည်ငြိမ်နေ ပုံပေါ်တယ်။
အခု နန်ကော ပိုလို့တောင်မှ စိတ်လှုပ်ရှားလာပြီ။
နန်ကျဲ့ကတော့ အခြားမေးခွန်းတစ်ခုကို စဉ်းစားနေမိတယ်။ဒီလူကလေးအဖေဖြစ်တော့မှာလား။ဒီလိုအချိန်မှာ ဘာလို့သူ့မျက်နှာထားက စက်ရုပ်တစ်ရုပ်လို တောင့်တင်းနေရတာတုန်း။
“ဆရာ၀န်ဘာပြောလဲ” နန်ကျဲ့ဟာ မတ်တပ်ထရပ်တယ်။
“သူ အခုတလော တစ်ယောက်တည်း ဟိုသွားဒီသွား လုပ်နေရတာ သူ အဆင်ပြေရဲ့လား”
“အဆင်ပြေပါတယ်” ရှန်ရန်ချင်းဟာ သူတို့ကို စိတ်ချလက်ချနေဖို့ အမူအရာပြတယ်။ “ဆရာ၀န်ပြောတာ နန်ကောနဲ့ကလေးတွေက အဆင်ပြေတယ်တဲ့ ဒါပေမဲ့ မင်း အနာဂတ်မှာတော့ ဂရုစိုက်ဖို့လိုတယ်တဲ့”
“ဒါဆို...”
နန်ကျဲ့ဟာ ခုံပေါ်မှာ ကြက်သေသေနဲ့ ထိုင်နေတဲ့နန်ကောကို လှည့်ကြည့်တယ်။သူ သူမ ဒီလိုဖြစ်နေတာကို မကြည့်နိုင်ဘူး။ “အရင်ဆုံး ပြန်ကြရအောင်...”
******