← Chapters

အခန်း ၂၆၆

Vol. 27 Ch. 266

အခန်း ၂၆၆

Vol. 27 Ch. 266

266 01

Chapter 266 ရှင်က တကယ်အံ့ဩဖို့ကောင်းတာပဲ။

Extra Chapter 4: ကိုယ်၀န်နဲ့ကလေးမွေးဖွားခြင်း။

ပြန်တဲ့လမ်းမှာတော့ ဒရိုင်ဘာက ကားမောင်းတာမို့ နန်ကျဲ့ဟာ ခရီးသည်ခုံမှာ ထိုင်တယ်။သူ နောက်ကြည့်မှန်ကနေ တစ်ချက် ခိုးကြည့်တော့ ‌နန်ကောတစ်ယောက်‌ ဘေးကိုမှီထားရင်း သူမရဲ့မျက်လုံးဟာလည်း မှိုင်းနေတာကို မြင်ရတယ်။ရှန်ရန်ချင်းကို ကြည့်ပြန်တော့လည်း...မထူးမခြားနားဘဲ။

နန်ကျဲ့ဟာ စုတ်တစ်ချက်သပ်ကာ တိုးတိုးလေး စောဒက တက်တယ်။ “သူတို့နှစ်ကောင် တကယ်နတ်ရေးတဲ့ဖူးစာပဲ”

ဟိုတယ်ကို ပြန်ရောက်တော့ နန်ကျဲ့ဟာ ၀င်မပါဘဲ အတွဲတွေကို အရင်စကားပြောခွင့် ပေးလိုက်တယ်။

အိပ်ခန်းထဲမှာတော့ နန်ကောဟာ အိပ်ရာပေါ်လဲနေရင်း အတွေးနွံထဲနစ်ကာ မျက်နှာကြက်ကို စိုက်ကြည့်နေတယ်။

“အချိန်ကို ကြည့်လိုက်တော့ ကျွန်မ ချစ်သူများနေ့မှာ ကိုယ်၀န် ရသွားတာလား”

သူမဟာ ခေါင်းကို စောင်းပြီး သူမအတွက် ရေငှဲ့ပေးနေတဲ့ အမျိုးသားကို ကြည့်တယ်။

အမျိုးသားဟာ ခဏရပ်ပြီးပြန်ဖြေတယ်။ “ဟုတ်တယ် ကိုယ် ပေါ့ဆသွားတာ”

နန်ကောဟာ ဒေါသထွက်ထွက်နဲ့ မျက်လုံးကို မှိတ်ချတယ်။ “အဲ့တာက ရှင်းရှင်းလင်းလင်းကိုပဲ ကျွန်မရဲ့အပြစ်ပါ”

အဲ့နေ့က ရှန်ရန်ချင်း ဆက်မသွားချင်တာကို သူမ မှတ်မိသေးတယ်။သူမကသာ သူ့ကို ပူဆာခဲ့တဲ့လူ။

နောက်နေ့ကျတော့ သူမ တားဆေး သောက်မလို့ပေမဲ့ အလုပ်တွေများပြီး မေ့သွားခဲ့တယ်။

သူမ သတိပြန်ရတဲ့အချိန်ကျ အချိန်ကျော်နေပြီ။

ခဏတာ လိင်ဆက်ဆံတာမို့ အရေးမကြီးဘူးထင်ပြီး သူမ ကိုယ်၀န်ရဖို့ မဖြစ်နိုင်ဘူးလို့ဘဲ ထင်ခဲ့တာ။

ဖြစ်နိုင်ချေက ဘယ်လောက်တောင် ရှိခဲ့တာလဲ။

ဘယ်သူသိမှာ...၂ယောက်ကြီးများတောင်...။

ဒါကိုတွေးမိတော့ နန်ကောဟာ အမျိုးသားရဲ့နောက်ကျောကို လက်မထောင်ပြပြီး ချုပ်တည်းမထားဘဲ ချီးကျူးတယ်။ “ကျွန်မ ဘာပြောရမယ်မှန်းတောင် မသိတော့ဘူး။ ရှင် တကယ်အံ့ဩဖို့ ကောင်းတာပဲ”

ရှန်ရန်ချင်းရဲ့နားရွက်တွေ ရဲတက်သွားတယ်။သူဟာ ချောင်းအသာဟန့်ပြီး မကြားချင်ယောင် ဆောင်လိုက်တယ်။

သူ အနားကို ရောက်လာတော့ နန်ကောဟာ သူ့လက်ထဲက ရေခွက်ကိုကြည့်ပြီး ခေါင်းကို ဟိုဘက်လှည့်သွားတယ်။

“ကျွန်မ ရေ မလိုချင်ဘူး”

“ဒါဆို မင်း ဘာသောက်ချင်လဲ”

“ဝိုင်”

“ကျွန်မကို မူးအောင်သာ လုပ်ပေးပါ။ ကျွန်မ အခုဘာကိုမှမတွေးချင်ဘူး။ ရှင် ကျွန်မကို ဘာလို့ သတိလစ်သွားအောင် မလုပ်တာလဲ”

နန်ကောဟာ ကျန်တဲ့အလုပ်တွေကို အခြားလူတွေဆီ လွှဲပေးလိုက်တယ်။သူမ အခု ဘယ်ကိုမှ မသွားချင်ဘူး။ဘယ်သူနဲ့မှလည်း မတွေ့ချင်ဘူး။

“ဟူး တစ်ယောက်တည်းဆို တော်သေးတယ်။ ဒါပေမဲ့ အခုက ၂ယောက်တဲ့။ အခုတလော ကျွန်မ အစားတွေများပြီး ဝိတ်မြန်မြန် တက်လာတာလည်း အံ့ဩစရာ မရှိတော့ပါဘူး။ ကျွန်မ ဒုတိယအကြိမ် အပျိုဖော်၀င်တယ်လို့ ထင်တာ”

နန်ကောဟာ မျက်နှာကျက်ကို ကြည့်ရင်း သူမဟာသူမ စတင်ရေရွတ်တော့တယ်။သူမ စကားများပြီဆို ဘယ်သူမှ တားလို့မရဘူး။နောက်ဆုံးအခွင့်ရလို့ ရှန်ရန်ချင်းဟာ သူမကို နှစ်သိမ့်မယ်ဆိုပြီး အနောက်လှည့်လိုက်တဲ့အချိန် တစ်ယောက်သောသူဟာ အိပ်ပျော်သွားပြီ ဖြစ်တာကို သိလိုက်ရတယ်။

“.....” ရှန်ရန်ချင်းဟာ ဆရာ၀န်ရဲ့ညွှန်ကြားချက်ကို မှတ်မိတာမို့ သူမကို မနှောင့်ယှက်ဘူး။သူ သူမကို ထားခဲ့ပြီး လက်ထဲဆေးစစ်ချက်နဲ့အတူ နန်ကျဲ့ကို ထွက်ရှာတယ်။

စင်္ကြန်လမ်းမှာ နန်ကျဲ့ဟာ ဆေးလိပ်သောက်နေတယ်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်တော့ ရှန်ရန်ချင်းဟာ ရုတ်တရက် ဆေးလိပ်သောက်ချင်စိတ် ဖြစ်လာတယ်။

“ဆွေးနွေးတာ ဘယ်လိုလဲ” နန်ကျဲ့ဟာ သူ မသောက်မှာကို သိနေတာမို့ ကြင်ကြင်နာနာပဲ ဆေးလိပ်ကို ဖယ်တယ်။

ရှန်ရန်ချင်းဟာ ခေါင်းခါတယ်။ “သူ အိပ်ပျော်သွားပြီ”

266 02

“အဲ့တာပုံမှန်ပါပဲ” ကိုယ်၀န်ဆောင်အမျိုးသမီးတွေက အိပ်ချင်တတ်ကြတယ်။ “မင်းကရော။ မင်းဘယ်လိုထင်လဲ”

“တကယ်တော့ ကျွန်တော်လည်း နည်းနည်း လမ်းပျောက်နေတယ်။ ဒါပေါ့ မွေးဖို့ကို ကျွန်တော် တစ်ကိုယ်ကောင်းဆန်ဆန် မျှော်လင့်မိပါတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က ပိန်တာရယ်၊အစကတည်းက သေးသေးလေးမို့ အနာဂတ်မှာ သူ မခံနိုင်မှာကို ကျွန်တော် စိုးတယ်။ ဒါ သူ့ရဲ့ပထမဆုံးကိုယ်၀န်ဆောင်တာဖြစ်ပြီး ဆောင်ထားရတာကလည်း အမြွာပူးတွေ သူ့အတွက် ခက်ခဲမှာကို စိုးရိမ်တယ်”

“ဆရာ၀န်ကလည်း အမြွာပူးဆို လူတွေ သတိထားဖို့လိုတယ်တဲ့။ သူတို့အတွက် ကိုယ်၀န် ပျက်ကျတာတို့၊ရက်မစေ့ဘဲမွေးလာတာတို့ ဖြစ်လွယ်တယ်တဲ့။ နောက်ပြီး သန္ဓေသားဖွဲ့တည်စဒုတိယအဆင့်လည်းဖြစ်နိုင်ပြီး ကိုယ်၀န် သွေးထွက်တာမျိုးလည်း ရှိနိုင်တယ်တဲ့။ ဆရာ၀န်က C-section ကိုလည်း အကြံပေးလိုက်တယ်”

“တကယ်လို့ မမွေးဘူးဆိုလည်း ကျွန်တော် ဆရာ၀န်ကို မေးခဲ့ပြီးပြီ။ ကလေးတစ်ယောက်တည်းကို မွေးတာနဲ့ ဘာမှသိပ်မကွာဘူး”

သိဖို့လိုတာတွေ အားလုံးကို သူမေးခဲ့တယ်။

အခုချိန်မှာ သူ သူ့ရပ်တည်ချက်ကို ထုတ်ဖော်ပြရမယ်။

ရှန်ရန်ချင်းဟာ မျက်မှန်ကိုချွတ်ပြီး မျက်ခုံး၂ခုံးကြားက ပင်ပန်းနွမ်းနယ်မှုကို မဖုံးထားနိုင်ဘူး။

နန်ကောဟာ ညနေပိုင်းမှာ နိုးလာတယ်။

ပြတင်းပေါက်အပြင်မှာ အမှောင်ကျနေပြီ။လိုက်ကာရဲ့ပိတ်ပါးလွှာဟာ လေအေးပေးစက်က အေးစက်စက် လေအောက်မှာ ညင်သာစွာ ယိမ်းနွဲ့လျက် ရှိတယ်။

ဒီအခိုက်အတန့်မှာ သူမ မတတ်နိုင်ဘဲ အနည်းငယ် လစ်ဟာသလို ခံစားမိတယ်။

သူမ အိပ်ရာထဲကနေ ထထွက်လာဖို့ မဆုံးဖြတ်ခင် လိုက်ကာကို အကြာကြီး စိုက်ကြည့် နေမိခဲ့သေးတယ်။

ဒါပေမဲ့ သူမ လှုပ်လိုက်တဲ့အချိန်မှာပဲ အနောက်ကနေ နှာသံတစ်သံ ထွက်လာတယ်။အခုမှ နိုးလာသလိုမျိုး အသံဟာ နည်းနည်းပြာ‌နေတယ်။ “မင်း ဗိုက်ဆာပြီလား”

“မင်း နေ့လည်က နှစ်နှစ်ခြိုက်ခြိုက်အိ ပ်ပျော်နေတာတွေ့လို့ စားဖို့မနှိုးတော့တာ အခုချိန်ဆို မင်း ဗိုက်ဆာနေလောက်ပြီပေါ့”

နန်ကောဟာ အနောက်လှည့်လိုက်ပြီး ခပ်မှိန်မှိန်မီးရောင်အောက်မှာ ထထိုင်တဲ့ အမျိုးသားကို တွေ့ရတယ်။အိပ်ရာ‌ဘေးစားပွဲဆီကမျက်မှန်ကို လှမ်းယူကာတပ်ရင်း အိပ်ရာထဲကနေ ထလာတယ်။

သူမရဲ့အကြည့်အောက်မှာ သူဟာ သူ့ဖိနပ်ကိုစီးပြီး သူမအနားကို လျှောက်လာတယ်။သူမရဲ့ဖိနပ်ကို ယူလာပေးတယ်။

“မင်း ဒီည ဘာစားချင်လဲ”

သူမကို ထထိုင်ဖို့ ကူညီပေးပြီးတဲ့အခါ သူဟာ အခန်းထဲက မျက်နှာကျက်မီးကို ဖွင့်ကာ သူမရဲ့ဖိနပ်ကို ကူစီးပေးဖို့ ဒူးတစ်ဖက် ထောက်ချတယ်။

အဲ့အခါကျမှပဲ သူ့လက်ထဲကဖိနပ်ဟာ သူမရဲ့ဖိနပ် မဟုတ်မှန်းကို နန်ကော သတိထားမိသွားတယ်။

သူမ ပွဲတက်ပြီး အရေးကြီး ဖောက်သည်တွေကို တွေ့ဖို့ရှိတာမို့ ဒေါက်ဖိနပ်ကို ယူလာတာ။

ဒါပေမဲ့ အခု ရှန်ရန်ချင်းဟာ လက်ထဲမှာ ဖိနပ်အဖြူတစ်ရံကို ကိုင်ထားတယ်။၀တ်ရတာ အလွန်အမင်း သက်တောင့်သက်သာ ရှိတယ်။

သူမရဲ့ခြေထောက် ကြမ်းပြင်ကို ထိသွားတော့ နန်ကောဟာ ဗိုက်ကိုကို င်ပြီး ပြောတယ်။ “ကျွန်မ တုံယမ်းစွပ်ပြုတ် သောက်ချင်နေတယ်”

“ဟုတ်ပြီ။ ကိုယ် တစ်မိနစ်အတွင်း ထိုင်းစားသောက်ဆိုင် ကောင်းကောင်းတစ်ဆိုင်ကို ရှာလိုက်မယ်”

ကားထဲကို ရောက်တော့ နန်ကောဟာ တစ်ခုခုကို တွေးမိပုံရပြီး ဖုန်းနှိပ်တယ်။

သူမ ဘာကြည့်နေလဲဆိုတာ ရှန်ရန်ချင်း မသိဘူး။သူမရဲ့မျက်နှာထား တည်နေတာကိုပဲ သူ ခံစားလို့ရတယ်။သူမရဲ့ကုမ္ပဏီမှာ တစ်ခု ခုဖြစ်တာလို့ပဲ သူ ထင်လိုက်တယ်။

မထင်မှတ်ထားဘဲ ၂မိနစ်လောက်ကြာတော့ နန်ကောဟာ ဖုန်းဖယ်ပြီး သူ့ကို ပြောတယ်။

“ကျွန်မ ထိုင်းအစားအစာ မစားချင်တော့ဘူး။ အခြားတစ်ခုခု ပြောင်းရအောင်”

ရှန်ရန်ချင်းဟာ ခေါင်းညိတ်တယ်။ “အာ့ဆို တရုတ်စာပဲ ဆိုရင်ရော”

နန်ကောဟာ ပြန်မဖြေခင် ခဏတွေးကြည့်လိုက်ပြီး “အိုကေ”

သူတို့စားနေတဲ့အချိန် နန်ကောဟာ မနက်ကလို မဟုတ်ဘဲ ဂရုတစိုက်နဲ့ စားတယ်။

266 03

သူမအခု စားနေတာနဲ့ မတူဘူးလို့တောင် ရှန်ရန်ချင်း ခံစားရတယ်။အဲ့အစား သူမဟာ ဗုံးဖျက်နေတာနဲ့တောင် ပိုတူသလိုပဲ။

အပြန်လမ်းမှာ သူမ သူမစိတ်ဆန္ဒအတိုင်း မစားခဲ့ဘူးလို့ ရှန်ရန်ချင်းဟာ တောက်လျှောက် ခံစားနေရတယ်။လမ်းပေါ်မှာ လူတစ်ယောက် သူမအကြိုက်ဆုံး သကြားချောင်းကို ရောင်းနေတာတွေ့တော့ သူ ကားရပ်မလို့ လုပ်တယ်။

နန်ကောဟာ အပြင်ကို လှမ်းကြည့်တယ်။သူမ အခု အချဥ်တစ်ခုခု တကယ်စားချင်နေတယ်ဆိုပေမဲ့ ငြင်းလိုက်တယ်။

“ကျွန်မ မစားဘူး”

ရှန်ရန်ချင်းဟာ ကားတံခါးဖွင့်တာကို ရပ်ပြီးလှည့်ကြည့်တယ်။ “ဘာဖြစ်လို့လဲ။ မင်းနေလို့ မကောင်းဘူးလား”

နန်ကောဟာ နည်းနည်း ကို့ရို့ကားယား နိုင်နေတယ်။ခဏလောက်ကြာတော့ သူမက ပြောတယ်။ “လိုင်းပေါ်မှာ ပြောထားတယ်။ ကိုယ်၀န်ဆောင်အမျိုးသမီးတွေက တုံယမ်းစွပ်ပြုတ်တို့၊သကြားချောင်းတို့ မစားရဘူးတဲ့”

ရှန်ရန်ချင်း “.....”

ကားဟာ အသံ တိတ်ကျသွားတယ်။

ရှန်ရန်ချင်းဟာ ထွက်သွားဖို့ အလျင်လိုမနေခဲ့ဘူး။သူဟာ နန်ကောရဲ့စကားကို ထပ်ခါထပ်ခါ ပြန်တွေးကြည့်တယ်။

သူမမှာ ကလေးတွေကို မွေးဖို့ရည်ရွယ်ချက် ရှိနေတယ်လို့ သူ ခံစားရတယ်။

ဒါကြောင့် သူမနေနိုင်ဘဲ ‌မေးလိုက်တော့တယ်။

သူ့ရဲ့မေးခွန်းကို ကြားတော့ နန်ကောဟာ အနည်းငယ် ငေးငေးငိုင်ငိုင်လေး။

သူ လိုချင်လားလို့ သူမက မေးတယ်။

“ကိုယ် မင်းရဲ့ဆန္ဒကိုလေးစားတယ်။ ဘာပဲဖြစ်ဖြစ် အားလုံးထဲမှာ မင်းက အခက်ခဲဆုံး ကြိုးစားနေရတဲ့လူ။ မွေးဖို့ ရည်ရွယ်ချက်ရယ်၊အချိန်ရယ်ဟာ မင်းအပေါ်ပဲ မူတည်တယ်”

“အမ်...” အနားမှာ ဘယ်သူမှ မရှိတာမို့ နန်ကောဟာ အမှန်တိုင်း ပြောပြတယ်။ “တကယ်တော့ ကျွန်မ နည်းနည်း ကြောက်တယ်”

“ကျွန်မ တစ်ယောက်တည်းကို မွေးဖို့အကြောင်းတောင် မစဉ်းစားမိတာ၊ အခုက၂ယောက်တဲ့”

“နောက်ပြီး ကျွန်မ အမေတစ်ယောက်ဖြစ်ဖို့ အဆင်သင့် မဖြစ်သေးဘူး”

“နည်းနည်း ရုတ်တရက် ဆန်တာမို့ ကျွန်မ ဘာဆက်လုပ်ရမယ်မှန်း သိမနေဘူး”

ရှန်ရန်ချင်းဟာ ဒါကို သူမရဲ့နောက်ဆုံးဆုံးဖြတ်ချက်လို့ တွေးတယ်။သူ ဒါကို တန်းလက်ခံလိုက်တယ်။သူသာ တစ်စက္ကန့်လောက် နှေးနေရင် နန်ကော သူ့ခံစားချက်ကို စိတ်ပူပြီး သူမရဲ့ဆုံးဖြတ်ချက်ကို သွားထိမှာ စိုးတယ်။

“ဒါဆို မနက်ဖြန် ဟိုက်မြို့ကို ပြန်ကြမယ် အိုကေ။ ကိုယ် အတတ်နိုင်ဆုံး မြန်နိုင်သမျှမြန်မြန် ဆရာ၀န်နဲ့ ချိန်းပေးမယ်...”

သူ ဘာဆက်ပြောမလဲဆိုတာကို သိနေတဲ့အတိုင်း နန်ကောဟာ ရုတ်တရက် သူ့လက်ကို လှမ်းကိုင်ကာ အားအနည်းငယ် ချေးယူတယ်။ “ဒါပေမဲ့ ကလေး၂ယောက်ရမယ်ဆိုတာ အထူးစပယ်ရှယ် ကံကြမ္မာတစ်ခုလို့ ရှင် မထင်ဘူးလား”

“သူတို့ နောက်ဆုံးတော့ သူတို့အချင်းချင်းနဲ့ ကျွန်မတို့ကိုရွေးချယ်တာ ကျွန်မ ဒီတိုင်း အဲ့လို မလုပ်ချင်ဘူး...”

******

All Chapters