အခန်း ၂၆၇
Vol. 27 Ch. 267
267 01
Chapter 267 ကောင်းတဲ့အရာတွေဟာ အတွဲလိုက်လာတယ်။
Extra Chapter 5: ကိုယ်၀န်နဲ့ကလေးမွေးဖွားခြင်း။
“ကျွန်မ ဘာမှ မပြင်ဆင်ထားဘူးဆိုရင်တောင်မှ ကျွန်မ သူတို့ကို မွေးချင်တယ်”
“အရမ်းကို ခက်ခဲလိမ့်မယ်...ဒါပေမဲ့ ကျွန်မ တစ်ကြိမ်တည်းနဲ့ ကလေး၂ယောက်ကို မွေးလိုက်ရင် အနာဂတ်မှာ နည်းနည်းပါးပါးအနားယူနိုင်လောက်မယ်”
“ကျွန်မဂရုမစိုက်ဘူး ကျွန်မ ဒီတစ်ကြိမ်ပဲကလေးမွေးမှာ”
“ဟုတ်ပြီ ဒီတစ်ကြိမ်ပဲ” ရှန်ရန်ချင်းဟာ သူမရဲ့စကားကို ပြန်ပြောတယ်။
“တကယ်တော့ သူတို့က အမြွာပူးတွေမို့လို့ရယ်ချည်းကြောင့်ပဲလည်းမဟုတ်ဘူး ဒါက ကျွန်မတို့ကြုံတွေ့ရတဲ့ကံကြမ္မာတစ်ခုလို့ ခံစားရရုံပဲ ကျွန်မ သူတို့နဲ့မခွဲနိုင်ဘူး” သူမဟာ ဒီအကြောင်းအရာကို နည်းနည်းလေးလံပြီး အသက်ရှူကျပ်သလိုခံစားရလို့ ဖြစ်နိုင်ပါတယ်။
နန်ကောဟာ ကားပြတင်းပေါက်မှန်ကိုချကာ အပြင်ကိုကြည့်တယ်။သူမရဲ့ပျော်ရွှင်နေတဲ့အသံဟာ လေနဲ့အတူပျောက်ကွယ်သွားတယ်။ “ရှင်က အသက်ကြီးနေပြီ ရှင့်အတွက် မိသားစုထဲမှာ မိသားစု၀င်အသစ်ရဖို့အချိန်ရောက်နေပြီ”
“ရှင်ကသာ ဒီတိုင်း အလျင်မလိုရုံလေးဘဲ ရှင့်အတန်းဖော်တွေကိုကြည့်ဦး သူတို့ကလေးတွေက ပြေးတောင်ပြေးနိုင်နေကြပြီ”
“ကျွန်မ ရှင့်ကို သူတို့နဲ့မှီအောင်ကူညီပေးတာနော်”
“ဒါကောင်းတယ် ကျွန်မတို့က တစ်ချက်ခုတ်၂ချက်ပြတ်မှာ ရှင် အဝေးမှာနောက်ကောက်ကျန်ခဲ့တာမဟုတ်တော့ဘဲ သူတို့ကို ကြောတောင်ကြောသွားတော့မှာ”
ရှန်ရန်ချင်းဟာ သူမရဲ့စကားတွေကြောင့် စိတ်ပျော်ရတယ်။ဒါပေမဲ့ နန်ကောဟာ ရှန်ရန်ချင်းရဲ့တဖြည်းဖြည်းနီလာတဲ့မျက်လုံးတွေကို မမြင်ခဲ့ရှာဘူး။
ကလေးတွေကို မွေးမယ်လို့ဆုံးဖြတ်ပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်လုံး ကျန်းမြို့ကို နန်ကျဲ့နဲ့အတူပြန်လာကြတယ်။
ရှန်ရန်ချင်းရဲ့မိဘတွေဟာလည်း နန်အိမ်မှာ စောစောလာစောင့်နေခဲ့တယ်။
မိသားစု၂စုလုံး အတူတူထိုင်ကြပြီး တစ်မနက်လုံး အလေးအနက်ဆွေးနွေးခဲ့ကြတယ်။
နေ့လည်စာစားပြီးတော့ နန်ကောဟာ ဦးငယ်လေးကိုဖုန်းခေါ်ကာ သူမရဲ့လက်ရှိအခြေအနေကိုရှင်းပြတယ်။
“ကောင်းတဲ့အရာတွေက အတွဲလိုက်လာတယ်” သူမရဲ့ဦးငယ်လေးဟာ သူ့လေသံထဲက ပျော်ရွှင်မှုကိုမဖုံးနိုင်ဘဲဖြစ်နေတယ်။သူဟာ သူမကို ချက်ချင်းအလုပ်နားခိုင်းကာ ဟိုက်မြို့မှာ အနားယူခိုင်းတယ်။
“နင် ကုမ္ပဏီအတွက် စိတ်ပူစရာမလိုဘူး ငါ တကယ်မဖြေရှင်းနိုင်တော့လို့ နင့်ကိုလိုတယ်ဆိုလည်း နင် အိမ်မှာအဝေးကနေလုပ်လည်း အတူတူပဲ ဘာပဲဖြစ်ဖြစ် မြို့တော်ကိုမလာနဲ့ နင့်ရဲ့အခုလက်ရှိအခြေအနေနဲ့ဆို အလုပ်ကြောင့် နင့်ဆီတစ်ခုခုဖြစ်သွားရင် ကျစ် ရှန်ရန်ချင်းက ငါ့ကို ဘာမှမလုပ်ရင်တောင်မှ ငါ့အဖိုးကြီးက အသေသတ်လိမ့်မယ်”
“ကောင်းပြီ ဒါပဲ ငါ ပြီးရင် အဖိုးကို သတင်းကောင်းပြောပြလိုက်မယ် နောက်ရက်ထဲ ငါအားရင် နင့်နဲ့တွေ့ဖို့ ဟိုက်မြို့ကိုသွားလိုက်မယ်”
ကိုယ်၀န်ဆောင်တာရဲ့ပထမ၃လဆိုတာ အထူးတလည်ဂရုစိုက်ဖို့လိုတယ်။နန်ကောလို အမြွာပူးဆို ပိုတောင်မှဂရုစိုက်ရမယ်။
နန်ကောကို ဂရုစိုက်ရတာပိုလွယ်အောင်လို့ သူမရဲ့မိဘတွေဟာ သူမတို့နေတဲ့အိမ်နဲ့အနီးမှာ အိမ်တစ်အိမ်၀ယ်လိုက်တယ်။ဒီလိုမှ သူတို့ သူမကို နေ့တိုင်းဂရုစိုက်နိုင်မယ်။
အန်တီ၀မ်နဲ့မစ္စတာရှန်ဟာလည်း ခဏခဏရောက်လာတတ်တယ်။
နန်ကောဟာ ဒါကို ဒုက္ခများလွန်းတယ်ထင်ပြီး သူတို့ကို ဒီမှာနေဖို့သာမေးကြည့်တယ်။သူမတို့အိမ်မှာ အခန်းတွေရှိတယ်လေ။
ဒါပေမဲ့ နှစ်ဖက်လုံးကလူကြီးတွေဟာ လက်မခံဘူး။သူတို့ဟာ လင်မယားနှစ်ယောက်အတွက် ကိုယ်ပိုင်နေရာပေးရမယ်လို့ ခံစားရသေးတာမို့။မဟုတ်ရင် သူတို့ နန်ကောကို သူတို့နဲ့အတူ အိမ်မှာလာနေခိုင်းတာကြာပါ့။
ရှန်ရန်ချင်းဟာ လတ်တလောမှာ သူ့ရဲ့အလုပ်အများစုကို နားထားတယ်။သူတကယ်နားလို့မရဘူးဆိုရင်လည်း လက်ထောက်ယွမ်ကို ပိုကြိုးစားလုပ်ခိုင်းပြီး တစ်ခါတည်းပို့ခိုင်းတယ်။
ဒီအချိန်ကာလအတွင်း တစ်မိသားစုလုံးဟာ သူမတစ်ခုခုဖြစ်သွားမှာကိုစိုးရိမ်ကာ နန်ကောကို အာရုံစိုက်ကြတယ်။
ပုံမှန်အားဖြင့် သူမ အောက်ထပ်ကိုဆင်းရင် ရှန်ရန်ချင်းဟာ သူမကို သယ်ပါသယ်ချင်မိတာ။
ကိုယ်၀န်၄လနားနီးတော့ နန်ကောဟာ အော့အန်တာစဖြစ်လာတယ်။ပြင်းထန်တဲ့အော့အန်မှုကြောင့် သူမ အသက်ရှူရပ်မတတ်ငိုခဲ့ရတယ်။
ဆရာ၀န်ကတော့ ဒါဟာ လူတစ်ယောက်နဲ့တစ်ယောက်မတူဘဲ အရမ်းကြီးစိတ်ပူစရာမလိုကြောင်းပြောတယ်။
ကံကောင်းလို့ အဲ့တာဟာ ကြာကြာတော့မဖြစ်ခဲ့ဘူး။
အခုတလော နှစ်ဖက်မိဘတွေဟာ ကလေးတွေကို နာမည်ပေးဖို့စဉ်းစားနေကြတယ်။
အမျိုးသားနေ့ပိတ်ရက်ပြီးတော့ နန်ကျဲ့ဟာ နိုင်ငံခြားအလုပ်ခရီးကနေ ပြန်ရောက်လာတယ်။နန်ကောအတွက် လက်ဆောင်တွေအများကြီးယူလာပြီး အဲ့ထဲကအနည်းစုဟာ ကလေးတွေအတွက်။
ပန်းရောင်ဂါ၀န်လေးကိုကြည့်ရင်း နန်ကောဟာ အတွေးနွံထဲနစ်သွားတယ်။
မစ္စနန်ဟာလည်း တစ်ချက်ကြည့်ပြီး နန်ကျဲ့ကို ဦးနှောက်မကောင်းဘူးလို့ ခံစားရတယ်။ “ကလေးကတစ်နှစ်ရောက်တော့မှ အ၀တ်ကြီးကြီးတွေ၀တ်လို့ရတာ မင်း အ၀တ်၀ယ်တုန်းက သေချာမကြည့်ခဲ့ဘူးလား”
“ရပါတယ် မား အခုလောလောဆယ်ထားလိုက်ပါ အနှေးနဲ့အမြန် ကလေးက၀တ်လို့ရသွားမှာပါ” ရှန်ရန်ချင်းဟာ နန်ကျဲ့ကို ကူကာပေးတယ်။
နန်ကောဟာ ဂါ၀န်ရဲ့အသားကိုကိုင်ကြည့်ပြီး သက်ပြင်းချတယ်။ “ကလေးတွေရဲ့ဂါ၀န်လေးတွေက အရမ်းလှပါတယ် ဒါပေမဲ့ ပြဿနာတစ်ခုရှိတယ်ရော် မိန်းကလေးမဟုတ်ရင် ဘယ်လိုလုပ်မလဲ”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” နန်ကျဲ့ဟာ မယုံကြည်နိုင်ဘူး။ “နင် ၂ယောက်တောင်ရမှာကို တစ်ယောက်ကတော့ မိန်းကလေးဖြစ်လိမ့်မယ်လေ ဟုတ်တယ်မလား”
သူစကားဆုံးတဲ့အခါ အဲ့မှာ လုံး၀တိတ်ဆိတ်သွားတယ်။ဘယ်သူမှ သူ့ကိုမဖြေကြဘူး။နန်ကျဲ့ဟာ သဘောပေါက်သွားကာ “...ဒါပေမဲ့ အာမခံလို့မရဘူးဘဲ”
နန်ကောလည်း ကလေးမလေးတွေကိုသဘောကျတာ။အထူးသဖြင့် နန်ကျဲ့၀ယ်လာတဲ့ဂါ၀န်သေးသေးလေးတွေကို မြင်ပြီးတဲ့နောက်မှာပေါ့။အနာဂတ်မှာ သူမဆီမှာသာ သမီးလေးရှိရင် သမီးလေးကို ကောင်းကောင်းမွန်မွန်၀တ်စားဆင်ယင်ပေးလို့ရမယ်ခံစားနေရတယ်။
တွေးကြည့်ရုံနဲ့တင် သူမစိတ်ပျော်ရတယ်။
ဒါပေမဲ့ ဒါက သူမတို့အပေါ်မူတည်မနေဘူး။
နည်းနည်းကြာလာတော့ နန်ကောဟာ ဗိုက်နည်းနည်းဖောင်းလာပြီး အကြောပြတ်ရာတွေဟာလည်း နည်းနည်းပိုသိသာလာတယ်။
သူမဟာ မှန်ထဲကိုကြည့်ဖို့ စတင်ငြင်းဆန်တယ်။သူမရဲ့ခန္ဓာကိုယ်ကို ကြည့်ရမှာကြောက်တယ်။အထူးသဖြင့် သူမရဲ့၀မ်းဗိုက်။
သာမန်လူရဲ့၀မ်းဗိုက်ဟာ ဒီလိုအချိန်ဆိုသေးနေမှာမဟုတ်ဘူး။သူမမှာ ၂ယောက်တောင်ဆိုတော့ ပိုဆိုး။
သူမအတွက် ကုန်းဖို့၊ငုံ့ဖို့တောင်မှ ခက်ခဲတယ်။ရေချိုးဖို့လည်းခက်တယ်။
ဒါဟာ အခုနောက်ပိုင်းတွေမှာ သူမရဲ့ခံစားချက်ကို မတက်ကြွစေတော့တဲ့အကြောင်းအရင်းဆိုလည်းဟုတ်တယ်။
ညနေ၃နာရီမှာ နန်ကောဟာ ရေတကယ်သောက်ချင်လာတယ်။လတ်တလောမှာ ရှန်ရန်ချင်းဟာ သူမကို ဂရုစိုက်ပေးနေရတာမို့ ကောင်းကောင်းမနားရဘူး။
သူမ သူ့ကိုမခေါ်ချင်တာမို့ ကိုယ်တိုင်ထဖို့ပဲစိတ်ကူးလိုက်တယ်။
ဒါပေမဲ့လည်း အချိန်အကြာကြီးကြိုးစားတာတောင်မှ သူမမထနိုင်ဘူး။
စက္ကန့်အနည်းငယ်လောက် နားပြီးတဲ့နောက် သူမကိုယ်သူမ အိပ်ရာပေါ်လက်တစ်ဖက်ထောက်ကာ အားထပ်စုလိုက်တယ်။
ရုတ်တရက် သူမဗိုက်ထဲ နာကျင်မှုကို ခံစားလိုက်ရတယ်။
ကလေးဟာ သူမကို မတော်တဆကန်လိုက်တာ။
သူမဟာ အစကတည်းက နေလို့ကောင်းမနေဘဲ အသက်ရှူလည်းမ၀ဘူး။သူမရဲ့ဗိုက်ကလည်း သက်တောင့်သက်သာမရှိဘူး။ဒီအကျိုးသောက်ရောက်မှုတွေအောက်မှာ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ ဒေါသတကြီးငိုချလိုက်မိတော့တယ်။
ရှန်ရန်ချင်းဟာ ကောင်းကောင်းမနားထားရတာမို့ ဒီညတော့ နည်းနည်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတယ်။နန်ကောငိုပြီး သူ့နာမည်ကိုခေါ်မှသာ သူနိုးလာတော့တယ်။
လွန်ခဲ့တဲ့ရက်အနည်းငယ်ကဆိုရင် နန်ကောထဖို့ရည်ရွယ်ချက်ရှိပြီဆိုတာနဲ့ သူနိုးလာလိမ့်မယ်။
သူမ ငိုထားလို့အသက်ရှူမ၀တော့တာကို မြင်တော့ ရှန်ရန်ချင်းဟာ အမြန်ထပြီး သူမကို ဖက်ကာနှစ်သိမ့်တယ်။ “မင်းရဲ့ဗိုက်နေလို့မကောင်းပြန်ဘူးလား” နန်ကောဟာ ငိုသာငိုနေပြီး ဘာမှမပြောဘူး။
ရှန်ရန်ချင်းမှာ ရွေးချယ်စရာမရှိဘဲ သူမကို အရင်ချော့ရတယ်။သူဟာ သူမ သက်သာသွားတဲ့အထိ စောင့်ကာ အကြောင်းအရင်းကို မေးကြည့်တယ်။
“ကျွန်မရေသောက်ချင်တယ် ဝူးဝူး!”
ရှန်ရန်ချင်းဟာ စိတ်သက်သာစွာနဲ့သက်ပြင်းချတယ်။ “လိမ္မာပါ ဒီမှာထိုင်” သူဟာ သူမရဲ့ခါးအနောက်မှာ ခေါင်းအုံးတစ်ချို့ခုပေးပြီး သူမကို အိပ်ရာခေါင်းရင်းမှာ မှီစေတယ်။
ရေနွေးနွေးလေး ၃၊၄၊၅ငုံလောက်သောက်ပြီးတဲ့အခါ နန်ကောရဲ့ပုခုံးဟာ တစ်ချက်တစ်ချက်တုန်သွားပြီး သူမအငိုရပ်သွားတယ်။ “ကျွန်မထလို့မရဘူး လှည့်လို့တောင်မရဘူး”
သူမစကားပြောလေ ပိုဒေါထွက်မိလေပဲ။ပိုတောင်မှငိုချင်လာတယ်။
ရှန်ရန်ချင်းဟာ အိပ်ရာဘေးမှာထိုင်ပြီး သူမရဲ့မျက်ရည်တွေကို သုတ်ပေးတယ်။သူ့နှလုံးသားဟာ နာကျင်ရပြီး အပြစ်ရှိသလိုလည်းခံစားရတယ်။ “ဒီလောက်ကြာပြီဆို အမြဲဒီလိုပါပဲ မင်းရဲ့ဗိုက်ကအရမ်း၀န်များနေတယ်လေ ဒီတော့ တစ်ခုခုလုပ်ဖို့ မင်းအတွက် သက်တောင့်သက်သာမရှိဘူးပေါ့”
“ကိုယ်မင်းဘေးမှာရှိပါတယ် ကိုယ်က အအိပ်ဆတ်တဲ့လူ တစ်ခုခုလုပ်ချင်ရင် ကိုယ့်ကိုခေါ်ပါ ဒါမှမဟုတ် တွန်းချင်လည်းတွန်း”
“မင်း ဘာလို့ကိုယ့်ကိုမခေါ်ရတာလဲ။ ဒီလိုအချိန်မှာ ကိုယ်က မင်းကိုဂရုစိုက်ပေးရမှာမဟုတ်ဘူးလား။ မင်း ကိုယ့်ကိုမခေါ်ချင်ရင် နောက်ဆို ကိုယ်အိပ်ရဲမှာမဟုတ်တော့ဘူး”
“ဟွန့်” နန်ကောဟာ သူ့ကိုကန်တယ်။ “ကြည့် ကြည့် ကျွန်မခြေဖဝါးတွေလည်း ရောင်ရမ်းနေတယ် ကြည့်ရဆိုးချက်”
“ဒါကြည့်ရမဆိုးပါဘူး မင်းကရုပ်မဆိုးပါဘူး ရော့ရော့က အလှဆုံး” ရှန်ရန်ချင်းဟာ သူမရဲ့လက်ကိုကိုင်ပြီးပွတ်ပေးတယ်။ “ဆရာ၀န်ပြောတာ ဒါပုံမှန်ပဲတဲ့ နေ့လည်ကျ ကိုယ် မင်းကိုလမ်းလျှောက်ဖို့ အောက်ထပ်ကိုအဖော်လိုက်ပေးမယ် နောက်ဆိုအဆင်ပြေသွားမှာပါ”
“မင်းဗိုက်နာလား”
“အမ်...” နန်ကောဟာ ခံစားကြည့်တယ်။ “ကျွန်မအခုဘာမှမခံစားရဘူး ခုနကတော့ နာသွားတယ် သူတို့ ကျွန်မကိုကန်တယ် မထနိုင်တော့တဲ့အထိကို တော်တော်နာသွားခဲ့တာ”
ရှန်ရန်ချင်းဆီ စောဒကတက်တာဟာ လိုအပ်တယ်လို့ သူမထင်တယ်...