အခန်း ၂၆၉
Vol. 27 Ch. 269
Chapter 269 ကလေးမွေးဖို့စောင့်နေတယ်။
Extra Chapter 7: ကိုယ်၀န်နဲ့ကလေးမွေးဖွားခြင်း။
“ကိုယ်မအေးပါဘူး” ရှန်ရန်ချင်းဟာ သူမကိုပြန်ဖက်တယ်။ “မင်းဘာရုပ်ရှင်ကြည့်နေတာလဲ”
“မသိဘူး ကျွန်မ သေချာမကြည့်မိဘူး”
နန်ကောဟာ တမင်ဖြေတာမဟုတ်ဘူး။သူမ ရုပ်ရှင်ခေါင်းစဉ်ကို တကယ်အာရုံမထားမိခဲ့တာ။သူမအာရုံပျံ့နေခဲ့ပြီး ဇာတ်လမ်းကို အာရုံမစိုက်မိခဲ့ဘူး။
ရုပ်ရှင်နဲ့ယှဉ်ရင် သူမ ရှန်ရန်ချင်းကို ပိုဂရုစိုက်တယ်။ “ရှင်ဘာလို့ကြာနေတာလဲ”
“ကိုယ် အဖိုးကို စကားခဏပြောပြီး အချိန်ကြာကြာနေခဲ့တာ အချိန်ကို သတိမထားမိလိုက်ဘူး”
သူဟာ လက်ကို သူမခါးတစ်ဝိုက်မှာထားကာ သူမနဲ့ခွာလိုက်တယ်။သူ့မျက်လုံးဟာ ကွေးတက်သွားတယ်။ “မင်း ကိုယ့်ကိုစောင့်နေခဲ့တာလား။ ပင်ပန်းနေပြီလား။ ခဏလောက်အိပ်ဖို့ ကိုယ် မင်းကို အပေါ်ထပ်ခေါ်သွားပေးရမလား”
နန်ကောဟာ ခေါင်းညိတ်ပြီး သူမရဲ့လက်ကို သူ့လည်ပင်းတစ်ဝိုက်မှာ ရစ်သွယ်ထားတယ်။ “ကျွန်မအိပ်ချင်နေပြီ” အန်တီ၀မ်တစ်ယောက် ဗီဒီယိုအခန်းထဲ၀င်လာတော့ အတွဲတွေ တစ်ယောက်ကိုတစ်ယောက်မှီနေကြတာကို တွေ့ရတယ်။
သူမတိတ်တိတ်လေးထွက်သွားတော့မဲ့အချိန်မှာပဲ ရှန်ရန်ချင်း နန်ကောကို ခါးကနေမလိုက်တာကို မြင်လိုက်ရတယ်။
“ရုပ်ရှင်ကြည့်ကြမလို့မဟုတ်ဘူးလား” သူမဟာ ရပ်လိုက်ပြီး သူတို့အတွက် တံခါးဖွင့်ပေးတယ်။
ရှန်ရန်ချင်းဟာ ဆက်ပြောတယ်။ “သူနည်းနည်းပင်ပန်းနေပြီ ကျွန်တော် သူ့ကို နားဖို့အပေါ်ခေါ်သွားလိုက်တော့မယ်”
အန်တီ၀မ်ကပြောတယ်။ “ဟူး အန်တီသတိမဲ့သွားတာ သူ့အတွက် ဆိုဖာပေါ်လဲရတာ သက်တောင့်သက်သာမှမရှိတာကိုး”
အန်တီ၀မ် အပြစ်ရှိသလိုခံစားရမှာကိုစိုးပြီး နန်ကောဟာ အမြန်လှည့်ရှင်းပြတယ်။ “မား သမီးက နည်းနည်းအိပ်ချင်တာပါ မနေ့ညက ကောင်းကောင်းမအိပ်ခဲ့မိလို့ပါ အရင်အပေါ်တက်ပြီး တစ်ရေးတစ်မောအိပ်လိုက်ဦးမယ်နော်”
“ကောင်းပြီ ကောင်းပြီ”
အခန်းထဲကိုပြန်ရောက်တော့ နန်ကောဟာ အိပ်ရာပေါ်လဲကာသန်းတယ်။သူမဟာ ဘေးကိုလှည့်ပြီး မသိစိတ်ကနေကို သူ့ကိုရှာမိတယ်။သူ သူမအတွက် အလုပ်ရှုပ်နေတာကိုမြင်တော့ သူမဟာ ဘေးကိုပုတ်ပြလိုက်ပြီး “တက်လာပြီး ခဏလဲပါဦး”
“အင်းပါ အရင်အိပ်နှင့် ကိုယ် မင်းအတွက် ရေထည့်လိုက်ဦးမယ်”
ပြောရင်းနဲ့ သူ့လက်ဟာလည်း လှုပ်ရှားတာမရပ်ဘူး။ဒါပေမဲ့ သူ့ထုံးစံအတိုင်း စိတ်သက်သာရာမရသွားခင် သူမကိုလှည့်ကြည့်လိုက်သေးတယ်။
နန်ကောဟာ နှုတ်ခမ်းကိုဖိပြီး တမင်တကာပြောတယ်။ “ဒါပေမဲ့ ရှင်တက်မလာရင် ကျွန်မအိပ်မရဘူးရော်”
သူမရဲ့ “ခြိမ်းခြောက်မှု” နဲ့အတူ ရှန်ရန်ချင်းဟာ ကူကယ်ရာမဲ့စွာနဲ့ပြုံးမိပြီး သူမဆီ အမြန်လှမ်းလာရတယ်။
သူဟာ အိပ်ရာပေါ်လဲလိုက်ပြီး နေရာသိပ်မယူဘူး။သူမလှည့်လို့ပြုလို့ရအောင် သူ သူမကို လုံလောက်တဲ့နေရာပေးထားတယ်။
နန်ကောဟာ သူ့ရင်ခွင်ထဲတိုး၀င်ပြီး သူမရဲ့မျက်လုံးတွေကိုမှိတ်ဖို့ သက်တောင့်သက်သာရှိတဲ့အနေအထားကို ရှာတွေ့သွားတယ်။
“အဖိုးကို ရှင်ဘာတွေပြောခဲ့တာလဲ”
အမျိုးသားဟာ သူမရဲ့ခေါင်းနားမေးစေ့တေ့ထားပြီး သူမရဲ့ကျောပြင်ကို အသာအယာပုတ်ပေးတယ်။ “အဖိုးကို မင်းရဲ့လက်ရှိအခြေအနေအကြောင်းပြောပြခဲ့တာ မင်းက ဒီတစ်ခေါက်မသွားနိုင်တော့ ကိုယ်က အဖိုးကို ရှင်းပြခဲ့တာပေါ့”
“အဲ့တာပဲလား”
“ကိုယ်က အဖိုး မင်းကို လုံလုံခြုံခြုံရှိဖို့နဲ့ ကလေးတွေ အောင်အောင်မြင်မြင်နဲ့မွေးဖွားဖို့ ဆုမွန်ကောင်းတောင်းပေးမယ်လို့မျှော်လင့်တာ”
ရှန်ရန်ချင်းဟာ သူမကို ချော့သိပ်ဖို့အတွက် သူ့အသံကို တမင်တကာတိုးချလိုက်တယ်။သူ့ရဲ့ပျင်းပျင်းရိရိနဲ့ဆွဲဆွဲငင်ငင်အသံဟာ နန်ကောကို ညဘက်ရေဒီယိုတစ်ပုဒ်နားထောင်နေသလိုခံစားရစေတယ်။
သူ့ရဲ့ “ညှို့ဓာတ်” အောက်မှာ နန်ကောဟာ မခံနိုင်တော့ဘူး။
သူမအိပ်ပျော်သွားတဲ့အခါ ရှန်ရန်ချင်းဟာ စကားပြောတာရပ်လိုက်တယ်။
အမှန်က သူ့အဖိုး နန်ကောကို ကာကွယ်ပေးဖို့မျှော်လင့်တာကလွဲလို့ သူအခြားမလိုချင်ဘူး။သူ ဘိုးဘေးခန်းမထဲ တစ်နာရီထက်ပိုပြီးဒူးထောက်ခဲ့တယ်။မတ်တတ်ထတဲ့အခါ သူ့ခြေထောက်တွေထုံကျဉ်နေခဲ့တယ်။အိမ်အကူသာ သူ့ကို လာသတိမပေးဘူးဆိုရင် သူ အဲ့မှာအကြာကြီးရှိနေပြီဖြစ်မှန်းကို သူသိမှာမဟုတ်ဘူး။
အခု သူသေချာတွေးကြည့်တော့မှ ခုနက သူ နည်းနည်းစကားများခဲ့ပြီး သူ့အဖိုးကို ဒီကိစ္စအကြောင်း အထပ်ထပ်အခါခါပြောနေခဲ့တာ။
ရှန်ရန်ချင်းဟာ စိတ်သက်သာရာရမိတယ်။သူ့အပြုံးဟာ အကူအညီမဲ့ခြင်းနဲ့အလိုလိုက်ခြင်းတို့ ပြည့်နေတယ်။
သူ နန်ကောနဲ့အတူစရှိလာကတည်းက သူ ပိုပိုပြီးစကားများလာပုံရတယ်။
ညဘက်မှာတော့ ရှန်မိသားစုကလူတွေအကုန်ရှိနေတယ်။
နန်ကောရဲ့အာရုံဟာ ရှန်ရန်ချင်း၀မ်းကွဲရဲ့သမီးငယ်လေးဆီရောက်နေတယ်။
ကလေးလေးက တစ်နှစ်ခွဲပဲရှိသေးတယ်။သူ့အမေလက်ထဲ တစ်အောင့်လောက်ငြိမ်နေပြီးတဲ့နောက် စပြီးငိုတော့တယ်။စားနေတဲ့လူတွေကို နှောင့်ယှက်မိမှာစိုးပြီး ၀မ်းကွဲအငယ်လေးဟာ ကလေးကိုချီကာ ချော့သိပ်ဖို့ ဧည့်ခန်းထဲကိုသယ်သွားတယ်။
သူ့၀မ်းကွဲအငယ်လေးရဲ့ပုံရိပ်ဟာ ခပ်လှမ်းလှမ်းမှာ တဖြည်းဖြည်းချင်းပျောက်ကွယ်သွားတယ်။သူ ကလေးကိုချော့နေတုန်း တီးတိုးသံတစ်ချို့ကိုလည်း ကြားရတယ်။
နန်ကောဟာ စုတ်အသာသပ်တယ်။ပထမဆုံးအကြိမ် ကလေးအဖေ ဖြစ်လာပြီးတဲ့နောက်မှာ သူ့၀မ်းကွဲအငယ်လေးရဲ့ပုံရိပ်ဟာ ပိုပိုပြီးမြင့်မားလာတယ်။
သူဟာ ဘွဲ့ရပြီးခါစ ငယ်ရွယ်တဲ့တက္ကသိုလ်ကျောင်းသားလေးတစ်ယောက် မဟုတ်တော့ဘူး။
ညစာစားပြီးတော့ နန်ကောဟာ ရှန်ရန်ချင်းအကူအညီနဲ့ ဧည့်ခန်းထဲမှာသွားနားတယ်။
၀မ်းကွဲအငယ်လေးရဲ့သမီးလေးဟာ ပုခက်ထဲမှာလဲနေတယ်။ကလေးလေးဟာ ပြဿနာမရှာတော့ဘူး။သူမဟာ အရုပ်ကိုဖက်ပြီး တတိတိငုံနေတယ်။နန်ကောဟာ စပ်စပ်စုစုနဲ့အရှေ့နားတိုးပြီး သူမကို အရုပ်လေးနဲ့စတယ်။
ကလေးလေးဟာ လက်လှမ်းလာပြီး နန်ကောရဲ့လက်ချောင်းတစ်ချောင်းကို လက်သေးသေးလေးနဲ့ ခပ်တင်းတင်းဆုပ်ကိုင်တယ်။သူမဟာ ဗလုံးဗထွေးနဲ့တစ်ခုခုပြောနေတာ။ဘာပဲဖြစ်ဖြစ် သူမရဲ့မျက်နှာအမူအရာလေးကနေ အကဲခတ်ကြည့်တော့ သူမဟာ ပျော်နေတာဖြစ်တယ်။
သိပ်မကြာဘူး။အန်တီ၀မ်ရောက်လာတယ်။ကလေးလေးဟာ နည်းနည်းကြီးပြင်းလာပြီဖြစ်ပြီး ၀မ်းကွဲအငယ်လေး ငယ်ငယ်ကဓာတ်ပုံနဲ့တူတယ်လို့ သူမကပြောတယ်။
အန်တီ၀မ်ဟာ ဒါကိုကြားတော့ သံယောင်လိုက်တယ်။ “သမီးလေးတွေက အဖေတူတတ်တယ်လေ အာ အဲ့တာက အဓိကမဟုတ်ဘူးလည်းထင်ပါတယ်”
နန်ကောဟာ မနေနိုင်ဘဲ ရှန်ရန်ချင်းကိုလှည့်ကြည့်မိတယ်။
ရှန်ရန်ချင်းဟာ သူမတို့ရဲ့ခုနကစကားဝိုင်းကို မကြားဘူး။သူဟာ သူမနဲ့ဆန့်ကျင်ဘက်မှာထိုင်ပြီး သူ့၀မ်းကွဲအငယ်လေးဆီကနေ သင်ယူလေ့လာနေတယ်။
ရှန်ရန်ချင်းလိုကျောင်းသားကောင်းတစ်ယောက်အတွက် သူမ မကြာခင်ကလေးမွေးတော့မှာကိုမြင်တော့ သူ သူ့အိမ်စာကို ကောင်းကောင်းမလုပ်နိုင်မှာစိုးရိမ်ပြီး ထိတ်လန့်နေတယ်။
အိမ်အဟောင်းကိုပြန်ရောက်တဲ့ရက်တွေထဲ အားပြီဆိုတာနဲ့ သူဟာ သူ့၀မ်းကွဲအငယ်လေးနဲ့အတူ ကလေးအကြောင်းပြောနေတတ်တယ်။
နန်ကောကတော့ နားမထောင်ချင်ဘူး။အမြဲခပ်လှမ်းလှမ်းမှာ ထိုင်ကာရှောင်နေခဲ့တယ်။
သူမဟာ မျက်လုံးကိုကျဉ်းပြီး သူ့မျက်နှာကို အကဲခတ်ကြည့်တယ်။မှန်ဘီလူးကနေတစ်ဆင့် သူ့မျက်နှာကိုကြည့်ဖို့ ကြိုးစားကြည့်တယ်။
“ရှန်ရန်ချင်းငယ်ငယ်တုန်းက ဓာတ်ပုံရှိသေးလား” သူမဟာ အကြည့်ကိုပြန်ရုတ်ပြီး အန်တီ၀မ်နဲ့ဒေါ်လေးကို သိလိုစိတ်နဲ့မေးကြည့်လိုက်တယ်။
“ရှိတယ် သမီး အရင်တစ်ခေါက်ကမတွေ့လိုက်ဘူးလား” အန်တီ၀မ်ဟာ နန်ကောမြင်ပြီးပြီထင်နေတာ။
“သမီးတွေ့တာက သူအသက်ကြီးလာတဲ့ပုံတွေချည်းပဲ သမီးကြည့်ချင်တာက သူမွေးခါစ ဒါမှမဟုတ် မွေးပြီး၁နှစ်၊၂နှစ်လောက်ပေါ့ ရှိသေးလားဟင်”
အွန်လိုင်းပေါ်ကလူတွေပြောတာ ကလေးတွေက မွေးခါစဆို အရေးအကြောင်းလေးတွေရှိတယ်တဲ့။သူမပြင်ဆင်ထားဖို့လိုတယ်။သူမ ရှန်ရန်ချင်းရဲ့ပုံကို အရင်ကြည့်ထားပြီး သူမသမီးလေးရဲ့အသွင်အပြင်ကို တွေးကြည့်မယ်။
သမီးလေးသာ သူမနဲ့တူမယ်ဆို လူတိုင်းက ပျော်ကြလိမ့်မယ်။ရှန်ရန်ချင်းသာဆိုရင်တော့...
သူမ အခုမြင်ယောင်ကြည့်လို့မရဘူး။
အန်တီ၀မ်ဟာ သူမအတွက် ဓာတ်ပုံအယ်လ်ဘမ်တစ်ခုကို အမြန်ပဲရှာလာပေးတယ်။
နန်ကော အရင်တစ်ခေါက်တွေ့ခဲ့တဲ့အယ်လ်ဘမ်နဲ့မတူဘူး။ဒီအယ်လ်ဘမ်ဟာ မစ္စတာရှန်ရဲ့စာကြည့်ခန်းထဲမှာ အမြဲရှိတယ်လို့ပြောတယ်။ဒီအယ်လ်ဘမ်ရှိတာကို ရှန်ရန်ချင်းတောင်မှ သိပုံမရဘူး။
ပထမပုံအနည်းငယ်ဟာ ရှန်ရန်ချင်းငယ်ငယ်တုန်းပုံတွေ။သူမွေးခါကစပုံလေးတွေ။
အနောက်နားကပုံတွေဟာတော့ ရှန်ရန်ချင်းနဲ့မစ္စတာရှန်ပုံတွေ။
ငယ်ရွယ်ပြီးကြော့ရှင်းတဲ့မစ္စတာရှန်ဟာ ရှန်ရန်ချင်းအငယ်လေးကို ချီထားကာ တစ်ပုံပြီးတစ်ပုံရိုက်ယူထားတယ်။ပေါ်မလာတဲ့တစ်ခုတည်းသောအရာဆိုလို့ သူ့အမေပဲရှိတယ်။
သူမအရင်ကမြင်ခဲ့တဲ့အယ်လ်ဘမ်ထဲမှာ ရှန်ရန်ချင်းရဲ့ပုံတွေ၊၀မ်းကွဲအငယ်လေးပုံတွေ၊သူတို့အတူတူရိုက်ထားတဲ့ပုံတွေ၊သူ့အဖိုးနဲ့ အခြားလူကြီးတွေရှိတယ်။
အခု ကြည့်ရတာ ရှန်ရန်ချင်းရဲ့အမေဟာ သူ့အတွက် ဓာတ်ပုံတောင်မချန်ထားခဲ့ပုံဘဲ။
နန်ကောဟာ အဲ့တာကို ကြာကြာမကြည့်ခဲ့ဘူး။ရှန်ရန်ချင်းမသိခင် သူမ ဓာတ်ပုံအယ်လ်ဘမ်ကို သူ့နေရာနဲ့သူ တစ်ယောက်ယောက်ကိုပြန်ထားခိုင်းလိုက်တယ်။
နွေဦးပွဲတော်ရောက်ပြီးမကြာဘူး။နန်ကောဟာ ဆေးရုံမှာနေရတော့တယ်။
သူမကိုယ်၀န်ဆောင်တာရဲ့၉လနားနီးတော့မယ်လေ။ဒီတော့ သူမဆေးရုံမှာနေမှပဲ တစ်မိသားစုလုံးဟာ စိတ်သက်သာရာရကြတယ်။
သူမ ဆေးရုံတက်ရတဲ့နေ့ကစပြီး ရှန်ရန်ချင်းမှာ စိတ်သက်သာသွားတယ်။
လပြက္ခဒိန်ရဲ့၁၅ရက်နေ့ရောက်တော့ မီးပုံးပျံပွဲတော်အတွင်း နန်ကောရဲ့ဗိုက်ဟာ စနာလာပြီး မနက်စောစောမှာ ခွဲစိတ်ခန်းထဲကိုခေါ်သွားခံရတယ်...