အခန်း ၂၇၁
Vol. 28 Ch. 271
271 01
Chapter 271 ပရိုမိုးရှင်း။
Extra Chapter 9: ကိုယ်၀န်နဲ့ကလေးမွေးဖွားခြင်း။
ကလေး၂ယောက် တစ်နှစ်ပြည့်တဲ့အခါ နန်ကောဟာ အလုပ်ပြန်လုပ်ခဲ့တယ်။
သူမပြန်ရောက်လာပြီဖြစ်တာကို သိပြီး ဦးငယ်လေးဟာ သူမနဲ့စကားပြောဖို့ ကုမ္ပဏီကို အထူးတလည် လာတယ်။
“ရုံးခွဲ”
“အင်း ဟိုက်မြို့က နိုင်ငံထဲမှာ ဒုတိယအကြီးဆုံးမြို့တော်ပဲ။ ကုမ္ပဏီရဲ့ဌာနချုပ်နဲ့ရုံးခွဲအများစုက အဲ့မှာသွားစုတာ။ ပြီးတော့ ငါတို့ ပါတနာအများစုကလည်း အဲဒီမှာပဲ။ ငါ ဟိုက်မြို့မှာ ရုံးခွဲတစ်ခုထောင်ဖို့ ရည်ရွယ်ထားတယ်။ ထောင်ပြီးရင် နင့်ကို အဲ့ပို့မယ်။ နင် အိမ်နဲ့လည်း ပိုနီးသွားမယ်။ ဒီတော့ နှစ်ဦးနှစ်ဖက်လုံးအတွက် အကောင်းဆုံးဖြစ်တယ်”
“ဒါပေမဲ့...ငါတော့ ငါ လုပ်နိုင်မယ် မထင်ဘူး ဟုတ်တယ်မလား”
ဦးငယ်လေးက ပြန်ပြောတယ်။ “အဲ့တော့ရော ဘာဖြစ်လဲ။ အခြားလူတစ်ယောက်ကို အဲ့ပို့ဖို့ဆိုတာက ငါစိတ်ပူမိတယ်။ နောက်ပြီး...ဟိုက်မြို့က နင့်အနေအထားနဲ့ဆို နင်ကလွဲပြီး ဘယ်သူနဲ့ လိုက်ဖက်ဦးမှာလဲ”
“ငါ ဒီဆုံးဖြတ်ချက်ကို နင့်အတွက် သီးသန့်ကြီးလုပ်တာ မဟုတ်ဘူး။ ဟိုက်မြို့ရုံးခွဲကို သွားပြီး အလုပ်ဆင်း။ အဲ့တာက အခု မြို့တော်မှာနေတာထက် ဖေးယွင်အတွက် ပိုအကျိုးရှိတယ်”
“ပြီးခဲ့တဲ့၂နှစ်အတွင်း ဖေးယွင်အတွက် နင့်ရဲ့ပံ့ပိုးကူညီမှုတွေနဲ့ဆို ငါ နင့်ကို ရာထူး မတိုးပေးတာကမှ ပိုထူးဆန်းနေလိမ့်မယ်။ သူများတွေ ပြောတာကို နင် ဂရုစိုက်စရာ မလိုဘူး”
“ဖေးယွင်မှာ နင့်ရှယ်ယာတွေ အများကြီးရှိတယ်။ ရာထူးသေးသေးလေးနဲ့ ငါ နင့်ကို ဆက်လည်း ဆွဲချထားလို့ မရဘူး”
“ဘာလို့ တွေဝေနေလဲ။ ကျစ် ငတုံးမလေးပဲ”
“နင် တကယ်ကြီး တစ်သက်လုံး မန်နေဂျာပဲ ဖြစ်သွားချင်တာလား။ အခြားလူတွေ နင့်ကို ဥက္ကဌနန်လို့ခေါ်တာ မကြားချင်ဘူးလား”
“.....” နန်ကောဟာ နှုတ်ခမ်းကို တင်းတင်းစေ့မိတယ်။သူမ ဖြားယောင်းခံလိုက်ရပြီ။ “ဒါက နည်းနည်း သွေးဆောင်နေတာပဲ”
ဦးလေးဖြစ်သူနဲ့ တူမဖြစ်သူတို့ဟာ ချက်ချင်းပနံသင့် သွားကြတော့တယ်။
ရုံးခွဲမှာ ရာထူးကို လက်ခံလိုက်ပြီးတဲ့နောက် နန်ကောဟာ မြို့တော်မှာ အရင်ကလို အကြာကြီး မနေရတော့ဘူး။
ဒီလိုနဲ့ သူမမှာ မိသားစုနဲ့ဆက်သွယ်ဖို့ အချိန်ရှိလာတယ်။ဘာပဲဖြစ်ဖြစ် ကလေး၂ယောက်က ငယ်သေးတယ်လေ။
ကလေးတွေ တစ်နှစ်ပြည့်တုန်းက နန်ကောဟာ နောက်ဆုံးတော့ သူတို့လေးတွေ နည်းနည်း ပိုကြည့်ကောင်းလာတယ်လို့ ခံစားခဲ့ရတယ်။
မွေးခါစတုန်းကထက်စာရင် ကြည့်ရရှုရ ပိုအဆင်ပြေလာတယ်။
နန်ကောနဲ့ ရှန်ရန်ချင်းတို့ နေ့တိုင်း အလုပ်လုပ်နေကြရတာမို့ ကလေး၂ယောက်ဟာ သူမတို့ရဲ့မိသားစု၀င်တွေဆီက ကြည့်ရှုစောင့်ရှောက်ခြင်းကို ခံရတယ်။
သူမဟာ ရုံးခွဲမှာ အလုပ်စလုပ်ရုံပဲရှိသေးကာ နေ့တိုင်းလုပ်စရာတွေ များနေတယ်။ညဘက်တွေ သူမ ပြန်ရောက်တဲ့အချိန်တိုင်း သူတို့လေးတွေဟာ အိပ်ပျော်နေကြပြီ ဖြစ်တယ်။
ရှန်ရန်ချင်းတစ်ယောက်သာ သူမကို စောင့်နေပေးတတ်တာ။
နန်ကောဟာ သူတို့လေးတွေနဲ့ ကစားပေးဖို့ ပိတ်ရက်ကို ဖျစ်ညှစ်ယူရတယ်။
ဒါပေမဲ့ ဒီစီစဥ်မှုဟာ ရှန်ရန်ချင်းကို သတိမမူမိဘူးလို့ ဆိုလိုတာ ဖြစ်တယ်။
“ကိုယ်တို့ ဒိတ်မလုပ်ရတာ အတော်ကြာပြီ ထင်တယ်” တနင်္ဂနွေနေ့တစ်ရက်မှာ ရှန်ရန်ချင်းဟာ ကြမ်းပြင်မှာ တွားသွားနေတဲ့ကလေး၂ယောက်ကို ကြည့်ရင်း ကလေးတွေကို အပေါ်ထပ်ခေါ်သွားဖို့ တစ်ယောက်ယောက်ကို အမူအရာပြလိုက်တယ်။
နန်ကောဟာတော့ သူမရဲ့အရုပ်ကို ကိုင်ထားတုန်း။သူမ အရုပ်ကို ချတောင် မချရသေးခင်မှာဘဲ သူဟာ သူမကို ကားဆီ သယ်သွားတယ်။
“ဘယ်သွားမလို့လဲ” သူမဟာ အချိန်ကို တစ်ချက် ကြည့်လိုက်တယ်။ “အရမ်းနောက်ကျနေပြီ။ အပြင်မသွားဘဲ နေရအောင်”
271 02
အဲ့နေ့မှာ ရှန်ရန်ချင်းဟာ သူမကို ပြန်ခေါ်မလာခဲ့ဘူး။ညစာ စားပြီးတော့ သူဟာ သူမကို သူတို့နေဖူးတဲ့ တိုက်ခန်းဆီ ခေါ်ဆောင်သွားခဲ့တယ်။
အလုပ်သမားနေ့ပိတ်ရက်ပြီးတော့ နန်ကော ပထမဆုံးလုပ်တဲ့အရာဟာ ကုမ္ပဏီမှာ နန်ကျဲ့ကို သွားရှာတာပဲ။
နန်မိသားစုအောက်က ဟိုက်ပါမားကတ်တွေဟာ မကြာခင် ဖွင့်တော့မှာ ဖြစ်တယ်။သူတို့ ဖေးယွင်ရဲ့စမတ်အရောင်းစက်ရုပ်ကို မျက်စိကျသွားကြတယ်။
အစကတော့ ဒီနေ့ ဒီပူးပေါင်းဆောင်ရွက်မှုကို လာဆွေးနွေးမှာက ဌာနချုပ်ရဲ့မန်နေဂျာ ဖြစ်တယ်။ဒါပေမဲ့ ဦးငယ်လေး သိသွားတဲ့အခါ သူဟာ ဒီအလုပ်ကို နန်ကောဆီ တန်းလွှဲ ပေးပစ်လိုက်တယ်။
သူမထက်ပိုပြီး သင့်တော်မဲ့လူ မရှိတော့ဘူး။
မနက်စောစောမှာ နန်ကောဟာ ကျန်းမြို့ဆီ ကားမောင်းသွားတယ်။
သူမ လော်ဘီထဲ ၀င်လိုက်တာနဲ့ ကောင်တာ၀န်ထမ်းဟာ သူမကို သတိထားမိပြီး ဓာတ်လှေကားဆီကို ခေါ်သွားပေးဖို့ လုပ်တယ်။
“ကျွန်မ ဒီနေရာနဲ့ ရင်းနှီးပါတယ်။ ကိုယ့်ဟာကိုယ်ပဲ သွားလိုက်ပါမယ်”
ဒါ သူမ ပထမဆုံး ရောက်ဖူးတဲ့အကြိမ်မှ မဟုတ်တာဘဲ။
သူမထိပ်ဆုံးအထပ်ကိုရောက်တဲ့အခါ နန်ကျဲ့ဟာ ရုံးခန်းထဲမှာ မရှိဘူး။
ကံကောင်းစွာနဲ့ သူမ သူ့အတွင်းရေးမှူးနဲ့ သွားဆုံတယ်။
“ဥက္ကဌ...ဥက္ကဌနန်” အစကတော့ အတွင်းရေးမှူးဟာ သူမကို ပုံမှန်အတိုင်းပဲ ခေါ်မလို့ဘဲ။ဒါပေမဲ့ ချက်ချင်းပဲ နန်ကောဟာ ရွှေရောင်လုပ်ငန်းကတ် တစ်ကတ်ကို သူ့ဆီ ကမ်းပေးတယ်။
သူ့ပါးစပ်ထဲက ထွက်တော့မဲ့ စကားလုံးတွေဟာ ရုတ်တရက် လှည့်ပြန်သွားတယ်။
“အာ ဥက္ကဌနန် ရုံးခန်းထဲမှာ မရှိဘူး။ သူ အစည်းအဝေးခန်းထဲ ရောက်နေတယ်။ ကျွန်တော့်အနောက် လိုက်ခဲ့ပါ”
ဒီတစ်ခါ နန်ကောဟာ တစ်ယောက်တည်း မလာခဲ့ဘူး။သူမမှာ လုပ်ဖော်ကိုင်ဖက်၂ယောက် ပါလာတယ်။
သူမ နန်ကျဲ့တစ်ယောက် အရမ်းယဉ်ကျေးနေမယ်လို့ မထင်ထားမိဘူး။
ဒါပေမဲ့ စဉ်းစားကြည့်တော့လည်း ဖြစ်သင့်ပါတယ်။ဒါဟာ ကုမ္ပဏီ၂ခုကြားက ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်ပြီး ဒီတိုင်း သူမတို့နှစ်ယောက်ကြားထဲက သက်သက်ရယ်လို့ မဟုတ်ဘူး။
အရင်က သူမ နန်ကျဲ့ကို လာရှာတဲ့အခါ သူ့ရုံးခန်းကိုသာ တစ်ခါတည်း တန်းသွားတတ်တယ်။ဒီတစ်ခေါက် အစည်းအဝေးအခန်းဆီ အဖိတ်ခံရတာကို သူမ နေသားမကျဘဲ ဖြစ်နေမိတယ်။
အထဲကိုမ၀င်ခင် နန်ကောဟာ ပရော်ဖက်ရှင်နယ်ဟန်ပန်ကို ဆောင်လိုက်ပြီး သူမရဲ့ရှပ်အင်္ကျီကို သပ်သပ်ရပ်ရ ပ်လုပ်တယ်။သူမရဲ့အရှိန်အဝါကို အပြည့်အ၀ ထုတ်လွှတ်လိုက်တယ်။
သူမ ၀င်သွားတာနဲ့ နန်ကျဲ့ဟာ သူမကို မမြင်သလို ဟန်ဆောင်ကာ ကြည့်တောင် မကြည့်ဘူး။သူ သူမကို တစ်ခါတည်း အလဲထိုးသွားတယ်။
နန်ကော စကားပြောတာကို သိတော့ သူဟာ မော့ကြည့်ချင်ဟန် ဆောင်ပြန်ပြီး သူမကို တအံ့တဩ နှုတ်ဆက်တယ်။
နန်ကျဲ့က “မတွေ့ရတာကြာပြီ။ ငါ မင်းကို သိပ်မကြာခင်ကတော့ တွေ့ခဲ့ပါသေးတယ်။ မင်း မန်နေဂျာပဲ ရှိသေးတယ်လေ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ မင်း တကယ် ရာထူးတိုးသွားတာပဲ”
“မင်းကုမ္ပဏီက ဒီပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးမထားဘူးဆိုပြီးတောင် ထင်မိသေးတာ။ ဘာလို့ မန်နေဂျာကို လွှတ်တာလဲ”
နန်ကောမှာ ဆွံ့အသွားတယ်။
သူ့ရဲ့အရွဲ့တိုက်တဲ့လေသံဟာ စိတ်ရှုပ်စရာ ကောင်းမြဲကောင်းဆဲ။
နှစ်ကိုယ်တည်းသာဆို နန်ကော သူ့ကို ပြန်ခံမပြောတောင် ဒေါသထွက်ထွက်နဲ့ ကန်ပစ်လိုက်တာ ကြာပြီ။ဒါပေမဲ့ အခု သူမရဲ့အခြေအနေဟာ မတူတော့ဘူး။ဒါဟာ စီးပွားရေးမို့ သူမ ဒေါသထွက်လို့ မရဘူး။
စိတ်မရှည်မှုသေးသေးလေးက ကိစ္စအကြီးကြီးကို ပျက်စီးသွားစေနိုင်တယ်။
ဒါပေမဲ့ သူ့အနေအထားကို ကြည့်ရသလောက် သူ သူမကို စရုံနဲ့တင် အလွတ်ပေးမှာ မဟုတ်ဘူး။သူ သူ့ရဲ့အဓိကအကွက်ကြီးကို မြှုပ်ထားသေးတယ်။
271 03
သူမ အလုပ် စလုပ်လာကတည်းက ကြုံတွေ့လာရတဲ့ထဲ နန်ကျဲ့ဟာ အကြီးမားဆုံး အတားအဆီး ဖြစ်မယ်လို့ နန်ကော ခံစားနေရတယ်။
ဖော်ရွေမှုလေးတွေကို ဖလှယ်ပြီးတဲ့နောက် ဆွေးနွေးညှိနှိုင်းမှု တရား၀င်စတင်တယ်။
နန်ကောဟာ ဖေးယွင်ရဲ့ထုတ်ကုန်ကို နန်ကျဲ့နဲ့အခြားမန်နေဂျာတွေဆီ အလေးအနက် မိတ်ဆက်ပြတယ်။
လုပ်ငန်းစဉ်တစ်ချိန်လုံး နန်ကျဲ့ဟာ တိတ်နေခဲ့တယ်။သူဟာ ၀င်ဖြတ်မပြောဘဲ သူမကို ချောချောမွေ့မွေ့ ပြီးခွင့်ပြုတယ်။
ရိုးရိုးသားသား ပြောရရင် နန်ကော အလုပ်စလုပ်ကတည်းက မောင်နှမ၂ယောက်ဟာ အခြားလုပ်ငန်း ကော့တေးပါတီတွေမှာ ဆုံဖြစ်ကြတယ်ဆိုပေမဲ့လည်း ဒါဟာ သူမတို့ တရား၀င် အတူတူ လုပ်ကိုင်ကြတဲ့ ပထမဆုံးအကြိမ် ဖြစ်တယ်။
နန်ကျဲ့ဟာ နန်ကောကို အခုလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး။
အရင်က သူ အခြားဥက္ကဌတွေနဲ့ ဆုံတဲ့အချိန်ဆို သူတို့ဟာ နန်ကောရဲ့ပရော်ဖက်ရှင်နယ် အရည်အချင်းတွေကို တမင်တကာ ဆွဲထုတ်ပြောကြတယ်။သူတို့ ပုံကြီးကျယ်ချဲ့နေတယ်ဆိုတာ ရှောင်လွှဲလို့ မရနိုင်ဘူး။သူမဟာ သူ့ရဲ့ညီမဖြစ်ပြီး သူ့ရဲ့ဂုဏ်ယူစရာနဲ့ ပျော်ရွှင်စရာ ဖြစ်တယ်လို့ သူ ပြောခဲ့တယ်ဆိုပေမဲ့ သူ နန်ကောနဲ့ ပတ်သက်ပြီး သိပ်ယုံကြည်ချက် မရှိခဲ့ဘူး။သူတို့ ပြောနေတဲ့ မြင်ကွင်းကိုလည်း သူ ပုံဖော်ကြည့်လို့ မရခဲ့ဘူး။
အခု နန်ကောဟာ ကျောင်းတုန်းက နန်ကော မဟုတ်တော့တဲ့ပုံပါဘဲ။
သူမရဲ့စကားတွေနဲ့ အရှိန်အဝါဟာ သူမရဲ့ငယ်ရွယ်တဲ့မျက်နှာလေးနဲ့အတူ လေးလေးနက်နက် ရှိတယ်။
စဉ်းစားကြည့်တော့မှ လွန်ခဲ့၂နှစ်၊၃နှစ်အတွင်း သူမဟာ ဒါကို နေ့တိုင်းနေ့တိုင်း ဖြည်းဖြည်းချင်းသွေး လာခဲ့တာပဲ။
အရင်က သူနဲ့ရှန်ရန်ချင်း သူမကို အဆက်အသွယ်တွေနဲ့ မသိအောင် မိတ်ဆက်ပေးခဲ့တယ်ဆိုတာကို သူ သိပေမဲ့လည်း အစ်ကိုတစ်ယောက်အနေနဲ့ သူ့ရဲ့ခံစားချက်တွေဟာ နည်းနည်း ရှုပ်ထွေးနေတုန်းပဲ။
သူ စိတ်သက်သာရာရပေမဲ့ သူ့ရင်ဘတ်ဟာ ပိုတော့နာရတယ်။
နန်ကော ပြောလို့ပြီးသွားတဲ့နောက်မှာ နန်ကျဲ့ဟာ အချိန်အကြာကြီး စကားမပြောဘဲ ရှိနေခဲ့တယ်။သူမနဲ့ဆန့်ကျင်ဘက်ကလူဟာ လှမ်းကြည့်လာတယ်။PowerPoint Presentation ဖြစ်တာမို့ အခန်းထဲက မီးအလင်းရောင်ဟာ ခပ်မှိန်မှိန်လေး။ဒီတော့ သူမ နန်ကျဲ့မျက်နှာပေါ်က အမူအရာကို အချိန်တစ်ခုအထိ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။
အတွင်းရေးမှူးက သတိပေးတော့မှသာ နန်ကျဲ့ဟာ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တယ်။
ဖေးယွင်ဘက်မှာ နန်ကောအပါအ၀င် စုစုပေါင်းလူ၃ယောက်ဟာ သူ့ရဲ့တုံ့ပြန်မှုကို စောင့်နေကြတယ်။တိတ်ဆိတ်ခြင်းစက္ကန့်တွေ အနည်းငယ်လောက် ကြာသွားပြီးတော့မှ နန်ကျဲ့ဟာ ခပ်ဖွဖွလေး ပြောလာတယ်။ “မဆိုးပါဘူး”
“ကျွန်တော် ဖေးယွင်ရဲ့စမတ်စက်ရုပ်အကြောင်း လေ့လာထားပါတယ်။ ပြီးခဲ့တဲ့၂နှစ်အတွင်း မင်းတို့က နိုင်ငံထဲမှာ ကောင်းကောင်း လုပ်ဆောင်နေခဲ့တယ်။ မင်းတို့ကို ယှဉ်နိုင်မဲ့ တစ်ယောက်ယောက်ကို နိုင်ငံထဲမှာ ရှာဖို့ဆိုတာ မလွယ်နိုင်ဘူး”
နန်ကောဟာ ပြုံးပြီး ပြောတယ်။ “ကျွန်မ ကြွားတာတော့ မဟုတ်ပါဘူး။ ဖေးယွင်ဘက်ကလည်း ၂နှစ်အတွင်း သေချာပါတယ်။ ကျွန်မတို့ကို အစားထိုးနိုင်မဲ့ ထုတ်ကုန်ဆိုတာ နိုင်ငံထဲမှာ ကျိန်းသေပေါက် ရှိလာနိုင်မှာ မဟုတ်ပါဘူး။ ကုန်ကျစရိတ်သက်သာမှုအရ ကျွန်မတို့ ပြည်တွင်းမှာ ပြိုင်ဘက် မရှာနိုင်သလို နိုင်ငံခြားမှာလည်း မရှိနိုင်ပါဘူး”
သူမရဲ့စကားကို နားထောင်ပြီး နန်ကျဲ့ဟာ ဘေးကခွက်ကို ကိုင်ကာ ဖြေဆိုခြင်း တစ်စုံတစ်ရာမရှိဘဲ ကော်ဖီတစ်ငုံ သောက်တယ်။
သူသာ သူမကို နည်းနည်းလောက် ထပ်ပြီးချီးကျူးလိုက်ရင် နန်ကောတစ်ယောက် အရမ်းမြောက်တက်သွားလိမ့်မယ်...။
******