← Chapters

အခန်း ၂၇၃

Vol. 28 Ch. 273

အခန်း ၂၇၃

Vol. 28 Ch. 273

273 01

Chapter 273 ဒီမှာပဲနေပြီး မလှုပ်နဲ့။

Extra Chapter 1: အစ်ကိုကြီးဖြစ်သူရဲ့ ကလေးတစ်‌ယောက်ကို ပျိုးထောင်ခြင်းတစ်ဖြတ်။

ထွမ်ထွမ်နဲ့ယွမ်ယွမ်ဟာ ၃နှစ်ပြည့်ခါနီးတော့ အဆင့်တစ်ခု တက်သွားပြီဖြစ်တယ်။

တစ်ခါတလေ နန်ကော အလုပ်ကနေ ပြန်လာတဲ့အခါ သူမမှာ ပင်ပန်းလွန်းအားကြီးလို့ သူတို့နဲ့အမှီ မလိုက်ပေးနိုင်ဘူး။

အထူးသဖြင့် ယွမ်ယွမ်။

ဆူညံရုံတင်မက ငိုကလည်း ငိုသေးတယ်။

သူက နည်းနည်းလေးဆိုတာနဲ့ ငိုယိုပြီး ဖက်ပေးဖို့ အတင်းတောင်းဆိုလိမ့်မယ်။

သူမမှာ မယုံနိုင်လို့ ကွယ်ရာမှာ မစ္စနန်ကို သီးသန့် မေးကြည့်လိုက်တယ်။

[မား သမီးငယ်ငယ်က တကယ် အငိုသန်တာလား။]

[သမီးအစ်ကို ပြောသလောက်ကြီးတော့ မဟုတ်ပါဘူး။ဒါပေမဲ့ ဂျီကျတယ်ဆိုတာတော့ ဟုတ်တယ်။ သမီးက လူကြီးတွေကို အမြဲလိုက်လိုက်ဖက်ခိုင်းတာ။]

နန်ကောမှာ ဆွံ့အ သွားရတယ်။

သူမဟာ ဖုန်းထဲက စာကိုကြည့်ရင်း သူမရဲ့ဘ၀ကိုပြန်သံသယ၀င်ကာ အတွေးထဲ နစ်၀င်သွားတယ်။

ရှန်ရန်ချင်းဟာ သူမကို ခေါ်လိုက်ပေမဲ့ သူမဘက်က တုံ့ပြန်မလာဘူး။

သူ့မှာ ရွေးစရာမရှိဘဲ ယွမ်ယွမ်ကိုချကာ အရှေ့တိုးပြီး သူမရဲ့ဆံပင်ရှည်ကို နားအနောက် ညှပ်ပေးလိုက်တယ်။သူက တိုးတိုးလေး မေးတယ်။ “မင်း ဘာတွေ တွေးနေတာလဲ”

နန်ကောဟာ သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်ကာ ဖုန်းထဲက မက်ဆေ့ခ်ျဘောက်စ်ကို ပြလိုက်တယ်။

စာကြောင်း အနည်းငယ်နဲ့တင် ရှန်ရန်ချင်းဟာ စာတွေကို လှမ်းဖတ်ကြည့်တယ်။

ဖတ်ပြီးတဲ့နောက် သူဟာ ပြုံးပြီး သူမကို မြတ်မြတ်နိုးနိုး ကြည့်လာတယ်။ “မင်း ငယ်ငယ်က တကယ်ကို ဒီလိုမျိုး ဖြစ်ခဲ့တာ”

နန်ကောခမျာ နင်သွားရတယ်။

သူမ ပြန်လည်ပြီး ခွန်းတုံ့ပြန်တော့မလို့ပေမဲ့ ရှန်ရန်ချင်း သူမကို ငယ်ငယ်တုန်းကမြင်ဖူးကြောင်း သူမ ပြန်သတိရသွားတယ်။

သူမ အဲ့တုန်းက ထွမ်ထွမ်နဲ့ယွမ်ယွမ်လောက်တော့ မငယ်ဘူးဆိုပေမဲ့ သူမရဲ့ဖွံ့ဖြိုးမှုက နှေးတာမို့ ငယ်တဲ့ပုံတော့ ပေါ်ခဲ့တယ်။

တုံ့ဆိုင်းစွာနဲ့ နန်ကောဟာ တိုးတိုးလေး မေးကြည့်တယ်။ “အဲ့တုန်းက ကျွန်မ ရှင့်ကို ချီခိုင်းသေးလား”

သူဟာ လက်ချောင်းကို ကွေးကာ သူမရဲ့နှာတံလေးကို ဖွဖွလေးပွတ်တယ်။ “အင်း မားပြောသလိုပဲ။ မင်းက ဂျီကျတဲ့နေရာမှာ အရမ်းတော်တယ်။ ကိုယ် မင်းကို မချီဘူးဆိုရင် မင်းက ငိုတယ်လေ”

နန်ကောမှာ ထပ်မံ ဆွံ့အသွားရပြန်တယ်။

ရှန်ရန်ချင်းကတော့ လိမ်မှာ မဟုတ်ဘူး။

သူ နန်ကောကို အရင်ကတွေ့ဖူးတုန်းကလည်း အတူတူပဲ။ကလေးမလေးဟာ သူ့ခြေထောက်ကိုဖက်ပြီး မလွှတ်ပေးခဲ့ဘူး။နောက်တော့ လူမှားသွားမှန်းလည်း သိရော မြေပေါ်မှာ တောင့်တောင့်ကြီး ရပ်ပြီး သူ့ကို ငေးကြည့်နေခဲ့တာ။ခဏလည်းကြာရော သူ့အစ်ကို‌ကို ခေါ်ပြီး ငိုပြန်ရော။

မုန့်၀ယ်ပေးဖို့ သူ သူမကို စူပါမားကတ်ကို ခေါ်သွားတော့လည်း ကလေးမလေးက လမ်းမလျှောက်ချင်ဘူး။အချီခံလိုက်ရမှသာ တိတ်သွားတာ။စူပါမားကတ်ထဲဝင်တော့ ကလေးမလေးဟာ သူ့လည်ပင်းကို တင်းနေအောင် ဖက်ထားခဲ့ပြီး မလွှတ်ဘူး။

နန်မိသားစုရဲ့အိမ်တော်ထိန်း ရောက်လာပြီး သူမကိုချီတော့လည်း လွှတ်ပေးဖို့ကို တတွန့်တွန့်နဲ့။အစက ကလေးမလေးဟာ မလွှတ်ပေးချင်ဘူး။နောက်တော့ အိမ်တော်ထိန်းက သူမရဲ့အစ်ကို့ကို သွားရှာမယ်ပြောမှ ကလေးမလေးဟာ လွှတ်ပေးတော့တယ်။

သူ နန်ကောကို ဒီကိစ္စအကြောင်း အသေးစိတ် ပြောပြချင်ပေမဲ့ နန်ကောဟာ နားတွေကို အုပ်ထားပြီး ဒီ “ခပ်မည်းမည်းသမိုင်းကြောင်းတွေ” ကို နားမထောင်ချင်ဘူး။

273 02

တူညီတဲ့နှစ်ရဲ့ဂျူလိုင်လမှာပဲ နန်ကောဟာ အင်တာဗျူးပရိုဂရမ်တစ်ခုမှာ ပါ၀င်ဖို့ မြို့တော်ဌာနချုပ်ကို ပြန်သွားလိုက်ရပြီး တစ်ပတ်နေမှ ပြန်ရောက်လာမှာ ဖြစ်တယ်။

တစ်ချိန်တည်းမှာပဲ ရှန်ရန်ချင်းဟာလည်း အလုပ်ခရီးအတွက် နိုင်ငံခြားကို သွားနေခဲ့ရတယ်။

အစကတော့ ကလေး၂ယောက်ဟာ ရှန်အိမ်အဟောင်းကို သွားရမှာဖြစ်ပေမဲ့ မစ္စတာရှန်ဟာ အန်တီ၀မ်ကို ပွဲတစ်ခုခေါ်သွားချင်တာမို့ မသွားနိုင်ဘဲ ဖြစ်နေရတယ်။

သူမ အိမ်တော်ထိန်းကို ကလေးတွေကို ကြည့်ပေးဖို့ မေးကြည့်ရမလား နန်ကော စိတ်ပူနေတုန်းမှာပဲ မစ္စနန်ဟာ ဖုန်းဆက်ပြီး ကလေးတွေကို သူမတို့ဆီ ပို့လိုက်လို့ရကြောင်း ပြောလာတယ်။

ကလေးတွေ သူတို့ရဲ့အဖိုးနဲ့အဖွားကို မတွေ့ရတာကြာပြီ ဖြစ်တာကိုလည်း သွားတွေးမိတော့ နန်ကောဟာ ရှန်ရန်ချင်းနဲ့ ဆွေးနွေးပြီး သဘောတူလိုက်တယ်။

သူမ လေယာဥ်မှီဖို့ လိုတယ်။နောက်တစ်နေ့မနက်မှာတော့ ကလေးတွေကို လာခေါ်ဖို့ နန်ကျဲ့ဟာ မစ္စနန်ကို ခေါ်လာခဲ့တယ်။

“စိတ်မပူပါနဲ့။ အိမ်မှာ လူတွေအများကြီးရှိတယ်။ ဘာမှမဖြစ်ဘူး” နန်ကျဲ့ဟာ သူမနဲ့ရှန်ရန်ချင်းကို ဘာမှမပူဘဲ အလုပ်ခရီးသွားဖို့ အချက်ပြတယ်။

နန်ကောက “ငါ ပါးနဲ့မားကို စိတ်ပူနေတာ မဟုတ်ဘူး။ အဓိကက နင့်ကို ပူနေတာဟ”

နန်ကျဲ့က ပြန်ခံပက်ပြီး “ငါက ဘာဖြစ်လို့လဲ။ နင်ငယ်ငယ်တုန်းကရော ငါကြည့်ပေးခဲ့တာ မဟုတ်ဘူးလား။ နင် ကောင်းကောင်း မနေခဲ့ရဘူးလား”

ကလေး၂ယောက်ဟာ နန်မိသားစုအိမ်မှာ သူတို့ချည်းသက်သက် တစ်ခါမှ ညမအိပ်ဖူးသေးဘူး။

အရင်တုန်းကဆို ကလေးတွေ ရှန်မိသားစုဆီပဲ သွားသွား၊နန်မိသားစုဆီပဲ ပြန်လာပြန်လာ နန်ကောနဲ့ရှန်ရန်ချင်းတို့ ပါတယ်။

ဒါကတော့ ပထမဆုံးအကြိမ်ပဲ။

ထွမ်ထွမ်က အဆင်ပြေတယ်။နန်မိသားစုရဲ့အိမ်ကိုရောက်တော့ သူဟာ အရုပ်တွေနဲ့အတူ လိမ်လိမ်မာမာဆော့ပြီး စားတယ်။လူကြီးတွေ စိတ်ပူဖို့တောင် မလိုတော့တဲ့အထိဘဲ။ဒါပေမဲ့ ယွမ်ယွမ်ကတော့ မတူဘူး။

ယွမ်ယွမ်ဟာ အစားချေးများပြီး သေချာခွံ့ကျွေးရတယ်။အိမ်သာသွားရင်လည်း ချီပြီး အဖော်လိုက်ပေးရတယ်။အရုပ်နဲ့ ကစားဖို့ဆိုလည်း နန်ကျဲ့ရဲ့ပေါင်ပေါ်မှာထို င်ရမှ။အရုပ်ကို မတော်တဆ ပြုတ်ကျသွားရင်လည်း ချက်ချင်းလက်ငင်း တန်းငိုတယ်။အရေးကြီးဆုံးကတော့ ငိုတိုင်း သူ့မာမားကိုပဲ တနေတယ်။သူ့မာမားကို ရှာမတွေ့ရင် သံသရာစက်၀န်းထဲ ပြုတ်ကျသလိုမျိုးကို မနားတမ်း ငိုတော့တယ်။

ဒါပေါ့။ဒါဟာ အမြည်းပဲရှိသေး။

အရေးအကြီးတကာ့ အကြီးဆုံးက ညဘက်အိပ်ဖို့ သူ့ကိုချော့ သိပ်ရတာပဲ။

နန်ကျဲ့ရဲ့ဦးခေါင်းခမျာ ယွမ်ယွမ် ငိုတာကြောင့် နာကျင်နေရပြီ။သူဟာ ရိုးရိုးရှင်းရှင်းပဲ ထွမ်ထွမ်ကိုချီကာ အခြားအခန်းတစ်ခုဆီ ခေါ်သွားပြီး ခက်ခဲတဲ့ပုစ္ဆာကိုတော့ သူ့မား ဖြေရှင်းဖို့ပဲထား ခဲ့လိုက်တယ်။

“ထွမ်ထွမ်ရေ အိပ်ရမဲ့ အချိန်ရောက်ပြီနော်။ လေးလေး သားကို ချော့သိပ်ပေးမယ်။ အိုကေ” ဘေးအခန်းကအိပ်ခန်းထဲမှာတော့ နန်ကျဲ့ဟာ စောင်ကိုမပြီး ထွမ်ထွမ်နဲ့အတူ ၀င်လဲလိုက်တယ်။

ထွမ်ထွမ်ဟာ ခပ်ကျယ်ကျယ် ဖွင့်ထားတဲ့မျ က်လုံးဝိုင်းကြီးတွေနဲ့ ဟိုကြည့်ဒီကြည့် လျှောက်ကြည့်တယ်။မရင်းနှီးတဲ့ပတ်၀န်းကျင်မို့ သူဟာ အိပ်မပျော်နိုင်ဘူး။

“လေးလေး သား မအိပ်ချင်ဘူး”

နန်ကျဲ့ဟာ နံရံပေါ်ကနာရီကို တစ်ချက် ကြည့်လိုက်တယ်။နောက်တော့မကျသေးဘူး။

273 03

“ကောင်းပြီ။ ဒါပေမဲ့ အခုက နည်းနည်းနောက်ကျနေပြီမို့ ထွမ်ထွမ် အောက်ဆင်းပြီးတော့ ကစားလို့တော့ မရဘူးနော်။ လေးလေးတို့ ကာတွန်း ခဏလောက် ကြည့်ကြမလား”

ထွမ်ထွမ်ဟာ ပိုပြီးအသိရှိတာမို့ ဆက်သွယ်ပြောဆိုဖို့ရာ ခက်ခဲမှုမရှိခဲ့ဘူး။

ထွမ်ထွမ် ခေါင်းညိတ်တာကို မြင်‌တော့ နန်ကျဲ့ဟာ တီဗီဖွင့်ကာ ပန်းရောင်ပက်ပါ၀က်ကာတွန်းကို ရှာလိုက်ပြီး စကားတစ်လုံးမှ မပြောဘဲ ကြည့်တယ်။

“လေးလေး သားရဲ့ပင်ကွင်း ဒီမှာ မရှိဘူး”

ခဏလောက်ကြ ည့်နေပြီးတဲ့နောက် သူ့အရုပ် အနားမှာမရှိတာကို ထွမ်ထွမ်ဟာ ရုတ်တရက် သတိထားမိသွားတယ်။

နန်ကျဲ့ဟာ သန်းကာ မတ်တပ်ထလိုက်ရင်း “ဒီမှာပဲနေပြီး မလှုပ်နဲ့ လေးလေး သွားယူပေးမယ်”

အရုပ်ယူဖို့ ဘေးအခန်းကို သွားတဲ့အချိန်မှာ သူဟာ သူ့မားဘက်က “တိုက်ပွဲအ‌ခြေအနေ” ကိုကြည့်ဖို့ အချိန်တစ်ချက် ယူလိုက်သေးတယ်။အတော်ဆူညံနေတုန်းပဲ။

သူပါ ပြဿနာထဲ ပါသွားမှာစိုးပြီး သူ ထွမ်ထွမ့်အရုပ်ကို ယူကာ အမြန်လစ်ထွက်လာခဲ့တယ်။

ကလေးတွေ အိပ်ပြီဆို တစ်ခုခုကို ဖက်အိပ်ရတာ ကြိုက်တတ်ကြတယ်။ထွမ်ထွမ်ဟာ အဲ့ပင်ကွင်းအရုပ်လေးကို အရမ်းကြိုက်တယ်။နည်းနည်း ပုံပျက်နေပြီဆိုပေမဲ့ သူကတော့ အရမ်းကြိုက်တုန်းပဲ။သူ့ကိုယ်ပိုင်စကားအရဆို သူ့မာမား အနံ့အတိုင်းပဲတဲ့။

ထွမ်ထွမ့်အရုပ်တွေကို မပျောက်စေဖို့ နန်ကော ဖုန်းထဲကနေ သူ့ကို အကြိမ်ကြိမ်မှာတာလည်း သူ မှတ်မိပါသေးတယ်။

အရုပ်ကို ထွမ်ထွမ့်ဆီ ပြန်ပေးပြီးတဲ့အခါ ကောင်ကလေးဟာ လက်ထဲ ပင်ကွင်းရုပ်ကိုပိုက်ပြီး အိပ်ရာခေါင်းရင်းနား မှီချတယ်။ကာတွန်းကို အာရုံစိုက်နေရင်း သူ့မျက်လုံးလေးတွေဟာ တောက်ပနေတယ်။

နန်ကျဲ့ဟာ နေ့လည်ကတည်းက ကလေး၂ယောက်နဲ့ ဆော့ကစားပေးခဲ့ရတာမို့ အတော်လေး ပင်ပန်းနေပြီ ဖြစ်တယ်။

သူ ပန်းရောင်ပက်ပါ၀က်ကို စိတ်မ၀င်စားဘူး။သူ့ခေါင်း ခေါင်းအုံးနဲ့ ထိသွားပြီဆိုတာနဲ့ အိပ်စက်ခြင်းဟာ သူ့ကို လွှမ်းခြုံသွားတော့တယ်။

သူ့မျက်တောင်တွေ တလှပ်လှပ် ဖြစ်လာတဲ့အခါ ထွမ်ထွမ့်ကို စမ်းကြည့်ဖို့အတွက် သူဟာ လက်ဆန့်ထုတ်ဖို့ကို မမေ့ခဲ့ဘူး။ “လိမ်လိမ်မာမာနေပြီး ကာတွန်းကြည့်နော်။ ညောင်းလာပြီဆို လဲပြီး အိပ်လိုက်တော့”

“ဟုတ် ဟုတ်” ထွမ်ထွမ်ဟာ ၀တ်ကျေတန်းကျေသာပြန်ဖြေပြီး တီဗီဆက်ကြည့်တယ်။

မကြာခင်ဘဲ သူ့အနောက်မှာ ဘာအသံမှ မကြားရတော့ဘူး။နန်ကျဲ့ဟာ မျက်လုံးတွေကို မှိတ်ချလိုက်တော့တယ်။

အစကတော့ သူ ထွမ်ထွမ်အိပ်ပျော်သွားတာကိုစောင့်ရင်း တစ်ရေးလောက်ပဲမှေးမလို့ပဲ။

ဒီလိုအချိန်ဆို ကလေးတွေဟာ ကြာကြာမခံနိုင်ဘူးလေ။တစ်အောင့်လောက် ကြာပြီးရင် ကျိန်းသေပေါက် အိပ်ချင်လာလိမ့်မယ်။မထင်မှတ်ဘဲ တစ်နာရီကြာတော့ သူအိပ်မက် စမက်လာတယ်။ထွမ်ထွမ်ဟာတော့ ပန်းရောင်ပက်ပါဝက်ကို ကြည့်နေတုန်း။

နန်ကျဲ့ ဘယ်လိုသိခဲ့လဲ။ဟား။သူ့မား ယွမ်ယွမ့်ကို ချော့သိပ်ပြီးတော့ နန်ကျဲ့တို့ ဘယ်လိုလုပ်နေလဲဆိုတာကို ကြည့်ဖို့ သူမ လာခဲ့တယ်။မထင်မှတ်ဘဲ သူမ တံခါးကို တွန်းဖွင့်လိုက်တဲ့အချိန် နန်ကျဲ့တစ်ယောက် ထူးဆန်းတဲ့ အနေအထားကြီးနဲ့ အိပ်နေပြီး အသက်ပုံမှန် ရှူနေတယ်။ထွမ်ထွမ်ဟာ ခြေယှက်ထိုင်ပြီး လက်တစ်ဖက်ထဲ အရုပ်ကို ကိုင်ထားကာ မနက်က သူ့လေးလေး အိပ်ရာဘေးမှာ ထားခဲ့တဲ့ပန်းသီးကို စားနေတယ်။နန်ကျဲ့ကို ကြည့်ရင်း မစ္စနန်ရဲ့သွေးနားထင် တက်ဆောင့် သွားတယ်။သူမ ၀င်သွားပြီး နန်ကျဲ့ကို နိုးသွားအောင် ထုထည့်လိုက်တယ်။

အဆုံးမှာတော့ ထွမ်ထွမ်ဟာ နန်ကျဲ့နဲ့ မအိပ်ခဲ့ရဘဲ ဘေးအခန်းကို မစ္စနန်က ခေါ်သွားခဲ့တယ်။

ထွမ်ထွမ်လေးဟာ အစကတည်းက သူ့လေးလေးနဲ့ အိပ်ချင်တာ။

ဒါပေမဲ့ လေးလေး အိပ်နေတဲ့ပုံစံက ထူးဆန်းတယ်ဆိုပြီး သူ့ဖွားဖွားက ပြောတယ်။ညဘက် သူ့လေးလေး အိပ်ပျော်သွားတော့ အိပ်ရာကနေ ကန်ချခံခဲ့ရတယ်။

နန်မိသားစုအိမ်မှာနေတဲ့ ပထမဆုံးသောရက်မှာ ကလေးအသေးလေး၂ယောက်ဟာ အိပ်ပျော်မသွားခင် ၁၀နာရီလောက်အထိ လှန်လိုက်၊မှောက်လိုက် လုပ်နေခဲ့ကြတယ်...။

******

All Chapters