အခန်း ၂၇၄
Vol. 28 Ch. 274
274 01
Chapter 274 နင်ပျော်ရင်ပြီးတာပဲ။
Extra Chapter 2: အစ်ကိုကြီးဖြစ်သူရဲ့ ကလေးတစ်ယောက်ကို ပျိုးထောင်ခြင်းတစ်ဖြတ်။
နောက်တစ်နေ့မှာတော့ နန်ကျဲ့တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုန်းမှာ တံခါးခေါက်သံကြောင့် နိုးသွားရတယ်။
သူ့ရဲ့မနက်ပိုင်းဒေါသအရ သူဟာ တံခါးဆီကို သတိလက်လွတ်နဲ့ အော်ထည့်လိုက်တယ်။ “ဘယ်နှစ်ခါ ပြောရမှာလဲ။ မနက်စာ မစားဘူးလို့! လာနိုးဖို့ မလိုဘူး!” အော်သံဟာ သက်ရောက်မှုရှိသွားကာ တံခါးခေါက်သံဟာလည်း ချက်ချင်း ရပ်တန့်သွားတယ်။
သူ စောင်ကိုဆွဲပြီး လှည့်ကာ ဆက်အိပ်ဖို့ ပြင်တယ်။
မထင်မှတ်ဘဲ သူ ဟိုဘက်မလှည့်ရခင်မှာဘဲ တံခါးအပြင်ဘက်က ညည်းတွားသံကို ကြားလိုက်တယ်။
အလိုလို တုံ့ပြန်မှုနီးနီး နန်ကျဲ့ဟာ မျက်လုံးကို ဖွင့်လိုက်တယ်။သူဟာ စောင်ကိုမပြီး အိပ်ရာထဲကနေ ခုန်ထွက်လာတယ်။သူ့မှာ တံခါးဖွင့်ဖို့ နံရံကိုကိုင်ရင်း လဲတော့မလို့တောင် ဖြစ်တယ်။
တံခါးဟာ ပွင့်သွားပြီး သူငုံ့ကြည့်လိုက်တယ်။
ကြမ်းပြင်ပေါ်မှာ ယွမ်ယွမ်တစ်ယောက် အားရပါးရ ထိုင်ငိုနေတယ်။ဘေးမှာတော့ သူ့ပါးရဲ့သားတစ်ဖြစ်လည်း ရွှေရောင်ခွေးပေါက်စဟာ မျက်နှာငယ်လေးနဲ့ ထိုင်နေတယ်။
ချက်ချင်းပဲ နန်ကျဲ့ဟာ ခြေသံတွေကို ကြားလိုက်တယ်။
လူကြီးနဲ့ခွေးပေါက်စ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးတဲ့အခါ နန်ကျဲ့ဟာ ခွေးပေါက်စရဲ့ကော်လံကို ကောက်မပြီး “တရားခံ” ကို သူ့မားရဲ့ခြေရင်းဆီ ပို့လိုက်တယ်။ “ဒီကောင် ငိုအောင်လုပ်တာ။ သားမဟုတ်ဘူး”
ရွှေရောင်ခွေးပေါက်စလေးခမျာ ဆွံအ သွားရှာတယ်။သူ့ဘ၀မှာ Huskies တွေကို အမုန်းဆုံးပဲ။
[AN: ရွေရောင်ခွေးပေါက်စ = Golden Retriever]
ကံကောင်းစွာနဲ့ ရွေရောင်ခွေးပေါက်စလေးအပြစ် ကူခံပေးလို့။နန်ကျဲ့ဟာ ပြန်ပြီး ကြမ်းပေါ်က ယွမ်ယွမ်ကို ကောက်ချီလိုက်တယ်။ “မငိုနဲ့ မငိုနဲ့နော်။ ယောက်ျားလေးတစ်ယောက်က ဘယ်လိုလုပ် လွယ်လွယ်နဲ့ ငိုရတာလဲ”
“သား လေးလေးဆီက သင်ရမယ်။ လေးလေး ငယ်ငယ်တုန်းကဆို တစ်ခါမှမငိုဖူးဘူး”
“အပိုတွေ။ မနေ့က ဖွားဖွားပြောတာ။ လေးလေးငယ်ငယ်တုန်းက သားထက်တောင်မှ ပိုငိုသေးတယ်တဲ့”
“သား မှားကြားတာပါ သားရဲ့ဖွားဖွားက သားမာမားအကြောင်း ပြောနေတာ လေးလေး မဟုတ်ဘူး”
“လေးလေးက အပိုတွေ ပြောနေတယ်”
နန်ကျဲ့က ပြန်ပြောတယ်။ “မင်းကသာ အပိုတွေ ပြောနေတာကွ”
ချက်ချင်းပဲ ယွမ်ယွမ်လေးဟာ နှုတ်ခမ်း ဆူသွားတယ်။
ဒီအသေးလေး ထပ်ပြီး ငိုတော့မှာကိုမြင်တော့ နန်ကျဲ့ဟာ အမြန်ချော့ရတယ်။ “အိုကေ အိုကေ အိုကေ လေးလေး မှားမှတ်မိတာ မင်းမာမား မဟုတ်ဘူး။ လေးလေးပါ လေးလေး အိုကေ။ သား ဆက်ငိုနေမယ်ဆို ပြီးရင် လေးလေး သားကို ကစားကွင်း ခေါ်မသွားတော့ဘူးနော်”
ယွမ်ယွမ်က နှာရှုံ့တယ်။ “မခေါ်သွားနဲ့ပေါ့။ ပါပါးက ခေါ်သွားပေးလိမ့်မယ်”
နန်ကျဲ့ဟာ ဆွံ့အ သွားတယ်။ဘာလို့ ဒီမုန်းစရာမျက်နှာထားဟာ နန်ကောနဲ့တထေရာတည်း တူနေရတာလဲ။မဟုတ်ဘူး။သူ ငယ်ငယ်တုန်းကလည်း ဒီလိုပဲနေမှာ။
ဘုရားရေ။သူ ဘယ်လိုဗီဇတွေကိုများ အမွေ ဆက်ခံလာလဲ။
ဘာလို့ ထွမ်ထွမ်က ရှန်ရန်ချင်းရဲ့ကောင်းမွန်တဲ့အချက်တွေကို ဆက်ခံလာပြီး ယွမ်ယွမ်ကျ ဘာလို့ နန်ကောရဲ့အရှုပ်တွေကို ဆက်ခံလာသလဲ။
ဘာပဲဖြစ်ဖြစ် သူ တစ်နေ့က ကလေး၂ယောက်ကို ကတိပေးထားပြီးပြီ။ဒီတော့ ဒီနေ့ နန်ကျဲ့ဟာ သိပ်နိုးချင်မနေဘူးဆိုပေမဲ့လည်း ကလေးတွေကို အနီးအနားက ကစားကွင်းဆီခေါ် သွားပေးဖို့ ဆုံးဖြတ်လိုက်တယ်။
မစ္စတာနန်နဲ့ မစ္စနန်ဟာ ဒီနေ့အပြင်သွားတယ်။သူတို့ ထွက်မသွားခင် သူတို့၃ယောက်ကို စိတ်ပူသွားသေးတယ်။
274 02
“မင်း...တကယ် လုပ်နိုင်ရဲ့လား” မစ္စနန်ရဲ့အမြင်မှာတော့ ဒါဟာ လှည့်ကွက်များတဲ့ ပရောဂျက်ကြီးတစ်ခု။
“ကျွန်တော် တစ်ယောက်ဆီကို လက်တစ်ဖက်ဆီမှာ ကိုင်ထားပါမယ် အဆင်ပြေမှာပါ ပြီးတော့ သူတို့က ၃နှစ်ခွဲရှိနေပြီ မူကြိုအသက်ရောက်တော့မယ် လမ်းလျှောက်ရုံပဲဟာကို ဘာဖြစ်နိုင်မှာမို့လဲ”
“စိတ်မပူပါနဲ့ သားကိုယ်သား ပျောက်သွားရင်တောင် သူတို့ကို မပျောက်စေရပါဘူး”
မစ္စနန် “.....”
စဉ်းစားကြည့်တော့ ကလေး၂ယောက်လုံးမှာ တည်နေရာခြေရာခံစက် ရှိတယ်။အခု ကစားကွင်းထဲမှာလည်း လူတွေအများကြီး မရှိလောက်ဘူးဆိုတော့ မစ္စနန်ဟာ နန်ကျဲ့ကို သွားခွင့်ပေးလိုက်တယ်။
ဒါပေမဲ့ သူမဟာ သူ့ကို အကြာကြီး မဆော့ဖို့တော့ မှာလိုက်တယ်။အပြင်မှာ အရမ်းပူတာမို့။
နန်မိသားစုအိမ်ကနေ ကစားကွင်းအထိကို ၁၀မိနစ်ပဲ မောင်းရတယ်။
ကစားကွင်းဟာ ကစားကွင်းကျယ်ကြီး မဟုတ်ဘူး။ကလေးတွေနဲ့ သင့်တော်တဲ့ ဖျော်ဖြေရေးအဆောက်အဦးတွေ ဖြစ်တယ်။
အထဲကို၀င်လိုက်တာနဲ့ ယွမ်ယွမ်ဟာ ဆွဲဆောင် ခံလိုက်ရပြီ။နန်ကျဲ့ရဲ့တင်းကျပ်တဲ့ ဆုပ်ကိုင်မှုကြောင့်သာ မဟုတ်ရင် ဒီကလေး သူ့ဟာသူ အထဲကို ပြေး၀င်သွားမှာ။
ယှဉ်ကြည့်ရရင် ထွမ်ထွမ်ဟာတော့ သိချင်စိတ်နဲ့သာ ဟိုကြည့်ဒီကြည့် လျှောက်ကြည့်တယ်။အနားတစ်ဝိုက်မှာ ကလေးတွေ အများကြီး ရှိတာမို့ ထွမ်ထွမ်ဟာ မသက်မသာ ခံစားရပြီး လေးလေးကို ထားခဲ့ဖို့ရည်ရွယ်ချက် အလျင်းမရှိဘူး။
ကံကောင်းစွာနဲ့ ဒီမှာ ၀န်ထမ်းတွေ အများကြီး ရှိတယ်။နန်ကျဲ့အတွက် ကလေး၂ယောက်ကို ကစားဖို့ခေါ် သွားပေးရတာ အရမ်းကြီး မပင်ပန်းခဲ့ဘူး။
လမ်းတစ်၀က်မှာ ၃ယောက်သား ပန်းခြံအနီး နေ့လည်စာ စားလိုက်ကြတယ်။ညရောက်လို့ မစ္စနန်ဆီက ဖုန်း၃၊၄ကောလ်၀င်လာမှ ၃ယောက်သားမှာ ချက်ချင်းလက်ငင်း ပြန်လာခဲ့ရတယ်။
နန်ကျဲ့ဟာ သူ ဒီနေ့ ကလေး၂ယောက်အတွက် ကောင်းကောင်း “၀န်ဆောင်မှု” ပေးနိုင်ခဲ့ပြီး မနက်ဖြန်သဘာ၀အတိုင်း နိုးထတဲ့အထိ သူ ကောင်းကောင်း အိပ်နိုင်တော့မယ်လို့ ထင်ခဲ့တယ်။မထင်မှတ်ထားဘဲ သူဟာ မနက်စောစောမှာ အနှိုးခံလိုက်ရပြန်တယ်။
ဒီတစ်ခေါက် ယွမ်ယွမ်တစ်ယောက်တည်းသာမဟုတ်ဘဲ ထွမ်ထွမ်ပါ ပါလာတယ်။
ကလေးတစ်ယောက်ဟာ သူ့အိပ်ရာခေါင်းရင်းမှာ မတ်တပ်ရပ်နေပြီး တစ်ယောက်က သူ့ဖိနပ်ကိုချွတ်ကာ အိပ်ရာပေါ် တက်လာတယ်။သူဟာ သူ့ဆီ၀င်တိုးပြီး သု့မျက်နှာကို ပွတ်တယ်။ “လေးလေး လေးလေး မြန်မြန်ထ!”
“ဘာလုပ်နေတာလဲ။ ဘယ်အချိန်တုန်း။ ဘာလို့မနက်စာ သွားမစားတာလဲ။ ဘာလို့လေးလေးကို ရှာနေတာလဲ”
“ကိုကိုနဲ့သားက စားပြီးပြီ။ လေးလေးလည်း သွားစားတော့”
“လေးလေး မစားဘူး။ လေးလေး အိပ်ချင်တယ်။ မင်းတို့စားပြီးရင်လည်း ဖွားဖွားနဲ့သွားဆော့ လိမ်မာလေ”
“နိုး နိုး လေးလေး သားတို့ကို ကစားဖို့ ခေါ်သွားပေးရမယ်”
“သား လေးလေးကို ကစားကွင်းကို လိုက်ပို့ခိုင်းချင်တယ်။ မနေ့ကတစ်ခုလေ။ ကိုကိုနဲ့သား လေးလေးကို သားတို့နဲ့အတူ လိုက်စေချင်တယ်!”
“မနေ့ကမှ သွားထားကြတာ မဟုတ်ဘူးလား။ မနက်ဖြန်မှ မနက်ဖြန် ဟုတ်ပြီလား”
“သားတို့ ဒီနေ့ရော၊မနက်ဖြန်ရော သွားချင်တာ”
ဂျီကျတဲ့နေရာမှာ ယွမ်ယွမ်ဟာ ဆရာတစ်ဆူ။
နန်ကျဲ့ဟာ အချိန်အကြာကြီး သဘောမတူဘဲ ရှိနေတာမို့ ကောင်ကလေးဟာ သူ့ပေါ် တက်ဖိထားပြီး မထဘူး။နန်ကျဲ့မှာ အိပ်ချင်ရင်တောင် အိပ်လို့မရတော့ဘူး။
နန်ကျဲ့ဟာ ကလေး၂ယောက်နဲ့ဆို ဘာမှလုပ်လို့ မရနိုင်ဘူး။ “ဟုတ်ပြီ ဟုတ်ပြီ လေးလေး အ၀တ်လဲတာ စောင့်ဦး”
ဒါကြောင့် ကလေးအသေးလေး၂ယောက်ဟာ နန်မိသားစုအိမ်မှာ တစ်ပတ်တိတိ နေခဲ့ပြီး ကစားကွင်းကို ၆ကြိမ်တိတိ သွားခဲ့ကြတယ်။နန်ကော သူတို့ကိုလာခေါ်တော့ ကလေး၂ယောက်ဟာ မပြန်ချင်ကြသေးဘူး။
နန်ကော မေးကြည့်လိုက်တော့ ကလေး၂ယောက် ကစားကွင်းကို အရမ်းသဘောကျကြတဲ့ အကြောင်းကို သိလိုက်ရတယ်။သူတို့ မနက်ဖြန် ဆက်ဆော့ချင်တာမို့ ကလေးတွေဟာ နန်ကောနဲ့ အခုပြန်မလိုက်ချင်ဘူး။
274 03
နောက်ဆုံးမှာတော့ အဖွားတစ်ယောက်အနေနဲ့ မစ္စနန်ဟာ ကလေးတွေကို ဖက်ပြီး ချော့ရတယ်။သူတို့ နောက်တစ်ခေါက် လာတဲ့အခါကျရင် လေးလေးကို လိုက်ပို့ခိုင်းမယ်လို့ သူမက ပြောတယ်။
နန်ကျဲ့ဟာလည်း သဘောတူကာ ခေါင်းညိတ်ပြတယ်။သူဟာ သူတို့ နန်ကောနဲ့ အိမ်ပြန်လိုက်ဖို့ သဘောမတူခင် ကလေး၂ယောက်လုံးနဲ့ လက်သန်းချင်းချိတ်ကာ ကတိပေးလိုက်တယ်။
“ငါ သွားတာတစ်ပတ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ နင်က သူတို့ကို လာဘ်ထိုးပြီးနေပြီ” မပြန်ခင် နန်ကောဟာ သူမရဲ့အစ်ကိုကို ပြုံးပြခဲ့တယ်။သူ့ကို မတွေ့ရတဲ့ရက်တွေထဲ နန်ကျဲ့ရဲ့မျက်နှာဟာ သိပ်ကြည့်ကောင်း မနေဘူး။ကြည့်ရတာ ကလေး၂ယောက်ကို ထိန်းရတာ ပင်ပန်းသွားပုံရတယ်။
“အစ်ကို နင် တကယ် ပိန်သွားတယ်”
“ရှည်လျားတဲ့ ရက်သတ္တပတ်ဖြစ်ခဲ့တာကိုး” နန်ကျဲ့ဟာ လက်ဝှေ့ယမ်းပြီး ၃ကောင်သားကို အမြန်ပြန်ကြဖို့ အချက်ပြတယ်။
နောက်တစ်နေ့မနက်မှာတော့ နန်ကျဲ့ဟာ ကစားကွင်းကို တစ်ယောက်တည်း ထပ်သွားခဲ့တယ်။သူ မန်ဘာ၀င်ကတ်၂ကတ် လိုချင်လို့။
သူဌေးဟာ တုံ့ဆိုင်းနေတယ်။နောက်ဆုံးတော့ သူဌေးဟာ ဒီနှစ်ကုန်မှာ ပိတ်မှာဖြစ်ပြီး စီးပွားရေးအတွက် ထပ်ဖွင့်တော့မှာ မဟုတ်ကြောင်း သူ့ကို ပြောပြလာတယ်။
ဒါကိုကြားတော့ နန်ကျဲ့ဟာ အမြန်ကတ်စာရင်းသွင်းလိုက်ပြီး ကတ်ထဲ၅သိန်း ထည့်လိုက်တယ်။သူဟာ သူဌေးဖြစ်သူနဲ့ အချိန်အကြာကြီး စိတ်ရောကိုယ်ပါ စကားပြောနေခဲ့ပြီး တစ်နှစ်ကြာပြီးမှ ပိတ်ပေးဖို့ကို ကြိုးစားမေးကြည့်နေတယ်။
ဒီအကောင် သေးလေး၂ကောင် မူကြိုတက်ပြီဆို ဒီလိုနေရာကို လာချင်ကြတော့မှာ မဟုတ်ဘူး။
သူဌေးဟာ သူ့ဦးနှောက်နဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတယ်လို့ ခံစားမိတယ်။ “မင်းမှာ ပိုက်ဆံရှိတယ်ဆိုရင် ဘာလို့ ဒီနေရာကို မ၀ယ်လိုက်တာလဲ”
ဒါကိုကြားတဲ့အခါ နန်ကျဲ့ကပြောတယ်။ “အဲ့တာ မှန်သားပဲ”
ဒါကြောင့် သူတို့နှစ်ယောက် နေရာမှာတင်ပဲ ချက်ချင်း လက်မှတ် ထိုးလိုက်ကြတယ်။
နောက်တစ်နေ့မှာတော့ နန်ကောဟာ ကျန်းမြို့ကနေ ဒလီလက်ခံရရှိတယ်။
အထဲမှာ မန်ဘာ၀င်ကတ်၂ကတ်သာရှိပြီး ကစားကွင်းကလို့ ပြောထားတယ်။
သူမ လက်မှတ်ထိုးပြီးတာနဲ့ နန်ကျဲ့ဟာ စာပို့လာတယ်။ [နင် ဒလီရလား။]
နန်ကောဟာ ရုံးခန်းကိုပြန်ပြီး သူ့ကို အသံဖိုင်ပို့တယ်။ [ဘာလို့ ငါ့ကိုမန်ဘာ၀င်ကတ် ပေးတာတုန်း။]
[ငါ ပရောဂျက်အသစ်တစ်ခုမှာ ရင်းနှီးမြှုပ်နှံလိုက်ရုံပါ။ဒါကြောင့် မန်ဘာ၀င်ကတ်၂ကတ်ပေးတာ။]
နန်ကောဟာ ပဟေဠိ ဖြစ်သွားတယ်။ [နင် ဘာလို့ဒီဟာမှာရင်းနှီးမြှုပ်နှံတာတုန်း။]
[သူတို့ကို ပေးကစားဖို့။]
[ဖြုန်းတီးတာပဲ။]
[ဘာလို့ဖြုန်းတီးတာ ဖြစ်ရမှာလဲ။ငါလည်း အနာဂတ်မှာ ကလေးရှိလာဖို့ ရှိပါတယ်။ဒီပရောဂျက်က ရှုံးမှာ မဟုတ်ဘူး။]
[..နင် ပျော်ရင်ပြီးတာပဲ...]
******